Friday, 28 December 2012

ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကောင်း

Photo: ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကောင်း
Friday, December 28, 2012

ဒီဇင်ဘာလဆန်းပိုင်းက နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ထိုင်း ၀န်ကြီးချုပ်တို့ထားဝယ်အထူးစီးပွား ရေးဇုန်သို့လာရောက်ကြည့်ရှုပြီး သည့်နောက်ပိုင်းဒေသတွင်းရှိအိမ် ခြံမြေအရောင်းအ၀ယ်ဈေးကွက် များပြန်လှုပ်လာကြောင်း သိရ သည်။

ထားဝယ်မြို့နယ်အထွက် ကမျောကင်းလမ်းမညာဘက်ခြမ်း မှ မြေကွက် များအရောင်းအ၀ယ် ပြန်လိုက်လာကြောင်း၊ ထားဝယ် တိုးချဲ့မြို့ သစ်မြေကွက်များမှာ ပေ ၄၀x ၆၀၊ ပေ ၄၀x ၈၀၊ ပေ ၆၀x ၈၀ များဖြစ်ပြီး ဂရန်မြေကွက် နှင့် စလစ်မြေကွက်ဟူ၍ နှစ်မျိုး ရှိကြောင်း၊ ၎င်းမြေကွက်များမှ ၁၉၉၀ ခုနှစ်နောက်ပိုင်းလူနေထိုင် ရန်ချထားပေးပြီး ၂၀၁၀ ခုနှစ်တွင်
ရေနက်ဆိပ်ကမ်းပြုလုပ်မည်ဆို သည့်သတင်းများကြောင့် လိုက်လံ ၀ယ်ယူမှုများရှိလာကြောင်း ၂၀၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်ဆန်း ပိုင်းလောက်မှစပြီးမြေဈေးများထိုး တက်လာကြောင်း၊ ယခုဒီဇင်ဘာ လဆန်းပိုင်းမှစ၍ မြေဈေးတွေ ပြန်လှုပ်လာကြောင်း၊ ဈေးနှုန်းတွေ ထပ်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအချို့ထံက သိရသည်။

The Hot News
ဒီဇင်ဘာလဆန်းပိုင်းက နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်အထူးစီးပွား ရေး ဇုန်သို့လာရောက်ကြည့်ရှုပြီး သည့်နောက်ပိုင်းဒေသတွင်းရှိအိမ် ခြံမြေအရောင်း အ၀ယ်ဈေးကွက်များပြန်

ရေကန် တစ်ဖြစ်လဲ ပန်းခြံ

Photo: ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake
Friday, December 28, 2012

သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။

Green Lake ဟာ ဆောင်းရာသီဆိုရင် ပတ်ဝန်းကျင်ဒေသကော တောင်တွေ မှာပါ အေးခဲနေတဲ့ အတွက် သာမန်ပန်းခြံတစ်ခုလိုပါပဲ။ မြေနိမ့် တဲ့ နေရာမှာ အလွန်ဆုံးရှိလှ ရေ ၁ မီတာထက် မပိုပါဘူး။ သို့ပေမယ့် နွေရာသီ ရောက်ရင်တော့ တောင်ပေါ် က ရေခဲများ အရည်ပျော်ပြီး ယင်းပန်းခြံကို ရေတွေ ပြည့်စေ ပါတယ်။ ၁၂ မီတာ လောက်အထိကို ရေမြင့် တက်စေတယ် လို့ သိရပါတယ်။

ဒါကြောင့် Green Lake ဟာ နွေရာသီမှာလည်း လှပတဲ့ ရေအောက် ပန်းခြံ လို ရှိနေပြီး လာရောက်လည်ပတ်သူ၊ လေ့လာသူများ များပြား လှကြောင်း သိရပါတယ်။
--
Ref: mase-place
International news for myanmar
သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင်ပန်းခြံ ဖြစ်ပြီး နွေရာသီဆိုရင် ရေကန်ကြီးတစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါ

Hello Kitty ကြောင်ရုပ်က ထိုင်းရဲတို့အတွက် အရှက်ရစရာ အမှတ်အသားဖြစ်x

Photo: Hello Kitty ကြောင်ရုပ်က ထိုင်းရဲတို့အတွက် အရှက်ရစရာ 
အမှတ်အသားဖြစ်
Friday, 28 December 2012

Hello Kitty ကြောင်ရုပ်က ကမ္ဘာတစ်ဝန်းက ကလေးငယ်များအတွက် ချစ်စရာ အရုပ်၊ ကစားစရာ အရုပ်၊ အမှတ်အသား တစ်ခု ဖြစ်ပေမယ့် 
ထိုင်းရဲ တို့အတွက် ကျတော့ မဟုတ်ပါဘူး။

ယင်းကြောင်ရုပ်လေးများ ပါတဲ့ လက်မောင်းပတ်အဝတ်က ထိုင်းရဲတို့ အတွက် အရှက်ရစရာ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ - မနက် ရုံးတက် နောက်ကျတာ၊ ကားပါကင် မှားထိုးတာ၊ သတင်းအကြောင်းပြန် ၊ မှားယွင်းတာတွေကိုဆိုရင် Hello Kitty ကြောင်ရုပ်ပါတဲ့ လက်ပတ်ကို ပတ်ထားရပါတယ်။ အပြစ်အကြီးအသေးလိုက်ပြီး နေ့စဉ်၊ အပတ်စဉ် ပတ်ရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ မြို့ တွေထဲမှာ ကြောင်ရုပ်လက်မောင်းပတ်နဲ့ ရဲတွေ တွေ့ရင် အပြစ်လုပ်ထားတဲ့ ရဲလို့ သိနိုင်ကြောင်း သိရပါတယ်။
---
Ref:weird asia
ရိုးရာလေး သတင်း

