Thursday, 24 January 2013

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး အေဂျင်စီများအား အတားအဆီမရှိဝင်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက် တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ပြည်သူလူထု၏ ယုံကြည်မှုရရှိ စေရန်နှင့် တရားစီရင်ရေးတွင် ဖြောင့်မတ်မှန်ကန် စေရန် တရားသူကြီးများ တရားခွင်တက်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ၄င်းက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

Written by စိုးမင်း     Thursday, 24 January 2013 17:25 
     
အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာတယ်။ ဂစ္စပနဒီတံတား နားကို ရောက်တာနဲ့ ပင်ကာက ရေမှာချထားတဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်းလွတ်ရာလွတ်ကြောင်းဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသည့် စက်ဆရာက ပြောသည်။

အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ်များမရှိတော့ကြောင်း သိရသည်။

အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။

ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။

အေးချမ်းမွန်မှ Arakan Times  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာအနီးတွင် ကုလားအုပ်စု တစ်စု၏ လုယက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်


သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်

ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၁ မိနစ် 

မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက် ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများ ရှိခဲ့ခြင်းကို ယင်း တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေး ကဏ္ဍ တွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။ 

၎င်းက “နိုင်ငံရေးက နိုင်ငံရေး နဲ့ပဲ သက်ဆိုင် ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီ အခြေအနေ တွေက ဒီဂုဏ် ထူးဆောင် ဆုတံ ဆိပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူးလို့ကျွန်မ မြင်တယ်၊ ကျွန်မ တို့ အခုလို ဆုတံဆိပ် ပေးအပ် တာကလည်း ပညာရေး ကဏ္ဍနဲ့ပဲ တွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု  မဇ္ဈိမအား ပြောသည်။ 

စီမံ ခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတဦးသိန်းစိန်အား ဇန်န၀ါရီလ ၂၃နေ့ ညနေငါးနာရီတွင် သမ္မတအိမ်တော် ၌ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။ 

( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့များ ပါဝင်သည့် (၉) ဦးပါ ကိုယ်စားလှယ် အဖွဲ့အား တက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင် ဆောင်၌ သမ္မတ အား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ 

သမ္မတ ဦးသိန်းစိန် က မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိတို့ နိုင်ငံနှင့် ပြည်သူ များ၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် အသိအမှတ် ပြုမှု တစ်ရပ် အဖြစ် ခံယူကြောင်း ဆုပေးအပ်ပွဲ အခမ်း အနားတွင် ပြောခဲ့သည် ဟုသမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ဆက်လက် ၍လည်း ထိုင်း မြန်မာ နှစ်နိုင်ငံကြား ပညာရေး ကဏ္ဍ ပူးပေါင်း လုပ်ဆောင်မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ် များအကြား ပညာ သင်ကြားမှု ဖလှယ်ရေး အစီအစဉ် သဘောတူ စာချူပ်များ ဆက်လက် ချုပ်ဆို သွားရန် ရှိကြောင်းလည်း ( Bansomdej chaopraya Rajabhat University - BSRU) မှ တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမှ မဇ္ဈိမအား ပြောသည်။ 

၎င်းက “အနာဂါတ်မှာ အာဆီယံ နိုင်ငံတွေ အကြား ကူးလူး ဆက်သွယ်မှု ကောင်းမွန် လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင် ငံကြား ဘာသာ စကား ဖလှယ် သင်ကြား မှုတွေ ရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေး ကဏ္ဍနဲ့ ပတ်သက် ပြီးတော့မြန်မာ နိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ် ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက် ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် တက္ကသိုလ် အနေနှင့် ယခု ဘွဲ့တံဆိပ်ကို အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးရှိ နိုင်ငံဥသျှောင်ခေါင်းဆောင်များအား ပေးအပ် ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက်ဆုံး ပေးအပ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း မစ္စစ် ဝလင်းလက်စ် မှ ပြောကြားခဲ့ပါသည်။ 

သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ နှစ်ဆန်းပိုင်း ခန့်ကပင် ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။         

အေးချမ်းမွန်မှ  Mizzima - News in Burmese    တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက် လက် ဖြစ် ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ်လာရောက် ပေး အပ်ခဲ့သည့် အပေါ်ဝေဖန်မှုများရှိခဲ့ခြင်းကို ယင်းတက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေးကဏ္ဍတွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။

ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်

Photo: ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Thursday, January 24, 2013

အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်းပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

အဆိုပါ H+100 အသည်းကူ ညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်းဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်
မိခင်များအား ဘီပိုးစီပိုးကြောင့် အသက်မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။

၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေ အခက်အခဲ အရ အခမဲ့ဆေးဝါးကုသပေးမှု အား ရပ်ဆိုင်းခဲ့သော်လည်း ယခု အခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူ ဒါန်းငွေဖြင့် လူနာအသစ်များအား လက်ခံကုသပေးသွားမည် ဖြစ် ကြောင်း သိရသည်။
”အဓိက ကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေးမတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound  ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေး
နေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့သူတွေကို လည်း လုံးဝ
ပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆို သည်။

ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လလျှင် လေးရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သောရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်
ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီ
တောင်းခံနိုင်ကြောင်း ထပ်မံသိရ သည်။

