Tuesday, 29 January 2013

ပင်လောင်းမြို့နယ်တွင် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ


ပင်လောင်းမြို့နယ်တွင် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

29.1.2013

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ ဓကူမို့ရွာမှ စိတ်ကြွရူးသွပ်ဆေးပြား
များနှင့် ဘိန်းစိမ်းများကို ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် သက်သေများနှင့်အတူ တာဝန်ရှိသူများမှ ဖမ်းဆီးနိုင်ခဲ့သည်။

ပင်းလောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ်မင်းသိန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် တကူမို့ကျေးရွာမှ ဆိုင်ကယ်စီးနင်းလာ
သူ ကျော်စိန်အောင်နှင့် အောင်ဝင်းတို့နှစ်ဦးအားရပ်တန့်ရှာဖွေခဲ့ရာတွင်ဂျင်း
လွယ်အိတ်အတွင်းမှ ဒဗလျူဝိုင်စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၄၀၀) ခန့်နှင့် ဘိန်းစိမ်း (၀.၄) ကီလိုခန့်၊ ဘိန်းမဲ (၀.၈) ကီလိုခန့် စုစုပေါင်း ကာလတန်ဖိုး ကျပ် (၂၂)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နောင်တရားမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ်မင်းသိန်း ဦးစီး ရဲတပ်ဖွဲ့ဝင်များမှလည်း ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် နောင်တရား - ပင်လောင်းလမ်းပေါ်မှ ထီးဗုတ် (မတ္တလေရွာနေ) ဆိုသူမောင်းနှင်လာသည့် ဆိုင်ကယ်အား ရှာဖွေခဲ့ရာတွင် ဘိန်းစိမ်းနှင့် ဘိန်းအရည် ကာလတန်ဖိုး ကျပ် (၁၀)သိန်းကျော်ဖိုးအား ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအနက် မူးယစ်ဆေး
ဝါးနှင့် ဘိန်းစိုက်ပျိုးမှု အများဆုံး ပြုလုပ်သောမြို့တစ်မြို့ဖြစ်ပြီးမကြာခဏဆိုသလို
စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းစိမ်း၊ ဘိန်းမဲ ၊ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိနေကြောင်း သိရသည်။ ၁-၉-၂ဝ၁၂ မှ ၂၁-၁-၂ဝ၁၃ ရက်နေ့အထိ ရှမ်းပြည်နယ်တွင် ဘိန်းခင်းဖျက်ဆီးနိုင်မှု ဧက (၈၆၆.၉၅) ရှိသည့်အနက် ပင်လောင်း မြို့နယ် အတွင်း မှ (၄၆၆) ဧက ဖြစ်သည်။
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ ဓကူမို့ရွာမှ စိတ်ကြွရူး သွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများကို ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် သက်သေများနှင့်အတူ တာဝန်ရှိသူများမှ ဖမ်းဆီးနိုင်ခဲ့သည်။
ပင်းလောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ်မင်းသိန်း ဦး စီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် တကူမို့ကျေးရွာမှ ဆိုင်

ဘိန်းခင်း ဧကခုနှစ်သောင်းကျော် ဖျက်ဆီးပြီးဖြစ်

ဘိန်းခင်း ဧကခုနှစ်သောင်းကျော် ဖျက်ဆီးပြီးဖြစ်
Tuesday, 29 January 2013 

၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ဘိန်းခင်း (၇၂၃၇၆.၇၅) ဧကဖျက်ဆီးခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အဆိုပါ ဘိန်းခင်းများကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလဆန်းမှ ယခုနှစ် ဇန်နဝါရီ (၂၁) ရက်နေ့အတွင်း  ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟက်တာအနေဖြင့် (၂၉၂၉၀.၄၇) ဟက်တာ ရှိကြောင်း သိရှိရသည်။

