Sunday, 9 June 2013

ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်

Photo: ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်
Sunday, June 9, 2013

ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ
ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

ယင်းကုမ္ပဏီသည် China Unicom (MYA) Operations Co.,Ltd. အမည် ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။

China Unicom ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အသစ် ထပ်မံ ချိတ်ဆက်မည့် SE-ME-WE 5 ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသစ်ကို ငါးလကြာ တာဝန်ယူ တည်ဆောက် အကောင်အထည် ဖော်မည့် ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို အဆိုပါ ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာနှင့် စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုမှာ တစ်ဝက်စီသာ
ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice သို့ ယမန်နှစ်က ပြောကြားဖူးသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ချိတ်ဆက် အသုံးပြုမည့် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသည် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ တို့ကို ဖြတ်သန်း ဆက်သွယ် တည်ဆောက်သွားမည် ဖြစ်ပြီး ပုသိမ်မြို့တွင်လည်း ပြည်ပ ဆက်သွယ်ရေး စခန်းသစ်တစ်ခု တည်ဆောက်မည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေသည့် သက်တမ်းနှစ် ၃၀ သတ်မှတ် ထားသော SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် နှစ် ၂၀ ခန့် သက်တမ်း ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံက ချိတ်ဆက် အသုံးပြုနေသည်။

တရုတ် အစိုးရက ပိုင်ဆိုင်ထားသော China Unicom ကုမ္ပဏီသည်
ဘေဂျင်းမြို့တွင် အခြေစိုက် ထားပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly
ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်

Photo: မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုကို ILO ရုတ်သိမ်းမည်
Sunday, June 9, 2013

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

“ မြန်မာနိုင်ငံရဲ့ (Sanction) ကို ဖြုတ်ဖို့ (၁၀) ရက်နေ့မှာ တောင်းဆိုမယ်။ လက်ရှိ ကတော့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ ကိုယ်စားလှယ်တွေ သဘောထား တထပ်တည်း ရှိနေတယ်။ ဒါကြောင့် (၁၃/၁၄) ရက်မှာ ဖြုတ်ဖို့ ရှိပါတယ်။ILO ဖက်ကလည်း (Sanction) ကို ဖြုတ်စေချင်ပြီး။ ဒါမှနိုင်ငံ တကာက စီပွားရေး လုပ်ငန်းရှင် အားလုံး ကျမတို့နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကြ မယ် ဆိုရင် အနည်းဆုံးတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်တော့ဘူးပေါ့။ စနစ်တကျလည်း ရှိသွားတာပေါ့။” ဟုဆိုပါသည်။

မြန်မာနိုင်ငံ အရေးကို ဇွန်လ၁၀ရက်မှ ၁၄ ရက်အတွင်း ဆွေးနွေးကြမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှု အပြင်လျှပ်စစ်မီး မလုံလောက်မှု ၊ ဆိပ်ကမ်းနှင့်လမ်းပမ်း ဆက်သွယ်မှုအားနည်းခြင်း၊ ဆက်သွယ်ရေးနှင့် စာတိုက်ကြေးနန်း လုပ်ငန်းများ၊ ဘဏ်စနစ်များ အားနည်းခြင်း တို့ကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ ထားသလို ဖြစ်နေပါသည်။

လက်ရှိတွင် ဤကဏ္ဍများ တိုးတက်လာရန် ပြင်ဆင် တည်ဆောက်နေပြီး ဖြစ် သလို နိုင်ငံရေးအရ စီးပွားရေး ပိတ်ဆို့မှုများပါ ရပ်တန့် သွားခဲ့သော်လည်း တိုင်းပြည်သည် ဒီမိုကရေစီစနစ်ကို အခြေခံသော အုပ်ချုပ်ရေး စနစ် ရှိပါမှတိုးတက် ပေလိမ့်မည်ဖြစ်သည်။

ဤသို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် အစိုးရ စီမံကိန်းများ သည် ပွင့်လင်း မြင်သာမှုကို အခြေခံပါမှ တိုးတက်ပြောင်းလဲရာတွင် အနှောင့်အယှက် မရှိဘဲ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

“ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဘဏ်ကိစ္စ၊ လမ်းပမ်း ဆက်သွယ်ရေး ကိစ္စတွေက အဆင်သင့် မဖြစ်သေးဘူးလေ၊ ဒါကြောင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပါတ်သက်လို့ကျမ သဘောထား ကတော့ ပွင့်လင်းမြင် သာမှုဖြစ်အောင် ကြိုးစားရမယ့်။တိတိကျကျ အချက်အလက်တွေ ကြိုတင် တွက်ဆပြီး စာချုပ်ချုပ်ဖို့ လိုတယ်။ ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးကို ကြိုတင် တွက်ဆပြီး ချပြဖို့ လိုပါတယ်။” ဟု ဒေါ်သန်းသန်းဌေးက ဆိုပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်များသည် မြန်မာ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို သီးခြားတွေ့ဆုံခြင်း၊ ညစား အတူစားရန် ကမ်းလှမ်းခြင်း များဖြင့် မိတ်ဆက်ကြပါသည်။ အထူးသဖြင့် အိုင်အယ်အို အရာရှိများပါ ကြိုဆိုကြပါသည်။

ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်ဖြစ်ပါသည်။ သူသည်ပထမ ဦးဆုံးသော ILO ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်နိုင်ခဲ့ သူဖြစ်ပြီး၂၀၁၃ခုနှစ်ဧပြီလ (၂၉) ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား (Forum) အစည်းအဝေးမှ ရွေးချယ် ခဲ့သူဖြစ်ပါသည်။

ILO အစည်းအဝေးသည် ဇွန်လ ၄ ရက်နေ့မှ စတင်ခဲ့ပြီး မြန်မာ့ အရေးကို ဇွန် (၁၀) ရက်မှ (၁၄) ရက်နေ့ အထိ ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ILO သည် အလုပ်သမားအရေးကို ပိတ်ပင် ထားခဲ့မှုကြောင့် (၂၀၀၀) ခုနှစ်တွင် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ခဲ့ပါသည်။ မြန်မာ အစိုးရသည် ILO တောင်းဆိုခဲ့သော အလုပ်သမား ဥပဒေကို (၂၀၁၁) အောက်တိုဘာ လတွင် ရေးဆွဲ အတည်ပြု ပြဌာန်းပြီး နည်းဥပဒေကို (၂၀၁၂) ခုနှစ် ဇန္နာဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။

ဤသို့ကြောင့် ILO သည် မြန်မာ အစိုးရ၏ အပြုသဘောဆောင် တိုးတက်မှုများ ဖြစ်လာခဲ့သည့် အတွက် အကျိုးဆက် အားဖြင့် စီးပွားရေး ပိတ်ဆို့ထားမှုကို ယခုကဲ့သို့ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကင်းလွတ်ခွင့် ပေးရာတွင်လည်း နိုင်ငံတကာ စံနှုန်းနှင့်အညီ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များက ပါဝင်သည့် ILO တွင် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့စဉ် တုန်းကလည်း ဤကဲ့သို့ နိုင်ငံတကာ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ ကိုယ်စား လှယ်များက ဆုံးဖြတ်ခဲ့ ပါသည်။
ရွှေဟင်္သာ
မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားမှု (Sanction) မှ ရုတ်သိမ်းရန် ယခု ကျင်းပနေသော အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အစည်းအဝေးမှ နက်ဖြန် ဇွန်လ (၁၀) ရက်နေ့တွင် ဆုံးဖြတ်ရန် ရှိသည်ဟု ILO အစည်းအဝေးကို တက်ရောက်နေသော မြန်မာနိုင်ငံ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဌဒေါ်သန်းသန်းဌေးက ဆိုပါသည်။

ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင် နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ

နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းက အဖွဲ့ဝင် ၂၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ ကနေ လေယာဉ် ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ

Photo: တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ
Sunday, June 9, 2013

Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲလာမှုအကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန် ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေကို ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်ပင်းတို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေကိုပြော ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက် လို့တော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယား လက်နက် အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြ တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန် အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံေ တာ် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲအတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံ အိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်း အားထုတ် သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