http://www.yoyarlay.com/international-news/asia/33620-hello-kitty-is-a-shame-for-thai-police
YoYarLay Hello Kitty ကြောင်ရုပ်က ကမ္ဘာတစ်ဝန်းက ကလေးငယ်များအတွက် ချစ်စရာအရုပ်၊ ကစားစရာ အရုပ်၊ အမှတ်အသားတစ်ခု ဖြစ်ပေမယ့် ထိုင်းရဲ တို့အတွက် ကျတော့ မဟုတ်ပါဘူး။ ယင်းကြောင်ရုပ်လေးများ ပါတဲ့ လက်မောင်းပတ်အဝတ်က ထိုင်းရဲတို့ အတွက် အရှက်ရစရာ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ - မနက် ရုံးတက် နောက်ကျတာ၊ ကားပါကင် မှားထိုးတာ၊ သတင်းအကြောင်းပြန် ၊ မှားယွင်း တာတွေကို

ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Photo: ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ 
ဖမ်းဆီးရမိ
Friday, 28 December 2012

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မူးယစ်(အထူး) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ် ဆေးဝါး နှိမ်နင်းရေး တာဝန် ထမ်းဆောင် နေစဉ် မူဆယ်မှ မန္တလေးသို့ ဆင်းမည့် တိုယိုတာ ဆလွန်း ယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်း
ဘောလုံး ကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ ၄၁ နှစ် (ဘ) ဦးမောင်ထွန်းစိန် မေယု လမ်းသွယ် ရဲနွယ်စုရပ် စစ်တွေမြို့ နေသူ သုံးဦး တို့ကို တွေ့ရှိ ပြီး ယာဉ်နောက်ခန်း ထိုင်ခုံ အနောက်ရှိ ဒက်ရှ်ဘုတ်အတွင်း သိုဝှက် ယူဆောင် လာသော အထုပ် ၄ဝ အတွင်း မှWYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း အပြား ၄ဝဝဝဝဝ (အလေးချိန် ၃၆ ကီလို) ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ အား တွေ့ရှိရသဖြင့် တရားခံများကို
နောင်ချိုရဲစခန်း မှ မယ (ပ) ၂ဝ၁၂ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူ ထား ကြောင်း သိရသည်။

မြ၀တီ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မူးယစ်(အထူး) တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ထမ်းဆောင်နေစဉ် မူဆယ်မှ မန္တလေးသို့ဆင်းမည့် တိုယိုတာ ဆလွန်းယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်းဘောလုံးကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ

ကမ္ဘာနှင့်တူတဲ့ နောက်ထပ်ကမ္ဘာတခု ၂၀၁၃ နှစ်ထဲမှာ တွေ့လိမ့်မယ် .. 28.12.2012

ကမ္ဘာနှင့်တူတဲ့ နောက်ထပ်ကမ္ဘာတခု ၂၀၁၃ နှစ်ထဲမှာ တွေ့လိမ့်မယ် ..

28.12.2012

... လို့ အာကာသသုတေသန ပညာရှင်များက ပြောလိုက်ပါတယ်။ ယနေ့အထိ လူသားတွေရဲ့ နေစကြ၀ဋ္ဌာ (ကမ္ဘာဂြိုဟ်၊ မာကျူရီ၊ နက်ပကျွန်း၊ ပလူတို .. စတဲ့ solar system) ပြင်ပမှာရှိတဲ့ အခြားဂြိုဟ်အဖွဲ့အစည်း (Extrasolar planet) ရာပေါင်းများစွာကို ရှာဖွေတွေ့ရှိထားပြီး အချက်တစ်ခုနှစ်ခုမှာ (ဥပမာ- ဂြိုဟ်
အရွယ်အစား၊ မျက်နှာပြင်အပူချိန်) ကမ္ဘာနဲ့တူတာတွေရှိကြပေမဲ့ ကမ္ဘာဂြိုဟ်နဲ့ လုံးဝတူညီတဲ့ ကမ္ဘာတခုကို မတွေ့နိုင်သေးပါဘူး။ အဲဒါက ၂၀၁၃ ခုနှစ်မှာ
 ပြောင်းသွားမယ်လို့ ပညာရှင်များက ပြောနေကြပါတယ်။

“ကမ္ဘာလိုတူတဲ့ ကမ္ဘာအမွှာတခု လာမဲ့နှစ်ထဲမှာ တွေ့ရမယ်ဆိုတာ ကျနော်လုံး
ဝယုံကြည်ထားပါတယ်“ ဟု Puerto Rico တက္ကသိုလ် အာကာသသုတေသန
ဌာန ဦးဆောင်သူ Abel Mendez က ဆိုပါတယ်။
NASA က လွတ်တင်ထားတဲ့ Kepler Space မှန်ဘီလူးကလည်း ၂၀၀၉ခုနှစ်မှာ
 လွှတ်တင်ပြီးကတည်းက နေစကြ၀ဋ္ဌာပြင်ပရှိ ဂြိုဟ်ပေါင်း ၂၃၀၀ ခန့် တွေ့ရှိခဲ့
ပြီး ၁၀၀ လောက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ ကမ္ဘာကြီးနဲ့ အရွယ်အစားတူတဲ့ ဂြိုဟ်တချို့တွေ့ရှိထားပေမဲ့ အဲဒီဂြိုဟ်တွေရဲ့ပတ်လမ်းကြောင်းတွေက သူတို့ရဲ
့ကြယ်တွေနဲ့ သိပ်နီးကပ်နေတာကြောင့် သက်ရှိတွေနေထိုင်ဖို့ မသင့်တော်ဘူး
လို့ ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာနဲ့တူတဲ့ အမွှာကမ္ဘာဂြိုဟ်တခုကို တွေ့ရဖို့ endezတယောက်တည်း
က ယုံကြည်ထားတာမဟုတ်ပါဘူး။ “ကမ္ဘာနဲ့ အရွယ်အစား၊ ပတ်လမ်းကြောင်း တူညီပြီး သက်ရှိတွေနေထိုင်နိုင်မဲ့ ပထမဆုံးသောဂြိုဟ်တစ်ခုကို ၂၀၁၃ ခုနှစ်ထဲ
မှာ ကြေညာနိုင်မယ်လို့ ထင်ပါတယ်။“ ဟု အမေရိကန် ဘာကလေတက္ကသိုလ် Kepler အဖွဲ့ဝင် Geoff Marcy က ပြောသွားပါတယ်။

