Friday, 18 January 2013

အထူးသတင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )
၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်
( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )

သင့်ရင်သား ကျန်းမာစေရန် စားသင့်သည်များ

Photo: သင့်ရင်သား ကျန်းမာစေရန် စားသင့်သည်များ
Friday, January 18, 2013

နှလုံး ကျန်းမာရေး အတွက် အိုမီဂါ-၃ အဆီ စားသင့်တယ် ဆိုတာ သိထားကြ ပေမယ့် အိုမီဂါ-၉ အဆီကို စားသုံးဖို့ လိုတယ်ဆိုတာ သင်သိချင်မှ သိပါ လိမ့်မယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေ အရ အိုမီဂါ-၉က ကင်ဆာဆဲလ် တွေကို သေစေနိုင်ပြီး ရင်သား ကင်ဆာ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ပိုမို ထက်မြက် စေပါတယ်။ အိုမီဂါ -၉ ဆိုတာ အိုလိအက်စစ် (Oleic Acid) ဖြစ်ပြီး ဗာဒံစေ့၊ ထောပတ်သီးနဲ့ သံလွင်ဆီတွေမှာ ပါဝင်ပါတယ်။ ပြောင်းလဲမှု အဆင့်ဆင့် မပြုလုပ်မီ ပထမဆုံး ကြိတ်ယူ ရရှိလာတဲ့ သံလွင်ဆီမှာ ဖိုက်တိုကမ်မီကယ်တွေ ပါဝင်တာကြောင့် Free radicals တွေကို ဟန့်တား ပေးပါတယ်။ တစ်နေ့ကို အိုမီဂါ-၉ အဆီ အနည်းဆုံး စားသင့်တဲ့ ပမာဏက ထောပတ်သီး တစ်လုံးရဲ့ ငါးပုံတစ်ပုံ၊ ဗာဒံစေ့ တစ်အောင်စ၊ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

သုတေသီ တွေက အိုမီဂါ - ၉ မှာ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် ဗိုက်မှာရှိတဲ့ အဆီတွေ လျော့ကျ စေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်ဆေး မတိုးတာကို လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေကို ပါ လျော့နည်းစေ တယ်လို့ ပြောပါတယ်။

ဖလေဗိုနွိုက်

အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှု လျှော့ချပေးနိုင်တဲ့ အာနိသင်အပြင် ကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကိုလည်း လျှော့ချပေး ပါတယ်။ ဖလေဗိုနွိုက် တွေက Free radicals ကို ဖယ်ရှားပေးပြီး ဆဲလ်နံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ် ပေးပါတယ်။ လက်ဖက်စိမ်း၊ စပျစ်သီးနဲ့ ချောကလက် အညိုမှာ ဖလေဗိုနွိုက်တွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် သင်စားတဲ့ အစားအသောက်တွေထဲမှာ ဖလေဗိုနွိုက် ပါဝင်အောင် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ဖလေဗိုနွိုက်က သွေးကြောနံရံတွေကို ပျော့ပျောင်း စေပြီး သွေးကြောတွင်း သွေးခဲ ဖြစ်ပေါ်မှုနှုန်း လျော့နည်းစေခြင်းဖြင့် နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

ဗီတာမင်အေ

လတ်တလော တွေ့ရှိချက်အရ ဗီတာမင်အေက ရင်သား ကင်ဆာ ရောဂါနဲ့ ဆက်စပ်မှု ရှိနိုင် တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဗီတာမင်အေက အင်တီ အောက်ဆီးဒင့် ဖြစ်တာကြောင့် Free Radicals တွေရဲ့ ဖျက်ဆီးမှုကနေ ကာကွယ် ပေးတာကြောင့်လို့ လေ့လာသူ တွေက ကောက်ချက်ချ ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ စိမ်းနဲ့ ဟင်းနုနယ်ရွက်၊ လိမ္မော်ရောင် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီးတွေမှာ ဗီတာမင်အေ ပေါများစွာ ပါဝင်နိုင်ပါတယ်။ မိန်းကလေး တစ်ယောက်က တစ်နေ့ကို ဗီတာမင်အေ ၇၀၀-၉၀၀ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဗီတာမင်အေက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ပိုလျှံနေပါက အသည်းထဲမှာ သိုလှောင် သိမ်းဆည်း ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ကာလကြာရှည်စွာနဲ့ ပမာဏ များများ ရောက်ရှိနေ ပါက ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒါကြောင့် ဗီတာမင်အေ ရရှိဖို့ ဆေးသောက်မယ့် အစား အစားအစာကနေ ရအောင် ယူပါ။

ပိုဆောင်း ရနိုင်သော အကျိုးတရား

ဗီတာမင်အေက သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းထား ပေးပါတယ်။

ဖောလိတ်

ဖောလိတ်က ဒီအင်န်အေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်တွေ ကြီးထွားဖို့လည်း လိုအပ်ပါတယ်။ သဘာဝ အစားအစာတွေ ကနေ ရယူစားသုံးပါက ခန္ဓာကိုယ်ထဲမှာ လွန်ကဲ သွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲညွန့်နဲ့ အချဉ်ဓာတ် ပါဝင်တဲ့ အသီးတွေကနေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်လောက် လိုအပ်ပြီး ၁၀၀၀ မီလီဂရမ်ထက် ကျော်လွန်ပါက အန္တရာယ် ရှိနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ်မှာ သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် ဖောလိတ် လိုအပ်ပါတယ်။

လိုင်ကိုဖင်း

လိုင်ကိုဖင်းက ရင်သား ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တား နိုင်ပါတယ်။ ဖရဲသီး၊ ကညွတ်၊ မာလာကာသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးတွေ ကနေ ရယူ နိုင်ပါတယ်။ ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက အစိမ်းထက် လိုင်ကိုဖင်းဓာတ်ကို ပိုမိုရရှိနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်တာကြောင့် ခရမ်းချဉ်သီးကို ချက်ပြုတ်စားပါက သံလွင်ဆီ ထည့်ချက်ပြီး တစ်ပတ် နှစ်ကြိမ် စားပေးပါ။

