Wednesday, 23 January 2013

ဖားကန့်-မိုးကောင်းလမ်း ပြန်လည် သွားလာခွင့်ရ

ဖားကန့်-မိုးကောင်းလမ်း ပြန်လည် သွားလာခွင့်ရ
Wednesday, January 23, 2013 

အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ရက်နေ့ ကစပြီး နှစ်ပတ်နီးပါးပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ မိုးကောင်း-ဖားကန့်လမ်းကို ဒီကနေ့ ဇန်န၀ါရီလ ၂၂ရက်နေ့ မနက်ပိုင်းမှာ ဖြတ်သန်းသွားလာ ခွင့်ပြုလိုက်ပြီလို့ သိရှိရပါတယ်။

ဒီကနေ့ မနက်ပိုင်းကစပြီး မိုးကောင်းဘက်က ကားတွေတက်လာပြီး ဖားကန့်ဘက်ကလည်း ခရီးသည်တင်ကားတွေနဲ့ ကိုယ်ပိုင်းကားတွေ ဆင်းသွားကြပြီလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၅နာရီလောက်မှာ လုံးခင်းရဲ့ အရှေ့မြောက်ဘက် ၇မိုင်ခန့်အကွာ နန့်စန်းသုံးကျေးရွာဘက်မှာ ပစ်ခတ်သံအချို့ ကြားရတာတွေရှိပေမယ့် လတ်တလော တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဖားကန့်ဖက်အခြေအနေ ပြန်တည်ငြိမ်လာတာကြောင့် လုံးခင်းနဲ့
မှော်စီစာကျေးရွာတွေမှာ ခိုလှုံနေကြတဲ့ မားဆား၊ ကုဋေမှော်၊ မဇွပ်ယန် စတဲ့ရွာတွေက ဒေသခံတစ်ချို့ဟာ သူတို့ရဲ့ ရွာတွေကို ပြန်နေထိုင်
ကြတာလည်း ရှိနေပါတယ်။

ဒါပေမယ့် ကေအိုင်အေ တပ်ရင်း ၆အခြေစိုက်တဲ့ ကံစီးပတ်ဝန်းကျင်ရွာ
တွေက ဒေသခံပြည်သူအများစုကတော့ လုံးခင်းဖက်က ကယ်ဆယ်ရေး
စခန်းတွေမှာ ဆက်လက်နေထိုင်နေဆဲဖြစ်ပါတယ်။

အဲဒီစခန်းတွေမှာ လက်ရှိ စစ်ပြေးရှောင်ဒုက္ခသည် အနည်းဆုံး နှစ်ထောင်လောက်ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

RFA Burmese
အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ရက်နေ့ ကစပြီး နှစ်ပတ်နီးပါးပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ မိုးကောင်း-ဖားကန့်လမ်းကို ဒီကနေ့ ဇန်န၀ါရီလ ၂၂ရက်နေ့ မနက်ပိုင်းမှာ ဖြတ်သန်းသွားလာ ခွင့်ပြု လိုက်ပြီ လို့ သိရှိရပါတယ်။
ဒီကနေ့ မနက်ပိုင်းကစပြီး မိုးကောင်းဘက်က ကားတွေတက်လာပြီး

ရှမ်း/ မြောက် KIA,တပ်မဟာ(၄) ဒေသ တွင်တိုက်ပွဲ ဖြစ်

ရှမ်း/ မြောက် KIA,တပ်မဟာ(၄) ဒေသ တွင်တိုက်ပွဲ ဖြစ်
==============================
Lahta Sam Mung KIA, Dap Ba(4) Ginra Hta Gasat
=============================
ရှမ်းပြည်နယ် မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်၊ 
KIA,တပ်ရင်း (၈)ဒေသအတွင်း သို့ထိုးစစ်ဆင်ရောက်ရှိလာ
သောမြန်မာ အစိုးရစစ်တပ်နှင့် KIA, တပ်ရင်း (၈)တို့ ကြား
(22/1/2013) ရက်နေ့ နံနက် (၈း၀၀)နာရီအချိန် တွင် တိုက်ပွဲ 
ဖြစ်ပွားကြောင်း သိရှိ၇ပါသည်။
KIA,တပ်ရင်း(၃၄)ဒေသ မန်တုန် နှင့် နမ့်တူ ကြားရှိ ပန်ဆောင်
ရွာအနီးတွင် မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၁၃၀) တပ်နှင့်
KIA,တပ်ရင်း (၃၄) တပ်ဖွဲ့ ၀င်တို့ (22/1/2013)ရက်နေ့ နံနက်
(၁၁း၀၀)နာရီမှ (၁၂း၃၀) အတွင်းတိုက်ပွဲ ဖြစ်ပွားကြောင်း 
သတင်းရရှိပါသည်။
January praw 22 ya shani hkying 11:00 a.m kawn 
hkying 12:30 ten laman, dung (34) ginra, man dung 
hte Namdu lapran na Pang Sau mare makau kaw 
Hk.L Y (130) ni hte Dung (34) na KIA hpyen la ni 
gasat poi byin ai lam chye lu ai. Hkying 8:00 a.m 
ten Dung (8) ginra, dap mying nchye lu ai tai hpyen 
hpung ni dung (8) na hpyen hpung ni hte laja lana 
gasat poi byin ai lam mung chye lu ai.

ရှမ်းပြည်နယ် မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်၊ KIA, တပ်ရင်း (၈)ဒေသအတွင်း သို့ထိုးစစ်ဆင်ရောက်ရှိလာသောမြန်မာ အစိုးရစစ်တပ်နှင့် KIA, တပ်ရင်း(၈)တို့ ကြား(22/1/2013) ရက်နေ့ နံနက် (၈း၀၀)နာရီအချိန် တွင် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိ၇ပါသည်။

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု ရွှေတောင်ပေါ်ကုမ္ပဏီမှဆို

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု
ရွှေတောင်ပေါ်ကုမ္ပဏီမှဆို
Wednesday, January 23, 2013

မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British 
Spitfire fighters)  ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ (Survey) မြေပြင် အသေးစိတ်
တိုင်းတာရေးအဆင့်၌သာရှိသေးကြောင်း ရွှေတောင်ပေါ်ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းမှာ မြို့ပြလေကြောင်းလိုင်းများ အပြင် တပ်မတော်လေ အသုံးပြုနေသော ကွင်းဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ အရ လုပ်ငန်းခွင်အတွင်းသို့ စာနယ်ဇင်းနယ်ပယ်မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခွင့်ရရန် မလွယ်ကူကြောင်းကိုလည်း  ၄င်းက ပြောသည်။

“Survey အဆင့်ပဲ ရှိသေးတယ်ဆိုတာက ကျွန်တော်တို့က အကန့်
အသတ်နဲ့ လုပ်နေရတာဗျ။ အစိုးရပိုင်းက အားပေးကူညီတယ် ဆိုပေမဲ့
လေယာဉ်ကွင်းထဲမှာ ဖြစ်တဲ့အတွက် ဘယ်နေရာကို တူးသင့်တယ်၊ ဘယ်နေရာကို မတူးသင့်ဘူး ဆိုတာမျိုးကအစ သက်ဆိုင်ရာပညာ ရှင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နေ့စဉ်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရတာ။ သိတဲ့အတိုင်းပဲ လေယာဉ်ကွင်းဆိုတာ လုံခြုံရေးတင်းကြပ် ကန့်သတ်ထားတဲ့ နယ်မြေမဟုတ်လား။ လုပ်ငန်းခွင်ထဲကို မီဒီယာတွေ ၀င်ထွက်သွားလာခွင့်
ရဖို့ဆိုတာက လုံခြုံရေးအရ အစိုးရက ခွင့်မပြုတာပါ” ဟု ဦးထွန်းကျော်က
ပြောသည်။

မီဒီယာများအနေဖြင့် ကုမ္မဏီသို့မေးမြန်းစုံစမ်းခြင်းမရှိဘဲ မရေရာ
မသေချာသည့် သတင်းအချက် အလက်များ မထုတ်ပြန်သင့်ကြောင်းနှင့် သိရှိလိုသည့် သတင်းအချက်အလက်များအား ကုမ္မဏီသို့ မေးမြန်းစုံစမ်း
စေလိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