“ကျနော်တို့လူသားတွေက ပင်လယ်ပြင်ကို ငေးမောကြည့်သလို ညအချိန်မှာ
 ကောင်းကင်ပေါ်ကို မော့ကြည့်ရင်းစကြ၀ဋ္ဌာပင်လယ်ထဲမှာ သက်ရှိတွေ၊လူသား
မျိုးနွယ်တခုလုံး နေထိုင်လို့ရ ထောက်ပံ့မှုပေးနိုင်တဲ့ ကျွန်းများ တိုက်ကြီးများစွာ ရှိနေတယ်ဆိုတာ ကျနော်တို့သိလာမှာပါ။ အနီးဆုံး နေထိုင်နိုင်တဲ့ ကြယ်စုတွေ
ဆီ စက်ရုပ်တွေပို့နိုင်ခြင်းဖြင့် ကျနော်တို့ Homo sapiens လူသားမျိုးနွယ်တွေ အတွက် တခါမှမကြိုးစားဘူးတဲ့ အကြီးမားဆုံး တိုးတက်မှုတစ်ခု ဖြစ်သွားပါ
မယ်။ အဲဒီလိုအားဖြင့် ကျယ်ပြောတဲ့ စကြ၀ဋ္ဌာကမ်းခြေမှာ ရှိနေတဲ့လူသားေ
တွဟာ ရှင်သန်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်တွေနဲ့ စကြ၀ဋ္ဌာပင်လယ်ထဲကို
 လျောက်လှမ်းသွားမယ့် ပထမဆုံးသောခြေလမ်းများ ဖြစ်ပါမယ်။ “ လို့ Marcy က ပြောသွားပါတယ်။
 Myanmar1
ကမ္ဘာနှင့်တူတဲ့ နောက်ထပ်ကမ္ဘာတခု ၂၀၁၃ နှစ်ထဲမှာ တွေ့လိမ့်မယ်  လို့ အာကာသသုတေသန ပညာရှင်များက ပြောလိုက်ပါတယ်။ ယနေ့ အထိ လူသားတွေရဲ့ နေစကြ၀ဋ္ဌာ (ကမ္ဘာဂြိုဟ်၊ မာကျူရီ၊ နက်ပကျွန်း၊ ပလူတို .. စတဲ့ solar system) ပြင်ပမှာရှိတဲ့ အခြားဂြိုဟ်အဖွဲ့အစည်း (Extrasolar planet) ရာပေါင်းများစွာကို ရှာဖွေတွေ့ရှိထားပြီး အချက် တစ်ခုနှစ်ခုမှာ (ဥပမာ- ဂြိုဟ်အရွယ်အစား၊ မျက်နှာပြင်အပူချိန်) ကမ္ဘာနဲ့တူတာတွေရှိကြပေမဲ့ ကမ္ဘာဂြိုဟ်နဲ့

ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် တရုတ် နိုင်ငံမှ ရေခဲမြို့တော်ကြီး


ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် တရုတ် နိုင်ငံမှ ရေခဲမြို့တော်ကြီး

တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသော ဟာဘင် ရေခဲ ပွဲတော်ကြီးအား  ဆက်လက် ကျင်းပခဲ့ရာ  ကမ္ဘာ လှည့် ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ ရှိသော အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု တင်စား ခေါ်ဝေါ်ခဲ့ပြီး ဧရာမ ရေခဲပန်းပု ရုပ်တုများ က မြင်ရသူ တိုင်းကို အံ့သြ မှင်တက် စေခဲ့သည်။ ယခုနှစ် ရေခဲ ပွဲတော်တွင် ကမ္ဘာကျော် စစ်သူကြီး နပိုလီ ယံ ဘိုနာပတ်၏ ရုပ်တုကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ၏ အထင်ကရ အီဖယ် မျှော်စင်ကို လည်းကောင်း၊ ဆွစ်ဇာလန် နိုင်ငံမှ တောင်ပေါ် သစ်သား အိမ် များနှင့် အခြား အနုပညာ လက်ရာ များစွာကို ပြင် သစ် နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်း ဌာနက အသေးစိတ် ထွင်းထုခဲ့သည်။

 ရေခဲ ရုပ်တုများ ထွင်းထုရာ တွင် ရေခဲ ကုဗမီတာ ၃ဝဝဝဝ ကျော်ကို အသုံး ပြု ခဲ့သည်။ ရေခဲ ရုပ်တုများ၏ အမြင့်မှာ ပေ ၁ဝဝ မှ ပေ ၆ဝဝ အထိရှိသည်။ ထို့ပြင် အဆိုပါ ရေခဲ ရုပ်တုများ ကို ပိုမို အသက်ဝင် စေအောင်  ခမ်းနား ထည်ဝါသော နီယွန် မီးရောင်စုံဖြင့်  အလှဆင်ထား သည်ကို တွေ့ရသည်။ ရေခဲ ပွဲတော်အား ၁၉၆၂ ခုနှစ်၌ ကျောင်း လင် ပန်းခြံတွင် ပထမဆုံး အကြိမ် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အလှဆုံး ရေခဲရုပ်တု ပြိုင်ပွဲကို ကျင်းပ လာ ခဲ့ခြင်း ဖြစ်ေ ကြာင်း  သိရသည်။  

