Monday, 7 January 2013

ချဲလ်ဆီးသို့ ရောက်လာသော ဒမ်ဘာဘ

ချဲလ်ဆီး တိုက်စစ်မှူးသစ် ဒမ်ဘာဘသည် ၎င်းအနေဖြင့် နယူးကာဆယ်မှ ချန်ပီယံလိဂ် ချန်ပီယံ အသင်း သို့ ပြောင်းရွှေ့ရန် အလွယ်တကူပင် ဆုံးဖြတ် နိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆီနီဂေါ တိုက်စစ် မှူးသည် ပေါင် ၇.၅ သန်းဖြင့် ချဲလ်ဆီးသို့
ရောက်လာခဲ့ပြီး အသင်းနှင့် ၃ နှစ်ခွဲ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဒမ်ဘာဘ သည် ချဲလ်ဆီး အသင်းတွင် ကျောနံပါတ် ၂၉ ဂျာစီကို

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား
စောင့်မျော်နေ
Monday, January 07, 2013 

မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား
မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် ပြင်ဆင်ပြီး ဖြစ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရကြောင်းလည်း ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''မိုးတွင်းမှာ လျပ်စစ်ဓာတ်အားက လုံလောက်ပေမယ့် ဒီဇင်ဘာလလောက် ဆိုရင်ကိုပဲ ဓာတ်အား လိုအပ်ချက်က သိသာလာပါတယ်။ အခုလည်း
နွေကာလအတွင်း ဓာတ်အား လုံလောက်ဖို့အတွက် ရေထိန်း လွှတ်တာမျိုးတွေ လုပ်ပြီး ဓာတ်အားကို ချိန်ပြီးပေးရပါတယ်။
ပြည်ပနိုင်ငံတွေကနေ Gas Turbine တွေ Gas Engine တွေမှာပြီး ၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့ တင်ပြထားပါတယ်'' ဟု ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်က
ပြောသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှု
ဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်အား အခြေခံတွက်ချက်မှုအရ နွေကာလအတွင်း လျပ်စစ်မီး လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဦးအောင်ခိုင်က ဆိုပါသည်။

၂၀၁၂ ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား အခြေခံ တွက်ချက်မှုအရ ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ် နွေရာသီ တွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၇၂၅ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်
နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၃၁၃၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် နွေရာသီ ကာလအတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါဝပ်အား ဖြည့်ဆည်းနိုင်ရန်
သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံစသည့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား
ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင် စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် 
အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများမရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား
နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီး စက်များအသုံးပြု၍ ဓာတ်အားဖြည့် တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စပိန်နိုင်ငံမှ တင်ပို့မည့် 52MW ရှိ Guascor အား လှော်ကားစက်ရုံ တွင် ထားရှိမည်ဖြစ်ပြီး ဂျာမနီ နှင့်သြစတြေးလျနိုင်ငံတို့မှ တင်ပို့မည့် 52MW ရှိ Caterpillar အား ရွာမစက်ရုံ၊ စင်ကာပူနိုင်ငံမှ တင်ပို့မည့် 53.6 ရှိ GE အား သာကေတစက်ရုံနှင့် မလေးရှားနိုင်ငံမှ တင်ပို့မည့် 100MW ရှိ GE အား အလုံစက်ရုံတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။

မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း

မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း 

မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ 

၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့   Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက် အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။ 

သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့ ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင် အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။ ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင် အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ အားစိုက်လုပ်ခဲ့ပါတယ်။ 

ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင် လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့ ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။ 
--
Ref: wiki, DM
ရိုးရာလေး

http://www.yoyarlay.com/entertainment/art/33685-mr-bean-is-an-engineer

--
မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ 
Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်
Monday, January 07, 2013 

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန်
ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက်
ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ 
Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်
ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan
လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်
ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

Eleven Media Group ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ သို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ  


မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် ပြင်ဆင်ပြီး ဖြစ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရကြောင်းလည်း ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''မိုးတွင်းမှာ လျပ်စစ်ဓာတ်အားက လုံလောက်ပေမယ့် ဒီဇင်ဘာလလောက် ဆိုရင်ကိုပဲ ဓာတ်အား လိုအပ်ချက်က သိသာလာပါတယ်။ အခုလည်း နွေကာလအတွင်း ဓာတ်အား လုံလောက်ဖို့အတွက် ရေထိန်း လွှတ်တာမျိုးတွေ လုပ်ပြီး ဓာတ်အားကို ချိန်ပြီးပေးရပါတယ်။ ပြည်ပနိုင်ငံတွေကနေ Gas Turbine တွေ Gas Engine တွေမှာပြီး ၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့ တင်ပြထားပါတယ်'' ဟု ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်အား အခြေခံတွက်ချက်မှုအရ နွေကာလအတွင်း လျပ်စစ်မီး လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဦးအောင်ခိုင်က ဆိုပါသည်။

