Thursday, 30 May 2013

ဖာဘရီဂက်စ်ကို ခေါ်ဖို့ နီးစပ်နေတဲ့ မန်ယူ

ဖာဘရီဂက်စ်ကို ခေါ်ဖို့ နီးစပ်နေတဲ့ မန်ယူ
--------------------------------------------------
မန်ယူ အသင်းသည် ဘာကာကွင်းလယ်လူ ဖာဘရီဂက်စ် အတွက် ပေါင် သန်းလေးဆယ် ဖြင့် ကမ်းလှမ်းရန် ရှိပြီး .. ကစားသမား အတွက် တစ်နှစ်ပေါင် ၇သန်း လစာပေးပြီး ဆွဲဆောင်မည်ဖြစ်သည်။ အခြားသတင်းများ အရ .. ဘာစီလိုနာ အသင်းသည် အသင်းလူငယ် ကွင်းလယ်လူ သီယာဂို ကို ကျောနံပါတ် လေး ၀တ်ဆင်စေကြောင်း သိရပြီး အဆိုပါ နံပါတ်လေးမှာ လက်ရှိ ဖာဘရီဂက်စ် ၀တ်ဆင်သော နံပါတ်ဖြစ်ကြောင်းသိရသည်။

http://myanmarsoccerfocus.com
မန်ယူ အသင်းသည် ဘာကာကွင်းလယ်လူ ဖာဘရီဂက်စ် အတွက် ပေါင် သန်းလေးဆယ် ဖြင့် ကမ်း လှမ်း ရန် ရှိပြီး .. ကစားသမား အတွက် တစ်နှစ်ပေါင် ၇သန်း လစာပေးပြီး ဆွဲဆောင်မည်ဖြစ်သည်။ အခြား

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှုသည် လုံခြုံရေးအတွက်ဖြစ်

လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည် နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရ အမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင် ရခြင်း သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ “ပြည်နယ်နဲ့ နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်တာပါ” ဟု ဦးဝင်းမြိုင်က

အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

Photo: အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

International က မုန်တိုင်း အဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်းဝင်တော့မယ် ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင်၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

 လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

 နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်းရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန်ထားပါသည်။

ဒီနေ့ည ပါ - Bulletin မူရင်း PDF လင့်ပါ http://www.imd.gov.in/section/nhac/dynamic/cwind.pdf

Posted From mmweather Page
International က မုန်တိုင်းအဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်း ဝင်တော့မယ်ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊

အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး

Photo: အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး
Thursday, May 30, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်တပ် နေရာချထားရေးအပါအဝင် စစ်တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းရာမှာ ရလာဒ်ကောင်းတွေရရှိခဲ့ကြောင်း၊ မေလ ၃၀ ရက် မနက်ဖြန်မှာလုပ်မယ့် အပြီးသတ်ဆွေးနွေးပွဲပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

"တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အပိုင်းကတော့ ဒီနေ့မှာပြီးသွားပါပြီ၊ နှစ်ဦးနှစ်ဖက် တပ်နေရာချထားမှုက စပြီးတော့ပေါ့၊ အားလုံးညှိနှိုင်းပြီးဖြစ်ပါတယ်၊ နက်ဖြန်ခါ အပြီးသတ်ဆွေးနွေးပွဲပြီးတော့ ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန်သွားမှာပါ၊ အခုထိကတော့ အားလုံးအဆင်ပြေပါတယ်၊ တိုးတက်တဲ့လက္ခဏာတွေပဲတွေ့ရတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်၊ အခုကျနော်တို့ နှစ်ဦးနှစ်ဖက်တပ်တွေ ဆွေးနွေးကြမှာက ရှမ်းမြောက်ကိစ္စတွေ၊ ကချင်ပြည်နယ်ကိစ္စတွေရော အားလုံးကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ နက်ဖြန်ခါတော့ ကျနော်တို့ အသေးစိတ်ကလေး ထုတ်ပြန်ပါ့မယ်"

