Tuesday, 26 March 2013

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့ တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား



Photo: မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့
တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား
Tuesday, March 26, 2013

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗလီကျောင်း တစ်ခုမှာ
လည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက်ရှိပြီး ဒေသခံလူများမှာမူ နောက်ဆက်တွဲ ပြဿနာ
များ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင်ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာ
ဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဈေးဆိုင်ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်း
ဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များ ဆက်တိုက် ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညက လည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန်
အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ 

လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေ
သူများကို ဖမ်းဆီး ရမိခြင်း မရှိသေးဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှစတင်ပြီး
 ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေ
သကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ၂၆ ရက်နေ့
ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

Eleven Media Group ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်း မကြီးပေါ် ရှိ ဗလီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ


 Photo: သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ 
ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ
Tuesday, March 26, 2013

သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ
လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု
ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည် 
တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင်
ဆိုင်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်း
သူလေးကို ကျောင်းကြိုကျောင်းပို့ ဘေးတွဲ ဆိုက်ကယ်မောင်းနှင်သူ ကိုပြည့်
ဖြိုးအောင် အသက်၂၂ မှ ကျောင်းဆင်းချိန်တွင် အိမ်သို့ပြန်လည် မပို့
ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေယာဉ်ကွင်းဟောင်း ရှိရာနေရာသို့
 ခေါ်ဆောင်သွားကြောင်း၊ ယင်းလေယာဉ်ကွင်းပျက်အနီးတွင် အထက (၁)
 ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့ စတုတ္ထတန်းကျောင်း
သူလေးအားခေါ်ဆောင်သွားပြီး တရားခံ ကိုပြည့်ဖြိုးအောင်က နောက်ဆိုရင် နင်နေရမယ့်ကျောင်းကိုပြမည်ဟုဆိုကာအုတ်တံတိုင်းတဖက် ကျောင်းအ
တွင်းဘက်သို့ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာကြောက်ရွံ့ ကာ 
နေအိမ် သို့ပြန်ပို့ရန်ပြောဆိုသောအခါ ဆိုက်ကယ်ရှိရာ သို့ပြန်လည် ခေါ်ဆောင်ကာ၊ ဆိုက်ကယ်ပေါ်တွင် ကလေးအားထိုင်ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ်အနှံ့ ကို ပွတ်သတ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊
 ကလေးမှာ ကြောက်လန့်ငိုယိုကာ အိမ်သို့သာ ပြန်လည်ပေးပို့ရန်
 ပြောဆိုနေသဖြင့် နောက်ဆုံးတွင်အိမ်သို့ပြန်လိုက်ပို့ ခဲ့ကြောင်းသိရ
သည်။.

“အရင်တုန်းကဆိုရင် ၃နာရီ ကျောင်းဆင်းရင် အိမ်ကို ၃နာရီ ၁၅
လောက် ဆိုရောက်ပြီ၊ အဲ့နေ့က ၄နာရီထိုးခါနီးလောက်မှ ပြန်
ရောက်တယ်။ ဆိုက်ကယ်ဘေးတွဲ မောင်းတဲ့သူက အရင်ဆို 
လမ်းထိပ်မှာပဲ ကလေးကို ဆင်းခိုင်းတာ အဲ့နေ့က အိမ်အထိ 
လိုက်ပို့တယ်။ ပြီးတော့ ဆိုက်ကယ်ပျက်လို့ နောက်ကျသွားတာပါ 
တောင်းပန်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောတယ်။ 

ကလေးကလည်း ငိုမဲ့မဲ့ဖြစ်နေတယ်။ ပြီးတော့ အဲ့လူက မပြန်ပဲ အိမ်နား
မှာ ၀ဲလည်ဝဲလည် လုပ်နေတယ်။ ဒါနဲ့ ကလေးကို မေးကြည့်တော့မှ
 အကုန်သိရတယ်။
 
အဓမ္မကျင့်ဖို့ပဲကြံတာ အထမမြောက်ဘူး ဆိုတော့မှ ကျွန်တော်တို့လည်း 
စိတ်အေးရတယ်” ဟု စတုတ္ထန်း ကျောင်းသူလေး၏ ဖခင်က ပြောကြား
သည်။