၂၀၁၂ ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား အခြေခံ တွက်ချက်မှုအရ ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ် နွေရာသီ တွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၇၂၅ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၃၁၃၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် နွေရာသီ ကာလအတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါဝပ်အား ဖြည့်ဆည်းနိုင်ရန် သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံစသည့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင် စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများမရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီး စက်များအသုံးပြု၍ ဓာတ်အားဖြည့် တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စပိန်နိုင်ငံမှ တင်ပို့မည့် 52MW ရှိ Guascor အား လှော်ကားစက်ရုံ တွင် ထားရှိမည်ဖြစ်ပြီး ဂျာမနီ နှင့်သြစတြေးလျနိုင်ငံတို့မှ တင်ပို့မည့် 52MW ရှိ Caterpillar အား ရွာမစက်ရုံ၊ စင်ကာပူနိုင်ငံမှ တင်ပို့မည့် 53.6 ရှိ GE အား သာကေတစက်ရုံနှင့် မလေးရှားနိုင်ငံမှ တင်ပို့မည့် 100MW ရှိ GE အား အလုံစက်ရုံတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိပါသည်။
အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များအား မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင် ရန် ပြင်ဆင်ပြီး ဖြစ်နေသော် လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက် ရရှိရန် စောင့် ဆိုင်းနေ

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ပွဲဖြစ်

ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ပွဲဖြစ် 
Monday, January 07, 2013 

အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယားနယ်ခြား
ဒေသမှာတနင်္ဂနွေနေ့က ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ပစ်ခတ်မှုအတွက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။ ပါကစ္စတန် စစ်တပ်ကတော့ ကက်ရှ်မီးယား ဒေသက စစ်စခန်းတခုကို အိန္ဒိယဘက်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် စစ်သားတဦးသေပြီး နောက်တဦးလည်း အပြင်းအထန် ဒဏ်ရာတွေ ရခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
 
ဒါပေမဲ့လည်း တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်းလည်း ပါကစ္စတန်က
ပြောပါတယ်။ အိန္ဒိယ အာဏာပိုင်တွေကတော့ သူတို့တပ်တွေ နယ်စပ်ဖြတ်ကျော်တာမျိုး မရှိဖူးလို့ ငြင်းဆန်ခဲ့ကြသလို၊ ပါကစ္စတန်ဘက်က အိန္ဒိယ ရွာတရွာကို မော်တာနဲ့ စတင်ပစ်ခတ်ရာက အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။ အိန္ဒိယတပ်တွေဘက်က လက်နက်ငယ်တွေ နဲ့သာ ပြန်လည် တုံ့ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ခွဲခြားထားတဲ့ နယ်မြေမှာ အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တာကိုတော့ နှစ်ဘက်စလုံးက အသိအမှတ်ပြု ပြောခဲ့ကြတာပါ။
 
ကက်ရှ်မီးယား ဒေသဟာဆိုရင် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပဋိပက္ခတွေ ကြုံရလေ့ ရှိတဲ့ နယ်မြေတခုဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်တုန်းက အပစ်အခတ်ရပ်စဲဖို့ သဘောတူ ထားပေမဲ့ မကြာခဏဆိုသလို ရင်ဆိုင် တိုက်ပွဲ အငယ်စားတွေ
ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။ နှစ်နိုင်ငံစလုံး က ဒေသတခုလုံးကို ပိုင်ဆိုင်ကြောင်း ပြောနေကြတဲ့ ကက်ရှ်မီးယားကို ဟိန္ဒိုဘာသာဝင် အများစုဖြစ်တဲ့ အိန္ဒိယလက်အောက်က လွတ်မြောက်ဖို့၊ ဒါမှမဟုတ် မူစလင်အများစုဖြစ်တဲ့ ပါကစ္စတန်နဲ့ ပေါင်းစည်းဖို့ မူစလင် လက်နက်ကိုင် အုပ်စုတွေကလည်း ၁၉၈၉ ခုနှစ်ကတည်းက ပုန်ကန်နေကြတာ ဖြစ်ပါတယ်။