ကေအိုင်အိုဖက်ကလည်း လောလောဆယ်အထိ နှစ်ဖက်ဆွေးနွေးမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆွေးနွေးပွဲအပြီးမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခေါင်းဆောင်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လေ့လာသူအဖြစ်ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတော့ မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်ကွာဝေးတဲ့ မေခ၊ မလိခမြစ်ဆုံကို လေ့လာရေးခရီး သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့ ကေအိုင်အေ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများနဲ့ သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

Wednesday, 29 May 2013

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ

Photo: အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ Wednesday, May 29, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတော် အစိုးရဘက်ကနေ ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိကမူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေးကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။
"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။
မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ဆုံသော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲများတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင်အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြောကြတယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီနဲ့ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦးမယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော်လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆွေးနွေးမှုကို ရပ်နားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။
မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ 

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ
By mmweather.ygn, on May 29th, 2013
http://blog.mmweather.com/2013/05/29/invest-94b-bay-of-bengal-9/

မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်းပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်ရှိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေပေါ်သို့ ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေကို စောင့်ကြည့်လျှက်ရှိပါသည်။ လက်ရှိတည်နေရာမှာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်ကွာဝေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းပေါ်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94B
29 May 2013 0000Z
Location: 21.7 89.3
Winds: 25 knots
Central Pressure: 1004 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြးမှုဦးစီးဌာနမှ ယနေ့ နံနက် ဝ၇းဝဝ နာရီအချိန်တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

MMweather Page
မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်း ပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန် larshiocase-may29


larshiocase-may29
ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက် အအုံ နှစ် လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Tuesday, 28 May 2013

ကန်စွန်းရွက် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာများ အစားအသောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးနေ ကြသည့် ကန်စွန်းပင်၏ အိမ်သုံး တိုင်းရင်းဆေးဝါး အဖြစ် အသုံးပြုနိုင်သည့် စနစ်များကို ရေးသားဖော်ပြ လိုက်ပါသည်။ ကန်စွန်းကြီး၊ တရုတ်ကန်စွန်း၊ ကန်စွန်း ရိုးနီများကို မကြာခဏ စားသုံးတတ် ကြပါသည်။ အမှန် တကယ်တွင် သက်သာစေသည့် အပြင် စားသုံးရာတွင် လည်း အာဟာရ ဓာတ်ကိုဖြစ်လွယ်စေ ပါသည်။

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့် အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များအကြောင်း တစ်ခုခုဖြင့် သူ့မြေး ကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက် တစ်ခုလည်း ဖြစ်သည်။ “သူတို့နေထိုင် မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွား သလားဆိုပြီး အရမ်းကို ထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေး ထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါ စစ်တာပါတွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြော သည်။

မိုးပျံရထား စီမံကိန်း အပါအ၀င် မြို့တွင်း သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်ရန် သမ္မတခွင့်ပြု

မိုးပျံရထားစီမံကိန်းအပါအ၀င် မြို့တွင်းသယ်ယူပို့ဆောင်ရေးအဆင့်မြှင့်ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့၏ သယ်ယူ ပို့ဆောင်ရေး အတွက် မိုးပျံရထား စီမံကိန်း အပါအ၀င် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အားလုံးကို အဆင့်မြှင့် တင်တိုးချဲ့ရန် နိုင်ငံတော် သမ္မတက ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ “ကျွန်တော်တို့ ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး အတွက် သမ္မတဆီကို အချက် ၁၀ ချက်တင်ပြတာ သဘောတူညီ လိုက်ပါပြီ။ စီမံကိန်းကို ရေတိုရေရှည် နှစ်မျိုး ဆောင်ရွက် သွားမှာပါ” ဟု အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အဖွဲ့ဝင်ဦးခင်မောင်ဌေးက မေ ၂၇ ရက်တွင်ပြောသည်။

