Monday, 17 December 2012

ကမ္ဘာ့အကြီးဆုံးဖား


ကမ္ဘာ့အကြီးဆုံးဖား 

ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။ 

သူ့ရဲ့ ဇီဝဗေဒအမည်ကတော့  Conraua goliath ဖြစ်ပြီး ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန်အားဖြင့် ၈ပေါင် ရှိပြီး ၁၃ လက်မ အရှည် ရှိပါတယ်။ အာဖရိကတိုက် အလယ်ပင်းမှာ နေထိုင်ကျက်စားပြီး ကင်မရွန်းနဲ့ အီကွေတာဂီနီ နိုင်ငံတို့မှာ ပိုအတွေ့များပါတယ်။ 

  Conraua goliath ဖားမျိုးတွေဟာ ကင်းမြီးကောက်၊ အင်းဆက်ပိုးများ နဲ့ ဖားငယ်များကို စားသုံးလေ့ရှိပါတယ်။ ယင်းဖားအမျိုးအစား ဟာ ရှားပါး လာပြီဖြစ်ပြီး အသက် ၁၅ နှစ်အထိပဲ အသက်ရှင်နိုင်ကြပါတယ်။ 
ဒါကြောင့် Conraua Goliath ခေါ် အာဖရိကဖားများကို ကမ္ဘာ့အကြီးဆုံး ဖားအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
---
Ref:Duknow

http://www.innewsmyanmar.com/2012/12/blog-post_9693.html

--ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။ သူ့ရဲ့ ဇီဝဗေဒအမည်ကတော့ Conraua goliath ဖြစ်ပြီး ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန်

ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်

Photo: ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်
Monday, 17 December 2012

မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှုများတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံတစ်ချို့ထံမှ သိရသည်။

ယင်းသို့အကြမ်းဖက်မှုများတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ် စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်းစသည့် လုယက်မှုများ ဖြစ်ပြီး အသက် အန္တရယ် ရန်ရှာမှုများအထိရှိကြောင်း သိရသည်။

“မန္တလေးတောင်ခြေဘက်မှာညတစ်ခါတစ်ရံည၁၂နာရီကျော်၁နာရီလောက်
ဖြစ်တတ်တယ်။ တလောက ဆိုင်ကယ်စီးလာတဲ့လူကို ရိုက်ပြီး ဆိုင်ကယ် လုခံရတယ်။ မနက်၁နာရီကျော်လောက် ဈေးသွားရောင်းတဲ့ ဈေးသည်ဆီက ပိုက်ဆံအိတ်လည်း လုခံရတယ်လို့လည်း ကြားတယ်။ သူတို့တွေ တော်
တော် အတင့်ရဲလာပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ အလားတူဖြစ်ရပ်များမှာ မန္တလေးမြို့ပြင်နှင့် တစ်ခြားနေရာတချို့ တွင် လူသူပျက်လပ်ပြီး ညဥ့်နက်သောအချိန်များ၌ ရံဖန်ရံခါ ဖြစ် တတ်ပြီး အကြမ်းဖက်လုယက်သူတို့သည် အဖွဲ့လိုက်လှုပ်ရှားကြောင်း ကြားသိရသည်။

“နိုဝင်ဘာ(၁၇)ရက်နေ့လောက်က မန္တလေးကနေ ပုသိမ်ကြီးကိုလာတဲ့ လူတစ်ယောက်ကို ဆိုင်ကယ်တားပြီး စီးလာတဲ့သူကို ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုသွားတယ်။ လူကိုတော့ ဆေးရုံတင်ထားရတယ်။ ညအချိန်မတော် အပြင် မထွက်သင့်တော့ဘူး”ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ(၃၀)ရက် နေ့ညအချိန်၌ မန္တလေးပုသိမ်ကြီးကားလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်အား အမျိုးသမီးတစ်ဦးက မောင်းယူထွက်ပြေး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့များမှ ညကင်းလှည့်ခြင်း၊ မြို့အ၀င်အထွက်ယာဉ်များ စစ်ဆေးခြင်း၊ မသင်္ကာသူ များကို ခေါ်ယူစစ်ဆေးခြင်းများ စနစ်တကျပြုလုပ်နေကြောင်း လုယက်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