PN-020
Popular Myanmar News Journal
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်း ပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ


အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။

ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။

ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။

ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။

ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်

အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည် ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော် ကြီးကျောင်း နေရာတစ်ခုက ရှာဖွေ တူးဖေါ်ရရှိခဲ့သည်။

ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း

ဘင်္ဂါလီများအား လူမှောင်ခို ကူးရာတွင် ပါဝင်ပါတ်သက်သော ထိုင်းကြည်းတပ် အရာရှိအချို့အား စုံစမ်းစစ်ဆေးရန် ထိုင်းကြည်းတပ် ဦးစီးချုပ်က ညွှန်ကြား ခဲ့ခြင်း

မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခို ကူးရာတွင် အကူအညီ ပေးခဲ့သည်ဟု သံသယ ရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့အား စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ညွှန်ကြား ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Reuters သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ လူမှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် စစ်သည်များအား တရားစွဲဆိုခြင်းနှင့် တပ်မတော်မှ ထုတ်ပစ်ခြင်းတို့ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု တစ်ရပ် အရ ကြည်းတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အဆင့်မြင့် အရာရှိ အချို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအား တရားမဝင် လူမှောင်ခို ကူးရာတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ Bangkokpost သတင်းစာတွင် ရေးသားဖော်ပြ ထားသည်ဟု သိရှိ ရပါသည်။ ကြည်းတပ် အရာရှိ အချို့ အနေဖြင့် ၎င်းတို့၏ ကိုယ်ချင်းစာနာ စိတ်ကြောင့်သာ အဆိုပါ ဘင်္ဂါလီ ကိစ္စတွင် စတင် ပါဝင် ပတ်သက်ခြင်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြား ခဲ့ပါသည်။ ထိုင်းအစိုးရ အနေဖြင့် ဘင်္ဂါလီ များအား စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသည့် ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမား များကို အကူအညီ ပေးရန် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား ရေး အေဂျင်စီ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တရားမဝင် ဝင်ရောက် နေထိုင်မှု အတွက် ဖမ်းဆီးခံ ထားရသော ဘင်္ဂါလီ များကိုမူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5246-2013-01-24-13-29-10#.UQEVoZ28B8E

အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံမှ တစ်ဆင့် တတိယ နိုင်ငံ တစ်နိုင်ငံသို့ လူမှောင်ခိုကူးရာတွင် အကူ အညီပေးခဲ့သည်ဟု သံသယရှိသည့် ထိုင်းကြည်းတပ်မှ အရာရှိ အချို့ အား စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး

နယူးဇီလန်ကထုတ်သော တစ်ယောက်စီး မိုးပျံဝတ်ဆုံ

နယူးဇီလန်ကထုတ်သော တစ်ယောက်စီး မိုးပျံဝတ်ဆုံ

တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားမှာဆိုတော့ သိပ်တော့ ကြောက်စရာ မလို ပါဘူး။ Science Fiction ရုပ်ရှင်တွေထဲက Jetpack ကို တကယ်ဖြစ်အောင် ဖန်တီးလိုက်တာ ကတော့ နယူးဇီလန်က Martin အမည်ရ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းထုတ် ကုမ္မဏီ ဖြစ်ပါတယ်။

ပင်လယ်ရေပြင်အထက် ၂.၅ ကီလိုမီတာအထိ မိုးပေါ်ပျံနိုင်တယ်လို့ ဆိုပါ တယ်။ ဓာတ်ဆီတိုက်ကီတစ်လုံးနဲ့ ကီလိုမီတာ ၅၀ သွားနိုင်ပါတယ်။ အရင် မော်ဒယ်တုန်းကထက် ပိုသွားနိုင်တယ်ပါတယ်။ အရေးပေါ် အခြေ အနေ မှာ အသုံးပြုရန် အတွက်သာ ဖြစ်ပြီး စစ်တပ်တွေမှာ အသုံးပြုနေပြီ လို့ ဆိုပါတယ်။ သို့ပေမယ့် မြို့ တွင်း မှာ အသုံးပြုနိုင်ဖို့ ဖြစ် လာ တော့ မယ်လို့ဆို ပါတယ်။

မီးပွိုင့်ထူထဲလှတဲ့ မြို့ တွေမှာ လူတိုင်းသာ ယင်း မိုးပျံဝတ်ဆုံနဲ့ ပျံနေကြရင် တစ်နေရာရာမှာ တိုက်မှာတော့ အမှန်ပါပဲ။ ဒီတော့ လူအချို့ သာ ဝယ်စီးနိုင်ဖို့ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ

http://www.yoyarlay.com/science-tech/134-inventions/33969-jetpack-by-martin

အေးချမ်းမွန်မှ YoYarLay   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ သွားမှာဆိုတော့ သိပ်တော့ ကြောက်စရာ မလိုပါဘူး။ Science Fiction ရုပ်ရှင်တွေထဲက Jetpack ကို တကယ်ဖြစ်အောင် ဖန်တီးလိုက်တာကတော့ နယူးဇီလန်က Martin အမည်ရ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းထုတ် ကုမ္မဏီ ဖြစ်ပါတယ်။
ပင်လယ်ရေပြင်အထက် ၂.၅ ကီလိုမီတာအထိ မိုးပေါ်ပျံနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ဆီတိုက်ကီတစ်လုံးနဲ့ ကီလိုမီတာ ၅၀ သွားနိုင်ပါ

ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်

Photo: ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်
Thursday, January 24, 2013

ကချင်ဒေသပြည်တွင်းစစ်ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာရှည်မည်ဆိုပါက ကျောက်စိမ်းဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ်ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။

”လက်ရှိမှာကုမ္ပဏီကြီးတွေက ကုန်ကြမ်းတွေ ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ်တစ်နှစ် လောက်တော့ တင်းခံနိုင်ဦးမယ်” ဟု ၄င်းက ပြောသည်။

ထို့အပြင် ဖားကန့်ရှိ   ကျောက် စိမ်းလုပ်ကွက်များတွင် ကျောက် ကားများ၊ မြေသယ်သည့်ကားများ အား နေရာရွှေ့သည်နှင့်KIA  ဘက်မှပစ်မည်ဟု ပြောထားသဖြင့်   ကျောက်လုပ်ကွက်ေ လလံဆွဲထား သူများမှာ လေလံအောင်ထားသော် လည်းလုပ်ငန်းများရပ်ထားရ ကြောင်း မန်းကျောက်ဝိုင်းမှ ကျောက်စိမ်းကုန်သည် ဦးထူးထူး က ဆိုသည်။

လက်ရှိတွင်   လေလံအောင် ထားသော လုပ်ငန်းရှင်များမှာ လုပ်ငန်း
လုပ်ခွင့် မရခြင်းကြောင့် အစိုးရဘက်မှ အဆိုပါလေလံလုပ် ကွက်များအား လုပ်ငန်းရပ်နားထား ရသည့် အချိန် ကာလအစား ပြန် ပေးမည်ဟု ကြားနေရကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့က ပြောသည်။

လောလောဆယ် ကျောက် စိမ်းဈေးကွက်တွင် ကျောက်စိမ်း 
လက်ေ ကာက်လောက်သာ အ ရောင်းအဝယ် အနည်းငယ်သာ
ရှိနေပြီး အဖွင့်ဈေးကွက်ဟုခေါ် သော နားစွဲ၊ လက်စွပ်နှင့် ဆွဲသီး များ အရောင်းအဝယ်အေးနေ ကြောင်း   ကျောက်စိမ်းဈေးကွက်မှ သိရသည်။

မြန်မာကျောက်စိမ်းကိုတရုတ်မှ အဝယ်များသော်လည်း တရုတ် ကုန်သည်များအနေဖြင့် နှစ်သစ် ကူးရက်နီးလာသောကြောင့် ဌာနေ   ပြန်သူများ၍ ဈေးကွက်ဝယ်လိုအား ကျဆင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကို ဖားကန့်ဒေသ၌ အများဆုံးတူးဖော်ရရှိပြီး ခန္တီးဒေသမှလည်း ကျောက်စိမ်း အနည်းငယ်ထွက်ရှိ သည်။

အိမ်စည်စိုးစံ၊ မိုးငယ်
Popular Myanmar News Journal
ကချင်ဒေသပြည်တွင်းစစ်ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာ ရှည်မည်ဆိုပါက ကျောက်စိမ်းဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ် ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။
”လက်ရှိမှာကုမ္ပဏီကြီးတွေက ကုန်ကြမ်းတွေ ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ်တစ်နှစ် လောက်တော့ တင်းခံနိုင်ဦးမယ်” ဟု ၄င်းက ပြောသည်။

မိုးပေါ်ပျံမယ့်ကား Moller M400

မိုးပေါ်ပျံမယ့်ကား Moller M400

ကနေဒါအင်ဂျင်နေယာ Paul Moller မှ နှစ်ပေါင်းလေးဆယ်ကြာ ကြိုးစားပြီးနောက် ထွက်ရှိလာတဲ့ ကားလေယာဉ် ဖြစ်ပါတယ်။

ကားဆိုတာထက် မိုးပျံ လေယာဉ်တစ်စီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီး၊ ပြကြီး တွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့ မိုးပေါ်ပျံသန်းနိုင်ပါတယ်။ လူတစ်ယောက်စီးကနေ လူ ၆ ယောက်စီးလောက်အထိ ဖြစ်လာဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

၂၀၀၄ ခုနှစ်က စမ်းသပ်ပျံသန်းမှု အသေးစား ပြုလုပ်ပြခဲ့ပြီး ၂၀၀၆ နှစ်လယ် မှာ အကြီးစား ပျံသန်းမှု တစ်ခုပြုလုပ်ဖို့ကြေညာခဲ့ပေမယ့် မပျံဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တဖြည်းဖြည်း ရက်ရွှေ့  သွားပါတယ်။ ယခု ၂၀၁၃ မှာတော့ တကယ်ပဲ မောင်းနှင်နိုင်ပြီ ဖြစ်တဲ့ Moller M400 Skycar များကို ထုတ်ဖော်ပြသမယ်လို့ ယုံကြည်နေပါတယ်။

Moller ကုမ္မဏီအပြင် Freedom Motor ကထုတ်တဲ့ Rotapower အမည်ရ အင်ဂျင်ကိုလည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်လုပ်ဆောင်ချက် Upgrade လုပ်ထားပြီး ၉၀၀ ကီလိုဂရမ် ဝမ်အားတင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ယင်း Skycar ဖြစ်လာဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မက ကုန်ကျထားဖြစ်တယ်လို့ ဆိုပါတယ်။