ဓါတ်ဆီပက် မီးရှို့ခံခဲ့ရသော ဒေါ်အေးဝင်း၏ ဆေးကုသခံနေပုံမြင်ကွင်းများ

လားရှိုးသတင်း

Photo: လားရှိုးသတင်း

28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။

 ဒေါ်အေးဝင်းကို ဆေးရုံအရေးပေါ်ဌာနသို့ ပို့ထားပါတယ်။ ညနေ(၆း၀၀)နာရီကျော်မှာ ရဲစခန်းရှေ့ လူစုလူဝေးနဲ့ ကိုနေဝင်းကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုနေဝင်းက ကျိုင်းတုံကလာသည့် ဧည့်သည်ဖြစ်ပြီး၊ တည်းခိုခန်းတစ်ခုမှာ တည်းတယ်လို့ သိရပါတယ်။ 

မှတ်ပုံတင်အရ မူဆလင်ဟု သိရပြီး၊ ပန်ချာပီမဟုတ်ကြောင်း၊ မြို့ခံတွေက အတည်ပြုကြပါတယ်။ ည(၇း၀၀)နာရီကျော်မှာ မြို့မဗလီနှင့် ဟံသာဝတီလမ်းမှ ကုန်မာဆိုင်တစ်ဆိုင်တို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ 

သမ္မတရုံးဝန်ကြီးများ၊ ပြည်ထဲရေးဌာန၊ လားရှိုးတိုင်းမှူးတို့ ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲ လုံခြုံရေးချပြီး၊ ထိန်းသိမ်းနေတယ်လို့ သိရပြီး၊ အခြေအနေအားလုံးကို ညတွင်းချင်း တည်ငြိမ်အောင် ထိန်းနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။

 ဒေါ်အေးဝင်း သေဆုံးသည့်သတင်း မမှန်ပါဘူး။ ဆေးကုသဆဲဖြစ်ပါတယ်။ မနေ့က ၂၇-၅-၂၀၁၃-ည (၈း၀၀)နာရီမှာ ကျူခုံစောင့် ကောင်လေး မောင်ဆန်းဝင်းကို ကျူခုံမဖွင့်လို့-ဆိုကာ မူဆလင်ငါးယောက်က ရန်လုပ်ကြလို့ ကျူခုံဖွင့်ပေးခဲ့ပေမယ့် ကျူခုံထဲအရောက်မှာ မူဆလင်ငါးယောက်က ဝိုင်းဝန်းထိုးကြိတ်ကြလို့ ဗမာကောင်လေး မောင်ဆန်းဝင်း ဆေးရုံတက်နေရပါတယ်။

 မောင်ဆန်းဝင်းဖြစ်ပြီး နောက်နေ့ ဒေါ်အေးဝင်းဖြစ်တာဆိုတော့ ပြဿနာကို တမင်ဖန်တီးနေကြတာလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဗမာတွေ အကြမ်းဖက်တုန့်ပြန်ရင် ထောင်ချောက်ထဲရောက်သွားနိုင်လို့ ဆင်ခြင်ကြဖို့ မြို့သံဃာနှင့် ရပ်ဖိရပ်ဖများက မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။ 

စုံစမ်းရန်= 082-23304 (အမှတ်-၁ ရဲစခန်း) 082-23009 (ပြည်နယ်ရဲတပ်ဖွဲ့) 082-23078 (ရဲမှူး) 09-403768595 (ဦးအကုင်္ရ) 09-73056077 (ဦးခေမာ) ဦးဝီရသူ
28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။

မုန် တိုင်း သန္ဓေ သ တင်း

Photo: မုန်တိုင်းသန္ဓေသတင်း

မုန်တိုင်းသန္ဒေအား မြန်မာစံတော်ချိန် ၁၀း၁၄ မိနစ်တွင် Navy Satelite မှ မြင်တွေ့ရပုံ

လေဖိအားနည်းဆဲလ် 94B အားကောင်းလာပြီး တောင်ဘက်သို့ ပြန်လည် ရွေ့လျားနေ

မေလ(၂၈)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRLdata များအရ လေဇိအားနည်းဆဲလ် 94B သည် ဗဟိုဖိအား 1004hPa သို့ ကျဆင်းကာ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေအား ကျော်ဝင်ရန် တာစူနေရာမှ တောင်ဘက်တည့်တည့်သို့ ပြန်လည်ချိုးကွေ့လာကြောင်း အံ့အားသင့်ဘွယ် တွေ့ရပါသည်။

