Friday, 21 June 2013

မြိတ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ထုတ်ချေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ခရိုင်တွင် မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အတွက် တစ်ဧကလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် စတင် ထုတ်ချေးခဲ့သည်။

ဦးဝီရသူ တို့ ဦးဆောင်ပြီး ကျင်းပ မယ့် မျိုးစောင့် ဥပဒေညီ လာခံကို သီတဂူ ဆရာတော် တက်ေ ရာက် မည်

Photo: ဦးဝီရသူတို့ ဦးဆောင်ပြီး ကျင်းပမယ့် မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော်တက်ရောက်မည် 

21/6/2013

မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက လေးစားစရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။

ပြည်သူတွေကတော့ သောသောညံအောင် ထောက်ခံနေကြပြီ။ ဒါပေမဲ့ တချို့ နိုင်ငံရေးသမားဆိုသူတွေကတော့ “မကြိုက်ရေးချ မကြိုက်”တဲ့။ ပြဿနာ မရှိပါ။

ပြည်သူတွေရဲ့ ဆန္ဒနှင့် ကိုက်ညီရင် အဲဒီဥပဒေဟာ အတည်ဖြစ်တာပဲ။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းဖြစ်ဖို့အတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ “မျိုးစောင့်ဥပဒေညီလာခံကြီး”ကို ခြိမ့်ခြိမ့်သဲကျင်းပတော့မယ်။

ဒီပွဲမှာ သာသနာ့ဦးသျှောင် ဖြစ်သော သီတဂူဆရာတော်ကြီးက တက်မယ်တဲ့။ ဆရာတော်ကြီးကလဲ တက်တက်ကြွကြွပါပဲ။

သီတဂူဆရာတော်ဆိုတာ . . .

အမျိုးသားရေးအတွက်ဆိုရင် နောက်မဆုတ်၊ ပြောသင့်က ပြော၊ ရေးသင့်ကရေး။ ဆိုရေးရှိက ဆိုအပ်လှ၏ မဟုတ်လား။

မိတ္ထီလာအရေးအခင်းတုံးကလည်း “ကုလားဆိုတာ ဧည့်သည်၊ မြန်မာဆိုတာ အိမ်ရှင်”ဆိုပြီး နိုင်ငံရေးသမားတွေကို အသိပေးခဲ့။

လက်ပတောင်းအရေးအခင်းတုံးက ဒုက္ခရောက်ခဲ့ကြတဲ့ သံဃာလေးတွေကို ဆရာတော်သည် အခုထိ ဆေးကုပေးနေဆဲပါပဲ။ ဖြစ်ခါစကတော့ နိုင်ငံရေးသမားတွေ လာလိုက်ကြတာ။ စိတ်မကောင်းဘူးတို့၊“ နိုငံရေးလောကမှာ သံဃာမပါရင် မပြီးဘူး”တဲ့။

ပြောလိုက်ကြတဲ့ စကားလုံးလှလှလေးတွ။ အခုတော့ နိုင်ငံရေးသမားတွေ ဘယ်ရောက်လို့ ရောက်မှန်း မသိတော့။

အခု ၂၄-ရက်နေ့မှာ မလေးရှားမှာ ကြွမြန်းတော်မူမည်။ ဘာ့ကြောင့် မွတ်စလင်ကုလားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒေါ်လာ တွေ သွားလှူတော့မယ်။

အမျိုးအတွက်ဆိုရင် ရှေ့တန်းက မားမားမတ်မတ် ရပ်တော်မူတဲ့ဆရာတ်ာကြီးပါ။ လူ့အခွင့်အရေးသမားတွေ ဘယ်ရောက်နေကြလဲ။ အပေါ်ယံရွှေမှုန့်ကြဲတွေပါလား။

ဒီကနေ့ အင်းစိန်ညီလာခံကြီးကို စီစဉ်နေကြတဲ့ သံဃာတွေကို မိန့်တယ်။

“လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး၊ သူတို့ဖာသာသူတို ကြိုက်သလောက် အော်ပါစေ၊ ငါတို့ကတော့ “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်”ဆိုတာပါပဲ။


Ashin Dayweinda
မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက လေးစား စရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။

Wednesday, 19 June 2013

တိုင်းရင်းသားပေါင်းစုံ ပါသည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပေးနိုင်မှ အပစ်ရပ်ရေး KIO သဘောတူမည်

မြစ်ကြီးနား ဆွေးနွေးပွဲတွင် ကချင် ဗိုလ်ချုပ်ဂွမ်မော်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်အတူ စကားလက်ဆုံကြနေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ဓာတ်ပုံ- မေခ / ဧရာဝတီ)
တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို အစိုးရက ကျင်းပပေးနိုင်မှသာ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်က လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က လိုင်ဇာမြို့၌ ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

မြို့ကြီး သုံးမြို့ရှိ မူလ တန်းကျောင်း များ တွင် နေ့စဉ် နွားနို့တိုက်ကျွေး မည်

Photo: မြို့ကြီးသုံးမြို့ရှိ မူလတန်းကျောင်းများတွင် နေ့စဉ် နွားနို့တိုက်ကျွေးမည်

၁၉-၆-၂၀၁၃

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ မူလတန်းကျောင်းများ တွင် နေ့ စဉ် ကျောင်းတွင်း အာဟာရ နို့တိုက်ကျွေးရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်က ကြေညာလိုက် သည်။ ကလေးများ၏ ကြီးထွားမှု၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နွားနို့တိုက်ကျွေးမှုကို အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ စာသင်ကျောင်း ၂၀၅ ကျောင်းမှ မူလတန်း ကျောင်းသား လေးသောင်း ငါးထောင်ကို ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော TETRA LAVAL လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိသော နွားနို့များ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်သည်။ 

