Friday, 10 May 2013

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း


Photo: ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ အထည်ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီးတစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။http://www.myanmardailynews.org/2013/05/blog-post_4850.html

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဆောက်အအုံပြိုကျမှုကြီးအတွင်း ရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်းတစ်ခုသည် ရင်နင့်ခြောက်ခြားစရာဖြစ်လာခဲ့ရသည်။

(၉၀)ရာနှုန်းပြီးစီးနေပြီဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း

Photo: (၉၀)ရာနှုန်းပြီးစီးနေပြီဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်း
Friday, May 10, 2013

 အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၁၂၀)အကုန်ကျခံတည်ဆောက်နေသည့် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီ (ESSAR) က သိရှိရသည်။

အဆိုပါ စီမံကိန်းကို အိန္ဒိယ-မြန်မာ သဘောတူညီချက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး (၂၀၀၉)ခုနှစ်မှ စတင် တည်ဆောက်ခဲ့ဖြစ်ကြောင်း သိရှိရသည်။

"ဆိပ်ကမ်းမြေဖို့ အကြမ်းထည်လုပ်ငန်းတွေတော့ ပြီးစီးသလောက် ရှိနေပါပြီ။ အချောသတ်ဖို့လောက်ပဲ ရှိတော့ တာပါ။ သဘောင်္ချည်းကပ် ဆိပ်ခံတံတားတည်ဆောက်မှုတွေကတော့ ခန့်မှန်း (၆၀)ရာခိုင်နှုန်းပဲပြီးသေးတယ်။ ဒီနှစ်ကုန်ပိုင်းလောက်တော့ ရာနှုန်းပြည့် ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်"ဟု အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီ(ESSAR)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက အိန္ဒိယ-မြန်မာ သဘောတူညီချက်အရ အိန္ဒိယအစိုးရမှ မြန်မာအစိုးရအသို့ လွဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုစရိတ် လျော့ချနိုင်ရန်နှင့် ပို့ကုန် သွင်းကုန် တိုးမြှင့်တင်ပို့မှု မြင့်တက်စေရန် ရည်ရွယ်၍ အကောင်ထည်ဖော်တည်ဆောက်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာတွင် စစ်တွေရေနက်ဆိပ်ကမ်းမှ ကုလားတန်မြစ်လမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံ မီဖိုရန်ပြည်နယ်အထိ ကုန်တင်ဘောင်္များ တစ်နှစ်ပတ်လုံး သွားလာနိုင်မည်ဖြစ်သည်။ 

ထိုကဲ့သို့ သွားလာနိုင်ရန် အဆိုပါ မြစ်လမ်းကြောင်းရှိ ရေတိမ်သောင်များနှင့် သဘောင်္များဝင်ထွက်သွားလာနိုင် ရန် ကျဉ်းမြောင်းသော နေရာများအား ခေတ်မီ စက်ယန္တားရားများဖြင့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

အာရကန် ကိုကို
http://www.myitmakhamediagroup.com/detail.php?newid=4568&catid=23
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၁၂၀)အကုန်ကျခံတည်ဆောက်နေသည့် စစ်တွေရေနက် ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းမှာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီ (ESSAR) က သိရှိရသည်။

ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်

Photo: ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်
Friday, May 10, 2013

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ်
ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်တွေ့ ထုလုပ်ရေးဆွဲမှုကို ပန်းပုကျော်ကျော်မင်းနှင့် ပန်းချီရွှေမြင့်တို့က ပြုလုပ်သွားမည်ဖြစ်ပြီး ထုလုပ်ရေးဆွဲ၍
ရရှိလာသော ပုံတူ ရုပ်တုနှင့် ပန်းချီ အား ဇွန်လ ၄ ရက်တွင်
အဆိုပါဌာန၌ ခင်ကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်သလို ငြိမ်းချမ်းရေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အတွက် ဦးသန့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထုလုပ်ရေးဆွဲရရှိသော
ပန်းပုနှင့် ပန်းချီကို ဦးသန့်ပြတိုက်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပုံတူ ပန်းပု ထုလုပ်မည့် ဦးကျော်ကျော်မင်း ( ပန်းပု) ကပြောသည်။

ဦးသန့်သည် ကမ္ဘာ့အဆင့်မီခဲ့သလို ဦးသန့်ပြတိုက်သည်လည်း
ကမ္ဘာ့ အဆင့်မီပြတိုက်တစ်ခုဖြစ်လာရန် တတ်နိုင်သည့် နည်းလမ်းများဖြင့် လှုံ့ဆော်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ၃ ဦးမြောက် အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားမည့်အရေးကိစ္စရပ်များအပေါ် တားဆီးဖြေရှင်းပေးနိုင်ခဲ့သူဖြစ်သည်။

NLA
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မေလ ၁၁ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

Photo: မေလ ၁၁ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်
Friday, May 10, 2013

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

မန္တလေး နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်

မိတ္ထီလာ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် နေသာမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်

BBC Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

အစိုးရနည်းပညာ အထက်တန်းကျောင်း ဇွန် ၆ ရက်ဖွင့်မည် ရှစ်တန်းအောင်ကျောင်းသားများ တက်ရောက်ခွင့် လျှောက်ထားနိုင်

အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ယခုနှစ် ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်ကာ အခြေခံပညာ အဋ္ဌမတန်း ရှစ်တန်းအောင်မြင်ပြီးသူများ တက်ရောက် ခွင့် လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

သံဃာတော် ၁၂ ပါး ဆွမ်းဘုဉ်းပေးပြီး အစာအဆိပ်သင့်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိ စာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာအဆိပ်သင့် မှုဖြစ်ပွားခဲ့သည်။

“ဒူဘိုင်းတွင် ကားမောင်းကြမ်းခဲ့သည့် ဘီဘာ ရဲတပ်ဖွဲ့၏မေးမြန်းမှုခံရ ဖွယ်ရှိ”

Photo: “ဒူဘိုင်းတွင် ကားမောင်းကြမ်းခဲ့သည့် ဘီဘာ ရဲတပ်ဖွဲ့၏မေးမြန်းမှုခံရ
ဖွယ်ရှိ”
Friday, May 10, 2013