မောင်ယဉ်ကျော်
The Myanma Age မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှု များတွင် အမျိုးသမီးအချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံ တစ်ချို့ထံမှ သိရသည်။
ယင်းသို့အကြမ်းဖက်မှုများတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ်စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်းစသည့် လုယက်

မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ၂၂၀ ပြင်ဆင်မည်

မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ၂၂၀ ပြင်ဆင်မည်
Monday, 17 December 2012

မကြာခဏ မိုင်း ပေါက်ကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း၂၂၀ကို ပြင်ဆင်မှုများစတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။

တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး၁၁၀၀၀ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။

ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍
ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

The Voice Weeklyမကြာခဏ မိုင်း ပေါက်ကွဲလေ့ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် မိုင်ပေါင်း၂၂၀ကို  ပြင်ဆင်မှုများစတင် ပြု လုပ် နေ ပြီ  ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ

လူကုန်ကူးရန် အမျိုးသမီးငယ် နှစ်ဦး ခေါ်ဆောင်သူ ဖမ်းဆီးရမိ

Photo: လူကုန်ကူးရန် အမျိုးသမီးငယ် နှစ်ဦး ခေါ်ဆောင်သူ ဖမ်းဆီးရမိ
Monday, 17 December 2012

ရှမ်းပြည်နယ် တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာ တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ခွဲက တစ်ဖက် နိုင်ငံ တွင် ပြည့် တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် လိမ်လည်၍ အမျိုးသမီးများ ခေါ်ဆောင် ထားသူကို ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ မနန်းအို့ ၂၈ နှစ် (ဘ) ဦးအိုက်မွမ်း ဝမ်းနားရွာ မိုင်းဖုန်း(က) 
အုပ်စု တာချီလိတ်မြို့ နေသူသည် တစ်ဖက် နိုင်ငံရှိ ၎င်း၏ အစ်မဖြစ်သူ မနန်းအမ်ရှဲန် ပိုင်ဆိုင်သော စားသောက်ဆိုင် တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် အတွက် မနန်းဖောင်း ၁၆ နှစ် (ဘ) ဦးလုံးနန် ဝမ်မိုင်ရွာ မိုင်းခါအုပ်စု မိုင်းပေါက် မြို့နယ်ခွဲနှင့် မနန်းပျဲန်း ၁၅ နှစ် (ဘ)ဦးလုံးဆိုင် ဝမ်မိုင်ရွာ မိုင်းခါ အုပ်စု မိုင်းပေါက် မြို့နယ်ခွဲ နေသူ နှစ်ဦးအား လိမ်လည် သွေးဆောင် စည်းရုံးပြီး ခေါ်ဆောင် ထားသည်ကို သတင်း ရရှိ သဖြင့် လူကုန်ကူး (အထူး) အဖွဲ့မှ ခေါ်ယူ စစ်ဆေးရာ ၄င်းအမျိုးသမီး နှစ်ဦး အား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သို့ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်
ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဝမ်ပုံ ရဲစခန်းမှ (ပ) ၁၄/ ၂ဝ၁၂ လူကုန်ကူး ၂၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။ 

မြ၀တီ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာ တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ခွဲက တစ်ဖက် နိုင်ငံ တွင် ပြည့် တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် လိမ်လည်၍

ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ


Photo: ရိုးရာနှင့်အတူ ရှိနေဦးမည့် ကန္နားစီးဘ၀များ
Monday, 17 December 2012

နတ်တော်ညချမ်းတစ်ခုမှ ချမ်းအေးမှုအောက်တွင် နံ့သာစုံတို့၏ ရနံ့သင်းထုန်စွာဖြင့် ခြိမ့်ခြိမ့်သဲ ဆိုင်းသံဗုံသံများကြား ယိမ်းထိုးလှုပ်ရှားနေသော ခန္တာတစ်ခု။