VOA
Cybersecurity အင်တာနက်ကွန်ယက်တွေလုံခြုံရေး၊ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲ လာမှု အကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေး ပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

ပြင်ဦးလွင်

Photo: ပြင်ဦးလွင်-ဇွန်လ၉

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို 
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။
ပြင်ဦးလွင်ရာသီဥတုမှာ မိုးတိတ်သွားပြီဟုသိရသည်။

ဓါတ်ပုံ၊နေကွန်းထင်၊စိုင်းလမင်း
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်လူထုတွေ့ဆုံပွဲကို
မဟာအံ့ထူးကံသာမီးပုံးပျံကွင်းတွင် ယနေ့ညနေ၃နာရီတွင်ဟောပြောမည်
ဟုသိရသည်။ ပြင်ဦးလွင်ရာသီဥတုမှာ မိုးတိတ်သွားပြီဟုသိရသည်။

ငြိမ်းချမ်းေ ရးစိန်ခေါ်သံ လမ်းလျောက် ဆုတောင်းပွဲ

 Photo
ရန်ကုန်-ဇွန်၉ ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက်ဆုတောင်းပွဲကို လူပေါင်း၁၅၀ကျော်ပါဝင်ဆုတောင်း လမ်းလျောက်ခဲ့သည်။ ကချင်စစ်ပွဲ နှစ်နှစ်အတွင်း သေဆုံးခဲ့ကြသူများအား ရည်စူး၍ ပြုလုပ်သည့် ငြိမ်းချမ်းရေးစိန်ခေါ်သံ လမ်းလျောက် ဆုတောင်းပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီမှ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့မှ စတင်၍့် မြို့နယ် ၅ ခုသိှု့ဖြတ်သန်းခဲ့သည်။ နေလည်၁၂း၀၀တွင်လွမ်းသူပန်းခွေချ၍ ဆုတောင်းအမျှဝေမှုအား အလုံမြို့နယ် သစ်တောလမ်းရှီ ဇောတနာရာမကျောင်းတိုက် ၌ ပြုလုပ် သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

 Photo: တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မွန်ပြည်နယ် (၅)နှစ်ဆက်တိုက် ပထမ

မွန်ပြည်နယ်-ဇွန်၉

ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
 တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။ 
၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း 
၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ခြင်းဖြစ်သည်။့HTOO
ဇွန် ၈ ရက် ကထုတ်ပြန်ခဲ့သော၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်တွင်မွန်ပြည်နယ်၏
တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုသည် (၅)နှစ်ဆက်တိုက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပထမ ရရှိခဲ့ကြောင်းသိရသည်။ ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် အနေဖြင့် အောင်ချက် ရာခိုင်နှုန်း
၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံ လုံးတွင် ပထမရရှိခဲ့ခြင်းဖြစ်သည်။့

စာမေးပွဲ အောင်စာရင်း ကြည့်ရင်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရှိ အ.ထ.က (၁)တွင် ဇွန် ၈ ရက် နံနက်က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာရောက်ကြည့်ရှုရင်း ကျောင်းသူတစ် ဦး နှလုံးရော ဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ကွယ်မှ ကြိုးကိုင်မှု များကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို ရင်ဆိုင်နေရ

bangalis-june9

နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို မကြာခဏ ရင်ဆိုင်နေရပြီး လုပ်ငန်းများ အောင်မြင်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

Photo: မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

9.6.2013

မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မူဆယ်ဒေသမှာ နန်းတော်ဂိတ် အပါအ၀င် ကင်းစခန်းပေါင်း လေးခုရှိပါတယ်။ ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ်။ တရုတ်ဘက်ကနေ ၀င်ရောက်တာတော့ နေ့စဉ်ပျမ်းမျှ ၄၀၀ ကနေ ၅၀၀ ကြားပဲ ၀င်ပါတယ်" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ ၎င်းတို့အနက်မှ အများစုသည် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ် . . . . .

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်သော လူငယ်များသည် တရုတ်နိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
"ဒီဘက်က အလုပ်လုပ်ဖို့ ထွက်တဲ့သူက တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့် စာအုပ် (အစိမ်းရောင်) လျှောက်ရတယ်။ အဲဒီစာအုပ်ရမှ အလုပ်လုပ်လို့ ရတယ်။ အဲဒီစာအုပ် မရှိရင် အနိုင်ကျင့် ခံရတာ များတယ်" ဟု ဦးမင်းဆွေက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ၀န်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် လျှပ်စစ်ပစ္စည်း စက်ရုံများတွင် အများစု လုပ်ကိုင်ရကြောင်း၊ ၀င်ငွေ ကျပ် ၅၀၀၀မှ ၁၀၀၀၀ ကြား ပျမ်းမျှရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ခွာမည့် သူများကို မူဆယ်လူဝင်မှု ကြီးကြပ်ရေးဂိတ်၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

EMG
မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

ဘောလုံး သံတမန် နန်းခင်ဇေယျာနှင့် မန်ယူကစားသမားများ

 Photo
မနက် ၉နာရီက မြန်မာနိုင်ငံသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော်သို့ ဦးစွာသွားေ၇ာက်ဖူးမျှော်ခဲ့ မန်ယူကစား သမားဟောင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သံတမန် နန်းခင်ဇေယျာမှလိုက်လံရှင်းပြခဲ့သည်။ 

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်

၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း”” ခရီးသည်တင်မှန် လုံယာဉ်သည် သထုံမြို့ နယ်၊ တောင်စွန်း ကျေးရွာ အနီး၊ ဘုရား ကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အား အနီးရှိ မြေသားလမ်း အတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။

တကျော့ပြန် ကချင်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ် လွမ်းသူပန်းခွေချ

Photo

မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ

Photo: မူဆယ် နယ်စပ်မှတစ်ဆင့် ဘီယာနှင့် အချိုရည် ဘူးခွံများအား တရုတ်ဘက်မှ အများအပြား လာဝယ်နေ 

ဇွန်လ ၉ ရက် ၂၀၁၃

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

ယခင်နှစ်များက ယခုကဲ့သို့ ၀ယ်ယူမှု မရှိဘဲ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်ရှိမှသာ ၀ယ်ယူလာခြင်းဖြစ် ကြောင်း၊ တရုတ်ဘက်သို့ ဘီယာနှင့် အချိုရည်ဘူးခွံ ရောင်းချသူများ အနေဖြင့် ဘူးခွံများအား ပြားအောင်ပြုလုပ်ပြီးမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

"နှစ်တိုင်း ဒီလိုဝယ်လေ့ မရှိဘူး။ ဒီနှစ်ကျမှ ထူးထူးခြားခြား ဘီယာနဲ့ အချိုရည်ဘူးခွံတွေ လာဝယ်တယ်။ ထုပြီးပြား နေအောင် လုပ်ပြီးပို့ကြတယ်" ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပြုရာတွင် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းလေးခုမှ တရားဝင် ကုန်သွယ်လျက်ရှိပြီး မူဆယ်မှ အဓိက ကုန်သွယ်ကြောင်း၊ နှစ်လအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄၁၈ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၂၇၃၆ သန်း ကျော်ဖိုး ကုန်သွယ်ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းနှင့် လယ်ယာထွက်ကုန်များကို လက်ရှိ၌ အများဆုံး ၀ယ်ယူလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ နှစ်လအတွင်း ဆန်တန်ချိန် ၃၅၀၀၀ အထိ ၀ယ်ယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်သို့ ယာဉ်ယန္တရား၊ မော်တော်ဆိုင်ကယ်နှင့် ဓာတ်မြေသြဇာများအား အဓိကပြန်လည် တင်သွင်းနေ ကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်တွင် ဘီယာဗူးခွံများ ထူးထူးခြားခြား ၀ယ်ယူလာသကဲ့သို့ မြန်မာ-အိန္ဒိယ နယ်စပ်တွင်လည်း အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံထုတ် စီးကရက်များအား ထူးထူးခြားခြား လာရောက်ဝယ်ယူ လျက်ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ မေလကုန်အထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ဖိုး လာရာက်ဝယ်ယူသည်ဟု သိရသည်။

Eleven
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ဖက် စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဘီယာနှင့် အချိုရည် ဘူးခွံများအား အများအပြား ၀ယ်နေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