ဂျက်စတင် ဘီဘာအနေဖြင့် ဒူဘိုင်းတွင် သတ်မှတ်နှုန်းထက် ပိုမြန်အောင် ကားမောင်း ကြမ်းခဲ့သည့်အတွက် ရဲများ၏ မေးမြန်း စစ်ဆေးမှုကို ခံယူရဖွယ် ရှိနေကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ ကနေဒါ Popဂီတစတား လူငယ် အဆိုတော်သည် အရှေ့အလယ်ပိုင်း ဒေသရှိ ချမ်းသာကြွယ်ဝသည့်
စော်ဘွားနိုင်ငံတွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်တစ်ရပ်အတွက် ရောက်
ရှိခဲ့သည်။

၎င်းသည် ဒူဘိုင်းတွင် ရှိနေစဉ်တွင် Lamborghini အမျိုးအစား ဇိမ်ခံပြိုင်ကား အဖြူကြီးဖြင့် မြန်နှုန်းမြင့် မောင်းနှင်ခဲ့ခြင်းကြောင့် မော်တော်ယာဉ် အမြန်နှုန်း တိုင်းတာရေး ကင်မရာ (၆)ခုတွင် မှတ်တမ်းတင် ခံခဲ့ရသည်။

ထို့ကြောင့် ဘီဘာအနေဖြင့် ညစ်ကျယ်ကျယ် ဆယ်ကျော်သက် တစ်ဦး၏ အလေ့အထများ မကင်းစင်သေးဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

Automarket
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဂျက်စတင် ဘီဘာအနေဖြင့် ဒူဘိုင်းတွင် သတ်မှတ်နှုန်းထက် ပိုမြန်အောင် ကားမောင်း ကြမ်းခဲ့သည့် အတွက် ရဲများ၏ မေးမြန်း စစ်ဆေးမှုကို ခံယူရဖွယ် ရှိနေကြောင်း သိရှိရသည်။ အသက်(၁၉)နှစ်ရှိ ကနေဒါ Popဂီတစတား လူငယ် အဆိုတော်သည် အရှေ့အလယ်ပိုင်း ဒေသရှိ ချမ်းသာကြွယ်ဝသည့် စော်ဘွားနိုင်ငံ တွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်တစ်ရပ်အတွက် ရောက်ရှိခဲ့သည်။

တရုတ် ကြက် ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်


Photo: တရုတ် ကြက်ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်
Friday, May 10, 2013

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ
ဖြစ်ပွားနေချိန် မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းများဖြစ်သည့် မူဆယ်၊ လားရှိုး လမ်းကြောင်းများမှ တဆင့် မန္တလေးမြို့သို့ အများဆုံး ၀င်ရောက်လျှက်
ရှိနေကြောင်း၊ တရားမ၀င် တင်သွင်းသည့် ကြက် ဘဲ စားသောက်ကုန်
များတွင် အေးခဲ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများသာမက ကြက်သားပေါက်များ၊ ဘဲသားပေါက်များပါ တင်သွင်းလာကြောင်း မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

“တရုတ်ပြည်ကနေ တင်ပို့တဲ့ ကြက်နဲ့ ဘဲ ထွက်ပစ္စည်းတွေ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ အများဆုံး ပါလာ နိုင်တဲ့ အနေထားပါ။ နောက်ပြီး ကြက်သားပေါက်တွေကိုလည်း မှောင်ခို တင်သွင်းလာကြတာဆိုတော့ တာဝန်ရှိ တဲ့သူတွေက အချိန်မီ မတားနိုင်ဘူးဆိုရင် တရုတ်ပြည်မှာ ဖြစ်နေ
တဲ့ ကြက်ငှက်တုပ်ကွေးရောဂါက မြန်မာနိုင်ငံဘက်ကို ဆက်ပြီး ကူးစက်
လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်” ဟု မန္တလေးတွင် ကြက်စာနှင့် ကြက်ထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ
သောင်းထိုက်က တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ဘဲများ တင်သွင်းခြင်းမပြုရန် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် တရားမ၀င်မှောင်ခို ၀င်ရောက်နေသည်မှာ မှန်ကန်ပြီး သတင်း အတိအကျပေးလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကြက်နဲ့ ဘဲထွက်ပစ္စည်းတွေ မှောင်ခိုဝင်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း သတင်း အတိအကျပေးနိုင်ရင် အချိန်မရွေး ၀င်ဖမ်းသွားမှာပါ။ ခု လက်ရှိမှာတော့ မြန်မာပြည်ဘက် မ၀င်ရအောင်
လို့တော့ ပိတ်ထားပါတယ်။ ခုလိုချိန်က ရာသီဥတု ပြင်းထန်နေတဲ့အတွက်
မြန်မာပြည်ဘက်ကို ကူးမလာနိုင်ဘူးလို့ ယူဆရတာပါဘဲ။ ဒီလိုရောဂါတွေက
ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတာပါ။ မြန်မာပြည်ဘက်ခြမ်း
မှာတော့ ဖြစ်ပွားမှုနှုန်းမရှိသေးပါဘူး” ဟု ဒေါက်တာ သောင်းထိုက်က ဆိုသည်။

မန္တလေး ကြက်ဥနှင့်ကြက်သား ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကမူ တရုတ်နိုင်ငံမှ ကြက်ဘဲများ တရားမ၀င် မှောင်ခိုတင်သွင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေပြီး တင်းကျပ်သော ဖမ်းဆီးစစ်ဆေးအရေးယူများ လုပ်ဆောင်သင့်ကြောင်း ပြောသည်။