 တောင်ဘက်သို့ ချိုးကွေ့ပြီးနောက် ရွေ့လျားမှုနှုန်း တစ်နာရီ ၁၄ မိုင်နှုန်းခန့်ရှိနေပါသည်။ လေဖိအားနည်းဆဲလ်၏ ဗဟိုတွင်လေတိုက်နှုန်း မှာလည်း ၂၅ နော်တီကယ်မိုင်(တစ်နာရီ ၂၈ မိုင်နှုန်းခန့်)အထိ ရှိလာပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ 94B သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုပြီး ဆက်လက်ရွေ့လျားမည့် အခြေအနေနှင့် အင်အား အခြေအနေတို့ကို စောင့်ကြည့်တင်ပြပေးသွားပါမည်။

လေဖိအားနည်းဆဲလ် 94B
28 May 2013 1200Z
Location: 20.3 89.6
Winds: 25 knots
Central Pressure: 1004 hPa

JTWC မှ ထုတ်ပြန်ချက်အရ INVEST 94B သည် ပိုမို၍ အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် LOW ဖြစ်ကြောင်း ထုတ်ပြန်ထားပြီ ဖြစ်ပါသည်၊ 

ထုတ်ပြန်ချက်တွင် မုန်တိုင်း ဖြစ်လာနိုင်ခြေရှိနေသော်လည်း ကွန်ပျူတာ မော်ဒယ် ခန့်မှန်းတွက်ချက်မှုများအရ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ့်ကမ်းခြေကို ဝင်ရောက်သည့်အခါ အင်အားပျော့ သွားနိုင်ကြောင်း ရှင်းလင်းထားပါသည်။

Posted From mmweather Page
မုန်တိုင်းသန္ဒေအား မြန်မာစံတော်ချိန် ၁၀း၁၄ မိနစ်တွင် Navy Satelite မှ မြင်တွေ့ရပုံ

လားရှိုးမြို့ မီးရှို့ခံရသည့် မိန်းကလေး၏ အခြေအနေမြင်ကွင်းအမှန်

Photo: လားရှိုးမြို့ မီးရှို့ခံရသည့် မိန်းကလေး၏ အခြေအနေမြင်ကွင်းအမှန်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ 

ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။ မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှလာရောက်သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ 

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ဝင်ရောက်ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။ 

“အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။ ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။ 

ထက်နောင်နောင်

See More Photo Here
https://www.facebook.com/media/set/?set=a.581890321851100.1073741826.281180298588772&type=1
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦး အားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။

သရုပ်ဆောင် ရဲတိုက် တကိုယ်တော် ဆန္ဒပြ

 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်
မြန်မာ့အနုပညာရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ မနက်ပိုင်းက တကိုယ်တော် ဆန္ဒပြခဲ့ တယ် လို့ သိရပါတယ်။ 

KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့

Photo: KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့ 

မေလ ၂၈ ရက် ၂၀၁၃ 

ယနေ့ ကျင်းပသော ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ပထမရက် ဆွေးနွေးပွဲ၌ ဆွေးနွေးမှု မတင်မကျ ဖြစ်ကာ ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့တစ်ဝက်ဖြင့် ဆွေးနွေးပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦး အဖြစ် တက်ရောက် ခဲ့သူ ရှမ်းပြည် တိုးတက်ရေး ပါတီ အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။ 

“KIO ဖက် ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စကို အရင် ဆွေးနွေးပေးဖို့ တင်ပြခဲ့သလို အစိုးရ ကိုယ်စားလှယ် ဘက်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ပြုလုပ်သွားဖို့ ဆွေးနွေးခဲ့တာ တွေ့ရတယ်။ အဲဒါကြောင့် အမြင် မတူတဲ့အတွက် မတင် မကျနဲ့ နေ့တစ်ဝက်လောက်မှာ ဆွေးနွေးပွဲကို ရပ်ထား ခဲ့ရပါတယ်။” ဟု ဆိုပါသည်။