“ကျောင်းအချို့မှာ စတင်လုပ်နေပေမယ့် ဒီလကုန်နောက်ဆုံး ထားပြီး ကျောင်းအားလုံးမှာ နေ့စဉ် တိုက်ကျွေးနိုင်တော့မှာပါ” ဟု TETRA LAVAL မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်က ကျောင်းသူ၊ ကျောင်းသား နှစ်ထောင်ကိုလည်း ထိုင်းနိုင်ငံ အခြေစိုက် စီပီကုမ္ပဏီက နို့ဘူးနှစ်သိန်းခွဲ တိုက်ကျွေး မည်ဖြစ်သည်။ ယူနီဆက်နှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြုလုပ် ထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေး သွေးအား နည်းမှု နှုန်းသည် ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး အရပ်ပုသည့်နှုန်းသည် ၂၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် မူလတန်း ကျောင်း သား၊ ကျောင်းသူပေါင်း ကိုး သန်း ခန့်ရှိပြီး ယင်းပမာဏ အတွက် နို့တိုက်ကျွေး ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ဒေါ်လာသန်း ၁၆၀၀ ခန့် ကုန်ကျမည်ဖြစ်၍ အဘက်ဘက် က ဖြည့်စည်းရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က နေပြည်တော်၌ ပြောကြားသည်။ ကလေးများ နွားနို့တိုက်ကျွေးမှုသည် ကြီးထွားနှုန်း မြင့်မားစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည် ဟု ဆေးပညာရှင်များက ပြောကြားထားကြောင်း ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်နေ့ထုတ် 7 day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

7Day News Journal
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ မူလတန်းကျောင်းများ တွင် နေ့ စဉ် ကျောင်းတွင်း အာဟာရ နို့ တိုက်ကျွေးရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်က ကြေညာ လိုက် သည်။ ကလေးများ၏ ကြီးထွားမှု၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နွားနို့တိုက်ကျွေးမှုကို အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ စာသင်ကျောင်း ၂၀၅ ကျောင်းမှ မူလတန်း ကျောင်းသား လေးသောင်း ငါးထောင်ကို ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော TETRA LAVAL လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိသော နွားနို့များ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်သည်။

မန္တလေး တွင် ကျောက်စိမ်းဈေး ကွက်ကြီး တခု အမြန် တည်ဆောက်တော့ မည်ဟု ဆို

Photo: မန္တလေးတွင် ကျောက်စိမ်းဈေးကွက်ကြီးတခု အမြန် တည်ဆောက်တော့မည်ဟု ဆို
စနေလင်း| June 19, 2013

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ် 
(ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)

မန္တလေးမြို့တွင် ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိမည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည်ဟု  မြန်မာနိုင်ငံ ကျောက်မျက်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ဈေးကွက်အတွက် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက်သင်တန်း ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းလှအောင် က ဧရာဝတီသို့ ပြောသည်။

“ဈေးကွက်နဲ့ စက်ရုံကို ဆောက်နေတာ တော်တော်လေး ပြီးနေပါပြီ။ နောက်ထပ် ၂ လ၊ ၃ လလောက်ဆို ဖွင့်လို့ ရပါပြီ။ အဲဒီလို စက်ရုံတရုံ ဖြစ်ဖို့ အဓိကလိုတာက နည်းပညာပိုင်းပဲ။ မြန်မာနိုင်ငံက ကျောက်စိမ်းထွက်ပြီး အရိုင်းတုံး လိုက်ပို့ နေရတဲ့အတွက် စက်ရုံသာ ပြီးသွားရင် တော်တော်လေး ဈေးကွက် တွင်ကျယ်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ကျောက်စိမ်း အများအပြား ထွက်ရှိသော်လည်း ဈေးကွက်က တရုတ်နိုင်ငံ အပေါ်၌သာ မှီခိုနေရကြောင်း၊ တရုတ် နိုင်ငံသားများ၏ ယဉ်ကျေးမှု ဓလေ့အရ ကျောက်စိမ်းကို နှစ်ခြိုက် ၀ယ်ယူတတ်ကြသည့် အတွက် ထိုသို့ ဖြစ်နေရကြောင်း ရွှေရတု ကျောက်မျက်ပြပွဲသို့ လာရောက်သော မန္တလေးမြို့မှ ကျောက်ကုန်သည် တဦးက ပြောသည်။

သို့သော်လည်း ဈေးကွက်နေရာကို မန္တလေးမြို့နှင့် မိုင် ၄၀ နီးပါးဝေးသော နေရာတွင် တည်ဆောက်နေသည့် အတွက် ပြီးစီးသွားလျှင်လည်း မန္တလေးမြို့ခံ ကျောက်ကုန် သည်များက နေရာသစ်ကို မသွားလိုကြဟု ကျောက်လုပ်ငန်းရှင် တချို့က ဧရာဝတီသို့ ပြောသည်။

“ဘယ် ကျောက်သမားတွေကမှ သွားမှာ မဟုတ်ဘူး။ အရင် မန္တလေးက ကျောက်တန်းမှာပဲ လုပ်ကြဖို့ရှိတယ်။ တနေ့ကို ဒီလောက် ခရီးအကွာအဝေး သွားပြီး ဈေးကွက် လုပ်ကြဖို့က အဆင်ပြေမှာ မဟုတ်ဘူး။ ကျောက်တန်းမှာဆိုတာ ရောင်းဝယ် ကြတဲ့သူတွေတင်မကဘူး၊ အလုပ်သမားတွေလည်း အများကြီးရှိတယ်” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသော ကျောက်ကုန်သည် တဦးက ဆိုသည်။

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးထွန်းလှအောင် ကမူ ကျောက်စိမ်း ဈေးကွက်နှင့် အချောထည် စက်ရုံများ တည်ဆောက်မည် ဆိုလျှင် ထုထည်ကြီးမားသည့် အတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိရန် လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ကျောက်စိမ်း ဈေးကွက်နှင့် အချောထည်စက်ရုံများ တည်ထောင်ပြီး ကုန်ချောအဖြစ် ရောင်းချမည် ဆိုလျှင် ကျောက်ဈေးကွက်အတွင်းရှိ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း တရုတ် နှင့် ဟောင်ကောင် ဈေးကွက်များသို့ ကျောက်စိမ်း တင်ပို့နေသော မန္တလေးအခြေစိုက် အမည်မဖော်လိုသူ ကျောက်ကုန်သည် တဦးက ဧရာဝတီသို့ ပြောပြသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းအချောထည် လုပ်ငန်းနည်းပညာသည် အလွန် အဆင့်နိမ့်ကျနေသဖြင့် ပြည်ပ ကျောက် အချောထည် လုပ်ငန်းရှင်များ လာရောက် လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာမှ စည်းမျဉ်း ဥပဒေများ ပြဌာန်း သတ်မှတ် ပေးရန် လိုအပ်နေသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန်လည်း အခွင့်အလမ်းများ ဖော်ဆောင် ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