ကုလသ မဂ္ဂက ဂိုလန်တပ်သား များအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ေ ကြာင်းဆို

Photo: ကုလသမဂ္ဂက ဂိုလန်တပ်သားများအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်းဆို 

ဇွန်လ ၈ ရက် ၂၀၁၃

ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက် တစ်ခုကို ကုလသမဂ္ဂစူးစမ်းရေးမစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေးလျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မခံနိုင်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

ဆီးရီးယားတွင်တိုက်ပွဲအခြေအနေဆိုးဝါးလာသောကြောင့် သြစတြေးလျက ၎င်းတို့၏တပ်သားများပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားပြီးချိန် သောကြာနေ့က ရုရှားသမ္မတပူတင်၏ ၎င်းတို့တပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်းလှမ်းချက်ကို ကုလသမဂ္ဂ သည် ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။

သြစတြီးလျမှ ငြိမ်းချမ်းရေးတပ်သားများသည် ဆီးရီးယားနှင့် အစ္စရေးကြား နှစ်လေးဆယ်ကြာအပစ်အခတ်ရပ်စဲရေးအတွက် ယူအန်က လုပ် ဆောင်ပေးရာတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀၀၀တွင် ၃၈၀ ဦးပါဝင်ခဲ့ပြီး ဆီးရီးယားတွင် တိုက်ခိုက်မှုဆိုးဝါးလာသောကြောင့် နှုတ်ထွက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ဆီးရီးယားအစိုးရနှင့် နှစ်ပေါင်းရှည်ကြာမဟာမိတ်ဖြစ်နေပြီး လက်နက်ထောက်ပံ့ခဲ့သည်။ ရုရှားက သမ္မတအာဆတ်ကို ထောက်ခံထားခြင်းကြောင့် ရုရှားတပ်များကို ဆီးရီးယားသူပုန်များက ကြားနေအဖြစ် မသတ်မှတ်ထားခြင်း ကြောင့် ၎င်းတို့ပါဝင်လာလျှင် တိုက်ခိုက်လာနိုင်ကြောင်း သံအရာရှိတစ်ဦးက ဆိုသည်။

ယူအန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မာတင်နာဆာကီက ကုကသမဂ္ဂသည်ယခုအချိန်တွင် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ရုရှားဘက်မှ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်း ဆိုသည်။

“ရုရှားက ဂိုလန်တပ်သားတွေဆီ တပ်သားပို့ပေးဖို့ပြောကြားတာကို သူတို့ရဲ့တွေးပေးမှုကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
“ဒါပေမယ့် ဆီးရီးယားနဲ့ အစ္စရေးကြား နှစ်ဦးနှစ်ဖက်ခွဲခြမ်းမှုသဘောတူညီချက်နှင့် ၎င်းတို့လက်သင့်ခံနိုင်သည့်စနစ်တို့က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေကို ပါဝင်ခြင်းကို ခွင့်မပြုထားဘူး” ဟု ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေးဌာနက တပ်အတွင်းရှိ ဖိလစ်ပိုင်နှင့်အိန္ဒိယစသောအခြားနိုင်ငံများကိုလည်း ၎င်းတို့တပ်သားတိုးမြှင့် မမြှင့်ကို မေးမြန်းထားပြီး တပ်သားသစ်များပို့ပေးနိုင်မည့် နိုင်ငံသစ်များကိုလည်း ရှာဖွေနေကြောင်း ဗြိတိန် သံအမတ် မာ့ခ်လီယယ် ဂရန့်က ဆိုသည်။

The Myanma Age
ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက် တစ်ခုကို ကုလသမဂ္ဂ စူးစမ်းရေး မစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေး လျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မ ခံနိုင်ကြောင်း သော ကြာနေ့က ပြောကြားလိုက်သည်။

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း

Photo: ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း
Sunday, June 9, 2013

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးတစ်စင်းဖြစ်ပြီး ဧရာဝတီမြစ်၏ မြစ်လက်တက် လည်းဖြစ်သော ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ် စစ်စီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိပြီး ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၈၈၀ ဖြစ်ကာ စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၀၈၀ ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒသည် လူထုကို ဗဟိုပြုသော မူဝါဒ ဖြစ်သည့် အတွက် အဆိုပါ ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု အပေါ် လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ထားသည် ဆိုစေကာမူ ဒေသခံ လူထုက မပြုလုပ် စေလိုပါက ရှေ့ဆက်ဆောင်ရွက်မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် Mint သတင်းဌာန၏ သတင်းထုတ်ပြန်မှုကို Energy  Business Review ၀က်ဘ်ဆိုက်၌ ဇွန် ၇ ရက်က ကိုးကားဖော်ပြထားသည်။

စီမံကိန်းများကြောင့် ရရှိမည့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အလားအလာနှင့် လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်နိုင်ခြေများအား နှိုင်းယှဉ်စဉ်းစားပြီးနောက် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက လတ်တလော မည်သည့်ဆောင်ရွက်မှုမျှ မပြုဘဲ ဆိုင်းငံ့ထားရန် သဘောတူလိုက်ကြောင်း စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုသည် အိန္ဒိယနိုငံ NHPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထမံသီ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား အိန္ဒိယနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ရောင်းချရန် ရည်ရွယ်ထားသည်။

"ဒီရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တယ်ဆိုတာ သိပ်ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ရေကာတာတွေဆိုတာ အမြင့်ပေ ၅၀ လောက်တွေဆို အန္တရာယ် မရှိပါဘူး။ ပေ ၅၀ ထက် ကျော်ရင်တော့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ရေကာတာလုပ်ရင် သိပ်ကြီးတာတွေ မလုပ်ဘဲ ပေ ၅၀ လောက်ပဲ လုပ်မယ်ဆိုရင်တော့ လူတွေအတွက်လည်း အကျိုးရှိသလို သဘာဝ ပတ်ဝန်းကျင်လည်း မထိခိုက်ပါဘူး။ အခု ဒီလိုရပ်ဆိုင်း တာကတော့ အလွန်ကောင်းတဲ့ ခြေလှမ်းတစ်ရပ်ပါ" ဟု သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိပြီး ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းမှာ ကနီမြို့နယ် အတွင်း တည်ရှိသည်။ စီမံကိန်း နှစ်ရပ်လုံးသည် ချင်းတွင်းမြစ်ကို ပိတ်၍ တည်ဆောက်မည် ဖြစ်သည်။

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ပြီး ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာမှာ ၅၃၉ စတုရန်းမိုင် ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

စီမံကိန်းကြောင့် ရွာအချို့မှာ ရွှေ့ပြောင်းခဲ့ရကာ ဆက်လက်၍လည်း ရွာအချို့ ထပ်မံပြောင်းရွှေ့ ရနိုင်ခြေရှိသည့် အတွက်လည်း ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်ဟု သိရသည်။ ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ မြင့်မားသည့်အတွက် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှု အချို့လည်း ရှိခဲ့သည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
Eleven Media Group
ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရကရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

Saturday, 8 June 2013

လွတ်မြောက်မှုအတွက် လမ်းညွှန်တခု

Photo: လွတ်မြောက်မှုအတွက် လမ်းညွှန်တခု
Saturday, June 08, 2013

တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက် ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက်  ဒီသင်ခန်းစာတွေက အထောက်အကူ
 ဖြစ်စေနိုင်ပါတယ်။

ကျနော် လေ့လာတွေ့ရှိခဲ့ရတဲ့ သင်ခန်းစာအားလုံးကို အကျယ်တ၀င့်
 ပြန်ပြောပြဖို့ အချိန်တော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က အချက် ၅ ခုတော့ ပြောလိုပါတယ်။

ပထမ အချက်အနေနဲ့ အကယ်၍ ခင်ဗျားတို့က အကြမ်းဖက်မှု သံသရာစက်ဝန်းကို ချိုးဖျက်ချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ပိုလို့ ကြွယ်ဝချမ်းသာတဲ့ လူမှုအဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ကို ချချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချင်တယ် ဆိုလို့ရှိရင်၊ အခြေခံကျတဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို စတင် လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်လုပ် သူတွေက အရင်ဆုံး လက်ခံ သဘောပေါက်ဖို့ လိုပါတယ်။

