Wednesday, 1 May 2013

'၀'သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့ဟု သတင်းထွက်ပေါ်ခဲ့ပြီး မဟုတ်မှန်ကြောင်း '၀' ဘက်မှ ငြင်းဆို

5.1.2'၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA) သို့ စစ်ရဟတ် ယာဉ် ငါးစင်းပေးပို့ခဲ့ကြောင်း Janes Intelligence ၀က်ဘ်ဆိုက်တွင် ဧပြီ ၂၉ ရက်က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း '၀' ဘက်က ငြင်းဆိုခဲ့သည်။

နွေရာသီ ကာလ ရေသန့် ရောင်းသူများ အလုပ်ဖြစ်နေ

ယခုလို ပူပြင်းလွန်းသော နွေရာသီတွင် အခြား ရာသီများထက် သောက်ရေသည် ပို၍ လိုအပ်ပါသည်။ ချွေးထွက် များခြင်းကြောင့် လည်းကောင်း၊ ငါးခြောက် ကဲ့သို့သော ငန်သော အစား အစာ များကို စားသောက်ခြင်းကြောင့် ခဏခဏ ရေကို သောက်သုံး ကြရပါသည်။

နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်

နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန် ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း အဆိုပါ နှစ်နိုင်ငံက ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထား သည်။
နျူကလီးယား လက်နက်များ နှင့် တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်မည့် အစီအစဉ်များကို ရပ်တန့်ရန် မြောက်ကိုရီးယား နိုင်ငံ၏ ငြင်းဆိုမှုများသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း ၄င်းအစီရင် ခံစာတွင် ဆက်လက် ဖော်ပြ ထားသည်။

ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်နှင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော စတုတ္ထ အကြိမ်မြောက် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော UNSC ဆုံးဖြတ်ချက်များကို  မြောက်ကိုရီးယား နိုင်ငံအနေဖြင့် တင်းတင်း ကျပ်ကျပ် လိုက်နာ ဆောင်ရွက်ရန် ရုရှားနှင့် ဂျပန်နှစ်နိုင်ငံ ခေါင်းဆောင်များက   တောင်းဆိုခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ချမှတ်ခဲ့သော ကြေညာချက်များ အရ သိရသည်။

http://www.myawady.com.mm/allnews/global/item/12552-2013-05-01-09-41-14

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန် ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့ကြောင်း အဆိုပါ နှစ်နိုင်ငံက ပူးတွဲထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထား သည်။

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား
Wednesday, May 01 ,2013 

မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။
 
မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
 
“ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”
 
အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။
 
“နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”
 
နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။
 
“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”
 
အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။

 VOA သတင်းဌာန


နောက်ဆုံးရ ပြည်တွင်း၊ပြည်ပ သတင်းတွေကို အချိန်နှင့် တပြေးညီ သိချင်ရင် myanmar online news ( https://www.facebook.com/myanmaronlinemedianews ) ကို Like လုပ်ထားပါ။

မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့် ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို
ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက် တွန်းပြော ကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေး မှာဖြစ်ပါ တယ်။

ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်

 
ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်
 Wednesday,  May 01 ,2013 

ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီးလမ်းအတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ်ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်းငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်သည့် ကိုရင် အရှင်ပုည (၁၁ နှစ်) ဘ-ဦးမျိုးသည် ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မ၀င်းဝင်းစိန် (၃၄နှစ်) နှင့် ၀င်ရောက်တိုက်မိပြီး သပိတ်လွတ်ကျကာ အဖုံး ကျကွဲသွားသည်။ ယင်းအတွက် အချင်းများကြရာမှ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင် (၆၂နှစ်) သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး မ၀င်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ဗုဒ္ဓဘာသာဝင် ၂၀၀ ဦးခန့်မှ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာကာ လူ ၁၀ ဦးခန့်မှ အုတ်နီခဲများဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြသည်။ ထို့အတွက် ဗလီရှေ့ရှိ ၃×၃ ပေခွဲခန့်ရှိ မှန် ၆ ချပ် ကွဲသွားပြီး လျှပ်စစ်မီတာပုံး နှစ်ပုံးကျိုးပဲ့ ပျက်စီးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးအနီးဆိုင်ခန်း ၂၅ ခန်းအတွင်းရှိ ပစ္စည်းများကို လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ကြသည်။ ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သေနတ်လေးချက် ခြောက်လှန့် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။