“အစိုးရအနေနဲ့ တကယ် လုပ်မယ်ဆိုရင် ရပါတယ်။ ဒါပေမယ့် ၀ုန်းဒိုင်းကြီးလည်း ပြောင်းလဲ ပေးလိုက်လို့မရဘူး။ အားလုံးသာ လွတ်လပ်ခွင့် ပေးလိုက်ရင် ပြည်တွင်းသမားတွေ ဘာမှ လုပ်လို့မရဘူး။ ဒီအတိုင်း ဆက်သွားနေရင်လည်း တရုတ် ကျောက် အချောထည် လုပ်ငန်းရှင်တွေက လာမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီအခြေအနေကို ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်း တွေ ဖော်ဖို့လိုတယ်။ ကျောက်သမားတိုင်း သိပါတယ်။ အခုက ဘာတွေ ဖြစ်နေတယ်ဆိုတာ” ဟု သူက ဆက်ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံ ရွှေလီ ကျောက်ဈေးကွက်သို့ ၀င်ရောက်နေသော မှောင်ခိုကျောက်များနှင့် ပက်သက်ပြီး နိုင်ငံ တော်အတွက် အကျိုးရှိလာစေမည့် နည်းဥပဒေများ ပြဌာန်း အတည်ပြုပေးရန်လည်း လိုအပ်ကြောင်း ရန်ကုန်ကျောက်စိမ်း ကုန်သည်တဦးက ဆိုသည်။

ရွှေလီဈေးကွက်အတွင်းသို့ ၀င်ရောက်နေသော ကျောက်စိမ်းများတွင် မှောင်ခိုလိုင်းနှင့် တရားဝင် လိုင်းများမှ ၀င်ရောက်မှု ခြင်းက ပမာဏ အတူတူ ဖြစ်သည်ဟု ၎င်းက ပြောသည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ်
(ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)
မန္တလေးမြို့တွင် ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိ မည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည် ဟု မြန်မာနိုင်ငံ ကျောက် မျက်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူး ဖွံ့ဖြိုးရေး အစီ အစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး ဖွံ့ဖြိုးရေး အစီအစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်
Wednesday, 19 June 2013 

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက
 ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ ရှေ့လမ်းသည် ဆေးရုံကား အဝင်အထွက် သွားလာ၍မကောင်းသောကြောင့် ကတ္တရာလမ်းခင်းခြင်းကို ဦးခင်ရွှေက
 ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကော့မှူးမြို့ နယ်အတွင်း ဆေး ရုံနှင့်
 ကျောင်းများမှ အခြားသော လိုအပ်ချက်များကိုလည်း ငွေကြေး ပိုင်းတွင် အကူအညီပေးရန် ဦး ခင်ရွှေအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
 ပြောကြားထားသည်။

''စီစဉ်စရာ ရှိတာကို ကျွန်မ စီစဉ် မယ်။ ပိုက်ဆံကုန်စရာရှိရင် ဦးခင်ရွှေ က ပေးလိမ့်မယ်။ အဆင်ကိုပြေနေတာ ပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုပ်နေတာပါ။ ဒါအားနာနေလို့ မဖြစ်ပါ ဘူး။ လိုအပ်ချက်တွေကို တတ်နိုင်သ လောက် ဖြည့်ဆည်းရမှာပါ'' ဟု ဒေါ် အောင်ဆန်းစုကြည် က ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များအား
 တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇွန်လ ၁၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင် ဆန်းစုကြည်သည် ၄င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ကော့မှူးမြို့နယ်
 ပြည်သူ့ဆေး ရုံနှင့် အခြေခံပညာအထက် တန်းကျောင်း သို့ ဦးခင်ရွှေနှင့်အတူ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများနှင့်
 တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် ကော့မှူးမြို့နယ်ရှိကျေး ရွာများ၌ ကျန်းမာရေးအရ လိုအပ်နေသော ဆရာဝန်၊ သူနာပြုဦးရေနှင့် ဆေးရုံဝန် ထမ်းအိမ်ရာများကို လိုအပ်သလို ကူညီ ဖြည့်ဆည်းပေးသွားမည်ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောကြားခဲ့သည်။

ယင်းအပြင် ကော့မှူးမြို့နယ်ရှိ ကလေးငယ်များမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယင်းကို ဦးခင်ရွှေက ဒေါ်အောင် ဆန်းစုကြည်အား''အစ်မအနေနဲ့ ဖြစ်နိုင် လို့ရှိရင် ယူနီဆက်ကို ကျန်တာပေးမယ့် အစား နို့မှုန့်ပေးစေချင် တယ်လို့ ပြော ပေးစေချင်တယ်။ မူလတန်းကလေးတွေ အာဟာရကျွေး လို့ရအောင်ပါ'' ဟု ပြော ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားေ ပးမည်ဟု ပြောဆိုခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်စဉ်တွင်လည်း စာသင် ကျောင်းများ၌ လိုအပ်နေသော လျှပ်စစ် မီးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကစားကွင်းများ အသုံးမပြု နိုင်သည့် အခက်အခဲ၊ ကျောင်းသားတိုင်း ကျောင်းမတက်နိုင်သည့် အခက်အခဲနှင့် စာသင်ချိန်နည်းပါးခြင်း အခက်အခဲများ ကို ကျောင်းဆရာ၊ ဆရာမများက တင် ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကူ ညီဖြေရှင်းပေးမည်ဟု ကတိပေးပြော ကြားသွားခဲ့သည်။

Popular Myanmar News Journal
ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး အတွက် ဖမ်းဆီး ထားသော စက်မှုဇုံ ထုတ်ဂျစ်ကား များ ပြန်လွှတ်ပေး

Photo: ဒေသဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးထားသော စက်မှုဇုံထုတ်ဂျစ်ကားများ ပြန် လွှတ်ပေး

၁၉-၆-၂၀၁၃

ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့် ကားများထဲမှ ကလေးမြို့ စက်မှုဇုံထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေတွင် ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

