တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ခရိုင်တွင် မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အတွက် တစ်ဧကလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် စတင် ထုတ်ချေးခဲ့သည်။
Friday, 21 June 2013
ဦးဝီရသူ တို့ ဦးဆောင်ပြီး ကျင်းပ မယ့် မျိုးစောင့် ဥပဒေညီ လာခံကို သီတဂူ ဆရာတော် တက်ေ ရာက် မည်
မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက လေးစား စရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။
Wednesday, 19 June 2013
တိုင်းရင်းသားပေါင်းစုံ ပါသည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပေးနိုင်မှ အပစ်ရပ်ရေး KIO သဘောတူမည်
![]() |
| မြစ်ကြီးနား ဆွေးနွေးပွဲတွင် ကချင် ဗိုလ်ချုပ်ဂွမ်မော်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်အတူ စကားလက်ဆုံကြနေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ဓာတ်ပုံ- မေခ / ဧရာဝတီ) |
တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို အစိုးရက
ကျင်းပပေးနိုင်မှသာ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ကချင်ပြည်
လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်က လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ကချင်
လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က
လိုင်ဇာမြို့၌ ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
မြို့ကြီး သုံးမြို့ရှိ မူလ တန်းကျောင်း များ တွင် နေ့စဉ် နွားနို့တိုက်ကျွေး မည်

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ မူလတန်းကျောင်းများ တွင် နေ့ စဉ် ကျောင်းတွင်း အာဟာရ နို့ တိုက်ကျွေးရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်က ကြေညာ လိုက် သည်။ ကလေးများ၏ ကြီးထွားမှု၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နွားနို့တိုက်ကျွေးမှုကို အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ စာသင်ကျောင်း ၂၀၅ ကျောင်းမှ မူလတန်း ကျောင်းသား လေးသောင်း ငါးထောင်ကို ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော TETRA LAVAL လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိသော နွားနို့များ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်သည်။
မန္တလေး တွင် ကျောက်စိမ်းဈေး ကွက်ကြီး တခု အမြန် တည်ဆောက်တော့ မည်ဟု ဆို
![]() |
နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ် (ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ) |
မန္တလေးမြို့တွင်
ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိ
မည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း
အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည် ဟု မြန်မာနိုင်ငံ ကျောက် မျက်လုပ်
ငန်းရှင်များ အသင်းမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူး ဖွံ့ဖြိုးရေး အစီ အစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေး အတွက် ဖမ်းဆီး ထားသော စက်မှုဇုံ ထုတ်ဂျစ်ကား များ ပြန်လွှတ်ပေး
ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့်ကားများထဲမှ ကလေးမြို့စက်မှုဇုံ ထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေ တွင် ပြန် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။
ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့် တရားခံကို ဖမ်းမိပြီ
![]() |
| ယမန်နေ့ ညတစ်နာရီ ၀န်းကျင်က တေးသံရှင် ကို ဒိုးအ်ရီ တစ်ယောက် သွားလေသူ ဇနီး၏ အလောင်းနံဘေးတွင် အသုဘစောင့်ရင်း အိပ်ပျော်နေစဉ်။ |
ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ် သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။
ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..

လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ ဆန်တင်ပို့မှုကိုမြန်မာ့ လယ်ယာ စီး ပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO) ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ ထားကြောင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်နေ ပြီး ပြည်ပ တွင် လည်းဈေး မရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန်အတွက် ဆန် တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့် နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက် သည် ပြည်ပ တင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ် (၁၅၅၀၀) ခန့်ရှိ ပြီးပြည် တွင်း (၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ (၄၃၀)ခန့်ရှိကြောင်း သိရသည်။
အိန္ဒိယ စစ်တပ် ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို

အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။
မလေး ရှား ရှိ တရား မဝင်မြန်မာ လုပ်သား အား လုံး တရား ဝင် အထောက် အထား ထုတ်ပေး မည်
အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
Tuesday, 18 June 2013
ဆီးရီးယား အပေါ် ကန် - ရုရှား သဘော ထား ကွဲပေမဲ့ ငြိမ်း ချမ်းစွာ ဖြေရှင်း လို
![]() |
| အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးနေစဉ် |
ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား
ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊
ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း
ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်
![]() |
DKBA ကလိုထူးဘော စစ်ဌာနချုပ်တွင်ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲ မြင်ကွင်း (ဓာတ်ပုံ – မြတ်စုမွန်/ ဧရာဝတီ) |
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား
လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံး ပါဝင်သော ညီလာခံတရပ်ကို လာမည့် ၂၀၁၄
ဒီဇင်ဘာ နောက်ဆုံးထား၍ ခေါ်ယူကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်း –
မြန်မာနယ်စပ် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလိုထူးဘော
စစ်ဌာနချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ
နှီးနှောဖလှယ်ပွဲက ထုတ်ပြန်ပြောကြား လိုက်သည်။
နော်ဝေနိုင်ငံ တွင် စစ်မှု မထမ်း မနေရ ဥပဒေ အရ အမျိုး သမီးများ စစ်မှု ထမ်းဆောင်တော့ မည်

နော်ဝေနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေအရ အမျိုးသမီးများကို စစ်မှုထမ်းဆောင်စေရေးအတွက် ပါလီမန် တွင် မဲခွဲဆုံးဖြတ်ပြီး အတည် ပြုနိုင်ခဲ့ကြောင်း ဇွန် ၁၆ ရက်Reuters သတင်း တစ်ရပ်အရ သိရသည်။
အင်းစိန်မြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူများအား ဖမ်းဆီးရမိ

၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင် ရွက်နေ စဉ် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင်
မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ်ယူရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မြန်မာ့ ရာဘာ ဥရောပ ကို ပထမ ဆုံး တင်ပို့

မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။
G-8 အစည်း အဝေး စတင်၊ ဆီးရီးယား ကိစ္စ ဆွေးနွေး ဖို့ရှိ
![]() |
| ၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP) |
စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့
ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်ေ တွ Nothern Ireland ကို ရောက်ရှိနေကြပြီး
အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိက ထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။
MERS ဗိုင်းရပ်စ်ကြောင့် ဆော်ဒီတွင် လူ ၄ ဦး ထပ်မံ သေဆုံး
ဆော်ဒီအာရေဗျ
အစိုးရက MERS ဗိုင်းရပ်စ်ကြောင့် နောက်ထပ်လူ(၄)ဦးထပ်မံသေဆုံးကြောင်း
ကြေညာ ခဲ့သည်။ တစ်ချိန်က ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည့် SARSနှင့် ဆင်တူသည့်
MERS ဗိုင်းရပ်စ်ပိုးကြောင့် ယခုအခါ အရှေ့အလယ်ပိုင်း ဒေသရှိ
ဘုရင့်နိုင်ငံအတွင်း အသေအပျောက် ပမာဏသည် (၃၂)ဦးထိ ရှိလာပြီ ဖြစ်သည်။
မြန် မာနိုင်ငံ တွင် လယ်ယာ လုပ်ငန်း အာ မခံပေါ်ပေါက် လာစေရန် ဂျပန်နိုင်ငံ မှ နည်း ပညာ အကူ အညီပေး မည်
![]() | |
| မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် |
မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံစနစ် ပေါ်ပေါက်လာစေရန်
ဂျပန်နိုင်ငံ၏အာမခံကုမ္ပဏီဖြစ်သည့် Tokio Marine & Nichido Fire
Insurance နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအားဖြင့် အကူအညီ
ပေးသွား မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ပြုလုပ်သည့် လယ်ယာလုပ်ငန်း
အာမခံဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။
Subscribe to:
Posts (Atom)