မြို့ပေါ် ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံအချို့က ဥက္ကံမြို့ပေါ်ရှိ ဗလီအချို့၊ ဆိုင်ခန်းများနှင့် နေအိမ်များအား အုပ်စုဖွဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း ဥက္ကံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲဇာနည် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းနောက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက် လယ်ကွင်းထဲရှိ ကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဥက္ကံမြို့နယ်အတွင်းရှိ ကျွဲပုန်းကြီး၊ ကျွဲပုန်းလေး၊ ပနီပင်ကျေးရွာတို့တွင် မီးလောင်ကျွမ်းမှုများရှိခဲ့ပြီး ည ၇ နာရီထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ အဆိုပါဒေသသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က သတင်းပေးပို့သည်။
ည ၇ နာရီ အချိန်ထိ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းပဋိပက္ခဖြစ်စဉ်အတွင်း မွတ်စလင်နေ အိမ်အချို့အတွင်းမှ လှောင်ထားသော ဓာတ်ဆီများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒေသ(၂) ရဲကွပ်ကဲမှု ဌာနစုမှူး ရဲမှူးကြီးဇော်ထွန်းအောင်က ''ပြဿနာက ဘာမှမဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဥပဒေဘောင်ထဲကပဲ သည်းခံပြီး ဖြေရှင်းသင့်တယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုနှင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုအား ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်သူများကို လိုက်လံဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ကိုးဦးရှိပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန် ဒဏ်ရာရရှိသူ ခြောက်ဦးကို ဥက္ကံတိုက်နယ် ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ '' ၆ နာရီ ၄၅ မိနစ်လောက်မှာ ဥက္ကံမြို့ပေါ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကျေးရွာတွေဘက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရ၀င်းနိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဥက္ကံမြို့တွင် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဥကံ္ကဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း၊ ကျန်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေနေကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဥက္ကံမြို့၏ ပဋိပက္ခအခြေအနေမှာ တည်ငြိမ်မှု ရရှိသွားပြီဖြစ်ကြောင်း ည ၈ နာရီတွင် ထုတ်လွှင့်သည့် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအရ သိရသည်။
''ကျွန်တော်က ဥက္ကံမြို့မှာ နေလာတာ မွေးကတည်းကပါ။ ဖြစ်စဉ်ဖြစ်ပွားတုန်းက ၀င်ရောက်ဖျက်ဆီးသူတွေထဲမှာ ကျွန်တော်မသိတဲ့လူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်အထင်ကတော့ မြို့ခံအချို့နဲ့ ကျေးရွာတွေက ဒေသခံအများစုလို့ ထင်ပါတယ်''ဟု ဥက္ကံဈေးရှေ့တွင် ကုန်စိမ်းရောင်းချသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတိုင်း တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က    ''အခုချိန်ထိတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေရတုန်းပါပဲ။ လက်ရှိအချိန်မှာ မြို့ပေါ်ကျေးရွာတွေအားလုံး တည်ငြိမ်နေပါသေးတယ်''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ''ကျွန်တော်တို့အနေနဲ့ မြို့နယ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၀ နာရီအချိန်က စပြီး အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတဲ့သူတွေနဲ့ နောက်ကွယ်က လူတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါပြီ''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်က Eleven Media Group သို့ ပြောသည်။

Eleven Media Group


ပဋိပက္ခဖြစ်စဉ်ကြောင့် ဥက္ကံမြို့တွင်းရှိ အပျက်အစီးများကို ဧပြီ  ၃၀  ရက်  ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီး လမ်း အတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ် ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်း ငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Tuesday, 30 April 2013

သမ္မတပေးမယ့် နိုင်ငံ့စွမ်းဆောင်ရည်ဆု

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူလာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတ ရဲ့ နိုင်ငံ့ စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ် လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ယနေ့ ဖော်ပြထားပါတယ်။ 

