Tuesday, 23 April 2013
ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြသည်။
မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး
မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ
များအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ
ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင်
ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊
ဒုံကုန်းကျေးရွာမှ ဦးဇင်း ဦးသောဘိတ (သက်တော် ၄၅ နှစ်) သည်
မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ
ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က
သတ်ဖြတ်ခဲ့ ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။
အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊
မျိုးဝင်း(ခ)ဒါဂျိဂန်း ၊ ဇော်ထက်နိုင် ၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊
ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလ မန်၊ လတ်ကျော်နိုင် ၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများ အဖြစ် တရား စွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး
ဦးအေးလွင်မှ ကြားနာစစ်ဆေး ခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေ ခြောက်ဦး၊ တရားလိုအကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါ ၀င်ကြောင်း သိရသည်။
ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး
နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က
အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး
နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က
အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
Monday, 22 April 2013
Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော
အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို
တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး
ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ
နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ
အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့
ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ်ထုံထိုင်းစေတဲ့ အရာတွေ ကို
အလွန်အကျွံ သုံးစွဲမှီဝဲ တတ် သူဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်ရောက်ရှိ
တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာမြို့နယ်၊......ရပ်ကွက်ဖြစ် ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူ စရာကောင်း တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။
ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်
(၂၂)
ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက
ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက်
ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ

"melittin" အမည်ရှိ ပျားအဆိပ်တစ်မျိုးသည် HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်းကျင်ရှိ အခြားဆဲလ် များကို ထိခိုက်စေခြင်းမရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။
Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့ လည်း
စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း
ထိပ်တန်းရဲ အရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား
သောကြာနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို
အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS
ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့ လည်း
စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း
ထိပ်တန်းရဲ အရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား
သောကြာနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို
အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS
ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊
Subscribe to:
Posts (Atom)