အပိုဆောင်း ရနိုင်သော အကျိုးတရား

လိုင်ကိုဖင်းက အဆုတ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ

ရင်သား ကင်ဆာရောဂါ ခံစားနေရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီ ချို့တဲ့ နေတတ်ပါတယ်။ လေ့လာမှုအရ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ၅၃ ရာခိုင်နှုန်းက ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရ ပါတယ်။ ဗီတာမင်ဒီကို ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဥအမျိုးမျိုးကနေ ရယူနိုင်ပါတယ်။

အပိုဆောင်း ရနိုင်သော အကျိုးတရား

ခန္ဓာကိုယ် အတွက် ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏအတိုင်း ရှိနေပါက ရင်သား ကင်ဆာတင် မကပါဘူး။ အားလုံးသော ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်ပြီး အရွယ် မတိုင်မီ သေဆုံးနိုင်ခြေလည်း လျော့နည်း စေနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

BY GOOD HEALTH

Ref: မြ၀တီနှလုံး ကျန်းမာရေး အတွက် အိုမီဂါ-၃ အဆီ စားသင့်တယ် ဆိုတာ သိထားကြ ပေမယ့် အိုမီဂါ-၉ အဆီကို စားသုံးဖို့ လိုတယ်ဆိုတာ သင်သိချင်မှ သိပါ လိမ့်မယ်။

အစိုးရတပ်များ လိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်သို့ရောက်ရှိ

Photo: ကျွန်တော်တို့တပ်တွေလိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်ကိုရောက်ပြီ
လိုင်ဇာရောက်သတင်းထောက်များကိုကြိုဆိုပါတယ်။

ဒီနေ့(၁၈-၁-၂၀၁၃) နေ့လည်ပိုင်းမှာ လိုင်ဇာမြို့မှကြိုဆိုပါ၏ လို့ရေးထားတဲ့ဆိုမုတ်ဦးကြီးကို ကျွန်တော်တို့တပ်တွေရောက်နေပါပြီ။
မကြာခင် ၄င်းမုတ်ဦးကြီးရှေ့မှ ကျွန်တော်တို့တပ်တွေ အမှတ်တရဓာတ်ပုံရိုက်ထားတာတွေတင်ပေးပါမယ်။ ဒါပေမဲ့ကျွန်တော်တို့ လိုင်ဇာမြို့ကိုဆက်သွားဖို့အစီအစဉ်မရှိပါ။ စစ်ဆင်ရေးကိစ္စတွေနဲ့ အလုပ်များနေလို့ ဒီကြားထဲ အင်တာနက်မသုံးနိုင်တာပါ။ တင်စရာဓာတ်ပုံတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်လေးတွေရှိနေလို့မတင်ပေးနိုင်တာခွင့်လွတ်ပေးပါ။
လိုင်ဇာကိုရောက်နေတဲ့ သတင်းထောက်တွေ လိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်နားကို လာပြီးကျွန်တော်တိုသတင်းတွေလာယူစေချင်ပါတယ်။
ကျွန်တော်တို့ကို စိုးရိမ်ကြတဲ့ ပြည်သူများကို အထူးကျေးဇူးတင်ပါတယ်။
ဖားကန့်ဘက်မှာ ကျွန်တောင်တို့ညီနောင်တွေ အစွမ်းပြနေတာကြားတော့အားတက်မိပါတယ်။

ရန်နိုင်အောင်ကျွန်တော်တို့တပ်တွေလိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်ကိုရောက်ပြီ လိုင်ဇာရောက် သတင်းထောက်များကိုကြိုဆိုပါတယ်။ ဒီနေ့(၁၈-၁-၂၀၁၃) နေ့လည်ပိုင်းမှာ လိုင်ဇာမြို့မှကြိုဆိုပါ၏ လို့ရေးထားဆိုတဲ့ မုတ်ဦးကြီး ကို ကျွန်တော်တို့တပ်တွေရောက်နေပါပြီ။

တရား မ၀င် နယ်စပ် ကုန်သွယ် မှုကို တင်းကြပ် စွာ စစ်ဆေး

Photo: တရားမ၀င် နယ်စပ်ကုန်သွယ်မှုကို တင်းကြပ်စွာ စစ်ဆေး
Friday, January 18, 2013

တရားမ၀င် နယ်စပ်ကုန်သွယ်မှုအပိုင်းကို Mobile Team အဖွဲ့ ဖွဲ့စည်းပြီး
တင်းကြပ်သော စစ်ဆေးမှုများကို ဇန်န၀ါရီလ စတင်ပြီး ဆောင်ရွက်
နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး
ဦးဝင်းမြင့်က ပြောသည်။ Mobile Team အဖွဲ့သည် ပညာပေးကာလကို ၂လသတ်မှတ်ဆောင်ရွက် ခဲ့ပြီး ယင်း၂ လအတွင်း တရားမ၀င်ကုန်သွယ်မှု
ဆိုင်ရာများကို အသိပေး သတိပေးဆောင်ရွက်ခဲ့သည်။

ဇန်န၀ါရီလ ပထမပတ်စတင်ပြီး တရားမ၀င် ကုန်သွယ်မှုများကို ကြားဖြတ်ဝင်ရောက် ဖမ်းဆီးခဲ့ရာ တစ်လ အတွင်း အမှုပေါင်း ၁၆မှုနှင့် ကာလတန်ဖိုး ငွေကျပ် ၆၉၃သိန်းကျော် ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်အတွက် လိုင်စင်လုပ်ဆောင်မှုဖြင့် ငွေကျပ် ၂၆၄သိန်းဘဏ္ဍာငွေတိုးပွားခဲ့ကြောင်း
သိရသည်။

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများကို ပိုင်ရှင်လာရောက်ရွေးယူပါက
ပစ္စည်း၏ တန်ဖိုးထက် ၂ဆ ဒဏ်ကြေး  ဆောင်ရမည် ဖြစ်ပြီး လာရောက် ယူဆောင်ခြင်းမပြုပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူကာ လေလံ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်း က ပြောသည်။