အမျိုးအမည်ပင် မသိသည့် အမှတ်ရုပ်ထုများ တည်ရှိနေရာ စင်မြင့်အဆင့်ဆင့်တွင် အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ ၀တ်စုံမှပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။

နှစ်တစ်နှစ်၏ နတ်တော်လဆန်းတိုင်းတွင် ပြုလုပ်နေကြ ရိုးရာကန္နားပွဲများကို `ဒေါ်မိုးမိုး´ အပါအ၀င် နိုင်ငံတစ်ဝှမ်းလုံးရှိ `ကန္နားစီး´ များ အားလုံး စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေးပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။

`ကျမ အိမ်ထောင်ပြုမယ်ဆိုတော့ အသက်(၂၀)ကတည်းက နတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်ဖက် အမျိုးသားကို အသိပေးလိုက်တုန်းက ပြဿနာတော်တော်တက်ခဲ့တယ်။ နောက် တော့မှ သူက နားလည်ပေးခဲ့တာ´ဟု ဒေါ်မိုးမိုးက ရင်ဖွင့်သည်။

အသားညိုညိုနှင့် အမြဲပြုံးရွှင်နေသည့် မျက်နာကို ပိုင်ဆိုင်
ထားသော ဒေါ်မိုးမိုးသည်  အသက် (၂၀)ကျော် ကတည်းက ကန္နားစီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုဆိုရင်  အသက်(၅၅)နှစ်အရွယ်သို့ ချည်းနင်း ၀င်ရောက်နေပြီဖြစ်သော်လည်း ကခုန်နေဆဲ။

သူမ၏ အမျိုးသားက လွန်ခဲ့သည့်နှစ်အနည်းငယ်က ယာဉ်မတော်တဆ ထိခိုက်မှုနှင့်  ကွယ်လွန် သွားခဲ့သည်။ သူမှာတော့ သားသမီး
(၃)ယောက်နှင့်အတူ ကန္နားစီး ဘဝကို မက်မောနေဆဲ ။

သာမာန်အရပ်သားတစ်ယောက်လို လွတ်လပ်စွာ နေထိုင်ခွင့်နည်းပါးသော ကန္နားစီးတစ်ယောက်၏ ဘ၀ကို တော်ယုံလူရွေးချယ်နိုင်ဖို့ ခဲယဉ်းသလို ရွေးချယ်ထားသူများအတွက် ကြုံတွေ့ရသော အခက်အခဲများကလဲ များမှ…များ။

`သားသမီးတွေ ငယ်တုန်းကဆို ကျောင်းပြန်လာတိုင်း ငိုပြီးပြန်လာတယ်၊ နတ်ကတော် သား/သမီး ဆိုပြီး လူတွေက ၀ိုင်းစလို့…တဲ့၊ ကျမ စဉ်းစားကြည့်ဖူးတယ် နတ်ကတော်ဆိုတာ မကောင်းမှုကို လုပ်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အဲ့လို လှောင်ပြောင်စရာ တစ်ခု ဖြစ်နေရတာလဲ၊

..တစ်ချို့က စုန်းလိုလို ကဝေလိုလိုစွပ်စွဲပြီး ကဲ့ရဲတတ်ကြသလို အလကား နေရင်းရွံကြောက်ဖြစ်နေတဲ့ သူတွေ၊ မခေါ်နိုင်
မပြောနိုင်နဲ့ ရှောင်ဖယ်နေတဲ့သူတွေလဲရှိတယ်’ ဟု ဒေါ်မိုးမိုးက ပြောသည်။

သို့သော်`ရွှေ´တို့၏ တိုင်းပြည်အတွင်း ရိုးရာယဉ်ကျေးမှုအရ ယုံကြည်စွာကိုးကွယ်နေသူများ ရှိနေသရွေ့ တာဝန်ဝတ္တရားနှင့်စောင့် ထိန်းမှုများပြားလာသ၍ စည်းမျဉ်းဆောင်တာ ကျဉ်းကျပ်လှ သော `ကန္နားစီး´ (အရပ်အခေါ်-နတ်ကတော်) ဘ၀နှင့် ရှင်သန်သူ များကလဲ ရှိနေဆဲ။

