Thursday, 9 May 2013

တရားမ၀င် လာရောက် အလုပ်လုပ်ကိုင် သူများ နေရပ်သို့ ပြန်လည်ပို့ဆောင်

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ဟဲဟိုးလေဆိပ် မှ တာချီလိတ် လေဆိပ်သို့ လေကြောင်းဖြင့် လိုက်ပါ လာသော ခရီးသည် များအား စစ်ဆေးစဉ် အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၆ ဦးအား သင်္ကာမကင်း ဖွယ်ရာ တွေ့ရှိရ သဖြင့် လေဆိပ် လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် ၀ဿန်ကျော် မှ လူကုန်ကူး (အထူး) အဖွဲ့ရုံးသို့ ပို့ဆောင် မေးမြန်းရာ အဆိုပါ ခရီးသည် များသည် တာချီလိတ် မြို့တွင် ဆွေမျိုး သားချင်း တစ်ဦး တစ်ယောက်မျှ

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံး

RCSS/ SSA နှင့် အစိုးရ တပ်များ နေကုန် တိုက် ပွဲဖြစ်၊ ကျဆုံးမှု များ ရှိ

Photo: RCSS/SSA နှင့် အစိုးရတပ်များ နေကုန် တိုက်ပွဲဖြစ်၊ ကျဆုံးမှုများ ရှိ
Thursday,May09,2013

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

တရုတ်နယ်စပ် ရွှေလီမြစ် မြောက်ပိုင်း နမ်းခမ်းမြို့နယ်၊ နောင်မ ကျေးရွာအုပ်စုရှိ SSA ၏ ၇၀၁ စခန်းသို့ အစိုးရတပ်ရင်း ခလရ ၁၄၅ တပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်လာ၍ တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ရကြောင်း SSA က ဆိုသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲတဲ့အခြေအနေမှာ အစိုးရဘက်က ခလရ ၁၄၅ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ တပ်စခန်းကို လက်နက်ကြီးနဲ့ ဝင်ပစ်ပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ခုထိ သေနတ်သံ ကြားနေရတုန်းပဲလို့ ကျနော်တို့ကို ရှေ့တန်းစစ်မျက်နှာပြင်ကနေ သတင်းပို့ထားပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ “ကျနော်တို့ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြည်သူနဲ့အတူ လက်တွဲပြီးတော့ အကြီးအကျယ်လုပ်နေပါတယ်။ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး ကုန်ကူးနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့က မလိုလားလို့ တိုင်တန်းထားသလား တခုခု လုပ်ထားသလား မသိပါဘူး။ ကျနော်တို့နဲ့ အစိုးရအကြားတော့ ဘာမှ ပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲမှာ အစိုးရလက်အောက်ခံ ပန်းဆေး ဦးကျော်မြင့်၏ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ၎င်းက ယူဆသည်။

မွန်းလွဲပိုင်း ၃ နာရီချိန်ထိ လက်နက်ကြီး သံကြားနေရပြီး နမ်းခမ်းမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာနေသည်ဟု နမ်းခမ်းမြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ တချို့က တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသော်လည်း လူဦးရေကို မသိရသေးပေ။

“အခု အိမ်ကနေတော့ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနမ်းခမ်းမှာတော့ ၇ ဦး ရောက်လာတယ်။ နမ်းခမ်းအနီးမှာပဲ ဆိုတော့ ဒီမြို့ပေါ်ကို ဆွေးမျိုးအိမ်တွေမှာ လာကြတယ်။ တရုတ်ဘက်လည်း ထွက်ပြေးတာတွေ ရှိတယ်” ဟု နမ်းခမ်းမြို့မှ ဘာသာရေးဆရာတဦးက ပြောသည်။

ဒဏ်ရာရသူ အစိုးရတပ်မှ ၇ ဦး နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာပြီး ၃ ဦးကို မူဆယ်ဆေးရုံတွင် ခွဲစိပ်ကုသမှု ပြုလုပ်နေသည်ဟု မူဆယ်ဆေးရုံနှင့် နီးစပ်သူတဦးက ပြောသည်။

တိုက်ပွဲကြောင့် နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ရွာများမှ ဒေသခံများ တရုတ်နိုင်ငံ နောင်တောင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး အိုက်ယီ့လုံ က ရှမ်းသံတော်ဆင့်သတင်းဌာနကို ပြောဆိုထားသည်။

“အဲဒီနေရာက စီးပွားရေးသမားတွေ ဝင်ဝင်ထွက်ထွက် လုပ်တဲ့လူတွေအတွက် ဝင်ငွေကောက်လို့ ရတဲ့နေရာဖြစ်လို့ အစိုးရက အဲဒီနေရာကို ပြန်လိုချင်လို့ လာတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်” ဟု လေ့လာသူတဦးက သုံးသပ်သည်။

RCSS/SSA ကမူ ယခုကဲ့သို့ အစိုးရဘက်မှ တိုက်ခိုက်လာနေခြင်းကို ၎င်းတို့ဘက်မှ နားမလည်နိုင်ကြောင်း စိုင်းလောဝ်ဆိုင်း က ဆက်ပြောသည်။