 “ တချို့က ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအကြောင်းကို ဂဃနဏမသိဘဲ ကောလာဟလ တွေ လျှောက်ပြောကြတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ လုပ်ငန်းကျွမ်းကျင် တဲ့သူတွေနဲ့ အတူ ၁၀ နှစ်ကျော် စနစ်တကျ လေ့လာပြီးမှ ဒီစီမံချက်ကို ဆောင်ရွက်ခဲ့ကြတာပါ” ဟု ၄င်းက ရှင်းပြသည်။

မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း (Survey) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားသို့ ပြန်တက်ရန် စီစဉ်ထားပြီး မြစ်ကြီးနားတွင် ဆောင်ရွက်ဆဲ
လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ်
ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကျော်ဇင်ထွန်း(မြစ်မခ)
Myit Makha Mediagroup

မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British Spitfire fighters) ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ (Survey) မြေပြင် အသေးစိတ်
တိုင်းတာရေးအဆင့်၌သာရှိသေးကြောင်း ရွှေတောင်ပေါ်ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။

Samsung Galaxy Note 8 လာတော့မယ်

Photo: Samsung Galaxy Note 8 လာတော့မယ်
Tuesday, January 22, 2013

ဆမ်ဆောင်းကုမ္မဏီမှ အမှုဆောင်အရာရှိတဦးက  Samsung Galaxy Note – 10 ထက် သေးငယ်တဲ့  ပစ္စည်းသစ်တွေ  ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်ပါပြီ။

အသစ်ထွက်လာမယ့် ပစ္စည်းသစ်ထဲက  Galaxy Note-8 ဟာ အိုင်ပက်မီနီနဲ့ အပြိုင် ဈေးကွက် ၀င်လုဖို့  ရှိနေပါတယ်။

    လကုန်ပိုင်းမှာ ထွက်လာမယ်


ဆမ်ဆောင်းမိုဘိုင်း၏ရဲ့ဥက္ကဋ္ဌ ဂျွန် ချုန်ရှင်းက သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာ Samsung Galaxy Note 8  ကို ဖေဖော်ဝါရီ လကုန်ပိုင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ မှာ  ကမ္ဘာ့မိုဘိုင်း အရောင်းပြပွဲမှ စတင် မိတ်ဆက်ပေးပါမယ်  တဲ့။

Galaxy Note-8 ဆိုတာကြောင့် သူ့ ရဲ့ဆိုဒ်ဟာ ၈ လက်မ အရွယ်ရှိပြီး  အိုင်ပက်မီနီ (Ipad mini) ရဲ့ (၇.၉) လက်မ ဆိုဒ် နဲ့ သိပ်မကွာပါဘူး။ Samsung Galaxy Tab 7 ထက်လည်း ကြီးနေပါတယ်။

အခုထွက်လာမယ့် ပစ္စည်းသစ်တွေမှာ အရင်ကနဲ့ မတူတဲ့ နည်းပညာသစ် ၊ စွမ်းဆောင်ရည် အသစ်တွေ ပါဝင်လာဖွယ်ရှိပါတယ်။  Samsung  ကတော့ နည်းပညာသစ်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ၁၀.၁ လက်မအရွယ်  Galaxy Note 10.1 tablet လို့ ခေါ်တဲ့ သင်ပုန်းကွန်ပြူတာ၊  ၅.၆ လက်မ အရွယ်  Samsung Galaxy Note – 2 စမတ်ဖုန်းတို့ ကို ထုတ်လုပ်ထားပါတယ်။

Samsung Galaxy Note-10 ဟာ အခုဆိုရင် ဂျယ်လီဘင်း ( Andriod OS version) ကို အဆင့်မြှင့်တင်နိုင်ပါပြီ။  ကြေညာခဲ့တဲ့ ရက်ထက့်တော့ အနည်းငယ် နောက်ကျခဲ့ပါတယ်။

    အရောင်းသွက်စမတ်ဖုန်း


လွန်ခဲ့တဲ့လပိုင်းအနည်းငယ်ကမှ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy Note – 2  ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့  အန်းဒရိုက် (Andriod OS) ဂျယ်လီဘင်း ( Jelly Beam) နဲ့ သာ ထွက်ရှိလာခဲ့တာဖြစ်ပြီး ရောင်းကောင်းနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖုန်း ပရိသတ်တွေစိတ်ဝင်စားနေတဲ့  Samsung Galaxy S IV ဘယ်တော့ ထွက်မလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း Samsung  က ခပ်မဆိတ် နေခဲ့တာကိုလည်း တွေ့ ရပါတယ်။

Samsung ရဲ့ အဓိက ဖုန်းတွေဟာ Samsung  အတွက် သီးသန့် ကျင်းပတဲ့ အရောင်းပြပွဲတွေမှာသာ ကြေညာလေ့ရှိတာကြောင့် ဒီ သတင်းနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရအုံးမယ်လို့ လည်း ဖုန်းကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။

Samsung Galaxy S III ကို  ၂၀၁၂ ၊ မေလမှာ   စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၂ ရဲ့ တကမ္ဘာလုံးမှာ အရောင်းရဆုံး စံချိန် တင်ထားပါတယ်။
ဒါကြောင့်  Samsung Galaxy S IV  ဟာ ဖုန်းချစ်သူများကို ဘယ်လို နည်းပညာသစ်တွေနဲ့  ဆွဲဆောင်အုံးမလဲ ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Source: Mashable
http://mashable.com/2013/01/21/samsung-galaxy-note-8-confirmed/


ဆောင်းဦးလင်း 
ဧရာဝတီ
ဆမ်ဆောင်းကုမ္မဏီမှ အမှုဆောင်အရာရှိတဦးက Samsung Galaxy Note – 10 ထက် သေးငယ်တဲ့ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်ပါပြီ။
အသစ်ထွက်လာမယ့် ပစ္စည်းသစ်ထဲက Galaxy Note-8 ဟာ အိုင်ပက်မီနီနဲ့ အပြိုင် ဈေးကွက် ၀င်လုဖို့  ရှိနေပါတယ်။
လကုန်ပိုင်းမှာ ထွက်လာမယ်

မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်း အီရန် ရေတပ် စစ်သင်္ဘောများ ကင်းလှည့် မည်

မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်း အီရန် ရေတပ် စစ်သင်္ဘောများ ကင်းလှည့် မည်

အီရန် နိုင်ငံသည် ၎င်းတို့၏ ရေတပ် စစ်သင်္ဘော များကို မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်းသို့ တပ်ဖြန့်မည် ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီ က ပြောကြား ခဲ့သည်ဟု သိရသည်။

အီရန် နိုင်ငံ၏ အမှတ် (၂၄) ရေတပ်ဖွဲ့မှ စစ်သင်္ဘော များသည် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင် ပင်လယ်ကွေ့၊ ဘတ်အယ်လ်မန်းဒက်ဘ် ရေလက်ကြား၊ ပင်လယ်နီ၊ စူးအက် တူးမြောင်းနှင့် မြေထဲပင်လယ် ဒေသများသို့ သုံးလကြာ ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း ဆေယာရီ၏ ပြောကြားချက်ကို ကိုးကား၍ Press TV သတင်း ဌာနက ဖော်ပြခဲ့သည်။

အီရန် နိုင်ငံက မကြာမီ ကာလအတွင်း ပြုလုပ်ခဲ့သည့် Velayat-91 အမည်ရှိ ရေတပ်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုသည် နိုင်ငံ၏ စစ်ရေးစွမ်းအင် တိုးမြှင့်ရန်၊ ပင်လယ်ရေကြောင်း နယ်နိမိတ် များကို ကာကွယ်ရန်နှင့် ဒေသအတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဆေယာရီက ပြောကြားခဲ့သည်။

ယင်းစစ်ရေး လေ့ကျင့်မှုသည် အိုမန်ပင်လယ်၊ ဟော်မုဇ် ရေလက်ကြား၊ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင်ပင်လယ် ကွေ့နှင့် ဘတ်အယ်လ်မန်း ဒက်ဘ် ရေလက်ကြား ဒေသများ အတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အီရန် နိုင်ငံသည် ၎င်းတို့၏ ရေတပ်စစ်သင်္ဘောများကို မြေထဲ ပင်လယ်နှင့် အခြားပင်လယ်များ အတွင်းသို့တပ်ဖြန့် မည် ဖြစ် ကြောင်း ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာဆေယာရီ က ပြော ကြားခဲ့သည်ဟု သိရသည်။
အီရန် နိုင်ငံ၏ အမှတ် (၂၄) ရေတပ်ဖွဲ့မှ စစ်သင်္ဘောများသည် အိန္ဒိယ