တရားမ၀င် ကုန်သွယ်မှုတွင် ပုတ်သိုးကုန်များ ပါလာက နေ့ချင်း မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ပြီး ယင်းတွင် အအေးခဲ ကြက်သား၊ အမဲသားနှင့် ကြက်ဥများ ပါဝင်ကြောင်း ၄င်းက ပြောသည်။ ယင်းအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးသည့်အတွက် ပုံမှန်စစ်ဆေးရေးဂိတ်များမှ ကုန်ပစ္စည်းများကို ယခင်ကထက် ပိုမိုရှာဖွေ စစ်ဆေး  လျှက် ရှိနေကြောင်း၊ ယင်းသို့ ကားများကို အသေးစိတ်စစ်ဆေးမှုများတွက် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေး စခန်းတွင် ယာဉ်တန်းများ ပိတ်နေသည်မှာ ၂ရက်တိုင်တိုင် ရှိနေပြီ
ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ တရားမ၀င် နယ်စပ်ကုန်သွယ်မှုအပိုင်းကို Mobile Team အဖွဲ့ ဖွဲ့စည်းပြီး တင်းကြပ်သော စစ်ဆေးမှုများကို ဇန်န၀ါရီလ စတင်ပြီး ဆောင်ရွက် နေ ပြီဖြစ်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး

မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ရွှေပြည်တံခွန် ကုမ္ပဏီမှ တရားဝင် လျှောက်ထားမည်

Photo: မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ရွှေပြည်တံခွန် ကုမ္ပဏီမှ တရားဝင် လျှောက်ထားမည်
Friday, January 18, 2013

မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား တရားဝင် လျှောက်ထား သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက ခြောက်လအတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ထွက်ရှိလာအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားသည်။

“အခုခေါ်တဲ့ တင်ဒါကို ကျွန်တော်တို့ ဝင်ပြိုင်သွားမှာပါ။ လုပ်ငန်းလိုင်စင်
ရရင် အရင်က ပြောခဲ့တဲ့အတိုင်း ကျပ် ၅၀၀၀ တန် ဆင်းကတ်တွေကို
ခြောက်လအတွင်း အသုံးပြုနိုင်အောင် လုပ်သွားမှာပါ” ဟု ၎င်းက
ပြောကြားသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့် ဆက်သွယ်ရေး တည်ဆောက်မှုနှင့် ပတ်သက်သော နည်းပညာများ ကို အိန္ဒိယနှင့်အမေရိကန်နိုင်ငံများမှ လေ့လာထားခြင်း
ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်းဖုန်းများကို ဇန်နဝါရီလအတွင်း
ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဈေးနှုန်းသတ်မှတ်ထားပြီး အထက်ကို တင်ပြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးနှုန်းနှင့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်
နီယာချုပ် ဦးဌေးဝင်းက ပြောကြားထားသည်။

“အခုထွက်မယ့် ဖုန်းကို တစ်သိန်းအောက် ဈေးနှုန်းနဲ့ပဲ ရောင်းရမယ်လို့ သမ္မတက ညွှန်ကြားထားတယ်လို့ ကြားပါတယ်။ ကျပ်ငါးသောင်း
ဖြစ်မယ်လို့လည်း ပြောနေကြတယ်။ ဟိုဂျာနယ် တစ်စောင်မှာကျတော့ ဇန်နဝါရီ ၈ ရက် ထွက်မယ် ပြောတယ်။ နောက်တစ်စောင်ကျတော့ ဒုတိယပတ်တဲ့။ နောက်တစ်စောင်မှာကျတော့ အထက်ကို တင်ထားတယ်လို့ ဦးဌေးဝင်းက ပြောတယ်ဆိုပြီး ဖြစ်ပြန်ရော။ ပြည်သူတွေက ဘယ်ဟာကို ယုံရမှန်းမသိ ဖြစ်နေတယ်” ဟု တန်ဖိုးနည်းဖုန်း သုံးစွဲလိုသူ တက္ကသိုလ်မှ ဆရာမတစ်ဦးက သုံးသပ်ပြောကြားသည်။

ရွှေပြည်တံခွန် ကုမ္ပဏီအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ကျပ် ၅၀၀၀ ဖုန်း ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးပြီး
ပြည်သူများအကြား စိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် News Watch Weeklyဂျာနယ်တွင် ဖော်ပြ
ထားပါသည်။

Khit Lu Nge မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား တရားဝင် လျှောက်ထား သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက ခြောက်လအတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ထွက်ရှိလာအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားသည်။

လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

အစိုးရတပ်ဖွဲ့များ လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အထိ ရောက်ရှိလာပြီး လဂျားယန်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ကျန်ရှိနေသော လိုင်ဇာ ဒေသခံများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မုဒိမ်းမှုအတွက် နိုင်ငံအချို့ က ချမှတ်သော ပြစ်ဒဏ်များ

Photo: မုဒိမ်းမှုအတွက် နိုင်ငံအချို့ က ချမှတ်သော ပြစ်ဒဏ်များ
Friday, January 18, 2013

ယူအေအီး -- ၇ ရက်အတွင်း လည်ပင်း ကျိုးတန်းဆွဲချိတ်၍ သေစေ။

အီရန် - မသေမချင်း ကျောက်တုံးနှင့် ပစ်ပေါက်ခြင်း ဟို့မဟုတ် ၂၄ နာရီ အတွင်း ကျိုးတန်းဆွဲချသေဒဏ်ပေးခြင်း။

အာဖဂန်နစ္စတန် - (လေးရက်အတွင်း) ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ် သေဒဏ်ပေးခြင်း။

တရုတ် - တရားရုံးတင် စစ်ဆေးစီရင်ခြင်းမရှိ၊ ပြစ်မှု ထင်ရှားကြောင်း ဆေးစစ်ချက် သေသေရရှိပြီးပါက သေဒဏ်ပေး။

မလေးရှား - သေဒဏ်။

အီရတ် - မသေမချင်း ကျောက်တုံးနှင့် ပစ်ပေါက်သေဒဏ်ပေးခြင်း။

တာလီဘန် - ရှိသမျှ အင်္ဂါအစိတ်အပိုင်းများအား ဖြတ်တောက်ပြီး ကျောက်တုံးနှင့် ပစ်ပေါက်ကာ နောက်ဆုံးမှ သေနတ်ဖြင့် ပစ်သတ်ခြင်း။

