Friday, 25 January 2013
ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု သွားရောက် ရယူ
Photo: ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု 
သွားရောက် ရယူ
Friday, January 25, 2013
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆု ကို သွားရောက်ရယူမည်ဖြစ်ကြောင်း
သိရသည်။
မြန်မာ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည်
ဟာဝိုင်ယီတွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ်
ဆွေးနွေးပွဲ တက်ရောက်ပြီး နောက် လူ့အခွင့်အရေးနှင့်
အကြမ်းမဖက် လှုပ်ရှားမှုတို့အတွက် ရိုတေရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။
ယခုခရီးစဉ်သည် ဒေါ်စုအတွက် အမေရိကန်၏ ကျွန်းပြည်နယ် တစ်ခုဖြစ်သော ဟာဝိုင်ယီသို့ ပထမဆုံးခရီးစဉ် ဖြစ်သည်။
ရိုတေရိအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်
ထားမှု အကူအညီပေးရေးအဖွဲ့ကြီးဖြစ်ကာ အဖွဲ့ဝင် ၁ ဒဿမ
၂ သန်းခန့် ရှိ သည်။
ဆုလက်ခံပြီးနောက် ဒေါ်စုသည် တောင်ကိုးရီးယားတွင်
ကျင်းပမည့် ၂၀၁၃ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။
REF: AP
PHOTO: Thet Htoo
The Myanma Age မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆုကို သွားရောက်ရယူမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ယီတွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲ တက်ရောက် ပြီး နောက် လူ့အခွင့်အရေးနှင့် အကြမ်းမဖက် လှုပ်ရှားမှုတို့အတွက် ရိုတေရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။
သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Photo: သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Friday, January 25, 2013
မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူးသန်းရောင်းဝယ်မှု များပြုလုပ်ရန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ်ကို အမိအရဆုပ်ကိုင်၍ ဈေးကွက်စီးပွားရေး
စနစ်နှင့် အညီ အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူ
များအား တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ လုံခြုံမှုတို့နှင့်အတူ ယုံကြည်စွာဖြင့်
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါတယ်” ဟု သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင် က ဇန်နဝါရီလ ၂၂ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် 2nd Myanmar Mining Summit ပွဲ၌ ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံ Free Posts ကုမ္ပဏီ၊ သြစတြးလျနိုင်ငံ white Energy ကုမ္ပဏီနှင့် Evolation Mine ကုမ္ပဏီ၊ မလေးရှားနိုင်ငံ Malaysia SMETING Corporation၊ အိန္ဒိယနိုင်ငံ MNDASTUR Co နှင့် တနင်္သာရီ အင်တာနေရှင်နယ် ကုမ္ပဏီတို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတ္တုပညာရှင်များအား ထိုနေ့တွင်ပင် တွေ့ဆုံကာ သတ္တုတွင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“သတ္တုကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် လူမှုစီးပွားတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်မှာပါ။ တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိတဲ့ ရေမြေ၊ သစ်တောနဲ့ သတ္တုအရင်းအမြစ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အဆင့်ဆင့် ပြုလုပ်သွားဖို့ လိုပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက သုံးသပ်ပြောကြားသည်။
၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၂၄ ရက်အထိ ပြည်ပနိုင်ငံများသို့ သတ္တုတွင်းထွက် တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆၈.၀၃၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၈.၃၆၀ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၆.၃၉၄ သန်း တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ခင်မျိုးသွယ်
မဇ္ဈိမမြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
 “ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကျိုးတူ ပူးပေါင်းဆောင်ရွက် ရန်နှင့် ကူးသန်းရောင်းဝယ်မှု များပြုလုပ်ရန် ဆက်သွယ်ဆောင် ရွက်နိုင်ပြီ ဖြစ်ပါတယ်။
အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ
Photo: အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ
Friday, January 25, 2013
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက် အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ် အကူအညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ် တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် မဖြစ်မနေ 
အခြေစိုက် စခန်းထံ ပြန်လှည့်ခဲ့ရကြောင်း သတင်းများက ဆိုသည်။ 
အဆိုပါ ကနေဒါ နိုင်ငံသားများသည် လေယာဉ် တစ်စင်းနှင့်အတူ အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ 
Planet Myanmar Network အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦး ကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီ ဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက်အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ်အကူ အညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ်တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်