၁ ယောက်စီးက ၆ ယောက်အထိ အစားစား ထုတ်လုပ်မှာ ဖြစ်ပါ တယ်။ မောင်းနှင်ပုံကလည်း လက်ရှိ လေယာဉ်ပျံများလောက် မရှုပ်ထွေးစေ ပဲ ကွန်ပြူတာ ထိန်းချုပ်စနစ် နဲ့ လူတိုင်း မောင်းနှင်နိုင် ဖန်တီးပေးထားမှာ လို့ ဆိုပါတယ်။ Mollar M400 အပြင် M400X, M600, M800 အမျိုးအစား စုံလင်စွာ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်စီးစီရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင် လောက်ကနေ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
International news for myanmar

http://www.innewsmyanmar.com/2013/01/moller-m400.html

အေးချမ်းမွန်မှ   International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကနေဒါအင်ဂျင်နေယာ Paul Moller မှ နှစ်ပေါင်းလေးဆယ်ကြာ ကြိုး စားပြီးနောက် ထွက်ရှိလာတဲ့ကားလေယာဉ် ဖြစ်ပါတယ်။
ကားဆိုတာထက် မိုးပျံ လေယာဉ်တစ်စီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက် က ကားကြပ်တဲ့ မြို့ ကြီး၊ ပြကြီး တွေမှာအသုံးပြုဖို့ ဖြစ်ပါတယ်။ တစ်နာ ရီ မိုင် ၃၀၀ နှုန်းနဲ့ မိုးပေါ်ပျံသန်းနိုင်ပါတယ်။ လူတစ်ယောက် စီးကနေ လူ ၆ ယောက်စီးလောက်အထိ ဖြစ်လာဖို့အတွက် ကြိုးပမ်းနေကြပါ တယ်။

မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ

Photo: မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ
Thursday, January 24, 2013

အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိ သည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိသာသာ
လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေးကုသ
ပေးသော ဆေး ခန်းများ များပြားလာပြီး မြို့နယ် အချို့တွင် ထိုကဲ့သို့သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေးခန်းများတွင် လူနာအရေအတွက် သိသိသာသာ
နည်းသွားခြင်းဖြစ်သည်။““အရင်ကဆို တစ်နေ့ကို လူ နာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲ ရှိသေးတယ်”” ဟုအထွေထွေ ရော ဂါကုဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာကောင်းတာပေါ့။
ဆေးကုဖို့ မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်း နည်းလာတာသိသာ တယ်။ အတွေ့အကြုံရှိတဲ့ ဆရာ ၀န်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာသေးတဲ့ ဆရာဝန်လေး
တွေ ဘာ လုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။

ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိက ကုသပေးသော ထိုအခမဲ့ဆေးခန်း များတွင် ဖွင့်လှစ်သည့် ရက်များ တွင် လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်း အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်၏ ကျန်းမာရေးဆိုင်ရာ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့် ရှိသည့်
သာကေတမြို့နယ်အတွင်း မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ယောက်တောင်
မပြည့်ချင်တော့ဘူး။ ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်း
ကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာထုံးစံပဲလေ””ဟု 
အဆိုပါ ဆရာဝန်ကပြောသည်။

7Day News Journal
အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိ သာသာ လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်မှစတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေး ကု သပေးသော ဆေးခန်းများများပြားလာပြီး မြို့နယ်အချို့တွင် ထိုကဲ့သို့ သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေး

အမေနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ မန္တလေးမြို့တွင် ကျင်းပမည်

Photo: အမေနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ မန္တလေးမြို့တွင်
ကျင်းပမည် 
Thursday, January 24, 2013

အမေနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့တော် ချမ်းအေးသာဇံမြို့နယ်
မောရဂီဝါ ရပ်ကွက် ၇၃ x ၇၄ လမ်းကြား ၃၄ x ၃၅ လမ်းကြား သီရိဆန်တိုးဆီးမား မယ်တော်ကြီး ကျောင်းဝင်းအတွင်း စာရေးဆရာ သုံးဦးက စာပေ ဟောပြောမည် ဖြစ်ကြောင်း အမေနေ့
ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။

ဟောပြောမည့် စာရေးဆရာများမှာ ဦးဖုန်းမြင့်အောင်(မန္တလေး)၊ အမျိုးသား စာပေဆုရှင် မစန္ဒာ၊ အမျိုးသား စာပေဆုရှင် ယဉ်ယဉ်နု(မန္တလေး)တို့ ဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် စတင် ကျင်းပမည်
ဖြစ်သည်။

The Voice Weekly
အမေနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့တော် ချမ်းအေး သာဇံမြို့နယ်မောရဂီဝါ ရပ်ကွက် ၇၃ x ၇၄ လမ်းကြား ၃၄ x ၃၅ လမ်းကြား သီရိဆန်တိုးဆီးမား မယ်တော်ကြီး ကျောင်းဝင်းအတွင်း စာရေးဆရာ သုံးဦးက စာပေ ဟောပြောမည် ဖြစ်ကြောင်း အမေနေ ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်း သိရှိရသည်။

ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လူနှင့်စမ်းသပ်ရန် ကျန်နေသေး

ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လူနှင့်စမ်းသပ်ရန် ကျန်နေသေး
Thursday, January 24, 2013

ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုတွင် လူနှင့် စမ်းသပ် ရန်ကျန်ရှိနေသေးကြောင်း ဆေးသုတေသနဦးစီးဌာန 
(အောက်မြန် မာပြည်)မှ သိရသည်။

လတ်တလော၌ မြွေဆိပ်ဖြေဆေးများကို သိုးနှင့်မြင်းမှ ထုတ်လုပ်
လျက်ရှိသော်လည်း မြင်းမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် ခက်ခဲလာ
သည့်အတွက် ထိန်းသိမ်းကိုင် တွယ်ရ လွယ်ကူသော သိုးမှသာ အဓိကထုတ်လုပ်နေ ကြောင်း၊ ထို့အပြင် ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင် ရေးအတွက် သုတေသနစမ်းသပ်မှုကို ၂ဝ၁၁ ခုနှစ်မှ စတင်ဆောင် ရွက်လျက်ရှိပြီး ယခုအခါ ကြွက်များနှင့် ထိုမြွေဆိပ်ဖြေဆေး၏ အာနိသင်အား စမ်းသပ်ပြီးဖြစ် ကြောင်း၊ သို့ရာတွင် ဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် မျောက်နှင့်လူတို့တွင် စမ်းသပ်ရန် လိုအပ်နေသေးကြောင်း၊ ကျန်းမာရေးဆိုင်ရာနှင့် ဆေးပညာကျင့် ဝတ်များအရ အဆိုပါ မြွေဆိပ်ဖြေဆေးအား လူနှင့် စမ်းသပ်ရန် အခက် တွေ့နေကြောင်း ဆေးသု တေသနဦးစီးဌာန(အောက် မြန်မာပြည်)
မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းအောင်က ပြော သည်။

ကြက်ဥမှ မြွေဆိပ်ဖြေဆေးအားအောင်မြင်စွာ ထုတ်လုပ်နိုင်ပါက အခြားသော မြွေဆိပ်ဖြေဆေးများထုတ်လုပ်မှုထက် ကုန်ကျစရိတ်များစွာ သက်သာစေနိုင်မည့် အပြင် မြွေကိုက်မှုကြောင့် သေဆုံးသူဦးရေကိုလည်း အ တော်အတန် လျှော့ချနိုင်မည်ဖြစ် ကြောင်း ၄င်းက ထပ်မံပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းဇယားများအရ
မြန်မာနိုင်ငံ၌ နှစ်စဉ်မြွေ ကိုက်ခံရသည့် လူနာပေါင်း တစ်သောင်းသုံးထောင်မှ တစ်သောင်းခွဲကြား ရှိသည့်အနက် ၈ဝ ရာခိုင်နှုန်းမှာ အဆိပ်ရှိသောမြွေကိုက် ခံရခြင်း ဖြစ်သည်။

Popular Myanmar News Journal
ကြက်ဥမှ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုတွင် လူနှင့်စမ်းသပ်ရန်ကျန် ရှိနေသေးကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်)မှ သိရသည်။လတ်တလော၌ မြွေဆိပ်ဖြေဆေးများကို သိုးနှင့်မြင်းမှ ထုတ် လုပ်လျက်ရှိသော်လည်း မြင်းမှ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် ခက်ခဲ လာသည့်အတွက် ထိန်းသိမ်းကိုင်တွယ်ရ လွယ်ကူသော သိုးမှ သာ အဓိကထုတ်လုပ်နေကြောင်း၊ ထို့အပြင် ကြက်ဥမှ မြွေဆိပ်ဖြေဆေး

အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း

အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း

 
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်းမှုများ တိုးပွား စေရေးနှင့် စစ်မက် မရှိသော လုံခြုံမှု ဖော်ဆောင်ရေး တို့အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းသည့် အခမ်း အနားတွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

အမေရိကန် နိုင်ငံသည် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင် နိုင်ရေး အတွက် အလေးထား ဆက်လက်ထိန်းသိမ်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ရေးထက် ငြိမ်းချမ်းသော ကမ္ဘာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနစ်နာ စေရေး အတွက် ပဋိပက္ခများကို ပိုမိုကိုင်တွယ် ဖြေရှင်း ပေးနိုင်စွမ်း ရှိသော မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြား ခဲ့ပါသည်။ အမေရိကန် ပြည်သူများ သည် လုံခြုံ ငြိမ်းချမ်းမှု သေချာ ခိုင်မာစေရေး အတွက် စစ်ပွဲများ ဆင်နွှဲနေရန် မလိုအပ်ဟု ယုံကြည် ထားကြောင်း အီရတ် စစ်ပွဲ ပြီးဆုံးမှုနှင့် အာဖဂန်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းမည့် ကိစ္စတို့ကို ရည်ညွှန်း၍ အိုဘားမားက ပြောကြား ခဲ့ပါသည်။ 