“ကျနော်တို့အသင်းအနေနဲ့ မူဆယ်အကျော် ၁၆မိုင်ဂိတ်မှာ ကြက်နဲ့ဘဲထွက်ပစ္စည်းတွေ ၀င်ရောက်မလာဖို့ ဧပြီလ ၂၅ရက်နေ့က သွားရောက် တားမြစ်ခဲ့တယ်။ ၂၆ရက်နေ့မှာ အေးခဲကြက်သားတွေ မိတယ်။ ခုလိုအချိန်မှာ ဒီပစ္စည်းတွေက ဒီအထိ ရောက်မလာ သင့်ဘူး။ နယ်စပ်ဂိတ်ပေါက်မှာ ကတည်းက ဖမ်းဆီးသင့်တာ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်မှာ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်ခံ နေရပြီဆိုတော့ ဒီပစ္စည်းတွေက သူတို့ဆီမှာ အမှိုက်ဖြစ်နေတာ။ ကျနော်တို့ ဆီကို အမှိုက် သာသာ ဈေးနဲ့ ရောင်းချပြီး ဒလဟော တင်သွင်းနေတာ မြန်မာပြည်သူတွေ
အတွက် တကယ့်ကို စိုးရိမ်စရာပါ။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဘဲသား ရယ်ဒီမိတ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဘဲဆိုတာက ကြက်ငှက် တုပ်ကွေးရောဂါပိုးကို သယ် ဆောင်နိုင်တယ်။ ဘဲတွေ ကြက်ငှက်တုပ်ကွေး
ရောဂါပိုးကြောင့် မသေသွားဘူး။ ဒါကြောင့် ရောဂါပွားဖို့နဲ့ ကူးစက်ဖို့ အင်မတန်လွယ်ကူလို့ ကြက်မွေးမြူရေးခြံ တွေဆိုရင် ဘဲကိုအလွန်ကြောက်
ကြတယ်။ ဘဲသား ရယ်ဒီမိတ်တွေက အန္တရာယ်ရှိတယ်” ဟု ဒေါက်တာ
ကျော်ထင်က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ငှက်တုပ်ကွေးရောဂါ
မြန်မာနိုင်ငံသို့ ကူးစက်ခြင်းမရှိစေရန် အထူးသတိထား စောင့်ကြည့်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်းမရှိသေးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်
သည်။

ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “ခုလက်ရှိ မှာတော့ ဘယ်ကြက်ခြံ၊ ဘဲခြံတွေမှာမှ H7N9 ဖြစ်ပွားပြီး သေဆုံးတဲ့ ကြက်တွေ၊ ဘဲတွေမရှိသေးပါဘူး။ ဒါပေမဲ့ လူကို ကူးစက် လာရင် ကြိုတင် ကာကွယ်နိုင်အောင် လက်ဦးမှု ရယူပြီး အခုကတည်းကစပြီး ကျန်းမာရေးပညာပေး လုပ်ငန်းတွေနဲ့ ဆေးဝါးတွေကိုကြိုတင်စုဆောင်းမှုတွေ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေးအဆင့်အနေနဲ့ လုပ်ဆောင် နေပါတယ်” ဟု မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ထုတ်ဖော်ပြောဆိုသည်။

လက်ရှိ မန္တလေး တွင်ရာသီဥတုပူပြင်းထန်ပြီး အပူရှိန်များနေသည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများ ခေတ္တရပ်နားထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

“ နွေရာသီ မတိုင်ခင်ကတည်း မွေးထားတဲ့ ကြက်တွေကို ရောင်းထုတ်
ထားတာ။ မန္တလေး ပတ်ဝန်းကျင်တလျှောက် မှာ ကြက်မွေးတဲ့ မွေးမြူရှင်တွေ
အားလုံး ရောင်းကြတာ။ ဒီရာသီကို ကြောက်ကြတယ်။ ပြီးခဲ့တဲ့ နှစ်က ဒီလိုရာသီမှာ ကြက်တွေ အသေကျေ များလို့ တအားရှုံးခဲ့ရတာ။ နောက်လ
ဆိုရင်တော့ ကျွန်တော်တို့ ပြန်မွေးဖို့တော့ လုပ်နေပါပြီ” ဟု ကြက်မွေးမြူရေး
လုပ်ငန်းရှင် ကိုတာလေးက ပြောသည်။

မန္တလေးတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်ထားသည့်အတွက် ကြက်သားဈေးနှုန်းများ မြင့်တက်နေပြီး ယခင်က ကြက်တပိသာ ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ် အကြား ဈေးရှိရာမှ ယခုအခါ ကြက်တပိသာ ၄၅၀၀ကျပ်နှင့် ၆၀၀၀ကျပ်အကြား ဈေးပေါက် လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကြက်ငှက်တုပ်ကွေးရောဂါသည် H7N9ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ် တမျိုးဖြစ်ပြီး H7N9ဗိုင်းရပ်စ်ပိုးသည် H5N1 ဗိုင်းရပ်စ်ပိုးဆင့်ပွားဖြစ်ပေါ်လာသော ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်ကြောင်း၊ H7N9 ပိုး လူတွင် ကူးစက်ခံရပါက ဆိုးဝါးသည့် ပြင်းထန်သော အသက်ရှု လမ်းကြောင်း ရောဂါနှင့် ကိုယ်ခံအားစနစ်ကို ပျက်စီးစေကြောင်း ဘီဘီစီသတင်းဌာန၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတခုတွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ နောက်ဆုံးရရှိသော သတင်းများအရ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင် အသက် ၅၆ နှစ် အရွယ် အမျိုးသားတဦး သေဆုံး ခဲ့ရာ ရောဂါပိုးကူး စက်ခံထားရသူ ၁၂၉ ဦးအနက် ၃၂ ဦးမြောက်
သေဆုံးခြင်းဖြစ်သည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ ချိန် မြန်မာနိုင်ငံ တွင်း သို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ

၉-၅-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရာဘာများတင်ဆောင်လာသော မိုင်တိုင်အမှတ်(၁၅/၇-၀)ကြားတွင် မုဒုံမှမော်လမြိုင် သို့ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်နေ မခင်စန်းဝင်း (၂၉)နှစ် မောင်းနှင်သည့် ရာဘာများတင်ဆောင် လာသော ဏ/xxxx ဟိုင်းလတ်အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောကျာရှိ လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာနေ ရဲအောင်စိုး (၂၁)နှစ် နေသူ စီးနင်းပြီး ကျောက်တစ်လုံးကျေးရွာ၊ ၀င်းစိန်တောရကျောင်းဝင်း၊ ၀တ်ကျောင်းတော်နေ ဥူးစုန္ဒန၊ရ (၃၇)နှစ် (၃)၀ါ (ဖ)ဦးအောင်သန်း ၀င်းစိန်တောရကျောင်းဝင်း ၀တ်ကျောင်းတော် ကျောက် တစ်လုံးကျေးရွာ နေသူလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ဟိုင်းလတ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက် တိုက်မိခဲ့သည်။့

ပုဏ္ဍား ကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း

Photo: ပုဏ္ဍားကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း
Friday, May 10, 2013

