Saturday, 18 May 2013

မူဆယ်မြို့ အားကစားရုံ အနီး ထောင်ထားသော ကြီးကြပ်မိုင်း တစ်လုံးအား ရှင်းလင်း သိမ်းဆည်းရမိ

မူဆယ်မြို့၊  ခရစ်ယာန် ရပ်ကွက်ရှိ၊ မိုးလုံလေလုံ အားကစားရုံ၏  အရှေ့ဘက် အုတ်နံရံ အနီးတွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် ပစ္စည်းတစ်ခု တွေ့ရှိရကြောင်း သတင်းအရ တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ရာ ရှေ့ထွက်မိုင်း အမျိုးအစား ကြီးကြပ်မိုင်း တစ်လုံးအား ပန်ကာ လည်ပတ်ခြင်းဖြင့် ပေါက်ကွဲနိုင်အောင် ပြုလုပ် ထားကြောင်း တွေ့ရှိရ သဖြင့် တာဝန်ရှိသူ များမှ ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု

Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု 
Saturday, May 18, 2013

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။ 

VOA
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို

Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို 
Saturday, May 18, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။ 

VOA

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိ ကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ 

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်

 Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်
Saturday, May 18, 2013

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။ 

မြန်မာ အနီး ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ၇ လောင်း ထပ်မံ တွေ့ရှိ

 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်
ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။

အိမ် မပြန်နိုင်သေး သူ ၆၀၀ အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဂရုဏာမြန်မာ မှ ဆန်များ သွားရောက် လှူဒါန်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များသွားရောက်လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

EQ လား IQ လား

EQ လား IQ လား







 လူတစ်ယောက်၏ အောင်မြင်မှု ရရန်အတွက် လိုအပ်ချက်မှာ ဦးနှောက် ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည် အဆင့်အတန်း (IQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ် ပြောကြား ခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ) ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ


ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ 







ကျွန်မတို့ အားလုံး တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။ အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင် က ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။ ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့် ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး နိုင်ဖို့ အောက်ပါ အဆင့်တွေကို လိုက်နာ သင့်ပါတယ်။

ဆေး ဝါး များ မှီဝဲရာ တွင် လိုက်နာ သင့်သော ညွှန်ကြား ချက်များ

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ 





 အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ


မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ 





မျက်ကပ်မှန်ကို အကြောင်း အမျိုးမျိုးကြောင့် တပ်ဆင်တတ် ကြပါတယ်။ မျက်မှန်ပါဝါ ရှိလို့ ဖြစ်စေ၊ မျက်လုံး အရောင်လှ ချင်လို့ ဖြစ်စေ တပ်ဆင်တတ်ကြပါတယ်။ မျက်လုံးဟာခန္ဓာကိုယ်ရဲ့ အနုညံ့ဆုံးနဲ့ အထိခိုက် မခံတဲ့ အစိတ်အပိုင်းပဲ ဖြစ်တာကြောင့် မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့မှု ရရှိမယ့် မျက်ကပ်မှန် တပ်ဆင်မှုကို သတိထားဖို့ အထူးလိုအပ်ပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေကို လေ့လာ ကြည့်ပါ။ 

ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ

programmer 
 အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။

တကယ့် အမွှာ

 Photo: တကယ့်အမွှာ
Saturday, May 18, 2013

မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...

သူတို့နှစ်ယောက်စလုံးဟာ အရပ် ၆ ပေစီမြင့်ပြီး ကိုယ်အလေးချိန် ၁၈၀ ပေါင်စီ အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျရှိကြပါတယ်... ဒါပေမဲ့ ဒီထက်မကတူညီတဲ့အချက်တွေရှိကြပါသေးတယ်... ယှက်နွယ်နေတဲ့ဘဝများ (Entwined Lives) စာအုပ်ရေးသားသူ Nancy Segal ဟာ သူတို့ရဲ့ တူညီတဲ့အချက်တွေကို အောက်မှာဖော်ပြ ထားတဲ့အတိုင်း စာရင်းပြုစုထားပါတယ်...