Tuesday, 22 January 2013

လမ်းသန့်ရှင်းရေး လုပ်ကိုင်သူ တရုတ်သန်ြးွကယ်သူဌေး ပင်စင်ယူရန် ငြင်းဆန်

Photo: လမ်းသန့်ရှင်းရေး လုပ်ကိုင်သူ တရုတ်သန်ြးွကယ်သူဌေး ပင်စင်ယူရန် ငြင်းဆန်
Tuesday, January 22, 2013

တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌ သန်ြးွကယ်သူဌေး ဖြစ်သော်လည်း လမ်းသန့်ရှင်းရေး အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသမီး တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်မြူနီစီပယ်၏ အငြိမ်းစား ပင်စင်ကို ရယူလိုခြင်းမရှိဘဲ ၎င်း၏ လုပ်မြဲအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက် ၅၃နှစ်အရွယ်ရှိ ယုယူဇန်းသည် လစာအကျိုးအမြတ်ထက် ဂုဏ်သိက္ခာကြောင့် အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိလိုခြင်း မရှိသောကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယုယူဇန်းသည် ၁၃နှစ်သမီး အရွယ်မှစ၍ လယ်ယာလုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်း၊ ကုန်ကားဒရိုင်ဘာ၊ လမ်းသန့်ရှင်းရေး စသည့် အလုပ်များကို နှစ်ပေါင်း၄၀ကျော် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏ ဘိုးဘွားပိုင်မြေကို အစိုးရက ဆင်းရဲသား အိမ်ရာ စီမံကိန်းအတွက် ၀ယ်ယူခဲ့သဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းခွဲခန့် ရရှိခဲ့ပြီး သန်ြးွကယ်သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့သည်။
သို့ရာတွင် ယုယူဇန်းသည် ငွေကြေးပိုင်ဆိုင်မှုထက် အလုပ်အကိုင်ကိုသာ ပိုမိုမက်မောတွယ်တာပြီး လမ်းသန့်ရှင်းရေး လုပ်ကိုင်သည့် ၁၄နှစ်တာ ကာလအတွင်း ၎င်း၏ ဖခင်ဖြစ်သူနှင့် ယောက္ခမတို့၏ နာရေးအတွက် ခွင့်သုံးရက်သာ ယူခဲ့သည်မှအပ အလုပ်ချိန် နောက်ကျခြင်း၊ ဖျားနာခြင်းစသည်တို့ မရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ တရုတ်ပြည်ရှိ အလုပ်သမားများသည် အလုပ်လုပ်ချိန် လျော့နည်းလာပြီး အပျော်အပါးများ၌သာ ပိုမိုခုံမင်လာသဖြင့် ၎င်း၏သားဖြစ်သူနှင့် ယနေ့ခေတ် တရုတ်လူငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ရကြောင်း ယင်းက မီဒီယာများကို ပြောကြားသွားခဲ့သည်။

SMG
တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌သန်ြးွကယ် သူဌေးဖြစ်သော်လည်း လမ်းသန့်ရှင်းရေး အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသမီး တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်မြူနီစီပယ်၏ အငြိမ်းစားပင်စင်ကို ရယူလိုခြင်းမရှိဘဲ ၎င်း၏ လုပ်မြဲအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း

ရုရှား နိုင်ငံ၏ စတုတ္ထမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်၏ ခရီးဝေး စမ်းသပ် ပျံသန်းမှု

Photo: ရုရှား နိုင်ငံ၏ စတုတ္ထမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်၏ ခရီးဝေး စမ်းသပ် ပျံသန်းမှု
Tuesday, January 22, 2013

ရုရှား နိုင်ငံ၏ စတုတ္ထမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်၏ ခရီးဝေး စမ်းသပ် ပျံသန်းမှုသည် လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ပြီးဆုံးခဲ့ကြောင်း သိရှိ ရပါသည်။

ဆူခွိုင်း ကုမ္ပဏီမှ တည်ဆောက်သော ရေဒါ ရှောင်ကွင်း နိုင်သည့် ပဉ္စမမျိုးဆက် PAK-FA T-50-4 တိုက်လေယာဉ်သည် ရုရှား အရှေ့ဖျားပိုင်းမှ စတင် ပျံသန်းခဲ့ပြီး မော်စကိုမြို့ အနီးရှိ Zhukovsky လေယာဉ်ကွင်း၌ ဆင်းသက်ခဲ့ကြောင်း သိရှိ ရပါသည်။ T-50-4 တိုက်လေယာဉ် အနေဖြင့် အကွာအဝေး ၇,ဝဝဝ ကီလိုမီတာ ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် ရိုကိုဇင်က ပြောကြား ခဲ့ပါသည်။ အိန္ဒိယ နိုင်ငံသည် ၎င်း၏ လေတပ်အတွက် ခေတ်မီ တိုက်လေ ယာဉ်များ ထုတ်လုပ်ရာတွင် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

မြ၀တီ
ရုရှား နိုင်ငံ၏ စတုတ္ထမြောက် ပဉ္စမမျိုးဆက် တိုက်လေယာဉ်၏ ခရီးဝေး စမ်းသပ် ပျံသန်းမှုသည် လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ပြီးဆုံး ခဲ့ကြောင်း သိရှိရပါသည်။

ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးကလေး

ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးကလေး

ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အမျိုးသမီးတစ်ဦး မွေးမြူထားသော ချီဟွားဟွားအနွှယ်ဝင် ခွေးကလေးမှာ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးငယ်ကလေးအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။ အဆိုပါလေစီခေါ် ခွေးငယ်ကလေးမှာ ကိုးပတ်သားအရွယ်ရှိပြီး ခေါင်းမှ အမြီးဖျားအထိ ခြောက်လက်မသာရှိ၍ အလေးချိန်မှာ ၄၂၀သာရှိ၍ (ကော်ဖီမစ်အထုပ်သေး ၂၀ထုပ်စာအလေးချိန်နှင့် ညီမျှသည်)သာရှိကာ ထို့ထက်ပို၍ ကြီးထွားရန် မရှိတော့ကြောင်း တိရစ္ဆာန်ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားသည်။ အဆိုပါ ခွေးငယ်ကလေး၏ ပိုင်ရှင်ဖြစ်သူ အသက်၄၁နှစ်အရွယ် အမျိုးသမီး ရှယ်ရွန်ဂျွန်စတုန်းဆိုသူသည် ခွေးမလေးလေစီအား အ၀တ်ဝတ်ပေးရန်အတွက် ကလေးခြေအိတ်တစ်ဖက်ကို အသုံးပြုခဲ့ရကြောင်း ကာယကံရှင်ကပြောဆိုခဲ့ပြီး အဆိုပါခွေးမလေးမှာ ဗြိတိန်နိုင်ငံတွင် အသေးငယ်ဆုံး ခွေးကလေးအဖြစ် သတင်းဌာနများက ရေးသား ဖော်ပြကြသည်။

အေးချမ်းမွန်မှ  SMG တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အမျိုးသမီးတစ်ဦး မွေးမြူထားသော ချီဟွားဟွား အနွှယ် ၀င် ခွေးကလေးမှာ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံးခွေးငယ် ကလေး အဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။ အဆို ပါလေစီခေါ် ခွေးငယ်ကလေးမှာကိုးပတ် သားအရွယ်ရှိပြီး ခေါင်းမှအမြီးဖျားအထိ ခြောက်လက်မသာရှိ၍အလေးချိန်မှာ ၄၂၀သာရှိ၍ (ကော်ဖီမစ်အထုပ်သေး ၂၀ထုပ်စာအလေးချိန်နှင့် ညီမျှသည်) သာရှိကာ ထို့ထက်ပို၍ ကြီးထွားရန် မရှိတော့ကြောင်း တိရစ္ဆာန်ကျွမ်းကျင်သူ