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

အလှူရှင် မိသားစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျှားရှည်ကျေးရွာ ဇာတိဖြစ်ပြီး ဒေသအတွင်းက မျက်စိကွယ်နေသူများနှင့် မျက်စိ ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု ပြူလုပ်နိုင်ရန် အတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့သည် မျက်စိ ဝေဒနာရှင်များ ပုဏ္ဍားကျွန်းမြို့တွင် မေ ၁ ရက်မှ ၄ ရက်အထိ မျက်စိ ကုသ ခွဲစိတ် ကုသစဉ် နေထိုင် စားသောက်စရိတ်များကိုလည်း  လှူဒါန်းခဲ့ကြောင်း သိရသည်။

မေ ၁ ရက်မှ ၄ ရက် အထိ ပြုလုပ်ခဲ့သော ပုဏ္ဍားကျွန်းမြို့ မျက်စိ ခွဲစိတ်ကုသမူတွင် မျက်စိ ဝေဒနာရှင် ၁၉၉၄ ဦးကို စမ်းသပ်ခဲ့ပြီး မျက်စိလူနာ ၃၉၈ ဦးကို ခွဲစိတ်ကုသ နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင်  အထွေထွေ ဝေဒနာရှင်လူနာ ၇၆၁ ဦးနှင့်  အရေပြား  လူနာ ၄၃၄ ဦးတိုးအားလည်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီင်္းတွင် ကုသပေးခဲ့သည်ဟု သိရသည်။

ယခု မျက်စိ ခွဲစိတ် ကုသမူ အစီအစဉ်မှာ မျက်စိအလင်း အလှူကို ပြုလုပ်နေသော တိပိဋကစက္ခုပါလ အဖွဲ့၏ (၁၀)ကြိမ်မြောက် ဖြစ်ပြီး အဆိုပါ အဖွဲ့အား ၁၁ ပါးမြောက် ပိဋကတ်သုံးပုံ အာဂုံဆောင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ရခိုင်ဆရာတော်)  အရှင်ဣန္ဒပါလ ဦးဆောင်သည်ဟု သိရသည်။

ပုဏ္ဍားကျွန်းမြို့တွင် မျက်စိအလင်းလှူပွဲကို မျက်စိပညာရှင် အကျိုးဆောင် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးထွန်းနှင့် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ အရေပြားဆရာဝန် ဒေါက်တာ ဒေါ်ခင်မြလွင်နှင့် အထွေထွေသမားတော် ဆရာဝန်များက  ကုသ ပေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

narinjara

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။ အလှူရှင် မိသားစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျှားရှည်ကျေးရွာ ဇာတိဖြစ်ပြီး ဒေသအတွင်းက မျက်စိ ကွယ်နေသူများနှင့် မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသမှု ပြူလုပ်နိုင်ရန်အတွက် ကောင်းမြတ်   သော ရည်ရွယ်ချက်များဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်း မန်နေဂျာ ရာထူးကို ဆက်ခံ ရခြင်းသည် ခမ်းနားသော ဂုဏ်ပြုမှု တစ်ခုဟု မိုယက်စ် ညွှန်းဆို

မန်ယူအသင်း မန်နေဂျာ ရာထူးကို ဆက်ခံ ရခြင်းသည် ခမ်းနားသော ဂုဏ်ပြုမှု တစ်ခုဟု မိုယက်စ် ညွှန်းဆို
Friday, May 10, 2013

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ တာဝန် ပေးအပ်ခံရခြင်း သည် ကြီးကျယ် ခမ်းနားသော ဂုဏ်ပြုမှု တစ်ရပ်ဟု ဒေးဗစ်မိုယက်စ် က ပြောကြားလိုက်သည်။

ယခုအခါ မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် နေရာကို ဆက်ခံရန် အတွက် ပေါင်စတာလင် သန်း(၃၀)တန် (၆)နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို မိုယက်စ်က လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ ၎င်းသည် ဇူလိုင်လ (၁)ရက်နေ့တွင် အဲဗာတန်မှ မန်ယူသို့ စတင်ကူးပြောင်း တာဝန် ယူလာရန် စီစဉ်ထားသည်။ ဖာဂူဆန် ကိုယ်တိုင်၏ ထောက်ခံမှုကို ရရှိခဲ့သည့် စကော့တလန်သား မန်နေဂျာက "မန်ယူ အသင်းရဲ့ မန်နေဂျာသစ် အဖြစ် ဆောင်ရွက်ဖို့ တောင်းဆိုခြင်း ခံရတယ် ဆိုတာက အင်မတန် ကြီးမားတဲ့ ဂုဏ်ပြုမှုပါ။ ဆာအဲလက်စ်လို ပုဂ္ဂိုလ် ကိုယ်တိုင်က ကျွန်တော့်ကို ဒီအလုပ် အတွက် ထောက်ခံမှု ပေးခဲ့တယ် ဆိုတာကြောင့် ပျော်ရွှင်မိပါတယ်။ သူဒီအသင်း အတွက် လုပ်ဆောင်ပေးသွားတာ အားလုံးကို ကျွန်တော် အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်" ဟု ပြောကြားခဲ့သည်။

