Tuesday, 26 February 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် နော်ဝေနိုင်ငံအော်စလိုမြို့သို့ရောက်ရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန် နော်ဝေနိုင်ငံအော်စလိုမြို့သို့ရောက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဖေဖော်ဝါရီ(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအားထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးMr. IsornPocmontri နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်းမောင်နှင့် သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းလေကြောင်းခရီးစဉ်ဖြင့်ဆက်လက်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ(၂၆)ရက် ဒေသစံတော်ချိန် နံနက်(၆)နာရီ(၁ဝ)မိနစ်တွင် နော်ဝေနိုင်ငံအော်စလိုမြို့သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံသံတမန်ဌာနအကြီးအကဲ Ms. Merete Brattested၊ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Mr. KatjaNordgaard၊  နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများက အော်စလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Hotel Continental သို့မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် အတွက် ဖေဖော် ဝါရီ(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည် ဆိုင်ရာ မြန် မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော ရွှေငါးတစ်ကောင်တွေ့ရှိ

အမေရိကန်၏ ဒုတိယအကြီးဆုံးရေကန်တွင် ကြီးမားသော
ရွှေငါးတစ်ကောင်တွေ့ရှိ


အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံမှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည် အဆိုပါ ရေကန်တွင် ရွှေငါးအရေအတွက် များပြားလာပါက ယင်း ဒေသပေါက် အခြားသော တိရစ္ဆာန်များနှင့် အပင်များ၏ မျိုးစိတ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ ငါးသည် ယင်းဒေသတွင် ပေါက်ပွားသည်မှာ သေချာကြောင်း၊ ငါး၏ အရွယ်အစား ကြီးလွန်းနေသည်မှာ ပြဿနာဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် တဟိုသဘာဝပတ်ဝန်းကျင် သုတေသနပြုရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တဟိုရေကန်သည် အမေရိကန်နိုင်ငံ၏ ဒုတိယအနက်ဆုံးရေကန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁ဝ ခုမြောက် အနက်ဆုံး ရေကန်လည်းဖြစ်သည်။ အနက်ဆုံးနေရာတွင် ၁၆၄၅ ပေအထိရှိသည်။ ဘူမိဗေဒ လေ့လာမှုများတွင် အဆိုပါ တဟိုဘာစင်ရေကန်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော် သုံးသန်းလောက်ကတည်းက ဖြစ်ပေါ်ခဲ့သော ရေကန်ဖြစ်သည်ဟု ဆိုသ်ည။ (ဆိုင်းရင့်စ်ရီကော်ဒါ)

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

အမေရိကန် နိုင်ငံအတွင်းရှိ ဟိုတယ်ရေကန်ထဲတွင် ထူးထူးခြားခြား အလွန်ကြီးမားသော ရွှေငါးတစ်ကောင်က တွေ့ရှိခဲ့ရကြောင်း သိပ္ပံ မှတ်တမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ရေးသားဖော်ပြထားသည်။ အဆိုပါ ရွှေငါး၏ အရွယ်အစားမှာ အလျား ၁ ဒသမ ၅ ပေရှိပြီး ၄ ဒသမ ၂ ပေါင် ရှိသည်။ ထို့ကြောင့် တဟိုဒေသရှိ ဇီဝဗေဒပညာရှင်များသည်

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ၂ ဦး တွေ့ဆုံ

 February 26, 2013

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူဟာမြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ ဖေဖော်ဝါရီ ၂၅ ရက်က
နိုင်ငံတကာလှည့်လည် ပညာရှာမှီးရေးအစီအစဉ်နဲ့ ပင်လယ်ရေကြောင်း ကမ္ဘာပတ်နေသော Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပြီး သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၈၄ ခုနှစ်က ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

၂၀၁၅ တွင် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်နိုင်ရန် ဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေသန်း ၆၀ နီးပါး ရှိသည့်အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေရာခိုင်နှုန်း

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု..