“အစိုးရနဲ့ တပ်မတော်က တဖွဲ့ထဲ မဟုတ်ဘူးလား တဖွဲ့ထဲ ဖြစ်တယ်ဆိုရင်တော့ ဘာဖြစ်လို့ အစိုးရက တမျိုး၊ တပ်မတော်က တမျိုးဖြစ်နေလဲ ဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒါဟာ တမင်သက်သက် အကွက်ထွင်ပြီးတော့ တိုင်းရင်းသားတွေကို စစ်ရေးအရ ဖိအားပေးနေတာလား။ နိုင်ငံရေးဆွေးနွေးပွဲမှာ စကားမပြောနိုင်အောင် သူတို့လိုချင် ပုံစံကို သွတ်သွင်းနေတာလား” ဟု စိုင်းလောဝ်ဆိုင်း က ပြောသည်။

အစိုးရ ဘက်မှ ၁၀ ဦးထက်မနည်း ကျဆုံးမှု ရှိနေပြီး RCSS ဘက်မှ ရဲဘော် တဦး ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံ ရောင်းချနေသော အစိုးရ၏ ထောက်လှမ်းရေးဟု ယူဆရသည့် လူ ၄ ဦး ဧပြီလက ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ RCSS က ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ၎င်းတို့၏ ၇၀၁ လက်အောက် တင်းခါး စခန်းအား အစိုးရဘက်မှ မီးရှုံ့ဖျက်ဆီးခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောဝ်စိုင်း က ပြောသည်။

မေလ ၆ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ စာပေးပို့ခဲ့ရာ ယနေ့ထိ မည်သို့အကြောင်းပြန်လာခြင်း မရှိခဲ့ကြောင်း စိုင်းလောဝ်ဆိုင်း က ပြောသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က အစိုးရနှင့် RCSS/SSA တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက် RCSS က ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်း နမ်းခမ်း၊ ကျောက်မဲ၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ မိုင်းကိုင်၊ နမ့်ဆန်၊ ကျဲသီး စသည့် မြို့နယ် အများအပြားတွင် မူးယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

Mizzima News

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ 

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး
တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေးဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

Popular Myanmar News Journal

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ 

ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေ...


Photo: ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် 
ခြိမ်းခြောက်နေ...

*********************************************
(9.5.2013, Thursday)

ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း သမ္မတဖရန်ဆွာအော်လန်းက 
ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်
သည်။အွန်လိုင်းဗီဒီယိုတစ်ခုတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦး
ဖြစ်သည့် အဘူအိုဘီဒါယူဆတ်ဖ်အဲလ်အန်နဘီက ပြင်သစ်နိုင်ငံ၏ ပိုင်ဆိုင်
မှုမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးကြရန် ကမ္ဘာတစ်ဝန်းက အစ္စလမ်များကို
 တောင်းဆိုထားကြောင်းသိရသည်။ပြင်သစ်တပ်ဖွဲ့များက မာလီနိုင်ငံတွင်
ရှိသော အစ္စလမ်စစ်သွေးကြွအဖွဲ့များကို အတော်လေး အနာတရဖြစ်စေ
ခဲ့သော်လည်း အဆိုပါအဖွဲ့များက နိုင်ငံ၏ အပြင်ဘက်မှ ခြိမ်းခြောက်မှုများ 
ဆက်လက်လုပ်ဆောင်နေကြောင်း သမ္မတအော်လန်းကပြောကြားသည်။
ထို့ပြင် ယခုနှစ်အကုန်တွင် မာလီကို စေလွှတ်ထားသော တပ်ဖွဲ့ဝင်(၄)
ထောင်အနက် (၁)ထောင်သာ ထားရှိတော့မည်ဖြစ်ကြောင်း VOA သတင်း
တွင်ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေ ရကြောင်း သမ္မတဖရန်ဆွာအော်လန်းက ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားလိုက်သည်။

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ


လူတွေကို အစာအဆိပ်သင့်စေတယ်လို့ အများက လက်ခံ သိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက်တာ တွေ့ရတဲ့အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

 ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရောဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစုပျိုးထောင်ပြီးမှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ်ခဲ့ကြတာပါ။

Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။

Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။
ဒီနည်းအတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။ 

သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
လူတွေကို အစာအဆိပ်သင့်စေတယ်လို့အများက လက်ခံသိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ ရှိခဲ့ကြပါတယ်။ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက် တာ တွေ့ရတဲ့ အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

ငုံးဥရဲ့ ကျန်းမာရေး အစွမ်း

Photo: ငုံးဥရဲ့ ကျန်းမာရေး အစွမ်း
Thursday,May09,2013

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။

ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။ ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။

ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။ ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင် တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး ပါတယ်။ နှလုံးသွေးကြော ရောဂါ သည် တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပါမယ်။ ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။ တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေ နိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။ ပြီးဒါနဲ့ ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။