အိန္ဒိယ - တိကျသော စစ်ဆေးမှု၊ ပြစ်ဒဏ်ချမှတ်မှုများ မရှိသေးတဲ့အတွက် ပြည်သူများ မကျေမနပ် ဖြစ်လျက် ရှိပါတယ်။ တရားခံများကို လုံခြုံရေးအပြည့်အဝ ဖြင့် နေ့စဉ်စားသောက်၊နေထိုင်ရေးကို ၂၄ နာရီပတ်လုံး စီမံပေးမှုကြောင့် အိန္ဒိယပြည်သူများအတွက် ဒေါသထွက်စရာ ဥပဒေ အဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Ref: idia-facts
International news for myanmar
ယူအေအီး -- ၇ ရက်အတွင်း လည်ပင်း ကျိုးတန်းဆွဲချိတ်၍ သေစေ။

အီရန် - မသေမချင်း ကျောက်တုံးနှင့် ပစ်ပေါက်ခြင်း ဟို့မဟုတ် ၂၄ နာရီ အတွင်း ကျိုးတန်းဆွဲချသေဒဏ်ပေးခြင်း။

"ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ်

Photo: ဇန်န၀ါရီ ၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မှ မြိတ်သို့စားသောက်
ကုန်များပို့ရန် ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်းတင်နေသော "ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်း
ရရှိသည်။

"ရေတိုးကြမ်းလို့ ရေတက်ချိန်မှာ စက်လှေလှည့်လိုက်တုန်း မြုပ်သွားတာ။ စက်လှေတစ်စီးလုံးမြုပ်တာ တစ်နာရီလောက်တော့ ကြာတယ်။ စမြုပ်တဲ့အချိန်မှာတော့ ကုန်တွေပစ်ချပြီး နောက်တော့ လူတွေခုန်ချ
လိုက်တယ်"ဟု အဆိုပါ စက်လှေမှ လှေလုပ်သား ဦးစိုးဦးကပြောသည်။

နစ်မြုပ်သွားသော စက်လှေအား ဖော်နေစဉ် အနီးရှိ ကျေးရွာများမှ ငါးဖမ်းလှေငယ်ပေါင်း ၃၀ ခန့်က ရေပေါ်သို့ ပေါ်လာသော ပစ္စည်းများအား ယူဆောင်နေသောကြောင့် ဗောတံတားပေါ်မှ ရဲတပ်ဖွဲ့ဝင်များက
လေးဂွများဖြင့် ပစ်ခတ်ရာ လှေပေါ်မှလည်း အပြန်အလှန်ပစ်ခတ်
နေသောကြောင့် ဘုရင့်နောင်ရဲစခန်းမှ ယူနီဖောင်းဝတ်ရဲဝန်ထမ်း
သုံးဦးခန့် ထိုနေရာသို့ ရောက်လာကြကြောင်း တွေ့ရှိရသည်။

လက်ရှိတွင် နစ်မြုပ်သွားသော စက်လှေအား ပြန်လည်ဆယ်ယူရန်
ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal
ဇန်န၀ါရီ ၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မှ မြိတ်သို့စားသောက် ကုန်များပို့ရန် ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်း တင်နေသော "ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ် သွားကြောင်း သတင်း ရရှိသည်။

ဟစ်တလာ သာ အချစ်ရေး ကံကောင်း ခဲ့လျှင်

Photo: ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့လျှင်

Friday, January 18, 2013

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ်မဖြစ်နိုင် ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်သားအရွယ်က အဒေါ့ဖ် ဟစ်တလာဟာ Stephy အမည်ရ ဂျူးလူမျိုး အမျိုးသမီးကို တစ်ဖက်သက် ချစ်ပါတယ်။ ချစ်တာမှ တမ်းတမ်းစွဲ

ပြီး လေးနှစ်လုံးလုံး ဖွင့်မပြောပဲ တိတ်တခိုး ချစ်တာ ဖြစ်ပါတယ်။ ရှားရှားပါးပါးပဲ ဆိုင်တစ်ခုမှာ ဖွင့်ပြောဖို့ အခွင့်ကြုံခဲ့ပါတယ်။ သို့ပေမယ့် ဖွင့်မပြောပါဘူး။ နောက်ထပ် အခွင့်အရေးရှိအုံးမယ်လို့ သူယုံကြည်နေလို့

ဖြစ်ပါတယ်။

ဟစ်တလာမှာ စိတ်ကူး တစ်ခုရှိပြီး ယင်းစိတ်ကူးက လက်ထက်ပြီးရင် ပါရှန်းမှာ သာမန် ကျောင်းဆရာတစ်ဦးအဖြစ် ဘဝရပ်တည်ဖို့ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အတွက် ဝမ်းနည်းစရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒါကတော့ သူတစ်ဖက်သက် စွဲလမ်းနေတဲ့ Stephy ဂျူးမလေးဟာ အခြား ဂျူးလူမျိုးအမျိုးသား တစ်ဦးနဲ့ လက်ထက်သွားခြင်း ဖြစ်ပါတယ်။

ဟစ်တလာသာ သူ တစ်ဖက်သက်ချစ်ခဲ့တဲ့ ဂျူးမလေးနဲ့သာ လက်ထက်ဖြစ်ခဲ့ မယ်ဆိုရင်၊ ဖွင့်ပြောခဲ့မယ်ဆိုရင် ဂျူးလူမျိုးတွေလည်း အစုလိုက် အပြုံလိုက် မသေနိုင်ပဲ ကမ္ဘာစစ်ဆိုတာလည်း ဖြစ်မလာဘူးလို့ ဆိုပါတယ်။

Love Could Have Changed Histroy ဆိုပြီးတော့တောင် ဟစ်တလာရဲ့  တစ်ဖက်သက် အချစ်ဇာတ်လမ်းကို ယနေ့တိုင် ပြောစမတ်ပြုဆဲ ဖြစ်ကြောင်း သိရပါတယ်။