ဤကဲ့သို့ မတင်မကျ ဖြစ်နေသည့် အတွက် အစိုးရဘက်က အဆိုပြုထားသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စကို ကချင် ပြည်သူများ၏ သဘောထား အတိုင်း ခံယူရမည်ဟု KIO ဖက်က တောင်းဆို ထားပါသည်။ ထို့အပြင် လက်ရှိ ကိုယ်စားလှယ်များ မဆုံးဖြတ်နိုင်သည့် အရေးကြီးသော ကိစ္စများကိုမူ KIO ဗဟို ဌာနချုပ်သို့ တင်ပြနိုင်ရန် အတွက် ဤတွေ့ဆုံ ဆွေးနွေးပွဲကို တစ်ရက်ခန့် ရပ်နား ထားမည် ဖြစ်ပါသည်။

အစိုးရ ဖက်ကမူ တပ်နေရာ ချထားရေး၊ ရှေ့တန်း နေရာများ စောင့်ကြည့်ရေးနှင့် စစ်ရှိန် လျှော့ချရေးကို ဆွေးနွေး ခဲ့ပါသည်။ ဤကိစ္စအတွက် KIO ကိုယ်စားလှယ်များနှင့် မနက်ဖြန်၌ သီးသန့် ဆွေးနွေးရန် အစိုးရ ကိုယ်စားလှယ်များက အဆိုပြု ထားပါသည်။

KIO တင်ပြရာတွင် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြေလည် သွားပါက အပစ်အခတ် ရပ်စဲရေးသည် အလိုလို တည်တံ့ ခိုင်မြဲ သွားမည် ဖြစ်သည်ဟု ဆိုပါသည်။ အစိုးရ ကမူ အပစ်အခတ် ရပ်စဲပြီးမှ နောက်တဆင့် နိုင်ငံရေး ကိစ္စများကို ဆွေးနွေးရန် တောင်းဆိုခဲ့ပါသည်။

KIO နှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရသည် အပစ်ရပ် အဖွဲ့များကို နိုင်ငံရေးအရ ပြေလည်ရန် ဆွေးနွေးခဲ့ခြင်း မရှိဘဲ ၄င်းတို့ အလိုကျ နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းလဲရန် ဖိအားပေးခဲ့ပါသည်။ ဤဖိအားကို လက်မခံသဖြင့် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ဂတိကို ဖေါက်ဖျက်ပြီး (၂၀၁၁) ခုနှစ် ဇွန်လတွင် KIO အား စစ်ဆင် တိုက်ခိုက် လေတော့သည်။ ဤအဖြစ်မျိုး ဖြစ်မလာရန် KIO သည် နိုင်ငံရေးအရ အရင် ဆွေးနွေးရန် တောင်းဆို နေခြင်း ဖြစ်ကြောင်း KIO ဖက်က ဆိုပါသည်။

အစိုးရ ဖက်ကမူ အစီအစဉ်အရ အပစ်အခတ် ရပ်စဲရေးသည် အရင် လုပ်ဆောင် သင့်ကြောင်း၊ ပြီးမှ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားရန် ဖြစ်သည်ဟု နိုင်ငံတကာ စံနှုန်းနှင့် အညီ တင်ပြခဲ့ပါသည်။ သို့သော် KIO သည် အစိုးရ အာဘော်အပေါ် ယုံကြည်မှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ အမြင်မတူမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူ အဖြစ် တက်ရောက်သူများက ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်တို့သည် KIO အဖွဲ့၏ တောင်းဆိုချက်များကို လာမည့် ဇူလိုင်လ ပထမပတ် အတွင်း အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖယ်ဒရယ်မူဖြင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကိုလည်း အကောင်အထည် ဖော် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား သွားသည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