ထို့အပြင် အိုဘားမားသည် အာရှ၊ အာဖရိက၊ အမေရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် ဒီမိုကရေစီ ဖော်ဆောင်မှု များကို ထောက်ကူ ပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေအဖြင့် ဒေသတွင်း အင်အား ကြီးထွား လာလျက် ရှိစဉ် အိုဘားမား အစိုးရသည် အာရှ ဒေသရှိ မိတ်ဖက် နိုင်ငံများနှင့် ဆက်ဆံမှု ခိုင်မာရေး အလေးထား ဆောင်ရွက်လျက် ရှိသည်ဟု သိရှိ ရပါ သည်။

http://www.myawady.net.mm/allnews/global/item/5166-2013-01-23-22-30-15#.UQDrB528B8E
အမေရိကန်သမ္မတဘားရက်အိုဘားမားက အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက်ပူးပေါင်းမှုများ တိုး ပွား စေရေးနှင့် စစ်မက်မရှိသော လုံခြုံမှု ဖော်ဆောင်ရေးတို့ အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတသက်တမ်း ရာထူးအပ်နှင်းသည့် အခမ်းအနား တွင် ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့လာ

တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ 
ကမ်းပါးပြိုမှုများ ကြုံတွေ့လာ
Thursday, January 24, 2013

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါးတိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ်
ခဲ့မှုများကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှုများကြုံတွေ့နေရ
ကြောင်း  ဒေသခံတို့က ဆိုသည်။

“ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲ
ဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။  လယ်ကွင်းသို့ ရေကျော်တယ်။  ကမ်းနား
တစ်လျှောက်သဲတွေတူးတော့ကမ်းတွေက ရေတိုက်စားလာတယ်။”
ဟုမောင်တောဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ  ဒုံးပိုက်အုပ်စုအတွင်းရှိ သဲသောင်ပြင်မှာ ၃မိုင်ရှည်ပြီး  ပင်လယ်ကမ်းခြေရှိ သဲများကို   နေရောင်ခြည်အောက်တွင် ကြည့်လျှင်
ငွေရောင်လင်းလက်နေသဖြင့် သတ္တုများပါဝင်နိုင်သည့်အတွက် စမ်းသပ်မှုများ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ပင်လယ်ကမ်းခြေ အနီးရှိ 
သဲများကို ၂၀၀၇ ခုနှစ်တွင် တရုတ် ကုမ္ပဏီတစ်ခုမှ  တစ်နှစ်လုံးနီးပါး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီတစ်ခုမှ အဆိုပါဒေသအတွင်းရှိ သဲများအား စမ်းသပ်မှုများပြုလုပ်ခဲ့ရာ  ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ကိုးတန်ကောက်၊ မောင်တောမြို့နယ် သဝင်ချောင်း၊ ဇော်မတက် စသည့် ဒေသများတွင် တိုက်တေနီယမ်ပါ သဲများ တွေ့ရှိကြောင်းသိရသည်။

ထိုစမ်းသပ်မှုများအရ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် အခြားဓာတ်သတ္တုပေါင်း ၂၀ ကျော်ပါဝင်တွေ့ရှိရသည်ဟု   ပြည်ပအခြေစိုက် မီဒီယာမှ ထုတ်လွင့်မှုအရ သိရသည်။

“ စမ်းသပ်ခဲ့တဲ့ သဲတွေကို အငူမော်ကနေ ရေချမ်းပြင်သို့ပို့တာ တွေ့ရတယ်။  ၂၀၀၇ခုနှစ်က  တရုတ်ကုမ္ပဏီတစ်ခုကနေပြီး ပင်လယ်ကမ်းစပ်နဲ့ လယ်ကွင်းကြားမှာ ရှိတဲ့ သဲခုံတွေကို စက်တွေနဲ့ တူးတယ်။  မြေတွေလည်း ကွင်းတွေ ဖြစ်သွားတော့ လှိုင်းတွေက လယ်ကွင်းထိ တက်လာတယ်။ ကမ်းစပ်မှာရှိတဲ့ အပင်တွေလည်း သေတယ်။ ကမ်းတွေလည်း ပြိုတယ်။’’ဟု ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးသိန်းကျော်က ဆိုသည်။

သဲတွင်ပါရှိသည့် တိုက်တေနီယမ်သတ္တု ထုတ်လုပ်နိုင်ခွင့်ရရှိနိုင်ရန်
အတွက် ပြည်တွင်း အခြေစိုက် Gold Finder ကုမ္ပဏီမှ
ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။ 

အမေရိကန်မှ ထုတ်ပြန်သည့် မဟာဗျူဟာမြောက်ပစ္စည်းစာရင်းဝင် တိုက်တေနီယမ်သတ္တုမှာ အထူးသဖြင့် လက်နက်ထုတ်လုပ်သည့်နေရာ၊ တင့်ကား၊ တိုက်လေယာဉ်နှင့် အခြားစက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာ၌ အသုံးဝင်သည့်ရှားပါး သတ္တုတစ်မျိုးဖြစ်သည်။

မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါး တိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ် ခဲ့မှု များကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှု များကြုံတွေ့နေ ကြောင်း ဒေသခံတို့က ဆိုသည်။

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်
Thursday, January 24, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတား လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော ရဲကင်း စခန်းအား ဆိုင်ကယ် စီးလာသည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့်
ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူ ခဲ့ရသည်။