အိမ်ထောင်ရှင် အမျိုးသား၏ ၀င်ငွေကို အိမ်ရှင်မ၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက် လွှဲပြောင်းနိုင်သည့် ဘဏ်ဝန်ဆောင်မှု အသစ်ကြောင့် တရုတ်အမျိုးသားများ စိတ်ညစ်

အိမ်ထောင်ရှင် အမျိုးသား၏ ၀င်ငွေကို အိမ်ရှင်မ၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက် လွှဲပြောင်းနိုင်သည့် ဘဏ်ဝန်ဆောင်မှု အသစ်ကြောင့် တရုတ်အမျိုးသားများ စိတ်ညစ်
Tuesday, January 22, 2013

တရုတ်နိုင်ငံရှိ ဘဏ်တစ်ခုသည်အိမ်ထောင်သည် အမျိုးသားများ၏ ၀င်ငွေကို ၎င်းတို့၏ အိမ်ရှင်မ ဘဏ်အကောင့်ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးနိုင်သော ၀န်ဆောင်မှုစနစ်ကို စတင်လိုက်သောကြောင့် တရုတ်အိမ်ထောင်သည် အမျိုးသားအများစုက လွန်စွာစိတ်ပျက်နေကြောင်း သိရသည်။ ၎င်းတို့က အဆိုပါစနစ်အား တရုတ်နိုင်ငံသမိုင်းတွင် အမျိုးသားများကို နှိပ်ကွပ်သော အဆိုးရွားဆုံး ဘဏ်ဝန်ဆောင်မှုစနစ် ဖြစ်သည်ဟု ဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ အရေးပါဆုံး ဘဏ်တစ်ခုဖြစ်သော တရုတ်ကုန်သည်ကြီးများ ဘဏ်(CMB)၏ အင်တာနက် စာမျက်နှာပေါ်၌ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ''ငွေကြေးအရင်းအနှီး တိုးပွားရေးဝန်ဆောင်မှု''ဟု ကြေညာထားပြီး အိမ်ထောင်သည်များ ငွေစုမိစေရန် အချိန်နှင့်စွမ်းအင်ကို အထိရောက်ဆုံး သုံးစွဲနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဝန်ဆောင်မှုသည် အမျိုးသား၏ ဘဏ်အကောင့်ငွေသည် ယွမ်တစ်ထောင်ထက် ကျော်ပါက ပိုငွေကိုအိမ်ရှင်မ၏ ဘဏ်အကောင့်ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးသွားမည် ဟုသိရသည်။

SMG

တရုတ်နိုင်ငံရှိ ဘဏ်တစ်ခုသည်အိမ်ထောင်သည် အမျိုးသားများ၏ ၀င်ငွေကို ၎င်းတို့၏ အိမ်ရှင်မဘဏ်အကောင့်ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးနိုင်သော ၀န်ဆောင်မှုစနစ်ကို စတင်လိုက်သောကြောင့် တရုတ်အိမ်ထောင်သည် အမျိုးသားအများစုက လွန်စွာစိတ် ပျက်နေကြောင်းသိရသည်။ ၎င်းတို့က အဆိုပါစနစ်အားတရုတ်နိုင်ငံသမိုင်းတွင် အမျိုးသားများကို နှိပ်ကွပ်သော အဆိုးရွားဆုံး ဘဏ်ဝန်ဆောင်မှုစနစ် ဖြစ်သည်ဟု ဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ အရေးပါ

ဂျာမန်သိုးထိန်းခွေး ၂၀၁၂ခုနှစ်အတွင်း ဒုစရိုက်သမား ၁၄၂ဦးကို ဖမ်းပေးနိုင်

ဂျာမန်သိုးထိန်းခွေး ၂၀၁၂ခုနှစ်အတွင်း ဒုစရိုက်သမား ၁၄၂ဦးကို ဖမ်းပေးနိုင်

ဗြိတိန်နိုင်ငံရှိ ရဲခွေးများအနက် ဗစ်စကို ဂျာမန်သိုးထိန်းခွေးသည် ၂၀၁၂တစ်နှစ်ကာလအတွင်း ဒုစရိုက်သမား ၁၂၄ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ကာ ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ အသက်လေးနှစ် အရွယ်ရှိဗစ်စကိုသည် ၁၈လသားအရွယ်၌ ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗြိတိန်ရဲတပ်ဖွဲ့၏ သင်ကြားမှုအောက်တွင် တဖြည်းဖြည်း ထင်ပေါ်လာခဲ့သည်။ ဗစ်စကိုသည် ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းမှာ အံ့မခန်းတိုးတက်လာပြီး မှုခင်းဖြစ်ပွားရာ နေရာများတွင် တရားခံများကို ရဲဝံ့စွာလိုက်လံ ဖမ်းဆီးခြင်း၊ ပျောက်ဆုံးနေသော ကလေးငယ်များကို ကူညီရှာဖွေပေးခြင်း မျက်မမြင်များကို ကူညီကာ လမ်းဖြတ်ကူးပေးခြင်း စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်သည်။ ထို့ပြင်၂၀၁၃ ဗြိတိန်နိုင်ငံ၏ အကောင်းဆုံး တိရစ္ဆာန်ထူးချွန်ဆုကို ရရှိရန်အတွက် ရေပန်းစားလျက်ရှိကြောင်း သိရှိရသည်။   

အေးချမ်းမွန်မှ  SMG တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗြိတိန်နိုင်ငံရှိ ရဲခွေးများအနက် ဗစ်စကိုဂျာမန်သိုးထိန်းခွေးသည် ၂၀၁၂ တစ်နှစ်ကာလအတွင်း ဒုစရိုက်သမား ၁၂၄ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ကာ ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ သည်။ အသက်လေးနှစ် အရွယ်ရှိဗစ်စကိုသည် ၁၈လသားအရွယ် ၌ ဗြိတိန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ဗြိတိန်ရဲတပ်ဖွဲ့၏သင်ကြား မှုအောက် တွင် တဖြည်းဖြည်းထင်ပေါ်လာခဲ့သည်။ ဗစ်စကိုသည် ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းမှာ အံ့မခန်းတိုးတက်လာပြီး

ရန်ကုန်မှာ ကြယ်လေးပွင့်ဟိုတယ် တော်ဝင်က သြဂုတ်လ အပြီးဆောက်မည်



ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဟိုတယ်ဇုန်အတွင်းတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် တော်ဝင် မိသားစုကုမ္ပဏီက ကြယ်လေးပွင့်ဟိုတယ်တခုကို တည်ဆောက်မည်ဟုသိရသည်။

မြဝတီတစ်ဖက်ကမ်း မဲဆောက်ကုန်သွယ်ရေးဇုန်အတွက် ဘတ် ၅၁ ဘီလီယံသုံးမည်

Photo: မြဝတီတစ်ဖက်ကမ်း မဲဆောက်ကုန်သွယ်ရေးဇုန်အတွက် ဘတ် ၅၁ ဘီလီယံသုံးမည်
Tuesday, January 22, 2013

တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်း-မြန်မာ နယ်စပ်၌ အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်းအဝေးမှ အတည်ပြု
လိုက်ပြီဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းမည့် အထူးစီးပွားရေး
ဇုန်မူဝါဒကော်မတီအား ဝန်ကြီးချုပ် မစ်ရက်လတ်ရှီနာဝပ် ကိုယ်တိုင် ဦးဆောင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေး နှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးရေးဘုတ် 
( NESDB ) မှ ၂၀၁၅ ခုနှစ် အမှီ အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရန်နှင့် ထိုင်းနိုင်ငံ၏ အရှေ့-အနောက် စီးပွားရေးမျက်နှာစာ
တိုးချဲ့ရန် ရည်ရွယ်စီမံကိန်းရေးဆွဲတင်သွင်းသည့်အပေါ်တွင် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