Ref: rarefacts

International news for myanmar ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ်မဖြစ်နိုင် ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။

အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီး တောင်ကုန်းများကို သိမ်းပိုက်

Photo: အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီး တောင်ကုန်းများကို သိမ်းပိုက်
Friday, January 18, 2013

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်အကွာက တောင်ကုန်းတချို့ကို အစိုးရတပ်များက တက်ရောက်နေရာယူနေပြီဖြစ်ကြောင်း ကျောင်းသား တပ်မတော် (အေဘီအက်စ်ဒီအက်ဖ်၊ မြောက်ပိုင်း) က ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာကို သိမ်းပိုက်ဖို့အတွက် အခုလက်ရှိ အစိုးရတပ်တွေက လဂျားယန်တောင်ကုန်းကို တက်ရောက်နေရာယူနေတာလို့ ကျောင်းသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မင်းဌေးက ပြောပါတယ်။

“လဂျားယန်နဲ့ လ၀ါယန်ရှိနေတဲ့ တောင်ကုန်းတွေ အကုန်လုံးကို တက်ထိုင်လိုက်ပြီဆိုရင် လိုင်ဇာက အောက်မှာ ရောက်သွားပြီ။”

အခုလက်ရှိ အစိုးရတပ်အင်အား အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် လစိုင်းက အခုလိုပြောပါတယ်။

“အင်အားက အရမ်းများတယ်။ မနေ့ကလည်း လေယာဉ်နဲ့ သူတို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဆီကို လက်နက်ကြီးတွေနဲ့ ၈ နေရာကနေပစ်ပြီးမှ ထိုးစစ်ဆင်နေတယ်။ အခုထိ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။”

လက်ရှိ လိုင်ဇာအခြေအနေနဲ့ ပတ်သက်ပြီးလည်း ရဲဘော်မင်းဌေးက အခုလိုပြောပါတယ်။

“လိုင်ဇာက ဟိုတလောက လက်နက်ကြီးတွေ ပစ်ပြီးတဲ့နောက်ပိုင်း အရပ်သားတွေ အတော်များများက တိမ်းရှောင်သွားကြတယ်။”

DVBကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်အကွာက တောင်ကုန်းတချို့ကို အစိုးရတပ်များက တက်ရောက်နေရာ ယူနေပြီဖြစ်ကြောင်း ကျောင်းသား တပ်မတော် (အေဘီအက်စ်ဒီအက်ဖ်၊ မြောက်ပိုင်း) က ပြောဆိုလိုက်ပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု
Friday, January 18, 2013

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေး
ချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြု
မထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ
နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ
အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း
ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေး
ချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။
အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေ
သူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း
ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။
ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။

ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း
တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူ
လိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မှာပေါ့။
တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)
သာလွန်ဇောင်းထက်
ဧရာဝတီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင် စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမ ထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည် ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ကြယ်ဂေါင်၌ နယ်မှတ်ပုံတင်နှင့်ဘာသာခြားများ ပြည်ဝင်ခွင့်အတွက် ငွေကုန်ကျမှုများနေ

Photo: ကြယ်ဂေါင်၌ နယ်မှတ်ပုံတင်နှင့်ဘာသာခြားများ ပြည်ဝင်ခွင့်အတွက်
ငွေကုန်ကျမှုများနေ
Friday, January 18, 2013

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် ငွေကြေးတောင်းခံမှုများ
ရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့ သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။

“ တရုတ်ပြည်ထဲသွားဖို့ကို မြန်မာဖက်ကနေ စာအုပ်အနီရယ် ၊
နေ့စဉ်ဝင်ထွက်ခွင့် လက်မှတ်ရယ်ဆိုပြီး နှစ်မျိုးထုတ်ပေးတယ် ” ဟုအဆိုပါကုန်သည်က ပြောကြားသည်။

မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အနီ ထုတ်ပေးရာတွင် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးပြီးအခြားမြို့များမှ လာရောက်နေသည့် ကုန်သည်များကိုမူ ကျပ်ငွေ တစ်သောင်းကျော်မှ စတင်ကာငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ဘာသာခြားတွေဆို ငါးသောင်းလောက်ပေးမှ မြန်မာစာအုပ်အနီ
ကိုင်ခွင့်ရှိတယ် ၊ ရိုးရိုး တစ်ခြား မြို့ကနေ လာတဲ့လူတွေကတော့ တစ်သောင်းခွဲနှစ်သောင်းလောက်ဆို စာအုပ်ရတယ် ” ဟု မူဆယ်
မန္တလေး ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်ပြည်ကြယ်ဂေါင်တွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာဖက်မှ အခြေခံလူတန်းစား များအနေဖြင့် စာအုပ်အနီအတွက် အခက်အခဲရှိနေသောကြောင့် နေ့စဉ်ဝင်ထွက်ခွင့်လက်မှတ်အား တစ်ရက်လျှင် ငွေတစ်ထောင်နှုန်းဖြင့် ပေးဆောင်သွားလာနေရကြောင်း ကိုလည်း အဆိုပါကုန်သည် တို့က ဆိုသည်။

“ ငွေသောင်းဂဏန်းလောက်ရှိတဲ့စာအုပ်အတွက် ဒီမှာလာကုန်
ထမ်းနေတဲ့လူတွေက ဘယ်ပေးနိုင်မလဲ ၊ စာအုပ်အနီက မူဆယ်မှတ်ပုံတင်ကိုင်ထားမှ ထုတ်လို့ရတယ် ၊ နို့မို့ဆို လိုင်းကြေးပေးပြီး ထုတ်မှ အဆင်ပြေတယ် ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ကြယ်ဂေါင်မြို့တွင် မြန်မာဖက်မှလာရောက်အလုပ်ကိုင်နေသူအများစုမှာ ကုန်ထမ်းခြင်းနှင့် အခြေခံအလုပ်များစွာလုပ်ရသည့်အတွက် နေ့စဉ် နံနက် (၇)နာရီမှ ည(၈)နာရီထိ အလုပ်လုပ် နေကြကြောင်းသိရပြီး၊ မြန်မာဖက်
မှနိုင်ငံကူးလက်မှတ်အနီစာအုပ်အား မြန်မာနိုင်ငံသားတိုင်း ထုတ်ပေးလျှင် ယခုထက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း အဆိုပါကုန်သည်များက သုံးသပ်သည်။