၎င်းက "အကောင်းဆုံး မန်နေဂျာ တစ်ယောက်အဖြစ် အကြာကြီး ရပ်တည်ဖို့ ဘယ်လောက် ခက်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ မန်ယူအသင်း မန်နေဂျာ ရာထူးမှာ အပြောင်းအလဲ ဖြစ်တယ်ဆိုတာ ခဏခဏ
 ပေါ်ပေါက်လာတတ်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ခုတော့ ကျွန်တော် လာမယ့်ရာသီ မန်ယူနဲ့ အတူ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲ 
 မျှော်လင့်ထားပါတယ်" ဟုလည်း ဆိုသည်။ လတ်တလောတွင် မိုယက်စ်သည် အသင်းဟောင်း အဲဗာတန်မှ ၎င်း၏ လက်ရုံးအချို့ကို အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူရန် ကြံစည် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၎င်းသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီနှင့် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်တို့ နှစ်ဦးအား 
 ပေါင်စတာလင် (၃၉)သန်း အကုန်အကျခံ ဝယ်ယူရန် စီစဉ်နေကြောင်း 
The Sunက ဖော်ပြခဲ့သည်။ အသက်(၂၈)နှစ်ရှိ ဘိန်းစ်သည် ပြီးခဲ့သည့် နွေရာသီက မန်ယူ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် တရားဝင် ချဉ်းကပ်မှု မပြုလုပ်ခဲ့ချေ။
 ပေါင်စတာလင် (၁၅)သန်း ပေါက်ဈေးရှိပြီး တိုက်စစ်ကို အားပြု ကစားရာတွင် ထူးချွန်သော ဘိန်းစ်သည် မြားဦးထိပ်ရှိ ရော်ဘင်ဗန်ပါစီကို အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဟု မိုယက်စ်က ယူဆနေသည်။ မိုယက်စ်သည် အားနည်းချက်များ ရှိနေသည့် မန်ယူ ကွင်းလယ်ကိုလည်း အားဖြည့်ရန် ရည်ရွယ်ထားရာ စာချုပ်ပါ တန်ကြေးသတ်မှတ်ချက်
 ပေါင်စတာလင် (၂၄)သန်းရှိသည့် ဖယ်လိုင်နီကိုပါ ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဗဟိုကွင်းလယ် ကစားသမား တစ်ဦး အဖြစ်လည်း မှတ်ချက်ပေးခြင်း ခံထားရသည်။

ထို့အပြင် မိုယက်စ်သည် မန်ယူကစားသမားဟောင်းနှင့် လက်ရှိ အဲဗာတန် အသင်းခေါင်းဆောင် ဖီးလ်နဗီးလ်ကိုလည်း ၎င်း၏ နည်းပြအဖွဲ့ဝင် ရာထူးအတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများက ဆိုသည်။ နဗီးလ်သည် အဲဗာတန် အသင်းမန်နေဂျာ ရာထူးအတွက် မိုယက်စ်နေရာ ဆက်ခံရန် ရေပန်းစားနေသူများ အနက် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ တာဝန် ပေးအပ်ခံရခြင်း သည် ကြီးကျယ် ခမ်းနားသော ဂုဏ်ပြုမှု တစ်ရပ်ဟု ဒေးဗစ်မိုယက်စ် က ပြောကြားလိုက်သည်။

ရန်ကုန်မြို့သည် မကြာမီ လူဦးရေ ၁၀ သန်းအထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်


Photo: ရန်ကုန်မြို့သည် မကြာမီ လူဦးရေ ၁၀ သန်းအထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်
Friday, May 10, 2013

ရန်ကုန်မြို့သည် လက်ရှိကာလတွင် လူဦးရေ ခြောက်သန်းရှိနေပြီဖြစ်ပြီး မကြာမီ လူဦးရေ ၁၀ သန်း အထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများအား အစိုးရက ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် National Comprehensive Development Plan သည် နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်နေသောကြောင့် မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးမှု ကဏ္ဍသည် များစွာဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတွင်းတွင်ရှိသော စီမံကိန်း Project များတွင် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လိုကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့သည်။

''အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ပက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံတွေရှိတယ်။ အထူးသဖြင့် တောင်ကိုရီးယား နိုင်ငံဆိုရင် သူ့အစီအစဉ်နဲ့သူလာပြီး survey လုပ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံ၊ စင်ကာပူတို့ကလည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ အားယူနေတယ်။ နောက်ဆုံး အာဆီယံနိုင်ငံတွေထဲမှာ ဆိုရင် မလေးရှားနိုင်ငံကလည်း ၀င်လာဖို့ ပြောနေတာတွေ ရှိတယ်ဆိုတော့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ developer တွေ ၀င်လာဖို့ များပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

''လတ်တလောမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အေဒီဘီနဲ့ သဘောတူညီမှုတွေ ရရှိထားပြီးပါပြီ။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပေမယ့် လူဦးရေ သန်း ၆၀ ရှိနေတဲ့အတွက် Planner အရေအတွက်က နည်းနေပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းမှာ Planner တွေ ထပ်တိုးဖို့လည်း စီစဉ်နေတယ်။ အခုတော့ တန်ဖိုးနည်း အိမ်ရာတွေကို မြို့စွန်ဒေသတွေမှာ အကောင်အထည်ဖော်ဖို့ ရှိပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားခဲ့သည်။

''ရရှိထားတဲ့ သတင်းအချက်တွေအရ ဆိုရင် ရန်ကုန်မြို့က လာမယ့်နှစ် အနည်းငယ် အတွင်းမှာ Mega City ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေ အခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်း၊ တံတား၊ တိုက်တာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ လာမယ့်မျိုးဆက်အတွက် ထည့်သွင်းစဉ်းစား သွားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာလည်း ဒီလိုပဲ မြို့ပြတည်ဆောက်ရေးကို လုပ်တဲ့အချိန်ခါမှာ Next Generation အတွက် မျှော်ခေါ်ပြီး လုပ်ရပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ အချက်အလက်တွေက မှန်မယ်ဆိုရင် ရန်ကုန်မြို့ကြီးမှာ မြေအောက်ရထားလမ်း ဖောက်လုပ်နိုင်ဖို့လည်း လိုလာပါလိမ့်မယ်။ ဒီအတွက်လည်း ကြိုတင်ပြီး စဉ်းစားထားသင့်ပါပြီ'' ဟု World Urban Campaign- UN-HABITAT မှ ဥက္ကဋ္ဌဖြစ်သူ Nicolas You က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ရန်ကုန်မြို့၌ လူဦးရေ ၆ သန်းဝန်းကျင် နေထိုင်ပြီး လူဦးရေ ထူထပ်များပြားသည့် မြို့တစ်မြို့ ဖြစ်သော်လည်း အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာ လိုအပ်ချက်များ များစွာရှိနေသေးကြောင်း၊ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများ၏ မြေယာဈေးနှုန်း မြင့်တက်မှုကလည်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီး တစ်ခုဖြစ်နေကြောင်း မြို့ပြစီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ငွေကြေးအများအပြား သုံးစွဲရသည့်အတွက် နိုင်ငံတကာ အကူအညီများ ရရှိရန်လည်း အရေးကြီးကြောင်း ယင်းဆွေးနွေးပွဲတွင် ပညာရှင်အချို့က သုံးသပ်ကြသည်။