တောင်အာဖရိကမှာ ဒီလို ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ ကျနော်နဲ့ အမျိုးသားပါတီ (National Party) ထဲက လုပ်ဖော် ကိုင်ဖက် ခေါင်းဆောင်တွေ လက်ခံ သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့က အသားအရောင် ခွဲခြားရေးစနစ်ကို ပြုပြင်မွမ်းမံနေလို့ မရတော့ပါဘူး။ ဒီစနစ်ကို လူတွေ ပိုမိုလက်ခံလာအောင်ဆိုပြီး လုပ်လို့ မရတော့ပါဘူး။ ခွဲခြား နေထိုင်ရမယ်ဆိုတဲ့ အမြင်၊ အယူအဆကို ကျနော်တို့က စွန့်လွှတ်ပြီး အတူတကွ နေထိုင်ရမယ်ဆိုတဲ့ မျှော်မြင်ချက် ကို ပွေ့ပိုက်လက်ခံဖို့ လိုအပ်ပါတယ်။ တစုတစည်းတည်းသော ညီညွတ်တဲ့ တောင်အာဖရိက နိုင်ငံဆိုတာမျိုးပါ။ အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရှိပြီး ခွဲခြားဆက်ဆံမှုတွေ နိဂုံးချုပ် အဆုံးသတ်ရပါမယ်။ ဒါပေမယ့် ကိုလိုနီစနစ် ဖျက်သိမ်းရေးကို အလျင်အမြန် လုပ်ဆောင်လိုက်လို့ မတည်ငြိမ်မှု အရှုပ်အထွေး ပြဿနာတွေကြားထဲ ကျန်အာဖရိက နိုင်ငံတွေ ကျရောက် ခဲ့ရပါတယ်။ အဲဒီ အခြေအနေတွေ ကနေတဆင့် အာဏာရှင်တွေ၊ စစ်ဝါဒီတွေ လက်အောက် နောက်ထပ် ကျရောက်ခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုး မဖြစ်ရလေအောင် ကျနော်တို့ တောင်အာဖရိက နိုင်ငံအနေနဲ့ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဆိုလိုတာက အခြေခံကျကျ ပြောင်းလဲရတော့မယ်လို့ ကျနော်တို့က လက်ခံ သဘောပေါက်ပါတယ်။ ၁၈၀ ဒီဂရီ အချိုးအကွေ့ကို လှည့်ပြောင်း ရတော့မှာပါ။ အလားတူပဲ သမ္မတ မင်ဒဲလားနဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) က ခေါင်းဆောင်ပိုင်းတွေကလည်း သူတို့အနေ နဲ့ တော်လှန်စစ်ကို ဆင်နွှဲလို့ မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံလာရပါတယ်။ အင်အားသုံးပြီး အာဏာရရေး လုပ်ဆောင်မယ်ဆိုတဲ့ အမြင်ကို စွန့်လွှတ်ကြပြီး ဒီမိုကရေစီ နည်းလမ်းနဲ့ အာဏာရယူမယ်ဆိုတာ လက်ခံလာကြရပါတယ်။

ကျနော်တို့က ညှိနှိုင်း အပေးအယူ လုပ်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးက လုပ်လည်းလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ရလဒ်အနေနဲ့ နောက်ပိုင်း ဆွေးနွေး ပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါကြောင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်တွေ လက်ခံလာအောင် အရင်ဆုံး လုပ်ရပါမယ်။

ဒုတိယ အချက်အနေနဲ့ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေကနေ ပေါ်ထွက်လာတဲ့ သဘောတူညီမှုတွေကို အခြေခံမှသာ ဘယ်လို နိုင်ငံရေးစနစ်သစ်မျိုးမဆို အောင်မြင်ကြမှာပါ။ “အင်အားစု အားလုံး ပါဝင်တဲ့” တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာကို  ဒီနေရာမှာ ဘာ့ကြောင့် ကျနော် အလေးပေး ဖော်ပြရတာပါလဲ။ ပဋိပက္ခ အများစုမှာ အင်အားစု အများအပြားက အကြောင်းအချက် အမျိုးမျိုးနဲ့၊ စိုးရိမ်ပူပန်ချက် အမျိုးမျိုးနဲ့၊ မျှော်မြင်လိုလားချက် အမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေကြပါတယ်။

အားလုံးက တညီတညွတ်တည်း လက်ခံတဲ့ သဘောတူညီမှုကို ရယူနိုင်ပါမှ၊ “အခြေခံ ဥပဒေအသစ်ကို ငါတို့ပိုင်တယ်။ စေ့စပ်ညှိနိုင်းပြီး ရလာတဲ့ သဘောတူညီချက်တွေထဲက အခြေခံမူတွေကို ငါတို့ပိုင်တယ်” လို့ ပြောတဲ့ ပြည်သူအများစု ပါဝင်တဲ့ သဘောတူညီချက်ဖြစ်ပါမှ အဲဒီသဘောတူညီချက်က ရေရှည်တည်တံ့ခိုင်မြဲမှာပါ။

ဒီအချက်ကနေ ကျနော် တတိယအချက်ကို ဆွဲယူဖော်ပြလိုပါတယ်။ အဲသလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းဆွေးနွေးပွဲတွေ ကနေရလာတဲ့ သဘောတူညီချက်တွေမှာ ပဋိပက္ခထဲ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေရဲ့ ကျိုးကြောင်း ဆီလျော်တဲ့ စိုးရိမ်ပူပန်ချက်တွေ၊ မျှော်မြင် လိုလားချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပေးရပါမယ်။  ဆိုလိုတာက အင်အားစု အားလုံးက အနစ်နာခံ ပေးဆပ်ရမယ်။ ဆိုလိုတာက ညှိနှိုင်းဆွေးနွေးပွဲတွေကနေ အောင်မြင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ပေါ်ထွက်တာမျိုး မဖြစ်စေရပါဘူး။

ကျနော် ဆိုလိုချင်တာက ပါဝင်တက်ရောက်ကြသူ အင်အားစု အားလုံးအနေနဲ့ သူတို့ရဲ့ အရေးကြီး ကိစ္စရပ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်တွေမှာ ပြန်လည် ဆွေးနွေးတင်ပြနိုင်အောင် အချိန် လုံလုံလောက်လောက် ရဖို့လိုအပ်ပါတယ်။ “ကျနော်တို့က ကိစ္စရပ် က၊ ခ၊ ဂ တွေမှာ အလျှော့ပေးရမယ်။ ဒါပေမယ့် ကျနော်တို့က ကိစ္စရပ်  ဃ၊ င နဲ့ စ မှာတော့ ပြန်ရ စရာရှိပါတယ်။ ကိစ္စရပ် ဃ၊ င နဲ့ စ တွေက ကျနော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့က က၊ ခ နဲ့ ဂ ကို စွန့်လွှတ်လိုက်ကြရအောင်” စသည်ဖြင့် ပြန်ရှင်းပြနိုင်စေရပါမယ်။

တောင်အာဖရိက နိုင်ငံမှာတော့ ဒီလို ဖြစ်ခဲ့ပါတယ်။ မလုပ်ချင်ဘဲနဲ့ လုပ်ခဲ့ရတဲ့ ရင်နာစရာ အလျှော့ပေးမှုတွေကို နှစ်ဖက်စလုံးက လုပ်ခဲ့ရပါတယ်။ ၀မ်းနည်းကြေကွဲဖွယ် ကောင်းတာက ဆွေးနွေးငြင်းခုန်မှု အသစ်တခုကို ပြီးခဲ့တဲ့ လအနည်းငယ်မှာ ANC က စတင်လုပ်လာတာပါ။ သူတို့က ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ရရှိထားခဲ့တဲ့ သဘောတူညီချက်တွေကို ပြန်လို့ စိစစ်သုံးသပ် ချင်တယ်လို့ဆိုပါတယ်။ ဒီကိစ္စက စိတ်အနှောက် အယှက် ဖြစ်ဖွယ်ပါ။ ကျနော်တို့ရဲ့ တည်ကြည်စွာ ချုပ်ဆိုထားတဲ့ သဘောတူ ညီချက်တွေရဲ့ အခြေခံ အုတ်မြစ်တွေကို ပြန်တူးဆွ တိုက်ခိုက်ချင်၊
 မေးခွန်းထုတ်ချင် နေကြတာပါ။ ဒီသဘောတူညီချက်တွေကြောင့်ပဲ တောင် အာဖရိက နိုင်ငံသစ် တည်ထောင် နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီလို မေးခွန်းထုတ် တိုက်ခိုက်နေတာက သီးခြားကိစ္စပဲ ဖြစ်ပြီး သီးခြား ရည်ရွယ်ချက်တွေ ရှိနေပါတယ်။။