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီးမှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။ "နေ့စဉ်ရက်ဆက် ဘီယာသောက်သုံးတာ များလာတယ်ဆိုရင် ဘီယာထဲမှာပါတဲ့ အရက်ပမာဏက ကျန်းမာရေးကို ထိခိုက် နိုင်တယ်။ အရက်ပါတယ်ဆိုမှတော့ အသည်းကို ထိခိုက် မယ်၊ ပြီးရင် ကင်ဆာဖြစ်ဖို့ အတွက် ပိုပြီးဖြစ်နိုင်ခြေ ရှိသွား တယ်။"ဟု အလုံမြို့နယ် ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။ ဘီယာသည် ဘာလီစေ့အား ကစော် ဖောက်ထားသည့် အရက်တစ်မျိုးဖြစ်ပြီး ၄င်းထဲတွင် ပါဝင်သောအရက်ပမာဏသည်(၄)ရာခိုင်နူန်းမှ(၁၂)ရာခိုင်နူန်းအထိ
ပါဝင်ကာကစီဓါတ်၊မဂ္ဂနီဆီယမ်၊ဆယ်လင်နီယမ်၊ပိုတက်ဆီယမ်၊
ဖော့စဖောရပ်စ်၊ ဘိုင်အိုတင်နှင့် ဘီတာမင်ဓါတ်များပါဝင်ကြောင်း ဆရာဝန်ကြီး များက ဆိုသည်။ ဘီယာတွင် အရက်ပါဝင်နေခြင်းကြောင့် အသည်းအား ရောင်ယမ်းခြင်း၊ အစာအိမ်အား ရောင်ယမ်း စေခြင်း၊ ပန်ကရိယအား ရောင်ယမ်းစေခြင်း၊ဆီးချိုရောဂါများနှင့် နောက်ဆက်တွဲ ရောဂါများဖြစ်ပေါ် နိုင်ကြောင်းကိုလည်း သိရသည်။ "ကျွန်တော် အရင်ကဆို တစ်နေ့ကို (၃)ခွက်လောက် ပုံမှန်သောက်ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ ဗိုက်ကနည်းနည်း ထွက်လာတယ်။ နေရထိုင်ရလည်း အဆင်မပြေဘူး။ ဟိုရောဂါဖြစ် ဒီ ရောဂါဖြစ်ဖြစ်လာတော့ ဖြတ်လိုက်တယ်။ အခုဆို ဘီယာရဲ့ဆိုးကျိုးလားမသိဘူး ဆီးချိုရောဂါနဲ့ အစာအိမ်တော့ ကိုယ်တွေ့ကြုံလာခဲ့ရတယ်"ဟု ဒဂုံမြိုသစ်မြောက်ပိုင်းမှ ကိုတုံက ပြောသည်။ ဘီယာသောက်သုံးမှုများလာခြင်းကြောင့် ဖြစ်ပေါ်တက်သော ဗိုက်ဆူ (ဘီယာဗိုက်)လာသည့် လက္ခဏာသည် ဘီယာကို မြုံ့သောက်ရင်းဖြင့် အစားများစွာ စားမိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆီဓါတ်များသည် ဗိုက်ပတ်လည်တွင် စုစည်းကာ အ၀လွန်ကဲလာခြင်းဖြစ်ပြီး ၄င်းကတစ်ဆင့် အခြား ရောဂါများသို့ပိုမိုကူးစပ်လွယ်ကူနိုင်ခြင်းကြောင့်
သောက်သုံးသူများအနေဖြင့် ဂရုပြုဆင်ခြင် သောက်သုံးသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောကြားသည်။ ဘီယာသည် ကမ္ဘာတစ်ဝှမ်း ရေပမ်းအစားဆုံး ယမကာဖြစ်ပြီး တစ်နှစ်လျှင် ဂါလံပေါင်း (၃၅)ဘီလီယံ ကျော် ရောင်းချနေ ရကြောင်း ကိုလည်း ဆရာဝန်များမှ ကောက်ယူထားသော စစ်တမ်းများအရ သိရှိ ရပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ အမျိုးသားများပါမက အမျိုးသမီးများပါ သောက်သုံးမှုများလာသည်။