ငုံးဥအကြောင်းကို စုံသလောက်တော့ ပြောပြီးပါပြီ။ ရှည်သွားရင်တော့ ခွင့်လွှတ်ပါ။

Royal Hero Media
ဗဟုသုတ စွယ်စုံကျမ်း
Credit to ;ကျန်းမာရေးစာတိုများစုစည်းမှု
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ
ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။
ဒါပေမယ့် ငုံးဥထဲမှာဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူရှားပါးပါလိမ့်မယ်။ ငုံးဥထဲမှာပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကောသိကြပါသလား။ ငုံးဥဟာ လူ့ရဲ့အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့မီးဖွားပြီး ခါစ မိခင်လောင်း တို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

“မန်ယူတွင် ရော်နယ်လ်ဒိုအဝင် ရွန်နီအထွက် ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်”

Photo: “မန်ယူတွင် ရော်နယ်လ်ဒိုအဝင် ရွန်နီအထွက် ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်”

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ အပြောင်းအလဲ ကဏ္ဍနှင့်အတူ အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီသည်လည်း အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရှိရသည်။

လတ်တလောတွင် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် အသင်းမှ အနားယူတော့မည့် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်အား ၎င်းအနေဖြင့် အသင်းပြောင်းလိုကြောင်း ဝန်ခံ ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
 
ထိုအချိန်တွင် မန်ယူအသင်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်ကလည်း ရီးယဲလ်မက်ဒရစ်ထံ ရောင်းချခဲ့သည့် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည် ခေါ်ယူရေးအတွက် ကစားသမား၏ အေးဂျင့်ထံ ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ဝယ်ယူနိုင်ရန် မျှော်လင့်နေကြောင်းလည်း Daily Mail lတွင် ရေးသားထားသည်။ မန်ယူအသင်းတွင် ဆယ်စုနှစ် တစ်ခုနီးပါး ပါဝင်ထားသည့် ကစားသမားကို ပြင်သစ်ထိပ်သီး PSGကလည်း စိတ်ဝင်စားလျှက် ရှိသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21499
မန်ချက်စတာယူနိုက်တက် အသင်း၏ မန်နေဂျာအပြောင်းအလဲကဏ္ဍနှင့်အတူ အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီသည်လည်း အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်က စက်ရုံ ၁၈ရုံပိတ်ချ

Photo: ဘင်္ဂလားဒေ့ရှ်က စက်ရုံ ၁၈ရုံပိတ်ချ
Thursday,May09,2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်း ပြိုကျ
ရာက လူပေါင်း ၈၀၀ ကျော်သေဆုံးခဲ့ပြီးနောက် စက်ရုံပေါင်း ၁၈ ရုံကို ပိတ်ချလိုက်ပြီလို့ သိရပါတယ်။

ပြိုကျသွားတဲ့ တိုက်ခန်းတွေမှာ စက်ရုံပေါင်း ၅ရုံက အလုပ်သမားတွေ
နေထိုင်တဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။

နိုင်ငံခြားက အထည်အပ်တဲ့ ကုမ္ပဏီတွေက တခြားနိုင်ငံတွေကိုလှည့်ပြီး လုပ်ငန်းတွေကို ပြောင်းရွေ့သွားမှာကို စိုးရိမ်တဲ့အတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရက နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းနဲ့ အလုပ်သမားတွေ အသက်ဘေးအန္တရာယ် လုံခြုံရေးကို အထွတ်အထိပ် ဦးစားပေးဖို့ သဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။

အထည်ချုပ်စက်ရုံဆိုင်ရာဝန်ကြီးက မြို့တော်ဒါကားမှာ အထည်ချုပ်စက်
၁၆ ရုံနဲ့ ချစ်တကောင်းမြို့မှာ ၂ ရုံ ပိတ်ချလိုက်ပြီလို့ ဆိုပါတယ်။

လုံခြုံမှုစိုးရိမ်မကင်းစရာဖြစ်နေတဲ့ စက်ရုံတွေနောက်ထပ်ပိတ်ဖို့လဲ ရှိတယ်လို့ သိရပါတယ်။


ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  @Myanmar Online News  ကို like လုပ်ထားပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်း ပြိုကျရာက လူပေါင်း ၈၀၀ ကျော်သေ ဆုံးခဲ့ပြီးနောက် စက်ရုံပေါင်း ၁၈ ရုံကို ပိတ်ချလိုက်ပြီလို့ သိရပါတယ်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ အရေးပေါ် ရှေးဦးပြုစုခြင်း စခန်းဖွင့်ထားပြီး ယာဉ်မတော်တဆမှုများအတွက် ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ်ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက် ထားပြီး ယာဉ်မတော်တဆမှုများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၄ နာရီ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ က ပြော သည်။

ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး

Photo: ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး
Thuessday,May09,2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေကို မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းရေးသားဖော်ပြသည်။

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopo ၏အဆိုအရ  ပစ်ခတ်မှုများဖြစ်ပွားခဲ့ရခြင်းမှာ  စစ်သွေးကြွဟု သံသယရှိခံရသူများက ခိုအောင်းနေသော နေအိမ်အတွင်းမှနေ၍ ပြန်လည်ခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေအိမ်နှင့် အနီးတ၀ိုက်တွင် နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီးTimur Pradopo ကပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော  အေပီသတင်းဌာနမှ သတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့က စစ်သွေးကြွများကို လက်နက်ချပြီး ထွက်လာကြရန် သတိပေးပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတိပေးပြောဆိုနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ လဆန်ပိုင်းက မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်မည်ဟု သံသယရှိခံရသော အစွန်းရောက်စစ်သွေးကြွ  ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက  မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက်ခိုက်ခံရခြင်းအတွက် ပြန်လည်လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အင်ဒိုနီရှားမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်