၁) လူငယ်ဘဝတုန်းက Jim နှစ်ယောက်စလုံးမှာ Toy လို့ အမည်ရတဲ့ ခွေးတစ်ကောင်စီရှိကြပါတယ်...

၂) Jim နှစ်ယောက်လုံးဟာ အိမ်ထောင်နှစ်ကြိမ်ပြုခဲ့ကြပြီး ပထမဇနီးနှစ်ယောက်လုံးဟာ Linda လို့ အမည်ရပြီး ဒုတိယဇနီးနှစ်ယောက်လုံးကတော့ Betty လို့အမည်ရပါတယ်...

၃) နှစ်ယောက်စလုံးမှာ James Allan လို့ အမည်ရတဲ့ သားတစ်ယောက်စီ ရှိကြပါတယ်...

၎) မိသားစုအားလပ်ခရီးထွက်တဲ့အခါ Jim နှစ်ယောက်စလုံးဟာ Florida မှာရှိတဲ့ Pas Grille ကမ်းခြေကို အပြာနုရောင် Chevrolet ကားနဲ့ မောင်းသွားလေ့ရှိကြပါတယ်...

၅) Jim နှစ်ယောက်စလုံးဟာ Salem စီးကရက်ကိုသောက်ကြပြီး Miller Lite ဘီယာကို သောက်ကြသူတွေဖြစ်ပါတယ်...

၆) Jim နှစ်ယောက်စလုံးဟာ နယ်ထိန်းအရာရှိအဖြစ် အချိန်ပိုင်းအလုပ်ကို တစ်ကြိမ်စီလုပ်ဖူးကြပါတယ်...

၇) နှစ်ယောက်စလုံးဟာ လက်သည်းကိုက်တတ်ကြပြီး ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိသူများ ဖြစ်ကြပါတယ်....


Ref: Fun Facts
နှိုင်းရင့်နွေ
မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...

Friday, 17 May 2013

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

မဟာစင်ကြောင့် ထိခိုက်ပျက်စီးမှု ခန့်မှန်းထားသည်ထက် များစွာသက်သာ

အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်


အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်
Friday, May 17, 2013

ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀သာ တို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင်တို့ဟာ နှစ်ဖက်သောမိဘတို့ဝတ္တရားနဲ့အညီ ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ဖြစ်ပါသဖြင့် ၁၈-၅-၂၀၁၃ရက် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီ အချိန်အထိ ရန်ကုန်မြို့ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာ၊ မဟာကုသလကာရီ ဓမ္မသာလာခန်းမမှာ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားကို ကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ ၂၆-၅-၂၀၁၃ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီမှ ၁၂နာရီအထိ Strand ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

The first Media
ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်း တို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀သာ တို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင်

ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ် ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ်

မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ

Photo: မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ
Friday, May 17, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ လူသွားလူလာပြတ်တဲ့ နေရာဖြစ်တဲ့ အတွက် ဗုံးကြောင့် သေဆုံးသူဟာ သူကိုယ်တိုင် ဗုံးလာထောင်ရင်းနဲ့ မတော်တဆ ပေါက်ကွဲသွားတယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ သေဆုံးသူဟာ လူလတ်ပိုင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဒဏ်ရာများကြောင့် ဘယ်ဘက် ခြေလက်၊ မျက်နှာနဲ့ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ထို့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ပေါက်ကွဲခြင်း မရှိသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိရလို့ မနက် ၈ နာရီကျော်မှာ လုံခြုံရေး တာဝန်ရှိသူများက အလွယ်တကူပဲ လာရောက်ဖြုတ်ယူသွားကြတယ်လို့ သိရပါတယ်။

မိုးလုံလေလုံ အားကစားကွင်း အနီးမှာတော့ အရင်နှစ်တွေကလည်း လူသူထိခိုက်မိမရှိတဲ့ ဗုံးပေါက်ကွဲမှု အသေးစားလေးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