Credit - ယမင်း(မြစ်မခ)
တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီး မှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့
~~~~~~~~~~~~~~~~~~~~~~~~
UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ  ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း
 ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ
 နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။
 
အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

 မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

ပြန်လည်တင်ပြလိုသူများ တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်လည်ဖော်ပြခြင်းသည်းခံပါ။
source: http://www.janes.com/products/janes/defence-security-report.aspx?ID=1065978566

ဓာတ်ပုံ-Photos: Mil Mi-17-1 Aircraft Pictures | Airliners.www.airliners.net

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

စိတ်ဝင်စားစရာ ကောင်းသော တရုတ်ကွန်ဖူးမင်းသမီး အသတ်ခံရမှု

စိတ်ဝင်စားစရာ ကောင်းသော တရုတ်ကွန်ဖူးမင်းသမီး အသတ်ခံရမှု

တရုတ်နိုင်ငံ က မစ်ရှယ်ယိုး လက်သစ်လို့ ကျော်ကြားတဲ့ ကွန်ဖူး မင်းသမီး တစ်လက် အသတ်ခံ ရတဲ့ ဖြစ်စဉ် ကတော့ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အသတ်ခံ ရသူက အသက် ၂၉ နှစ် အရွယ်ရှိ ကွန်ဖူး မင်းသမင်း ပိုင်ကျင်း ဖြစ်ပြီး သတ်သူ ကတော့ သူ့ရဲ့ ခင်ပွန်းသည် ကျိုးချန်ဟိုင်း ဖြစ်သည်။ အသက် ၄၄ နှစ် အရွယ်ရှိ ခင်ပွန်းသည် ကျိုးချန်ဟိုင်း ဟာ ပိုင်ကျင်း ကို ဓားနဲ့ထိုး သတ်ဖြတ် ပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင် သွားတယ်လို့ သိရသည်။

မင်းသမီး ပိုင်ကျင်း ဟာ နာမည်ကျော် ဇာတ်ကား တွေဖြစ်တဲ့ Kung Fu Wing Chun ၊ Three Kingdoms : Resurrection of the Dragon စတဲ့ ဇာတ်ကား တွေမှာ ပါဝင် သရုပ်ဆောင် ခဲ့တဲ့ နာမည်ကျော် မင်းသမီး တစ်လက် ဖြစ်ပြီး အခြား ဇာတ်ကားတွေ ၊ ဇာတ်လမ်းတွဲ တွေမှာလည်း ပါဝင် သရုပ်ဆောင် ခဲ့သည်။ ဒီသတင်းကို ဖော်ပြ ခဲ့တာ ကတော့ တရုတ် တွစ်တာလို့ နာမည်ကြီး တဲ့ Sina Weibo ၀က်ဘ်ဆိုက် ကဖြစ်ပြီး မတ်လ အစောပိုင်းက ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။ မင်းသမီး ပိုင်ကျင်း နှင့် ခင်ပွန်းသည် ကျိုးချန်ဟိုင်း တို့သည် ကာလကြာရှည် အငြင်းပွားမှု ဖြစ်ပေါ် ခဲ့သည်ဟု သိရသည်။ ကျိုးချန်ဟိုင်း ၏ မိခင်ဖြစ်သူ ဇန်န၀ါရီ ၃၁ ရက်က ကွယ်လွန် အနိစ္စ ရောက်ခဲ့ပြီး နောက်ပိုင်း ၄င်းတို့ အိမ်ထောင်ရေး အခြေအနေ သည်လည်း လုံးဝ ပျက်သုန်း ခဲ့ကြောင်း သိရသည်။

ကျိုးချန်ဟိုင်း သည် စတော့ဈေးကွက် ဖြင့် အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး အဲဒီက ရတဲ့ အကျိုးအမြတ် ကြောင့် ဘီလျံနာ တစ်ဦးကဲ့သို့ ချမ်းသာကြောင်း လည်း သိရသည်။ ကျိုးချန်ဟိုင်း တွင် အရင်ဇနီး သည်နှင့် ကလေး တစ်ယောက် ရှိပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ က မင်းသမီး ပိုင်ကျင်း နှင့် လက်ထပ် ခဲ့သည်။ မင်းသမီး ပိုင်ကျင်း ၏ သရုပ်ဆောင် ခရီးလမ်းတွင် ဘီလျံနာ ကျိုးချန်ဟိုင်း က ငွေကြေး မြောက်မြားစွာ ထည့်ဝင် မြှုပ်နှံ ခဲ့သည်ဟု သိရသည်။ အတွင်း သတင်းများ အဆိုအရ ကွန်ဖူး မင်းသမီး ပိုင်ကျင်း သည် အိမ်ထောင်ရေး ဖောက်ပြန် နေကြောင်း ၊ သူမ၏ ချစ်သူ ကောင်လေး အတွက် ခင်ပွန်းသည် ထံမှ ယွမ်သန်း ၂၀ ခိုးယူ ပေးခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် မင်းသမီး ပိုင်ကျင်း သည် ကွာရှင်းရန် ဆင့်ခေါ်စာကို ခင်ပွန်းသည်ထံ ပေးပို့ခဲ့ရာ မှ ယင်းကဲ့သို့ ၀မ်းနည်းဖွယ် ဇာတ်လမ်း ဖြစ်ခဲ့ကြောင်း သိရသည်။ ဇနီးသည် ထံမှ ကွာရှင်းရန် ဆင့်ခေါ်စာ ရရှိအပြီး ကျိုးချန်ဟိုင်း သည် မင်းသမီး ပိုင်ကျင်း နှင့် ထိပ်တိုက် တွေ့ခဲ့ရာမှ ဓားနဲ့ထိုး သတ်ဖြတ် ခဲ့ပြီး သူကိုယ်တိုင် လည်း ကိုယ့်ကိုယ်ကို အဆုံး စီရင် ခဲ့တာ ဖြစ်ကြောင်း သတင်းများက ဖော်ပြ ခဲ့သည်။ ယင်းအမှုကို တရုတ် အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်းလည်း သိရှိရသည်။

(ဘုန်းပြည့်သုတ)