ဘိန်းခင်းများ ဖျက်ဆီးနိုင်ခဲ့မှုတွင် ၂၀၁၂ခုနှစ် စက်တင်ဘာ (၁) ရက်နေ့မှ ၂၀၁၃ခုနှစ် ဇန်နဝါရီ (၁၄) ရက်နေ့ အထိ ၇၁၅၀၉.၈၀ ဧက (၂၈၉၃၉.၆၂ ဟက်တာ) ရှိခဲ့ရာ ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ မှ (၂၁) ရက်နေ့ ငါးရက်အတွင်းထိ (၈၆၆.၉၅) ဧက ထပ်မံ ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဘိန်းခင်းများအား ဖျက်စီးသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာလုံးကျွတ် ဘိန်းဖြူ ရောင်းသော ရွာများရှိကြောင်းကို ကျောက်မဲမြို့မှ
ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာသုံးတဲ့လူတွေကလည်း ပေါမှပေါပဲ။ ၀ယ်ရတာတော့ သူ့လမ်းကြောင်းနဲ့သူပေါ့။ ဘိန်းခင်းတွေကတော့ အစိုးရမရှိတဲ့နေရာ။ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာတွေမှာ ရှိတယ်။” ဟု ကျောက်မဲ မြို့ခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး
စီမံကိန်းအား ၁၉၉၉ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ်စီမံကိန်းချထားပြီး၊ ပါဝင်သောပြည်နယ်များမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကာလအတွက် ခန့်မှန်းကုန်ကျငွေစာရင်းမှာ ကျပ်သန်း ၃၃၅၈၈.၁၄ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဘိန်းထွက်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီး၌ စက်တင်ဘာ (၁)ရက်၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် နေ့အထိ ဘိန်းခင်း (၅၅၄၂၉)ဧက ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ဘိန်း တန်ချိန် (၆၁၀) ထုတ်လုပ်
ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မူသည် အာဖဂန် နစ္စတန်
နိုင်ငံပြီးလျှင် ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများမှ လေ့လာသိရှိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup

၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ဘိန်းခင်း (၇၂၃၇၆.၇၅) ဧကဖျက် ဆီး ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရ သည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ် လျက်ရှိသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ် လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။

ဂျပန် Nissan မှပြင်ဆင်ထားသော Infiniti Q50

ဂျပန် Nissan မှပြင်ဆင်ထားသော Infiniti Q50
Tuesday, 29 January 2013

၂၀၁၄ ခုနှစ် မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ Nissan ရဲ့  ဇိမ်ခံဆလွန်း ဖြစ်ပါတယ်။

Nissan Inifiniti Q50 လို့ အမည်ရပြီး အင်ဂျင်ပါဝါ ၃၅၀၀ စီစီ ရှိပါတယ်။ ဒီဇယ် ဗားရှင်း၊ ဓာတ်ဆီ ဗားရှင်းနှစ်မျိုးထုတ်ပြီး ၂၀၁၃ နှစ်လယ်
နှောင်းပိုင်းကျ ဖြန့်ချိမှာ ဖြစ်ပါတယ်။

တံခါးလေးပေါက် ဆလွန်းတွေထဲမှာ Lexus တို့လို နာမည်ကြီး Brand ကိုယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အမေရိကန်မှာ နာမည်ရနေတာက Ford ရဲ့  Fusion တို့လို Sedan ကားများ ဖြစ်ပြီး Nissan မှ အသစ်သွင်း မယ်ဆိုတော့ ဈေးကွက်ထိုးဖောက်ဖို့က နည်းနည်းကြိုးစားရအုံးမှာ ဖြစ် ပါတယ်။

ဆီစားသက်သာမှုအပိုင်းကို အလေးပေးထားပြီး အင်ဂျင်လုပ်ဆောင်ချက် အသင့်တင့်ရှိတဲ့ ကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံက ကျင်းပတော့မယ့် ကားပြပွဲတွေမှာ ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile/
ColayOnline:Automobile
၂၀၁၄ ခုနှစ် မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ Nissan ရဲ့  ဇိမ်ခံ ဆလွန်း ဖြစ်ပါတယ်။
Nissan Inifiniti Q50 လို့ အမည်ရပြီး အင်ဂျင်ပါဝါ ၃၅၀၀ စီစီ ရှိပါတယ်။ ဒီဇယ် ဗားရှင်း၊ ဓာတ်ဆီ ဗားရှင်းနှစ်မျိုးထုတ်ပြီး ၂၀၁၃ နှစ် လယ်နှောင်းပိုင်းကျ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ခွေးကိုသေအောင်ရိုက်မှုဖြင့် အသက် ၁၁ နှစ်သမီး အဖမ်းခံရ