ထို့နောက်ပိုင်းတွင် ကမ္ဘာ အရပ်ရပ်မှ ပန်းပု ပညာရှင်များက စိတ်ဝင်စား လာခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ရေခဲ ပွဲတော်ကို ပါဝင် ဆင်နွှဲလာ ခဲ့ကြောင်း သိရသည်။

ဟာဘင် ရေခဲ ပွဲတော်အား ရုရှား နယ်စပ် အရှေ့ဘက် မိုင် ၄ဝဝ အကွာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်မြို့ရှိ Sun ကျွန်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်း ပလျက် ရှိသည်။ ဟာဘင်မြို့သည် အာတိတ်ဒေသ ရာသီဥတု အခြေအနေ ဖြစ်သောကြောင့် အပူချိန်မှာ အနုတ် ၁၆ ဒသမ ၈ အထိ ကျဆင်း တတ် ပြီး ဆောင်းရာသီတွင် ရေခဲထု များနှင့် နှင်းထုများ ပေါများသဖြင့် ရေခဲပွဲတော် ကျင်းပကောင်းသည့် မြို့တစ်မြို့ ဖြစ်ကြောင်း သိရ သည်။

http://www.myawady.net.mm/allnews/global/item/3017-2012-12-28-09-54-42တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသော ဟာဘင် ရေခဲ ပွဲတော်  ကြီးအား ဆက်လက်ကျင်းပခဲ့ရာ ကမ္ဘာ လှည့် ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ရှိသော အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု တင်စား ခေါ်ဝေါ် ခဲ့ပြီး ဧရာမ ရေခဲပန်းပုရုပ်တုများ က မြင်ရသူတိုင်းကို အံ့သြ မှင် တက် စေခဲ့သည်။ ယခုနှစ် ရေခဲပွဲတော်တွင် ကမ္ဘာကျော်စစ်သူကြီး

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာချက်

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်
လျှောက်ထားနိုင်ကြောင်း ကြေညာချက်
Friday, 28 December 2012 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

(၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်)

၁၃၇၄ ခုနှစ် နတ်တော်လပြည့်နေ့

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်
လျှောက်ထားနိုင်ကြောင်း ကြေညာချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သက်တမ်း(၂)နှစ်
ပြည့်မြောက်သည့် (၁-၄-၂ဝ၁၃) ရက်နေ့မှ စတင်၍ လွတ်လပ်သော ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများအား ထုတ်ဝေခွင့်ပြု ပေးသွား
မည် ဖြစ်ပါသည်။

ိုသို့ခွင့်ပြုရာတွင် မြန်မာနိုင်ငံသား တစ်ဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင်အနေဖြင့် လျှောက်ထားခွင့် ရှိပါသည်။

လျှောက်ထားသူသည် နေ့စဉ်သတင်းစာများ ထုတ်ဝေရာတွင် နေရာ/ဒေသ အလိုက် ထုတ်ဝေလိုခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထုတ်ဝေလိုခြင်း တို့ကို ဖော်ပြရပါမည်။ ဘာသာစကား အနေဖြင့် တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ နိုင်ငံခြားသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ ထုတ်ဝေခွင့် လျှောက်ထားနိုင်ပါသည်။ ထုတ်ဝေခွင့် လျှောက်လွှာ များအား (၁-၂-၂ဝ၁၃)ရက်နေ့မှ စတင်၍ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊
ပြန်ကြားရေးဝန်ကြီးဌာနထံသို့ လိပ်မူလျှောက်ထားနိုင်ကြောင်း
ကြေညာအပ်ပါသည်။

၂။ လျှောက်ထားသူအနေဖြင့် အောက်ပါအချက်များဖြင့် ပြည့်စုံညီညွတ်
စေရန်အတွက် ကြိုတင် ပြင်ဆင် ထားကြရန် လိုအပ်ပါသည်-

(က)လျှောက်ထားသူသည် မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခံရသူဖြစ်ရမည်။

(ခ)အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(ဂ) သတ်မှတ်ပုံစံပေါ်တွင် ကျပ်တစ်ရာတန် တံဆိပ်ခေါင်း ကပ်ရမည်။

(ဃ)သတင်းစာထုတ်ဝေခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းထားသည့် ပရိသတ်၊ သတင်းစာ အမျိုးအစား၊ လုပ်ငန်းဖွဲ့စည်းပုံ၊ လိုက်နာစောင့်ထိန်းမည့် စာနယ်ဇင်းကျင့်ဝတ် (Code of Ethics)၊ သတင်းစာတိုက်၏ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း (Code of Conduct)၊ သတင်းစာတိုက်၏ အခြေခံလုပ်ဆောင်မှု(Code of Practice)များ ပါဝင်သည့် အများပြည်သူလက်ခံနိုင်မည့် အဖွဲ့အစည်း၏ စံနှုန်း (Community Standard) ကို (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပူးတွဲ၍ တင်ပြရမည်။