ဗွီအိုအေ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယား နယ်ခြား ဒေသမှာတနင်္ဂနွေနေ့က ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ပစ်ခတ်မှုအတွက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။ ပါကစ္စတန် စစ်တပ်ကတော့ ကက်ရှ်မီးယား ဒေသက စစ်စခန်းတခုကို အိန္ဒိယ ဘက်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် စစ်သားတဦးသေ

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင် 
Monday, January 07, 2013 

ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ
သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး
ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

 ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှု
များက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

 ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော
ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

မြ၀တီ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်တစ်ခုသည် စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း ယခင်ကတည်းက သတ်မှတ် ထားကြသည်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှုအပြည့်နှင့် လက်ထပ်ခွင့်ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ


မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ  


ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ရှားပါးသည့် ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ရှိ လေဆိပ်အနီးတွင် ဇန်န၀ါရီလ ၇ ရက်၌ တူးဖော်မှု စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းလေယာဉ်များကို သစ်သားပုံးများထဲတွင် ထည့်ပြီး ရန်ကုန် လေဆိပ်အောက် မြေအောက်အနက် ကိုးမီတာခန့်၌ မြှုပ်နှံထားခဲ့ဖွယ် ရှိသည်ဟု Cundall က ပြောကြားခဲ့ပြီး ယင်းတူးဖော်မှု လုပ်ငန်းစဉ်မှာ သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်များကို နဂို အနေအထားအတိုင်း ပြန်လည်တွေ့ရှိနိုင်မည်ဟု မျော်လင့်ကြောင်း လေဆိပ်သို့ ရောက်ပြီးပြီးချင်း Cundall က ပြောကြားခဲ့သည်။ ယင်းလေယာဉ်များကို ဒုတိယကမ္ဘာစစ် အပြီးတွင် အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့သည်ဟု ယုံကြည်ရသည်။

Spitfire တိုက်လေယာဉ်မှာ ဗြိတိန်တွင် အလွန်ထင်ရှားသော တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။ လျင်မြန်ပြီး တစ်ယောက်စီး အမျိုးအစားဖြစ်သော ယင်းလေယာဉ်များသည် စစ်အတွင်း ဂျာမန်ဗုံး ကြဲလေယာဉ်များကို တန်ပြန်နိုင်ခဲ့မှုဖြင့် နာမည်ကောင်း ရရှိထားသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျက်တိုက်လေယာဉ် ခေတ်အစပျိုးနေချိန်၌ ဗြိတိန်သည် Spitfire လေယာဉ်အစီး ၂၀၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတူးဖော် တွေ့ရှိမှုများမှ တစ်ဆင့် ၁၉၄၅ ခုနှစ်တွင် ဘာဖြစ် ခဲ့သနည်းဟူသော အကြောင်းအရာအတွက် အဖြေများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း တူးဖော်ရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှေးဟောင်းသုတေ သန ပညာရှင် အန်ဒီဘရော့ခ်မန်းက ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ် ၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ခြောက်စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု တူးဖော်ရေးအဖွဲ့ကယုံကြည်ထားသည်။

လတ်တလောတွင် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှုများမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါက အရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။ ယခုတူး ဖော်မှုကြောင့် စစ်ပွဲသမိုင်းနှင့် လေ ယာဉ်အကြောင်း စိတ်ဝင်စားသူများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရသည်။

Ref:AFP;AP

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံရှိ Spit fire လေယာဉ်များကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ရှားပါးသည့် ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင် ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ ရှိ လေ

Sunday, 6 January 2013

အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား

အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား 
Sunday, 06 January 2013 

အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ 
စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။

သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး လမ်းဘေးမှာ အ၀တ်အစားမပါဘဲ
သွေးသံရဲရဲနဲ့ ပစ်ချထားခဲ့ပေမဲ့ ၂၅ မိနစ်ကျော်ကြာမှာ သူတို့ကို ကူညီဖို့ ရဲတွေ ရောက်လာတယ်လို့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေက ပြင်သစ် သတင်းဌာနနဲ့ အိန္ဒိယအခြေစိုက် Zee တီဗွီ သတင်းဌာန တို့ကို သောကြာနေ့က ပြန်ပြောင်း ပြောပြခဲ့တာပါ။

