Sunday, 20 January 2013

အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်

အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်
Sunday, January 20, 2013

အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင်ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် အဆင့်မြင့် လုံခြုံရေး ဆိုင်ရာ နည်းစနစ် များဖြင့် ရှစ်နှစ်ကျော်ကြာ သိမ်းဆည်း ထားကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ ဘဏ်တိုက်တွင် ထည့်သွင်း ထားသော ရွှေ တန်ချိန် ၃၇၄ တန်ကို ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက် ၏ အလုံတိုက်ခန်း အတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ရှိ ဘဏ်တိုက်တွင် ထည့်သွင်းထားသည့် ရွှေတန်ချိန် ၃ဝဝ ကိုလည်း ပြန်လည် ရွှေ့ပြောင်း
ယူဆောင် တော့မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

ထိုရွှေချောင်း များ၏ ယခုလက်ရှိ ကာလ ပေါက်ဈေးမှာ အမေရိကန်
ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိပြီး ဂျာမနီ နိုင်ငံ၏ အရန် ရွှေပမာဏ၏
၁၉ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ရွှေ ပမာဏ အများဆုံး ပိုင်ဆိုင်သည့်
နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ရွှေချောင်းများကို ပြန်လည် ရွှေ့ပြောင်း ယူငင်ပြီး ပါက ဂျာမနီ နိုင်ငံ၏ အရံ ရွှေပမာဏ တန်ချိန် ၃၄ဝဝ ၏ ထက်ဝက်ခန့်ကို ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက်တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဂျာမနီနိုင်ငံသို့ ရွှေချောင်းများ ပြန်လည် ယူဆောင်ရာတွင် မည်သည့် နည်းလမ်းဖြင့် ယူဆောင်မည်ကို ဗန်ဒက်စ် ဘဏ်တိုက်က ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။

မြ၀တီ
အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင် ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်းများစွာကို ယခု အခါ တွင် ဂျာမနီနိုင်ငံဗဟိုဘဏ်သို့ ပြန်လည်ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက်သတင်း တစ်ရပ်အရသိရသည်။

အိမ်နီးချင်းနိုင်ငံများမှ ၀င်လာသော ဒုက္ခသည်များကို နိုင်ငံခြား အလှူရှင်များ မကူညီ၍ နိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးပိဟု ထိုင်း ဗိုလ်ချုပ်ကြီးပြောကြား

Photo: အိမ်နီးချင်းနိုင်ငံများမှ ၀င်လာသော ဒုက္ခသည်များကို နိုင်ငံခြား
အလှူရှင်များ မကူညီ၍ နိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးပိဟု ထိုင်း ဗိုလ်ချုပ်ကြီးပြောကြား

ဘန်ကောက်၊ ဇန်န၀ါရီ ၂၀ ။

နိုင်ငံခြားအလှူရှင်အဖွဲ့ အစည်းများသည် ထိုင်းသို့ အိမ်နီးချင်း
နိုင်ငံများမှ ၀င်ရောက်လာသော ဒုက္ခသည်များကို ကူညီရန်
လျင်မြန်စွာ ကတိပေးခဲ့ကြသော်လည်း ကတိအတိုင်း မလုပ်ကြ သဖြင့် နောက်ဆုံးတွင် ဒုက္ခသည်ဝန်ထုပ်ဝန်ပိုးမှာ ထိုင်းနိုင်ငံ တစ်ခုထဲပေါ်၌သာ ကျရောက် နေခဲ့တော့ကြောင်း ထိုင်းတပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး သနာဆက်ခ် ပက်တီမာပရာကွန်က
ပြောကြားလိုက်သည်။

၎င်းက နိုင်ငံတွင်း၌ တရားမ၀င်ရွှေ့ ပြောင်းဝင်ရောက်သူများနှင့်
ပတ်သက်၍ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ ရှိထား သင့်ကြောင်း၊ ထိုသို့ မလုပ်ပါက ရိုဟင်ဂျာများ၏ တရားမဝင် ဝင်ရောက်မှုများမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောသည်။
သို့သော် ၎င်းက ထိုင်းသည် ဒုက္ခသည်များကို စောင့်ရှောက်
ပေးနေဆဲဟု ဆိုသည်။

၎င်းက “ထိုင်းနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှု အခြေခံတွေကနေပြီး ဒီလူတွေကို ကျန်းမာရေးစောင့်ရှောက်
ပေးခြင်းနဲ့  အစားအစာ ထောက်ပံ့ခြင်း စည်းမျဉ်းကို လိုက်နာဆောင်ရွက်ပေးနေပါတယ်။ နိုင်ငံခြားအလှူရှင်အဖွဲ့ 
အစည်းတွေက သူတို့ကူညီချင်တယ် အမြဲပြောပြီး၊ စကား
အတိုင်း လုပ်တာနည်းလှတယ်။ ဒီတော့ ၀န်ထုပ်ဝန်ပိုးက ထိုင်းအပေါ်ပုံကျပါတော့တယ်” ဟု ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာကလည်း ခိုးဝင်
လာသူ ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်းများ တည်ဆောက်
ပေးရုံဖြင့် ပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ သို့သော် ၎င်းတို့ကို
ပြန်လည်နှင်ထုတ်ရေးကိုလည်း လုံခြုံရေးအခြေအနေများအရ မလုပ်သင့်သေးကြောင်း မှတ်ချက်ချထားသည်။

ထိုင်းလက်ထောက်ဝန်ကြီးချုပ် ချာလမ် ယူးဘမ်ရမ်က ထိုင်း
ပြည်ထဲရေးဝန်ကြီးဌာနသည် ခိုးဝင်လာသောရိုဟင်ဂျာများကို တတိယနိုင်ငံများသို့ ပိုးပေးရန်မှာ အကောင်းဆုံးနည်းအဖြစ်
ရွေးချယ်စရာ ဖြစ်ကြောင်း၊ ဤကိစ္စကို နိုင်ငံခြားရေးဝန်ကြီး
ဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း အစောပိုင်းက
ပြောကြားခဲ့ဖူးသည်။