၂၀၁၀ ဂီရိမုန်တိုင်းအပြီး ရခိုင်လူမျိုးများ ကြယ်ဂေါင်သို့နေ့စဉ်အသုတ်လိုက်
ပြောင်းရွှေ့မှုများရှိခဲ့ပြီး လက်ရှိအချိန်တွင် ခန့်မှန်းလူဦးရေ   သောင်းဂဏန်း
ရှိနေကြောင်းကိုလည်း သိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroupမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့ သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသ အခြေစိုက် KIA အဖွဲ့ တပ်မဟာ(၂) တပ်ရင်း (၆) ပင်မ စခန်း ကုန်း အား မြန်မာ စစ်တပ်မှ သိမ်းပိုက်

Photo: ဖားကန့်ဒေသအခြေစိုက် KIA အဖွဲ့ တပ်မဟာ(၂) တပ်ရင်း(၆) ပင်မစခန်းကုန်း အား မြန်မာစစ်တပ်မှသိမ်းပိုက်
Friday, January 18, 2013

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA တပ်ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲဆင်နွဲကာ သိမ်းပိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ညတိုက်ပွဲမတိုင်ခင် လက်နက်ကြီး ပစ်ကူများဖြင့် KIA  သောင်းကျန်း သူများအား ဦးနှိမ်ပစ်ခတ်ထားပြီး ညပိုင်းအချိန် လ၏အလင်းရောင်ကို အသုံးချကာ ရန်သူပင်မ စခန်းကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သော အရာရှိတစ်ဦးမှတယ်လီဖုန်းမှတဆင့်ဆက်သွယ်ပြောကြားသွားသည်။ (၁၆-၁-၂၀၁၃)ရက်နေ့ကတဲက တွင် အဆိုပါ KIA တပ်ဖွဲ့များ၏ ကာကင်းကုန်းများဖြစ်သော ဒွန်းမောင်းကုန်းနှင့် လမောင်းကုန်းကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ ဖားကန့်ဒေသတိုက်ပွဲများတွင် မြန်မာစစ်တပ်သည် လေကြောင်းအကူအညီမယူဘဲ မြေပြင်တပ်များအသုံးပြုတိုက်ခိုက်သွားကြောင်းသိရှိရသည်။
(၁၈-၁-၂၀၁၃)ရက်နေ့ နံနက်ပိုင်းချိန်ထိ ကန်စီးဒေသမှ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံရှင်းလင်းနေရသည်အတွက် လက်နက်ငယ်သံများကို ဖားကန့်မြို့ထဲမှ ပင်ကြားနေရကြောင်း ၊တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စာသင်ကျောင်းများအား ခေတ္တ ပိတ်ထားရကြောင်း ဒေသခံများမှ ပြောကြားပါသည်။ ကန်စီးခြေစိုက် KIA  တပ်ရင်း(၆)သည် KIA တပ်ရင်းများတွင် အချမ်းသာဆုံးတပ်ရင်းတစ်ရင်းဖြစ်ပြီး ဖားကန့်ဒေသတွင်အလုပ်လုပ်ကိုင်သူအားလုံး၎င်းတပ်ရင်းအား လစဉ်ဆက်ကြေးပေးဆောင်ရကြောင်းဒေသခံတစ်ဦးမှဆိုသည်။ လွန်ခဲ့သည် သုံးလခန့်ကလည် ဖားကန့်ဒေသတွင်း၇ှိ ကျောက်လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ သိန်းပေါင်း ၆၀၀၀၀ ကျော်အား တပ်ရင် (၆)မှကောက်ခံပေးပြီးKIA  ဗဟိုသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရသည်။

ref open
ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသ အခြေစိုက် KIA တပ်ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲဆင်နွဲကာ သိမ်းပိုက်ခဲ့ကြောင်းသိရှိရသည်။

တင်သွင်း ကားမှ ပစ္စည်းများ ဆိပ်ကမ်း တွင်မကြာ ခဏပျောက်နေ

Photo: တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ
Friday, January 18, 2013

ဂျပန်နိုင်ငံမှ ကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများ
အစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်
ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်
ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်
ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထား
တာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့
ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီး
သလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက
ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲ
ထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့
ကားတွေကျတော့ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှဆိပ်ကမ်းထဲကိုဝင်ပြီး
တော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့
အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာ တန်ဖိုးရှိရင် တန်ဖိုးရှိသလိုပျောက်တယ်။
ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်သွားတယ်။
ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။ ကျွန်တော်တို့ကားမဟုတ်ပေမယ့် သက်သေဖြစ်တဲ့အတွက် ကောက်ရှင်းချင်တယ်။ဒီလိုမျိုးမျက်မြင်သက်သေမရှိပဲဘယ်နှစ်မျိုးလောက်က ဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်း ကျွန်တော်လည်းမသိနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာလည်း custom တာဝန်ယူတာမဟုတ်ဘူး´´ဟုပြောကြားခဲ့သည်။

အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေ
လုပ်တယ်မလုပ်ဘူးဆိုတာပုံသေပြောလို့မရဘူး။ကားသော့ကအပြင်လူ
ကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြား
လူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလို
ဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာ
လှည့်လိုက်တာနဲ့ရတယ်။ အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်ဆိုရင်
၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။
ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်
ပေါက်ပြီး မထွက်သွားဘူး ဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခါနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင်ပါလာသော ပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်း
အဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှကားထဲတွင်ထည့်ပေးလိုက်သော
ဆီများဖြစ်ကြောင်းသိရှိရသည်။

ဖြိုးအောင်
ွှThe Hot News
ဂျပန်နိုင်ငံမှ ကားများမှာယူလျှင် ကားများတွင်ပါဝင်သော တန်ဆာပလာ များ အစုံအလင်ပါဝင်သော်လည်း ရန်ကုန်မြို့ဆိပ်ကမ်းအသီးသီး အရောက်တွင် ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်း