ရဲတွေ ရောက်လာတဲ့အချိန်မှာလည်း ဒီအမှုကို ဖြေရှင်းဖို့ ဘယ်ရဲစခန်းရဲ့ အပိုင်း ဖြစ်တယ် ဆိုတဲ့အပေါ် အချင်းချင်း ငြင်းခုန်နေကြပြီး သူတို့ကို အနီးဆုံး ဆေးရုံကို ပို့မပေးဘူးလို့ ဥပဒေလမ်းကြောင်း အခြေအနေအရ အမည်နဲ့ ရုပ်ပုံ ဖော်ပြလို့မရနိုင်တဲ့ အဲဒီ အမျိုးသားက ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီ အကူအညီပေးနိုင်ခဲ့တဲ့အကြောင်းနဲ့ သူတို့ထံ အကူအညီတောင်းတဲ့ ဖုန်းခေါ်ပြီး မိနစ် ၃၀ အတွင်း သူတို့နှစ်ဦးကို
ဆေးရုံပို့ပေးလိုက်နိုင်တဲ့အကြောင်း ဒေလီရဲတပ်ဖွဲ့ရဲ့ ပူးတွဲ ရဲမင်းကြီး 
Vivel Gogia က စနေနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဗွီအိုအေ အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင် စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြ ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”


“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”
( myanmarupdates )

၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာ
အကွာ တွင်ရှိသော   ချာချင်းစောင် မြို့အမှတ်(၃) ရပ်ကွက် ဘန်ကရောက်ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ်ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

             လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သက်ဆိုင်ရာနယ်မြေရဲ စခန်းနှင့်ကယ်ဆယ်ရေး လာရောက် စစ်ဆေးခဲ့ရာလက်နှစ်ဘက်ကို ကြိုးဖြင့်ချည်နှောင်ထားသည်။

              တုတ်အမာဖြင့်ဦးခေါင်းကိုရိုက်ထားသောဒဏ်ရာများနှင့်လည်ပင်းကျိုးနေသည်။ ထို့နောက် သေနတ်ဒဏ်ရာ ၁၀ချက်ထက်မနည်းတွေ့ရှိရကြောင်းတာဝန်ရှိရဲကပြောသည်။ 

            ပုဇွန်ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ်  ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင် သံကြားသော်လည်း ထ,မကြည့်ခဲ့ကြောင်း၊   မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင်ရာကို အကြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

                 ယ္ခု အသတ်ခံရသောမိန်းခလေး သည် ပုဇွန်ကန်သို့ မကြာခဏလာကြောင်း၊ ပုဇွန်ကန်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားတစ်ယောက်နှင့် သမီးရည်းစား ဖြစ်သည်ပာု ယူဆကြောင်း၊

 တစ်နေ့ထဲ တွင် ပုဇွန်ကန် မှ အလုပ်သမား ဖုန်းဆက် ခွင့်ယူပြီးနောက် ဖုန်းပြန်ဆက်သွယ်ခဲ့သော်လည်း  ဆက်သွယ်၍ မရပဲပျောက်နေကြောင်း  ထွက်ဆိုခဲ့သည်။

  အမှုမှန် ပေါ်ပေါက်နိုင်ရန်  အတွက် ချာချင်းစောင် နယ်မြေ ရဲစခန်းမှ အပူတပြင်း စုံစမ်းနေသည်ပာု Thairath နှင့် khonsod သတင်းစာ တွင်ဖေါ်ပြထားသည်။

(အဓမ္မပြုကျင့်ခံရခြင်းရှိမရှိနှင့် အသက်အရွယ်/နာမည်တို့အားရေးသားထားခြင်းမရှိပါ။

 ရွှေလုပ်သား

http://www.myanmarupdates.com/link/frame?cat-id=1&url=shwemyanmarmediagroup.blogspot.com%2F2013%2F01%2Fblog-post_6846.html၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာအကွာ တွင်ရှိသော ချာချင်းစောင် မြို့အမှတ်(၃) ရပ်ကွက် ဘန်ကရောက်ရွာရှိ ပုဇွန် ကန်ဘောင် တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ်ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သက်ဆိုင်ရာနယ်မြေရဲ စခန်းနှင့် ကယ်ဆယ်ရေးလာရောက် စစ်ဆေးခဲ့ရာလက်နှစ်ဘက်ကို ကြိုးဖြင့် ချည်နှောင် ထားသည်။

မြွေမှ တောက်တဲ့ကို မြို


မြွေမှ တောက်တဲ့ကို မြို
Sunday, 06 January 2013

မြွေမှ တောက်တဲ့ကို မြိုနေသည်ကို ပုဂံမြို့ရှိ နာမည်ကျော် ဓမ္မရံကြီးဘုရား အပြင်တံတိုင်းတွင်၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့က တွေ့မြင်ရစဉ်...။

(ပုဂံမြို့သို့ရောက်ရှိနေသော CJM တစ်ဦးမှ ပေးပို့သည်။)