အစိုးရတပ်က RCSS/SSA တပ် အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မတာကို မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူစယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ အမည်မသိ အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့တဲ့ ဗုံးကွဲမှုများ၊ လူသေဆုံးအောင် လက်နက်ငယ်များနဲ့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ကော့လီမီဒီယာ
ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

Photo: အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အလယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုးညွှန်းတမ်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် တစ်ပတ်လျှင်နှစ်ကြိမ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ပတ်လျှင် တစ်ကြိမ်စီ သင်ကြားမည်ဖြစ်သည်။

''စိုက်ပျိုးရေး ဘာသာရပ်ကို မူလတန်းကနေ အထက်တန်းထိ ထည့်သွင်းသင်ကြား ပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သင်ရိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာရပ်များ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ အခြေခံပညာကဏ္ဍ၌ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှု၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။

အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့လာနေစဉ်
အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့ လာနေစဉ်
ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး
Friday, May 17, 2013

မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

ယမန်နေ့ ညနေ ၉ နာရီ အချိန်ထိ ကောက်ယူစုဆောင်းတဲ့ စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူဟာ ၁၅ ဦး ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ခရိုင်တွေက ဖြစ်ကြပါတယ်။ သေဆုံးသူတွေ အထဲမှာ ဘာရ်ဂုန ခရိုင်က ၇ ယောက်၊ ဘိုလာခရိုင်က ၂ ယောက်၊ စစ်တကောင်းက တစ်ယောက် ၊ ပေါတ၀ါခါလီက ၃ ယောက် ၊ ပီရိုဂျပူရ်က တစ်ယောက် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ နုန်းနဲ့ စတင် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်း ကုန်တွင်းပိုင်းကို စတင် ဖြစ်သန်းစဉ်မှာတော့ မုန်တိုင်းဟာ အထူး အားပျော့သွားခဲ့ပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဖို့ အထူး သက်သာရာ ရခဲ့ပါတယ်။
မုန်တိုင်း တိုက်ခတ်စဉ် အတွင်းမှာ ပင်လယ် ကမ်းခြေ ဒေသတွေမှာ ဒီရေဟာ ၆ ပေ အထိ မြှင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သက်ကယ်မိုးအိမ် ထောင်ချီပြီး ပျက်စီးသွားခဲ့သလို သစ်ပင်တွေ အများအပြားလည်း ပြိုလဲသွားခဲ့ပါတယ်။ နွေစပါး စိုက်ခိုင်းတွေ အများအပြားလည်း လဲပြို ညွှတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
မဟာစင်တာ မုန်တိုင်းဟာ ဘင်္ဂလာ ဒေသ စံတော်ချိန် ညနေ ၄ နာရီမှာ စစ်တကောင်းနဲ့ န၀ါခါလီ မြို့အကြားကနေ ဖြတ်ကျော်ပီး အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထဲက တစ်ခု ဖြစ်တဲ့ ထရိပူထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

မဟာစင်ဟာ သူစတင် မွေးဖွားရာ ဘင်္ဂလာ ပင်လယ်အော်ကနေ ကီလိုမီတာ ၁၇၀၀ ကျော် ခရီးကို ၇ ရက်ခန့် ချီတက်ပြီးနောက် အိန္ဒိယ ထရိပူရ ပြည်နယ်မှာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်း အန္တရာယ်ကို စိုးရိမ်တဲ့ အတွက် မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ပေးခဲ့သလို ဘင်္ဂလာဒေခ်ျ့မှာတော့ လူပေါင်း တစ်သန်းကျော်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

မုန်တိုင်းရဲ့ ဒဏ်ကိုတော့ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့က ခံခဲ့ကြရပါတယ်။ အထူးသဖြင့် မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး ရေတွေ ဖုံးလွှမ်းခဲ့တဲ့ အတွက် သီရိလင်္ကာမှာလည်း အနည်းဆုံး လူ (၈) ယောက် သေဆုံးခဲ့ရပါတယ်။

မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာ မှာ ဖေါ်ပြ ပါတယ်။