Photo: ၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်
Thursday,May09,2013

ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့ သွားရာ မြို့ခံများက ၀င်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့မှ ပြန်လှည့်ခဲ့ရသည်။

ဧရာဝတီမှ ရရှိသောသတင်းများအရ လားရှိုးမှ ယမန်နေ့ မနက် ခရီးထွက်လာသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချိုတို့ ဦးစီးသည့် အဖွဲ့ကို ဟိုပန်မြို့မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့မှ သီန္နီတွင် လာရောက်ဆီးကြိုပြီး  ဟိုပန်မြို့အ၀င်အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကြောင်း၊ မြို့ခံ ဦးခွန်စိန်ဦးစီးသည့်အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇ စီးဖြင့် ခေါ်လာပြီး ဟိုပန်မြို့အ၀င် တံတားတွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင်မည်ဖြစ်ပြီး လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အာမခံ တာဝန်ယူပေးနိုင်ရန်မှာ မလွယ်ကူကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ လားရှိုးသို့ ပြန်လှည့်လာကြောင်း သိရသည်။

“ပြောစရာကလည်း များတယ်။ ပြီးတော့ ပွဲကျင်းပဖို့က အစကတည်းက လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်ပြီးသွားပြီ။ ဒေသခံက အစ သဘောတူတယ်။ ဒါပေမယ့် ပွဲကျင်းပမယ့်နေ့ရောက်မှ ဘာဖြစ်မှန်း မသိဘူး။ သူတို့ဘက်က လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်စိတ်ကြောင့် သီန္နီမြို့ကနေ
လားရှိုးကို ပြန်လှည့်ခဲ့ပါတယ်” ဟု ဦးပြုံးချိုက ဧရာဝတီကို ဖုန်းမှတဆင့် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လားရှိုးမြို့အခြေစိုက် သတင်းထောက် ဦးမောင်မောင်သန်းက “ ဟိုပန်မြို့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ သူတို့ လုပ်ရက်တွေကို သိမှာစိုးလို့ မြို့အ၀င်မခံ ခိုင်းတာလည်း ဖြစ်မှာပါ။ ပြီးတော့  ဟိုပန်က ရှမ်းပြည်နယ် လွှတ်တော် ဟိုပန်ကိုယ်စားလှယ် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တရားဝင်လုပ်ကွက် မဟုတ်တာတွေကို သိသွားမှာ ကြောက်လို့ပေါ့။ အဲ့က အရမ်းပြဿနာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် လားရှိုးမြို့၊ ဟိုပန်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် နမ့်ဆမ်မြို့တို့တွင် နယ်မြေခံ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကာ  ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားနေကြသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့ သွားရာ မြို့ခံများက ၀င်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့မှ ပြန်လှည့်ခဲ့ရသည်။

Wednesday, 8 May 2013

မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

Photo: မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒလိုင်းလားမားက ၀ါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ အန်ဝါဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

အခုလတ်တလော မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတွေတောင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေကြပါတယ်၊ ဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာရဟန်းတွေ ဗုဒ္ဓရှင်တော်ရဲ့ မျက်နှာတော်ကို အာရုံပြုနိုင်ကြပါစေ၊ နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊ ဘာသာရေးအတွက် ပါဏာတိပါတာကံကို ကျူးလွန်တယ်ဆိုတာ ဘယ်လိုမှစဉ်းစားလို့မရတဲ့ကိစ္စပါလို့ ဒလိုင်းလားမားက ပြောကြားခဲ့တာပါ။

မေရီလဲန်းတက္ကသိုလ်မှာ တက်ရောက်လာသူ ပရိသတ်ကို သြ၀ါဒစကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓအဆုံးအမနဲ့ မေတ္တာတရားအကြောင်း ဒလိုင်လားမားက ဟောကြားခဲ့ပါတယ်။

အဲဒီနောက် အမေးအဖြေအစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံးအမအကြောင်းမေးခွန်းကို ဖြေဆိုရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်းလားမားက ထည့်သွင်းဟောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား က ပြောကြား လိုက်ပါတယ်။

မက္ကစီကိုတွင် ဖြစ်ပွားသည့် ဓာတ်ငွေ့တင်ထရပ်ကား ပေါက်ကွဲမှု

Photo: မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့တင် ထရပ်ကားကြီးတစ်စင်း ပေါက်ကွဲ မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀)မျှ သေဆုံးသွားကြောင်း သိရှိရသည်။ 