ကလေးအချို့သည် ရိုင်းစိုင်းရက်စက်သည့် စိတ်ရှိကြသဖြင့် မိမိခွေး ကို သေအောင်ရိုက်သတ်သည့် အမှုတစ်ခု နယူးယော့ခ် တော ပိုင်း တွင် ဖြစ်ပွားခဲ့သည်။ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် တိရစ္ဆာန် ရိုက်နှက်ညှင်းဆဲ သတ်ဖြတ်မှုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

KNPP အပစ်အခတ်ရပ်စဲပြီးနောက် လွှတ်တော်တွင် အဆိုတင်သွင်းခြင်း မေးမြန်းခြင်း ပိုမိုအဆင်ပြေလာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ် ထားသည့်အတော်အတွင်းပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်နယ်၏ဒေသဖွံ့ဖြိုးတိုးတက်ရေး အဆိုတင် သွင်းတာတွေ မေးခွန်းမေး တာတွေ ဆောင်ရွက်တဲ့အခါ ယခင်ကထက် ပိုမို အဆင်ပြေ လာ တယ်လို့ မဲဆန္ဒနယ်အမှတ်(၃) ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။

တရားဝင်ရောက်နေသူများ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် အထက်လွှတ်တော် ချုပြ

 အမေရိကန် အထက်လွှတ်တော်က ပါတီနှစ်ရပ်စလုံး ပါတဲ့အဖွဲ့ကနေ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာအစီအစဉ် တရပ် ကို ကြေညာဖွင့်ချလိုက်ပါတယ်။ အဲဒီ့မှာတော့ တိုင်းပြည်တွင်းမှာ လက်ရှိအားဖြင့် တရားမဝင်နေထိုင်နေသူတွေ ကို နိုင်ငံသားဖြစ်စေမယ့်

ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှု နည်းပါး တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှုရှိလာ

ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှု
နည်းပါး တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှုရှိလာ  
Tuesday, 29 January 2013 

တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါးလာကာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှု ရှိလာကြောင်း မဟာဗန္ဓုလလမ်းရှိ နှစ်ကူးအရောင်းဆိုင်များမှ သိရှိရသည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံ နယ်မြို့များမှ အများအပြား လာရောက်ဝယ်ယူမှုများရှိပြီး ယခုအခါ နည်းပါးလာကာ မြို့တွင်း ၀ယ်ယူသူများမှာလည်း အဓိက နှစ်ကူးပစ္စည်းများကိုသာ ၀ယ်ယူမှုရှိကြောင်း သိရသည်။

''အရင်က ဒီလိုအချိန်ဆို တစ်နေ့ကို ၅သောင်းဖိုးလောက်
ရောင်းရတယ်၊ဒီနှစ်က ၁သောင်းဖိုးလောက် ရောင်းရဖို့တောင် မလွယ်ဘူး၊နှစ်ကူးရက်ကို မျှော်ပြီး ရောင်းရမှာပေါ့၊ပစ္စည်းက ဆိုင်မှာ အများကြီး ပုံနေသေးတယ်၊ဈေးတက်ရောင်းဖို့ နေနေသာသာ ရှိတဲ့ဟာကိုကုန်အောင် ရောင်းရမှာ'' ဟု လသာမြို့နယ်ရှိ နှစ်စဉ် တရုတ်နှစ်သစ်ကူးပစ္စည်း ရောင်းချလေ့ရှိသူတစ်ဦးက ဆိုသည်။

တရုတ်နှစ်သစ်ကူးပွဲတော်သုံး ပစ္စည်းများသည် ငွေကျပ်နှစ်ရာမှ တစ်သောင်းခွဲကျော်ထိရှိကာ အများဆုံး ၂၀၀မှ ၄၀၀၀ ကျော် ပစ္စည်းများ ၀ယ်ယူမှုများကြောင်း အဆိုပါ နှစ်ကူး အရောင်းဆိုင်များမှ သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁၀ရက်နေ့မှ ၁၅ရက်နေ့ထိ
နှစ်ကူးပွဲတော်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်လူမျိုးများထံမှ သိရသည်။