သို့သော် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရယူထားသော အဖွဲ့များအား တမင် တိုက်ခိုက်ခြင်း၊ အကြောင်း အမျိုးမျိုးပြပြီး ရာဇသံပေး တိုက်ခိုက် နေခြင်းနှင့် နိုင်ငံရေး အရ ဆွေးနွေးမှု မရှိခြင်း တို့ကြောင့် အစိုးရ အပေါ်အယုံအကြည် နည်းနေခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရသည်နှင့် အမြတ်ထုတ်ရေး လမ်းစဉ်ကိုသာ ဆောင်ရွက်နေပြီး တိုင်းရင်းသား အရေး ကိစ္စအပေါ်လျစ်လျူရှု ခဲ့ကြောင်း ဆိုပါသည်။

ယခုလည်း၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မှု မရှိဘဲ တိုင်းရင်းသားများအား ဖက်ဒရယ် ပေးမည်ဟု ပြောလာပြန်ပါသည်။ လက်ရှိ ဥပဒေကို ပြင်ဆင်ရန် မရှိဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ၏ ဦးတည်ချက် (၈) ရပ်တွင် ဖေါ်ပြ ထားပြီးဖြစ်ပါသည်။ ဤအခြေအနေတွင် ဦးအောင်မင်းသည် တိုင်းရင်းသားများကို ဖက်ဒရယ် ပေးမည် ပြောနေခြင်းသည် ပိုပြီး ယုံကြည်စရာ ကင်းမဲ့နေသည်ဟု ဆွေးနွေးပွဲ လေ့လာ သူများက ဝေဖန်နေကြပါသည်။

ဤကဲ့သို့ အမြင်မတူမှု များကြောင့် KIO ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ များသို့ အပြန်အလှန် တင်ပြ ဆွေးနွေးနိုင်ရန် အချိန်တစ်ရက် လိုအပ်မည်ဟု တင်ပြပါသည်။ ဤသို့ကြောင့် မနက်ဖြန် မေလ (၂၉) ရက်နေ့သည် ဆွေးနွေးပွဲ မရှိဘဲ တစ်ရက် နားမည် ဖြစ်သည်ဟု ဆိုပါသည်။

ဤဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံမှူး လုရှီနှင့် သံရုံးပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်ဘို တို့လည်း တက်ရောက် ခဲ့ပါသည်။

ရွှေဟင်္သာ
ယနေ့ကျင်းပသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တို့၏ ပထမ ရက်ဆွေးနွေးပွဲ၌ ဆွေးနွေးမှုမတင်မကျဖြစ်ကာ ယနေ့မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့ တစ်ဝက် ဖြင့် ဆွေးနွေး ပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦးအဖြစ် တက်ရောက် ခဲ့သူ ရှမ်းပြည်တိုးတက်ရေး ပါတီ အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု  
==================================== 
Tuesday, 28 May 2013 19:20


ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီး အနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။


၎င်း၏ အေးဂျင့်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဒေါ့တ်မန်တို့ အရေးနိမ့်ခဲ့သည့် ပြည်တွင်း ခါးသီး ပြိုင်ဘက်ထံ ပိုလန် လက်ရွေးစင် ပြောင်းရွှေ့ရန် အသင့် အနေအထားဟု အတည်ပြု ပြောကြားခဲ့သည်။ အေးဂျင့် ဆီဇာရီ ကူချာစကီက "လီဝင်ဒေါစကီးဟာ ဒီနွေရာသီမှာ ဘိုင်ယန်ကို ပြောင်းပါမယ်။ ဘိုင်ယန်ကို မပြောင်းပါဘူးလို့ ဘာကိစ္စနဲ့မှ ဖုံးကွယ် ဟန်ဆောင် နေစရာ မလိုဘူးလေ။ လီဝင်ဒေါစကီးက အသင်းက ထွက်ချင်တယ်။ ပြီးရင် ဒါတွေ ဖြစ်လာမှာပဲ" ဟု မှတ်ချက်ပြု သွားခဲ့သည်။