ကျနော် ထောက်ပြလိုတဲ့ အချက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အပေးအယူ ရှိကြရပါမယ်။ လူတိုင်းက နာကျင်မှုတွေလည်း ခံစားကြရပါမယ်။ ဒါပေမယ့် လူတိုင်းဟာလည်း အခု တွေ့ဆုံဆွေးနွေးမှု တွေကတဆင့် ကျေနပ် အားရမှု တစုံတရာလည်း ခံစားရရှိကြရပါလိမ့်မယ်။

စတုတ္ထအချက်ကတော့ ညီညွတ်မှုနဲ့ မတူကွဲပြားမှု နှစ်ခုကြားထဲမှာ မျှတတဲ့ အခြေအနေတခုကို ရအောင် ယူနိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဒီနေ့ ပဋိပက္ခအများစုကို စဉ်းစားကြည့်လိုက်ပါ။ အများစုက နိုင်ငံတွေ အချင်းချင်းကြားမှာ ဖြစ်နေကြတာ မဟုတ်ဘဲ နိုင်ငံတခုထဲမှာ နေထိုင်နေကြ တဲ့ ပြည်သူအချင်းချင်းကြားမှာ ဖြစ်ပွားနေတာပါ။ အခုကာလမှာ နိုင်ငံတခုနဲ့ တခုအကြား၊ အမျိုးသားအစိုးရ တခုနဲ့တခုအကြား ဖြစ်တဲ့ စစ်ပွဲတွေက သိပ်မရှိတော့ပါဘူး။

(၂၀၁၁ ခုနှစ်အတွင်း) မကြာသေးခင်က လေ့လာမှုတခုအရ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အပြင်းအထန်ဆုံး ပဋိပက္ခ ၂၅ ခု အနက် ၂ ခုကပဲ နိုင်ငံတခုနဲ့ တခုအကြား ဖြစ်တာပါ။ ပဋိပက္ခ ၂၃ ခုက နိုင်ငံနယ်နိမိတ် တခုအတွင်း မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အချင်းချင်းကြားမှာ ဖြစ်ကြတာပါ။ ဘာသာစကား ယဉ်ကျေးမှု သမိုင်းနောက်ခံ အများစုတူတဲ့ နိုင်ငံသားတွေ အချင်းချင်းကြားထဲမှာ ဖြစ်ပွားကြတာပါ။

ကွဲပြားခြားနားမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ၊ ဘယ်လို စီမံခန့်ခွဲကြမလဲ ဆိုတာကတော့ ခက်ခဲတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့က ပြဿနာတွေကို ဖြေရှင်းချင်တယ် ဆိုရင်တော့၊ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးချင်တယ် ဆိုရင်တော့ ညီညွတ်မှု (နိုင်ငံတခုလုံးသဘော) နဲ့ ကွဲပြားခြားနားမှု (နိုင်ငံတခု ဖြစ်ပေါ်စေရန် ဖန်တီး တည်ဆောက်ပေးထားတဲ့ အုပ်စုများ) အကြား မျှတတဲ့ အခြေအနေတခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

သူတို့ကို ကွက်ချန် ပစ်ပယ်ထားတယ် ဆိုတာမျိုး အရေးကြီးတဲ့ တိုင်းရင်းသား လူနည်းစုတွေ စိတ်ထဲ ခံစားစေလို့ မဖြစ်ပါဘူး။ သူတို့က နိုင်ငံတခုလုံးကို တည်ဆောက်ဖို့ အရေးကြီးတဲ့ မဲဆန္ဒနယ် အစိတ်အပိုင်းတွေလို့ အသိအမှတ် ပြုကြရပါမယ်။

နောက်ပြီးတော့ အထက်ဖော်ပြပါ အချက်အားလုံးအပြင် အကြမ်းဖက် ပဋိပက္ခတွေက လွန်မြောက်လာတဲ့ နိုင်ငံတွေအနေနဲ့  ပြဿ နာတွေကို
 ဖြေရှင်းဖို့ ဖော်မြူလာ (ဆေးနည်းကား) လိုပါတယ်။ တောင် အာဖရိက မှာတော့ အဲဒီ ပြဿနာတွေကို နိုင်ငံရေးဆိုင်ရာ ရာဇ၀တ်မှုများလို့ ခေါ်ဆို ကြပါတယ်။ တဦးချင်း တယောက်ချင်း ချမ်းသာကြွယ်ဝဖို့ ကျုးလွန်ကြတာ မဟုတ်ဘဲ မြင့်မြတ်တယ်လို့ ယုံကြည်တဲ့ကိစ္စတခု အရေးတော်ပုံ တခုအတွက် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျူးလွန်ကြတဲ့ ရာဇ၀တ်ပြစ်မှုတွေပါ။

အောင်မြင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ မဖြစ်အောင် ပိတ်ဆို့ ဟန့်တားနေတဲ့ ကြီးမားတဲ့ အကြောင်းကိစ္စတခု နိုင်ငံအများစုမှာ ရှိတတ်ပါတယ်။ ဒီကိစ္စက အခြေအနေတွေကို ပြောင်းလဲလာစေဖို့ ဒီမိုကရေစီကို ပြောင်းလဲဖို့ ပိုမိုလွတ်လပ်တဲ့ အခြေအနေကို ဖန်တီးဖို့ ခေါင်းဆောင်တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ စတင် မလုပ်ဆောင်နိုင်အောင် တားဆီးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို မေးခွန်း ၂ ခုနဲ့ အကျဉ်းချုပ် ဖော်ပြနိုင် ပါတယ်။ “အကယ်၍ ငါသာ အာဏာ လက်လွတ်သွားခဲ့ရင် ငါ ထောင်ကျ မှာလား၊ငါ့ကို လက်စားချေကြမှာလား” ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဇင်ဘာဘွေမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက ရောဘတ် မူဂါဘီကို ၀ိုင်းဝန်း ကျားကန် ပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အစိုးရ လက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ဆောင်ရွက်ထားခဲ့တဲ့ ကိစ္စတွေ အတွက် သူတို့ကို ပြန်လည် လက်စားချေမလားလို့ စိုးရိမ်နေကြပါတယ်။ အခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ပျက်ကြတာပါပဲ။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ဖော်မြူလာ (ဖော်နည်းကား) တခုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တောင်အာဖရိက အနေနဲ့တော့ အတိုင်းအဆ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖော်မြူလာကို ချမှတ်ဆောင် ရွက်ခဲ့ပါတယ်။ အမှန်ပြောရရင် ကျနော်လိုလားတဲ့ အခြေအနေထက်တောင် ကျော်လွန် သွားခဲ့ပါတယ်။

ANC အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်ကို ပြစ်မှုရဲ့ ကြီးလေးမှု အတိုင်းအတာ မခွဲခြားဘဲ ပေးရမယ်လို့ အတင်းအကျပ် တိုက်တွန်းပါတယ်။ ကျနော်ကတော့ နမီးဘီးယားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ နိုဂါ့ဒ်မူ (Norgaard principles) ကို သဘောကျပါတယ်။ သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် သွေးအေးအေးနဲ့ လူသတ်တဲ့ ကိစ္စမျိုးတွေ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေ၊ မုဒိမ်းကျင့်တာတွေ၊ အလားတူပြစ်မှုတွေ အကြုံးမ၀င်ပါဘူး။ စစ်ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်ကိုကျော်တဲ့ လုပ်ရပ်မျိုးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုတာက မမှန်ကန် မမျှတနိုင်ပါဘူး။