Eleven Media Group
တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါးလာကာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှုရှိလာကြောင်း မဟာ ဗန္ဓုလလမ်းရှိ နှစ်ကူးအရောင်းဆိုင်များမှ သိရှိရသည်။

ငြိမ်းချမ်းရေးအတွက် ပူတာအိုမြို့တွင် ဆန္ဒပြ

ငြိမ်းချမ်းရေးအတွက် ပူတာအိုမြို့တွင် ဆန္ဒပြ

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ဒေသခံတိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များက ဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှ စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အင်အား ၃၂၀ ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်သူများသည် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရရှိလိုကြောင်း ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဟိုခိုရပ်ကွက်မှ မြို့မဈေးလမ်းဆုံအထိ တစ်မိုင်ခွဲခန့် လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။
"တရားဝင်ခွင့်ပြုချက် တစ်နာရီရထားပါတယ်။ အဓိကက ကချင်ပြည်နယ်ငြိမ်းချမ်းဖို့ပါ။ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၅ ရက်က မြစ်ကြီးနားက ထွက်တဲ့ ယာဉ်တန်းက အခုမှ ဒီရောက်တယ်။ ကုန်စည် စီးဆင်းမှုမဖြစ်တော့ ဒီမှာအရမ်းအခက်တွေ့နေပါတယ်" ဟု ပူတာအိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတာဝန်ခံ ဦးဖုန်ရိမင်က ပြောသည်။
7Day News Journal
 
ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို ဒေသခံ တိုင်းရင်းသား ရပ်မိရပ်ဖအဖွဲ့များကဦးဆောင်၍ ပူတာအိုမြို့တွင် ယနေ့ (ဇန်န၀ါရီ ၂၉) နံနက် ၁၀ နာရီမှစတင်ပြုလုပ်နေကြောင်း သတင်းရရှိ သည်။

သြစီ ကုန်သွယ်ရေးရုံး ရန်ကုန်မှာလာဖွင့်တော့မယ်

Photo: သြစီ ကုန်သွယ်ရေးရုံး ရန်ကုန်မှာလာဖွင့်တော့မယ်
Tuesday, January 29, 2013

သြစတေးလျနိုင်ငံရဲ့ သံတမန်မူဝါဒ အသစ်ရဲ့ တစိပ်တပိုင်းအဖြစ်
မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံ ရေးတည်ဆောက်မှု အဖြစ် သြစီကုန်သွယ်ရေး (Austrade) ရုံးခန်းကို မြန်မာ့စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 

ဒါဟာ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် သြစီ ကုမ္ပဏီတွေကို အကူအညီတွေ ပေးဖို့ အခုလို Austrade မြန်မာ ရုံးခွဲ ဖွင့်လှစ်တာဖြစ်ပါတယ်လို့ CBS သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

သြစီ အစိုးရရဲ့ ကုန်သွယ်ရေး မြန်မာရုံးခွဲမှာ ကုန်သွယ်ရေး ကော်မရှင်နာ တဦးနဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတတက်ရေး မန်နေဂျာတွေက ရုံးထိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်ရက်မှာ လာရောက် ရုံးဖွင့်ကြမယ်ဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ဒါဟာ သြစီရဲ့ မြန်မာဆိုင်ရာမူဝါဒသစ်လည်းဖြစ်ပြီး နှစ်ပေါင်းများစွာ အထီးကျန် နိုင်ငံအဖြစ်နဲ့ စစ်အုပ် ချုပ်ရေးအောက် ဆယ်စုနှစ်များစွာ
နေခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းဆီကို သွားရာမှာ သြစီ-မြန်မာ ဆက်ဆံရေးနောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့အတွက် ယမန်နှစ်ကဘဲ လေဘာ ပါတီ အစိုးရက ဘဏ္ဍာရေးနဲ့ ခရီးသွားလာမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေး ခဲ့ပြီး နောက်ပိုင်း အခုလို ဆက်ဆံ ရေး တိုးမြင့်မှုတွေ ဖြစ်ပေါ်လာတာပါ။ 