စီမံကိန်းမူကြမ်းကို ဥတ္တရာဒစ်ပြည်နယ်တွင် ၂၁-၁-၂၀၁၃ ရက်နေ့က ကျင်းပသော ဝန်ကြီးအဖွဲ့ နယ်လှည့်အစည်းအဝေးတွင် အတည်ပြု
ပေးခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ တော့ဆာပွန် ဆေရီရတ်က ခွင့်ပြုလိုက်သော စီမံကိန်းဆိုင်ရာ စည်းမျဉ်းများအရ အထူးစီးပွားရေးဇုန်သည် မဲဆောက်တစ်ခရိုင်လုံး(သို့မဟုတ်) အစိတ်အပိုင်းတစ်ရပ်ထဲလည်း
ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းရေးမူအရ ကိန်းဂဏန်း ဆိုင်ရာအချက်အလက်များနှင့် အကောက်ခွန်ဌာနများအား ဆက်စပ်ပေးမည့် အာဆီယံပြူတင်းစီမံကိန်း ရည်မှန်းချက်များ နှင့် လိုက်လျောညီထွေမှုဖြစ်စေရန် တစ်နေရာထဲ၌ အပြီးအစီး ဝန်ဆောင်မှုပေးမည့် စနစ်ကို ထည့်သွင်း တည်ဆောက်
သွားမည် ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်သည်။

ဝန်ကြီးချုပ်က မဲဆောက် အထူးစီးပွားရေးဇုန် တည်ထောင်ရေးကိစ္စအား ကာလကြာရှည်ကတည်းက ဆွေးနွေးထားခြင်းဖြစ်ကြောင်း ပြောကြား
ခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ စည်းမျဉ်းများအား နိုင်ငံတော်ကောင်စီမှ အတည်ပြု
ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ပါသည်။ အထူး စီးပွားရေးဇုန်အား အစပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအား ခြားထားသည့် မိုအိမြစ်ကမ်းဘေး မဲဖနှင့် သာဆိုင် လွတ်ရွာများရှိ ၅၆၀၀ ရိုင်( ဧက ၉၀၀ ခန့်) အကျယ်အဝန်းရှိ မြေကွက်တွင် တည်ဆောက်မည် ဖြစ်သည်။

လက်ရှိ တံတားပေါ်တွင် အသွားအလာ ကြပ်တည်းမှုကိုလျှော့နည်း
သွားစေရန် ဒုတိယမြောက်  ချစ်ကြည်ရေးတံတားတစ်စင်းကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

စက်မှုဇုန်တစ်ခုလည်း တည်ဆောက်မည်ဖြစ်ပြီး တပ်ခ် ပြည်နယ် အာဏာပိုင်များ၊ ပုဂ္ဂလိကများ၊ ထိုင်းနိုင်ငံ စက်မှုဇုန်အာဏာပိုင် အဖွဲ့များနှင့် အကောက်ခွန်ဌာနတို့ ပူပေါင်း တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်တွင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကဏ္ဍများ၊ တင်ပို့မှုနှင့် ဖြန့်ချီမှု ကဏ္ဍ၊ အခွန်လွတ် ဒေသများ၊ စုစည်းသိုလှောင် ရုံများ၊ တစ်နေရာတည်း ( ပြီးပြည့်စုံမည့် ) ဝန်ဆောင်မှုများ၊ တစ်နေရာတည်း စစ်ဆေး အကောက်ခွန်ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှု စခန်းများ ပါဝင်မည်ဖြစ်ပါသည်။

မဲဆောက်ဒေသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အချက်အခြာကျသည့်နေရာတွင် တည်ရှိသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာအလွန်ကောင်းမွန်ကြောင်း စက်မှုစီးပွားရေးရုံး၏ သုတေသန ပြုချက်အရ တွေ့ရကြောင်း သိသည်။

တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆတ် ဘန်ဒစ်က ထိုင်းအစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးမှ မဲဆောက် ဒေသ ဖွံ့ဖြိုးရေးအတွက်အခြားစီမံကိန်းများကိုလည်း ခွင့်ပြုခဲ့ကြောင်၊  လှိုဏ်ခေါင်းလမ်း ဖောက်လုပ်ရေး၊ မီးရထားလမ်း ဖောက်လုပ်ရေး၊ (၄)လမ်းသွား တပ်ခ်-မဲဆောက်ကားလမ်း ဖောက်လုပ်ရေး၊ လေဆိပ် နှင့်  စက်မှုနယ်မြေများ ပါဝင်ကြောင်း သိရသည်။

လေ့လာစူးစမ်းမှုများအရ အဆိုပါ အထူးစီးပွားရေးဇုန်သည် လုပ်သား
အင်အား အခြေခံသည့် ချည်မျှင် နှင့် အထည်စက်ရုံများ၊ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စည်သွတ်ဘူးစက်ရုံများ၊ သစ်သား အချောထည်
နှင့်ပရိဘောဂလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

လွန်ခဲ့သောနှစ်အထွင်း မဲဆောက်ဒေသ နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ထိုင်းဘတ်သန်းထောင်ပေါင်း ၃၁ ခန့်ရှိကြောင်း နှင့် ထိုင်းနိုင်ငံ
မြောက်ပိုင်းဒေသတွင် အများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သတင်းများအရသိရသည်။

ညွန့်အောင် ( မြစ်မခ )
Myit Makha Mediagroup
တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်း-မြန်မာနယ်စပ်၌ အထူး စီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်း အဝေးမှ အတည်ပြုလိုက်ပြီဖြစ်သည်။ စီမံကိန်းအကောင် အထည်ဖော်ရေးအတွက် ဖွဲ့စည်းမည့် အထူးစီးပွားရေး ဇုန်မူဝါဒကော် မတီအား ဝန်ကြီးချုပ် မစ်ရက်လတ်ရှီနာဝပ်ကိုယ်တိုင် ဦးဆောင် မည် ဖြစ်သည်။

ဒီကေဘီအေနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

Photo: ဒီကေဘီအေနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး
Tuesday, January 22, 2013

ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြ၀တီမြို့က အစိုးရဧည့်ရိပ်သာမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား အခုလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ကိစ္စ အဓိကဆွေးနွေးကြတာဖြစ်ပြီး နယ်ခြားစောင့်တပ်ကနေ သိမ်းယူခဲ့တဲ့ လက်နက်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဒီကေဘီအေ အရာရှိတဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “အဓိကက မြိုင်ကြီးငူဒေသမှာဖြစ်ခဲ့တာတွေကို ဖြေရှင်းတယ်။ လွန်ခဲ့တဲ့ ၅ ရက်က အောက်ခြေမှာရှိတဲ့ ရဲဘော်တွေ တယောက်တယောက် လက်နက်သိမ်းယူတဲ့ကိစ္စတွေ။ ကလို့ထူးလား ကွပ်ကဲရေးဌာနက လက်နက်တွေသိမ်းတာ။ အဲဒါပြန်ပေးတဲ့ကိစ္စတွေ ဖြေရှင်းကြတယ်။ ရလဒ်က နိုင်ငံတော်က ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို မပျက်စေချင်ဘူး။ ဦးအောင်မင်းတို့ကလည်းပြောတယ်လေ။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ သူတို့လည်း ဖော်ဆောင်နေတယ်။ လက်နက်တွေပြန်ပေးဖို့လေ။ ကျနော်တို့လည်း ပြန်ပေးသလောက် ပြန်ပေးပါတယ်။ ကျန်ရှိတဲ့ လက်နက်တွေပြန်ပေးဖို့။ မဟုတ်တဲ့လက်နက် ကိစ္စနဲ့ ငြိမ်းချမ်းရေး မပျက်စေချင်ဘူးပေါ့လေ” လို့ ပြောပါတယ်။

ဇန်န၀ါရီ ၅ ရက်နေ့က လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အောက်ခြေအဆင့်တပ်သားတွေ ပဋိပက္ခဖြစ်ပြီး လက်နက်ငယ် အလက် ၅၀ လောက်ကို ဒီကေဘီအေက သိမ်းယူထားတာပါ။ ခုတော့ အများစု ပြန်ပေးပြီး ဖြစ်ကြောင်းနဲ့ ရက်ပိုင်းအတွင်း ကျန်တဲ့လက်နက်တွေ ထပ်ပေးသွားမယ်လို့လည်း ဒီကေဘီအေက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်၊ ဒု-စစ်ဦးချုပ် စောမိုရှေးနဲ့ ကွပ်ကဲရေးတာဝန်ခံ ဗိုလ်ကျော်သက် စသူတို့တက်ရောက်ပြီး အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းနဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် မောင်မောင်အုန်း စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ၀င်ရောက်ဆောင်ရွက်ပေးနေတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲထားတယ်။ လက်မှတ်ထိုးထားတယ်။ ပြည်ထောင်စုအဆင့်မှာ ၁ ကြိမ်လုပ်ပြီးပြီ။ အခုတကြိမ်က မတွေ့တာကြာပြီ။ ကြားထဲမှာ နှစ်ဖက်အဖွဲ့အစည်း အခက်အခဲ အထူးတလည်ရှိခဲ့တာတွေ လာဖြေရှင်းတယ်။ နောက် နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ ဒီဘက်က ဆောင်ရွက်ပေးနိုင်တာတွေ ရှိတယ်။ အဲဒါတော်တော်လေး ရင်းရင်းနှီးနှီး ဆွေးနွေးဖြစ်ခဲ့တယ်။”