သဘာဝ ဓာတ်ငွေ့များကို တင်ဆောင်လာသည့် ထရပ်ကားကြီး တစ်စင်းသည် ထိန်းချုပ်မှု လွတ်သွားပြီး လမ်းလယ် အပိုင်းအခြားကို ဝင်တိုက်ကာ အဝေးပြေးလမ်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မက္ကစီကိုစီးတီး မြို့တော်၏ ဆင်ခြေဖုံး အရပ်တွင် အင်္ဂါနေ့က ဖြစ်ပွား ခဲ့သော ကြောက်မက်ဖွယ် မတော်တဆမှု အတွင်း လူပေါင်း(၂၀)ထက်မ နည်း သေဆုံးကာ (၃)ဒါဇင်ထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အီကာတီပက် အရပ်တွင် ထရပ်ကားကြီး ပေါက်ကွဲခဲ့သည့် နေရာအနီး အဝေးပြေးလမ်း ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများလည်း ဝန်းရံ တည်ရှိနေခဲ့သည်။ 

Read more 
https://www.facebook.com/media/set/?set=a.10151420419839067.1073741851.42443419066&type=1


Read more http://www.planet.com.mm/news/read.cfm/id/21494 — မက္ကစီကိုတွင် ဖြစ်ပွားသည့် ဓာတ်ငွေ့တင်ထရပ်ကား ပေါက်ကွဲမှု

Posted From Planet Myanmar Network 
မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့တင် ထရပ်ကားကြီးတစ်စင်း ပေါက်ကွဲ မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) မျှ သေဆုံးသွားကြောင်း သိရှိရသည်။

လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ



Photo: လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ
မြစ်ကြီးနား ၊ ၈-၅-၂၀၁၃

မေလ ၈ရက် ၂၀၁၃ခုနှစ်

မြစ်ကြီးနားမြို့ ၊ လယ်ကုန်း ရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓ ဆင်းတုတော် ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံးကို တွေ့ရှိ ခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ် စည်ကား လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လယ်ကုန်း ရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်ကမ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီးမောင်နှံ သည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ တာဝန်ပေး အကူအညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများ ခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလ တစ်လျှောက် လုပ်ကိုင် ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ် 

ဗျက်အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိသော်လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။ မေလ ၃ ရက်နေ့ တွင် ဖယောင်းတိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ

 ရောင်ပြန်လွှတ် သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေ တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ရတနာ ပစ္စည်းဆိုင်မှ ကော်ပတ်ဖြင့် အချော တိုက်ချွတ် ပေးမှ အဆိုပါ ကျောက်အတွင်း ဥာဏ်တော် တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓဆင်းတုတော် နှင့် ကြာမှောက် ကြာလှန် ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက်တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။

ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည်ပြီး မပြတ်လတ်ဘဲ နေ့စဉ် ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။


http://pyichit-thar.blogspot.com/2013/05/blog-post_8.html

Posted From The Myawady Daily
မြစ်ကြီးနားမြို့ ၊ လယ်ကုန်းရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓဆင်းတုတော်ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံး ကို တွေ့ရှိခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ်စည်ကားလျက်ရှိကြောင်း သိရ သည်။

မိုးသည်းထန်စွာရွာသွန်းစဉ် သစ်ပင်ပိမိ၍ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

၆-၅-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ၊ ပေါင်းလောင်းရွှေတော ၊ ရွှေလီလုပ်ကွက်အောက်လျှိုတွင် မိုးသည်းထန်စွာရွာသွန်းစဉ် လျှိုထိပ်မှ လုံးပတ်(၁)ပေ (၆)လက်မ ခန့်ရှိ

KIA အထူးတပ်ရင်းဖွဲ့စည်းရန်ပြင်ဆင်

KIA ဌာနချုပ်တွင် အထူးတပ်ဖွဲ့ ဖွဲ့စည်းရန် အတွက် လိုင်ဇာဌာနချုပ်မှ လက်အောက်တပ်ရင်းများသို့ ညွှန်ကြား ချက်များထုတ်ပြန်ကာ တပ်ဖွဲ့များကိုစုဆောင်းမည် ဖြစ်ကြောင်းသိရှိရပါသည်။ ညွှန်ကြားချက်ထဲတွင် အထူး လုံခြုံရေးတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်း ရန်အတွက် ၅ တန်း အထိပညာတတ်သူ၊ စွန့်လွှတ်အသေခံပေးဆပ်ရဲသူ၊ လူပျို၊ အသက်၂၅နှစ်ထက်မကျော်သူစသည့် အချက် တွေပါဝင်ကြောင်း၊ မေလ(၂၅)ရက်နေ့ အရောက်စေ လွှတ်ပေးဖို့ ညွှန်ကြားထားကြောင်း ဌာနချုပ်မှ အရာရှိတစ်ဦး၏ပြောပြ ချက် အရသိရှိရပါသည်။

“မန်ယူမန်နေဂျာ ဖာဂူဆန် အနားယူတော့မည်ဟုဆို”

Photo: “မန်ယူမန်နေဂျာ ဖာဂူဆန် အနားယူတော့မည်ဟုဆို”

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ ရာထူးမှ ဆာအဲလက်စ် ဖာဂူဆန် အနားယူရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်မီဒီယာ အချို့တို့က ဖာဂူဆန်သည် တနင်္ဂနွေနေ့တွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း လက်ခံယူပြီးနောက် ၎င်း၏ မန်နေဂျာဘဝမှ အပြီးတိုင် အနားယူမည့် သတင်းအား ကြေညာဖွယ် ရှိနေကြောင်း ဖော်ပြလာခဲ့သည်။