ထိုဆိုက်ကယ် ဘေးတွဲမောင်းနှင်သူ ကိုပြည့်ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲတွင် နေထိုင်သူဖြစ်သဖြင့် နောက်နောင်တွင် တခြားသော 
ကလေးများကို အဓမ္မပြုကျင့်ရန် ကြံစည်မှုများ မဖြစ်စေရန်နှင့် 
ဆုံးမနိုင်ရန် ကိုပြည့်ဖြိုးအောင်၏ မိဘများထံသို့ သွားရောက်ကာ အဖြစ်အပျက်ကို ပြောကြားရာ မိဘများမှာ လက်မခံနိုင်ပဲ “ကလေးပြောတိုင်း
လျှောက်မယုံနဲ့” ဟုပြောကြားကာ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်ကို ထိုးကြိတ်ကျကြောင်း၊ ထို့ကြောင့် သထုံမြို့ နယ် ရဲစခန်းသို့ သွားရောက်ကာ ကိုပြည့်ဖြိုးအောင်၏ လုပ်ရပ်အပေါ် ခေါ်ယူဆုံးမပေးရန် တိုင်ကြားခဲ့ရာ 
စခန်းမှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့်အတွက် ကိုပြည့်ဖြိုးအောင်ကို 
ခေါ်ယူ စစ်ဆေးခဲ့ရာ ၀န်ခံသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့် 
အမှုဖွင့်ခဲ့ကြောင်း၊ ထိုသို့အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် တရားခံ 
မိသားစု ဘက်မှ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်အား ပုဒ်မ၄၅၁ 
ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ၃၂၃ နာကျင်စေမှုတို့ဖြင့် ပြန်လည် အမှုဖွင့်ခြင်းကို 
ခံရကြောင်း သိရသည်။

“ကျွန်တော် သူတို့ အိမ်ကို သွားတုန်းကလည်း ၀င်ခွင့်တောင်းပြီး
မှ ၀င်တာပါ။ ကိုယ်ထိလက်ရောက်လုပ်ဖို့ မပြောနဲ့ လက်နဲ့တောင် 
မရည်ရွယ်ခဲ့ပါဘူး။ သူတို့သားကို နောက်နောင်ဒီလို အပြုအမူမျိုးတွေ 
မလုပ်အောင် မိဘတွေ အနေနဲ့ သွန်သင်ဆုံးမနိုင်အောင် သွားပြီး 
ပြောတာပဲရှိတာပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သူတို့
ဘက်က ကျူးလွန်တာပါ။ ကျွန်တော် အခု အမှုဖွင့်တယ် ဆိုတာ
ကလည်း စခန်းမှူးက အဓမ္မပြုကျင့်တဲ့ အဆင့်ကို ကျူးလွန်လို့ 
မရလိုက်ပေမယ့် အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြစ်မှုမြောက် 
တယ် ဆိုလို့ပါ။ ကျွန်တော့်ကို တကယ်ထိုးတာကိုတောင် 
ကျွန်တော်က အမှုမဖွင့်ခဲ့ပါဘူး။ သူတို့ဘက်ကနေ ကျွန်တော့်ကို 
အမှုဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တိုင်တဲ့ နေ့ကတည်းက တိုင်
လို့ရတယ်။ သူတို့လာတောင်းပန်တာကို ကျွန်တော်က လက်မခံလို့ 
လေးရက်လောက်နေမှ အမှုကို ဖန်တီးပြီးဖွင့်တာ။” ဟု စတုတ္ထတန်း
ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။

“ကလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်လို့ ပြစ်မှုမြောက်လို့ အမှုဖွင့်
ပေး လိုက်တာပါ။ ဟိုဘက်က မိဘတွေက ဆေးစာတွေနဲ့ သူတို့ 
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်လို့ ပြန်ပြီးတိုင်ကြား 
လာတဲ့အတွက် ကလေးရဲ့ ဖခင်ကို အမှုပြန်ဖွင့်လိုက်တာပါ။ ဥပဒေ
အတိုင်းပဲ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ပေးတာပါ။”ဟု 
သထုံမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါ စတုတ္ထတန်း ကျောင်းသူလေးနှင့် သူမ၏ ဖခင်တို့ ရင်ဆိုင်
နေရသော အမှုများကို ဖြေရှင်းရန် ရှေ့ နေမငှားရမ်းနိုင်သည့်အတွက် 
အစိုးရရှေ့ နေနှင့် အမှုကို ဖြေရှင်း နေရသော်လည်း ထိရောက်မှုမရှိ 
ဖြစ်နေကြောင်း၊ သထုံမြို့ တွင် ယခုကဲ့သို့ အသက် မပြည့်သေးသူ 
ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုများစွာရှိပြီး ကလေးမိဘများမှာ အမှုမဖွင့်ရဲကြပဲ ငွေကြေးညှိုနှိုင်းခြင်းများဖြင့်သာ ပြီးဆုံးသွားသည်က 
များကြောင်း၊ ထိုသို့ အမှုမဖွင့်ပဲ ထားသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူများမှာ ပိုမိုအတင့်ရဲလာခြင်း ဖြစ်သောကြောင့် 
အမှုဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏ 
ဖခင်ကပြောကြားသည်။

“သထုံမှာက ဒီလိုအမှုတွေ အများကြီးပဲ။ တရားစွဲရင်လည်း အချိန် 
အကြာကြီးဆွဲပြီး စစ်တယ်။ နောက်ဆုံး ငွေနဲ့ ညှိုနှိုင်းတာနဲ့ပဲ ပြီးသွား
တာက များတယ်။ တချို့ ကလေးတွေဆိုရင် ဖားကန့်က အနှိပ်ခန်း
တွေကို အပို့ခံရတာတွေတောင်ရှိတယ်။ ခံလည်း ခံရသေးတယ် ပြီးရင်
ငွေရှိတဲ့လူတွေကပဲ နိုင်သွားတာက များနေတယ်” ဟုလည်း စတုတ္ထတန်း
ကျောင်းသူ၏ ဖခင်ကထည့်သွင်းပြောကြားသည်။

ဆုဝေ
The Myanma Age

သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်တရားစွဲဆိုမှုတွင် လေး တန်းကျောင်းသူလေး၏ ဖခင်မှာ ရင်ဆိုင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထ တန်း ကျောင်းသူလေးကို ကျောင်း

အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ



Photo: အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ
Tuesday, March 26, 2013

အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။
အစား အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန်
တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာ
ရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။

အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်
ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်
ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေး
ဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့ အစားအစာ
တွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။

သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်း တွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်
အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။

ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ

အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း
ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် 
ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။

ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက
နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်
ဝတ်အိပ်ပါ။

အအိပ်ကို ဦးစားပေးပါ

အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ 
ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။

လှပစေရန် အိပ်ပါ

သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေပြီး အိပ်ပျော် စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှ စပြီး ကဖင်းကို
ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေး
ကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း က
ဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။

ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ်ပါ စေနဲ့

သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။

ဒေါက်တာခင်မိုးမိုး
Myawady Newsအသက်ရှင်ရန် အိပ်ပါ
အသက်ရှင်ဖို့ အစာစားရသလို အိပ်တာဟာလည်း အရေးကြီး ပါတယ်။ အစားအစာချိုတဲ့ရင် ဖြစ်တတ်သလိုမျိုး အအိပ်ချို့တဲ့တဲ့ တိရစ္ဆာန်တွေ ဟာ နှစ်ပတ်မှ သုံးပတ်အတွင်း သေဆုံးသွားတယ်လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ

နေ့စဉ် သတင်းစာ ၈ စောင် ထပ်မံခွင့်ပြု၊ ယှဉ်ပြိုင်မှုနှင့် စိန်ခေါ်မှု များမည်



ချင်းမိုင်(မဇ္စျိမ)။ ။ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထားသူများ အနက်မှ ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်


Photo: မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်
Tuesday, March 26, 2013

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့   မြန်မာပြည်က 
လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီး 
နေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။ 

“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။ 

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။ 

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င်
ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြောပါ တယ်။ 

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက် ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိကိုလည်း ပြန်လည် ပြုစု ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။ 

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်
တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြား 
ပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ 

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင် 
၃ သိန်းခွဲလောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက်လာတာပါ။

ဓာတ်ပုံ- arabnews.com
အိမ့်သံစဉ် 
ဧရာဝတီ

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်ကလူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင် ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြားလိုက် ပါတယ်။
“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲကတခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်းအနားတခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေ နဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