သမ္မတ မင်ဒဲလားနဲ့ သူ့ရဲ့အဖွဲ့ကို ရင်နာနာနဲ့ အပေးအယူပြုခဲ့ရတဲ့ ကိစ္စတခုကို ကျနော် ပြန်ပြီး အမှတ်ရနေပါသေးတယ်။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့ လူသတ်သမားတဦး၊ လူအများ ထိုင်နေကြတဲ့ သောက်စားနေ ကြတဲ့ စားသောက်ဆိုင် ဘားတခုထဲကို လက်ပစ်ဗုံးပစ်သွင်းခဲ့တဲ့ လူသတ်သမားတဦးကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရတဲ့ ကိစ္စပါ။ သူ့လုပ်ရပ်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျနော်တို့က လူဖြူတဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သဘောတူညီခဲ့ ရပါတယ်။ သူက ဘတ်စကားပေါ်က လူတွေကို ရိုင်ဖယ်သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးအောင် ပစ်ခဲ့သူပါ။ ပစ်ခတ်ရတဲ့ အကြောင်းကတော့ ကားစီးလာသူတွေက လူမည်းတွေ ဖြစ်နေလို့ပါပဲ။

ကျနော် ဒီ လွတ်ငြိမ်းချမ်းသာခွင့်တွေကို မပေးချင်ခဲ့ပါဘူး။ ANC ဘက်က အတင်းအကျပ် တောင်းဆိုပါတယ်။ ကျနော် အပေးအယူ လုပ်ခဲ့ရတဲ့ ကိစ္စတွေထဲမှာ ရင်အနာဆုံးနဲ့ လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် ရှေ့ကို ဆက်သွားနိုင်ဖို့ ဆိုရင် ကျနော်တို့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိနိုင်မှာပါ။ ဒီလို ပြဿနာတွေကတော့ အကြမ်းဖက် ပဋိပက္ခတွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံတိုင်းမှာ ပေါ်လာတတ်မယ့် ပြဿနာမျိုးတွေပါ။ ဒီလိုပြဿနာတွေက မူဝါဒအခြေခံအပေါ် ရပ်တည်ပြီး ဖြေရှင်းကြရမယ့်
 ပြဿနာတွေပါ။ အာဏာကို စွန့်လွှတ်ကြရမယ့် သူတွေရဲ့ အကြောက်တရားကို ရလာမယ့် အဖြေတွေက ပြေပျောက်အောင် လုပ်ပေးသင့်ပါတယ်။ ပေးဖို့ အဆင့်သင့်မဖြစ်သေးတဲ့ တန်ဖိုးတွေကို ပေးစရာမလိုဘူးလို့လည်း သူတို့ကို အာမခံ ပြောကြားသင့်ပါတယ်။ ဒီလို သင်ခန်းစာတွေက အီဂျစ်၊ တူနီးရှား၊ ဒီကနေ့ လစ်ဗျား၊ ကွန်ဂို၊ ဆူဒန်၊ မြန်မာနဲ့ ဆီးရီးယား၊ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံတွေမှာလည်း အသုံးတည့်မယ်လို့ ကျနော်ယူဆပါတယ်။

အခုလို ပြဿနာ ဖြစ်နေရတဲ့ နေရာဒေသတွေမှာ ဘာကြောင့် နိုင်ငံရေးအရရှေ့ကို မတိုးတက်နိုင်တာလဲလို့ ခင်ဗျားတို့ စိစစ် သုံးသပ်ကြည့်မယ်ဆိုရင်၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှု သံသရာစက်ဝန်းကို ချေဖျက်ဖို့ ခေါင်းဆောင်တွေက ဘာကြောင့် လက်ဦးမှုရယူ မလုပ်ကိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင်၊ ညှိနှိုင်းအဖြေရှာ အပေးအယူလုပ်တဲ့ လမ်းကြောင်းကို ဘာကြောင့် မရှာဖွေနိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေက ကမ္ဘာကြီးရဲ့ ပြဿနာဖြစ်နေတဲ့ နေရာဒေသတွေမှာ ပြဿနာတွေ ပြေလည်စေဖို့အတွက် နှလုံးသားနဲ့ နာယူရမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက “အခုအချိန်ဟာ သမိုင်းရဲ့ နိဂုံးခရီးဆုံး” လို့ ပြောသွားခဲ့ပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ သမိုင်းဟာ မဆုံးသေးပါဘူး။ ကျနော်တို့က သမိုင်းကို နောက်တကြိမ် ပြန်ရေးနေကြပါပြီ။ အစွန်းရောက် အစ္စလမ် အကြမ်းဖက်ဝါဒဟာ ခေတ်သစ်တခုအဖြစ် ပြန်လို့ ပေါက်ဖွား ပျံ့နှံ့နေပါတယ်။ လူတွေ ပြောဆိုနေကြတဲ့ အရင်းရှင်စနစ် ကျဆုံးခန်း၊ ဒါမှမဟုတ် ပိုလို့ တိတိကျကျ ပြောရရင် ကျနော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြတဲ့ အရင်းရှင်စနစ် ပုံစံမျိုးရဲ့ ကျဆုံးခန်း စတာတွေက ခေတ်သစ်တခုကို ဖန်တီးနေကြပါတယ်။ သမိုင်းဟာ ပြီးဆုံးစရာ အကြောင်းမရှိပါဘူး ခင်ဗျား။

ANC မှာရှိတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြိုက်လို့ ပြောပြောနေတတ် တဲ့ စကားရှိပါတယ်။ “တိုက်ပွဲက ဆက်ရှိနေဦးမယ်။ အမြဲတမ်း ဆက်ရှိနေပါ လိမ့်မယ်”။

(အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လီဂါတန် အင်စတီကျု (Legatum Institute) နှင့် Foreign Policy မဂ္ဂဇင်းတို့ ပူးတွဲကျင်းပသော ဒီမိုကရေစီ ဓာတ်ခွဲခန်း (Democracy Lab) ဖွင့်ပွဲအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့က ပြောကြားသည့် တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ် (F. W. de Klerk) ၏ မိန်းခွန်းမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Irrawaddy
တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက် ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေ ဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဒီသင်ခန်းစာတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မြန်မာ့ ဆက်သွယ်ရေး မဲဆွယ်ပွဲ

Photo: မြန်မာ့ဆက်သွယ်ရေး မဲဆွယ်ပွဲ
Saturday, June 8, 2013

(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလိုင်စင် နှစ်နေရာလုပွဲတွင် နိုင်ငံတကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ရွေးချယ် မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား ရရှိနိုင်ရေး ခြေလှမ်း သွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

အထူးခြားဆုံးနှင့် ထင်ပေါ်မှု အရှိဆုံးမှာ Digicel ဂျာမေကာ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရေး ရန်ကုန်မြို့အတွင်း အင်နှင့် အားနှင့် ကြော်ငြာမှုများ ကို ပြုလုပ် လျက်ရှိသည်။

ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် ၎င်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာလူထုအကြား ရေပန်းအစားဆုံး၊ ထင်ကြေးအပေး ခံရဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

လိုင်စင်ရသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် 4G စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို ဖြန့်ချိသွားမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဝန်ထမ်းများ ခေါ်ယူလျက်ရှိကြောင်း၊ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr. Denis O’Brien က ပြောကြားလိုက်သည်။

Digicel ကို တစ်ချိန်က တပ်မတော်အစိုးရ အတိုက်အခံများကို အထောက် အပံ့များစွာ ပေးခဲ့သော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်က
နောက်ခံပြုထားပြီး မြန်မာနိုင်ငံ ရိုးမကုမ္ပဏီအုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
Digicel သည် လိုင်စင်ရရန် အခွင့်အလမ်းသာသည့်အပြင် လိုင်စင်ရလျှင် ဘာလုပ်ပေးမည်ဆိုသည့် ကတိစကားများနှင့် ဈေးကွက်ထိုးဖောက်မှုကို ယခုရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

မျှတရင်ရရမယ်ဆိုသည့် MICTDC
“လိုင်စင်ရကိုရမယ်။ မရရင် ဘာလို့တင်မှာလဲ။ အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို မျှမျှတတ ရွေးချယ်ဖို့တစ်ခုပဲ ကျွန်တော်တို့ တောင်းဆို ထားတယ်။ မမျှမတလုပ်ရင်လည်း ပြန်တုန့်ပြန် သွားမှာပါ” ဟု ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်က MICTDC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဦး ဖြစ်သည်။