အသက်(၇၁)နှစ် ရှိနေပြီဖြစ်သော စကော့တလန်သား မန်နေဂျာကြီးသည် မန်ယူကို စုစုပေါင်း (၂၇)နှစ်ကြာ ဦးဆောင်ပေးခဲ့ပြီး ဆုဖလားများစွာ ဆွတ်ခူး ရယူစေနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီမှာ ၎င်း၏ အောင်မြင်မှုကြီးမားခဲ့သော ဘောလုံးမန်နေဂျာဘဝ ဖြတ်သန်းမှုတွင် နောက်ဆုံး ဖြစ်လာမည်ဟု ခန့်မှန်းမှုများ ရှိလာသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21489
မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ ရာထူးမှ ဆာအဲလက်စ် ဖာဂူဆန် အနားယူရန် နီးစပ်နေပြီ ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်မီဒီယာ အချို့တို့က ဖာဂူဆန်သည် တနင်္ဂနွေနေ့တွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း လက်ခံယူပြီးနောက် ၎င်း၏ မန်နေဂျာဘဝမှ အပြီးတိုင် အနားယူမည့် သတင်းအား ကြေညာဖွယ် ရှိနေကြောင်း ဖော်ပြလာခဲ့သည်။

ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား

Photo: ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား
Wednesday,May08,2013

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် လာမှုနှင့်အတူ ပြည်တွင်းအလုပ်အကိုင်များ တိုးပွားလာသော်လည်း နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသော မြန်မာ အလုပ်သမား အရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုအချို့ ဖြေလျော့ထားချိန် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွန်းလာကြောင်း၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာချိန် ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ငန်းခွင် အဆင်မပြေမှုများ ကြုံတွေ့ရ သည်ဆိုသော ဖြစ်စဉ်များလည်း မကြာခဏ ဆိုသလို ဖြစ်ပွားနေကြောင်း၊ သို့ရာတွင် နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်လိုသော မြန်မာအလုပ်သမား အရေအတွက် လျော့ကျသွားခြင်းမရှိဘဲ များပြားနေဆဲဖြစ်ပြီး  ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အလုပ်ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာရာတွင် အထူးသဖြင့် အထည်ချုပ်စက်ရုံအမြောက်အမြား အပြိုင်အဆိုင် ပေါ်ထွက်နေပြီး အထည်ချုပ်အလုပ်ရုံများတွင် အလုပ်သမား ထောင်ချီ ခေါ်ယူမှုရှိနေကြောင်း ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရှိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလိုင်စင်ရရှိထားသော Royal Four Sea ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ ၏ ဥက္ကဋ္ဌ ဦးစိန်လှက-“ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများ လာတဲ့အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်တာတွေ နည်းသွားတယ်ဆိုတော့ မြန်မာနိုင်ငံမှာက ရွေးစရာအလုပ်က ဘာရှိလို့လဲ ဟုတ်တယ်မဟုတ်လား၊ အပြင်မှာ သတင်းထွက်နေသလိုမျိုးမဟုတ်ဘူး။ အားလုံးက အရင်လို ပုံမှန်ပါပဲ”ဟု ပြောသည်။

ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလားသော်လည်း ပြည်ပအလုပ်အကိုင်များကဲ့သို့ လစာမရ နိုင်ကြောင်း၊ ထို့ကြောင့် လစာများပြားသော ပြည်ပအလုပ်အကိုင်ကို စိတ်ဝင်စားမှုမြင့်မားနေခြင်းဖြစ်ပြီး အထူးသဖြင့် နယ်ဒေသများမှ မြန်မာ အလုပ်သမားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူများက ဆိုကြသည်။

“များသောအားဖြင့်ကတော့ နယ်ကလူတွေက ပြည်ပမှာ အလုပ်သွားလုပ်တာ ပိုများတယ်။ မြို့ကလူတွေလည်း သွားပြီး အလုပ် လုပ်ကြပါတယ်။ ဒါပေမယ့် နယ်က လူတွေက ပိုများတယ်၊ အခုနောက်ပိုင်းမှာကတော့ ဈေးကွက် ပိုပြီး ကျယ်ပြန့် လာတယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်နေတဲ့အပြင် ကျနော်တို့လို ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကလည်း ပိုများ လာတဲ့အတွက် အရင်ကလောက် လူသိပ်မရတော့ဘူးပေါ့”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတခုဖြစ်သော United General ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်ဆန်းလှက ပြောသည်။

ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အလုပ်သမားများ ခေါ်ယူနေပြီး အထူးသဖြင့် လတ်တလောအခြေအနေတွင် ထိုင်းနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်မှု မြင့်မားလျက်ရှိကြောင်း၊ အလုပ်အကိုင်များမှာ  စက်ရုံအလုပ်ရုံများနှင့်  ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ် ကိုင်ရခြင်း ဖြစ်ပြီး ငွေကြေးအနည်းငယ် တတ်နိုင်သူများက စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး ငွေကြေး မတတ်နိုင်သူများက ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြကြောင်း သိရှိရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသည် မြန်မာလုပ်သားများကို ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးရာတွင်  အေဂျင်စီဝန်ဆောင်ခကို အစိုးရသတ်မှတ်ထားသည့်နှုန်းထားအတိုင်းသာ တောင်းခံရကြောင်း သိရှိရသည်။

“အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ ဈေးကွက်တွေက ရှင်းရှင်းပြောရရင် များလာတော့ အရင်လို တခါစား ပုံစံမျိုးနဲ့ အေဂျင်စီဝန်ဆောင်ခတွေ တောင်းလို့မရဘူး။ ဝန်ဆောင်ခကို အလုပ်သမားရဲ့ လုပ်ခ ၄ လစာထက် မပိုဖို့ ချမှတ်ပေး ထားတယ်။ ဒီတော့ အေဂျင်စီဝန်ဆောင်ခကတော့ ပုံမှန်ပါပဲ။ လေယာဉ်စရိတ်နဲ့ ခရီးစရိတ်ကတော့ သူတို့သွားတဲ့ နိုင်ငံ ပေါ်ကိုလိုက်ပြီး အနည်းနဲ့ အများ ရှိတယ်”ဟု  ဦးအောင်ဆန်းလှက ရှင်းပြသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီဝန်ဆောင်ခများအနေဖြင့်  စင်ကာပူနိုင်ငံသို့သွားရောက်မည်ဆိုပါက အလုပ်သမားတဦးအတွက် အေဂျင်စီ ဝန်ဆောင်ခသည် စင်ကာပူဒေါ်လာ ၃၅၀၀ နှင့် ၄၀၀၀ ကြားတွင် ရှိပြီး မလေးရှားနိုင်ငံ သို့သွားမည်ဆိုပါက လေယာဉ်လက်မှတ်အပါအ၀င် အေဂျင်စီဝန်ဆောင်ခ ၈ သိန်းခွဲခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက အေဂျင်စီဝန်ဆောင်ခ ငွေကျပ် ၃ သိန်းဝန်းကျင်သာ ကျသင့် ကြောင်း သိရှိရသည်။

ကာတာ၊ ဒူဘိုင်း အပါအ၀င် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ အလုပ်အကိုင်ခေါ်ယူရာတွင်မူ အရည်အချင်း သတ်မှတ်ချက်များရှိပြီး မြန်မာအလုပ်သမားအများစုမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမရှိသည့်အတွက် အလုပ်အကိုင် ရရှိမှုနည်းပါးသည်ဟု ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ သိရှိရသည်။

“ဒူဘိုင်းကနေ အလုပ်ခေါ် တဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်။ အရည်အချင်း မမှီလို့ ပို့လို့မရတဲ့ သူတွေများနေတာ။ ဒူဘိုင်း သွားချင်တယ်ဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။ အတွေ့အကြုံ ရှိရမယ်။ မြန်မာနိုင်ငံက ဒူဘိုင်းကို သွားချင်သူတွေ ကြတော့ ဟိုဘက်ကလိုချင် အရည်အချင်းကို မမှီတဲ့သူတွေ များတယ်”ဟု Royal Four Sea ကုမ္ပဏီမှ ဦးစိန်လှက ဆိုသည်။

လတ်တလော မလေးရှားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှုကို ဆိုင်းငံ့ထားသဖြင့် မလေးရှားမှ အလုပ်ခေါ်ယူမှု ရပ်တန့်နေကြောင်း  ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။

အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာအလုပ်သမား အများဆုံးသွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင်  မလေးရှား နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံတွင်  တရားဝင် အလုပ်သမားအရေအတွက်  တသန်းကျော်ရှိကြောင်း၊ အစိုးရခွင့်ပြုထားသော လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ စုစုပေါင်း ၁၆၀ ရှိကြောင်းသိရှိရသည်။

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ ရေလုပ်ငန်းတွင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ ရေလုပ်ငန်းတွင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် လာမှုနှင့်အတူ ပြည်တွင်းအလုပ်အကိုင်များတိုးပွားလာသော်လည်း နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသော မြန်မာအလုပ်သမားအရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

လုပ် သားပို့ ခွင့်ဆိုင်း ငံ့ခံ ထိုင်းအေဂျင်စီ များ ရှုပ်ပွေ ထား မှု အခြေအနေ အသင်း ချုပ် စစ်ဆေးနေ

Photo: လုပ်သားပို့ ခွင့်ဆိုင်းငံ့ခံ ထိုင်းအေဂျင်စီများ ရှုပ်ပွေထား မှု အခြေအနေ အသင်းချုပ် စစ်ဆေးနေ
Wednesday,May08,2013

ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည် ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။

အသင်းချုပ်သည် ဧပြီ ၄ ရက်မှ စ၍ ကုမ္ပဏီများကို စစ်ဆေးနေပြီး မေ လ ၇ ရက်အထိ ကုမ္ပဏီ ၅ ခုကို မေး မြန်းပြီးဖြစ်ကြောင်း၊ ထိုသို့မေးမြန်းမှု များကို ဝန်ကြီးဌာနသို့ တင်ပြပြီး ဝန် ကြီးဌာနမှ ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်း လှိုင်က ပြောသည်။