“၂၀၀၈ ခုနှစ် မူဝါဒအသစ် မချမှတ်ခင် ကလေးမြို့ စက်မှုဇုံက (၅၂)စီး ထုတ်ပြီးခဲ့ပါပြီ။ မူဝါဒအသစ်မှာ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ (MIDC)က အင်ဂျင်ကိုတင်သွင်းတပ်ဆင်မှ လိုင်စင်ရတယ်။ အဲဒီ MIDC ကအင်ဂျင်တွေက (၄၈)သိန်းလောက် ပေးရပြီး နိုးမရတာ မအောင်တာ များတယ်။ အပြင်အင်ဂျင်က (၂၅)သိန်း ၀န်းကျင်ပဲ ရှိပြီး ကောင်း တယ်။ ဒါကြောင့်လည်း လိုင်စင်ရတဲ့ ကားဖြစ်ဖို့ အခက်အခဲတွေ ဖြစ်ကုန် တာပါ။ ဒေသန္တရ အတွက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ အင်ဂျင်တပ်ဆင်ခွင့်နှင့် လိုင်စင်လုပ်ခွင့်ရရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အစစ်အမှန် ဖြစ်ပါလိမ့်မယ်။ အခုလို မိုးရာသီမှာ ချင်းတောင်ပေါ် လမ်းတွေကို ကျွန်တော်တို့ စက်မှုဇုံထုတ်တဲ့ ဒီကားတွေပဲ အဆင်ပြေတာပါ။

အခု ကားတွေကလည်း ချင်းတောင်ပေါ် ပြေးဆွဲနေတဲ့ ကားတွေပါ။ အခုလို အဖမ်းအဆီးတွေဖြစ်တော့ ချင်းတောင်ပေါ်ကိုပို့မယ့်ကုန်တေ မပို့နိုင်တော့ဘူး။ တန်ဆာခနှင့် ခရီးသည်တင်ခတွေကလည်း အခုဆို နှစ်ဆလောက် တက်ကုန်တယ်။ ကြာရင်တော့ ချင်းတောင်မှာ ရိက္ခာတောင်ပြတ်နိုင်တယ်”ဟု စက်မှုဇုံ ကော်မတီအဖွဲ့ဝင် ဦးဆန်းမင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဧပြီလ(၁၈)ရက်တွင် ပြောင်းလဲခဲ့ သောမူဝါဒအရ တရားဝင်တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားခဲ့ခြင်း မရှိခြင်းကြောင့် လိုင်စင်ရရှိရေး ခက်ခဲခဲ့သော ကားများဖြစ်ကြောင်း၊ ကလေးစက်မှုဇုံထုတ်ကားများ ဖြစ်သော်လည်း မော်တော်ယာဉ် နည်းဥပဒေအရ အထောက်အထား မရှိဘဲ လမ်းမကြီးများပေါ် တွင် မောင်းနှင် ကုန်တင်သွားလာခြင်း၊ ခရီးသည်တင်ဆောင်ခြင်းများရှိ၍ အပြစ်ရှိကြောင်းကို ရိုးသားစွာ ၀န်ခံခဲ့ကြောင်း၊ ပြန်လွှတ်ပေး သည့် မော်တော်ယာဉ် ရှစ်စီးတွင် လေးစီးမှာ တရားဝင် တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားကြောင်း၊ စက်မှုဇုံဖွံ့ဖြိုးတိုး တက်ရေး ကော်မတီမှ အတည်ပြုထားသော ပုံစံ(Drawing)နှင့်အညီ ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်ကြောင်းနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသောချင်းတောင်ဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန် ဒေသများတွင် အဓိကထား အသုံးပြုနေ ရသော မော်တော်ယာဉ်များဖြစ်၍ ပြန်လွှတ်ပေးရန် စက်မှုဇုံကော်မတီမှ
ဒုရဲချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့်ကားများထဲမှ ကလေးမြို့စက်မှုဇုံ ထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေ တွင် ပြန် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့် တရားခံကို ဖမ်းမိပြီ

Photo: ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့် တရားခံကို ဖမ်းမိပြီ

၁၉-၆-၂၀၁၃

ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ်သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ ကိုမောင်တုတ် က ဒိုးအ်ရီ ၏ ဇနီး မဥမ္မာထွန်းအား ထိုးသတ်ရာတွင် အသုံးပြုခဲ့သည့် အသွားကိုးလက်မရှိ ကတ်ကြေး နှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်သည် ဟု ဆိုသည်။ ထိုကတ်ကြေးမှာ ကိုက်ဖြတ်ရန် အတွက် မဟုတ်ဘဲ လက်နက်အဖြစ်အသုံးပြုနိုင်အောင် ချွန်ထက်အောင် သွေး ထားသော ကတ်ကြေးဖြစ်သည် ဟု ဆိုသည်။

တမြန်နေ့က (ကို) ဒိုးအ်ရီတို့မိသားစု နှင့် တရားခံမိသားစုတို့ ကတောက် ကဆ ဖြစ်ကြရာမှ တရားခံကိုမောင်တုတ် (၃၂-နှစ်ခန့်) က (ကို) ဒိုးအ်ရီတို့မိသားစု အိမ်ဝင်းခြံများအား လာရောက် နင်းခြေဖျက် ဆီး သည် အထိဖြစ်ပွားခဲ့သဖြင့် (ကို) ဒိုးအ်ရီတို့ ဇနီးမောင်နှံက ရဲစခန်းသို့သွားရောက် တိုင်တမ်းခဲ့ကြ သည့်နောက်၊ အိမ်နီးနားချင်းများဖြစ်ကြသည့် တရားခံ၏ မိသားစုဝင်အများစုတို့ အလျှိုလျှိုပျောက်သွားကြပြီး တရားခံ ကိုမောင်တုတ် တစ်ယောက်သာလျှင် အိမ်ပေါ်တွင် ကျန်ခဲ့သည် ဟု ဆိုသည်။