CJMyanmar မြွေမှ တောက်တဲ့ကို မြိုနေသည်ကို ပုဂံမြို့ရှိ နာမည်ကျော် ဓမ္မရံကြီးဘုရား အပြင်တံတိုင်းတွင်၂၀၁၃ ဇန်နဝါရီ ၎

ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်း မရှိဟုဆို


Photo: ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိ ခွင့်ပြုချက်တောင်းခံထားခြင်း
မရှိဟုဆို
Sunday, January 06, 2013

ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ 
အထ္တုပ္ပတိမှာခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ၄င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အဆိုပါ အထ္တုပ္ပတိကို
ဖတ်ရှု့လေ့လာခြင်းမပြုသကဲ့သို့ စာရေးသူ၏အမြင်ကိုသာ
ရေးသားထားသည်ဟုမှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေး အထ္တုပ္ပတိကိုလည်း ရေးသားရန်အစီအစဉ်မရှိကြောင်း ပြောသည်။

ယနေ့နံနက်က အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်သော ဧရာဝတီစာပေ
ပွဲတော် စာနယ်ဇင်းရှင်းပွဲ တွင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
ခဲ့ပြီး သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို အထက်ပါအတိုင်း
ဖြေကြားခြင်းဖြစ်သည်။ 

Kyl/ wy
Popular Myanmar News Journal ရေးသားထုတ်ဝေပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အထ္တုပ္ပတိမှာ ခွင့်ပြုချက်တောင်းခံထားခြင်း မရှိကြောင်း ၄င်းကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အဆိုပါ အထ္တုပ္ပတိ ကိုဖတ်ရှု့လေ့လာခြင်းမပြုသကဲ့သို့ စာရေးသူ၏ အမြင်ကို သာရေးသား ထားသည်ဟု မှတ်ယူထားကြောင်း၊ကိုယ်တိုင်ရေး အထ္တုပ္ပတိ

ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ

Photo: ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ 
Sunday, January 06, 2013

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတရုံမှာ လူအစုလိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ရပြီးတဲ့နောက်
သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံး သွားပါတယ်။

စနေနေ့ ပစ်ခတ်မှု အတွင်း အိမ်တလုံးထဲမှာ အကာအကွယ်
ယူထားတဲ့ သေနတ်သမားကို ရဲတွေက ၀င်ရောက် ရှင်းလင်းချိန်မှာ
သေဆုံးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့လည်း
သေနတ်သမား ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာက သေဆုံးခဲ့တာ 
ဟုတ်မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အိမ်ထဲမှာတော့ နောက်ထပ် သေဆုံးနေသူ လူ ၃ ယောက်ကို တွေ့ရပြီး၊ ကျန်တယောက်ကတော့ ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ အခုနောက်ဆုံး ပစ်ခတ်မှု ဖြစ်ပွားတဲ့ Aurora မြို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲ the Dark Knight Rises ဆိုတဲ့ လင်းနို့လူသား ရုပ်ရှင်ပြသခဲ့တဲ့ ရုံတရုံမှာ သေနတ်သမား တယောက် ၀င်ပစ်ခဲ့လို့ လူ ၁၂ ယောက်အထိ
သေဆုံးပြီး ၅၈ ယောက်အထိ ဒဏ်ရာရခဲ့ဖူးတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ ပစ်ခတ်မှုမှာ တုန်းကတော့ သေနတ်သမား James Holmes ဟာ ရုံထဲကို မျက်ရည်ယိုဗုံး ပစ်သွင်းပြီးမှ ပရိတ်သတ်တွေကို ပစ်ခတ်ခဲ့တာလို့ ရဲက ပြောပါတယ်။ သူ့ကိုတော့ လူသတ်မှု၊ လူသတ်ဖို့ ကြံစည်မှု၊ဖောက်ခွဲရေး
ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု စတဲ့ အမှုတွေ အပါအ၀င် အမှုပေါင်း ၁၄၂ မှုနဲ့ တရားစွဲဆိုထားပြီး၊ အမှုအတွက် ကြိုတင်ကြားနာမှုတွေကိုတော့ တနင်္လာနေ့မှာ စတင်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ 

ဗွီအိုအေ အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတရုံမှာ လူ အစု လိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ ရပြီးတဲ့နောက်သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံး သွား ပါ တယ်။ စနေနေ့ ပစ်ခတ်မှုအတွင်း အိမ်တလုံးထဲမှာ အကာ အကွယ် ယူထားတဲ့ သေနတ်သမားကို ရဲတွေက ၀င်ရောက်ရှင်းလင်း ချိန်မှာသေ ဆုံးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ လည်း သေနတ် သမား ကိုယ့်ကိုယ်ကို အဆုံး စီရင်ရာ က သေဆုံးခဲ့တာ ဟုတ်မဟုတ်

ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်

Photo: ကျော်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်
Sunday, 06 January 2013 

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာ
မော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့်
မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ်
မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။

သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်း
ပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။

ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတ
အနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများ
အား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် 
လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။

ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်
ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ
 ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာ
လောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။

(ကျော်သူ facebook မှ)
Popular Myanmar News Journal
၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီ အချိန် ၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှု အသင်း (ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ် အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။
ရွှေစင်စင်္ကြာအဖွဲ့သည်နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ငွေရေ တွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ

ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့

Photo: ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊
ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့
Sunday, 06 January 2013 

ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင်ပြည်နယ်၌
မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိလပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် နံနက် ဝဝ နာရီ ၄၅ မိနစ်က ကေအိုင်အေ အင်အား ၁ဝ ဦးခန့်သည် ဝိုင်း မော်မြို့နယ် နန့်ဝါ ကျေးရွာနေ မလငန် ခေါင်နော ၃၂ နှစ်၊ မလနေ ဒေါင်ညွယ် ၃၄ နှစ်နှင့် မလတုံ ယိန်းမျှော် ၂၈ နှစ်တို့ သုံးဦးအား နန်ဇော်ယန် ကျေးရွာ ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၃ ရက်ည ၇ နာရီ ခွဲခန့်က ကေအိုင်အေ အဖွဲ့သည် မိုးညှင်းမြို့နယ် ကာဒူနှင့် မော်ဟန် ကျေးရွာ အကြား ရထားလမ်း မိုင်တိုင် အမှတ် (၆၂ဝ-၈/၉)တွင် ရထားလမ်း လုံခြုံရေး ဆောင်ရွက် နေသော လုံခြုံရေး အဖွဲ့အား လက်နက်ကြီး များဖြင့် အဝေးမှ ပစ်ခတ် ခဲ့ကြောင်း၊ လူထိခိုက် ဆုံးရှုံးမှု မရှိ၊ ရထားလမ်း ပျက်စီးမှု မရှိသော်လည်း မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာ လာသော အမှတ်(၄ဝ) အဆန် အမြန် ရထားမှာ မော်ဟန် ဘူတာ၌ ခေတ္တရပ်နား စောင့်ဆိုင်း ခဲ့ရပြီး ည ၉ နာရီခွဲ ခန့်တွင် မိုးညှင်းဘက်သို့ ဆက်လက် ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကေအိုင်အေ အဖွဲ့သည် ဗန်းမော်-မန်စီ ကားလမ်း ပေါ်မှ အလျား ပေ ၂၈ဝ၊ အကျယ် ၁၂ ပေရှိ မံရွတ် ချောင်းကူး သံပေါင် ဘေလီ တံတားအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့မှုကြောင့် တံတား ပေ ၂ဝ ခန့် ပြိုကျ သွားသဖြင့် လူ/ယာဉ် ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် ည ၁၁ နာရီ ခန့်က ဗန်းမော်မြို့ ကြေးနန်း ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်း မိုင်တိုင် အမှတ်(၃၇၈/၃) နှင့် (၃၇၈/၄) အကြား လမ်း၏ ယာဘက် ကြံခင်း ကျေးရွာသွား လမ်းခွဲ အနီးတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ယင်းနေရာ၏ အနောက်ဘက် ကိုက် ၁ဝဝ ခန့် အကွာ၌ မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲ ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် လူထိခိုက် ဆုံးရှုံးမှု မရှိဘဲ အုတ် ခုံနှင့် သံတိုင် အချို့ ပျက်စီးမှုသာ ရှိခဲ့ ကြောင်း၊ ကေအိုင်အေ အဖွဲ့က ယာဉ်တန်းများ ဖြတ်သန်း မည်ဟု ထင်သဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း သက်ဆိုင်ရာ
ပြည်နယ်မှ သတင်း ရရှိသည်။

မြ၀တီ
ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင်ပြည်နယ်၌ မော်တော်ယာဉ်များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီးများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်းများကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက် ရှိကြောင်း သိရသည်။

ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ

Photo: ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ
Sunday, 06 January 2013

ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ
ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာများ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် သတင်း ပေးချက်အရ
ကျောက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်း များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင် များနှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ်အရွယ် ဒေသခံ နှစ်ဦးအား
ကျောက်မျက်ရတနာ မှောင်ခို ရောင်းဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ ဗော်လ်ဂိုဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့ သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူများအား စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စိန် အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက်ရတနာများကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြောင်ကို အသုံးပြု