(င)ပုံနှိပ်စက်အသစ်တည်ထောင်ပြီး ထုတ်ဝေမည့်သူများနှင့် ပတ်သက်၍
ရောက်ရှိမှုနေ့စွဲ၊ မှာယူ ထားရှိမှုနှင့် ရောက်ရှိမည့်ခန့်မှန်းနေ့စွဲ၊ အရောင်း
အဝယ်ပြေစာ၊ တစ်ဆင့် ဝယ်ယူ ခြင်းအတွက် အရောင်းအဝယ် စာချုပ်နှင့်
ပြည်ပမှမှာယူတင်သွင်းပါက အခွန်ဆောင်ပြီး ဖြစ်ကြောင်းစာရွက် (Duty Slip) တင်ပြရမည်။ (၆ လအတွင်း ရောက်ရှိလာမည့် ပုံနှိပ်စက်များအတွက် ကြိုတင်လျှောက် ထားနိုင်ပါသည်။)

(စ)ရှိပြီးပုံနှိပ်စက်များကို အသုံးပြုသူများအတွက် ပုံနှိပ်သူ သက်သေခံမှတ်ပုံတင်လက်မှတ် မိတ္တူကို ပူးတွဲတင်ပြရမည်။

၃။ လျှောက်လွှာပုံစံ(၁)နှင့်(၂)တို့အား ပြန်ကြားရေးဝန်ကြီးဌာန Website (www.ministry ofinformation.gov.mm) တွင် ဖော်ပြထားပါသည်။

လျှောက်လွှာပုံစံ(၁)နှင့် (၂)အား ပြန်ကြားရေး ဝန်ကြီး ဌာန ဝက်ဆိုဒ်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

http://www.ministryofinformation.gov.mm/index.php/announcement/1861-2012-12-28-06-09-07.html

ပြန်ကြားရေး ဝန်ကြီး ဌာနပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန (၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်) ၁၃၇၄ ခုနှစ် နတ်တော်လပြည့်နေ့
လွတ်လပ်သောပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေ ခွင့်လျှောက် ထားနိုင်ကြောင်းကြညာချက် ၁။ ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံတော် အစိုးရသက်တမ်း (၂)နှစ် ပြည့်မြောက်သည့် (၁-၄-၂ဝ၁၃) ရက်နေ့မှ စတင်၍ လွတ်လပ်သော ပုဂ္ဂလိက ပိုင်နေ့စဉ်

တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့

တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့ 

ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က  အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။ 

သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ 

အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။ 
--
ref:wiki
International news for myanmar
http://www.innewsmyanmar.com/2012/12/blog-post_9601.html


----
ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့  မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခဲ့တာ ဖြစ်ပါ တယ်။  သေကြောင်း ကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လော ကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ကစားသမားအများစု ရန်ကုန်တွင် ခြေစမ်းပွဲကစားမည်

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ကစားသမားအများစု ရန်ကုန်တွင် ခြေစမ်းပွဲကစားမည်

ရန်ကုန်၊ဒီဇင်ဘာ-၂၈

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ဘောလုံးသမားအများစု ပါဝင်မည့် အသင်းသည် လာမည့် ဇန်န၀ါရီ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ လာရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။ ၉၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက နာမည်ကြီးတွေဆိုရင် ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြားဘရာဇီးလက်ရွေးစင်ဟောင်းတွေရယ် နောက်ဂျာမနီအသင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ်လည်း ပါလာမယ်လို့ သိရတယ်”ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘရာဇီးလက်ရွေးစင်ဟောင်းများ ပါဝင်မည့် အသင်းသည် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၂၀ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၉၃ ငွေတံဆိပ်ရအသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရွေးစင်ဟောင်းများနှင့် လက်ရှိလက်ရွေးစင်အချို့ ပါဝင်မည့် (ညွန့်ပေါင်း)အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။

ဘရာဇီးလက်ရွေးစင်ဟောင်းများသည် ရန်ကုန်မြို့တွင် သုံးရက်ခန့် နေထိုင်စဉ်ကာလအတွင်း မြန်မာလူငယ်လေးများအတွက် ဘောလုံးအားကစားနည်းများနှင့် ပတ်သက်၍ သင်ကြားပို့ချသွားရန်ရှိပြီး မြန်မာပရိသတ်များနှင့် ထိတွေ့မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

၎င်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘရာဇီးသံရုံး၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ်အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ဘောလုံးသမားအများစု ပါဝင်မည့်အသင်းသည် လာမည့်ဇန်န၀ါရီ တတိယပတ်အတွင်း ရန်ကုန်မြို့ တွင် ခြေစမ်းပွဲတစ်ပွဲ လာရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။“ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။ ၉၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက နာမည်ကြီးတွေ ဆိုရင် ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြား

မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်

မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်

အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။ 

အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။ Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။ Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။ 

Blackberry OS 7.1 ကို သုံးပြီး Processor ကတော့ 1.2 GHz ရှိပါတယ်။ internal storage က 8GB ဆိုပေမယ့် 16GB microSD ကဒ်ပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ 32GB အထိ upgrade လုပ်နိုင်တယ်လို့ ဆိုပါတယ်။ 
့ပြီးတော့ Blackberry ကပေးတဲ့ အခြားသော feature များလည်း ပါဝင်အုံးမှာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဖြူရောင် ဗားရှင်း BlackBerry Porsche Design P'9981  ထွက်ရှိပြီး ဒီတစ်ခါကတော့ အနက်ရောင် ဗားရှင်း ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကစလို့ စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။ အလုံးရေလည်း အနည်းငယ်သာ ထုတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အများထက် ထူးတဲ့ ဖုန်းကိုမှ ကိုင်ချင်သပဆိုရင် သိန်း ၂၀ ကျော်တဲ့ Blackberry Porsche ကို ပြည်တွင်း Mobile shop များမှ တစ်ဆင့် အော်ဒါ မှာ ယူ နိုင်ပါတယ်။ 
--
Ref:pocketlint.
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/blackberry-porsche.html