စိတ်ရင်းစေတနာကောင်းလှပါသည် ဟု အရှေ့တောင်အာရှတွင် နာမည်ကြီးသော`ရွှေ´တို့၏ အသိုက်အ၀န်း၌ တိတ်တဆိတ်
တွယ်ကပ်ပါလာတတ်သော`လှောင်ပြောင် နှိမ့်ချခြင်း အတတ် ပညာ´မှာ တသီးတသန့် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း မရှိဖူးသော်လည်း လူမှုအသိုင်းအ၀န်း များ၌ ရှိနေဆဲ။

နတ်ကိုဗန်းပြကာ လိမ်ညာဂွင်ဆင်ရိုက်စားလုပ်တတ်သော မသမာ
သူများကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော အစစ်အမှန် ကန္နားစီးများအဖို့ သိက္ခာကျခဲ့ရသည်မှာ အခါခါ။

ပြည်သူ့ကြေးမုံသဖွယ် အသိပညာဖြန့်ဝေပေးသော ဗွီဒီယိုဇာတ်ကားကဲ့သို့ မီဒီယာအချို့တွင်လည်း ကန္နားစီးတစ်ယောက်၏ သရုပ်ဆောင်ချက်သည် ဟာသတစ်ခု/လိမ်ညာဟန်ဆောင်သူ အဖြစ် သရုပ်ဖေါ် ခံခဲ့ရသေးသည်။
 
`နာမည်ကြီးမင်းသားကြီးတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကန္နားစီးနေရာမှာသရုပ်ဆောင်ပြီး ပြောသွားတဲ့ စကားတစ်ခွန်း ရှိတယ် `ငါကဒီဘ၀ကို အနေချောင်လို့ နေနေတာ´တဲ့၊ အဲ့ဒီစကား တစ်ခွန်းရဲ့ ရိုက်ခတ်မှုက ကန္နားစီးအားလုံး ဟာ အဲ့လိုရည်ရွယ်ချက်နဲ့ဖြစ်နေရသလို သဘော သက်ရောက် စေတယ်လေ´ဟု ဒေါ်မိုးမိုးက ဆိုသည်။

မြန်မာသက္ကရာဇ်တိုင်း၏ နတ်တော်လ၊ တပေါင်းလနှင့် ၀ါခေါင်လများသည် ကန္နားစီးတို့အတွက် တစ်နှစ်စာဝင်ငွေရရှိနိုင်သော ပွဲတော်ကာလများဖြစ်ပြီး အခြားအချိန်များတွင် အရေးကိစ္စများအတွက် ကန်တော့ပွဲထိုးသူနှင့် နတ်မေးသူအချို့သာ ခပ်ကျဲကျဲရှိတတ်၍ ၀မ်းဝဖို့ မပူရသော်လည်း 
နောက်ခံ ထောက်ပံ့ပေးသူ မရှိက ခါးလှဖို့ တော့ မသေချာ။

ကိုးကွယ်သူ၊ ကန္နားပေးသူများအတွက်`ကန္နားစီး´ တစ်ယောက်သည် ဆရာတစ်ဆူဖြစ်နိုင်သော် လည်း စောင့်ထိန်းရမည့် ၀တ္တရားများနှင့်
ရှောင်ကျဉ်ရသည့်စည်းကမ်းချက်များက လူ့အသိုင်းအ၀ိုင်း မှာ ကဲ့ရဲ့စရာတစ်ခုအဖြစ် အလိုလိုဖြစ်တည် နေတုန်းပင်။

နတ်ကိုးကွယ်မှုနှင့် ကန္နားစီးတို့၏ ဘ၀ကို လက်ခံနားလည်ပေးနိုင်သူ
တွေရှိသလို ခေတ်ပညာနှင့် နှိုင်းယှဉ်ပြီး လက်မခံနိုင်စွမ်းရှိသူတွေလည်း ရှိနေဆဲ။