Photo: ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြောင်ကို အသုံးပြု
Sunday, 06 January 2013 

၂၀၁၃ နှစ်သစ်ကူးနေ့ မတိုင်ခင်တစ်ရက်က ဘရာဇီးနိုင်ငံ Arapiraca မြို့က ထောင်တစ်ခုရဲ့ ဂိတ်ဝထဲကို အဖြူရောင် ကြောင်တစ်ကောင်
ဖြတ်ဝင်သွားလို့ ရဲတွေက မသင်္ကာဖြစ်ပြီး ဖမ်းလိုက်ပါတယ်။ 

ရဲတွေက ကြောင်ရဲ့ကိုယ်ပေါ်မှာ ဆဲလ်ဖုန်း၊ လွန်ပူ၊ လွှအသေး၊
ကော်ကပ်တိပ် တွေကို ရှာဖွေတွေ့ကြောင်း သိရပါတယ်။

ထောင်ထဲက အကျဉ်းသား၂၆၃ ယောက်စလုံးကို သံသယရှိနေပြီး
ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြိုးစားတာလို့ ယူဆကြောင်း ဆိုပါတယ်။ 

ဒါပေမဲ့ ကြောင်က စကားမပြောတတ်တော့ ဘယ်သူက တရားခံဆိုတာ
ဖော်ထုတ်ဖို့ ခက်ခဲမှာဖြစ်ကြောင်း အကျဉ်းထောင်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြပါတယ်။

(အေပီသတင်း - ၁၊ ၅၊ ၂၀၁၃)
Myanmar1
၂၀၁၃ နှစ်သစ်ကူးနေ့ မတိုင်ခင်တစ်ရက်က ဘရာဇီးနိုင်ငံ Arapiraca မြို့က ထောင်တစ်ခုရဲ့ ဂိတ်ဝထဲကို အဖြူရောင် ကြောင် တစ်ကောင်ဖြတ်ဝင်သွားလို့ ရဲတွေက မသင်္ကာဖြစ်ပြီး ဖမ်းလိုက်ပါတယ်။ ရဲတွေ က ကြောင်ရဲ့ကိုယ်ပေါ်မှာ ဆဲလ်ဖုန်း၊ လွန်ပူ၊ လွှအသေး ၊ကော်ကပ်တိပ် တွေကို ရှာဖွေတွေ့ကြောင်း သိရပါတယ်။
ထောင်ထဲက အကျဉ်းသား၂၆၃ ယောက်စလုံးကို သံသယ ရှိနေပြီး ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြိုးစားတာလို့ ယူဆကြောင်း

ပါကစ္စတန် နိုင်ငံ စာသင်ကျောင်း တစ်ကျောင်းအား သေနတ်သမား များမှ ပစ်ခတ် တိုက်ခိုက်မှု

Photo: ပါကစ္စတန် နိုင်ငံ စာသင်ကျောင်း တစ်ကျောင်းအား သေနတ်သမား
များမှ ပစ်ခတ် တိုက်ခိုက်မှု
Saturday, 05 January 2013 

ပါကစ္စတန် နိုင်ငံ Swabi မြို့ အနောက် မြောက်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းအား သေနတ် သမား များမှ ပစ်ခတ် တိုက်ခိုက် ခဲ့ရာ IRNA အဖွဲ့ဝင် ကျောင်းဆရာမ ၆ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံးခဲ့ ကြောင်း အီရန် နိုင်ငံ Tehsil Chota Lahore သတင်း ဌာနမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် များကို ကိုးကား၍ ထုတ်ပြန် ကြေညာခဲ့ ပါသည်။

အဆင့်မြင့် အရာရှိ တစ်ဦး၏ ပြောကြားချက် အရ အဆိုပါ ပစ်ခတ် ခံရသည့်ကျောင်းသည် Tehsil Chota Lahore ဒေသရှိ Sher Afzal Banda ဧရိယာ အတွင်း တည်ရှိပြီး ဆရာ၊ ဆရာမများ ကျောင်းမှ ထွက်ခွာချိန်တွင် အမည်မသိ သေနတ်သမား များက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်း ကလည်း Swabi ရှိ NGO ရုံးတစ်ရုံး သည်လည်း ဗုံးခွဲဖျက်ဆီး ခံခဲ့ရကြောင်း သိရှိရ ပါသည်။