ပြည်တွင်း အိုင်တီကုမ္ပဏီအများစု ပေါင်းစည်းထားသည့် အများပိုင်ကုမ္ပဏီ MICTDC (Myanmar ICT Development Company) နှင့် ဂျပန် ကုမ္ပဏီကြီးနှစ်ခု ဖြစ်သည့် KDDI၊ Sumitomo၊ မြန်မာနိုင်ငံ၏ ဆောက် လုပ်ရေးနှင့် အိုင်တီကုမ္ပဏီ A1 Construction တို့ ပူးပေါင်းထားသည့် အဖွဲ့မှာ လှုပ်ရှားမှု နည်းသည့်အတွက် လူသိနည်းနေသေးသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်နေရာ အတွက် ကုမ္ပဏီများစာရင်း တင်သွင်းမှု ပိတ်လိုက်ပြီး နာရီပိုင်းအကြာ ထုတ်ပြန် ပြောကြားလိုက်သည့် ဦးသိန်းဦး၏စကားကြောင့် အိုင်တီသမားများ၊ မီဒီယာများကို သတိထားမိ စေခဲ့သည်။

A1 Construction ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိုင်တီလုပ်ငန်းများ ဆောက်ရွက် လျက်ရှိကာ ရတနာပုံ Fiber Optic Cable စက်ရုံကို တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကွန်ရက်တွင် လက်ရှိ အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာ ကေဘယ်လ် များ ချထား ခြင်းကို အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် Sumitomo Corporation သည် မြန်မာနိုင်ငံ၏မြို့ ကြီးသုံးမြို့တွင် 4G ကွန်ရက်တည်ဆောက် ရန် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လတ်တစ်လောစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦ များကို တာဝန်ယူ တည်ဆောက် လျက် ရှိသည်။

“ကျွန်တော်တို့ကလုပ်မယ်ဆို ဖြစ်အောင်လုပ်ပါမယ်။ဒီက MICTDC နဲ့ A1 တို့ကလည်း အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ အပြည့်ရှိပြီးသားဆိုတော့ လိုင်စင်ရဖို့ပဲ တွေးထားပါတယ်။ လက်ရှိမှာလည်း Sumitomo က မြန်မာ့ ဆက်သွယ်ရေးကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေကို စတင် တည်ဆောက်နေပါပြီ” ဟု KDDI အမှုဆောင်အရာရှိချုပ် Mr. Hidehiko Tajima က ပြောကြားသည်။

ယင်းအပြင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ထောက်ပံ့မှုများနှင့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တို့မှာ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီများ အတွက် အထောက်အပံ့ ကောင်း များဖြစ်ရာ ကမ္ဘာကျော် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းထားသည့် MICTDC မှာ ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းဦး ပြောသကဲ့သို့ပင် စိတ်ချရသည့် အနေအထား ဖြစ်နေသည်။သို့သော်ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ
ရရှိရေးမှာ ထင်သလောက်မလွယ်။

အင်အားကြီး Telenor
မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ထောက်ပံ့နေသည့်
နော်ဝေနိုင်ငံမှ Telenor Group သည်လည်း လိုင်စင်ရရေးအတွက်
လျော့တွက်မရသည့်ကုမ္ပဏီ တစ်ခုဖြစ်နေသည်။

Telenor Group မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရာခိုင်နှုန်း အထိ ရရှိစေမည်။ တယ်လီဖုန်း SIM ကတ် များကို အခမဲ့ပေးမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အသက်သာဆုံးဖြစ်စေရန် ဖန်တီးပေးမည် ဆိုသည့် ကတိစကားများဖြင့် လိုင်စင်လုပွဲသို့ ဝင်လာခြင်းဖြစ်ပြီး ပြည်တွင်း မီဒီယာများ တွင် အင်တိုက်အားတိုက် ကြော်ငြာနိုင်ခြင်းကြောင့် မြန်မာလူထုအကြား
ရေပန်းစားနေသည့်ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

တစ်မိနစ်လျှင် ကျပ် ၃၀ ဝန်းကျင်ခန့်ဖြင့် ဖုန်းပြောဆိုနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကာ ဒေသခံမြန်မာ လူမျိုး ဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှ ဒေသ လုပ်ငန်းများ ဆိုင်ရာ အကြီးအကဲ Mr. Sigve Brekke က ကတိပြု ပြောကြားထားသည်။

အခြားယှဉ်ပြိုင်ဘက်များ
အာဖရိကတိုက်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော MTN (Dubai) ဦးဆောင်သည့် M1 Telecom၊ Amara Communications တို့ ပါဝင်သည့် အဖွဲ့မှာလည်း အင်အားကောင်းကောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တစ်နေရာ ရရှိရေးအတွက် ယှဉ်ပြိုင်နေသည့်အဖွဲ့ ဖြစ်ပြီး ပြည်တွင်း မီဒီယာများတွင် ကြော်ငြာများ ထည့်သွင်းမှုကြောင့် လတ်တစ်လော လူသိများလာခဲ့သည်။
“MNT အနေနဲ့ ဘာတွေလုပ်ခဲ့တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြောပြီး ပါပြီ။ အဲ့ဒီအတွက် လိုင်စင် တစ်နေရာက ကျွန်တော်တို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။ စကားပုံတစ်ခုထဲက လိုပဲ လက်တွေ့လုပ်ထားတာ ဘာမှမရှိဘဲ အိပ်မက်တွေအများကြီး ပေးနေကြတာတွေ ကိုတော့ တင်ဒါကော်မတီ အနေနဲ့ သေချာ သုံးသပ်နိုင်ဖို့ လိုပါတယ်” ဟု MTN Group ၏ အထွေထွေမန်နေဂျာ Simphiwe Cele က ပြောကြားသည်။

ယင်းသို့ပင် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသည့် Bharti Airtel သည်လည်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်သည့်အဖွဲ့များအတွင်း ပါဝင်ခဲ့ပြီး အခြားအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
Bharti Airtel သည် လက်ရှိအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သိရီလင်္ကာနှင့် အာဖရိကတိုက် နေရာအချို့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အင်အားကောင်းသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
သို့သော်၎င်းတို့မှာ မြန်မာနိုင်ငံ ဈေးကွက်အတွင်း လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေ၍ ဦးစားပေး စာရင်းမှ ဖယ်ထားခံရနိုင်သည်ဟုလည်း ခန့်မှန်း ပြောဆိုနေကြသည်။

ကျန်ရှိနေသည့် SingTel၊ Royal Myanmar Transport Co. (KBZ) နှင့် M-Tel တို့ပေါင်းထားသည့် အဖွဲ့တွင်လည်း စင်ကာပူအခြေစိုက် အားကောင်းသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော SingTel ပါဝင်နေသည်ဖြစ်ရာ အလားအလား ရှိသည်ဟု ဆိုနိုင်သည်။

ရွေးချယ်ပုံနှင့် လတ်တလော အခြေအနေ
ဆက်သွယ်ရေး တင်ဒါကော်မတီက ယှဉ်ပြိုင်သည့် အဖွဲ့ဆယ့်တစ်ခုမှ တင်ဒါပေးအပ်မည့် အဖွဲ့နှစ်ခု ကိုရွေးချယ်ရာတွင် နည်းပညာ ကျွမ်းကျင် နိုင်နင်းမှုအတွက် ၆၇ မှတ် နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု အထူးသဖြင့် တစ်ဆယ့်ငါးနှစ်စာ လိုင်စင်ကြေးအတွက် အများဆုံး ၃၃ မှတ်အထိ ပေးထားကာ ယင်း နှစ်ချက်ပေါ်တွင် အခြေခံ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အဆိုပါ ၁၁ ဖွဲ့တွင် အင်အားကြီးအဖွဲ့များသာ ရရှိမည့် အနေအထားဖြစ်သည်။

“တင်ဒါကော်မတီအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ မြန်မာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းပညာနဲ့ ငွေကြေးမှာလည်း အင်အား အကြီးဆုံးသူကိုပဲ ရွေးချယ်သွားမှာပါ။ ဒီတင်ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့လည်း သက် ဆိုင်နေပါတယ်” ဟု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