ဗဟိုအာဖရိက သမ္မတ ကမ်မရွန်းမှာ ခိုလှုံ


Photo: ဗဟိုအာဖရိက သမ္မတ ကမ်မရွန်းမှာ ခိုလှုံ
Tuesday, March 26, 2013

ဗဟို အာဖရိက  သမ္မတ နိုင်ငံ  သမ္မတ ဖရန်ဆွာ ဘိုဇီဇေးကို အိမ်နီးချင်း ကမ်မရွန်း နိုင်ငံမှာ ယာယီ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ကမ်မရွန်း အစိုးရ က ပြောကြား လိုက်ပါတယ်။

မစ္စတာ ဘိုဇီဇေးဟာ ဟာ ကွန်ဂို ဒီမိုကရက်တစ်  သမ္မတ နိုင်ငံကို ထွက်ပြေး သွားတာလို့ စောစော ပိုင်းက သတင်းတွေ ထွက်နေ ခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ   

သမ္မတ ဘိုဇီဇေးရဲ့ မိသားစုတွေ ကတော့ ကွန်ဂို ဒီမိုကရက်တစ်  သမ္မတ နိုင်ငံကို ထွက်ပြေး သွားကြတာ ဖြစ်ပါတယ်။

မြို့တော် ဘန်ဂီကို တနင်္ဂနွနေ့က သူပုန်တွေ ထိန်းချုပ် လိုက်ပြီးနောက်  သမ္မတ ဘိုဇီဇေး တိုင်းပြည် ကနေ ထွက်ပြေး သွားခဲ့ရတာ ဖြစ်ပါတယ်။

အာဖရိက သမဂ္ဂ ကတော့ အခုလို အာဏာသိမ်း လိုက်တာကို ရှုတ်ချ လိုက်ပြီး၊ ဗဟို အာဖရိက  သမ္မတ နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့
ထား လိုက်ပါတယ်။

မြို့တော် ဘန်ဂီကို သူပုန်တွေ အာဏာ တက်သိမ်း တုန်းက အစိုးရ ဘက်ကနေ ကာကွယ် တိုက်ခိုက် ပေးခဲ့တဲ့ တောင်အာဖရိက နိုင်ငံက စစ်သား အနည်းဆုံး ၁၃ ဦး သေဆုံး သွားပြီး စစ်သား ၃၀ နီးပါး ဒဏ်ရာ ရရှိ သွားတယ်လို့ တောင်အာဖရိက  သမ္မတ ဂျက်ကော့ ဇူးမား က ပြောကြား လိုက်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ၁၉၉၄ ခုနှစ်က စလို့ ဒီမိုကရေစီ ရရှိ ခဲ့ပြီး နောက်ပိုင်း အခုလို စစ်သားတွေ ဆုံးရှုံး ရမှုမှာ ဒါ အများဆုံး
ဖြစ်ပါတယ်။

သူပုန်တွေ ကတော့ ဇန်နဝါရီလက သဘောတူ ထားခဲ့တဲ့ ငြိမ်းချမ်းရေး
သေဘာတူညီချက် အရ အစိုးရနဲ့ အာဏာ မျှဝေရေးကို ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမယ် လို့ ပြောပါတယ်။

မြို့တော် ဘန်ဂီကို သူပုန်တွေ ထိန်းချုပ် လိုက်ပြီး နောက် သမ္မတ ဘိုဇီဇေး တိုင်းပြည် က ထွက်ပြေး 

BBC

ဗဟို အာဖရိက သမ္မတ နိုင်ငံ သမ္မတ ဖရန်ဆွာ ဘိုဇီဇေးကို အိမ်နီးချင်း ကမ်မရွန်း နိုင်ငံမှာ ယာယီ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ကမ်မရွန်း အစိုးရက ပြောကြား လိုက်ပါတယ်။

မိတ္တီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ



Photo: မိတ္တီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ 

မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ  ရောက်ရှိလှူဒါန်းနေကြပါတယ်။

မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေ သယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့အာရှအလင်းရောင်ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူပစ္စည်းတွေကို ဘာသာရေးခွဲခြားမှူမရှိပဲ နှစ်ဖက်လုံးကို  ပေးအပ်သွားမယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။ 