မြ၀တီ
ပါကစ္စတန် နိုင်ငံ Swabi မြို့ အနောက် မြောက်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းအား သေနတ်သမားများမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ IRNA အဖွဲ့ဝင် ကျောင်းဆရာမ ၆ ဦးနှင့် ကျောင်းဆရာ ၁ ဦး သေဆုံး ခဲ့ ကြောင်း အီရန် နိုင်ငံ Tehsil Chota Lahore သတင်းဌာနမှ ရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ ထုတ်ပြန် ကြေညာခဲ့

Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး

Photo: Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး
Saturday, 05 January 2013 

ကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲမှာလည်း စကားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။

ဒီထက် ထူးခြားတာ တစ်ခုကတော့ Google ရဲ့  ဝန်ထမ်း တစ်ဦး သေဆုံးရင် ကျန်ရှိတဲ့ သူ မိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာ တစ်ဝက်ကို တစ်သက်လုံး ရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက် တိတိ ဖြစ်ပါတယ်။

ပြီးတော့ သားသမီး ရှိရင်လည်း အသက် ၁၉ နှစ်မပြည့်မချင်း ပညာသင် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဒေါ်လာ ၁ထောင် ထောက်ပံ့ ပါတယ်။ အခြေအနေအချိန်ကို ကြည့်ပြီး လိုအပ်ရင် ထောက်ပံ့ကြေးကို အကန့်အသတ်တောင် မထားပါဘူး။ ဝန်ထမ်း ခင်ပွန်းသယ်က ဖျားနေတာမျိုး၊ ဆေးရုံတက်ရတာမျိုး ရှိရင်လည်း လစာကို ပုံမှန်ပေး ပါတယ်။ ထောက်ပံ့စရိတ်လည်း ပေးပါတယ်။

ယင်းအတွက် Google က အကျိုးအမြတ်မရပေမယ့် သက်သက်ကို ငွေကြေး အကုန်ကျခံလို့ ပြုလုပ်ပေးတဲ့ ပရဟိတ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
---
Ref: mashable
ရိုးရာလေး
YoYarLay 
ကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲမှာလည်း စကားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။
ဒီထက် ထူးခြားတာတစ်ခုကတော့ Google ရဲ့  ဝန်ထမ်းတစ်ဦး သေ ဆုံးရင် ကျန်ရှိတဲ့သူ မိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာတစ်ဝက် ကို တစ်သက်လုံးရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက်တိတိ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ နှစ်ရာ နီးပါးရှိခဲ့

Photo: ၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်
လာသူ နှစ်ရာ နီးပါးရှိခဲ့
Saturday, 05 January 2013 

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လူကုန်ကူးခံရတဲ့ အထဲမှာ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး လူကုန်ကူး ခံရသူ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေ ပါဝင်ခဲ့တာ
ဖြစ်ပါတယ်။ ဒါ့အပြင် ကျန် ၂၅ ရာခိုင်နှုန်းရဲ့ တ၀က် ကလည်း ကလေးသူငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အတွက် ကူညီဆောင်ပေး နေတဲ့ အဖွဲ့၂၆ ဖွဲ့ရှိပြီး အဖွဲ့တိုင်းဟာ လှုပ်ရှားမှု အစုံနဲ့ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်
ကနေ လာမယ့် ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒုတိယ စီမံကိန်း ၅ နှစ်အဖြစ် အဖွဲ့အစည်း တွေပူးပေါင်းပြီး ဆောင်ရွက်မှု တွေကို ထိထိရောက်ရောက် လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်မှုတွေ သာမက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ မှာလည်း အကြောင်း အမျိုးအမျိုးနဲ့လူကုန်ကူးသူတွေ အတွက် အရေးယူမှုတွေ သာမက လူကုန်ကူး ခံရမှုမှ သိမ်းဆည်းရမိတဲ့ ပစ္စည်း၊ ငွေကြေး စတာတွေကို
ရောင်းချပြီး နစ်နာသူတွေ ထံပြန်လည် ပေးအပ်စေမှု စတာတွေ ကိုလည်း ထည့်သွင်း ရေးဆွဲပြီး အများအကျိုးအတွက် ကာကွယ် ပေးထားတယ် လို့လည်း သိရပါတယ်။

Mrtv-4 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက် လာ သူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဲ့ဒီလို လူကုန်ကူးခံရတဲ့အထဲမှာ အမျိုးသမီး အရေအတွက် အများဆုံး ဖြစ်ပြီး လူကုန်ကူးခံရသူ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေ ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် ကျန် ၂၅ ရာခိုင်နှုန်းရဲ့ တ၀က် ကလည်း ကလေး သူငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။