ရန်ကုန် အိမ်ခြံမြေ အကျိုးဆောင်ခ တပြေးညီ ဖြစ်ရန် စီစဉ်နေ ဆဲဖြစ်

Photo: ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်ခ တပြေးညီ ဖြစ်ရန်စီစဉ်နေဆဲဖြစ်
Friday, January 18, 2013

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ အသင်းမှ ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်(ပွဲစား)ခနှုန်းအား တပြေးညီ မသတ်မှတ်ရသေးကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကိစ္စကို စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်တော့လောက် အကောင်အထည်ဖော် ဖြစ်မယ်ဆိုတာကိုတော့ သေချာပြောလို့ မရသေး ပါဘူး”ဟု ၎င်းအသင်း ဒုတိယဥက္ကဌ ဦးသန်းဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်ရှိ အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ အရောင်းဈေးနှုန်း၏ ၂ ရာခိုင်နှုန်း ဖြစ်ပြီး မြို့ပြင်များ၌ ၃ ရာခိုင်နှုန်း ယူကြကြောင်းနှင့် မန္တလေး၏ အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တပြေးညီသတ်မှတ်တော့မည့် အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားအား အစိုးရမဟုတ်သည့် NGO အဖွဲ့ဖြစ်သော အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်များအသင်းမှ သတ်မှတ်မည်ဖြစ်သောကြောင့် လိုက်နာမှုအပြည့်အ၀ ရရှိမည်မဟုတ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ခ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

အိမ်စည်စိုးစံ
Popular Myanmar News Journal
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ အသင်းမှ ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်(ပွဲစား)ခနှုန်းအား တပြေးညီ မသတ်မှတ်ရသေးကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီကိစ္စကို စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။

ကမ္ဘာ့ အလှဆုံး အိမ် - Dumber Villa

Photo: ကမ္ဘာ့အလှဆုံးအိမ် - Dumber Villa
Friday, January 18, 2013

အမေရိက အလယ်ပိုင်း ဟွန်းဒါးရက်စ်နိုင်ငံ မြောက်ပိုင်း Guanaja ကျွန်း အနီးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။

ရေလယ်ခေါင်က ကျွန်းငယ်ငယ်လေးပေါ်မှာ တည်ဆောက်ထားပြီး ၁၉၉၃ ခုနှစ်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါ တယ်။ ခေတ်အဆက် ဆက် ပြန်လည် မွမ်းမံ မှုများ ပြုလုပ်ပြီး ယခုဆိုရင် အနားယူ အပန်းဖြေစခန်း တစ်ခုအနေ နဲ့ ပြုလုပ် ပေးထားပါတယ်။ ၂၇ ဧက အကျယ်အဝန်းပေါ်မှာ တည်ဆောက်ပြီး ရေကူးကန်လည်းပါရှိပါတယ်။ တည်းစရာနေရာ၊ အိပ်ခန်း၊ ရေငုပ်ရန် နေရာ၊ မော်တော်ဘုတဆိပ် အစရှိသဖြင့် စုံစုံလင်လင် ပါရှိပါတယ်။

ဟွန်းဒါးရက်စ်နိုင်ငံ DUNBAR VILLA Dumber Villa လို့ အမည်ပေးထားပြီး ၂၀၁၁ ခုနှစ်က ကမ္ဘာ့အလှဆုံး အိမ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရပါ တယ်။

Ref: camerica
House.com.mm
အမေရိက အလယ်ပိုင်း ဟွန်းဒါးရက်စ်နိုင်ငံ မြောက်ပိုင်း Guanaja ကျွန်း အနီးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။

ကမ္ဘော ဒီးယား နိုင်ငံ တွင် မိုင်း ရှင်း လင်းနေ စဉ် ပေါက် ကွဲမှု ဖြစ်ပွား ကျွမ်းကျင် ပညာရှင် အမေရိ ကန် နိုင်ငံ သား လေးဦး ဒဏ်ရာရ

Photo: ကမ္ဘောဒီးယား နိုင်ငံတွင် မိုင်း ရှင်းလင်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပွား ကျွမ်းကျင်ပညာရှင် အမေရိကန် နိုင်ငံသား လေးဦး ဒဏ်ရာရ
Friday, January 18, 2013

ကမ္ဘာဒီးယား နိုင်ငံ လေ့ကျင့်ရေး စခန်း တစ်ခုတွင် မိုင်းရှင်းလင်းရေး
လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ် နေစဉ် အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ပညာရှင် အမေရိကန် နိုင်ငံသား လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ကမ္ဘောဒီး ယား နိုင်ငံ အလယ်ပိုင်း ကမ်ပေါင်ချာနန် ပြည်နယ်ရှိ မိုင်းရှင်းလင်းရေး စခန်းရှိ အဆောက် အအုံတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ရရှိသူများ အနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း အဆိုပါ စခန်းမှ ညွှန်ကြား ရေးမှူး ဟန်းဂ်ရာ တာနာက ပြောကြားခဲ့သည်။

ထို့နောက် ဒဏ်ရာ ရရှိသူ နှစ်ဦးကို ဖနောင်ပင် ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ရာတာနာက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် လက်နက်ခဲယမ်း မီးကျောက်များ
ပေါက်ကွဲမှု ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် သံရုံးမှ
ပြောရေးဆိုခွင့် ရှိသူ ဂျွန်ဆိုင်မွန်က အတည်ပြု ပြောကြား ခဲ့ကြောင်း မိုင်းရှင်းလင်းရေး ကျွမ်းကျင် ပညာရှင် မီရာစ်ချမ် ရိုရမ်က ပြောကြားခဲ့သည်။