REF: The Nation/Asia News Network

အေးချမ်းမွန်မှ The Myanma Age   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နိုင်ငံခြားအလှူရှင်အဖွဲ့ အစည်းများသည် ထိုင်းသို့ အိမ်နီးချင်း နိုင်ငံ များမှ ၀င်ရောက်လာသော ဒုက္ခသည်များကို ကူညီရန်လျင်မြန်စွာ ကတိပေးခဲ့ကြသော်လည်း ကတိအတိုင်း မလုပ်ကြသဖြင့် နောက် ဆုံးတွင်ဒုက္ခသည်ဝန်ထုပ်ဝန်ပိုးမှာ ထိုင်းနိုင်ငံတစ်ခု ထဲပေါ်၌သာ ကျရောက်နေခဲ့တော့ကြောင်း ထိုင်းတပ်မတော် စစ်ဦးချုပ်ဗိုလ်ချုပ်ကြီး သနာဆက်ခ် ပက်တီမာပရာကွန်ကပြောကြားလိုက်သည်။

ပါတီ ဥက္ကဌ ကံသီ လို့  သေဘေးက လွတ်

Photo: ပါတီ ဥက္ကဌ ကံသီ လို့  သေဘေးက လွတ်

January 20, 2013

ဘူဂေးရီးယား မြို့ တော် ဆိုဖီယာ တွင် ပြု လုပ်သည့် Movement for Rights and Freedomsပါတီ၏ ညီလာခံ တွင် ပါတီ ခေါင်းဆောင် အာမက် ဒိုဂန် မှာ မိန့် ခွန်းပြောကြား နေစဉ် သေနတ်သမား က ပုံ တွင် တွေ့ ရသည့် သေနတ်ဖြင့် တက် ပစ်ခဲ့ သည်။ သေကံ မရောက် သက်မပျောက်သည့် ပါတီ ဥက္ကဌ ကြီး မှာ သေနတ် သမား က နှစ် ချက် ပစ် သော် လည်း နှစ်
ချက် လုံး ဉ် ၎င်း  ၏ မိမိကိုယ်ကို ခုခံကာ ကွယ်ရန် တွင် သာ အသုံး ပြု သော သေနတ်မှ ကျဉ်မထွက် ဟု  ဆိုဖီယာ မှ လာသည့် သတင်း များ တွင် ဖော်ပြထားသည်။

ဒုတိယ အချက် ပစ်လိုက် ချိန် တွင် သတိကောင်းသည့် ပါတီ ဥက္ကဌ မှာ အသက်၂၅ နှစ် အရွယ် ရှိ သေနတ်သမား ကို တွန်းလှဲ ပြီး နောက် လုံခြုံရေး များ ဖမ်းဆီးခေါ်ဆောင် သွားသည်။

Oktai Enimehmedov ဆိုသည့် သေနတ်သမား မှာ စင်ပေါ် တက် လာ ပြီး
ပါတီ ဥက္ကဌ စကား ပြောသည့် စင်ပေါ် သို့  တွယ်ကပ် တက် လာပြီး နောက်
အသင့် ပါလာသော သေနတ် ကို ထုတ် ၍ ပစ် ခြင်း ဖြစ်သည်။

၎င်း သည် တတိယ အကြိမ် ပြစ် ရန် စီစဉ် နေ ချိန် တွင် အာမက် ဒိုဂန် မှာ  သူ ကိုတွန်းလှဲ လိုက် ပြီး သေနတ် ကို ပုတ် ထုတ် လိုက် ချိန် တွင် မှ အံသြဘနန်း ဖြစ်နေသည့် လုံခြုံရေးများ က လာရောက် ဖမ်းဆီး ခေါ် ဆောင် သွား နိုင် ခြင်း ဖြစ်သည်။

Movement for Rights and Freedoms ပါတီသည် ဘူလ်ဂေးရီးယား နိုင်ငံ ရှိ တူရကီ လူနည်း စုများ ၏ အခွင့် အရေး အတွက် လှုပ်ရှား နေသည့် ပါတီ ဖြစ်သည်။
အာမက် ဒိုဂန် သည် ပါတီ ကို တည် ထောင်သူ နှင့် လက်ရှိ ခေါင်း ဆောင်လည်း ဖြစ်သည်။

အနီးကပ် ပစ်ခတ် ရန် ကြံ စည်သည့် အွခ်တိုင်း သည် ဆေးခြောက် မှု ၊ ဖောက်ထွင်းမှု၊ဖျက်ဆီး မှု များ ဖြင့် ဖမ်းဆီး ခံ ရဖူးသူ ဖြစ်သည်။

ပါတီ ခေါင်းဆောင် အာမက်ဒိုဂန် သည် လစ်ဘရယ် ၀ါဒီ သမား တစ်ဦး ဖြစ်သော် လည်းတူရကီ လူနည်းစု များ အရေး ထက် ဘူဂေးရီယား ကြေးရတတ် များ ၏ ထောက်ပံ့ မှု
ကို လည်း လက်ခံ သူ  ဖြစ်သော ကြောင့် သဘောထား တင်းမာသည့် တားကရှ် များ ၏မျက်မုန်း ကျိုး မှု ကို ခံရသူ လည်း ဖြစ်သည်။

ဘူဂေးရီယား နိုင်ငံ တွင် ၁၉၉၆ ခုနှစ် ဉ်  ၀န်ကြီး ချုပ် Andrei Lukanov သည် လည်းနေ အိမ် အနီး တွင် သေနတ် ပစ် ခံ ရ ပြီး သေဆုံး ပြီး နောက် ယခု ဖြစ်ပွား မှု သည် ဒုတိ
ယ အကြိမ် ဖြစ်သည်။

ဓာတ်ငွေ့  ပစ္စတို သည် လူသေစေရန် ရည်ရွယ် ထုတ် လုပ် ထားခြင်း မဟုတ် သော် လည်းအလွန် နီးကပ် သည့် အကွာ အဝေး မှ ပစ်ခတ် လျှင် သေစေ နိုင်သည် ဟု ဆိုသည်။