UNFC ၏ကြေငြာချက်များအား KNU သဘောမတူ
Photo: UNFC ၏ကြေငြာချက်များအား KNU သဘောမတူ
Friday, January 25, 2013
 UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC  ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ ၄င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အချက်ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရအား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း  ၎င်းမှ ပြောကြားသွားသည်။ KNU ခေါင်းဆောင်သစ်များအနေဖြင့် ယခင်တပ်ပေါင်းစု များဝင်ရောက်ခဲ့သည့်မူအတိုင်းပင် UNFC နှင့်ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟုသိရှိရကြောင်း သို့သော် UNFC နှင့်ပတ်သက်၍ အချို့အချက်များအား မေးခွန်းထုတ်စရာ၊ စိစစ်စရာများ ရှိသည်ဟူသော သဘောထားများ KNU အတွင်းတွင်ရှိနေကြောင်း PNLO ဥက္ကဥ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောကြားခဲ့သည်။ UNFC မှ ချမှတ် ထားသောမူနှင့် KNU ၏ (၁၅) ကြိမ်မြောက်ကွန်ရက်မှ ချမှတ်ထားသည့်မူအကြား ကွဲလွဲမှုမရှိစေရန် ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကဌ ပါဝင်သည့် UNFC ကိုယ်စားလှယ်အဖွဲ့မှ KNU အဖွဲ့အား မဲဆောက်မြို့ တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လည်းသိရှိရသည်။ 
 UNFC အဖွဲ့သည် အဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့၎ဖွဲ့သာ လက်နက်ကိုင်အင်အား အသင့်အတင့် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖွဲ့စည်းထားသော်လည်း ကျန်အအဖွဲ့များမှာမူ နိုင်ငံတွင်းတွင် ပြောပ လောက်သည့် လက်နက်ကိုင်အဖွဲ့များမရှိကြောင်း သိရှိရသည်။
Ref မဇ္ဈိမ UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန် ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေ အတွင်းရေး မှူး ဖဒိုကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ ၄င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီးလာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင်သွားမည်ဆိုသောအချက်ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU
ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိ ပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ် ပြီးတော့ နေပြည်တော်မှာကျင်းပတဲ့လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေး ကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/01/aire-mask.html
အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ဘယ်သွားသွား၊ ဘယ်လာလာဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ် နဲ့ နှားခေါင်းကိုဖုံးထားမယ့် ယင်းလေရှူမျက်နှာဖုံးမှာ တာ ဘိုင်သေးသေး လေးပါပါတယ်။ ယင်းတာဘိုင်ဟာရှူတဲ့လေ၊ ထုတ် တဲ့လေကို  လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
မိုင်းထိခဲ့သည့် သူတစ်ဦး အတွက် ဆေးဝါး အကူအညီ လို
မိုင်းထိခဲ့သည့် သူတစ်ဦး အတွက် ဆေးဝါး အကူအညီ လို
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ် ဖားကန့် မြို့တွင် မိုင်းဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီး အရိုး အထူးကု ဌာနသို့ ရောက်ရှိနေသော ဦးခေါဘောမ် သည် သွေးကြော ပြတ်မှုများ ကုသပြီးနောက် ဆေးဝါး စရိတ် လိုအပ် နေကြောင်း ကူညီ ဆောင်ရွက် ပေးနေသည့် ဦးခင်မောင်ဝင်းက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ အမျိုးသား သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားသော ဖားကန့်မြို့ တိုက်ပွဲတွင် ၄င်း၏ ခန္ဓာကိုယ် အနှံ့အပြား မိုင်းစများ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ပြီး ဦးခေါင်း၊ လက်မောင်း တို့တွင် မိုင်းစများ ပိုမို ထိမှန်ခဲ့သဖြင့် သွေးကြောများ ပြတ်တောက် သွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
ဦးခေါဘောမ်ကို ကူညီရန် မေတ္တာရှင် ဆရာတော်မှ ငွေကျပ် ၆ သိန်း လှူဒါန်း ထားပြီး ဆေးဝါး ဆက်သွယ် လှူဒါန်း လိုပါက ဖုန်းနံပါတ် ၀၉ ၄၄၀၀၀၂၆၉၆ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။
ကချင် ပြည်နယ်တွင် တိုက်ပွဲ များကြောင့် ဖားကန့်၊ ဂင်စီ၊ လုံးခင်း၊ ဆိုင်းတောင်ရှိ ဘုန်းကြီးကျောင်း နှင့် ခရစ်ယာန် ဘုရားကျောင်း များသို့ ကျေးရွာ ၁၆ ရွာတို့မှ စာရင်း ရရှိသော စစ်ပြေး ဒုက္ခသည် ပေါင်း ၈၀၀၀ကျော် ရောက်ရှိနေပြီး အခြား စာရင်း မရရှိသော စစ်ပြေး ဒုက္ခသည် ဦးရေ ၄ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် ထံမှ စုံစမ်း သိရှိရသည်။
(The voice)
ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုင်းဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရိုး အထူးကုဌာနသို့ ရောက်ရှိနေသော ဦးခေါဘောမ် သည် သွေးကြောပြတ်မှုများ ကုသပြီးနောက် ဆေးဝါးစရိတ် လိုအပ် နေကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ဦးခင်မောင်ဝင်းက The Voice Weekly သို့ ပြောကြားသည်။
ယာသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက နှစ်သောင်းတိုးမြှင့် သတ်မှတ်
