Saturday, 30 March 2013
အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊
စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က
သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့
သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော
ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက် စပ်ပြီး တာဝန်ရှိသူတွေက
ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့ကအမိန့်ပေးညွှန်ကြားလိုက်
ပြီးနောက်မှာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောလိုက်တာဖြစ် ပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား
မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
Friday, 29 March 2013
နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
''ဆက်သွယ်ရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက်
ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း
မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း
အစည်းအဝေး တွင် ပြောကြား ခဲ့သည်။
ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်
နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း
မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက
ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန်
စီစဉ်နေကြကြောင်း
စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ်
တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့်
ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်
နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်
အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား
ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြား လိုက်ပါတယ်။
မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊
ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ
အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော် မှုတွေ ဖြစ်ပွားခဲ့တာနဲ့
ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။
ဆရာတော်ကြီးက“မည်သည့်အကြောင်းကြောင့်
အကြမ်းဖက်သည်ဖြစ်စေ တို့ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။ ဘယ်လူမျိုးက
ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာပြီး အေးအေးချမ်းချမ်းနဲ့ လူမျိုးတိုင်း ကို
စောင့်ရှောက်ကြဖို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။
မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ
မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ ။"ဈေး ဖွင့် ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ သတင်းများနှင့် စပ်လျဉ်း၍
မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ
မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ
ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့
အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင် က ဖြစ်ခဲ့တဲ့ လူမျိုးရေး
ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သ က်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံ စိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင် စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေး အဖွဲ့ တွေက
လုံခြုံရေး ယူထား ပြီး အခြေအနေဟာတည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့
ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ် တယ်လို့ မိထ္ထိလာမြို့ခံတွေ က ပြောပါတယ်။
ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော
ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက်
ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား
သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊
ဒေသအသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး
ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊
ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်တာဝန်ရှိသူများမှ ပဠိပက္ခများ
အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား
ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေ ရှင်းရာတွင်
ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။
ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထိပါးတဲ့ လုပ်ရပ်မှန်သမျကို
မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့
သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့
အသံလွှင့် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့
ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ် သားစွာ ဆောင်ရွက်ကြဖို့
မှာကြားသွားပါတယ်။
ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ
ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN
အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။
ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦး ဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက် ဆုံးနေ တယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြား ထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုရဲမင်းဦးရဲ့အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။
Subscribe to:
Posts (Atom)