အေးချမ်းမွန်မှ Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘူဂေးရီးယားမြို့ တော်ဆိုဖီယာတွင် ပြုလုပ်သည့် Movement for Rights and Freedomsပါတီ၏ ညီလာခံတွင်ပါတီ ခေါင်းဆောင် အာမက်ဒိုဂန်မှာမိန့် ခွန်းပြောကြား နေစဉ် သေနတ်သမားက ပုံ တွင် တွေ့ ရသည့် သေနတ်ဖြင့်တက်ပစ်ခဲ့သည်။ သေကံမရောက် သက် မပျောက်သည့် ပါတီဥက္ကဌကြီးမှာ သေနတ်သမားက နှစ်ချက်ပစ် သော် လည်း နှစ်ချက်လုံး ဉ် ၎င်း၏မိမိကိုယ်ကိုခုခံကာကွယ်ရန် တွင်သာ အသုံး ပြု သောသေနတ်မှကျဉ်မထွက်ဟု ဆိုဖီယာမှလာသည့် သတင်း

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေး နယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆိုပါ အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံနိုင်ရန် ရည်မှန်း လုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့် တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာသာရပ် အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ် တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့် နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍ “Bard College လိုမျိုး မြန်မာနိုင်ငံမှာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအဆင့်မြင့် ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ” ဟု အဆိုပါ ကောလိပ် လာရောက် ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
စုစုပေါင်း လေးနှစ်တက်ရောက်ရမည့် အဆိုပါ ကျောင်းကို ပထမ ၂ နှစ်တွင် မြန်မာလိုနဲ့ အင်္ဂလိပ်လို ရောနှော သင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လို သင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်း တက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့် ကျောင်းလခ ပုံစံတစ်ခု သတ်မှတ် ထားရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဟိုမှာ သွားတက်တဲ့ Education ကို ဟိုမှာ သွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ ရည်ရွယ်ချက်တစ်ခုပေါ့” ဟု ပညာရေးလောကသား တစ်ဦးက ပြောကြားသည်။
Bard College သည် အမေရိကန် ပြည်ထောင်စု နယူးယော့ခ်တွင် တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သော Private Institution ဖြစ်သည်။ ယင်းကဲ့သို့သော ကောလိပ်မျိုး၏ ယခုကဲ့သို့ အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။

အေးချမ်းမွန်မှ  စင်္ကာပူဖီး  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း က မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေးနယ်ပယ်တွင်းရှိလူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆို

သံဖြူဇရပ်ဈေး မီးလောင် ဆိုင်ခန်းပေါင်း ၅၉၆ ခန့် ဆုံးရှုံး

Photo

သံဖြူဇရပ်၊ ဇန်န၀ါရီ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့မဈေး ယမန်နေ့ည မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၅၉၆ ခန်းပါ အပေါ်ဈေး တစ်ခုလုံးနှင့် စားသောက်ဆိုင်တန်းအားလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိ
Sunday, January 20, 2013

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ
ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက်
သို့သွားရောက်မည် ဖြစ်ကြောင်းသိရသည်။

ဖြူးမြို့ ဘိုးဘွားရိပ်သာရှေ့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က
ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကို မေးမြန်းရာတွင် ဘိုးဘွားရိပ်သာရှိ
တာဝန်ရှိသူများက "တစ်နှစ်လုံးမှာ အလှူငွေ ၃ သိန်းလောက်ပဲရတယ်။
တကယ်လိုအပ်တာက ၁၁ သိန်းလောက် လိုအပ်တယ်" ဟုပြောကြားခဲ့
ကြောင်း သိရသည်။

ယခုအချန်တွင် ရွှေကျင် ကျောက်ကြီး လမ်းကြောင်းအတွင်းရှိ မုန်းမြို့နယ်
သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

စူးရှ

The Myanma Age ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက် သို့သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

Photo: ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်
Sunday, January 20, 2013

၂၀၁၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ လဂျာ ဦးစီး အင်အား (၃၀)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ အုပ်စု၊ ချောင်းဆုံသို့ ၁၄၀၀ ချိန်ခန့်တွင် ရောက်ရှိပြီး ၎င်းနေရာဝန်းကျင်
တွင် ရွှေတူးဖော် လုပ်ကိုင်နေသည့် ကျင်းလုပ်သား (၂၀)ဦးခန့်အား ဖမ်းဆီး၍ မေခမြစ်အား ဝါးဖောင်ဖြင့် ဖြတ်ကူးကာ တပ်မဟာ(၁) နယ်မြေ ဂျူဗလီသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

အဆိုပါ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ၊ မိုင်းခွဲတိုက်ခိုက် မှုများရှိနေ၍ ဒေသခံပြည်သူလူထုမှာ စိုးရိမ်နေရကြောင်း သိရှိရပါသည်။

မြ၀တီ၂၀၁၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ လဂျာဦးစီး အင်အား (၃၀)ဦးခန့် သည် လက်နက်ငယ် ကိုယ်စီဖြင့် ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ အုပ်စု၊ ချောင်းဆုံသို့ ၁၄၀၀ ချိန်ခန့်တွင် ရောက်ရှိပြီး ၎င်းနေရာဝန်းကျင်

စိတ်ညစ်နေချိန် ချက်ချင်း စိတ်ရွှင်လန်းလာစေရန်

စိတ်ညစ်နေချိန် ချက်ချင်း စိတ်ရွှင်လန်းလာစေရန် တစ်နေ့တာမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ အခိုက်အတန့်တို့ ကြုံတွေ့လာရင် ချက်ချင်းစိတ်ရွှင်လန်းသွားစေဖို့ အောက်ပါတို့ကို ပြု လုပ်ပေး ပါ။

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်ဘက်ရည်ကြမ်း) သောက်သင့် မသောက်သင့်

Black-Tea-is-Red-When-Brewed
Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည် များကို လူတို့တော်တော်များများ သုံးဆောင်လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျ အစာစားပြီးမှ သောက်သလို၊ အချို့ကျလည်း အစာမစားမီ လည်း သောက် တတ်ပါတယ်။

ပိန်ချင်သူများ အစာလျော့စားရန်မလိုပေ

Photo: ပိန်ချင်သူများ အစာလျော့စားရန်မလိုပေ
Saturday, January 19, 2013

ယခုအခါ တီထွင်သူများက အစားလည်း မလျော့လိုသူ၊ ပိန်လည်း ပိန်လိုသူများအတွက် နည်းလမ်းတစ် ခုကို တီထွင်ခဲ့ကြလေသည်။

ယင်းပစ္စည်းမှာ Aspire Assist ဟု ခေါ်ပြီး ၎င်းကစားသမျှအစာထဲမှကယ် လိုရီသုံးပုံတစ်ပုံခန့်ကိုအစာအိမ်ထံမှစုပ်ထုတ်ပေး၍ပိန်စေရန်ကူညီပေးသည်။