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ပြည်သူများ ထိတ်လန့် တုန်လှုပ် စေရုံ သာမက တရားဥပဒေ စိုးမိုးရေး တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား အကြောင်းမဲ့ အကြမ်းဖက် လုပ်ရပ် များ ဆောင်ရွက်လျက် ရှိရာ 
(၃/ ၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးသည့် နောက်ပိုင်း ၁၁ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။

http://www.myawady.net.mm/allnews/headline/item/5247-2013-01-24-13-30-12#.UQDgTZ28B8E

မြ၀တီ

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတားလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော ရဲကင်းစခန်းအား ဆိုင်ကယ်စီးလာ သည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သည်။

အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ

အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ 
Thursday, January 24, 2013

ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြု မယ်ဆိုရင် ခက်ခဲမယ့် အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆို သူက အချိန် ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။

ဥပမာ မနက် အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထားရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေး အစရှိသဖြင့် လိုသလို Option ပေးလို့ရပါတယ်။ ၂၄ နာရီလုံးကို ခွဲခြားပေးဖို့ အရောင်တော့ ပေးမထားလောက်ဘူးထင်ပါတယ်။ သူက အဓိက အားဖြင့် မနက်အိပ်ယာထချိန်၊ ထမင်းစားချိန်၊ နေ့လည်စာချိန်၊ ညနေရုံးဆင်းချိန်၊ ည စာစားချိန်၊ ညအိပ်ယာဝင်ချိန် အစရှိသဖြင့် အရေးကြီးတဲ့ အချိန်တွေ ကိုပဲ ပြသမှာ ဖြစ်ပါတယ်။

LED မျက်နှာပြင်နဲ့ ဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းအတိုင်းပါပဲ။ အချိန်ကို နာရီမဟုတ်ပဲ ဖုန်းတို့လို နေရာကနေကြည့်နိုင်တယ်ဆိုရင် လက်မှာ ပတ်တဲ့ နာရီနေရာကို ဖက်ရှင် တစ်ခုခုနဲ့ အစားထိုးနိုင်ပါတယ်။ ဒါကြောင့်ပဲ ယင်းစိတ်ကူးနဲ့ ယခု Color in time နာရီကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Maxim Mezentsev ဖြစ်ပြီး မကြာမီ ထုတ်လုပ်တာ့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြုမယ် ဆိုရင် ခက်ခဲမယ့် အနေအထားမှာရှိပါတယ်။ ဘာလို့လဲဆို သူကအချိန်ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။
ဥပမာ မနက်အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထား ရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေးအစရှိသဖြင့် လိုသလို Option ပေးလို့

မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ

မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ
Thursday, January 24, 2013

မိုဘိုင်းဖုန်းကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင်ရွက်နေခြင်းကြောင့်
မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးမည့်တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိကကုမ္ပဏီများမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ ကွန်ရက်စနစ်အား ဦးစားပေးနေသောကြောင့် ယခုကဲ့သို့   နှောင့်နှေးနေခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့်နှုန်းထားကို သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်းထားအတိုင်းသာ ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။

“တန်ဖိုးနည်းဖုန်းတွေ မချထားမီ မီဒီယာများက တစ်ဆင့် ဖိတ်ခေါ် အသိပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ၊ 
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

၎င်းတန်ဖိုးနည်း ဖုန်းများမှာ ယခုလအတွင်း အမှန်တကယ်
ချထားပေးမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ
 ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်သည်။

"ဒီမိုဘိုင်းကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်သင့်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ဇော်က
ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအခါ မိုဘိုင်းဖုန်းကဏ္ဍအား လက်ရှိထက်များစွာ တိုးတက်မှု ရှိစေရန် အတွက် ပြည်တွင်း၊
ပြည်ပပုဂ္ဂလိကကုမ္ပဏီများအား  ယှဉ်ပြိုင်လုပ်ကိုင်စေမည်
ဖြစ်ကြောင်းကိုလည်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘတ်ဂျက်ကို မမှီခိုပဲ ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်စေရန်   ဆောင်ရွက်သွားမည် ဖြစ်သည်။

ဥာဏ်ဥာဏ် (မြစ်မခ)
Myit Makha Mediagroup
မိုဘိုင်းဖုန်းကွန်ရက်များ တည်ငြိမ်ရန် ဦးစားပေးဆောင် ရွက်နေခြင်းကြောင့်မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချပေးမည့် တန်ဖိုး နည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့ နေခြင်းဖြစ်ကြောင်း သိရ သည်။အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီ များမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ

ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ

ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ
Thursday, January 24, 2013

ဆီးဂိမ်း၌ သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက်ထုတ်လွှင့်ခွင့်ကို ပြည်တွင်း
ကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ သိရသည်။

လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ နှစ်ခုမှာ Red Link နှင့် မြန်မာတယ် လီကွန်းကုမ္ပဏီများဖြစ်ပြီး နေပြည် တော်၊ မန္တလေး၊ ငွေဆောင်နှင့် ပုဂံမြို့လေးမြို့တွင် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

“ တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီ တွေထဲက ရွေးချယ်ဆောင်ရွက် 
သွားတာပါ။ ပြိုင်ပွဲမကျင်းပမီ ပြီးစီး အောင်ဆောင်ရွက်သွားဖို့ မှာကြား ထားပါတယ်”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးကျော်မျိုးသန်းက ပြောသည်။