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု အပိုင်းသည် များစွာ အရေးပါသည့်အတွက် အစိုးရများ အနေဖြင့် မည်သည့်ပုံစံဖြင့် ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ရန် ခက်ခဲမှုများ ရှိကြောင်း သိရှိရသည်။

''အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အစိုးရက အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကို လုပ်ဆောင်မယ်ဆိုရင် ငွေကြေးအမြောက်အများ လိုတယ်ဆိုတော့ World Bank ကပဲ ချေးမှာလား၊ ADB က ချေးမှာလား၊ အခြားနိုင်ငံတကာ ဘဏ်တွေက ချေးမှာလား ဆိုတာတွေ သုံးသပ်ရသလို ဘဏ်တွေက ချေးပြန်ရင်လည်း အတိုးနှုန်းကို ထည့်ပြီးတော့ စဉ်းစား ရပါတယ်။ တစ်ခုရှိတာက နိုင်ငံတကာ အကူအညီ ယူလို့ရတဲ့ အပိုင်းရှိတယ်။ ဒါကလည်း နိုင်ငံရေး ရေချိန်အပေါ်မှာ မူတည်ပါသေးတယ်။ ဥပမာဆို ဂျပန်တို့လို တရုတ်တို့လို နိုင်ငံတွေကနေ ချေးယူနိုင်တယ်။ ဂျပန်ဆိုရင် ODA ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အကူပြု ချေးငွေတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပေးတာမျိုးတွေ ဆိုလို့ရှိရင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်အထည်ဖော်လို့ ရပါတယ်'' ဟု Leopard Capital rS Managing Partner ဖြစ်သူ Kenneth Stevens က ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အလားတူ မြို့စွန်ဒေသများ (Satellite Townships) များ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း များစွာအရေးပါကြောင်း၊ အဆိုပါ ဒေသများနှင့် အလွယ်တကူ ဆက်သွယ်နိုင်မည့် ရထားလမ်း၊ ကားလမ်းများကိုလည်း ရေရှည်စီမံကိန်းချ၍ စနစ်တကျ ဖောက်လုပ်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိပါသည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားများအား ခြုံငုံသုံးသပ်ပါက ရန်ကုန်မြို့သည် လာမည့်နှစ် အနည်းငယ်အတွင်း ခေတ်မီမြို့ကြီး (Mega City )တစ်ခု ဖြစ်လာနိုင်သည့်အတွက် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်သည့်အခါတွင် နောင်လာမည့်မျိုးဆက် (Next Generation) အတွက်ပါ စနစ်တကျ ထည့်သွင်း၍ လုပ်ဆောင်သင့်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပခဲ့သော Myanmar Urban Development Conference 2013 တွင် နိုင်ငံတတကာ မြို့ပြတည်ဆောက်ရေးဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရှိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ရန်ကုန်မြို့သည် လက်ရှိကာလတွင် လူဦးရေ ခြောက်သန်းရှိနေပြီဖြစ်ပြီး မကြာမီလူဦးရေ ၁၀ သန်း အထက်ရှိသော မြို့ကြီးဖြစ်လာနိုင်သည့် အလားအလာများကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများအား အစိုးရက ဖိတ်ခေါ်ထားကြောင်း သတင်း ရရှိ သည်။

သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

Photo: သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Thursday, May 9, 2013

သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ် စပ်ဖြစ်သည့် နန့်ခမ်းမြို့နယ်သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ ကောက်ယူလျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရ စစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်းဆေးရုံတွင် ကုသလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်းဘက်သို့ ထွက်ပြေးလျက် ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း နန့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှုထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရတပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသသို့ ရောက်ရှိနေသော RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀” ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ ထိန်းချုပ်ရာ ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Shan News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်

Photo: ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်
Friday, May 10, 2013

ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေများ ပေါ်တွင်
ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြေးနီတောင်စီမံကိန်း နယ်မြေထဲတွင် ရောက်ရှိနေကြသော လယ်သမားများပိုင် လယ်မြေများ ပေါ်တွင် လယ်ထွန်ခြင်း ၊ လယ်စောင့်တဲ ဆောက်လုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များမှ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ယခုမိုးရာသီတွင် မဖြစ်မနေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်တည်းကျေးရွာ မှ လယ်စိုက်သူ ဦးမင်းမင်းကဆိုသည် ။

လယ် ၁၃ ဧကပိုင်ဆိုင်သူ ဦးမင်းမင်း က “ လယ်မြေတွေက စီမံကိန်းထဲ ပါနေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် လယ်မြေပေါ်မှာ ထွန်ယက်တာကိုတောင် တားဆီးနေကြတယ် ။ လယ်မစိုက်ရရင် မိသားစု စားဝတ်နေရေးတွေ အခက်အခဲတွေ့ပြီး ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရတယ် " ဟု ရှင်းပြသည် ။

ကြေးနီတောင် စီမံကိန်းနယ်မြေ တွင် မြေဧကပေါင်း ၇၈၀၀ ကျော်ပါဝင်နေပြီး မိမိပိုင် လယ်မြေ၊ ယာမြေများ တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်၍ လယ်မြေထွန်ယက်ခြင်း ၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့်များ ကို တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင်
ကျေးရွာ မှ ဒေါ်ရီရီမြင့် က ရှင်းပြသည်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍

ကြေးနီတောင် စီမံကိန်း နယ်မြေတွင် မြေဧကပေါင်း ၇၈၀၀ကျော် ပါဝင်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန် ထားသည့် နယ်မြေဖြစ်၍ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍ လယ်မြေထွန်ယက်ခြင်း၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့် များကို ဒေသခံအုပ်ချူပ်ရေးမှူးများမှ တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင် ကျေးရွာမှ
ဒေါ်ရီရီမြင့်က ရှင်းပြသည်။

လယ်ယာစိုက်ပျိုးခွင့်ကို ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ လယ်ယာစိုက်ပျိုးမှုများကို ယခုနှစ် မိုးရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တောင်သူများက တညီတညွှတ်ထဲ ဆိုကြသည်။