ယာသီးနှံများဖြစ်သော မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲမျိုးစုံ ၊ အစေ့ထုတ်ပြောင်း ၊ ဝါစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ကာမိစေရန် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ တစ်ဧကလျင် ကျပ် တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။
စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနခွဲကိုဖျက်သိမ်း၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအသစ်ဖွဲ့စည်း
စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနခွဲကိုဖျက်သိမ်း၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအသစ်ဖွဲ့စည်း
Friday, January 25, 2013
လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ် 
ကချင်လွတ်မြောက်ရေးဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် တနှစ်အောက်ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားမှု များပြားလာပြီး ယခုလအတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိနေပြီဟု လိုင်ဇာပြည်သူ့ဆေးရုံမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြောသည်။ 
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွားခဲ့သော်လည်း ဇန်နဝါရီလတွင် ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမို ပြင်းထန်လာ
ပြီး ၂၀ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့ထိ ကလေးငယ် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ 
“ဒီနေ့ ဆုံးသွားတဲ့ ကလေးက မျက်ဖြူလန်သွားတယ်။ တကိုယ်လုံး အရည်ဓါတ် ခန်းခြောက်ပြီး အဖျား ၄၀၊ ၄၁ ဒီကရီထိ တက်ပြီး ဆုံးသွားတယ်။ ဒီရောဂါက အရမ်း မြန်နေတယ်။ နှစ်ရက် သုံးရက်ဆိုရင် သေဆုံးသွားတယ်။ ဒီနေ့ ဆုံးတဲ့ ကလေး ကလဲ ဆေးတောင် မကုရသေးဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်”ဟု ကလေးဆရာဝန် ဆိုင်းမိုင်ကပြောသည်။ 
ယနေ့ ကြာသာပတေးနေ့မှာဘဲ လိုင်ဇာမြို့ ဝိုင်ချိုင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်စခန်းမှ ကလေးတဦး ထပ်မံ သေဆုံး
ခဲ့ပြီး ယနေ့တနေ့ထဲတင် ဝမ်းရောဂါ ခံစားနေရသူ ကလေး ၄ ဦး လိုင်ဇာဆေးရုံသို့ ထပ်မံ ရောက်ရှိလာနေသည်ဟု ၎င်းက မဇ္စျိမသို့ပြောသည်။
အဓိကအားဖြင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်း အပါအဝင် ဒုက္ခသည်စခန်းအတွင်း ကြပ်ကြပ်တည်းတည်း
နေထိုင်ရခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကလေးဆရာဝန်က သုံးသပ်ပြောဆိုသည်။
ထို့ပြင် ကလေးငယ်များ သေဆုံးမှု မြန်ဆန်လာသဖြင့် ထူးဆန်းသည့် ဝမ်းရောဂါ ဖြစ်ပြီး အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ တနှစ် ကျော်ကြာ ဖြစ်ပွားနေသော လက်နက် ခဲယမ်း ဓါတ်ငွေ့များကြောင့် ဖြစ်နိုင်သည်ဟု ယူဆသော်လည်း လက်တွေ့ သုတေသန မပြုလုပ်နိုင်ကြောင်း သူက ဆက်ပြောသည်။ 
လက်ရှိ လိုင်ဇာဆေးရုံတွင် ၁၀ ဦးကျော် ဆေးကုသမှုခံယူပြီး တခြားဒုက္ခသည်စခန်းအတွင်း ဆေးကုသနေသူ အနည်းဆုံး ၁၀၀ ကျော် ဖြစ်ပွားနေသည်ဟု သိရသည်။ 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဂျယ်ယန်း ဒုက္ခသည်စခန်းအတွင်းမှ ကလေးများသာ ပိုမိုဖြစ်ပွားခဲ့သော်
လည်း ယခု နောက်ပိုင်း လိုင်ဇာမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ကလေးများလည်း ဖြစ်ပွားမှု ပြန့်နှံ့လာနေခြင်း ဖြစ်သည်။ 
(Mizzima)
လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့
လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့
မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင် အပါအဝင် လူငါးဦးသည် လိုက်ထရပ် ယာဉ် အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိ လာပြီး ကချင် ပြည်နယ် အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသမှ တစ်ဆင့် KIA ဌာနချုပ် ရှိရာ လိုင်ဇာသို့ သွားရောက်လိုသည့် အကြောင်း ပြချက်ဖြင့် တာဝန် ရှိသူများ တားဆီး သည့် ကြားမှ ဆက်လက် ထွက်ခွာခဲ့သည်။
အဆိုပါ နယ်မြေသည် လုံခြုံရေး အရ တည်ငြိမ်မှု မရှိသေးခြင်း၊ KIA အကြမ်းဖက် အဖွဲ့များ၏ မိုင်းအန္တရာယ်များ များပြားလျက် ရှိခြင်းတို့ကြောင့် မလိုလား အပ်သည့် ဆုံးရှုံးမှုမျိုး ထိခိုက် ဒဏ်ရာ ရရှိစေခြင်း မဖြစ်စေရေး အလို့ငှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ ယာဉ်အား ဒေါ့ဖုန်းယန်မြို့ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် လာရာလမ်းသို့ ကောင်းမွန်စွာ တားဆီး ရှင်းပြလျက်  ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
http://bit.ly/VaH9NW
မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်အပါအဝင် လူငါးဦးသည် လိုက် ထရပ်ယာဉ်အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိလာပြီး ကချင် ပြည် နယ်အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသ
ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်
Photo: ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွားပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာ မူတည်နေတယ် လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။ 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ မှာရှိတဲ့ ဘူးဂါးကုမ္ပဏီပိုင် မလိရေအားလျှပ်စစ် စက်ရုံနားတစ်ဝိုက်မှာ လုံခြုံရေး အခြေအနေမရှိမှု၊ မြေမြှုပ်မိုင်း အန္တရာယ်တွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့အတွက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးဖို့ အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင် က RFA ကို အခုလိုပြောပါတယ်။
"တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့်လဲဖို့ သံတိုင်တွေကို စီစဉ်ထားတယ်၊ အခုအဲဒီမှာ အရပ်သားဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီပတ်ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေအထားပဲ ရှိပါတယ်"
ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အခိုက်အတန့် ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ကေဗွီအေ အင်ဂျင်စက် ၃လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေတယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွား ပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရ နဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာမူတည်နေ တယ်လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။
Thursday, 24 January 2013
ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး အေဂျင်စီများအား အတားအဆီမရှိဝင်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက် တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း
ပြည်သူလူထု၏ ယုံကြည်မှုရရှိ စေရန်နှင့် တရားစီရင်ရေးတွင် ဖြောင့်မတ်မှန်ကန် စေရန် တရားသူကြီးများ တရားခွင်တက်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ၄င်းက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။
ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ
ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ
Written by စိုးမင်း     Thursday, 24 January 2013 17:25 
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။
" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာတယ်။ ဂစ္စပနဒီတံတား နားကို ရောက်တာနဲ့ ပင်ကာက ရေမှာချထားတဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်းလွတ်ရာလွတ်ကြောင်းဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသည့် စက်ဆရာက ပြောသည်။
အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။
ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ်များမရှိတော့ကြောင်း သိရသည်။
အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။
ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။
အေးချမ်းမွန်မှ Arakan Times  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စု တစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။
သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်
သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်
ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၁ မိနစ် 
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများ ရှိခဲ့ခြင်းကို ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။ 
၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု  မဇ္ဈိမအား ပြောသည်။ 
စီမံ ခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတဦးသိန်းစိန်အား ဇန်န၀ါရီလ ၂၃နေ့ ညနေငါးနာရီတွင် သမ္မတအိမ်တော် ၌ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။ 
( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့များ ပါဝင်သည့် (၉) ဦးပါ ကိုယ်စားလှယ် အဖွဲ့အား တက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင် ဆောင်၌ သမ္မတ အား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ 
သမ္မတ ဦးသိန်းစိန် က မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိတို့ နိုင်ငံနှင့် ပြည်သူ များ၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် အသိအမှတ် ပြုမှု တစ်ရပ် အဖြစ် ခံယူကြောင်း ဆုပေးအပ်ပွဲ အခမ်း အနားတွင် ပြောခဲ့သည် ဟုသမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
ဆက်လက် ၍လည်း ထိုင်း မြန်မာ နှစ်နိုင်ငံကြား ပညာရေး ကဏ္ဍ ပူးပေါင်း လုပ်ဆောင်မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ် များအကြား ပညာ သင်ကြားမှု ဖလှယ်ရေး အစီအစဉ် သဘောတူ စာချူပ်များ ဆက်လက် ချုပ်ဆို သွားရန် ရှိကြောင်းလည်း ( Bansomdej chaopraya Rajabhat University - BSRU) မှ တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမှ မဇ္ဈိမအား ပြောသည်။ 
၎င်းက “အနာဂါတ်မှာ အာဆီယံ နိုင်ငံတွေ အကြား ကူးလူး ဆက်သွယ်မှု ကောင်းမွန် လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင် ငံကြား ဘာသာ စကား ဖလှယ် သင်ကြား မှုတွေ ရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေး ကဏ္ဍနဲ့ ပတ်သက် ပြီးတော့မြန်မာ နိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ် ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက် ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောကြားခဲ့သည်။ 
ထို့ပြင် တက္ကသိုလ် အနေနှင့် ယခု ဘွဲ့တံဆိပ်ကို အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးရှိ နိုင်ငံဥသျှောင်ခေါင်းဆောင်များအား ပေးအပ် ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက်ဆုံး ပေးအပ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း မစ္စစ် ဝလင်းလက်စ် မှ ပြောကြားခဲ့ပါသည်။ 
သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ နှစ်ဆန်းပိုင်း ခန့်ကပင် ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။         
အေးချမ်းမွန်မှ  Mizzima - News in Burmese    တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက် လက် ဖြစ် ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ်လာရောက် ပေး အပ်ခဲ့သည့် အပေါ်ဝေဖန်မှုများရှိခဲ့ခြင်းကို ယင်းတက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေးကဏ္ဍတွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။
ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Photo: ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Thursday, January 24, 2013
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်းပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
အဆိုပါ H+100 အသည်းကူ ညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်းဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်
မိခင်များအား ဘီပိုးစီပိုးကြောင့် အသက်မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။
၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေ အခက်အခဲ အရ အခမဲ့ဆေးဝါးကုသပေးမှု အား ရပ်ဆိုင်းခဲ့သော်လည်း ယခု အခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူ ဒါန်းငွေဖြင့် လူနာအသစ်များအား လက်ခံကုသပေးသွားမည် ဖြစ် ကြောင်း သိရသည်။
”အဓိက ကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေးမတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound  ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေး
နေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့သူတွေကို လည်း လုံးဝ
ပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆို သည်။
ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လလျှင် လေးရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သောရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်
ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီ
တောင်းခံနိုင်ကြောင်း ထပ်မံသိရ သည်။
PN-020
Popular Myanmar News Journal
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်း ပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။
ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။
ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။
ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။
ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်
အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည် ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း နေရာတစ်ခုက ရှာဖွေ တူးဖေါ်ရရှိခဲ့သည်။
ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း
ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း
မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခို ကူးရာတွင် အကူအညီ ပေးခဲ့သည်ဟု သံသယ ရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့အား စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ညွှန်ကြား ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Reuters သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ လူမှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် စစ်သည်များအား တရားစွဲဆိုခြင်းနှင့် တပ်မတော်မှ ထုတ်ပစ်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု တစ်ရပ် အရ ကြည်းတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အဆင့်မြင့် အရာရှိ အချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအား တရားမဝင် လူမှောင်ခို ကူးရာတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Bangkokpost သတင်းစာတွင် ရေးသားဖော်ပြ ထားသည်ဟု သိရှိ ရပါသည်။ ကြည်းတပ် အရာရှိ အချို့ အနေဖြင့် ၎င်းတို့၏ ကိုယ်ချင်းစာနာ စိတ်ကြောင့်သာ အဆိုပါ ဘင်္ဂါလီ ကိစ္စတွင် စတင် ပါဝင် ပတ်သက်ခြင်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ထိုင်းအစိုးရ အနေဖြင့် ဘင်္ဂါလီ များအား စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသည့် ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များကို အကူအညီ ပေးရန် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား ရေး အေဂျင်စီ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တရားမဝင် ဝင်ရောက် နေထိုင်မှု အတွက် ဖမ်းဆီးခံ ထားရသော ဘင်္ဂါလီ များကိုမူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။
http://www.myawady.net.mm/allnews/global/item/5246-2013-01-24-13-29-10#.UQEVoZ28B8E
အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခိုကူးရာတွင် အကူ အညီပေးခဲ့သည်ဟု သံသယရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့ အား စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး