Saturday, 5 January 2013

တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ







စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ ပွင့်လင်းရာသီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သောအဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊ ဦးမြင့်အောင်၊ ဦးချိုနိုင်၊တောခေါင်း ဦးမျိုးမင်းဦးတို့လိုက် ပါလျက်သက်သေများနှင့်အတူ သတင်းအရ (၂၂.၁၂. ၂၀၁၂)ရက် (၁၈း၅၅) အချိန် ကသာမြို့နယ် ဝေဆွယ်ကျေးရွာအနီး ဝေအင်းချောင်း ဘေး တွင် မော်တော် (၁)စီးနှင့်အတူအောက်ပါ တရားမ၀င် သစ်ခွဲသား များ ဖမ်းမိခဲ့ကြောင်း သိရသည်။

မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး



မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွား ခဲ့ကြောင်း သိရသည်။

ကလေးတွင် လူသတ် တရားခံပြေး အသတ်ခံရ




စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် လူသတ်မှု ကျူးလွန်ထားပြီး ကလေး ရဲစခန်းက (ပ) ၄၄၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ထွက်ပြေးနေသည့် လူသတ် တရားခံပြေး ဦးကြွက်သိုး (ခ) ငြိမ်းချမ်း အောင် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့နယ် ထန်ဘုရား ရေနံမှော်တွင် အသတ်ခံခဲ့ရ ကြောင်း အဆိုပါ ကလေး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် မထသလက်အောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်တိုက်မှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့ပြီး ၁၁၁ ဦးသေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့




၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မထသလက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သိန်း(၁၅၀)၀န်းကျင် အရစ်ကျ Provox ကားများ အရောင်းသွက်နေ




ရန်ကုန်ကားဈေးကွက်တွင်း Provox အမျိုးအစား CNG(Original)ကားများမှာ အရောင်းအ၀ယ် နည်းပါးလျှက်ရှိပြီး အရစ်ကျရောင်း ချပေးနေသည့် ကျပ်သိန်း ၁၅၀ ၀န်းကျင်ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

သူပုန်အားပေး The Voice ဂျာနယ် အား DDos ဖြင့် တိုက်မည် ဟု ဆို



သူပုန်အားပေး The Voice ဂျာနယ် အား DDos ဖြင့် တိုက်မည် ဟု facebook ပေါ်မှ မြန်မာ Hacker များဖြင့်ဖွဲ့စည်းထားသည့် KIA Operation မှ အဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။ 

ရွေဟင်္သာ၊KNG စသည့် KIA ၏ ၀ါဒဖြန့်ချီရေး မီဒီယာ အင်တာနက်စာမျက်နှာများ BHG နှင့် ပြည်တွင်း၊ ပြည်ပ မြန်မာ Hacker များက DDoS ဖြင့် အဆက်မပြတ်တိုက်ခိုက်



KNG သတင်းဌာန အင်တာနက်စာမျက်နှာ Attack ပြုလုပ်ခံထားရသည့် အတွက် ခေါ်ယူကြည့်ဖရှု့မရသည့်ပုံ
KIA ၏ သတင်းများအား ပင်မသတင်းများအဖြစ် ၀ါဒဖြန့်လျက်ရှိသော ရွေဟင်္သာ www.phopthaw.com နှင့် ကချင်သတင်းဌာန ၂ ခု တို့အား KIA နှင့်ပတ်သတ်သော မဟုတ်မမှန် သတင်းများ ဖြန့်ချီလျက်ရှိပြီး အစိုးရ အပေါ် ပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးများက အမြင်သဘောထားလွဲမှာစေရန်

မိုးထိမိုးမိ ရွှေလုပ်သားများ ညှိနှိုင်းမှုပြေလည်၊ ဆန္ဒပြ ခေါင်းဆောင်များ ထောင်ချမှု မတရား




 မန္တလေးတိုင်း ရမည်းသင်း မြို့နယ်တွင်အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ် သား များအကြား ညှိနှိုင်းမှု ပြေလည် သွား၍ လျှော်ေ  ကြးနှင့် လုပ်ကွက်သစ်များ ရရှိသောကြောင့် ဆန္ဒပြမှုများ ပြီးဆုံး သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။
 
“ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကလည်း ရွှေလုပ် သားတွေ ကို လျော်ကြေးတွေပေးလို့ ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ကျမတို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတာပါ။

KIA သောင်းကျန်းသူ အဖွဲ့က အပြစ်မဲ့ ပြည်သူများ၏ မော်တော်ယာဉ် များကို လုယက် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး




ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ယာဉ်အမှတ် (၇ဌ/ ၇၅၁၂) လေးလုံးထိုးယာဉ်နှင့် ယာဉ်မောင်း စိုးနိုင်ဝင်း မောင်းနှင်သော ယာဉ်အမှတ် (၉ဌ/ ၂၆၄၈၉) တုန်ဖုန်းယာဉ် တို့သည် လိမ္မော်သီး၊ ပန်းသီးနှင့်

Friday, 4 January 2013

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော  အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ  အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ် အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူ ခဲ့ရသည်။ အဆိုပါ  အင်္ကျီ     ၏တန်ဖိုးမှာ   အမေရိကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။

အဆိုပါ အင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး   ရွှေရောင် ခါးပတ် တစ်ခုကိုလည်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။

ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေလက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။

လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/3575-2013-01-04-09-46-50

အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန်အတွက် တန်ဖိုးကြီးသော

စင်ကာပူ နိုင်ငံရှိ AUDI ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ

စင်ကာပူ နိုင်ငံရှိ AUDI ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက် အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။

အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ် အပါအဝင် စုစုပေါင်း အထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက် အအုံကို Premium မော်တော်ကား ကုမ္ပဏီမှ  အမေရိကန် ဒေါ်လာ သန်း  ၇ဝ အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်း Audi ကားအရောင်း ပြခန်းသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်းများတွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်ရုံ သာမက အဆောက်အအုံ မျက်နှာစာကို Audi အမှတ် အသားများ ပုံစံ   အလူမီနီယံ ကွက်များဖြင့် တန်ဆာဆင် ထားသောကြောင့် အဆောက်အအုံ အတွင်းရှိ ကားများ ခင်းကျင်း ပြသထားသည်ကို အပြင်မှ နေ၍ ဖောက်ထွင်း တွေ့မြင်နိုင်သည်။

အဆိုပါ ကားအရောင်း ပြခန်းကို အကျယ်အဝန်း ဧရိယာ ၃၃ဝဝဝ စတုရန်း ပေရှိသော မြေပေါ်တွင် တည်ဆောက်ထား၍ ၄င်းအဆောက်အအုံ အထပ်တစ်ထပ်ရှိ ကားအရောင်း ပြခန်း တစ်ခုတွင် ကားအစီးရေ ၃၅ စီးကျော်ကို ခင်းကျင်း ပြသနိုင်သည်။ ထို့အပြင် အဆောက်အအုံ၌ ကားအသစ်များ ထားရှိရာ နေရာအပြင် ကားများကို လာရောက် ဝယ်ယူ ကြည့်ရှုသူများ အပန်းဖြေ နိုင်စေရန် နားနေဆောင်များ၊ ကားဝပ်ရှော့ (အလုပ်ရုံ)များနှင့် ရုံးခန်း များလည်း ပါဝင်သည်။

အဆောက်အအုံ အထပ်တိုင်းရှိ ကားအရောင်း ပြခန်းများ ဆီသို့ ကားများ အလွယ်တကူ တင်ဆောင် နိုင်ရန် မော်တော်ကားတင် ဓာတ်လှေကား နှစ်စင်းနှင့် လူများ အတက်အဆင်း ပြုလုပ်နိုင်ရန် စက်လှေကား တစ်စင်း တပ်ဆင် ထားသည်။ မြေအောက်ထပ်တွင် ကားဆားဗစ် စင်တာ တစ်ခုနှင့် ကားရပ်ရန် နေရာများ ထားရှိထားသည်။ Audiကား အရောင်းအဝယ် ဈေးကွက်တွင် စင်ကာပူ နိုင်ငံသည် အဓိက ကျသော မဟာဗျူဟာမြောက် ဈေးကွက် တစ်ခုဖြစ်ပြီး premium မော်တော် ကားကုမ္ပဏီသည် Audi အမှတ်တံဆိပ် ကားများကို  တရားဝင် ရောင်းဝယ်ခွင့် ရရှိထားသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။

http://www.myawady.net.mm/allnews/global/item/3576-2013-01-04-09-48-24

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း

တစ်နေ့တည်း ကလေး မီးဖွားခဲ့သည့် အမြွှာ ညီအစ်မ နှစ်ဦး

တစ်နေ့တည်း ကလေး မီးဖွားခဲ့သည့် အမြွှာ ညီအစ်မ နှစ်ဦး

အမေရိကန် ပြည်ထောင်စု ဆမ်မာ အေခရွန်မြို့ရှိ ဆေးရုံတွင် အမြွှာညီ အစ်မနှစ်ဦးသည်   တစ်နေ့တည်း ကလေး မီးဖွားခဲ့ကြောင်း Beacon သတင်း ဌာနက ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်သာ ရှိသေးသည့် အေမီသည် နှစ်သစ်ကူးနေ့ နေ့လယ်ပိုင်းတွင် ကလေး မီးဖွားခဲ့ပြီး သူ၏ အမြွှာ ညီအစ်မ ဖြစ်သည့် အက်ရှလီနယ်လ်ဆန်သည် ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီ ၃ မိနစ် အချိန်၌ ကလေး မီးဖွားခဲ့သည်။

မိမိ၏ အမြွှာ သမီးနှစ်ဦးမှ မွေးဖွား လာသည့် ကလေး နှစ်ဦးသည် ခရစ္စမတ် ရာသီတွင် မွေးဖွား လာခဲ့ခြင်း ဖြစ်ကြောင်း အမြွှာနှစ်ဦး၏ မိခင်ဖြစ်သူ မာဆယ်လာ ဖာဆွန်က ပြောကြား ခဲ့သည်။

အေမီနှင့် အက်ရှလီတို့သည် တစ်နေ့တည်းတွင် ကလေး မီးဖွားရန် အစီအစဉ် မရှိသော်လည်း ယခုကဲ့သို့ တစ်နေ့တည်း ကလေး မီးဖွားခဲ့ကြောင်း၊  တော်တော်များများ ကိစ္စများတွင် ၄င်း တို့နှစ်ဦး၏ ခံစားချက်များသည် တူညီ ကြသော်လည်း ၄င်းတို့သည် သီးခြား ဘဝများတွင်သာ နေထိုင် ခဲ့ကြခြင်းဖြစ်ကြောင်း ဖာဆွန်က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။


http://www.myawady.net.mm/allnews/global/item/3579-2013-01-04-10-05-14

အမေရိကန် ပြည်ထောင်စု ဆမ်မာ အေခရွန်မြို့ရှိ ဆေးရုံတွင် အမြွှာညီ အစ်မနှစ်ဦးသည် တစ်နေ့တည်း

အိန္ဒိယ နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု

အိန္ဒိယ နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု

အိန္ဒိယ ဥပဒေပြု အမတ်များ အနေဖြင့် နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု တစ်ခုအား ကြားနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် လူသတ်မှု ကျူးလွန် ခဲ့သူများ၏ ခုခံပိုင်ခွင့်နှင့် ပတ်သက်၍ ငြင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

အဆိုပါ အမှုအား  နယူးဒေလီ တောင်ပိုင်း Saket ခရိုင် တရားရုံး၌ ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်ကြားနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အဆိုပါ အမှုနှင့် ပတ်သက်၍ ခုခံ ကာကွယ်ရန် အတွက် ရှေ့နေငှားရမ်းခွင့် မပြုရန် မိမိတို့ အနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေ တစ်ဦးဖြစ်ပြီး Saket ခရိုင်တရားရုံး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် Sanjay  Kumar က AFP သတင်း ဌာနသို့ ပြောကြားခဲ့ ပါသည်။

http://www.myawady.net.mm/allnews/global/item/3598-2013-01-04-11-21-44

အိန္ဒိယ ဥပဒေပြု အမတ်များအနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ ရိုက်ခတ်စေခဲ့သော လူဆိုးဂိုဏ်းတစ်ခု၏

လူပြောအများဆုံး ဖြစ်သွားတဲ့ နည်းပြ မန်ချီနီနဲ့ ဘာလော့တယ်လီတို့ရဲ့ ရန်ပွဲ

ဗြိတိန် စံတော်ချိန်၊ ကြာသပတေးနေ့ မနက်ခင်းအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မန်စီးတီး လေ့ကျင့်ရေးကွင်းမှ ရန်ပွဲဟာ နာရီပိုင်းအတွင်း မီဒီယာတွေမှာ ပြန်သွားတာကြောင့် ၂၀၁၃ ရဲ့ ဘောလုံးလောကမှာ ပထမဦးဆုံး

ဧရာမ ရေပုပ်သင်



ကမ္ဘာ့အကြီးဆုံး ရေပုပ်သင် (ဧရာမ ရေပုပ်သင်) ကို Cryptobranchidae လို့ ခေါ်ဆိုပါတယ်။
Giant salamander လို့လည်း အလွယ်တကူ ခေါ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်သုံးမျိုးသုံးစား ကွဲပြန်

ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး

ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး

ဆီးရီးယား နိုင်ငံတစ်ဝန်း ဖြစ်ပွား လျက်ရှိသော စစ်ပွဲများသည် ဇန်နဝါရီ  ၂ ရက်တွင် ပို၍ ပြင်းထန်သော အနေအထားသို့ ရောက်ရှိလျက် ရှိကြောင်း သိရသည်။

နိုင်ငံနေရာ အနှံ့အပြားတွင် ဗုံးဆန်ခွံများ ပြန့်ကျဲလျက် ရှိပြီး နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခု၌ ဖြစ်ပွားသော စစ်ပွဲမှာလည်း လွန်စွာ  ပြင်းထန်ကြောင်း သိရသည်။

၂၂ လကြာမြင့်ပြီ ဖြစ်သော အဆိုပါ စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား ထားသည်။

သမ္မတ ဘာရှာအယ်လ် အာဆတ် ဖြုတ်ချရေး အတွက် တိုက်ပွဲ ဝင်လျက် ရှိသော   အတိုက်အခံ တပ်ဖွဲ့များနှင့် အတူ သြစတြေးလျ နိုင်ငံသား တစ်ဦး သည်လည်း နိုင်ငံ အနောက် မြောက်ပိုင်း၌ ဖြစ်ပွားသော တိုက်ခိုက်မှုတွင် သေဆုံး ခဲ့ရသည်ဟု လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားထားသည်။

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရသည် အာဆတ် အစိုးရအား  ပြစ်တင် ရှုတ်ချခဲ့ပြီး ဆီးရီးယား သံအမတ်ကိုလည်း  နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များသည် ဇန်နဝါရီ ၂ရက် အစောပိုင်းတွင် အီဒလစ် ပြည်နယ် အနောက် မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခုအား တိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရ တပ်ဖွဲ့ဝင် များက ပြန်လည် တွန်းလှန် တိုက်ခိုက် ခဲ့ကြခြင်းဖြစ် ကြောင်း၊ လူပေါင်း များစွာ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း အမြောက် အမြားရှိကြောင်း ဒေသတွင်း ရုပ်သံဌာန တစ်ခုက ပြောကြား ထားသည်။

http://www.myawady.net.mm/allnews/global/item/3571-2013-01-04-09-17-38

ဆီးရီးယား နိုင်ငံတစ်ဝန်း ဖြစ်ပွား လျက်ရှိသော စစ်ပွဲများသည် ဇန်နဝါရီ ၂ ရက်တွင် ပို၍ ပြင်းထန်သော

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား


(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော်

ရထားလမ်း မိုင်းကွဲ၊ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲငယ်ဖြစ်




မကြာခဏ မိုင်းကွဲလေ့ ရှိသည့် ကချင်ပြည်နယ် မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ပေါ်ရှိ ဟိုပင် ဘူတာနှင့် နန်းခွင် ဘူတာ ကြားတွင် ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၁ နာရီ၌ ရထားလမ်း မိုင်းကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက်

ရန်ကုန်မြို့တွင်း ဂျာမနီ အမှိုက်ပုံးများ ထားရှိရန် စီစဉ်



ရန်ကုန်မြို့တွင်း ဂျာမနီ အမှိုက်ပုံးများ ထားရှိရန် စီစဉ်

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ခြေဖုံး (၇)မြို့နယ်မှ လွဲ၍ မြို့တွင်း (၆) မြို့နယ်မှ ဆက်စပ် နေသော မြို့နယ် အတွင်း ဂျာမနီ နည်းပညာများဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးများ ထားရှိရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (စီမံရေး ရာဌာန)မှ သတင်း ရရှိသည်။

အဆိုပါ မြို့နယ်များ အတွင်းရှိ ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက်ပုံးများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ ပြောင်းလဲ တပ်ဆင် သွားမည်ဖြစ်ပြီး လက်ရှိတွင်  လီတာ ၆၆ဝ ဆံ့ အမှိုက်ပုံးကြီးပုံး ၈ဝဝ နှင့် လီတာ၂၄ဝဆံ့  အမှိုက်ပုံး အသေး  ၁၈၇ဝ ပုံးကို ဝယ်ယူထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

''ဒီအမှိုက်ပုံး တွေက အမှိုက်သိမ်းရာ မှာလည်း လွယ်ကူပြီး အချိန်ကုန် သက်သာတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (စီမံရေးရာ ဌာန)မှ တာဝန်ရှိသူ တစ်ဦးက  ပြောသည်။

လက်ရှိတွင် မြို့တွင်း (၆)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်များတွင် ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက် ပုံးများကို ဦးစားပေး အနေဖြင့် အစား ထိုးနိုင်ရန် စီစဉ်လျက် ရှိသည်။

http://www.myawady.net.mm/allnews/localnews/item/3568-2013-01-04-08-59-09

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ခြေဖုံး (၇)မြို့နယ်မှ လွဲ၍ မြို့တွင်း (၆) မြို့နယ်မှ ဆက်စပ် နေသော မြို့နယ်အတွင်း ဂျာမနီ နည်းပညာများဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးများထားရှိရန် စီစဉ်လျက်ရှိကြောင်း

မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက်


မြန်မာနိုင်ငံရဲ့ ၆၅မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေ ရိကန်ပြည်ထောင်စုက သဝဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။ မြန်မာနိုင်ငံ