ဓာတ်ပုံ-actexportersnetwork.com.au
ဧရာဝတီ
သြစတေးလျနိုင်ငံရဲ့ သံတမန်မူဝါဒအသစ်ရဲ့ တစိပ်တပိုင်း အဖြစ် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုဆက်ဆံ ရေးတည်ဆောက်မှုအဖြစ် သြစီကုန်သွယ်ရေး (Austrade)ရုံးခန်းကို မြန်မာ့စီးပွားရေး မြို့တော်ဖြစ် တဲ့ရန်ကုန်မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်မှ စစ်မြေပြင် အဆင့်တိုး ရာထူးများ ချီးမြှင့်

Photo: မြန်မာ့တပ်မတော်မှ စစ်မြေပြင် အဆင့်တိုး ရာထူးများ ချီးမြှင့်
Tuesday, January 29, 2013 

မြန်မာ့ တပ်မတော်မှ ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း 
ပါဝင် တိုက်ပွဲ ဆင်နွဲခဲ့သော အရာရှိ ၊ အရာခံ ၊ အကြပ် ၊ စစ်သည် အချို့ အား
အပင်ပန်း အဆင်းရဲခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး
(Jump Promotion) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အဆင့်မြှင့် ရာထူးများ ချီးမြှင့် ရာတွင် တိုင်းပြည်တာဝန် ထမ်းဆောင်
ရာ၌ တာဝန်ကျေ ပွန် မှုနှင့် အနစ်နာခံ ပေးဆပ်မှု တို့အပေါ်တွင် အထက်လူကြီးများမှ နားလည်ဂုဏ်ယူစွာဖြင့် တစ်ဆင့်မြင့် ရာထူး များ ပေးအပ်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

တပ်မတော် အက်ဥပဒေအရ ပြန်တမ်းဝင် အရာရှိများ ရာထူး တိုးမြှင့် မှု ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဆုံးဖြတ်ပြီး အခြား အဆင့် အရာခံများကို စစ်ရေးချုပ် မှ ပေးအပ် ပိုင်ခွင့် ရှိသည်။ အကြပ်အဆင့် သို့ တိုးမြှင့်ခြင်းကို တပ်ရင်းမှူးမှ တိုင်းမှူး အဆင့်ထိ စစ်မြေပြင် တွင် တိုက်ရိုက် အဆင့် တိုးမြှင့် ပေးအပ်နိုင်သည် သိရှိရပါသည်။
မြန်မာ့ တပ်မတော်မှ ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲများ အတွင်းပါဝင်တိုက်ပွဲဆင်နွဲခဲ့သော အရာရှိ ၊ အရာခံ ၊ အကြပ် ၊ စစ်သည် အချို့ အားအပင်ပန်း အဆင်းရဲခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင်အဆင့်တိုး(Jump Promotion) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ပညာရှင်ပါဝင်မှုကဏ္ဍတိုးမြှင့်၍ အမျိုးသမီးများအတွက် လုံလောက်သည့်အကာအကွယ်ရယူနိုင်

Photo: ပညာရှင်ပါဝင်မှုကဏ္ဍတိုးမြှင့်၍ အမျိုးသမီးများအတွက် လုံလောက်သည့်အကာအကွယ်ရယူနိုင်
Tuesday, 29 January 2013

အမျိုးသမီးများအတွက် ဥပဒေပြုမှုကဏ္ဍတွင် ဥပဒေရေးဆွဲရာ၌ အမျိုးသမီးဥပဒေပညာရှင်များ ပါဝင်မှုအားနည်းခြင်းကြောင့် လုံလောက်သော အကာအကွယ်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများ
ရှိနေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက သိရသည်။

“လူ့အဖွဲ့အစည်းတိုင်းမှာရှိတဲ့ မိရိုးဖလာအစွဲအလမ်းတွေ၊ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီးတော့ လက်ခံကျင့်သုံးမှု တွေကလည်းပဲ အမျိုးသမီးတွေကို ဥပဒေစနစ်ရဲ့ တရားမျှတမှုကို မရရှိအောင် တားဆီးတယ်၊ ပိတ်ပင်တယ်၊ ဒါ့ကြောင့် မညီမျှမှု တွေများနေတယ်။ အမျိုးသမီးတွေအတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံတိုင်းမှာ
ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မယ်ဆိုရင် မညီမျှမှုတွေဆိုတာ မရှိနိုင်တော့ဘူး” ဟု အငြိမ်းစားတရားသူကြီး ဒေါ်တင်တင်ရီက
ပြောသည်။      