အစာစားပြီးနောက်မိနစ်နှစ်ဆယ်အကြာတွင်အစာအိမ်ထဲမှ အစာ
၃၀ ရာခိုင်နှုန်းခန့်အားအရေပြားအောက် တွင်မြုပ်နှံထားသော လမ်းကြောင်းလေးမှတစ်ဆင့်အိမ်သာထဲသို့ စွန့်ထုတ်ပစ်လေသည်။

ယင်းပစ္စည်းအားအစာ အိမ်နှင့်အူလမ်းကြောင်းပညာရှင် Dr. Samklein ,
Dr. Moshe Shike နှင့်ဓာတ်မှန်ပညာရှင် Dr. Stephen Solmon တို့က ပူးပေါင်းတီထွင်ခဲ့ကြသည်။

သိပံ္ပပညာရှင်များကယင်း Aspire Assist ကို အသုံးပြု၍ကုသသည့်
ကုထုံးကိုစုပ် ထုတ်သည့်ကုထုံး (Aspire Therapy) ဟုခေါ်ခဲ့ကြသည်။

Aspire Therapy တွင် လူနာများကအစာအိမ်ထဲသို့ A-Tube ဟု
ခေါ်သည့်ပြွန်အား (endoscope)အစာ အိမ်နှင့်အူလမ်းကြောင်း ကြည့်မှန်ပြောင်းကိုအသုံးပြု၍ ထည့်ပြီးနောက်ယင်းပြွန်မှာ အရေပြားပေါ်ရှိနောက်ထပ်ပြွန်တစ်ခုနှင့်ဆက်စပ်ထားလေသည်။

အရေပြားပေါ်ရှိ ပြွန်ထဲ၌အဆို့ရှင်တစ်ခုပါဝင်ပြီးယင်းအဆို့ရှင်က
အစာအိမ်ထဲမှ အစာများကိုအပြင်သို့စီးဆင်းရန်၊မစီးဆင်းရန် ထိန်းချုပ်ပေးလေသည်။

ထို့နောက်အရေပြားပေါ်ရှိပြွန်အဆုံး၌အစာအိမ်ထဲမှအစာများကို စုပ်ထုတ်နိုင်သည်ပန့်စ်သဖွယ်လုပ်ဆောင်ပေးသောလက်ဖြင့်
ထိန်းနိုင်သည့်ကိရိယာတစ်ခုအားအစာထုတ် လိုသည့်အခါတိုင်း
တပ်ဆင်အသုံးပြုနိုင်လေသည်။

ယင်းကဲ့သို့အစာအိမ်ထဲသို့ ပြွန်တပ်ဆင်မှုမှာမိနစ် ၂၀ခန့် သာကြာပြီး
လူနာအားလည်းမေ့ဆေးသုံးရန်မလိုဘဲစိတ်ငြိမ်ဆေးအနည်းငယ် ပေး၍ လုပ်ဆောင်လေသည်။

ထို့ နောက်အစာအိမ်အတွင်း မှပြွန်အား အရေပြားပေါ်ရှိပြွန်နှင့်ခွဲစိတ်မှု
အသေးစားလုပ်၍ဆက်စပ်ပေးထားသည်။ လူနာအများစုမှာပြွန်ထည့်
ခွဲစိတ်မှုလုပ်ပြီးနောက်တစ်နာရီမှနှစ်နာရီအတွင်း လမ်းလျှောက်၊ အလုပ်လုပ်နိုင်ကြောင်းသိရသည်။

လူနာများ အနေဖြင့်တစ်ရက်လျှင်သုံးကြိမ်အစာကြီးစားပြီးတိုင်း စုပ်ထုတ်နိုင်ပြီး၊ တစ်ခါစုပ်ထုတ်လျှင် ၅ မိနစ်မှ ၁၀မိနစ်ခန့်ကြာနိုင်သည်။

ထို့ပြင်အမေရိကန်၌ စမ်းသပ်ကုသခဲ့သည့်ရလဒ်များအရယင်း Aspire Assist ပစ္စည်းသည် လူနာအား ၁၂လအတွင်း ၎င်းကိုယ် အလေးချိန်၏ ၄၉ရာခိုင်နှုန်းခန့် အားလျော့ကျစေ၍ အခြားခွဲစိတ်မှုများ ထက် သာလွန်သောအချက်မှာ လူနာ သည် အစာကိုလျော့ရန်မလိုဘဲ
မိမိစိတ်ကြိုက်စားနိုင်သည့်အပြင်ယင်း အစာအိမ်ထဲမှပြွန်အား
အချိန်မရွေး ၁၅မိနစ်အတွင်းထုတ်ယူနိုင်ခြင်းဖြစ်သည်။

အပိန်လေး
ref:MNT
Health Updates Journalယခုအခါ တီထွင်သူများက အစားလည်း မလျော့လိုသူ၊ ပိန်လည်း ပိန်လိုသူများအတွက် နည်းလမ်းတစ် ခုကို တီထွင်ခဲ့ကြလေသည်။ ယင်းပစ္စည်းမှာ Aspire Assist ဟု ခေါ်ပြီး ၎င်းကစားသမျှအစာထဲမှကယ် လိုရီသုံးပုံတစ်ပုံခန့်ကို အစာအိမ်ထံမှစုပ်ထုတ်ပေး၍ ပိန်စေရန် ကူညီပေး သည်။

အမျိုးသားများနှင့် ရုပ်ရည်

Photo: အမျိုးသားများနှင့်ရုပ်ရည်
Saturday, January 19, 2013

လေ့လာမှုတစ်ခုအရရုပ်ရည်ခံ့ညားသောအမျိုးသားများသည်သာမန်
ရုပ်ရည်သာရှိသောအမျိုးသားများ ထက်ဝင်ငွေပိုကောင်းကြောင်း
တွေ့ရသည်။

ဩစတေးလျမှပထမဆုံးရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနှင့် ဝင်ငွေ ပမာဏနှိုင်းယှဉ်သည့်လေ့လာမှု၌သာမန်ထက်ပို၍ခံ့ညားသော
အမျိုးသားများသည်တစ်နှစ်လျှင်ဒေါ်လာ ၈၁၇၅၀ ဝင်ပြီး
သာမန်အောက်နည်းသော အမျိုးသားများသည်ဝင်ငွေ ၄၉၆၀ဝ သာရှိကြောင်းတွေ့ရသည်။