“အဲသည်အိမ်ပေါ်က မိန်းမနှစ်ယောက်၊ တစ်ယောက်က သူ့မိန်းမပဲ၊ အဲသည် နှစ်ယောက်နဲ့ အဲသည်ကောင်နဲ့ တိုးတိုး တိုးတိုး တိုင်ပင်ပြီး သူတို့အိမ်သားတွေ အိမ်ကနေထွက်သွားကြတယ်။ နောက်ဆုံး အိမ်ရှေ့ တံခါးမကြီးကို ပိတ်တာက သူပဲ။ သူက အကြံနဲ့ကျန်ခဲ့တာ” ဟု ဒိုးအ်ရီ က ဆိုသည်။

ရန်လိုရိုင်းပြနေသည့် (တရားခံ) အိမ်နီနားချင်းများ၏ ရန်မှ အကာအကွယ်ပေးပါရန် အခင်းဖြစ်သည့်နေ့က နှစ်ကြိမ်တောင် ဖုန်းဆက်တိုင်တန်းခဲ့သော်လည်း ဟုတ်ကဲ့ပါ၊ လာပါတော့မယ်၊ ယူနီဖောင်းလဲနေလို့ပါ ဟု ၄င်းအား ရဲစခန်းက အကြောင်းပြန်သည် ဟု ဒိုးအ်ရီ က ဆိုသည်။

မိမိအိမ်မှ အိမ်သူအိမ်သားများကို ကြိုတင်ရှင်းလင်းထားသည့် တရားခံ ကိုမောင်တုတ်သည် ညနေ ခြောက်နာရီကျော်ခန့်တွင် အသတ်ခံရသူ မဥမ္မာထွန်း နေအိမ်မှ ဆင်းလာသည်ကို မြင်သည်နှင့် (သုံးအိမ်ခန့်အကွာရှိ) မိမိအိမ်ပေါ် ၀ရန်တာပေါ်က ထိုင်ချောင်းနေရာမှနေ လမ်းပေါ်သို့ ကမန်းကတန်း ပြေးဆင်းသွားပြီး မဥမ္မာထွန်း သတိ မထားအောင် ကျောပြုကာ လမ်းပေါ်ဦးစွာ ရောက်အောင် နေရာယူ ထားခဲ့သည် ဟု မျက်မြင်တစ်ဦးက ဆိုသည်။

ယင်းမျက်မြင်၏ အဆိုအရ နောက်ဆုံးဖြစ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

“မောင်တုတ်ဟာ သူကွယ်ပြီး နေနေတဲ့နေရာကို ဥမ္မာထွန်း က ကျော်သွားတယ်ဆိုတာနဲ့ လှစ်ကနဲ သူ့နေရာကနေထွက်လိုက်ပြီး ဥမ္မာထွန်း ဆံပင်ကိုစုဆွဲပြီး ခေါင်းကို လှန်လိုက်တယ်။ ပြီးတော့ ရင်ချင်းအပ် မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ ဥမ္မာထွန်းရဲ့ ရင်ညွန့်ထဲကို (ကတ်ကြေးနဲ့) ထိုးထည့်ပစ်လိုက်တယ်။ အဲဒီတစ်ချက် နဲ့တင် ဥမ္မာထွန်း ခွေကနဲ အိကျသွားတာပဲ။ လဲသွားတဲ့ ဥမ္မာထွန်းကို ခွစီးပြီးတော့ သုံးလေးချက် လား လေးငါးခြောက်ချက်လား အပေါ်ကနေ ထပ်ထိုးတယ်” ဟု အဆိုပါ မျက်မြင်ပုဂ္ဂိုလ်က ဆိုသည်။ ထိုသူမှာ ဖြစ်စဉ်ကို အိမ်အပေါ်ထပ်မှ လှမ်းကြည့်မိလျက်သားဖြစ်နေသည့် အိမ်နီနားချင်း တစ်ဦးဖြစ်သည်။

ဥမ္မာထွန်း၏ နောက်ဆုံးအော်သံကို ဒိုးအ်ရီ မကြားလိုက်။ သို့မဟုတ် ဥမ္မာထွန်းမှာ အော်ဖို့ အချိန်ပင် မရလိုက် ဟု ယူဆရသည်။

“ကျွန်တော် ကြားလိုက်တာက အလန့်တကြားနဲ့ အော်လိုက်တဲ့ (အနီးအနား ၀န်းကျင်က) ယောင်္ကျားတွေရဲ့ အလန့်တကြား အော်သံ တွေပဲ။ ကျွန်တော် အိမ်ကနေ ပြေးဆင်းသွားတာနဲ့ ဥမ္မာထွန်းဆီကို ရောက်သွားတာ မိနစ်ပိုင်းတောင်မကြာဘူး။ ဘယ်လိုမှ မကာကွယ်နိုင်လိုက်ဘူး။ လမ်းပေါ်မှာ လဲကျနေတဲ့ ကျွန်တော့် ဇနီးကိုပဲ တွေ့ရတော့တယ်။ ဟိုကောင်က တစ်ခါတည်း တန်းပြေးသွားပြီ” ဟု ဒိုးအ်ရီက ပြောကြားသည်။

အခင်းဖြစ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် အသတ်ခံရသူ၏ ၇-တန်းကျောင်းသား သားကြီးဖြစ်သူမှာ ကျူရှင်မှ ပြန်လာပြီး ထိုလမ်းအတိုင်းဝင်လာသည်ဖြစ်ရာ ထိုကလေးမှာ သေဘေးမှ သီသီကလေး လွတ်သွားခြင်းပင် ဖြစ်သည် ဟု အိမ်နီးနားချင်းများက ဆိုကြသည်။

တရားခံအား ဒုက္ခသည်အိမ်ယာစခန်းတွင် ဖမ်းမိသည့်အချိန်တွင် တရားခံ၏ ဇနီးနှင့် သမီးတို့အား စစ်တွေ အထက (၃) ရှေ့လမ်း ချတောပါရာ လမ်းကြားအိမ်တစ်အိမ်သို့ (တရားခံက) တင်ကြို ရွှေ့ပြောင်း ထားပြီးဖြစ်နေသည် ဟု ဆိုသည်။

တရားခံ မောင်တုတ်မှာ ယခင်ကလည်း စစ်တွေမြို့ ကျောင်းတက် လမ်းရပ်ကွက် တစ်နေရာတွင် ကလးတစ်ဦးထံမှ ဆွဲကြိုးဖြတ်ပြေး သဖြင့် ပြစ်မှုကျခံရဖူးသည် ဟု ဆိုသည်။