Red Link ကုမ္ပဏီသည် မန္တလေးနှင့်ငွေဆောင်တွင် လုပ်ကိုင်ခွင့်
ရရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် ပုဂံကို မြန်မာတယ်လီကွန်း ကုမ္ပဏီမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“ ဆက်သွယ်ရေးက သတ်မှတ် ပေးထားတဲ့အချိန်အမီ ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။ လက်ရှိလည်း ဝိုင်ဖိုင်စနစ်နဲ့ပုဂံဘုရားတွေမှာ ထုတ်လွှင့်ပေးနေတဲ့အတွက် အခက်အခဲမရှိနိုင်ပါဘူး”ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မြန်မာ တယ်လီကွန်းသည် လည်း နေပြည်တော်တွင် ဝိုင်ဖိုင် စနစ်အတွက် ဖိုင်ဘာကေဘယ်လိုင်းများ သွယ်တန်းလျက်ရှိကြောင်း၊ တချို့မှာ ပြီးစီးသည့်အနေအထား ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသည့်အပိုင်းကိုလည်း အချိန်မီပြီး စီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊နေပြည်တော်နှင့်
ငွေဆောင်တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုးသမီး
ဘောလုံးပြိုင်ပွဲ၊ ငွေဆောင်တွင် ရွက်လှေအားကစား ပြိုင်ပွဲနှင့် 
ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲ အပါအဝင် ကစားနည်း
လေးမျိုးနှင့် နေပြည်တော်တွင် ကျန်ရှိသည့် အားကစားနည်း ၂၂ နည်း ပြိုင်ပွဲများ ကျင်းပ မည်ဖြစ်သည်။ ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် ကြည့်ရှုသူ
များအား အင်တာနက်သုံးစွဲခွင့် ပေးမည်ဟု အားကစားဝန်ကြီး
ဌာနမှ ထုတ်ပြန် ထားသည်။

အောင်ဇော်
Popular Myanmar News Journal

ဆီးဂိမ်း၌သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက်ထုတ်လွှင့်ခွင့်ကို ပြည် တွင်းကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ဖမ်းမိ

ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ဖမ်းမိ
Thursday, January 24, 2013

ဂျပန်နိုင်ငံ ဖူကူရှီမားမြို့၌ ဆူနာမီပြီးနောက် ဆိုးရွားလှသည့် အနုမြူ မတော်တဆမှုကြီးဖြစ်ပွားပြီးချိန်တွင် အခင်းဖြစ်ပွားခဲ့သည့်   နေရာအနီး၌
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

“ ဒီငါးကိုတော့ မိုက်လို့ အမည်ပေးထားပါတယ်။ မိုက် မှာပါတဲ့
ရေဒီယိုသတ္တိကြွမှုနှုန်းကတော့ လက်ခံနိုင်တဲ့ အတိုင်းအတာထက် အဆပေါင်း ၂၅၀၀ ပိုများနေပါတယ်”ဟု TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုက်အား တိုင်းတာကြည့်ရာ၌ ၁ ကီလိုဂရမ်မှာ ရေဒီယို သတ္တိကြွမှု 
၂၅၄,၀၀၀ becquerels အထိရှိနေခဲ့ကြောင်းနှင့် လူအများ စားသုံးနိုင်သည့် ရေဒီယိုသတ္တိကြွပမာဏမှာ ၁ ကီလိုဂရမ်တွင် 
၁၀၀ becquerels ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လ(၂၁)ရက် နေ့က ဖမ်းမိခဲ့သည့်
ရေဒီယိုသတ္တိအကြွဆုံးငါးမှာ တစ်ကီလိုဂရမ်တွင် ၂၅၈၀၀ 
becquerels အထိပဲ ပါရှိခဲ့ကြောင်းကိုလည်း သိရသည်။

TEPCO ( Tokyo Electric Power Company ) မှ တာဝန်ရှိသူများအနေဖြင့် အခင်းဖြစ်ပွါးခဲ့သည့် ဖူကူရှီးမား ဒိုင်ချီ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်  ၂၀ ကီလိုမီတာ အနီးတဝိုက်တွင် ရေဒီယိုသတ္တိကြွငါးများ အပြင်ထွက်၍ အခြား ငါးများအား အစားမခံရစေရန် ပိုက်များ ချထားကြောင်းကိုလည်း TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မိုက်မှာ ကျွန်တော်တို့ မျှော်လင့်ထားသလို ရေဒီယိုသတ္တိကြွပြီးတဲ့နောက် မျက်လုံးသုံးလုံးပါလာတာတို့၊ ခြေထောက်တွေ ပါလာတာတို့နဲ့ အခြားထူးခြားတဲ့ခန္ဓာကိုယ်အပြောင်းအလဲတွေတော့ ထူးထူးခြားခြား
မတွေ့ရပါဘူး။”ဟု ၄င်းက ပြောသည်။

ကိုဒေ(မြစ်မခ)
Myit Makha Mediagroup

ဂျပန်နိုင်ငံ ဖူကူရှီမားမြို့၌ ဆူနာမီပြီးနောက် ဆိုးရွားလှသည့် အနုမြူ မတော်တဆမှုကြီးဖြစ်ပွားပြီးချိန်တွင် အခင်းဖြစ်ပွားခဲ့သည့် နေရာအနီး၌
ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။