`ရိုးရာတော့ ရိုးရာကဏ္ဍတစ်ပိုင်းပေါ့။ မိန်းမတွေဖြစ်ပြီး အရက်သောက်တာ၊ ကခုန်တာ၊  နှုတ်ကြမ်း အာကြမ်းနှင့် ပြောတတ်ဆိုတတ်ကြတာတွေက လူ့အသိုင်းအ၀ိုင်းမှာ မသင့်တော်သလိုဖြစ်နေတယ်´ ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦးက မှတ်ချက်ချသည်။

လူသားတိုင်းအတွက် ကိုယ်ရှင်သန်ရာ ၀ါသနာနှင့်အသိုက်အ၀န်းဆိုသည်မှာ ပိုင်ဆိုင်ရာကံကြမ္မာနှင့် ဖန်တီးနိုင်မှု တစ်ဝက် ပါဝင်သော ဘ၀ပုံစံ
တစ်ခုဆိုလျှင် မှားမည်မထင်။

သို့သော်…….မိမိရွေးချယ်လိုက်သော ဘ၀တစ်ခုသည် အခြားလူသားများ
အတွက် လှောင်ပြောင်စရာ တစ်ခု ဖြစ်နေလျှင်တော့ မလွယ်ရေးချ…မလွယ်။

အထူးသဖြင့် သာမာန်ထက် ကွဲပြားခြားနားသော အခြေအနေများတွင်
လှောင်ပြောင်နှိမ့်ချခြင်းကိစ္စရပ် များက မဖြစ်မနေဖြစ်ရမည့် သဘာဝအလား စွဲမြဲစွာကျင့်သုံးနေကြသော်လည်း၊ ရွှေတို့၏ တိုင်းပြည် တွင် `တောင်ပြုံးပွဲတော်´ကဲ့သို့သော အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိနေခြင်း ကတော့ ကန္နားစီးတို့အတွက် အားတက်စရာတစ်ခုပင်။

ဒေါ်မိုးမိုးကတော့ `အနာဂတ်အတွက် စိတ်တိုင်းကျပုံသွင်း
ခွင့်မရနိုင်တဲ့သူမရဲ့မျိုးဆက်တာဝန်´ကို သားသမီးတွေအပေါ်
မလွှဲပြောင်းပေးတော့ကြောင်း ဆိုသည်။

`လွန်ခဲ့တဲ့နှစ်တွေတုန်းက ထက်စာရင်တော့ နားလည်မှုတွေများပြားလာတဲ့ ဒီခေတ်ကြီးမှာ ကန္နားစီး တစ်ယောက်ကို ခွဲခြားဆက်ဆံတာမျိုး
ရှောင်ဖယ်တာမျိုးတွေ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့်.. ဘာတွေဘယ်လိုပဲ တိုးတက်ပြောင်းလဲလာပါစေ။ ရိုးရာဆိုတာတော့ ဘယ်တော့မှပျောက်ပျက်
သွားမှာ မဟုတ်ဘူး။ ရိုးရာဓလေ့တွေ မပျောက်ပျက်သေးသရွေ့တော့ ကန္နားစီးတွေလဲရှိနေဦးမှာပါပဲ´ဟု ဒေါ်မိုးမိုးက လေသံအေးအေးဖြင့်
ပြောသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroupနတ်တော်ညချမ်းတစ်ခုမှ ချမ်းအေးမှုအောက်တွင် နံ့သာစုံတို့၏ ရနံ့ သင်းထုန်စွာဖြင့် ခြိမ့်ခြိမ့်သဲ ဆိုင်းသံဗုံသံများကြား ယိမ်းထိုး လှုပ်ရှားနေသော ခန္တာတစ်ခု။

အမျိုးအမည်ပင် မသိသည့် အမှတ်ရုပ်ထုများတည်ရှိနေရာ စင်မြင့် အဆင့်ဆင့်တွင် အစီအရီ ထွန်းညှိထားသော အမွှေးတိုင် မီးခိုးငွေ့ များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော ရိုးရာ