မယ်လ်ဘုန်းတက္ကသိုလ်နှင့်ဩစတေးလျအမျိုးသားတက္ကသိုလ်တို့မှ
စီးပွားရေးပညာရှင်ဂျက်ဘာလ်လန်း ကတော့ရိုးသားမှုဆုံးရှုံးသည့် အတွက်ရသည့် အပြစ်ဒဏ်ကအလှအပအတွက်ရသောဆုကြေး
ထက်ပို၍အရေးပါ သည်ဟုဆိုခဲ့သည်။

အမျိုးသားများ၏ရုပ်ရည်အား door to door အင်တာဗျူးလုပ်၍
ဆုံးဖြတ်ခဲ့ကြပြီး သာမန်ထက်ပို၍ရုပ်ရည် တင့်တယ်သော သူများတွင်
ဝင်ငွေမှာရုပ်ရည်သာမန်ရှိသူများထက် ၂၆ ရာခိုင်နှုန်းပို၍ နည်းကြောင်း
တွေ့ရပြီးသာမန်ထက်ပို၍ရုပ်ရည်တင့်တယ်သောသူများတွင်ဝင်ငွေမှာ
သာမန်သူများထက်၂၂ ရာခိုင်နှုန်းပိုများကြောင်းတွေ့ရသည်။

အမျိုးသမီးများတွင်ရုပ်ရည်ကဝင်ငွေ အပေါ်တွင်သက်ရောက်မှု အနည်းငယ်သာ ရှိပြီးအမျိုးသမီးများတွင်ရုပ်ရည်ပြေပြစ်မှု၊မပြေပြစ်မှုအား ဆုံးဖြတ်ရန်ခက်ခဲလေသည်။

ယခုလက်ရှိအလုပ်သမားရွေးချယ်ရေးဌာန၌တာဝန်ထမ်းဆောင်နေသူ Dr.leigh ကလည်းဝန်ထမ်းရွေးချယ်သူများ ၏ရွေးချယ်မှု၊မရွေးချယ်မှုက
လာရောက်လျှောက်ထားသူများ၏ရုပ်ရည် အပေါ်တွင်သက်ရောက်မှု
ရှိကြောင်းတွေ့ရှိခဲ့သည်။

ထို့ပြင်သူကကြည့်ကောင်းခြင်းကအမျိုးသားဝန်ထမ်း များအပေါ်တွင်ပို၍
သက်ရောက်မှုရှိပြီး အမျိုးသမီးများတွင်သက်ရောက်မှုအနည်းငယ်
သာရှိလေသည်။

သာမန်ရုပ်ရည်အောက်ရှိသော အမျိုးသားများတွင် သာမန်သူများထက်
အလုပ်ရနိုင်ချေ ၁၅ရာခိုင်နှုန်းပိုနည်းပြီးလစာမှာလည်း ၉ရာခိုင်နှုန်းခန့် ပိုနည်းကြောင်းတွေ့ရလေသည်။ထိုသူများသည်လက်ထပ်ရနိုင်ချေ
နည်းပါးပြီးဝင်ငွေကောင်းသောအမျိုးသမီးနှင့်လက်ထပ်ရနိုင်ခြေပို၍ နည်းပါးကြောင်းတွေရသည်။

အဝင်း
Ref:MNT
Health Updates Journalလေ့လာမှုတစ်ခုအရရုပ်ရည်ခံ့ညားသော အမျိုးသားများသည် သာမန် ရုပ်ရည်သာရှိသောအမျိုးသားများ ထက်ဝင်ငွေပိုကောင်းကြောင်း တွေ့ရ သည်။

အသက်ရှည်ချင်လျှင်အိမ်ထောင်ပြုပါ

Photo: အသက်ရှည်ချင်လျှင်အိမ်ထောင်ပြုပါ

Saturday, January 19, 2013

သက်လတ်ပိုင်းရောက်သည်အထိတည်ငြိမ်သောသံယောဇဉ်နှောင်ဖွဲ့မှု

ကင်းမဲ့နေသူများသည်အရွယ်မတိုင်မီ သေဆုံးနိုင်သည့်အလားအလာများ

ပိုမိုကြောင်းDukeတက္ကသိုလ်ဆေးပညာဌာန၏လေ့လာမှုတွင်ဖော်ပြ

ထားသည်။

Duke တက္ကသိုလ်သုတေသီများကသုတေသနပြုလုပ်ရန်အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကိုခေါ် ယူခဲ့သည်။ ၎င်းတို့အားလုံးမှာမြောက်

ကာရိုလိုင်းနား တက္ကသိုလ်၏နှလုံးလေ့လာ သင်ကြားမှုသင်တန်းကို တက်ဖူးသူများဖြစ်ကြသည်။

ထိုသင်တန်းသည်၁၉၄၀ ခုနှစ်များတွင်မွေးဖွား ခဲ့သူများ၏ကျန်းမာရေးကို

ခြေရာခံစောင့်ကြည့် နေခဲ့သည့်သင်တန်းတစ်ခုလည်းဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏သက်လတ်ပိုင်းအရွယ်အပေါ်အကျိုးသက်ရောက်ပုံကိုလေ့လာခဲ့ကြသည်၊သုတေသနရလဒ်များကိုလွှမ်းမိုးမှုရှိလာမည့်ကိုယ်ရည်ကိုယ်သွေးပြဿနာများ၊လူမှုစီးပွားရေးအခြေအနေတို့နှင့်ကျန်းမာရေးနှင့်မညီညွတ်သောအပြုအမူစသည့်အချက်များကိုထိန်းချုပ်စစ်ဆေးမှုများပြုလုပ်ပြီးမှသုတေသနတွင်ပါဝင်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သုတေသနတွင်တွေ့ရှိချက်အရတစ်ကြိမ်တစ်ခါမျှလက်မထပ်ဖူးသူများသည်လူရွယ်ဘဝမှစ၍ခိုင်မာသော ချစ်သံယောဇဉ်ထူထောင်လာခဲ့သော ဇနီးမောင်နှံများထက်အရွယ်မတိုင်မီသေဆုံးရန်နှစ်ဆအလားအလာ များကြောင်းသိရသည်။