မြ၀တီကမ္ဘာဒီးယားနိုင်ငံလေ့ကျင့်ရေး စခန်း တစ်ခုတွင် မိုင်းရှင်းလင်းရေး  လေ့ ကျင့်မှု တစ်ရပ်ကို ပြုလုပ် နေစဉ် အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ပညာရှင် အမေရိကန် နိုင်ငံသား လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို
Friday, January 18, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zinမှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနားကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် မလေးရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ရောက်ရှိရာ မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (လေ)တို့ နှင့်အတူ ခင်မင် ရင်းနှီးစွာ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် မလေးရှား တပ်မတော် စစ်တီးဝိုင်းမှ ဂုဏ်ပြု တီးမှုတ်သည်။ ယင်းနောက် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက်ကြ သူများနှင့် အပြန်အလှန် မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ အဖွဲ့ဝင် တပ်မတော် အရာရှိ ကြီးများနှင့် မလေးရှား နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးတင်လတ်တို့ တက်ရောက် ကြပြီး မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မလေးရှား တပ်မတော်မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းဆောင်၌ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အဆင့်မြှင့် ပူးပေါင်း ဆက်ဆံရေး၊ လေ့ကျင့်ရေး ကိစ္စရပ်များ လန်ကာဝီ ကျွန်းတွင် ကျင်းပ သော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေတပ် ဆိုင်ရာ သရုပ်ပြပွဲသို့ တပ်မတော် (ရေ/လေ)မှ ကိုယ်စားလှယ်များ စေလွှတ်ရေး ကိစ္စရပ် များအား ဆွေးနွေးပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ် တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မလေးရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးအား ဝန်ကြီးရုံး ဧည့်ခန်း ဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဆေးပညာနှင့် သက်ဆိုင်သည့် လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လန်ကာဝီ ကျွန်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရေတပ်၊ လေ တပ် ပြပွဲသို့ မြန်မာ့ တပ်မတော်မှ တက်ရောက်ရေး ကိစ္စရပ် များအား ဆွေးနွေး ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧည့် သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ကာကွယ်ရေး ဝန်ကြီးအား လက်ဆောင် ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် မလေးရှား နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးတင်လတ်တို့ တက်ရောက် ခဲ့ပြီး မလေးရှား နိုင်ငံမှ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အရာရှိ ကြီးများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zinမှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ် ပိုင်းတွင် မလေးရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ် သည်။

ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။

ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။

“ဈေးလျှော့ရောင်းတာ ကျနော်တို့ ကုမ္မဏီတွေအနေနဲ့ ဘာမှ မထိခိုက်ပါဘူး။ ၀န်ကြီးက စောစောကတည်းက လေးငါးရှစ် သောင်း လောက်နဲ့ရောင်းလို့ ရတာကို ၂သိန်းနဲ့ တင်ပြီးရောင်းထားတယ်။ ၀ိုင်းကန့်ကွက်လို့ မရဘူး။ အခု ရောင်းမယ်ဆို ၂သိန်းနဲ့ ရောင်းလို့ မဖြစ်တော့ဘူး”ဟု IGE ကုမ္မဏီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုထွန်းထွန်းလင်းက ပြောသည်။

ကျန်ရှိနေသည့် GSM/WCDMAဖုန်း ဆင်းကတ် ၃ သန်းခန့်ကို ဧပြီလ အတွင်း GSM ကျပ် ၅ သောင်း၊ WCDMA ကျပ် ၈ သောင်းဖြင့် ရောင်းချသွားရန် ရှိကြောင်းနှင့် ဖုန်းခေါ်ဆိုခများလည်း ဈေး ထပ်ချပေးသွားရန်ရှိကြောင်း ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္မဏီများက ခန့်မှန်းထား ကြသည်။
လက်ရှိ အခြေအနေအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောသည်။

“ကျပ် ၅၀၀၀ တန် ဖုန်းကတ် ထွက်ရှိရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် နေပါတယ်။ ဒီနှစ်ထဲမှာ ထွက်လာမယ်”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိသူ ကိုလွင်နိုင်ဦးက ပြောသည်။

ဆက်သွယ်ရေးတွင် အများပြည်သူ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရန်နှင့် တနိုင်ငံလုံး ဆက်သွယ်ရေးဝန်ဆောင်မှု အပြည့်ရရှိစေ ရန် ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီးရှင်း စီမံခန့်ခွဲမှု (Telecommunication Operator)၂ ခုကို ၂၀၁၃ ခုနှစ် အတွင်း လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ဖုန်းတွေ ဈေးကျပြီပြောတာ့ မြန်မာ့ ဆက်သွယ်ရေးကို ၀ယ်မလို့မေးကြည့်တယ်။ မရသေးဘူးတဲ့။ ကျမတို့ အနေအထားကလည်း သိပ်မတတ်နိုင်ဘူးလေ။ ဖုန်းရှိထားရင် လုပ်ငန်းမှာ အချိန်ကုန် သက်သာမလားလို့ပါ”ဟု ရန်ကုန်မြို့ မြေနီကုန်းရှိ အရောင်းအ၀ယ်သမား တဦးက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်နှီးပြီး ယှဉ်ပြိုင်လာပါက ဈေးနှုန်းများသည် အာဆီယံ နိုင်ငံများနှင့် အညီ ဖြစ်သွားနိုင်ကြောင်း ရန်ကုန် ပန်းဆိုးတန်းရှိ ဖုန်းဝယ်ရောင်း ပွဲစားများကလည်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်း သန်း(၃၀) စီမံကိန်းကို စတင်သည့်အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လအတွင်း ပထမအသုတ် ဖုန်းအလုံးရေ ၁သန်းခွဲတွင် GSM ဖုန်း ဆင်းကတ်ကို ကျပ် ၂သိန်း၊ WCDMA ဖုန်း ဆင်းကတ်ကို၂သိန်းခွဲဖြင့်စတင်ရောင်းချခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြော သည်။

ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ နားကုန်းကာလကျေးရွာနေ မစုသိန်း(၂၃)နှစ်နှင့် ဦးဟိုက်(၅၆)နှစ်တို့သည် ဘိန်းစိမ်းများ ကိုယ်တိုင်စိုက်ပျိုးပြီး ၎င်းတို့၏နေအိမ်အသီးသီးတွင် သိုဝှက် ထားကြောင်းသတင်းအရ တောင်ကြီးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ ၁၇-၁- ၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန်တွင် ၀င်ရောက်ရှာဖွေခဲ့သည်။