မွတ်ဆလင်တွေ ဘင်္ဂလာဒေခ်ျ့ကို ထွက်သွားအောင် နစကမှ အားပေး အားမြှောက်လုပ်နေဟုဆို

BGB on Nafမြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလာဒေခ်ျ့ကိုဝင်လာတဲ့ မွတ်ဆလင် အရေ အတွက်ဟာ တစ်နေ့ထက်တစ်နေများပြားလာနေပြီး ဒီလို  ဖြစ်အောင် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နစက မှ ပြုလုပ်နေ တယ်လို့ ဒီကနေ့ထုတ် Daily Sun သတင်းစာက သတင်း တစ်ပုဒ်

မြန်မာဖက်က ထိုင်းဝင်လာတဲ့ ယာဘတွေ ဖမ်းမိ

ထိုင်းဖက်မှာ မူးယစ်ဆေးဝါးတွေကို အပြင်းအထန် နှိမ်နင်းနေ ချိန်မှာ မြန်မာနိုင်ငံဖက်ကနေ မူးယစ်ဆေးဝါးတွေ ထိုင်းဖက်ကို ဝင်လာ

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သောရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်းမိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။ “တပ်မတော်က လုံခြုံရေးလိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့

အီရန်၊ နေတိုးတပ်ဖွဲ့နှင့် Patriot ဒုံးကျည်များကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် တင်းမာမှုများ

အီရန်၊ နေတိုးတပ်ဖွဲ့နှင့် Patriot ဒုံးကျည်များကြောင့် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် တင်းမာမှုများ


ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ ပိုင်နက်အတွင်း၌ Patriot ဒုံးကျည်များကို ဖြန့်ချခြင်းသည် ကမ္ဘာစစ် အတွက် ပြင်ဆင်မှု တစ်ရပ် ဖြစ်သည်ဟု အီရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟက်ဆန် ဖီရူဇာ ဘာဒီက နေတိုး အဖွဲ့အား ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေး ပြောကြား ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ပိုမိုမြင်
့တက် လာမည့် အလားအလာ များကို တွေ့ရသည်။

အီရန် အစိုးရသည် ၂၁ လ ကြာမြင့်နေပြီ ဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ် တစ်လျှောက်လုံးတွင် သမ္မတ ဘာရှာ အယ်လ်အာဆတ်အား ထောက်ခံလျက် ရှိပြီး ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ နိုင်ငံအတွင်း ဖြန့်ချမည့် ဒုံးကျည် ကာကွယ်ရေး စနစ်များနှင့် စပ်လျဉ်း၍ ပြန်လည် သုံးသပ်ရန် နေတိုးအဖွဲ့ကို ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြား ထားသည်။ သို့ရာတွင် အဆိုပါ ဒုံးကျည် ဖြန့်ချမှုနှင့် ပတ်သက်၍ တူရကီ အစိုးရ အပေါ် ၎င်းက ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

Patriot ဒုံးကျည်များသည် ကမ္ဘာ့ မြေပုံပေါ်တွင် အမည်းစက်များ အဖြစ် တည်ရှိပြီး ကမ္ဘာစစ်ကို ဖြစ်ပွားစေ မည့် အရိပ်လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ အနောက်အုပ်စုသည် ကမ္ဘာစစ်ပွဲ အတွက် ပြင်ဆင်လျက် ရှိရာ ထိုသို့ လုပ်ဆောင်ခြင်းသည် ဥရောပ၏ အနာဂတ်နှင့် လူလူချင်း စာနာမှုများ အတွက် အလွန်ပင် အန္တရာယ် ကြီးမားကြောင်း၊ တူရကီ နိုင်ငံသည် မိမိတို့၏ မိတ်ဆွေ နိုင်ငံဖြစ်ပြီး ၎င်းတို့ နိုင်ငံ လုံခြုံရေး အပြည့်အဝ ရရှိ ရန် အီရန်နိုင်ငံ အနေဖြင့် အလိုရှိကြောင်း တီဟီရန် မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ အဆင့်မြင့် အရာရှိကြီး များကို မိန့်ခွန်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး ဖီရူဇာ ဘာဒီက ပြောကြားခဲ့သည်။