ဒီဆွေးနွေးပွဲအပြီးမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူးတူးဆေးဖိုး ဦးဆောင်တဲ့ ခေါင်းဆောင်တချို့လည်း မြ၀တီမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ မနေ့ကလည်း ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်တဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့လည်း ဘားအံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

DVB
ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလို ထူးဘော)နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြ၀တီမြို့က အစိုးရဧည့်ရိပ်သာမှာကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဒီကေ ဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား အခုလ

တောဆင်ရိုင်းများသောင်းကျန်းနေသဖြင့်အမြန်ဆုံးဖမ်းဆီး ထိန်းသိမ်းပေးရန်ဒေသခံများလိုလား

Photo: တောဆင်ရိုင်းများသောင်းကျန်းနေသဖြင့်အမြန်ဆုံးဖမ်းဆီး
ထိန်းသိမ်းပေးရန်ဒေသခံများလိုလား
Tuesday, January 22, 2013

မကွေးတိုင်းဒေသကြီး မကွေး ခရိုင်မြို့သစ်မြို့နယ်တွင် တောဆင်  ရိုင်းများက ဒေသအတွင်းရှိစိုက် ပျိုးပြီး သီးနှံခင်းများကို ဖျက် ဆီးနေပြီး ဒေသခံများကိုပါ အသက်ဆုံးရှုံးသည်အထိသတ်ဖြတ်လာ သဖြင့် ဒေသခံပြည်သူအချို့စိုးရိမ် မကင်းဖြစ်ပွားနေကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ  ရေးဦးစီးမှူးဦးကျော်မြင့်က 
(၁၆. ၁.၂၀၁၃)ရက် နံနက်တွင်  သတင်းထောက်များကိုပြောပြပါ သည်။ 

အဆိုပါတောဆင်ရိုင်းများ မှာ လွန်ခဲ့သော ၂၀၁၂ခုနှစ် နှစ်ဝက်ခန့်က မြို့သစ်မြို့နယ်အတွင်း သို့ရောက်ရှိလာပြီး တောင်သူ အချို့၏
သီးနှံခင်းများကို ဖျက်ဆီး  ခဲ့ကြောင်း၊ ထို့ပြင်လွန်ခဲ့သည့် (၃၁.၁၂.၂၀၁၂)ရက် မွန်းလွဲ (၂)နာရီအချိန်က မြို့သစ်ရဲစခန်း ၏ အရှေ့မြောက်ဘက်မိုင် ၃၀ခန့် အကွာ အိုင်မကျေးရွာအုပ်စု နဂျီ  
တဲတိုက်နေ ဦးတင်မြင့်၏သမီး မသန္တာဦးကိုတောဆင်ရိုင်းတစ် ကောင်က နင်းသတ်ခဲ့ကြောင်း၊ ရဲ စခန်းက သေမှုသေခင်းအမှတ်စဉ်   ၁/၂၀၁၃ဖြင့် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သော ၆လခန့်က မြို့သစ် မြို့သစ်တောဦးစီးဌာနမှူးဦးအောင် မျိုးမြတ်ကို တောဆင်ရိုင်းများ ဖမ်းဆီးပေးရန် မြို့နယ်ပြန်ဆက် ဦးစီးမှူးက အကူအညီတောင်းခံ
ပြောကြားခဲ့ကြောင်း။

၎င်းတောဆင်ရိုင်းများမှာ မြို့သစ်မြို့နယ်အတွင်းသို့ ကျင်လည်   ကျက်စားနေသည်မှာ ၇လကျော် ခန့်ရှိပြီး တောဆင်ရိုင်းများမှာ အုပ်စုကွဲကျက်စားနေကြောင်း၊ တောဆင်ရိုင်းပေါက် ၂ကောင်၊
တောဆင်ရိုင်းအကြီး ၃ကောင် တစ်အုပ်၊တောဆင်ရိုင်းအကြီး ၅
ကောင်က တစ်အုပ်အုပ်စုခွဲသောင်း  ကျန်းနေပြီးသက်တမ်းအကြီးဆုံး
တောဆင်ဟိုင်းမှာ အသက် ၁၅နှစ်   ခန့်ရှိနိုင်ကြောင်း၊ခန့်မှန်းတောဆင် ရိုင်းအကောင်ရေ ၁၅ကောင်ခန့် ရှိမည်ဟုသိရကြောင်း၊ လာမည့်
နွေကာလများတွင် ဆင်မိတ်လိုက် ချိန်ရောက်ပါကဆင်မုန်ယိုခြင်းများ 
ဖြစ်ပေါ်ပြီးဒေသခံပြည်သူများကို      ပိုမိုအန္တရာယ်ပြုလာနိုင်သဖြင့်  
တောဆင်ရိုင်းများကို သက်ဆိုင် ရာကအမြန်ဆုံးဖမ်းဆီးထိန်းသိမ်း
ပေးရန် ဒေသခံများက လိုလားနေ  ကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
မကွေးတိုင်းဒေသကြီး မကွေးခရိုင်မြို့သစ်မြို့နယ်တွင် တောဆင်ရိုင်း များက ဒေသအတွင်းရှိစိုက်ပျိုးပြီး သီးနှံခင်းများကိုဖျက်ဆီးနေ ပြီး ဒေသ ခံများကိုပါ အသက်ဆုံးရှုံးသည်အထိသတ်ဖြတ်လာ သဖြင့် ဒေသခံပြည် သူအချို့စိုးရိမ်မကင်းဖြစ်ပွားနေကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးမှူးဦးကျော်မြင့်က (၁၆. ၁.၂၀၁၃)ရက် နံနက်တွင် သတင်းထောက်များကိုပြောပြ ပါသည်။

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင် ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓဆင်းတုတော် ရှိသည်။

ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇ တွင် ထွင်းထုတည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်) အမြင့်ဆုံး ဆင်းတုတော် ဖြစ်ခဲ့ဖူးသည်။

ယနေ့အချိန်အခါအထိတွင် Leshan Gian Buddha သည် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆောင်ပေါ်ထွင်းထုသော ဆင်းတုတော်အဖြစ် အသတ်မှတ်ခံ ထားရကြောင်း သိရသည်။
---
Ref:Weirdoworld
International news for myanmar

http://www.innewsmyanmar.com/2013/01/leshan-gian-buddha.html

အေးချမ်းမွန်မှ International news for myanmar  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင်ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓ ဆင်းတုတော် ရှိသည်။
ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇တွင် ထွင်းထု တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်)

ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်

Photo: ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်
Tuesday, January 22, 2013

ရန်ကုန်မြို့တော်အတွင်းယာဉ်   ကျောပိတ်ဆို့မှုများကို လေ့လာ သုံးသပ်ပြီး ယနေ့မှစ၍ ၀န်ထမ်း များတိုးချဲ့၍ စီမံချက်များချမှတ် ကာ စနစ်သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကျောပိတ်ဆို့ မှုရှင်းလင်းရေးအတွက် နိုင်ငံတော်  သမ္မတ၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်အများပြည်သူသယ်ယူ
ပို့ ဆောင်ရေးအာဏာကိုင်အဖွဲ့(yangon City Public Transport Authority) ကို ဖွဲ့စည်းထား ပြီး ယင်းအဖွဲ့၏အတွင်းရေးမှူး ဦးလှအောင် (ဥက္ကဋ္ဌ-မော်တော် ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ)က ဇန်န၀ါရီ (၂၂) ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသော သတင်းနှင့် မီဒီယာ ရှင်းလင်းပွဲ၌ပြောကြားရာတွင် “ယာဉ်စဉ်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူအချိုရဲ့ သတိတရား လက်လွတ်ပြီး မဆင်မခြင်ပြုလုပ်
ခြင်းကြောင့် ယာဉ်မောင်းသူနဲ့ ပြည်သူလူထုအများစု ထိခိုက်ခံ စားနေရမှုများကို ကျွန်တော်တို့ တဆင့်ပြီး တဆင့်ပြေလည်အောင်
ဖြေရှင်းဆောင်ရွက်သွားမှာပါ ကာလကြာရှည်စွာဖြစ်ပေါ်လာခဲ့  တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်း  ကမ်းမလိုက်နာမှုများကို ပြည်သူလူထုရော၊ စည်းကမ်းထိန်းသိမ်း  သူရေ၊ မီဒီယာများရော ပူးပေါင်း 
ဆောင်ရွက်မှသာလျှင် အောင်မြင်  မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။ 