''တချို့ကုမ္ပဏီတွေက ပို့တဲ့အခါ သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီ ဘူး။ တစ်နေ့ကို ဘတ် ၃ဝဝ၊ အချိန်ပို ကြေးတွေ သတ်မှတ်ထားပေမယ့် ဟို ဘက်ရောက်တော့ အဲဒီနှုန်းအတိုင်း မရ ဘူး။ အလုပ်သမားတွေက မကျေမနပ် ဖြစ်တော့ အလုပ်ရှင်တွေက အလုပ် ထုတ်တယ်။ မဟာချိုင်မှာ အလုပ်သမား ၅၁ ဦး အလုပ်ထုတ်ခံရတယ်''ဟု ဥက္ကဋ္ဌ က ပြောသည်။

အဆိုပါ ပြဿနာတက် ဖြစ်ပေါ်ခဲ့ သော ၅၁ ဦးတွင် ဆိုင်းငံ့ခံ ရသော အေဂျင်စီတစ် ခုမှာ အလုပ်သမားများ လည်း ပါဝင်ပြီး ကျန် ၁၁ ခုမှလည်း အ လားတူ ပြဿနာများ ကြုံသည့်အတွက် ဆိုင်းငံ့ ထားခြင်း ဖြစ်ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အေ ဂျင်စီအသင်းချုပ်ထံမှ စာတောင်း ထား ကြောင်း၊ အသင်းချုပ်၏ တင်ပြမှုပေါ်မူ တည်၍ ဆက်လက်ေ ဆာင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ် ဦးက မေ ၇ ရက်တွင် ပြောသည်။

''အသင်းချုပ်က စစ်ဆေးနေ တယ်။ အခုကုမ္ပဏီတစ်ခုကို ပြန်ဖွင့်ပေး လိုက် ပြီ''ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုင်းသို့အလုပ်သမားပို့ခွ င့်ရ အေ ဂျင်စီ ၆၄ ခုရှိပြီး တကယ်အလုပ်လုပ် သော အေဂျင်စီမှာ ၂ဝ ခန့်သာရှိ ကြောင်း၊ ယခုဆိုင်းငံ့ခံရသော အေဂျင် စီများသည် အလုပ်သမားပို့ဆောင်သော အေဂျင်စီများတွင် ပါဝင်ကြောင်း လိုင်စင်ရ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''နယ်စပ်မှာရှိတဲ့ ပွဲစားတွေနဲ့ အဲဒီ အေဂျင်စီ ၂ဝ လောက်နဲ့ ချိတ်ပြီး လုပ် နေကြတာ။ ကျွန်တော်တို့ဆို အလုပ် သမားမပို့နိုင်ဘူး။ အဲလိုအေဂျင်စီတွေက ပွဲစားတွေနဲ့ချိတ်ပြီး လုပ်နေကြတော့ ကျန်တဲ့အေဂျင်စီတွေက အလုပ်မရဘူး ဖြစ်နေတယ်''ဟု အထက်ပါ
တာဝန်ရှိသူ က ပြောသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း အေ ဂျင်စီမှ တာဝန်ရှိသူများနှင့် တစ်ဖက် နိုင်ငံမှ လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ နိုင်အောင် ကူညီပေးသင့်ပြီး သို့မှသာ မှန်ကန်သည့် ဈေးကွက်ဖြစ်လာနိုင် မည်ဟု ၄င်းက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးက ''ထိုင်း အလုပ် သမား စေလွှတ်မှု စနစ်က ဆိုးနေတယ်။ ဝန်ကြီးဌာနကလည်း ဒီကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ထားတာမရှိဘူး'' ဟု မှတ် ချက်ပြုသည်။

သို့သော် ယခုကဲ့သို့ အေဂျင်စီ ၁၂ ခုကို ဆိုင်းငံ့လိုက်ခြင်းသည် ရေရှည် အတွက် ကြည့်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း ၄င်းကဆို သည်။ထိုင်းသို့အလုပ်သမားစေလွှတ်ရန် အေဂျင်စီများကို ယမန်နှစ်မှ စ၍ တင် ဒါခေါ်ယူလုပ်ဆောင်စေခဲ့ခြင်းဖြစ် သည်။ ထိုသို့ဆောင်ရွက်ခွင့်ပြုရာတွင် လိုင်စင်ရ ကုမ္ပဏီသည် ပွဲစားများနှင့် ဆက်သွယ်၍ အလုပ်သမားစုဆောင်း ခြင်း၊ စေလွှတ်ခြင်းကို ခွင့်မပြု၊ 
Employment Contract ပါ သတ်မှတ် ထားသည့် အလုပ်နေရာရပိုင်ခွင့် လုပ်ခ လစာများအတိုင်း အလုပ်သမားများ အမှန်တကယ်ရရှိေ အာင် ဆောင်ရွက် ပေးရန်၊ ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ် သမား ပြဿနာဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန် 
အပါအဝင် စည်းကမ်းချက် ၁၃ ချက်ကို လိုက်နာရမည်ဟု ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည်။

မေဇင်ဝင်း
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။