အခြားတစ်ဖက် တွင်လည်း ဆီးရီးယား အစိုးရသည် ဆိုဗီယက်လုပ် Scud ဒုံးကျည်များကို အသုံးပြု တိုက်ခိုက် နေခြင်းကြောင့် ၎င်းဒုံးကျည်များသည် တူရကီနယ်စပ် အနီးသို့ ကျရောက် ပေါက်ကွဲလျက် ရှိသ ဖြင့် တူရကီနိုင်ငံ၏ လုံခြုံရေးအတွက် Patriot ဒုံးကျည်များကို ဖြန့်ချရခြင်း ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့မှ အမေရိကန် တပ်မှူး တစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံ အတွင်း၌ အစိုးရ တပ်ဖွဲ့များနှင့် အတိုက်အခံများ အကြား ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အတိုက်အခံ တပ်များသည် နိုင်ငံမြောက်ပိုင်း အလက်ပို ပြည်နယ် အတွင်းရှိ ခြေလျင်သင်တန်းကျောင်း တစ်ခုအား သိမ်းပိုက် နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သောကြောင့် နိုင်ငံတစ်ဝန်း၌ တစ်ရက်တည်းမှာပင် အနည်းဆုံး လူပေါင်း ၇ဝ သေဆုံးခဲ့ပြီး ပြည်သူများ အနေဖြင့် ယခုအခါ အစားအစာ အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောကြားထားသည်။

ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ်လိုက်သော Scud ဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်များသည် တူရကီ နယ်စပ် အနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း နေတိုး တပ်မှူး တစ်ဦးဖြစ်သည့် ရေတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်စတက်ဗ် ရစ်ဒစ်က ပြောကြားထားသော်လည်း ၎င်းဒုံးကျည်များသည် တူရကီ ပိုင်နက်နှင့် မည်မျှနီးကပ် စွာ ကျရောက် ခဲ့သည်ကို တိတိကျကျ မသိရပေ။ တစ်ချိန်က အာဆတ် အစိုးရနှင့် ဆက်ဆံရေး ခိုင်မြဲခဲ့သည့် တူရကီ အစိုးရသည် ယခုအခါ ဆီးရီးယား အတိုက်အခံ များအား ထောက်ခံသည့် မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်များကို နိုင်ငံ ပိုင်နက်အတွင်း ဖြန့်ချပေးရန် နေတိုးတပ်ဖွဲ့ အား တောင်းဆိုခဲ့သည်။ ထို့ကြောင့် တူရကီ နိုင်ငံအတွင်း Patriot ဒုံးကျည်များ ဖြန့်ချခြင်းသည် ပြည်ပတပ်ဖွဲ့ များက ဆီးရီးယား ပြည်တွင်း စစ်အတွင်း ကြားဝင်မည့် ရှေ့ပြေးနိမိတ်များဟု အချို့ လေ့လာသူ များက သုံးသပ် ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

မြဝတီမှကူးယူဖော်ပြပါသည်။
ဆီးရီးယား နယ်စပ်အနီးရှိ တူရကီ ပိုင်နက်အတွင်း၌ Patriot ဒုံး ကျည်များကို ဖြန့်ချခြင်းသည် ကမ္ဘာစစ် အတွက် ပြင်ဆင်မှုတစ်ရပ် ဖြစ် သည်ဟု အီရန်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟက်ဆန်ဖီရူဇာ ဘာဒီက နေတိုး အဖွဲ့အား ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေး ပြောကြား ခဲ့ပြီးနောက် အရှေ့ အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက်

ပြည့်ဖြိုးမြဲ စွမ်းအင်Solar Systemဖြင့် လျှပ်စစ်စွမ်းအင် အသုံးပြု

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ထိန်း သိမ်းသော အားဖြင့်  ပြည့်ဖြိုးမြဲ စွမ်းအင် (Solar) စနစ်ဖြင့် လျှပ်စစ်စွမ်းအင်ကို ရရှိအသုံးပြုနိုင်ရန် ရည်ရွယ် ၍  London Berlin အခြေစိုက် Relitec Co.,Ltd. ၏ ပြည့်ဖြိုးမြဲ စွမ်းအင်  (Solar System) အသုံးပြုနည်း စနစ် ရှင်းလင်းပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့ အနောက်ရပ် ပဒေသာ ဓာတ်ပုံ