“အခုလို မိတ္ထီလာကို လာရတာက ပြီးခဲ့တဲ့ရက်ပိုင်းက အခင်းဖြစ်လိုက်တဲ့နေရာမှာ ဒုက္ခရောက်သွားတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတွေရော အစ္စလာမ်ဘာသာဝင် မြန်မာတွေရောပေါ့နော်၊ သူတို့အတွက် တတ်နိုင်သလောက် အလှူအတန်းတွေလာပြီးတော့ လုပ်ပေးတာပါ၊ လှူလိုက်တာကလည်း မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံက လှူလိုက်တာပါ၊ အထူးသဖြင့်  အစ္စလာမ်ဘာသာဝင်တွေက ဘုန်းကြီးတို့ကို ပိုပြီးတော့လှူတာတွေ့ရပါတယ်၊ ဒါတွေကိုလည်း ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘယ်ဘာသာမဆို ဘုန်းကြီးတို့က လှူဒါန်းပေးမှာပါ”

မိတ္ထီလာမြို့ခံ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မကျီးကုန်း၊ သမုန်းကုန်း၊ မင်္ဂလာဇေယုံကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ဆန်၊ ရေသန့်ဘူး၊ မိုးကာ၊ စောင်၊ အ၀တ်အစားတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအဓိကရုဏ်းကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီး၊ ဒေသခံ ၉၆၀၀ ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်းတွေကို ခရိုင်အားကစားကွင်း၊ အမှတ် (၁) အထက်တန်းကျောင်း၊ ပညာရေးကောလိပ်စတဲ့ နေရာတွေမှာ အာဏာပိုင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကိုတော့ မကျီးကုန်းကျောင်း၊ သမုန်းကုန်းကျောင်းစတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြပါတယ်။ မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေ ကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ ရောက်ရှိလှူဒါန်းနေကြပါတယ်။
မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေသယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့ အာရှအလင်းရောင်ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူ ပစ္စည်းတွေကို ဘာသာရေးခွဲခြားမှူ မရှိပဲ နှစ်ဖက်လုံးကို ပေးအပ်သွား မယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

Monday, 25 March 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ


Photo: မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)

အိုင်တီပညာရှင်များ ပါဝင်သောအထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင် ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို



လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို
Monday, March 25, 2013
 
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်
တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun) က လားရှိုးမြို့တွင်တွေ့ဆုံ
ဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန် လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ 
မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။


မဇ္ဈိမ ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ် တောင်း ဆိုကြောင်း Shan Herald Agency for News (SHAN) သတင်း တရပ်တွင်ဖေါ်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက် ဆိုက်ဘာ တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.ministryofinformaiton.gov.mm မှာ အွန်လိုင်း တိုက်ခိုက်မှုခံလိုက်ရသောကြောင့် ပြန်လည်ပြင်ဆင်နေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင်ရေးသားထားသည်။
 

"သမ္မတဦးသိန်းစိန် တရုတ်ပြည်အလည်အပတ်ခရီးသွားရောက်မည်"



တရုတ်သမ္မတသစ် ရှီကျင့်ပင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ သွားရောက်စဉ်အတွင်း ဧပြီ ၆ ရက်မှ ၈ ရက်နေ့အထိ ဟိုင်နန်တွင် ကျင်းပမည့် နှစ်လည်အာရှ ကွန်ဖရင့်ဘိုအားအို ဖိုရမ်သို့လည်း တက်ရောက်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)


၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်

၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို



ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန် ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ


ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ
Monday, March 25, 2013

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး
သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ
ကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်
တက္ကသိုလ် သုတေသီများကဆိုသည်။

Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်
တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြ
သည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါ
များအပါအဝင် ရောဂါ(၂ဝ)မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြု
လုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော်နိုင်
သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေ
ရန်ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်
ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်
များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး
(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

သီဟ
Health Updates Journal

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ ကို ကာကွယ် နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် သုတေ သီများ ကဆိုသည်။
Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြသည်။

မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများတွေ့ရင်ဖြစ်ဖြစ် ဆူပူမှုတွေ ဖြစ်လာရင် အရေးပေါ်ဆက်သွယ် ဆက်သွယ်လိုက်ပါ


Photo: မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများတွေ့ရင်ဖြစ်ဖြစ်
ဆူပူမှုတွေ ဖြစ်လာရင် အရေးပေါ်ဆက်သွယ် ဆက်သွယ်လိုက်ပါ
။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ်

ပြည်ထဲရေးဝန်ကြီးဌာန
၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀

***********************************************

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇

၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈

၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉

၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁

၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁

၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂

၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃

၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄

၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅

၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅

၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆

၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀

၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈

၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉

၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉

၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈

၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅

၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇

၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂

၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁

၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉

၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂

၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃

၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂

၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄

၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂

၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆

၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃

၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁

၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃

၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆

၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇

၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄

၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁

၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂

၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃

၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄

၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅

၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄

၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄

၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆

၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅

၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅

၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉

၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄

၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁

၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇

၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃

၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆

၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄

၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉

၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀

၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄

၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄

၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉

၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉

၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃

၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Hmuu Zaw

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ်

“ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”



Photo: “ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21275 ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကိုသတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
အသက်(၁၉)နှစ်ရှိ သံသယတရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိလို၍ ယခုလိုလုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရမည်းသင်း မြို့နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများကြောင့် မီးလောင်မှု ဖြစ်ပွား



မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ မတ် ၂၃ ရက် ည ၈ နာရီခွဲ ခန့်က အင်အား ၁ဝဝ ဦး ခန့်မှ လူစုလူဝေးဖြင့် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ခုနစ်လုံး ပျက်စီး ခဲ့ပြီး ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၄၃ လုံး မီးလောင် ပျက်စီးခဲ့သည်။
အလားတူ ရမည်းသင်း မြို့နယ် ရွှေဒါးသာစည် ကျေး ရွာတွင် မတ် ၂၃ ရက် ည ၁၁ နာရီခွဲ ခန့်က အင်အား ၅ဝ ဦးခန့် လူစုလူဝေးဖြင့် အကြမ်း ဖက် မီးရှို့မှုကြောင့် အမဲခြောက် စက်ရုံတစ်ရုံ၊ ထမင်း စားဆောင် တစ်လုံးနှင့်

(အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee


Photo: (အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်)
ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee
Monday, March 25, 2013

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။

အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်
ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသား ထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူ
ကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ကော်ဖီဧ။် ဈေးနှုန်းမှာလည်း 
အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ
နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ 

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။........

မိုးသောက်ကြယ်

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသား များ သောက်ရန်တမျိုး နှင့် အမျိုးသမီးများအတွက် တမျိုး ထုတ်လုပ် ထားကြောင်းသိရသည် ။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်ပျော်ဝင် မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ်အချိန်အတွင်း ကာမစိတ်  ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေး သားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။

ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား



Photo: ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက
တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား
Monday, March 25, 2013

မကွေးတိုင်းဒေသကြီး၊တောင်  တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူကအမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။ 