မြန်မာအမျိုးသမီးများအနေဖြင့် အခွင့်အရေးနစ်နာဆုံးရှုံးမှုများပြား
နေရခြင်းမှာ ဥပဒေရေးဆွဲမှုပြုသူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး ဥပဒေရေးရာ၌ ပါဝင်ပတ်သက်နေသော တရားသူကြီး၊ ရှေ့နေ၊ ရဲစခန်းနှင့်
သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်များမှ အမျိုးသမီးများအတွက် လုံလောက်သော အကာ အကွယ် ဥပဒေစနစ်၊ အခွင့်အရေးနှင့်
ရပိုင်ခွင့်များစသည်များအား သိရှိနားလည်ရန် များစွာလိုအပ်လျှက်
ရှိကြောင်း ဥပဒေပညာရှင်ကြီးများက ထောက်ပြပြောဆိုသည်။  

“နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုခြင်းကဏ္ဍဟာ အမျိုးသမီးတွေရဲ့ဘ၀မှာ သက်ရောက်မှုမျိုးစုံ ပေးနိုင်ပါတယ်။ အဲ့ဒီနိုင်ငံရေးစနစ်ကောင်းရင် 
ကောင်းသလို၊ တရားရင်တရားသလို၊ မျှတရင် မျှတသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ပါတယ် ” ဟု ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

နိုင်ငံပေါင်းစုံ၏ ဥပဒေစနစ်များမှာ အမျိုးသမီးများအား
ဘေးထုတ်ထားခြင်းနှင့် ပထုတ်ထားခြင်း များအား တွေ့မြင်နိုင်ပြီး အမျိုးသမီးများသည် ဥပဒေစနစ်၏ အပြင်ဘက်(သို့မဟုတ်) 
အနောက်ဘက် တွင်သာ ပုန်းလျှိုး ကွယ်လျှိုးနှင့် နေထိုင်ကြရကာ ဥပဒေစနစ်၏ ကောင်းကျိုးချမ်းသာနှင့် တန်းတူ ညီမျှမှုများအား မခံစားရကြောင်း၊ နေထိုင်ရာလူ့အဖွဲ့အစည်းများတွင် အမျိုးသမီးထုများသည် နည်းအမျိုးမျိုးဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အမြဲတမ်းခွဲခြား ဆက်ဆံ ခံနေရသည်ကို တွေ့ရှိရကြောင်းကိုလည်း ဥပဒေအသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြသည်။          

ပါကစ္စတန်၊ တူနီးရှားနှင့် ဂျော်ဒန်နိုင်ငံအစရှိသည့် ရှေးရိုးစဉ်လာ အယူသီးသောနိုင်ငံများသည်ပင် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှစ၍ ၄င်းတို့၏ မိသားစုဥပဒေများ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ဥပဒေများအား အထင်အရှား ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း ၊နီပေါနိုင်ငံတွင် ၁၉၉၀ခုနှစ်မှစ၍ ကျားမ ခွဲခြားမှု၊ ကွဲပြားမှုများအား အကြောင်းပြုကာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းမပြုရဆိုကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရှိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup
အမျိုးသမီးများအတွက် ဥပဒေပြုမှုကဏ္ဍတွင် ဥပဒေရေးဆွဲရာ၌ အမျိုးသမီး ဥပဒေပညာရှင်များ ပါဝင်မှုအားနည်းခြင်းကြောင့် လုံလောက်သော အကာအကွယ်နှင့် အခွင့်အရေးများ ဆုံးရှုံးမှုများ
ရှိနေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက သိရသည်။

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ပြောဆိုချက်ကို ကချင်ပြည်နယ်၊အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတစ်ခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို၊ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေး မယ်ဆိုရင် ကချင်ပြည်သူတစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ် စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်း သူ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်ကျင်းပပြီး ချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံအပေါ်တင်ရှိနေသော ကမ္ဘာ့ဘဏ်၏ ကြွေးမြီးများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်