--


အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။ ဈေးက ကြီးတယ်

နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်


နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်

ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက် အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်း ခဲ့သော် လည်း အသက်ရှင် ရန် အခွင့်အရေး အလွန်နည်းပါး သည်ကို တွေ့ရသည်။

နာမကျန်း ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုး အစား ဝေလငါး ကြီးများ၏ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကျောရိုး ဆူးတောင် ပါရှိသော ရေနေ သတ္တဝါ အမျိုးအစား ဖြစ်ကြောင်း၊ ၄င်းသည် Breezy Point ကမ်းခြေ အနီးတွင် သောင်တင် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။

ရဲများနှင့် မီးသတ်သမား များသည် ၄င်းအား အသက်ရှင် နိုင်ရန်အတွက် ရေများနှင့် ဂရုတစိုက် ဖျန်းပေးခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့ လွန်းသဖြင့် အသက်ရှင်ရန် မသေချာကြောင်း NOAA ငါးဖမ်းလုပ်ငန်းမှ ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အရွယ်ရောက်ပြီး finback ဝေလငါး များသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး အလေးချိန် အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင် နိုင်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3005-2012-12-28-09-42-30ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက်အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်းခဲ့သော်လည်း အသက်ရှင်ရန် အခွင့်

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

Photo: ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်  
Friday, 28 December 2012 

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့
အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသားလူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊
တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်
နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ်များကို ချမှတ်နိုင်ရန်၊ ရခိုင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး တိုးတက်
ဖွံ့ဖြိုးရေးနှင့် လက်ရှိပဋိပက္ခများကို အမျိုးသားရေးဘုံ ရပ်တည်ချက်အပေါ် အခြေခံ၍ အဖြေရှာ ဖြေရှင်းနိုင်ရန်နှင့် ရခိုင်အမျိုးသား ညီလာခံတစ်ခု
ပြည်တွင်း၌ ကျင်းပပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့
ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က
ပြောပါသည်။

ထိုင်းနိုင်ငံ အခြေစိုက်ပါတီ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိ
ခေါင်းဆောင်များ ပါဝင်သည့် ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲ
ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခေါင်းဆောင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Eleven Media Group

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်

``အဆိုတော် သားစိုး ယာဉ်တိုက်မှုဖြစ်

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ညက တေးသံရှင်သားစိုး ယာဉ်တိုက်မှုဖြစ်
ခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုမှာ ထိုနေ့ညကMCC ဂီတဖျော်ဖြေပွဲမှ သီဆိုပြီးအိမ်သို့ ပြန်လာသော သားစိုး ၏ မော်တော် ယာဉ် မှ သီဆိုပြီး အိမ်သို့ ပြန်လာသော သားစိုး၏ မော်တော်ယာဉ် မှာ ပြည်လမ်း သုခကမ္ဘာ ဆေးရုံအနီးသို့ ရောက်စဉ် တစ်ဖက် ယာဉ်ကြော မှ မောင်းနှင်သော လူနာတင်ယာဉ်မှတဆင့် ရှေ့

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး
 
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ ရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

Naftogaz ကုမ္ပဏီနှင့် တရုတ်ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့တွင် အဆိုပါချေးငွေ ကိစ္စနှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

Naftogaz ကုမ္ပဏီသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ အနေဖြင့် ၂ဝ၁၂ ခုနှစ် ပထမ ၃ လတာ ကာလ အတွင်း ၁,ဝဝဝ ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ ၄၁၆ ဒေါ်လာ၊ ဒုတိယ ၃ လတာ ကာလအတွင်း ၄၂၅ ဒေါ်လာ၊ တတိယ ၃ လတာ ကာလအတွင်း ၄၂၆ ဒေါ်လာနှင့် စတုတ္ထ ၃ လတာ ကာလအတွင်း ၄၃၂ ဒေါ်လာ အထိ တိုးမြင့် ခဲ့ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/2999-2012-12-28-09-35-58
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ

တရားမဝင်ကျွန်း သစ်မာနှင့် အခြားသစ်များ ဖမ်းဆီး ရမိ

စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်း၊ ကလေးဝ၊ အင်းတော်၊ ဝန်းသို၊ ပင်လည်ဘူးနှင့် ပုလဲမြို့နယ် များမှ သစ်တော ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မင်းကင်းမြို့နယ်တွင် နေရာ(၁၁)ခုမှ တရားမဝင် ကျွန်းသစ် ၇ ဒသမ ၃၃၃ဝ တန်၊ သစ်မာ ၈ ဒသမ ၃၁၄ဝ တန်နှင့် အခြားသစ် ၄၁ ဒသမ ၁၄ဝဝ တန်၊ အင်းတော် မြို့နယ်၌ နေရာ (၄)ခုမှ တရားမဝင်ကျွန်း ၁၉ ဒသမ ၆၄၈ဝ တန်၊ ကလေးဝ

တိုင်းမှူး ဘာကြောင့် အကြောင်းကြားခဲ့သလဲနှင့် ဒီဇင်ဘာ ၂၈ တိုက်ပွဲ

Photo: တိုင်းမှူး ဘာကြောင့် အကြောင်းကြားခဲ့သလဲနှင့် ဒီဇင်ဘာ ၂၈ တိုက်ပွဲ
Friday, December 28, 2012

လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများ ပို့ဆောင်နိုင်မည်ကို ကေအိုင်အေ တို့ ကြိုတင်သိရှိထားကြသည်။ အစပိုင်းတွင် မိမိတို့ တပ်မတော်အနေဖြင့် ရိက္ခာပို့ ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက် သဘောတူညီချက်များ ရရှိသည်အထိ အပစ်ရပ်စဲထားမည် ဖြစ်ကြောင်းမြန်မာ့ တပ်မတော် အရာရှိကြီးများက ကေအိုင်အေနှင့် တိုက်ရိုက် ညှိနှိုင်းခဲ့ကြသည်။