[ဘိုင်ယန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် လီဝင်ဒေါစကီး]
၎င်းက "ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်။ လီဝင်ဒေါစကီးက စိန်ခေါ်မှု အသစ်တွေကို လိုချင်တယ်။ သူ့ဘေးမှာ နည်းပြသစ်၊ စိတ်ဓာတ်မြှင့်တင်မှုသစ်၊ ကစားဖော်သစ်တွေ ရှိနေစေချင်တယ်။ ကျွန်တော်တို့ စိတ်ကူးက ရှင်းပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ဘယ်အသင်းနဲ့မှ စာချုပ်မထားဘူး" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်...
အသက်(၂၄)နှစ်ရှိ ကစားသမားကို ဘိုင်ယန်ထံ လက်လွှဲပေးရခြင်းသည် ဒေါ့တ်မန်အတွက် တတိယမြောက် ထိုးနှက်မှုသဖွယ် ဖြစ်လာနိုင်သည်။ ၎င်းတို့၏ အဓိက ကစားသမား တစ်ဦးဖြစ်သော တက်သစ်စ ကွင်းလယ် တိုက်စစ်သမားလေး မာရီယို ဂေါ့ဇီမှာလည်း ခါးသီးလှသည့် ပြိုင်ဘက်အသင်းထံ နွေရာသီတွင် ပြောင်းရွှေ့ရန် ကြိုတင် သဘောတူညီထားသလို စနေနေ့ ညပိုင်းကလည်း ဝင်ဘလေတွင် ဒေါ့တ်မန်တို့ ဘိုင်ယန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ဆုဖလားကြီးနှင့် လက်တစ်ကမ်း အကွာမှ လှည့်ပြန်ခဲ့ရသည်။

Ref: Sky Sports
ဘိုရပ်ရှားဒေါ့တ်မန်အသင်း၏ တိုက်စစ်မှူး ရောဘတ်လီဝင်ဒေါစကီးအနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။

လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်

Photo: လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်
==========================================

ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လုပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင် ရပြီးနောက် လာမည့် ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ယခုရာသီ (၄၆)ပွဲစာ ဖြတ်သန်း ရုန်းကန်ပြီးနောက် ပဲလေ့စ်သည် ဝင်ဘလေ ကွင်းကြီးတွင် ဝတ်ဖို့ဒ်ကို (၁-၀)ဖြင့် အနိုင် ရရှိခဲ့သည်။ ပဲလေ့စ်အတွက် တစ်လုံးတည်းသော ဂိုးကို အချိန်ပို (၁၀၅)မိနစ်တွင်မှ တိုက်စစ်မှူး ကီဗင်ဖိ လစ်က ပင်နယ်တီမှ တစ်ဆင့် ကန်သွင်းသွားခြင်း ဖြစ်သည်။ အသက်(၃၉)နှ စ်ရှိ ကစားသမားသည် တစ်ချိန်က ၎င်းကျင်လည်ခဲ့သည့် အသင်းဟောင်း၏ ဂိုးပေါက်ထဲ ဘောလုံးကို အရောက် ပို့ဆောင်လိုက်ချိန်သည် ပဲလေ့စ် အတွက် ပေါင်စတာလင် (၁၄၅)သန်းတန် ဆုလာဘ် အတွက် လမ်းပွင့်သွားစေခဲ့သည်။ ဝတ်ဖို့ဒ် ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာ အနေဖြင့် ဘောလုံး လမ်းေ ကြာင်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည့်တိုင် ဘောလုံးက လက်လှမ်း မမီနိုင် သည့် ဂိုးတိုင်အပေါ် ထောင့်ထဲ ဝင်သွားခြင်း ဖြစ်သည်။

ပဲလေ့စ်အနေဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခြင်းကြောင့် ရုပ်သံ ထုတ်လွှင့်မှု ခွဲတမ်းများ အပါအဝင် ဝင်ငွေအရပ်ရပ်တွင် ပေါင်စတာလင် (၁၄၅)သန်းမျှ တိုးပွား လာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုပွဲသည် ဂန္ထဝင် တွင်လောက်သည့် ပွဲကောင်းတစ်ခု မဟုတ်ခဲ့လျှင်ပင် အားထုတ်မှု အပြည့်ဖြင့် ရင်ဆိုင် ကစားခဲ့ပြီး ပြိုင်ဘက် နှစ်သင်းကြား တင်းမာမှုများလည်း ရှိနေခဲ့သည်။ မန်နေဂျာ အီယန်ဟော်လိုဝေးနှင့် ပဲလေ့စ် အသင်းသားများ သည် ပွဲအပြီးတွင် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင် ခွင့်ရကြောင်း တရားဝင် ကြေညာချိန်ထိ အောင်ပွဲခံမှုကို မရပ်တန့်နိုင်ခဲ့ချေ။