  29.1.2013 ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်


ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်

ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
Tuesday, January 29, 2013  

စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ
ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ
(MPC)တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့်
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

“ကျနော်တို့  မကြာခင်မှာ ကရင်ပြည်နယ်ကို သွားမှာပါ။ အဲဒီက
ဒေသခံတွေကို မကြောက်ဖို့  တရားသွားဟောပါမယ်” ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောသည်။

ထိုသို့ ဟောပြောရခြင်းမှာ ကရင်ပြည်နယ်ရှိ ဒေသခံများမှာ နှစ် ၆၀ ကျော် စစ်ပွဲဒဏ်များ ခံစားခဲ့ရကာ တပ်မတော် အား ကြောက်ရွံ့ခြင်းနှင့်
အခြား လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းများ ယခုအချိန်အထိ ခံစားနေရသောကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်း က ရှင်းပြသည်။

မကြောက်တရား ဟောပြောမည့် အစီအစဉ်တွင် အစိုးရအဖွဲ့ အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သင့်ပြီး ပါဝင်မည်ဆိုပါက ၎င်းတို့နှင့်လာရောက်ဆက်သွယ် ရမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွား
သည်။

“စစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ ဒေသခံတွေဟာ စိတ်ဒဏ်ရာတွေ ရလာပါတယ်။ အဲဒီစိတ်ဒဏ်ရာ ပြင်ဖို့ဟာက ဒေသဖွံ့ဖြိုးတိုးတက်ဖို့
အတွက် အရေးအကြီးဆုံးလုပ်ငန်းပါပဲ။ အဲဒါတွေကို ကုပေးနိုင်ဖို့ အန်ဂျီအိုတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မယုံတဲ့လူတွေ သွားကုလို့လည်း အဆင်မပြေနိုင်ဘူးလေ” ဟု သမ္မတရုံးဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်း က ဆိုသည်။

အဆိုပါ မကြောက်တရား ဟောပြောခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏
နောက်ဆက်တွဲ လုပ်ငန်းများဖြစ်ကြောင်းမြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
စင်တာမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုအစီအစဉ်နှင့် ပတ်သက်၍  KNU အဖွဲ့မှ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုးကြီးဖောဒိုက “ဒီအစီအစဉ်ဟာကောင်းပါတယ်။ တပ်မတော်က
ကြောက်စရာ မလိုဘူး ဆိုတာကို အစိုးရဘက်က ပြောတာကို ပြည်သူ့နားနဲ့ ဆက်ဆက်ကြားရတော့  ဒေသခံတွေရဲ့  စိတ်ခံစားချက်တွေ
ပေါ့သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသများတွင် ငြိမ်းချမ်းရေးရရှိပြီဟု ဆိုသော်လည်း ဒေသခံများအား တပ်မတော် ဝန်ထမ်းများမှ မတရားပြုကျင့်မှုများ ရှိနေသေးပြီး တရားမဝင်
အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ကရင်လူမှု အဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျမတို့ နယ်မှာ ငြိမ်းချမ်းရေးရရှိပြီ ဆိုပေမယ့်လည်း တပ်မတော်ရဲ့ အတင်းအဓမ္မ ပြုကျင့်မှုတွေ ခံနေရတုန်းပါပဲ။ ဥပဒေအရ ခြိမ်းခြောက်မှုတွေ
လည်း ခံနေရပါသေးတယ်” ဟု ဆိုသည်။

ကရင်ပြည်နယ်သည် ပြည်တွင်း စစ်ပွဲများ အနှစ် ၆၀ ကျော် ရင်ဆိုင်ခဲ့ရသော
ပြည်နယ်တခု ဖြစ်ကာ စစ်ကြောင့် တိမ်းရှောင်နေရသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များ ထိုင်းနိုင်ငံတွင် အများဆုံး နေထိုင်ကြရသေးသည်။ ၎င်းတို့အထဲမှ အများစုမှာ ငြိမ်းချမ်းမှုရရှိပြီဖြစ်၍ ဒေသတွင်းသို့ ပြန်လည်
ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ဦးအောင်မင်း ကပြောကြားသွားသည်။ 


စောဇင်ညီ
မဇ္ဈိမ
ဓာတ်ပုံ - Eleven Media Group
စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ(MPC)တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့်
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