ထိုသို့ ညှိုနှိုင်းခဲ့သော်လည်း ကေအိုင်အေ အနေဖြင့် ရိက္ခာပို့မည့် ကာလအတွင်း တပ်အင်အားများ တိုးမြှင့် လာခြင်း၊ လဂျားယန် နယ်မြေအတွင်း ၀ိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်ပြီး တပ်မတော် စခန်းများအား ပစ် ခတ်ခြင်း၊ ထိတွေ့မှုများဖြစ်ရန် ကြိုးစားလာခဲ့ခြင်းတို့ကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ တစ်ဆင့် ညှိုနှိုင်းဆောင်ရွက်နိုင်ရန် အတွက် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုအကြောင်းကြားစာအား ကန့်ကွက်သည့်အပြင် ရန်စတိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် တပ်မတော်မှ မိမိတို့ လုပ်ဆောင်ရန် ရှိသည့်အတိုင်း ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

Opposite Eye
လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများပို့ဆောင်နိုင်မည်ကို ကေအိုင်အေတို့ ကြိုတင်သိရှိထားကြသည်။ အစပိုင်းတွင် မိမိတို့တပ်မတော်အနေဖြင့် ရိက္ခာပို့ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက်သဘောတူညီချက်များရရှိသည်အထိ

အစိုးရတပ်များ KIA ကို လေကြောင်းဖြင့် ထိုးစစ်ဆင်မှု တိုးမြှင့်

Photo: အစိုးရတပ်များ KIA ကို လေကြောင်းဖြင့် ထိုးစစ်ဆင်မှု တိုးမြှင့်
Friday, December 28, 2012

မြန်မာအစိုးရ တပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ တိုးမြှင့်၍ ကချင်ပြည်နယ် လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကာ လေကြောင်းမှ ထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာယူထားပြီး လိုင်ဇာကို ထိုးဖို့ တက်လာတာ။ မြေပြင်က တပ်တွေ ရှေ့တက်လို့ ရအောင် လေကြောင်းကနေ ပစ်တာပါ။ မနက် ၉ နာရီ ခွဲကနေ အခုထိ နှစ်စီး တခါ၊ သုံးစီး တခါ ပျံပါတယ်” ဟု ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလဆိုင်းက ပြောသည်။ လဂျားယန်တွင် အစိုးရ စစ်တပ်၏ ထိုးစစ်ဆင် ပစ်ခတ်သံများကို လိုင်ဇာမြို့မှ အတိုင်းသား ကြားနေရပြီး လိုင်ဇာ၌ ဈေးဆိုင်များ ပိတ်ထားကာ အသွားအလာများ ရပ်ဆိုင်းနေသည်။ လက်တလောတွင် လိုင်ဇာမြို့သူမြို့သားများ အနေနှင့် လေကြောင်းကာကွယ်ရေး ဗုံးခိုကျင်းများ နေရာအနှံ့တွင် ပြင်ဆင်ထားပြီး လေကြောင်းဒဏ်ခံနိုင်မည့် အဆောက်အဦး များကိုလည်း ခိုအောင်းရန်အတွက် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။ အစိုးရ စစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ လဂျားယန်တိုက်ပွဲမှ စတင်ကာ လေယဉ်ဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ် ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဂန်ဒေါင်ယန် အနီးမှ တိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်စစ်ဆင်ခဲ့သည်။

Irrwaddyမြန်မာအစိုးရတပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ ၊တိုက်လေယာဉ်များတိုးမြှင့်၍ ကချင်ပြည်နယ်လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ လေကြောင်းမှထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာ ယူထားပြီး လိုင်ဇာကိုထိုးဖို့ တက်လာတာ။ မြေပြင်ကတပ်တွေ ရှေ့ တက်လို့ ရအောင် လေကြောင်းကနေပစ်တာပါ။ မနက် ၉ နာရီ ခွဲကနေ အခုထိ နှစ်စီးတခါ၊ သုံးစီးတခါ ပျံပါတယ်” ဟု ABSDF မြောက်ပိုင်း

မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်

Photo: မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်
Friday, December 28, 2012

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့်
ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။

တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အားကစား နည်းပြ အဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူအညီ ပေးရေး အစီအစဉ် များထဲမှ တစ်ခုဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံက အကူအညီ ပေးသည့် အဆင့်မြင့် အားကစား အဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး ယင်းနည်းပြ အဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက် နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

The Voice Weekly
ဓာတ်ပုံ - Aung Aung Tunတရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူ အညီ ပေးရေးအစီအစဉ်အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ် ယူ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံရုံးအရာရှိ တစ်ဦး က ပြောကြားသည်။တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြ များ စေလွှတ် ရန်၊ မြန်မာ ကစားသမားများအတွက် လေ့ကျင့်ရေး ကိရိယာများနှင့် ပြိုင်ပွဲဝင်ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေးစနစ်များ ရေးဆွဲ

အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု

Photo: အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု
Friday, December 28, 2012

ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေကို အငိုက်မိ သွားစေခဲ့ပါတယ်။

ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန် ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့် အယုံသွင်းထား ခဲ့တာမျိုးဖြစ်ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်း ဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့်တာတွေ လုပ်ခဲ့ ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်
ပစ်လွှတ်လိုက်ချိန်မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပေါ်ကို ကင်းထောက်နေတဲ့ အမေရိကန် အာကာသ ဂြိုလ်တု ဖြတ်သန်းသွားချိန် အပြီးမှာမှ မြောက်ကိုရီးယားက သူ့ တာဝေးပစ် ဒုံးကျည်ကို လွှတ်ထုတ်လိုက်တာကို ပြန်လည် စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ဖက်က ပြောပါတယ်။