တရုတ်နိုင်ငံ က မစ်ရှယ်ယိုး လက်သစ်လို့ ကျော်ကြားတဲ့ ကွန်ဖူး မင်းသမီး တစ်လက် အသတ်ခံ ရတဲ့ ဖြစ် စဉ် ကတော့ အလွန်ပဲစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အသတ်ခံ ရသူက အသက် ၂၉ နှစ် အရွယ်ရှိ ကွန်ဖူး မင်းသမင်းပိုင်ကျင်း ဖြစ်ပြီး သတ်သူကတော့ သူ့ရဲ့ခင်ပွန်းသည် ကျိုးချန်ဟိုင်း ဖြစ်သည်။ အသက် ၄၄ နှစ် အရွယ်ရှိ ခင်ပွန်းသည် ကျိုးချန်ဟိုင်းဟာ ပိုင်ကျင်းကိုဓားနဲ့ထိုးသတ်ဖြတ် ပြီးနောက် သူ့ကိုယ်သူလည်း အဆုံးစီရင် သွားတယ်လို့ သိရသည်။

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ
Tuesday,April30,2013

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူ ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေကြောင့် ESCAP အဖွဲ့ရဲ့ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ESCAP အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်က ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ အာရှနဲ့ ပစိဖိတ် ဒေသ သဘာဝဘေးဒဏ် ကာကွယ်တိုက်ဖျက်ရေး၊ စီးပွားရေးအကြပ် အတည်းနဲ့ စိန်ခေါ်မှု အခက်အခဲကိစ္စတွေကို အလေးထားဆွေးနွေး ခဲ့ကြပါ တယ်။

RFA

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်း အဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံ ရယူ ခဲ့ပါတယ်။

"ပြိတ္တာအကြောင်း တစ်စေ့တစ်စောင်း…"

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသား တင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့

ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက်



Photo: ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက် 
Tuesday,April30,2013

ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက်သွားပါတယ်။
 
တိုက်ခိုက်မှုဟာ မြို့တော်ရဲ့မြောက်ပိုင်း Mazzeh မြို့နယ်အတွင်း ဒီကနေ့ တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပေမဲ့ ၀န်ကြီးချုပ်ကတော့ တစုံတရာ အနာတရမရရှိဘဲ လွတ်မြောက်သွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။
 
သတင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲမှုလို့ သုံးနှုံးသွားပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်စေဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အတိုက်အခံတွေကို အစိုးရအာဏာပိုင်တွေဘက်က အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။
 
Damascus မြို့တော်ရဲ့ Mazzeh မြို့နယ်အတွင်းမှာ ထိပ်တန်းအစိုးရအရာရှိတွေ အများအပြား နေထိုင်ကြပါတယ်။ 
VOA
ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက် သွားပါ တယ်။

မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်

Photo: မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
=====================================

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။

( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။

( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။

( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။

( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ။

( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။

( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊
ပြင်ဆင်ထားသော်လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။

http://on.fb.me/14bZP6P

သော်တာမောင်

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

Monday, 29 April 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Monday, April 29, 2013 

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ၀န်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြသွားခြင်း ဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံ အစိုးရအိမ်တော် Grand Hall တွင် ကျင်းပနေသော အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည် အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသားတိုင်းက အစိုးရများနှင့် ခေါင်းဆောင်တိုင်းအပေါ် မျှော်လင့်ချက် မြင့်မားကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုသည်။