နာမည်ကြီး ရခိုင်တေးသံရှင် ဒိုးအ်ရီမှာ ပရိုဖက်ရှင်နယ် တက်တူးထိုးပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ စစ်တွေမြို့ သင်္ကြန်အတွင်း ဒိုးအ်ရီ ၏ တေးသံဖြင့်သာ လွှမ်းမိုးနေခဲ့သည်။

အခင်းဖြစ်ပွားရာ စစ်တွေမြို့ မိဇရပ်ကွက် ကုလားချောင်းအပိုင်းမှာ အစဉ်အလာကပင် ဇက်ရဲလက်ရဲသမားများ ပေါများရာနေရာဖြစ်သည်။

သေဆုံးသူ မဥမ္မာထွန်း၏ ရုပ်ကလပ်အား စစ်တွေ ဆေးရုံကြီး ရင်ခွဲရုံမှ ယနေ့နေ့လယ်တွင် အာကျိတ်တော်ကုန်း သို့ပို့ဆောင်၍ မြေမြှုပ် သင်္ဂြိုလ်မည် ဟု သိရသည်။

သေဆုံးသူ မဥမ္မာထွန်းတွင် ခင်ပွန်း (ကို)ဒိုးအ်ရီ အပြင် ခုနစ်တန်းအရွယ် သားတစ်ယောက်၊ ခြောက်တန်းအရွယ် သားတစ်ယောက် နှင့် သူငယ်တန်းအရွယ် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။

ဓါတ်ပုံရည်ညွှန်းစာသား - ယမန်နေ့ ညတစ်နာရီ ၀န်းကျင်က တေးသံရှင် ကို ဒိုးအ်ရီ တစ်ယောက် သွားလေသူ ဇနီး၏ အလောင်းနံဘေးတွင် အသုဘစောင့်ရင်း အိပ်ပျော်နေစဉ်။

ဓါတ်ပုံ- နိုင်စိုး။
Rakhine News Group
ယမန်နေ့ ညတစ်နာရီ ၀န်းကျင်က တေးသံရှင် ကို ဒိုးအ်ရီ တစ်ယောက် သွားလေသူ ဇနီး၏ အလောင်းနံဘေးတွင် အသုဘစောင့်ရင်း အိပ်ပျော်နေစဉ်။
ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ် သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..

Photo: ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..
၁၉-၆-၂၀၁၃

လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ
ဆန်တင်ပို့မှုကိုမြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO)
ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ထားကြောင်းကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း
့မြင့်တက်နေပြီး ပြည်ပတွင်လည်းဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက်
အနေအထား ထိန်းညှိပေးရန်အတွက် ဆန်တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့်
နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက်
သည် ပြည်ပတင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ်
(၁၅၅၀၀)ခန့်ရှိ ပြီးပြည်တွင်း(၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ
(၄၃၀)ခန့်ရှိကြောင်း သိရသည်။ 

MAPCO ကဆန်တင်ပို့မှုကိုပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။လက်ရှိဆန်ဈေး
သည် နှစ်လအတွင်းကျမည့် အနေအထားမရှိကြောင်း ဆက်လက်မြင့်တက်
ဖို့သာရှိနေပြီးပြန်လည်တင်ပို့လျှင် စပါးပေါ်ချိန်မှသာ ဖြစ်နိုင်ကြောင်း
သိရသည်။ဆန်ဈေးနှစ်လခန့် စောတက်ရသောအကြောင်းကဆန်ကြမ်း
များကို ကားဖြင့် သာမကဧရာဝတီမြစ်ကြောင်းအတိုင်းမန္တလေးသို့
အလုံးအရင်းဆန်တက်ပြီး တရုတ်နယ်စပ်ကိုတင်ပို့ခြင်းကလည်းအချက်
တစ်ချက် အဖြစ်ပါဝင်ကြောင်း၊တစ်ရက်ကိုဆန်အိတ်(၃၀၀၀၀)၊
(၄၀၀၀၀)ကြားတင်ပို့ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ပိတောက်လမ်းရှိ
ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။ ပြီးခဲ့သော
ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုသည် (၄၆)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး
တန်ချိန်(၁ဒသမ၆)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

The SkyNet TV Browser
လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ ဆန်တင်ပို့မှုကိုမြန်မာ့ လယ်ယာ စီး ပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO) ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ ထားကြောင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်နေ ပြီး ပြည်ပ တွင် လည်းဈေး မရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန်အတွက် ဆန် တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့် နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက် သည် ပြည်ပ တင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ် (၁၅၅၀၀) ခန့်ရှိ ပြီးပြည် တွင်း (၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ (၄၃၀)ခန့်ရှိကြောင်း သိရသည်။

အိန္ဒိယ စစ်တပ် ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို

Photo: အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို

၁၉-၆-၂၀၁၃

အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။

လတ်တလော အခြေအနေတွင် လူသား စစ်သားများကို ကူညီပေးရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး လက်တွေ့တိုက်ပွဲ အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ဖြည့်တင်းကာ နောက်ပိုင်းတွင် လူသား စစ်သားများရှေ့မှ ဦးဆောင်သွားမည့် ကွန်မန်ဒို တပ်သားများကဲ့သို့ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း DRDO ဥက္ကဋ္ဌ Avinash Chander က ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်များအား တည်ငြိမ်အေးချမ်းမှု မရှိသော အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ရှိ ဂျမ်မူးနှင့် ကတ်ရှ်မီးယား ဒေသ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတွင် တပ်ဖြန့် ချသွားမည် ဟုလည်းသိရသည်။

( သက်ဖြိုးကျော်)
By: Guide Magazine
အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။

မလေး ရှား ရှိ တရား မဝင်မြန်မာ လုပ်သား အား လုံး တရား ဝင် အထောက် အထား ထုတ်ပေး မည်

Photo: မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

18-6-2013

အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင် အထောက် အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာ အလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက် အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ် အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင် အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီး ခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။

The Voice Weekly
အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

Tuesday, 18 June 2013

ဆီးရီးယား အပေါ် ကန် - ရုရှား သဘော ထား ကွဲပေမဲ့ ငြိမ်း ချမ်းစွာ ဖြေရှင်း လို

Photo: ဆီးရီးယားအပေါ် ကန် - ရုရှား သဘောထားကွဲပေမဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို
Tuesday, June 18, 2013

ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

မစ္စတာ ပူတင်နဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ဟာ အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ တနင်္လာနေ့က သီးခြားတွေ့ဆုံပြီး ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်လို့ဆိုပြီး အဲဒီအတွက် ရုရှားသမ္မတကို ကျေးဇူးတင်တဲ့အကြောင်း မစ္စတာ အိုဘားမား က ပြောခဲ့ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အရာတိုင်း တသဘောတည်း မရှိပေမဲ့လို့၊ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာနဲ့၊ ဆီးရီးယားမှာ ဓာတုလက်နက်ပစ္စည်း အသုံးပြုမှုတွေ မရှိအောင် ဆိုတဲ့အပေါ်မှာတော့ သူတို့နှစ်ဦး သဘောတူညီခဲ့ကြောင်း သမ္မတ အိုဘားမားကလည်း ပြောပါတယ်။

ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေကို အမေရိကန်က စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး ဆွေးနွေးခဲ့ခြင်း ရှိ မရှိကို ဘယ်သူကမှ ထုတ်ဖော်မပြောခဲ့ကြပါဘူး။

ဒီအတောအတွင်း ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် ကလည်း သူ့ကို အာဏာကနေ ဖြုတ်ချဖို့ တိုက်ခိုက်နေကြတဲ့ သူပုန်အဖွဲ့တွေကို လက်နက် အကူအညီ ပေးမယ်ဆိုရင် အဲဒီအတွက် ပြန်လည် ပေးဆပ်ရလိမ့် မယ်လို့ ဥရောပနိုင်ငံတွေကို ခြိမ်းခြောက်လိုက်ပါတယ်။

ဆီးရီးယားသူပုန်တွေကို လက်နက်တွေပေးတာဟာ ဥရောပကို အစွန်းရောက်တွေ ၀င်လာအောင် လုပ်ရာကျလိမ့်မယ်လို့ ဂျာမဏီသတင်းစာ တစ်စောင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရက ဓာတုလက်နက်ပစ္စည်းတွေ အသုံးပြု တိုက်ခိုက်နေတယ်ဆိုတဲ့ အမေရိကန် အစိုးရက စွပ်စွဲချက်နဲ့ပတ်သက်လို့လည်း ဆီးရီးယားသမ္မတက ငြင်းပယ်ထားပါ တယ်။
 

အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေ စဉ်
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ်
ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်

DKBA ကလိုထူးဘော စစ်ဌာနချုပ်တွင်ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲ မြင်ကွင်း (ဓာတ်ပုံ – မြတ်စုမွန်/ ဧရာဝတီ)

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံး ပါဝင်သော ညီလာခံတရပ်ကို လာမည့် ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးထား၍ ခေါ်ယူကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်း – မြန်မာနယ်စပ် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလိုထူးဘော စစ်ဌာနချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲက ထုတ်ပြန်ပြောကြား လိုက်သည်။

နော်ဝေနိုင်ငံ တွင် စစ်မှု မထမ်း မနေရ ဥပဒေ အရ အမျိုး သမီးများ စစ်မှု ထမ်းဆောင်တော့ မည်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/p480x480/1017048_431923433572160_1010738220_n.jpg
နော်ဝေနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေအရ အမျိုးသမီးများကို စစ်မှုထမ်းဆောင်စေရေးအတွက် ပါလီမန် တွင် မဲခွဲဆုံးဖြတ်ပြီး အတည် ပြုနိုင်ခဲ့ကြောင်း ဇွန် ၁၆ ရက်Reuters သတင်း တစ်ရပ်အရ သိရသည်။

အင်းစိန်မြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူများအား ဖမ်းဆီးရမိ

Photo: အင်းစိန်မြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူများအား ဖမ်းဆီးရမိ
Tuesday, June 18, 2013

၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ်
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင် မသင်္ကာတွေ့ရှိသူ (၃)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ဇော်ဇော်အောင် (ခ)ကိုဇော်၊ (ဘ)ဦးမြင့်ဦး၊ အင်းစိန်မြို့နယ်၊ မောင်ဦး၊
(ဘ)ဦးလှရွှေ၊ တိုက်ကြီးမြို့နယ်နေသူနှင့် ဗညားဟိန်း
(ခ)ဗညားသူ၊ (ဘ) ဦးဝင်းတင်၊ အင်းစိန်မြို့နယ်
နေသူတို့ (၃)ဦးဖြစ်ပြီး ၎င်းတို့သည် ၀၂၀၀ အချိန်ခန့်က အင်းစိန်မြို့နယ်၊အထက(၁) ကျောင်းတွင်းသို့
သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား
ဖြတ်တောက်ခိုးယူခဲ့ပြီး မင်းကြီးလမ်းဘေး ဈေးဆိုင်အနီးတွင် ၀ှက်သိမ်းထားကာ ထွက်လာစဉ် ဖမ်းဆီးခံရခြင်း
ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
သက်သေခံ လျှပ်စစ်မီးကြိုးများအား သိမ်းဆည်းပြီး
အင်းစိန်မြို့မရဲစခန်း (ပ)၆၄၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်
အရေးယူထားရှိကာ အလားတူပြစ်မှုများနှင့်
ဆက်လက်တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင် ရွက်နေ စဉ် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင်

မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ်ယူရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြန်မာ့ ရာဘာ ဥရောပ ကို ပထမ ဆုံး တင်ပို့

Photo: မြန်မာ့ ရာဘာ ဥရောပကို ပထမဆုံး တင်ပို့
Tuesday, June 18, 2013

မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ ပေးခဲ့ပြီးတဲ့နောက် တင်ပို့ လာနိုင်တာ ဖြစ်ပါတယ်။ ရာဘာ တွေကို ပြင်သစ် နိုင်ငံဆီ တင်ပို့ ခဲ့တာ ဖြစ်ပြီး အမေရိကန် ကိုလည်း နမူနာ ပေးပို့ ထားတာ ရှိပါတယ်။

ဒါပေမဲ့ အရည် အသွေးမီတဲ့ ရာဘာတွေကို ရနိုင်ဖို့ ခက်နေ သေးတယ် လို့ မြန်မာ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။