တစ်ကိုယ်တည်းနေသူများ၊ဇနီးခင်ပွန်းဆုံးပါးသွားသူများသည်သက်ကြီးရွယ်အိုဘဝအထိအသက်မရှည်နိုင်သည့်အလားအလာများပြားသည်။

ထိုသက်ရောက်မှုသည်ကျန်းမာရေးနှင့်ညီညွတ်စွာပြုမူနေထိုင်သူများ၊

လူမှုစီးပွားရေးအခြေအနေကောင်းမွန်သူများ၌ပါတွေ့ရတတ်သည်။

လက်မထပ်ဘဲအတူနေထိုင်တဲ့ပုံစံကိုအာရုံစိုက်လေ့လာတာဟာကလေးတွေတစ်ပြုံကြီးမွေးနေသူတွေအတွက်အရေးပါတဲ့လေ့လာမှုဖြစ်လာနိုင်ပါတယ်။

ဒီလိုပုံစံနေထိုင်သူတွေဟာစောစီးစွာသေဆုံးမှုနှင့်ဆက်စပ်နေတဲ့အတွက်စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာအထောက်အပံ့တွေပိုမိုပေးအပ်သင့်ပါတယ်။

သက်လတ်ပိုင်းအရွယ်မှာလူမှုရေးအရတွယ်တာနှောင်ဖွဲ့မှုတွေကိုလေ့လာခြင်းအားဖြင့်အရွယ်မတိုင်မီသေဆုံးရတဲ့အကြောင်းရင်းတစ်ခုကိုတွေ့ရှိလာရပါတယ်ဟုသုတေသနစာတမ်းပြုစုသူများ ကထည့်သွင်းဖော်ပြထားသည်။

သုတေသနကိုအပြုအမူဆိုင်ရာဆေးပညာဂျာနယ် (journal Annals of Behavioral Medicine) တွင်ဖော်ပြထားသည်။

သီဟ

Source:MDI

Health Updates Journal
သက်လတ်ပိုင်းရောက်သည်အထိတည်ငြိမ်သောသံယောဇဉ်နှောင်ဖွဲ့မှု ကင်းမဲ့နေသူများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် အလားအလာ

နေခြည်နုနုခံယူခြင်း ၏ ကျန်းမာရေး စွမ်းပကား

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား
နံနက်စောစောမှာ နေခြည်နုနုခံယူတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

Saturday, 19 January 2013

ဗန်းမော်-လွယ်ဂျယ်ကားလမ်း မိုင်းပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူများ

Photo
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ အရပ်သား ကားများ အား မိုင်းခွဲတိုက်ခိုက် ၂၀၁၃ ဇန်ဝါရီ ၁၉ ရက်နေ့ ၁၀၄၅ ချိန်တွင် ဗန်းမော်- လွယ်ဂျယ် ကားလမ်း မိုင်တိုင်အမှတ် (၂၇)တွင် အရပ်သား

အမေရိက မှာ Facebook ကနေ ဖုန်း အခမဲ့ပြောနိုင်ပြီ

Photo: အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ
Saturday, January 19, 2013

လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။

“Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ  ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။

အဲဒါကတော့ ..  အမေရိကမှာရှိတဲ့  iPhones အသုံးပြုသူများအတွက်  အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို  Facebook Messenger နဲ့ စတင်
အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။

အသုံးပြုလိုသူတွေအနေနဲ့  iPhone  အတွင်းမှာ  Facebook Messenger ကို ထည့်သွင်းထားရပါမယ်၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ်  ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)
လိုအပ်ပါတယ်။

Facebook  တာဝန်ရှိသူတွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာတွေကို  Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း ပြင်ဆင်နေပါပြီ။  မကြာခင်မှာ
Facebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်
နိုင်တော့မှာပါ တဲ့။

iPhone သမားတွေက  Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့  နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို  ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထားဖို့ 
လိုအပ်ပါတယ်။

အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။  သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။

အာရှဒေသ အပါအ၀င် တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆိုတာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger ကို အောက်ပါ လင့် မှာ သွားရောက်
ဒေါင်းယူနိုင်ပါတယ်။

> https://itunes.apple.com/en/app/facebook-messenger/id454638411?mt=8 <

Source:
http://www.bbc.co.uk
http://mashable.com

ဆောင်းဦးလင်း
ဧရာဝတီ လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။ “Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။

နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ်

Photo: နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ်
Saturday, January 19, 2013

နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ နေရာအလိုက် ကွက်၍ အရောင်းအဝယ်များ ဆက်ဖြစ်နေကြောင်း သိရသည်။

“နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ကြီး တခုလုံး အနေနဲ့ဆိုရင်
ဈေးကွက် အေးပါတယ်။ နေရာကွက် အရောင်းအဝယ် ဖြစ်နေတာတွေ
ကတော့ ရှိတယ်။ ရာဇဌာနီ လမ်းမကြီး အနီးပတ်ဝန်းကျင်က မြေကွက်တွေ အရောင်းအဝယ် ဆက်ဖြစ်နေတယ်” ဟု နေပြည်တော်ရှိ နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင် ဦးဝင်းနိုင်ထွန်း က ပြောသည်။

ရာဇဌာနီ အနီးပတ်ဝန်းကျင်ရှိ မြေကွက်များမှာ အဝေးပြေးကားကွင်း၊
လေယာဉ်ကွင်း၊ အစိုးရ ဝန်ကြီးဌာနများတို့နှင့် နီးခြင်း၊ သွားရေးလာရေး လွယ်ကူခြင်း၊ စည်ကားပြီးသား လူနေရပ်ကွက် ဖြစ်ခြင်း စသည့် အချက်များကြောင့် ဝယ်လိုသူ များနေခြင်းဖြစ်သည်ဟု ဆိုသည်။

“မနှစ်က ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့တဲ့ ရာဇဌာနီ လမ်းမကြီးပေါ်က ပေ ၄၀× ပေ ၆၀ အကွက်အချို့ ကျပ်သိန်း ၁,၈၀၀၊ ၂,၀၀၀၊ ၂,၂၀၀၊ ၂,၅၀၀ တွေနဲ့ အရောင်းအဝယ် တည့်သွားကြတယ်။ လမ်းမကြီးပေါ်က ပေ ၈၀× ပေ ၆၀ မြေကွက် တကွက်ကတော့ ကျပ်သိန်း ၄,၀၀၀ နဲ့  အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်” ဟု နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးလှဌေး က ပြောသည်။