သို့သော်အများစုမှာ အင်အားကြီး ကုမ္ပဏီများဖြစ်နေသဖြင့် မည်သည့်အဖွဲ့ လိုင်စင်ရမည်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲသည့်အနေအထားဖြစ်ပြီး ကုမ္ပဏီကြီးများအနေနှင့်လည်း လိုင်စင်နှစ်နေရာတွင် တစ် နေရာရရှိရေး အားကုန်ထုတ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မှု အနေအထားသည် လွန်စွာ နိမ့်ကျလျက်ရှိပြီး လူဦးရေသန်း ၆၀ ခန့်တွင် ၁၀ ရာခိုင်နှုန်းနီးပါးသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်သေးသည်။
သို့ဖြစ်ရာ ပြည်ပမှ လာရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်း ကောင်းများ ရရှိနိုင်သည့်နေရာ တစ်နေရာဟုလည်း ဆိုနိုင်သည်။

ကမ္ဘာ့ဆက်သွယ်ရေး ဈေးကွက်တွင် နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် သတ်မှတ်ရသည် အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး
ဈေးကွက်ကြီးကြီးမားမား ကျန်ရှိနေသေးခြင်း ကပင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။ အစိုးရက တန်ဖိုးနည်း
SIM ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလကတည်းက မဲဖောက်ပြီး ရောင်းချ ပေးနေသော်လည်း ဖုန်းကတ်ရပြီး ဖုန်းဝယ်သုံးနိုင်မည့် အရေးအတွက် အခက်တွေ့နေသူတွေများ လှသည်။
ဖုန်းကတ် မဲပေါက်ပြီးမှ ဖုန်းမဝယ်နိုင်သည့် သူများအတွက် ထီပေါက်ပြီး ထီလက် မှတ်ပျောက်သလို ဖြစ်နေသည်ဟု ဆိုသူများပင်ရှိနေသည်။

ယင်းအခြေအနေကို ဆဝါးမိသည့် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ပိုင်ခွင့်ရသွားလျှင် မြန်မာ့ဆက်သွယ်ရေး အနေအထားကို သုံးသပ်ကာ ပြုပြင် ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်မှုအဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံဘဝ ရောက်သွားနိုင်သည်ဟု စီးပွားရေးပညာရှင်များက လေ့လာသုံးသပ် ကြ သည်။

အနိမ့်ဆုံးဝန်ဆောင်မှုနှင့် မြင့်မားသော ဝန်ဆောင်စရိတ်
ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး MPT အတွက်လည်း နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် ယှဉ်ပြိုင်ရမည့် အနေအထားမှာ အခြေအနေ ကောင်းလှသည်တော့ မဟုတ်။သို့သော်ဈေးကွက်တွင်
ဆက်လက် အသက်ဆက်ရေး MPT ၏ မူဟောင်းများကို စွန့်လွှတ် ရမည်မှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ အတွက် အပြိုင် လုနေသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုအနက် တင်ဒါအောင်မြင်သူ နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီး သည့်နောက် စက်တင်ဘာလမတိုင်မီ လိုင်စင်ချထားပေးရန် အပြီးသတ်စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းမှာ အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် နှစ်နေရာ မည်သူတို့ ရရှိသွားမည်ဆိုသည်မှာ ကမ္ဘာကရော မြန်မာနိုင်ငံသားများကပါစိတ်ဝင်တစား စောင့်ကြည့်နေကြ သည်။

“ဥရောပကတစ်ခု အာရှကတစ်ခု ရစေချင်တယ်။ အနောက်ဘက်ကဆို Telenor နဲ့ Digicel ရှိတယ်။ အာရှမှာဆို ကာလကြာရှည် မိတ်ဖက်တွေဖြစ်ခဲ့တဲ့ ဂျပန်ကို ရစေချင်တယ်။ အဲ့ဒီ နှစ်ခုရမယ်ဆို အရည်အသွေးနဲ့ CSR ကိစ္စတွေမှာ တော်တော်စိတ်ချရနိုင်တယ်” ဟု စင်ကာပူနိုင်ငံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ အိုင်တီဌာန တာဝန်ခံ ဒေါ်ပန်းမြတ်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အတွက် ရင်ခုန်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်းနှင့် သက်ဆိုင်နေသည့် အတွက်လည်း စိတ်ဝင်စားစွာ စောင့်ကြည့် နေခဲ့ကြသည်။

ဆုံးဖြတ်ချက်ချရန် ရက်သတ္တပတ် အနည်းသာလိုတော့ချိန် ကုမ္ပဏီများမှာ ကမ္ဘာ့နောက်ဆုံး ဆက်သွယ်ရေး ဈေးကွက် ဝေစုရရေး အပြိုင် မဲဆွယ်နေကြပြီဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ပိတ်လိုက်ပြီးနောက် မဲဆွယ်ပွဲများ အပြိုင်လာတော့မည်။
ပန်းပန်မည့်သူကား မကြာမီ အဖြေထွက်တော့မည်။
“ကျွန်တော်တို့ MPT နဲ့ပြိုင်မယ်။ သာသူစားစတမ်းပေါ့” ဟု KDDI အကြီးတန်း မန်နေဂျာက ဆိုလေ သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် ကုမ္ပဏီ၁၁ခု
(1) KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction
(2) Digicel Group + Quantum Strategic Partners + YSH Finance
(3) Telenor Mobile Communications
(4) SingTel + Royal Myanmar Transport Co. (KBZ) + M-Tel
(5) MTN (Dubai) + M1 Telecom + Amara Communications
(6) Bharti Airtel
(7) Axiata Group
(8) France Telecom Orange + Marubeni Corporation
(9) Millicom International Cellular
(10) Qtel (“Ooredoo”)
(11) Viettel Group

The Voice Weekly
(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေး လိုင်စင် နှစ်နေရာလုပွဲ တွင် နိုင်ငံ တကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
Photo: တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ
Saturday, June 8, 2013

ကမ္ဘာ့သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာစားသောက်
ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

ဒီဆက်ဆံရေးကတဆင့်ကမ္ဘာ့အင်အားကြီး၂နိုင်ငံကြား အင်တာနက် လုံခြုံရေးပြဿနာ ကုန်သွယ်ရေးကိစ္စ မြောက်ကိုရီးယားအရေး ဆီရီးယား
စစ်နဲ့ တောင်တရုတ်ပင်လယ်လို အရေးအခင်းတွေကို ဖြေရှင်ဖို့ ကြိုးပမ်း အဖြေရှာနိုင်မှာဖြစ်ပါတယ်။ ရှေ့ရှောက် ပြဿနာကြီးထွားလာနိုင်မယ့်ကိစ္စတွေ ကာကွယ်ဖို့ လည်းလမ်းစတွေ ရကြမှာဖြစ်ပါတယ်။

မကြာမီကဘဲ တရုတ်သမ္မတရှီကျင်းပင်က အင်အားကြီး ဆက်ဆံရေး ပုံစံသစ်လိုနေပြီလို့ အမေရိကန် ထိပ်တန်းအရာရှိ တယောက်ကိုပြောခဲ့
ပါတယ်။ ဘယ်လို ပုံစံဆက်ဆံရေးမျိုး ထွက်မယ်ဆိုတာ ပုံဖေါ်ဖို့ အခုအခါ အခွင့်အရေး ရလာနိုင်ပါတယ်။ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေမပါဘဲ ပွင့်လင်းတဲ့ ထိပ်သီး ဆွေးနွေးပွဲမျိုးဟာ ရှားပါးပြီးတရုတ် အမေရိကန် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေး အနာဂတ်အတွက်ပါ အရေးကြီး တဲ့အကြောင်း လော့အင်ဂျလိစ်ရှိ ဘီဘီစီ သတင်းထောက်က ပြော
သွားပါတယ်။

BBC
ကမ္ဘာ့သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာစားသောက်ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင်နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေလဲကောင်တာများ ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်းများ အတွင်း ထားရှိမည်

နိုင်ငံခြားဧည့်သည်များ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်း များအတွင်း ငွေလဲကောင်တာများကို ထားရှိသွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။