အရည် အသွေး မီတဲ့ ရာဘာ ထုတ်လုပ် နိုင်အောင် အသင်း အနေနဲ့ ကူညီ ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင် နေတယ်လို့ လည်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေမှာ အရည် အသွေး ကောင်းမွန်တဲ့ ရာဘာတွေ ရနိုင်ပေမဲ့ မြန်မာ နိုင်ငံမှာ ဝယ်ယူဖို့ စိတ်ဝင်စား ရတဲ့ အကြောင်း ကတော့ လာမယ့် နှစ်တွေမှာ အမြောက် အမြား ထွက်မယ့် အလား အလာ ကောင်းလို့ ဖြစ်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

အခု လောလောဆယ် တစ်နှစ်ကို ရာဘာ တန်ချိန် တစ်သိန်းခွဲပဲ ထုတ်နိုင် ပါတယ်။

မြန်မာ နိုင်ငံမှာ စုစုပေါင်း ရာဘာ စိုက်ဧက တစ်သန်း လေးသိန်း သုံးသောင်းကျော် ရှိပေမဲ့ ဧက ငါးသိန်းပဲ ထုတ်နိုင် သေးတာကြောင့် နောင် လာမယ့် လေးနှစ် ငါးနှစ် အတွင်း တန်ချိန် နှစ်ဆတိုး လာနိုင်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

လက်ရှိ ပေါက်ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၄၅၀ ဖြစ်ပါတယ်။

မြန်မာ့ ရာဘာကို တရုပ် နိုင်ငံဆီ အများဆုံး တင်ပို့ နေတာ ဖြစ်ပြီး စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ အပါအဝင် အာရှ နိုင်ငံတွေ ကိုပဲ တင်ပို့ နေတာဖြစ် ပါတယ်။

BBC Burmese
မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

G-8 အစည်း အဝေး စတင်၊ ဆီးရီးယား ကိစ္စ ဆွေးနွေး ဖို့ရှိ

Photo: G-8 အစည်းအဝေး စတင်၊ ဆီးရီးယားကိစ္စ ဆွေးနွေးဖို့ရှိ 
Tuesday, June 18, 2013

စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိကထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

G-8 အစည်းအဝေးအတွင်း ငြိမ်းချမ်းရေးရအောင် ဘယ် လို ဆောင်ရွက် သင့်သလဲဆိုတာကို ခေါင်းဆောင်တွေ စိတ် တူ ကိုယ် တူ ဆွေးနွေးကြဖို့ မျော်လင့်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောပါတယ်။

နှစ်ရက်ကြား ကျင်းပမယ့် G-8 အစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေး ကိစ္စအကြောင်း ဆွေးနွေးကြလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးမစတင်ခင် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂအကြား အခွန်ကင်းလွှတ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးမှု စတင်တော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

၃၉ ကြိမ်မြောက် G-8 အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကလည်း အစည်းအဝေးရှိရာ နေရာကို သွားရောက်ပြီး ကမ္ဘာ့ဆာလောင်ငတ်မွတ်မှု ပြဿနာဖြေရှင်းဖို့၊ လိင်တူချစ်တူအခွင့်အရေး လေးစားမြှင့်တင်ပေးဖို့နဲ့ ရေနံထုတ်လုပ်ရာမှာ ရေဖိအားသုံးပြီး ကျောက်ခွဲတဲ့နည်းကို ပိတ်ပင်ဖို့ ဆန္ဒပြတောင်းဆိုနေကြကြောင်းလည်း သိရပါတယ်။

radioaustralia
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်ေ တွ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိက ထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး

Photo: MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး 

တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီဖြစ် 

ဆော်ဒီအာရေဗျ အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ(၄)ဦး ထပ်မံ သေဆုံးကြောင်း ကြေညာခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီ ဖြစ်သည်။ 

အခြေအနေသည် ဆော်ဒီတွင် ရောဂါပိုးမွှားသစ်နှင့် ပတ်သက်ပြီး ထိတ်လန့်မှုများ ဖြစ်ပေါ် စေခဲ့သည်။ စက်တင်ဘာလက စတင်၍ ထောက်လှမ်း ဖော်ထုတ်နိုင်ပြီးသည့်နောက် အဆိုပါ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက် (၄၀)နီးပါး ရှိလာပြီး အများစုသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင် ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက နောက်ထပ် MERS ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃)ဦးကို တွေ့ရှိထားကြောင်းလည်း တနင်္လာနေ့က အတည်ပြု ပြောကြားခဲ့သည်။ ယင်းကူးစက် ခံရသူများတွင် အသက်(၂)နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်နေသည်။ 

ကျန်းမာရေးဌာန တာဝန်ရှိသူများက ဗိုင်းရပ်စ်က မည်သည့်အတိုင်းအတာဖြင့် လူအများကြား လွယ်လွယ်ကူကူ ကူးစက်နိုင်သည်ကို လေ့လာနေဆဲ ဖြစ်သည်။ 

ယခုဗိုင်းရပ်စ်နှင့် ဆင်တူသော SARSသည် (၂၀၀၃)ခုနှစ်က ကမ္ဘာကို ကပ်ရောဂါ တစ်ခုသဖွယ် ခြိမ်းခြောက်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၈၀၀)ဝန်းကျင်မျှ သေဆုံးခဲ့ဖူးသည်။

Planet News Journal 
ဆ်ာဒီအာရေဗျ အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ်လူ(၄)ဦးထပ်မံသေဆုံးကြောင်း ကြေညာ ခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီ ဖြစ်သည်။

မြန် မာနိုင်ငံ တွင် လယ်ယာ လုပ်ငန်း အာ မခံပေါ်ပေါက် လာစေရန် ဂျပန်နိုင်ငံ မှ နည်း ပညာ အကူ အညီပေး မည်

6.17.1
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် 
မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံစနစ် ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံ၏အာမခံကုမ္ပဏီဖြစ်သည့် Tokio Marine & Nichido Fire Insurance နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအားဖြင့် အကူအညီ ပေးသွား မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ပြုလုပ်သည့် လယ်ယာလုပ်ငန်း အာမခံဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။