ယခုပွဲတွင် ပဲလေ့စ် ရရှိခဲ့သည့် ပင်နယ်တီသည် မန်ချက်စတာ ယူနိုက်တက် သို့ ရာသီကုန်တွင် ပြောင်းရွှေ့မည့် ဝီလ်ဖရိုက်ဒ် ဇာဟာ၏ ထိုးဖောက်မှုမှ တစ်ဆင့် အခွင့်အရေး ပိုင်ဆိုင်လာခြင်း ဖြစ်ပြီး ယင်းကို ဘလက်ပူးလ်မှ အငှားရောက်နေသည့် ဖိလစ်က ကန်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။ 
Ref: Daily Mail
ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လု ပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင်ရပြီးနောက် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွား ပြီ ဖြစ်သည်။

အာနိုး ဘယ်တုန်းက ချမ်းသာသွားသလဲ


arnold
တော်တော်များများ သတိမထားမိလိုက်တဲ့ အကြောင်းအရာ လေးပါ။ အများစု သိထားတာက Arnold Schwarzenegger ဟာ ရုပ်ရှင်စရိုက်မှ ငွေဗကြး ချမ်းသာသွားတယ် လို့ပဲ ဖြစ်ပါတယ်။

လူသတ်ဇတ်လမ်းတွေထဲကလို လူသတ်တဲ့သူ

လူသတ်ဇတ်လမ်းတွေထဲကလို လူသတ်တဲ့သူ
Re-post By ACM 28-5-2013

David Parker Ray ဆိုတဲ့လူတစ်ယောက်ဟာ လူသတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။သူဟာ လူတွေအများအပြားကို သတ်ဖြတ်ပြီး အလောင်းကို အစဖြောက်ပစ်ပါတယ်။သူက လူသတ်မှုကွင်းဆက်ကြီး
တစ်ခုကိုကျူးလွန်ခဲ့ပါတယ်။သူ့ရဲ့အိမ်ကို ရဲတွေဝင်ရှာတဲ့အခါမှာတော့
SAW ရုပ်ရှင်ဖတ်ကားတွေထဲကလို နှိပ်စက်ညှင်းပန်းတဲ့ကိရိယာတွေနဲ့ လူ့ခန္ဒာကိုယ်အပိုင်းအစတွေ၊အရိုးခေါင်းတွေကို တွေ့ရပါတယ်။

သူဟာစိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး လူသတ်ရုပ်ရှင်ကားတွေကို အထူး
သဘောကျပါတယ်။

SAW ကဲ့သို့ လူကို နှိပ်စက်ပြီး အပိုင်းပိုင်းဖြတ်တဲ့ ဇတ်ကားတွေကို စွဲလန်းနေသူတစ်ဦးပါ။

သူပိုင်ဆိုင်တဲ့အခန်းထဲက နှိပ်စက်တဲ့ကိရိယာတွေကို ဒေါ်လာ ၁၀၀၀၀၀
ပေးပြီးလိုက်လံစုဆောင်းဝယ်ယူထားတယ်လို့သိရပါတယ်။သူ့ကိုလူတွေ
ကတော့ "မိန်းမတွေကို နှိပ်စက်တဲ့သူ"ဆိုပြီးလူသိများပါတယ်။

မောင်စိုင်း
(ကနောင်)

အေးချမ်းမွန် Credit & Copy From >Scientist Myanmar< Thank For Your Post
David Parker Ray ဆိုတဲ့လူတစ်ယောက်ဟာ လူသတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။သူဟာ လူတွေ အများ အပြားကို သတ်ဖြတ်ပြီး အလောင်းကို အစဖြောက်ပစ်ပါတယ်။သူက လူသတ်မှုကွင်းဆက်ကြီး