အဂတိလိုက်စားမှုသည် ရှုပ်ထွေး နက်ရှိုင်းပြီး အလွှာအသီးသီး၌ ပြဿနာအဖြစ် တည်ရှိနေသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် နိုင်ငံတော်၏ ခွန်အား ယုတ်လျော့စေပြီး တိုင်းပြည် စီးပွားရေးကိုလည်း ဆုတ် ယုတ် စေကြောင်း အဓိကထား ဆွေးနွေးသွားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် လူထု ယုံကြည်မှု ကျဆင်းစေပြီး တန်းတူညီမျှ အခွင့် အရေးများအပေါ် ထိခိုက်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က“နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေပဲ ဖြစ် တယ်”ဟုလည်း ပြောဆိုသွားသည်။

နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ ညီလာခံ တက်ရောက်လာသူများကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြ သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆို ဆွေးနွေးခဲ့ကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် ဒီမိုကရေစီအား ခြိမ်းခြောက်မှု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အွန်လိုင်းနှင့် ပုံနှိပ် မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများနှင့် ဒီမိုကရေစီ စံနှုန်းများ၊ သင်ခန်းစာများ စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ရလာသော်လည်း လက်ရှိအခြေအနေများကို မျက်ကွယ်မပြုသင့်ကြောင်း၊ တိုင်းရင်းသား ပဋိပက္ခများ မြန်မာနိုင်ငံတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကြေ ညာ ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“တိုင်းပြည်အပေါ် အာရုံစိုက်ခံလာရချိန်မှာ ကျမတို့ လက်ရှိအခြေအနေကို မျက်ကွယ်မပြုသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမို ကရေစီ အရေးကို ကျမတို့ ကာကွယ်သွားသင့်တယ်။ အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခက ရှိနေဆဲပဲ”ဟုလည်း ဒေါ်အောင်ဆန်း စုကြည်၏ ကြေညာချက်တွင် ဖြော်ပထားသည်။

အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မွန်ဂိုလီးယားနှင့် မြန်မာတို့မှာ အခြေအနေ ဆင်တူသည်များရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မွန်ဂိုလီးယားနဲ့မြန်မာဟာလည်း ဥပမာအားဖြင့် အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံရှိတာလည်း အတူတူပါဘဲ၊ ကျမတို့ ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်။ မွန်ဂိုလီးယားရဲ့အတွေ့အကြုံတွေလည်း ကျမတို့ သင်ခန်းစာယူကြရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းကို မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် ၂ နှစ် က ယခုကဲ့သို့ ညီလာခံမျိုးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီဒီယို မိန့်ခွန်းသာ ပေးပို့နိုင်ခဲ့ပြီး ယခုနှစ် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အတွက် လွန်စွာ ၀မ်းမြောက်ကြောင်း ထည့်သွင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှုများကြောင့် ယခုနှစ် အတွက် Geremek Award ဆုကို ပေးအပ်ရန် ညီလာခံက ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။

မွန်ဂိုလီးယား သမ္မတနှင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ ဦး တွဲဖက်၍ ဧပြီလ ၃၀ ရက် နေ့တွင် အစိုးရ အိမ်တော်၌ “Mongolia and Myanmar: Freedom and Path Toward Democracy” ခေါင်းစဉ်ဖြင့် ဟောပြောရန် ရှိကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညီလာခံသို့ တက်ရောက်ရန် ဧပြီလ ၂၇ နေ့ ည ၁၂ နာရီခန့်က ရန်ကုန်မှ ထွက်ခွာခဲ့ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ ညီလာခံ၌ ယနေ့ ပြောဆို ရှင်းလင်းနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – infomongolia.com)

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။

မူစယ်အိမ်ရာစီမံကိန်း ကုမ္ပဏီနှင့် ပြည်သူ့စစ် ပဋိပက္ခဖြစ်ပွား

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည်(မြောက်ပိုင်း) မူစယ်မြို့အိမ်ယာမြေ စီမံကိန်းဧရိယာအတွင်း နယူးစတားလိုက် ကုမ္ပဏီမှ မြေညှိလုပ်ငန်းဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ လာရောက်တားဆီးခဲ့သဖြင့် နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည်များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား အလုပ်သမားများသည် ကေဆုန် ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။