ထို့အပြင် ရာဇဌာနီ လမ်းမကြီး အနီးရှိ  ၈ လမ်း၊ ၉ လမ်း၊ ၂၂ လမ်း နှင့် ၂၃ လမ်း စသည့် လမ်းသွယ်များရှိ မြေကွက်များမှာလည်း ယခင် လများက ကျပ်သိန်း ၄၀၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအခါ ဈေးအနည်း
ငယ်မြင့်ကာ ကျပ်သိန်း ၅၅၀ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေမှုများ ရှိနေသည်။

“ပြီးခဲ့တဲ့ လက အရောင်းအဝယ်လိုက်ခဲ့တဲ့ အဝေးပြေး လမ်းမကြီးပေါ်က ဥယျာဉ်ခြံ မြေကွက် တွေတော့ အရောင်းအဝယ် အေးသွားပါတယ်။ ဒီမြေကွက်တွေကျတော့ လက်ဆင့်ကမ်း အရောင်းအဝယ်ဖြစ်ခဲ့တာ ပိုင်ရှင် နှစ်လက် သုံးလက် ပြောင်းပြီးနေတဲ့ အနေအထား
ဖြစ်သွားတာကြောင့်ပါ” ဟု ဦးလှဌေး က ဆိုသည်။

လက်ရှိ နေပြည်တော် ဥယျာဉ်မြေများအား ဝယ်ယူထားသူများက
သီးပင် စားပင်များ စိုက်ပျိုးလျက်ရှိနေပြီး ရောင်းချရန်အတွက် ခေါ်ဈေး
မြှင့်တင်ထားကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမနေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ နေရာအလိုက် ကွက်၍ အရောင်းအဝယ် များ ဆက်ဖြစ်နေကြောင်း သိရသည်။ “နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ကြီးတခုလုံး အနေနဲ့ဆိုရင် ဈေးကွက် အေးပါ တယ်။ နေရာကွက် အရောင်းအဝယ် ဖြစ်နေတာတွေ ကတော့ ရှိတယ်။

ကေအိုင်အေ အဖွဲ့ ၏ မိုင်းခွဲတိုက်ခိုက်မှုကနေ မသေကောင်း မပျောက်ကောင်းလွတ်မြောက်လာသူ

Photo: ဇန် ၁၉ ရက်နေ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်း မိုင်တိုင် ၂၇ တွင်
ကေအိုင်အေ အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကနေ မသေကောင်း မပျောက်
ကောင်း လွတ်မြောက်လာသူပါ။ သူ့မျက်ဝန်းထဲက နာကျင် ထိန့်လန့်မှု
တွေကို ခံစားမိပါတယ်။

ဧရာဝတီနဲ့ အင်တာဗျူးမှာ ကိုသာလွန်ဇောင်းထက်က လိုင်ဇာ တဝိုက်မှာ အမြောက်ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေ၊ လေယာဉ်ပျံသန်းသံ
တွေ ကြောင့် လိုင်ဇာက ကလေး တွေ စိတ်ထဲမှာ ထိန့်လန့်မှု၊ စိုးရိမ်မှု
တွေဖြစ်နိုင်တဲ့အကြောင်း မေး တော့ ကျွန်တော်က လိုင်ဇာက လူတွေရဲ့ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေအကြောင်းပြောရင် မန္တလေး- မြစ်ကြီးနား ရထားလမ်းမှာကေအိုင်အေ မိုင်းခွဲတိုက်ခိုက်မှုတွေကြောင့်၊ ဖားကန့်လမ်းမှာ၊
မြစ်ကြီးနား- ပူတာအိုလမ်းမှာ ကေအိုင်အေ တိုက်ခိုက်မှုကြောင့် အဲဒီဒေသကလူတွေ စိတ်မှာ ဖြစ်တဲ့ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေအကြောင်း
လည်း ပြောဖို့၊ စဉ်းစား ဖို့ လိုပါတယ်။ ဒါ့ကြောင့် တိုက်ခိုက်မှုတွေ
အမြန်ဆုံးရပ်တာက အကောင်းဆုံး ပါဘဲလို့ ပြန်ဖြေခဲ့ပါတယ်။

ဒါ့ကြောင့်လည်း မနေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ
ကေအိုင်အေအနေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်းက
ရှောင်ရှားဖို့အတွက် နိုင်ငံတော်အစိုးရက ထပ်မံတိုက်တွန်းခဲ့တာ
ဖြစ်ပါတယ်။

Ye Htut
ပြန်ကြားရေးဒုတိယ၀န်ကြီး
ဇန် ၁၉ ရက်နေ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်း မိုင်တိုင်အမှတ် ၂၇ တွင် ကေအိုင်အေ အဖွဲ့ ၏ မိုင်းခွဲတိုက်ခိုက်မှုကနေ မသေကောင်း မပျောက်ကောင်းလွတ်မြောက်လာသူပါ။ သူ့မျက်ဝန်းထဲက နာကျင် ထိန့်လန့် မှု တွေကို ခံစားမိပါတယ်။

ဂျပန်ကကုမ္ပဏီများမြန်မာနိုင်ငံသို့လာရောက်မြှပ်နှံချိန်တွင် ဂျပန်စကားကျွမ်းကျင်လုပ်သားရရန်ခက်ခဲ

Photo: ဂျပန်ကကုမ္ပဏီများမြန်မာနိုင်ငံသို့လာရောက်မြှပ်နှံချိန်တွင်
ဂျပန်စကားကျွမ်းကျင်လုပ်သားရရန်ခက်ခဲ
Saturday, January 19, 2013