ရန်ကုန်မြို့တွင် နှစ် ၃၀ အတွင်း လူဦးရေ ၁၅ သန်းအထိရှိလာနိုင်

ရန်ကုန်မြို့၏ဧရိယာမှာလွန် ခဲ့သောနှစ်ပေါင်း (၂၀) တွင် စတုရန်းမိုင် (၈၀) သာရှိခဲ့သော်လည်း ယခုအခါ စတုရန်းမိုင် (၃၀၆) အထိရှိလာပြီး သုံးဆမကတိုးလာကြောင်း၊ ရန်ကုန်မြို့၏ လက်ရှိသူဦးရေမှာ တစ်နှစ် လျှင် (၂.၂၁) ဖြင့်တိုးနေခြင်းဖြစ်ပြီး ပြောင်းလဲလာသော ရန်ကုန်မြို့၏ စီးပွားရေးအခြေအနေ၊နိုင်ငံရေး အခြေအနေအရလာမည့်နှစ်ပေါင်း  (၃၀)အတွင်း ရန်ကုန်မြို့၏လူဦး ရေမှာအများဆုံး ၁၅ သန်းအထိ ရှိလာနိုင်ကြောင်းကို မဟာမြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းနှင့်    သက်ဆိုင်သည့်ပြည်သူများနှင့် ပထမ အကြိမ်တွေ့ဆုံညှိနှိုင်းအစည်း   အဝေးတွင် မြို့ပြစီမံကိန်းအကြံ ပေးပညာရှင်ဒေါက်တာကျော်လတ် ကပြောသည်။

မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပစ်

မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီ ရှင်နိုင်ငံေ  တွက လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကသတင်း ထုတ်ပြန်ပါ တယ်။

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်


မိုဘိုင်းဖုန်း နှုန်းထားများကိုအတိအကျ ပြောသော်လည်း ပြည်သူအများမျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက် အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်ဆဌမပုံမှန်အစည်းအဝေးတွင် ပြောကြားသွားသည်။

Sunday, 27 January 2013

ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က ရိုက်နှက်

ကျူရှင်ဆရာကို ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်းနှစ်ယောက်က 
ရိုက်နှက်
Sunday, January 27, 2013

မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်သားဖြစ်သူက သူငယ်ချင်း
နှစ်ယောက်နှင့်အတူ ကျူရှင်ဆရာကို ဝိုင်းရိုက်သည့်ပြစ်မှုတစ်ခု
ဖြစ်ပွားခဲ့သည်။ 

ထိုဆရာက သူ့ကို အတန်းအတွင်း အခြားကျောင်းသားများကို အနှောင့်အယှက်မပေးရန် ဆုံးမသည်ကို မခံချင်သဖြင့် ရိုက်ခဲ့ခြင်း
ဖြစ်သည်ဟုဆိုသည်။

စင်ချူးနေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ ဖြစ်ပွားမှုကို သိသိချင်း ဖခင်ဖြစ်သူသည် ကျောင်းသို့လိုက်လာကာ သားဖြစ်သူကို ခေါ်ပြီး ဆရာအားတောင်းပန်ခိုင်းကြောင်း၊ အသက် ၂၁ နှစ်အရွယ်ရှိ ဆရာကလည်း တောင်းပန်မှုကို လက်ခံပြီး ကြေအေးလိုက်သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ ညနေ ၆ နာရီအချိန်တွင်ဖြစ်ပြီး ကျူရှင်ခေါ်သင်သည့်နေရာတွင် ဖြစ်ပွားခြင်းဖြစ် သဖြင့် ဆရာကလည်း ပြဿနာမဖြစ်စေလိုသောကြောင့် ကျေအေး
လိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။
    
ရွှေမောင်
မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်သားဖြစ်သူက သူငယ် ချင်း နှစ်ယောက်နှင့်အတူ ကျူရှင်ဆရာကို ဝိုင်းရိုက်သည့်ပြစ်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ထိုဆရာက သူ့ကိုအတန်းအတွင်း အခြားကျောင်းသားများကို အနှောင့် အယှက်မပေးရန်ဆုံးမသည်ကို မခံချင်သဖြင့် ရိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။