ကေဆုန် ပူးတွဲစက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းခဲ့မှု အပေါ် ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ်ခဲ့ ပြီးနောက် တောင်ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ၏ အစောပိုင်းက ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အလုပ်သမား ၁၁ ဦးခန့်သည် ကေဆုန် စက်မှုဇုန်မှ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် စတင် ထွက်ခွာ ခဲ့ပြီး ယင်းနေ့ နှောင်းပိုင်းတွင်လည်း အလုပ်သမား ၁၁၆ ဦး ထပ်မံ ထွက်ခွာခဲ့ကြောင်း သိရသည်။
ကေဆုန် စက်မှုဇုန်တွင် ဧပြီ ၂၆ ရက်က တောင်ကိုရီးယား အလုပ်သမား ၁၇၅ ဦးခန့် ရှိနေပြီး ဧပြီ ၂၇ ရက်တွင် အလုပ်သမား ၁၂၇ ဦး စတင် ထွက်ခွာခဲ့ပြီးနောက် ကျန်ရှိနေသော အလုပ်သမား များသည် ဧပြီ ၂၉ ရက်တွင် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံတောင်ပိုင်းရှိ ပြုံဂန်ပြည်နယ် နမ်ဖိုမြို့ အနီးတွင် လေ ယာဉ်နှင့် အမြောက်တပ်ဖွဲ့များ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ထောက် လှမ်းရေး သတင်း အချက် အလက်များ အရ သိရကြောင်း တောင်ကိုရီးယား အစိုးရ ဘက်မှ အရာရှိ တစ်ဦးက ပြော ကြားခဲ့ကြောင်း သိရသည်။ 

 

http://bit.ly/13FkgYp

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည် များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လုပ်ဆောင်ရန်စီစဉ်နေစဉ် အတွင်း တောင် ကိုရီးယား အလုပ်သမားများသည် ကေဆုန်ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာ ခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်များ၏ ပြောကြားချက်ကိုကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ သမ္မတများ

Photo: မြန်မာနိုင်ငံ၏ သမ္မတများ
Monday,April 29 , 2013

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။
https://www.facebook.com/sanay.minthar

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ် လူသိများ လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ



Photo: ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ 
Monday,April 29 , 2013

ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။
 
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါပြီ။
 
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း   ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
VOA
ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ် နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက် အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ ငွေဒင်္ဂါးပြားများတွေ့ရှိ

၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊ ကျောက် ရဲ ကျေးရွာ အောင်ဇေတ၀န်ထန်းတောကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဆောက် လုပ်ရန် ကျောင်း ထိုင် ဆရာတော်ဦးစီး၍ ရွာသား(၉)ဦးဖြင့် ကျောင်းဆောင်ဟောင်း၏(၂၅)ပေခန့်အကွာတွင် မြေကျင်း တူးရာ (၉)လက်မခန့်အရောက်တွင် ၁၈၆၂ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းရှိ ငွေဒင်္ဂါးပြား ၂၀၆ ပြား ကို မြေ အိုးဖြင့်ထည့်လျက် တူးဖော်တွေ့ရှိခဲ့သည်။

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ


Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

မန္တလေး၊ ဧပြီ ၂၈
 MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 ``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ 
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
 ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။
 ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ
 စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
 ``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန် 
စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။
 နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် 
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
 လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီး 
ရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။စိုင်းလမင်း
MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။