မြန်မာနိုင်ငံသည် နိုင်ငံရေး အပြောင်းအလဲ စီးပွားရေးအပြောင်း  အလဲများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများစွာဝင်ရောက်လာခဲ့ပြီး   ထိုအထဲတွင် ၂၀၁၂ခုနှစ် အောက်တိုဘာလစစ်တမ်းတစ်ခုအရ မြန် မာနိုင်ငံတွင်စီးပွားရေးလုပ်ရန်ဝင် ရောက်လာသော နိုင်ငံများအနက် ဂျပန်မှလုပ်ငန်းသည် ၉၁ခုရှိပြီး လွန်ခဲ့သော ၂၀၁၀ခုနှစ်ထက် ၇၅  ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဂျပန်လုပ်ငန်း   ရှင်များ ၇၅ရာခိုင်နှုန်း တိုးတက် လာသော်လည်း မြန်မာနိုင်ငံတွင်  ဂျပန်စကားတတ်သော အလုပ်သမား Torisum ဂျပန်စာကျွမ်းကျင်သော လူငယ်များသည် အင်မတန်
နည်းပါးသည့်အတွက်လာ ရောက်ရင်းနှီးမြှုပ်နှံသော ဂျပန် လုပ်ငန်းရှင်များ
အခက်တွေ့နေ ကြောင်း ဂျပန်နိုင်ငံရှိ အေဂျင်စီ တစ်ခုဖြစ်သည့်  J-Sat General Services  မှ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ  Nishigaki Mitsuru  ကဇန်န၀ါရီ  ၁၆ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်  အောင်ဆန်းလမ်းရှိ Sakura Tower တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

““ကျွန်တော်ကတော့ ဂျပန်  ကကုမ္ပဏီတွေနဲ့မြန်မာနိုင်ငံက ကုမ္ပဏီတွေချိတ်ဆက်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ အခုဆိုရင်ဂျပန်က ကုမ္ပဏီတွေမြန်မာနိုင်ငံ  ထဲကိုတော်တော်များများဝင်လာ ကြတယ်။ အဲလိုဝင်ရောက်လာကြ  ပေမယ့်လည်း ကျွန်တော်တို့ ပထမ ဦးဆုံးကြုံတွေ့ရတာကတော့ ဂျပန်  စကားပြောနိုင်တဲ့ဝန်ထမ်းကိုဘယ် လိုရှာရမလဲဆိုတဲ့ပြဿနာပါပဲ။ အဲဒါကြောင့်မို့လို့ လုပ်သားလိုအပ် နေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့အလုပ်အကိုင်လိုချင်တဲ့ပြည်သူတွေကို ချိတ်ဆက်ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဂျပန်စာ သင်တန်းကျောင်းတွေ တော်တော်  များများရှိပေမယ့်လည်း ဂျပန် စကားတတ်တဲ့သူတွေကမရှိဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ဂျပန်နိုင်ငံက ကုမ္ပဏီ  တွေ တော်တော်လေးအခက်တွေ့   ပါတယ်””ဟု ပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီများလိုအပ်လျက် ရှိသည့် အလုပ်သမားများမှာလည်း အတွင်းရေးမှူး၊ ဘာသာပြန်။ကွန် ပျူတာကျွမ်းကျင်၊အခြေခံဂျပန်စာ တတ်သော အလုပ်သမားများလို အပ်လျက်ရှိကြောင်းသိရှိရသည်။

ဖြိုးအောင်
ွှThe Hot Newsမြန်မာနိုင်ငံသည် နိုင်ငံရေး အပြောင်းအလဲ စီးပွားရေးအပြောင်း အလဲများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများစွာဝင်ရောက်လာခဲ့ပြီး ထိုအထဲတွင် ၂၀၁၂ခုနှစ် အောက်တိုဘာလစစ်တမ်းတစ်ခုအရ မြန်

သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေ

Photo: သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့်
ထုတ်လုပ်နေ
Saturday, January 19, 2013

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းလုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေကြောင်း ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း အငြိမ်းစားအရာရှိဟောင်း ဦးကျော်သူရ က ပြောသည်။

“စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်း လုပ်ကွက်ကနေ သဘာဝဓါတ်ငွေ့ တရက်ကို ၆၈ ကုဗပေသန်းခန့်နဲ့ ကမ်းလွန် လုပ်ကွက်ကနေသဘာဝဓါတ်ငွေ့
တရက်ကို ၁,၂၀၀ ကုဗပေသန်းခန့် စုစုပေါင်း တရက်ကို ၁,၂၆၈ ကုဗပေ
သန်းခန့် ထုတ်လုပ်နေပါတယ်” ဟု ဆိုသည်။

ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို
မြန်မာပြည် အလယ်ပိုင်း၊ ပြည်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြှောင်ဒေသ၊ မုတ္တမကမ်းလွန်ဒေသများနှင့် တနင်္သာရီ ကမ်းလွန်ဒေသတို့တွင်သာ ထုတ်လုပ်လျက်ရှိသည်။

“ပြည်တွင်း သုံးစွဲရန်အတွက် လိုအပ်နေတဲ့ သဘာဝဓါတ်ငွေ့က တရက်ကို ၅၇၀ ကုဗပေသန်းခန့် ရှိနေပြီး ၂၇၈ ကုဗပေသန်းခန့်သာ ဖြည့်ဆည်း
ပေးနိုင်ပါသေးတယ်။ ပြည်တွင်းလိုအပ်ချက်ရဲ့ ၄၈% သာ ဖြည့်ဆည်း
နိုင်တာ တွေ့ရပါတယ်” ဟု ဦးကျော်သူရ က ဆက်ပြောသည်။

နှစ်အလိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၁၉,၁၂၄၊ ၂၀၀၈-၀၉ တွင် ကုဗပေ သန်းပေါင်း ၃၈၆,၂၆၄၊ ၂၀၀၉-၁၀ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၀၅,၂၆၄၊ ၂၀၁၀-၁၁ ခုနှစ်တွင် ကုဗပေ သန်းပေါင်း ၄၃၄,၉၈၄ ထုတ်လုပ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမမြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကုန်းတွင်းလုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ်နေကြောင်း ရေနံနှင့်

ရေကြည်မြို့ NLDမြို့နယ်ညီလာခံကျင်းပမည့်နေ့တွင် ပါတီဝင်များ ဆန္ဒပြမည်

ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့၌် NLD မြို့နယ်ညီလာခံ ကျင်းပမည်ပြီး အဆိုပါညီလာခံကို ပါတီဝင် (၁၅ဝ)ဦးမှ ကန့်ကွတ်ဆန္ဒပြကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင် သူ ရေကြည်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်ချိုတူးမာက ပြောကြားသည်။