ယာဉ်စည်းကမ်းမလိုက်နာ မှုကြောင့် ယာဉ်ကျောပိတ်ဆို့မှု များသော
နေရာများမှာ မရမ်း ကုန်းမြို့နယ်ချော်တွင်းကုန်းမီးပွိုင့်  ဗဟန်းမြို့နယ်
ရွှေဂုံတိုင်မီးပွိုင့်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကာမာရွတ် မြို့နယ် လှည်းတန်း
မီးပွိုင့်နှင့် ဟံသာဝတီအ၀ိုင်း၊ စမ်းချောင်းမြို့ နယ်မြေနီကုန်းမီးပွိုင့်၊ တာမွေမြို့ နယ်တာမွေအ၀ိုင်းတို့ဖြစ်ကြရာ ယင်းနေရာများကို အဆိုပါအဖွဲ့ က ဦးဆောင်ကာဝန်ထမ်းများတိုး ချဲ့၍ ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူစည်း ကမ်းမဲ့ရပ်နားထားသော ယာဉ်များ  ကိုလည်း ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့မှစ၍ တစ်ပတ်တာအချိန်ကို ပညာပေး  ကာလသတ်မှတ်ဆောင်ရွက်ပြီး
နောက်ပိုင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့် မီဒီယာရှင်းလင်းပွဲသို့ရန်ကုန်မြို့တော်အများ ပြည်သူ
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌဦးကြည်သိန်း၊ အတွင်းရေးမှူးဦးလှအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ် ထိန်းရဲတပ်ဖွဲ့ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဦး သာဌေး၊ ရန်ကုန်မြို့တော်စည်ပင်  သာယာရေးကော်မတီလမ်းတံတား  ဌာနဒုတိယဌာမှူးဦးစည်သူလွင်၊ သတင်းနှင့် စာနယ်ဇင်းများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ
The Hot News
ရန်ကုန်မြို့တော်အတွင်းယာဉ် ကျောပိတ်ဆို့မှုများကို လေ့လာသုံးသပ် ပြီးယနေ့မှစ၍ ၀န်ထမ်းများတိုးချဲ့၍ စီမံချက်များချမှတ်ကာ စနစ် သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး


KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

 
ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃)ကဗိုလ်ကြီးအဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီး လို့ ကျိန်းမလို့ ရှိတုန်း အော်သံကြားလို့ ထွက်ကြည့်တာလေ..ကျောင်းထဲကိုသူတို့  အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာ ကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက်က ဒရွတ်တိုက်ဆွဲခေါ်သွားတာ...ဦးဇင်းတို့ က ဒကာကြီးတို့ မှားလိမ့်မယ်....မလုပ်ပါနဲ့ လို့ တောင်းပန်တာကို သူတို့ က သေချင်လို့ လားဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့  ဦးဇင်းတို့ ကို သူပုန်တစ်ယောက်က ချိန်ထားတာ...ဒါနဲ့ ဦးဇင်းလည်းဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကို ဦးဇင်းတို့  ကျောင်းက ကိုရင်တွေနဲ့ ဦးဇင်းတို့ ကန်တော့ လိုက်သေးတယ်... သူပုန်တွေက မြန်မာ့မျိုးချစ်တပ်မတော် ကို သူတို့ သတင်းတွေ ပေးတယ် ဆိုပြီး လာဖမ်းတာ"ဟုပြောသည်။ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း ၃ပါး၊ကိုရင် ၇ပါးရှိပြီး ဆိုင်းဂျာဘွမ်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာ ရက်ကြီးခါကြီးနေ့ များတွင် ၄င်းကျောင်းတွင်ဥပုပ်သီလ စောင့်ကြသည်။

်from စင်္ကာပူ
ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံ ဘုန်းတော် ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ (၁)၊တပ်ရင်း(၃)က ဗိုလ်ကြီးအဆင့်ရှိဘရန်နူးဦးစီး အင်အား၂၈ယောက်က ဆရာတော် အား အစိုးရတပ်သတင်းပေးဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွား

ငွေဆောင် ဆီးဂိမ်းအတွက် ကြိုပြင်ကြပြီ

Photo: ငွေဆောင် ဆီးဂိမ်းအတွက် ကြိုပြင်ကြပြီ
Tuesday, January 22, 2013

လာမည့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်တော့မည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအမီ ငွေဆောင်ကမ်းခြေဒေသမှ ဟိုတယ်နှင့် တည်းခိုခန်းများ အဆင့်မြှင့်တင်ခြင်း ၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများပြုလုပ်လျှက်
ရှိကြောင်း သိရှိရသည်။

“အခုရှိနေတဲ့ ဟိုတယ်တွေအပြင် ထပ်ပြီး ဟိုတယ်(၁၆)လုံးကို ဆီးဂိမ်းအမီ အသစ်တည်ဆောက် နေတာပါ။ ဒီဟိုတယ်တွေ တည်ဆောက်ပြီးစီး
သွားရင်တော့ နိုင်ငံခြားသားတွေ အဆင့်မီတည်းခိုနိုင်တဲ့ ဟိုတယ်တွေ ပိုများလာမှာ ဖြစ်ပါတယ်။ လူဦးရေ လည်း ပိုမိုတည်းခိုနိုင်မှာဖြစ်ပြီး ဒီမှာ အဆင့်မီတဲ့ သာမာန်တည်းခိုခန်းတွေလည်း ရှိပါတယ်။” ဟု ငွေဆောင်
မြို့နယ်ခွဲ စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဝင်းထွဋ်လွင်က ပြောသည်။

လက်ရှိအချိန်တွင် ငွေဆောင်ကမ်းခြေ၌ ဟိုတယ်ပေါင်း(၂၀)ကျော် တည်ဆောက်ဖွင့်လှစ်ထားပြီး အခန်းပေါင်း(၈၀၀)ကျော်ရှိကာ လူဦးရေ(၁၈၀၀)ကျော် တည်းခိုနိုင်ကြောင်း သိရသည်။

ထပ်မံတည်ဆောက်မည့် ဟိုတယ် (၁၆)လုံးတွင် အခန်းပေါင်း(၆၈၀)
ရှိကာ လူဦးရေ (၁၄၈၀)ဦးခန့် တည်းခိုနိုင်မည်   ဖြစ်သောကြောင့် ထပ်မံတည်ဆောက်နေသည့်ဟိုတယ်များ ပြီးစီးပါက လူဦးရေ (၃၃၀၀)ခန့် တပြိုင်နက် တည်းခိုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ငွေဆောင်ကမ်းခြေသည် ချောင်းသာကမ်းခြေထက် နိုင်ငံခြားသား ခရီးသွားများ သုံးဆ ပိုမို လာရောက်သော ကမ်းခြေဖြစ်ပြီး ယခုခရီးသွားရာသီတွင် နိုင်ငံခြားခရီးသည်များ ပိုမို လာရောက် နေကြ၍ ဂျပန်လူမျိုးအများဆုံးလာရောက်ကြောင်း   ငွေဆောင်ဟိုတယ်ဇုန်မှ သိရှိရသည်။

“ နိုင်ငံတကာမှာ ဒီကမ်းခြေထက် အများကြီးသာတဲ့ ကမ်းခြေတွေရှိတယ်။ သဲကအစပေါ့ မွမွလေးတွေ ဒီကလောက် မကြမ်းဘူး။ ဘာကြောင့် ဒီကမ်းခြေကိုကြိုက်ကြလဲဆိုတော့ သဘာဝအတိုင်း မြင်ခွင့်ရတာ ဒီမှာပဲ ရှိတယ်လေ နောက်ပြီး သူတို့က သဘာဝ ရှုခင်းတွေကို ကြိုက်နှစ်သက်ကြတော့ ဒီကိုလာကြတာပေါ့” ဟု ငွေဆောင်
ဟိုတယ်ဇုန်ဥက္ကဌ ဦးသော်ဇင်က ပြောသည်။