(၁၅.၃.၂၀၁၃)ရက် ည(၉)နာရီအချိန်က ခင်တဲကျေးရွာနေ
ဒေါ်—–(၃၅)နှစ်သည် နေအိမ်တွင် သမီး——(၂)နှစ် အား အိမ်အလယ်ခန်းခြင်ထောင်  အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်း ဖြစ်သူကို—— သမီးဖြစ်သူ မ——–(၁၂)နှစ်၊သား——-(၇) နှစ်၊ မောင်——–(၁၀)နှစ်တို့ သည် အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲ  လျက်တီဗွီကြည့်နေပြီး ထိုနေ့ည    (၉း၃၀)အချိန်ခန့်တွင် ဒေါ်—- သည် ကလေးနို့တိုက်ပြီး ခြင်ထောင် အပြင်ဘက်သို့ကြည့်စဉ် ခင်ပွန်းဖြစ်သူ ကို—–နှင့်သမီး ဖြစ်သူ——တို့အား စောင်ခြုံ လျက်တွေ့ရ၍ မသင်္ကာသဖြင့်     ခင်ပွန်းဖြစ်သူ ကို——-အား စောင်လှပ်ခိုင်းရာ ခင်ပွန်းဖြစ်သူ   သည် သမီး——-၏ မိန်းမကိုယ်  အင်္ဂါစပ်အားလက်နှင့်ကိုင်နေသည် ကို တွေ့ရပြီး သမီးဖြစ်သူ ၀တ်ထားသော ဘောင်းဘီအနီ ချွတ်ထားသည်ကိုတွေ့ရ၍သမီးဖြစ်သူ  အားမေးရာ ခင်ပွန်းဖြစ်သူမှ သမီး    မ——-ခြုံထားသော စောင်အတွင်းသို့ ၀င်လာပြီးဘောင်းဘီ အား ဆွဲချွတ်သဖြင့် ပေါင်အား ချိတ်လိမ် ထားရာ၊ဖခင်ဖြစ်သူမှ ဘောင်းဘီအား ခြေမနှင့်ညှပ်၍ ချွတ်သဖြင့် ကျွတ်သွားကြောင်း၊ သမီးဖြစ်သူမှ မိခင်ဖြစ်သူအားတိုင်မယ်ဟုပြောရာ တိုင်လျှင်ရိုက်မည်၊လင်မယားခြင်းကွဲမည်ဟုပြော ကြောင်းသမီးကပြော၍ သားအဖ အရင်းဖြစ်ပွားသည့် ကိစ္စဖြစ်နေသောကြောင့် မိခင်ဖြစ်သူ
ဒေါ်——မှ မွေးချင်းများအား သွား ရောက်တိုင်ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅)နာရီအချိန်   ခန့်ကျမှ တောင်တွင်းကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ်သူ ကို——အား     ဥပဒေနှင့်အညီအရေးယူပေးပါရန်      တရားလိုပြုလုပ် တိုင်တန်းခဲ့သည် ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍    ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူအား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၅၈/  ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒုရဲ အုပ်သန်းဇော်မှဆက်လက် စစ် ဆေးနေကြောင်း သိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်——-မှ  ၎င်း၏ခင်ပွန်းဖြစ်သူ ကို——နှင့်    ငယ်လင်ငယ်မယားဖြစ်ပြီး အိမ် ထောင်သက်(၁၄)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊၎င်းတွင် သား(၃)ဦး၊သမီး  (၂)ဦး၊ပေါင်းသားသမီး(၅)ဦးရှိ ကြောင်း၊ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းအပေါ်   လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ 
၎င်း၏သားသမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ 
မိခင်ဖြစ်သူမှ ရုန်းကန်၊ကျွေးမွေးစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူအားလည်းရွံရွာ ကြောက်ရွံ့နေသဖြင့် ယခုအမှု
စစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာတရားသူကြီးအား တင်ပြ
အကူအညီတောင်းခံ၍လင်မယားဖြစ် သူမှ တရားဝင် 
ကွာရှင်းပြတ်ဆဲမှုအား သက်ဆိုင်ရာတရားသူကြီး ထံတွင် တင်ပြအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း၊(၂၀.၃. ၂၀၁၃)ရက်တွင် ညီအစ်ကိုမောင် နှမများအိမ်၌ ရင်ဖွင့်ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်

မနေ့ ညက  ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလားသူ တွေ က ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့   ၀င်ရောက်နှောင့်ယှက်ခဲ့ တာလို့  FNG က သတင်း ရရှိ ပါတယ်။
အုတ်ဖိုဘက်က နေ၀င်လာညနေစောင်း လောက်ကတည်းက ကားတွေနဲ့ ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေဘဲ ထင်တာ ပေါ့။ အထဲကို မမြင်ရဘူး၊ မှန်တွေကာထားတယ်။ တစ်ယောက်တစ်လေ အပြင်ထွက်တာတွေ့ တယ်။မိုးချုပ် တော့ နောက်ကား နှစ်စီး လောက်ထပ် ရောက်လာတယ်။ အိုးသည်ကုန်းကို ညဘက်မှာ မီးရှို့ ဖို့ စတော့တာပဲ။ ရွာသားတွေက သတိရှိပြီး မောင်းထုတ် နိုင် လို့  တော်တော့တယ် ” ဟု အိုးသည်ကုန်းရွာသား တစ်ဦး က FNG ကို ပြောပါတယ်။ အုတ်ဖို့  မြို့  ဟာရန်ကုန် မြို့  နဲ့  အနီးဆုံး မြို့ တစ် မြို့  ဖြစ်ပါတယ်။