ကြေးနီတောင် စီမံကိန်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် သဘောတူ စာချူပ်ချူပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအစိုးရ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့်စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့မှ ဥပဒေဘောင် အတွင်းမှ မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆားလင်းကြီးမြို့နယ် ရှင်မတောင် ဆရာတော် အရှင်က၀ိန်ဒက မိန့်ကြားခဲ့သည်။

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် လယ်မြေများ သိမ်းခံရသော လယ်သမားများကို လယ်တစ်ဧက လျှင် ၁၅ သိန်းပေးလျော်သော်လည်း လျော်ကြေးငွေမယူသော တောင်သူလယ်သမားလည်း ရှိကြောင်း ဆားလင်းကြီး ကျေးရွာဒေသခံများ ကဆိုသည်။

Mizzima
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေ များ ပေါ် တွင် ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်

Photo: မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်
Friday, May 10, 2013

မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နည်းပြသစ်ကို အမြန်ဆုံး အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့်အတိုင်း စကော့တလန်သား တစ်ဦးပင်ဖြစ်သည့် ဒေးဗစ်မိုယက်စ်အား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းကို မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘဲ (၆) နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် လာမည့်ဇူလိုင် လ(၁)ရက်နေ့တွင် စတင်တာဝန်ယူရမည် ဖြစ်ကြောင်းသာ ပါရှိခဲ့သည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဖာဂူဆန်၏ ထောက်ခံချက်အရ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအပြောင်းအလဲအတွက် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် အသင်းသမိုင်း တစ်လျောက် ဗြိတိန်နည်းပြများကိုသာ ခန့်အပ်ခဲ့သည့် အသင်းအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မိုယက်စ်မှာ မန်ယူအသင်း၏ (၇) ဦးမြောက် စကော့တလန် နည်းပြဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဒေးဗစ်မိုယက်စ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “နည်းပြသစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ မိုယက်စ်ဟာ အသင့်တော်ဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ၁၉၉၈ ကတည်းက လက်ထောက်နည်းပြလုပ်ဖို့ ချဉ်းကပ်ခဲ့ ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ နည်းပြတစ်ဦးဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုယက်စ်ကလည်း “မန်ယူ နည်းပြရာထူးဟာ ကျွန်တော်နဲ့သင့်လျော်တယ်လို့ ဖာဂူဆန်က ထောက်ခံချက် ပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ သူ့လို အကောင်းဆုံး နည်းပြတစ်ဦးရဲ့ ခြေရာကို နင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုယက်စ်က ၎င်းအား လမ်းခွဲခွင့်ပြုခဲ့သည့် အဲဗာတန် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ ပရိသတ်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံးလက်ကျန် (၂) ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိအောင် စွမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ အဲဗာတန်အသင်းကို အမြဲအမှတ်ရနေမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ်(Factfile)

အမည်အပြည့်အစုံ - ဒေးဗစ်ဝီလီယမ်မိုယက်စ်

မွေးနေ့ - ၂၅-၄-၁၉၆၃(၅၀ နှစ်)

နိုင်ငံ - စကော့တလန်

ကိုင်တွယ်ခဲ့သည့်အသင်းများ - ပရက်စတန်(၁၉၉၈-၂၀၀၂)၊ အဲဗာတန်(၂၀၀၂-၂၀၁၃)

နည်းပြဘ၀အောင်မြင်မှု - အင်္ဂလန်ဒုတိယတန်း ချန်ပီယံ (၁၉၉၉-၂၀၀၀၊ ပရက်စတန်နှင့်)

တစ်ဦးချင်းအောင်မြင်မှု - LMA တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု (၂၀၀၂-၀၃၊ ၂၀၀၄-၀၅၊ ၂၀၀၈-၀၉)


Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန်အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူး အတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

Thursday, 9 May 2013

တရားမ၀င် လာရောက် အလုပ်လုပ်ကိုင် သူများ နေရပ်သို့ ပြန်လည်ပို့ဆောင်

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ဟဲဟိုးလေဆိပ် မှ တာချီလိတ် လေဆိပ်သို့ လေကြောင်းဖြင့် လိုက်ပါ လာသော ခရီးသည် များအား စစ်ဆေးစဉ် အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၆ ဦးအား သင်္ကာမကင်း ဖွယ်ရာ တွေ့ရှိရ သဖြင့် လေဆိပ် လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် ၀ဿန်ကျော် မှ လူကုန်ကူး (အထူး) အဖွဲ့ရုံးသို့ ပို့ဆောင် မေးမြန်းရာ အဆိုပါ ခရီးသည် များသည် တာချီလိတ် မြို့တွင် ဆွေမျိုး သားချင်း တစ်ဦး တစ်ယောက်မျှ

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံး

RCSS/ SSA နှင့် အစိုးရ တပ်များ နေကုန် တိုက် ပွဲဖြစ်၊ ကျဆုံးမှု များ ရှိ

Photo: RCSS/SSA နှင့် အစိုးရတပ်များ နေကုန် တိုက်ပွဲဖြစ်၊ ကျဆုံးမှုများ ရှိ
Thursday,May09,2013

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

တရုတ်နယ်စပ် ရွှေလီမြစ် မြောက်ပိုင်း နမ်းခမ်းမြို့နယ်၊ နောင်မ ကျေးရွာအုပ်စုရှိ SSA ၏ ၇၀၁ စခန်းသို့ အစိုးရတပ်ရင်း ခလရ ၁၄၅ တပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်လာ၍ တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ရကြောင်း SSA က ဆိုသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲတဲ့အခြေအနေမှာ အစိုးရဘက်က ခလရ ၁၄၅ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ တပ်စခန်းကို လက်နက်ကြီးနဲ့ ဝင်ပစ်ပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ခုထိ သေနတ်သံ ကြားနေရတုန်းပဲလို့ ကျနော်တို့ကို ရှေ့တန်းစစ်မျက်နှာပြင်ကနေ သတင်းပို့ထားပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ “ကျနော်တို့ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြည်သူနဲ့အတူ လက်တွဲပြီးတော့ အကြီးအကျယ်လုပ်နေပါတယ်။ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး ကုန်ကူးနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့က မလိုလားလို့ တိုင်တန်းထားသလား တခုခု လုပ်ထားသလား မသိပါဘူး။ ကျနော်တို့နဲ့ အစိုးရအကြားတော့ ဘာမှ ပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲမှာ အစိုးရလက်အောက်ခံ ပန်းဆေး ဦးကျော်မြင့်၏ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ၎င်းက ယူဆသည်။