ဒါဟာ အမေရိကန်က ဘယ်လိုစနစ်နဲ့ ဘယ်အချိန်မှာ အချက်အလက်တွေ ရအောင် မြောက်ကိုရီးယားပေါ် ထောက်လှမ်းနေတယ်ဆိုတာကို မြောက်ကိုရီးယားတို့ကလည်း သိနေပါတယ်ဆိုတဲ့အကြောင်း ပြန်ပြလိုက်တာပဲလို့ အမေရိကန် တာဝန်ရှိသူတဦးက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ -

(၁)မြောက်ကိုရီးယားဆီမှာ ၃ဆင့်ပစ် တာဝေးဒုံးကျည်ရှိနေပြီး အဲဒီပစ်စင်ဟာ အစားထိုး သုံးနိုင်မယ့် အမျိုးအစားဖြစ်ကြောင်း ။

(၂)ပြန်တွေးကြည့်တော့ အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင်က မသုံးပဲ သိမ်းထားခဲ့တဲ့ တာဝေးဒုံးကျည်ဟောင်းထဲက အမျိုးအစားတခုဖြစ်ပုံ
ရကြောင်း။

(၃) အခုတခေါက် ဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာဟာလဲ အမေရိကန်က အရင် တခါဖူးမျှ မသိထားတဲ့ နေရာဖြစ်နေပြီး ဒုံးကျည်အစိတ်အပိုင်းတွေကို ကမန်းကတမ်း ပြန်ဆင်ပြီး ရုတ်တရက် ပစ်လွှတ်တာဖြစ်ကြောင်း။

(၄) နောက်တချက်ကတော့ အမေရိကန်ရဲ့ တွက်ချက်မှု လွဲသွားခဲ့တာလည်း ဖြစ်နိုင်ကြောင်း။ မြောက်ကိုရီးယားမှာ မိုင် ၆၀၀၀ အထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်ရှိနေပြီလို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိ သူတွေက အဲဒီတပတ် မတိုင်ခင်မှာ နောက်ဆုံးရသတင်းနဲ့ သတိပေးခဲ့တာ ရှိကြောင်း။ အဲဒီလို ဒုံးကျည်မျိုးဟာ အမေရိကားကို ထိမှန်အောင် ပစ်နိုင်တဲ့ လက်နက်မျိုးဖြစ်ကြောင်း။ ဒါပေမယ့် စစ်လက်နက် ကျွမ်းကျင်သူတွေက
မြောက်ကိုရိးယားမှာ ဒီလောက်ထိ မရှိနိုင်သေးဘူးလို့ တွက်ဆခဲ့ကြကြောင်း အမေရိကန် တာဝန်ရှိသူတွေက ၀န်ခံပြောဆိုပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

A
Ref: CNN
Burma-Newseliteဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေ ကို အငိုက်မိ သွားစေခဲ့ပါတယ်။ ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန်ဂျပန်စတဲ့ ရန်ဖက်နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့်အယုံသွင်းထား ခဲ့တာ

လက်နက်နဲ့ လက်ဆောင်လဲလှယ်

Photo: လက်နက်နဲ့ လက်ဆောင်လဲလှယ်
Friday, December 28, 2012

စင်ဒီမူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း လက်နက်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတချို့ စတင်တွေ့လာနေပါပြီ။

လော့စ်အင်ဂျလီစ်မြို့တော်ဝန်က လက်နက်ပြန်ဝယ်တဲ့ အစီအစဉ်
စတင်နေရာမှာ အော်တိုမက်တစ် လက်နက်ကြီးပြန်အပ်သူကို $၂၀၀ တန် လက်ဆောင်ကဒ်ပေးပြီး လက်နက်ငယ်အပ်သူတွေကို ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကဒ် ပေးအပ်ပါတယ်။ ဒီအစီအစဉ်ကို လော့စ်အင်ဂျလီစ်မှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး သာမန်အားဖြင့်
မေလမှာ လုပ်လေ့ရှိပါတယ်။

ဒီနှစ်မှာတော့ နယူတောင်း ပစ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ အထူးလုပ်ရပ်
တခုအဖြစ် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အထိ လက်နက်မျိုးစုံ စုစုပေါင်း အလက် ၁၉၀၀ နီးပါးရှိထားတယ်လို့ သိရပါတယ်။

လက်နက်ပြန်လာအပ်ကြတဲ့ ကားတန်းကြီးကနေ ရဲတွေက လက်ခံရယူပြီး မိမိရဲ့နာမယ် လိပ်စာစတဲ့ အချက်အလက်တွေ ပေးအပ်ဖို့ မလိုအပ်ဘဲ အပ်နှံနိုင်တယ်လို့ သိရပါတယ်။

Burma-Newseliteစင်ဒီမူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း လက်နက်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတချို့ စတင်တွေ့လာေ န ပါပြီ။ လော့စ် အင်ဂျလီစ်မြို့ တော်ဝန်က လက်နက်ပြန်ဝယ်တဲ့အစီအစဉ် စတင်နေ ရာမှာ အော်တိုမက်တစ်လက်နက်ကြီးပြန်အပ်သူကို $၂၀၀ တန် လက်ဆောင်ကဒ်ပေးပြီး လက်နက်ငယ်အပ်သူတွေကို ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကဒ် ပေးအပ်ပါတယ်။ ဒီအစီအစဉ်