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု..
************************************************
မန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။

(ညိုလင်းထွန်း)

မြန်မာ နိုင်ငံမှာရှိတဲ့လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေအလွန်နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိ တာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ် ကို ဖော်ပြပေး လိုက်ပါတယ်။

ဂျပန်၌ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ရာ တိုကျိုမြို့ရှိ အဆောက်အအုံများ လှုပ်ခါခဲ့



ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၅ ဒသမ ၇ ရစ်ခ်ျတာစကေးရှိသော အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ် ခဲ့ရာ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ အဆောက်အအုံများ လှုပ်ခါခဲ့ကြောင်း သိရသည်။ သို့သော် ဆူနာ မီဖြစ်ပေါ်နိုင်ခြေ မရှိဟု ငလျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ


ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင်အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင် အင်အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။

ဆီးကျိတ်ကင်ဆာ ရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင်

ဆီးကျိတ်ကင်ဆာ ရှိသူများတွင် အက်စပရင် မှီဝဲခြင်းကြောင့် အသက်ရှင်နှုန်း ပိုများနိုင်


အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း  လေ့လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေးကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့လာမှုမှာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ ဆီးကျိတ်ကင်ဆာရှိသူ အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရ ဆီးကျိတ်ကင်ဆာကြောင့် ၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ လျော့ကျကြောင်း တွေ့ရှိခဲ့ပါတယ်။ ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့ အရိုးကို ပြန့်နှံ့နှုန်းဟာလည်း သိသိသာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။

Source ► http://bit.ly/XeWuRF
အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ ရှိသူတွေမှာ သေဆုံးနိုင်ခြေ နည်းပါး သွားနိုင်ကြောင်း လေ့ လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေး ကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ် လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုလေ့

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း
Tuesday, February 26, 2013 

ကချင်ပြည်နယ်အစိုးရအဖွဲ့ကမြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊
မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီ
အနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို
မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။

“အခု ဘက်ဟိုးတွေနဲ့ တူးတာကတော့ ဒီဘက် ပိုးစာခြံလမ်းထိပ်အထိ
ရောက်နေပါပြီ၊ အဲမှာကတော့ ရေမြောင်းအကြီးကြီးဖောက်တယ်၊
မြောင်းဖောက်ပြီး တူးနေကြတယ်၊ ရွှေ့ရခက်တဲ့ဟာတွေကတော့ မရွှေ့နိုင်သေးဘူးပေါ့၊ တချို့ကတော့ ရွှေ့ကုန်ပြီ၊တစ်သက်မှာတခါပဲ ဆောက်
ထားတဲ့အိမ်တွေကို ပြန်ရွှေ့ရတယ်ဆိုတော့ စားဝတ်နေရေးတောင်အနိုင်နိုင် ရှာနေရတဲ့အထဲမှာ အခုလောလောဆယ် ရွှေ့နေရတယ်ဆိုတော့ ခက်ခဲ
သွားတာပေါ့၊ တစ်နေ့လုပ် တစ်နေ့စားတွေက အလုပ်လဲမလုပ်နိုင်တော့
ဘူးပေါ့၊ အိမ်ရွှေ့ဖို့အရေးဘဲ အလုပ်ရှုပ်နေကြတယ်”

အခုလို လမ်းဖေါက်လုပ်တာဟာ ဒေသခံတွေ အကျိုးစီးပွားအတွက်ဖြစ်
ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအလေးပါးက RFA ကို ပြောပါတယ်။

"ဒါကခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းကို ကွင်းဆင်းသတ်မှတ်
ခိုင်းတာ အခုဘာမှမလုပ်ရသေးပါဘူး၊ ရွှေ့တာက သူတို့အဝေးကြီး
မရွှေ့ပါဘူး၊ အဲ့နားဘဲနောက်ကို ငါးပေရွှေ့လိုက် ဆယ်ပေရွှေ့လိုက် အဲ့လောက်လုပ်ပြီးမှ အဲ့လောက်ပါဘဲ တစ်ခြားမရှိပါဘူး၊ မပြောင်းရွှေ့ခင် တစ်လနှစ်လကြိုပြီးမှ ကွင်းဆင်းတာလုပ်ထားတာ၊ လမ်းဖောက်ပေးတာ ဝမ်းသာလွန်းလို့သူတို့လေ၊ အိမ်ယာဈေးမြင့်သွားတယ် လမ်းကောင်းသွား
တယ်ဆိုတော့ ဝမ်းသာနေတာ၊ သူတို့ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို စိစစ်ထားတယ်။ ဟိုမှာလေ ကျွန်တော်တို့မြေစာရင်း ဘာညာလေ၊
မြေကြီးအားလုံးက နိုင်ငံတော်ပိုင်တာလေ၊ ကျွန်တော့ကိုယ်ပိုင်လည်း မဟုတ်ပါဘူး၊ ဒါအားလုံးသူတို့အတွက် လုပ်ပေးတာ"

ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေနဲ့ ပြည်နယ်
လွှတ်တော်ဥက္ကဋ္ဌတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသနားခံစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
ကချင်ပြည်နယ်အစိုးရအဖွဲ့ကမြို့ပတ်လမ်းဖောက်လုပ်ဖို့ ဆိုပြီး မြစ်ကြီးနားမြို့ ၊မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉)မှာလမ်းတွေ ရှင်းနေတာကြောင့် အဲ့ဒီ အနားတ၀ိုက်မှာနေ ထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကိုမြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ
တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Monday, February 25, 2013

လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယမန်နှစ် ဘဏ္ဍာနှစ်က ၀န်ထမ်းများအား ထောက်ပံ့ကြေးအဖြစ်ပေးခဲ့သော ၃၀၀၀၀ ကျပ်ကို လစာငွေအဖြစ် သတ်မှတ်ပေးပြီး သာမန်အသုံးငွေမှ စိစစ်ရရှိလာသော ငွေများကို ထောက်ပံ့ငွေအဖြစ် ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုအစိုးရ၊ ၀န်ထမ်းများနှင့် ပြည်သူ
များ၏ အကျိုးစီးပွားနှင့် လိုအပ်ဆန္ဒများအပေါ် အလေးထားပြီး လွှတ်တော်၏ ကတိတည်မှုကို ပြသရာလည်းရောက်ပါကြောင်း သူရဦးရွှေမန်းက
ပြောသည်။

"အောက်ခြေ၀န်ထမ်းတွေ အဆင်မပြေဘူးဆိုတာကို သိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ။ တာဝန်ယူ တာဝန်ခံရမယ့် အဖွဲ့အစည်းများမရှိဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ခံဆောင်ရွက်လိုက်ရင် မသင့်ဘူးလား" ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

7Day News Journal
လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးနိုင်ရေး
အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းကြောင်း ယနေ့ ကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
=================================
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။

Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။

credit - Oppositeyes
-------------------------------------------------------------------
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီး ခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်

Monday, 25 February 2013

အရီဇိုးနား ပြည်နယ်တွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခု ရှာဖွေ တွေ့ရှိ

အရီဇိုးနား ပြည်နယ်တွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခု ရှာဖွေ တွေ့ရှိ

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ် ထူးဆန်မြို့ အပြင်ဘက်ရှိ တောင်တန်းများ ထူထပ်ရာ နေရာတွင် ကင်းမြီးကောက် မျိုးစိတ်သစ် တစ်ခုကို သုတေသန ပညာရှင် များက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။
ယင်း မျိုးစိတ်သစ်သည် အရှည် တစ်လက်မခန့် ရှိပြီး အရောင်မှာ အညိုရောင် ရှိကြောင်းနှင့် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၅၉ဝဝ (၁၈ဝဝ မီတာ) ခန့်တွင် တည် ရှိသော Santa Catalina တောင်များ တည်ရှိရာ ဝက်သစ်ချ သစ်တော အတွင်း နေထိုင် ကျက်စားကြောင်း Zookeys ဂျာနယ်တွင် မကြာသေးမီက ဖော်ပြထားသော ကင်းမြီးကောက် မျိုးစိတ်သစ် လေ့လာမှု တစ်ရပ် အရသိရသည်။

ယင်းမျိုးစိတ်သစ်သည် လွန်ခဲ့သော နှစ်ခြောက်နှစ်မှ စ၍ အရီဇိုးနား ပြည်နယ်တွင် ရှာဖွေ တွေ့ရှိ ခဲ့သည့် နဝမ မြောက် မျိုးစိတ်သစ် ဖြစ်ပြီး ၎င်းကင်းမြီးကောက် မျိုးစိတ်သစ်အား Vaejovis brysoni ဟု အမည် ပေး ထားကြောင်း သိရသည်။

သုတေသန ပညာရှင် များသည် ကာတာလီနာ အဝေးပြေး လမ်းမ တစ်လျှောက်တွင် ခရမ်းလွန် ရောင်ခြည်သုံး လက်နှိပ်ဓာတ်မီးကို အသုံးပြု၍ ကင်းမြီးကောက် မျိုးစိတ်များ၏ အသိုက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း မျိုးစိတ်သစ်သည် အခြားသော ကင်းမြီးကောက်များ ကဲ့သို့ ၎င်းတို့ ကျောပေါ်တွင် ကင်းမြီးကောက် အကောင်ပေါက် လေးများကို သယ်ဆောင်ပြီး ပျမ်းမျှအားဖြင့် ကင်းမြီးကောက် အကောင်ပေါက် ၂၄ ကောင် ကို သယ်ဆောင် နိုင်ကြောင်းနှင့် ၎င်းတို့သည် အဆိပ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သေချာစွာ မသိရှိ ရသေးကြောင်း သိရသည်။