သဘာဝတရားအားလက်တွေ့ ခံစားလိုမှုကြောင့် လာရောက်ကြသော
နိုင်ငံခြားသားများသည် ငွေဆောင်ကမ်းခြေတွင် တစ်ညသာ တည်းခိုလေ့ရှိကြပြီး အနီးအနားရှိ ရွာများသို့ သွားရောက်ကာ တံငါသည်များနှင့် ငါးအတူတူဖမ်းခြင်းနှင့် ငါးများကို အတူတူ
ကင်စားလေ့ရှိခြင်းတို့ ပြုလုပ်လေ့ ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ငွေဆောင်ကမ်းခြေမှ မိုင်(၃၀)သာကွာဝေးပြီး (၂)နာရီခန့်သာ ခရီးသွားရောက်နိုင်သော ပုသိမ်မြို့တွင်လည်း   နိုင်ငံခြားခရီးသွား
ဝင်ရောက်မှု များပြားနေပြီး ဆီးဂိမ်းပြိုင်ပွဲအမီ ဟိုတယ် တည်း ခိုခန်းများကို ကြိုတင်ပြင်ဆင်နေကြောင်း ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အခုပုသိမ်မှာက ဟိုတယ်(၇)လုံးရယ် ၊ မိုတယ်နဲ့အင်း (၄၅)လုံးရှိနေပြီး အဲ့ဒီအထဲက ဟိုတယ် အဆင့်တိုးပြီး တည်ဆောက်နေတဲ့ Guest House (၅)ခုရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်းမှာ လည်း ငွေဆောင်ကို
နေ့ချင်းပြန် ကားတွေစီစဉ်ပေးထားမှာပါ” ဟု ပုသိမ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင် များအသင်း ဥက္ကဌ ဦးဝင်းချိုက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်နှင့် ဒေသတွင်းခရီးသွားများ သွားလာ
တည်းခိုနိုင်ရန်အတွက် ငွေဆောင်နှင့်ပုသိမ်တို့မှ လုပ်ငန်းရှင်များက
ပြင်ဆင်နေသော်လည်း မြေသိမ်းမှုပြသာနာများနှင့် ဒေသခံတို့၏ နစ်နာမှုများစွာကြုံတွေ့နေရချိန်တွင် နိုင်ငံစုံမှ အားကစားသမား များနှင့် ခရီးသွားများ၏ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကို ပြုလုပ် ခြင်း မရှိသေးကြောင်း ပုသိမ်ဒေသခံများထံက သိရှိရသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းပြိုင်ပွဲကို
မြန်မာနိုင်ငံသည် အိမ်ရှင် အဖြစ် လာမည့် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပုသိမ်မြို့နယ် ၊ ငွေဆောင်ကမ်းခြေ ၌ လှေလှော်ရွက်တိုက်ပြိုင်ပွဲ ၊ သဲသောင်ပြင် ဘော်လီဘော နှင့် သဲသောင်
ပြင် ဘောလုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup
လာမည့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်တော့မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအမီ ငွေဆောင်ကမ်းခြေဒေသမှ ဟိုတယ်နှင့် တည်းခိုခန်းများ အဆင့်မြှင့်တင်ခြင်း ၊ အသစ် တည်ဆောက်ခြင်း လုပ်ငန်းများပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်

Photo: ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်
Tuesday, January 22, 2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာ ဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်
သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်
နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီ အသီးသီး ပေးအပ်
ချီးမြှင့်သွားမည် ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ မကျင်းပမီနှင့် ကျင်းပနေသည့် ကာလအတွင်း
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ၌ ပြည်သူ
လူထု လှုံ့ဆော် အသိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ မုဒ်ဦးများကို ဆုရရှိသူများ၏ ဒီဇိုင်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီး ဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်စ်၏ ဆောင်ပုဒ်ပါ အဓိပ္ပါယ်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း အစရှိသည်တို့ကို ယှဉ်ပြိုင်သည့် ဒီဇိုင်းများတွင် ပေါ်လွင်စေရ
မည်ဟု ပြိုင်ပွဲပါ စည်းကမ်းချက် များတွင် ပါရှိသည်။

ဒီဇိုင်း ပြိုင်ပွဲအတွက် အရွယ်အစား ၃ မျိုးသတ်မှတ်ထားကြောင်း၊ တစ်မျိုးလျှင် ဒီဇိုင်း ၁၀ မျိုးစီ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လာမည့်
ဖေဖော်ဝါ ရီလ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲလှုံ့ဆော် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အား ကစားနှင့် ကာယပညာ ဦးစီးဌာနမှသိရသည်။
ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ် သည်။

၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F

Photo: ၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F 
Tuesday, January 22, 2013

Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ အစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့
ယာထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့ တဲ့ ပြိုင်ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါတယ်။ 

ကမ္ဘာ့အမြန်ဆုံး ကားလို့ အမည်တွင်တဲ့ Bugatti Veyron နဲ့ ပြိုင်မောင်းတာ ၂.၅ ဆက္ကန့်နောက်ကျပြီး ပန်းဝင်တဲ့ ကားဖြစ်ပါတယ်။ သီအိုရီအရ တွက်ချက်ရင် ပိုမြန်တယ် ဆိုပေမယ့် Bugatti Veyron ကို မကျော်လွန်ခဲ့ ပါဘူး။ သို့ပေမယ့် ကမ္ဘာ့အမြန်ဆုံးနဲ့ ဈေး အကြီးဆုံး ကား ၁၀ စီးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

လေယာဉ်မြီး Aerodynamics ကို ပုံစံတစ်မျိုးနဲ့တပ်ဆင် ထားပေးပြီး
လေအဟုန်ကြားမှာ လျင်လျင်မြန်မြန်ရွေ့လျား မှာ ဖြစ်ပါတယ်။ Gound effect ကောင်းပြီး air flow ကို နောက်ပိုင်း diffuser နဲ့ ထိန်းပေးထားပါ တယ်။ လေ အဝင်ကို ရှေ့ပိုင်းမှ ပိုမိုရရှိစေတဲ့အတွက် Cooling system အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ မာစီဒီးကထုတ်တဲ့ ၇.၃လီတာ V ၁၂လုံးအင်ဂျင်ကို အသုံးပြီး ဘရိတ်မြင်းကောင်ရေအား BHP 620 အထိထုတ်ပေးနိုင် မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁၂၃၀ ကီလိုဂရမ် သာရှိပြီး တိုက်တေနီယမ်နှင့် ဖိုက်ဘာ တို့နဲ့သာ တည်ဆောက်ထားတဲ့
ပြိုင်ကားဖြစ်ပါတယ်။ ကာဘွန်ဖိုက် ဘာအမိုးကို လိုသလို ဖွင့်ပိတ်
ဲပြုလုပ်နိုင်ပါ တယ်။

အမြင့်ဆုံး speed တစ်နာရီ ၂၁၅ မိုင်နဲ့ အထက်မှာ ရှိပြီး ဂီယာ ၆ချက်ထိုး Manual အမျိုးအစား ဖြစ်ပါ တယ်။ နှစ်ယောက်စီးပြိုင်ကား Super Sport Coupe ဖြစ် တဲ့အတွက် အတွင်းအပြင် တည်ဆောက်ထားမှုက သားနားနေပါတယ်။ အရှည် ၁၇၄ လက်မကျော်သာရှိပြီး ၄၄.၉ လက်မအမြင့်ရှိပါတယ်။ ၂၅ စီးသာထုတ်တဲ့ Pagani Zonda F ကို အမေရိကန်ဒေါ်လာ ၆သိန်း ၆သောင်း ၇ထောင် (၆၆၇၀၀၀) နဲ့အထက်မှာ ရောင်းချတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀စီးစာရင်းမှ
နံပါတ် ၈ မှာရှိနေတဲ့ ကားဖြစ်ပါတယ်။

http://www.colayonline.com.mm/automobile/
ColayOnline:Automobile
Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာအစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့ ယာ ထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့တဲ့ ပြိုင် ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါ တယ်။