မွန်းလွဲပိုင်း ၃ နာရီချိန်ထိ လက်နက်ကြီး သံကြားနေရပြီး နမ်းခမ်းမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာနေသည်ဟု နမ်းခမ်းမြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ တချို့က တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသော်လည်း လူဦးရေကို မသိရသေးပေ။

“အခု အိမ်ကနေတော့ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနမ်းခမ်းမှာတော့ ၇ ဦး ရောက်လာတယ်။ နမ်းခမ်းအနီးမှာပဲ ဆိုတော့ ဒီမြို့ပေါ်ကို ဆွေးမျိုးအိမ်တွေမှာ လာကြတယ်။ တရုတ်ဘက်လည်း ထွက်ပြေးတာတွေ ရှိတယ်” ဟု နမ်းခမ်းမြို့မှ ဘာသာရေးဆရာတဦးက ပြောသည်။

ဒဏ်ရာရသူ အစိုးရတပ်မှ ၇ ဦး နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာပြီး ၃ ဦးကို မူဆယ်ဆေးရုံတွင် ခွဲစိပ်ကုသမှု ပြုလုပ်နေသည်ဟု မူဆယ်ဆေးရုံနှင့် နီးစပ်သူတဦးက ပြောသည်။

တိုက်ပွဲကြောင့် နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ရွာများမှ ဒေသခံများ တရုတ်နိုင်ငံ နောင်တောင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး အိုက်ယီ့လုံ က ရှမ်းသံတော်ဆင့်သတင်းဌာနကို ပြောဆိုထားသည်။

“အဲဒီနေရာက စီးပွားရေးသမားတွေ ဝင်ဝင်ထွက်ထွက် လုပ်တဲ့လူတွေအတွက် ဝင်ငွေကောက်လို့ ရတဲ့နေရာဖြစ်လို့ အစိုးရက အဲဒီနေရာကို ပြန်လိုချင်လို့ လာတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်” ဟု လေ့လာသူတဦးက သုံးသပ်သည်။

RCSS/SSA ကမူ ယခုကဲ့သို့ အစိုးရဘက်မှ တိုက်ခိုက်လာနေခြင်းကို ၎င်းတို့ဘက်မှ နားမလည်နိုင်ကြောင်း စိုင်းလောဝ်ဆိုင်း က ဆက်ပြောသည်။

“အစိုးရနဲ့ တပ်မတော်က တဖွဲ့ထဲ မဟုတ်ဘူးလား တဖွဲ့ထဲ ဖြစ်တယ်ဆိုရင်တော့ ဘာဖြစ်လို့ အစိုးရက တမျိုး၊ တပ်မတော်က တမျိုးဖြစ်နေလဲ ဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒါဟာ တမင်သက်သက် အကွက်ထွင်ပြီးတော့ တိုင်းရင်းသားတွေကို စစ်ရေးအရ ဖိအားပေးနေတာလား။ နိုင်ငံရေးဆွေးနွေးပွဲမှာ စကားမပြောနိုင်အောင် သူတို့လိုချင် ပုံစံကို သွတ်သွင်းနေတာလား” ဟု စိုင်းလောဝ်ဆိုင်း က ပြောသည်။

အစိုးရ ဘက်မှ ၁၀ ဦးထက်မနည်း ကျဆုံးမှု ရှိနေပြီး RCSS ဘက်မှ ရဲဘော် တဦး ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံ ရောင်းချနေသော အစိုးရ၏ ထောက်လှမ်းရေးဟု ယူဆရသည့် လူ ၄ ဦး ဧပြီလက ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ RCSS က ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ၎င်းတို့၏ ၇၀၁ လက်အောက် တင်းခါး စခန်းအား အစိုးရဘက်မှ မီးရှုံ့ဖျက်ဆီးခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောဝ်စိုင်း က ပြောသည်။

မေလ ၆ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ စာပေးပို့ခဲ့ရာ ယနေ့ထိ မည်သို့အကြောင်းပြန်လာခြင်း မရှိခဲ့ကြောင်း စိုင်းလောဝ်ဆိုင်း က ပြောသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က အစိုးရနှင့် RCSS/SSA တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက် RCSS က ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်း နမ်းခမ်း၊ ကျောက်မဲ၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ မိုင်းကိုင်၊ နမ့်ဆန်၊ ကျဲသီး စသည့် မြို့နယ် အများအပြားတွင် မူးယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

Mizzima News

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ 

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး
တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေးဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

Popular Myanmar News Journal

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ 

ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေ...


Photo: ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် 
ခြိမ်းခြောက်နေ...

*********************************************
(9.5.2013, Thursday)

ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း သမ္မတဖရန်ဆွာအော်လန်းက 
ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်
သည်။အွန်လိုင်းဗီဒီယိုတစ်ခုတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦး
ဖြစ်သည့် အဘူအိုဘီဒါယူဆတ်ဖ်အဲလ်အန်နဘီက ပြင်သစ်နိုင်ငံ၏ ပိုင်ဆိုင်
မှုမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးကြရန် ကမ္ဘာတစ်ဝန်းက အစ္စလမ်များကို
 တောင်းဆိုထားကြောင်းသိရသည်။ပြင်သစ်တပ်ဖွဲ့များက မာလီနိုင်ငံတွင်
ရှိသော အစ္စလမ်စစ်သွေးကြွအဖွဲ့များကို အတော်လေး အနာတရဖြစ်စေ
ခဲ့သော်လည်း အဆိုပါအဖွဲ့များက နိုင်ငံ၏ အပြင်ဘက်မှ ခြိမ်းခြောက်မှုများ 
ဆက်လက်လုပ်ဆောင်နေကြောင်း သမ္မတအော်လန်းကပြောကြားသည်။
ထို့ပြင် ယခုနှစ်အကုန်တွင် မာလီကို စေလွှတ်ထားသော တပ်ဖွဲ့ဝင်(၄)
ထောင်အနက် (၁)ထောင်သာ ထားရှိတော့မည်ဖြစ်ကြောင်း VOA သတင်း
တွင်ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေ ရကြောင်း သမ္မတဖရန်ဆွာအော်လန်းက ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားလိုက်သည်။