ယခု တွေ့ရှိထားသော ကင်းမြီးကောက် မျိုးစိတ်သည် ယင်းဒေသတွင် ဆက်လက် ရှိနေသော ဇီဝမျိုးကွဲ ရှာဖွေမှုတွင် အခြေခံ ကျသော သာဓက တစ်ရပ်ဖြစ်ကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဒ် အက်ဖ် အာရေးက အစီရင် ခံစာ တစ်ခုတွင် ပြောကြား ထားသည်။

http://www.myawady.net.mm/allnews/global/item/7632-2013-02-24-14-07-26


အေးချမ်းမွန်မှ  မြဝတီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်ထူးဆန်မြို့ အပြင် ဘက်ရှိ တောင်တန်းများထူထပ်ရာ နေရာတွင် ကင်းမြီးကောက် မျိုးစိတ်သစ်တစ်ခုကို သုတေသနပညာရှင်များက ရှာဖွေတွေ့ ရှိ ခဲ့ ကြောင်း သိရသည်။

တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ


တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ်ဆက် ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက်လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်း တာဝန်ရှိသူ များက ပြောကြားသည်။

ယူဇီနှင့် မန်ကျီ အကြားတွင် တည်ဆောက်ထားသော အဆိုပါ ရထား လမ်းသည် Pan-Asia  မီးရထားလမ်း ကွန်ရက် စီမံကိန်း၏ အရှေ့ပိုင်း ရထားလမ်း အစိတ်အပိုင်း ဖြစ်သည်။

၁၄၁ ကီလိုမီတာ ရှိသော ယင်း ရထားလမ်းသည် အမြင့်ဆုံး အမြန်နှုန်းတစ် နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောက်လုပ်ထားပြီး ဥမင်လိုဏ်ခေါင်း ၃၅ ခုနှင့် တံတား ၆၁ စင်းတို့ ဖြတ်သန်း ဖောက်လုပ် ထားသည့် အပြင် အရှေ့ပိုင်း ရထားလမ်း အလျား၏ ၅၄ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်းတွင် လက်ရှိပြေးဆွဲ လျက်ရှိသော ကူမင်း- ယူဇီရထား လမ်းလည်း ပါဝင်ပြီး မန်ကျီ- ဟူကောင်း ရထားလမ်းသည် ဖောက်လုပ်လျက် ရှိပြီး လာမည့် နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်း ဖောက်လုပ်ပြီးစီး မှုကြောင့် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အရှိန်တက် စေပြီး သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တိုးတက်စေမည် ဖြစ်သည်။

နိုင်ငံ အနောက် တောင်ပိုင်းတွင်လည်း ရထားလမ်းများ ထပ်မံဖွင့်လှစ် သွားမည်ဟု  ကျွမ်းကျင် ပညာရှင်များက ပြောကြားသည်။

Pan-Asia ရထားလမ်း ကွန်ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း မီးရထားလမ်း များပါဝင် ပါမည်။ ၎င်းမီးရထားလမ်း ကွန်ရက်သည် နိုင်ငံတကာ  မီးရထားလမ်း စီမံကိန်း တစ်ခုဖြစ်သည့် အပြင် တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ တို့က ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/UZsMAy
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ် ဆက်ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက် လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်းတာဝန်ရှိသူများကပြောကြား သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး
Monday, February 25, 2013 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်းစား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းသည့် ဦးမြငြိမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ - ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

ဗညားဦး၊မောင်ပိုင် (နေပြည်တော်)
Yangon Media Group
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်း စား ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေးအပ်ကြောင်းပြည်ထောင်စု လွှတ်တော်က

ဖေဖော်ဝါရီလ ၂၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း



ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း
Monday, February 25, 2013 

ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေးက ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

အီဂျစ်အတိုက်အခံ အဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင်သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ်ကလည်း ယခုကဲ့သို့ပင်
ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ပေါ့ဆက်မြိ့တွင် သမ္မတမော်ဆီကို ဆန့်ကျင်သူများက အိုးဖုံးများတီးပြီး ဖေဖော်ဝါရီလ ၂၂ ရက်က ဆန္ဒပြနေကြစဉ်

Ref:BBC
Eleven Media Group
ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ် လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက် အခံ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေး က ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင်ဒုက္ခသည်စခန်းတွင် KIA မှ တပ်သားသစ်အဖြစ်ဝင်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Kachin Daily News

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြား ရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက် တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေ

ကမ္ဘာ့ အမြင့်ဆုံး မော်တော် ဆိုင်ကယ်

ပုံမှာမြင်တွေ့ရ တာကတော့ အမေရိကန် နိုင်ငံသား၊ နယူးယောက်မြို့မှ Greg Dunham အမည်ရ အင်ဂျင်နီယာ တစ်ဦးက ဖန်တီး လိုက်တဲ့ကမ္ဘာ့အမြင့်ဆုံး မော်တော် ဆိုင်ကယ် ဖြစ်ပါတယ်။

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင်ခန့် အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေ အိမ်တွေ၊ လယ်ကွင်းတွေ ရေထဲ ပါနေ တာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ ရှိနေ ကြပါတယ်။

ခုလို ကမ်းပါးပြို နေတဲ့ အတွက် ခုနှစ်လ ရှစ်လ အတွင်းမှာ သိမ်ဇရပ်မြို့ ကမ်းနား ပိုင်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းသာ ရပ်ကွက်နဲ့ ရွာမ ရပ်ကွက်က အိမ်ခြေ ၂၀ဝ နီးပါးခန့် လည်း ရေထဲ ပါကုန်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ ရေစကြို မြစ်ဆုံမှာ ရေကြီး မြေပြို
ကုလားတန် မြစ်ကြောင်းအတွက် လေ့လာဆန်းစစ်မယ်။

ချင်းတွင်းမြစ် ရေခန်းလာပြီ ဆက်စပ်အကြောင်းအရာများ တိုင်းရင်းသားရေးရာ နိုင်ငံတော် အစိုးရ ပိုင်းက ကျပ်ငွေ သိန်းပေါင်း ၂၁၃ သိန်း ချပေးပြီး သစ်သား တိုင်တွေနဲ့ ဂဝံ ကျောက်တွေနဲ့ ထိန်းသိမ်းဖို့ ကြို စား နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ခိုင်ခိုင် ခန့်ခန့် မလုပ် နိုင်ဘူး ဆိုရင် တားဆီး နိုင်မယ့် အနေ အထား မရှိဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု တွေကို လည်း အာဏာပိုင် တွေက ပြန် လည် နေရာ ချပေးထား ပေမယ့် အနည်းစု ကိုသာ နေရာ ချပေး နိုင်တဲ့ အတွက် မိသားစု အများ အပြား ကတော့ အခက်အခဲ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

သိမ်ဇရပ်မြို့ဟာ အိမ်ခြေ ၄၀ဝ၀ ခန့် ရှိပြီး ခုလို ကမ်းပါး ပြိုနေတဲ့ အတွက် ဒေသခံတွေ အကြားမှာ စိုးရိမ်မူ တွေလည်း တိုးပွား နေကြ တယ်လို့ သိရပါတယ်။

BBC News
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃
မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တစ်မိုင် ခန့်အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေအိမ်တွေ၊ လယ်ကွင်းတွေ ရေထဲပါနေတာကြောင့် ဒေသခံ တွေက စိုးရိမ် မူတွေ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ

ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိ
Monday, February 25, 2013 

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက်
၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှ အဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်းလိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကားနောက်ခန်းထဲ ပုန်းအောင်းလိုက်ပါခဲ့သည့် ယင်းမြန်မာနိုင်ငံ
သားနှင့် အတူ ယဉ်မောင်းဖြစ်သူ မလေးရှားလူမျိုးတစ်ဦးကိုလည်း
အတူဖမ်း ဆီးထားကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ ICA က ပြောကြားသည်။

၎င်းတို့ စီးနင်းလာသော ကားမှာ မလေးရှားတွင် မှတ်ပုံတင် ထားသောကားဖြစ်ပြီး စစ်ဆေးရေးဂိတ်သို့ နံနက် ၁၂ နာရီကျော် အချိန် ဖြတ်သန်း လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်ထွက်ခွာမှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်။ ICA ကလည်းအဖွဲ့သည် စင်ကာပူတွင်
နေခိုင်ခွင့်သက် တမ်း ကျော်လွန်ကာနေထိုင်သော နိုင်ငံခြားသား
များ၏ နိုင်ငံတွင်းသို့ အဝင်၊အထွက်များကို သေချာစစ်ဆေးနေ
ကြောင်း ပြောကြားသည်။

Ref: Asiaone
The Myanma Age

စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အသက် ၆၁ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးအား ပြီးခဲ့သည့် ကြာသပတေးနေ့က ဝုဒ်လန်းစစ်ဆေးရေးဂိတ်မှအဖြတ်တွင် ကားနောက်ခန်းအတွင်း ပုန်းအောင်း လိုက်ပါကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုစားသော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။