တရုတ် ပိုင်နက် တိုးချဲ့သည့် အစီရင် ခံစာ ကုလ သမဂ္ဂသို့ တင်သွင်း

တရုတ် နိုင်ငံသည် ဂျပန် နိုင်ငံနှင့် ရေပိုင်နက်အငြင်း ပွားမှု ပြဿနာဆက်လက် ဖြစ်ပွားနေစဉ် အတော အတွင်း၌ ၄င်းတို့၏ ရေပိုင်နက် တိုးချဲ့သည့် အဆိုပြု ချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို ကုလ သမဂ္ဂသို့ တင်သွင်းခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ် အရသိရသည်။
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းမှ ၂ဝဝ ကီလိုမီတာ အကွာရှိ ကျွန်းစုများကို ၄င်းတို့ပိုင် ကျွန်းစုများအဖြစ် တရုတ်နိုင်ငံ

အင်္ဂလန်မှ ပေးအပ်သည့် အင်ဂျင်နီယာ ဒီပလိုမာကို ပြည်တွင်းမှာပင် တက်ရောက်နိုင်

အင်္ဂလန်မှ ပေးအပ်သည့် အင်ဂျင်နီယာ ဒီပလိုမာကို ပြည်တွင်းမှာပင် တက်ရောက်နိုင်
Monday, 17 December 2012

City & Guilds အဖွဲ့အစည်းသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အခြေစိုက်သည့် သီးခြားလွတ်လပ်သော ပညာရေးအဖွဲ့အစည်း ဖြစ်
ပါသည်။ City & Guilds အဖွဲ့အစည်း တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း 
(၁၃၀)ကျော် ရှိပြီဖြစ်သည်။ City & Guilds Instituteတွင် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သည့် ဒီပလိုမာ လက်မှတ်များကို ၄င်းနိုင်ငံသို့ သွားရောက် သင်ယူရန် မလိုဘဲ မိမိနိုင်ငံအတွင်းမှာပင် ကုန်ကျစရိတ် သက်သာစွာဖြင့် သင်ယူနိုင်ရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ City & Guilds ဌာနကြီးမှကမ္ဘာအနှံ့ ပညာရေးလုပ်ငန်းများကိုကျယ်ပြန့်စွာ ဆောင်ရွက်
နိုင်ရေး အတွက် ဒေသဆိုင်ရာဌာနခွဲ (၇)ခုကို ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ City & Guildsနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် ပညာရေးလုပ်ငန်းကို မလေးရှားနှင့် အရှေ့ဖျားဌာနခွဲမှတာဝန်ယူဆောင်ရွက်
ခဲ့ပါသည်။

City & Guildsမှ ပေးအပ်သော Diploma လက်မှတ်သည် နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ လက်မှတ်ဖြစ်သည့်အပြင် City & Guilds အဖွဲ့အစည်းမှ ပြဌာန်းထားသော သင်ရိုးညွှန်းတမ်းများအတိုင်း မိမိနိုင်ငံ
အတွင်းမှာပင် ကုန်ကျစရိတ် သက်သာစွာဖြင့် သင်ယူနိုင်ခြင်းတို့ကို ခံစားရရှိနိုင်မည် ဖြစ်သည်။ ဒီပလိုမာဆိုင်ရာစာမေးပွဲများကိုလည်း ပြည်တွင်း
 ၌ပင် တစ်နှစ်လျှင် နှစ်ကြိမ် (ဇွန်လနှင့် ဒီဇင်ဘာလများတွင်) စာမေးပွဲ
 ဖြေဆိုခွင့်များ ရှိသည်။

City & Guilds အဖွဲ့အစည်းမှ ပြဌာန်းထားသော ဘာသာရပ်များသည် Vocational ဒီပလိုမာ ဖြစ်သဖြင့် ပြည်ပအလုပ်ရှင်များမှ လက်ခံခေါ်ယူသည့်
အတွက် နိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိနိုင်မည်
 ဖြစ်သည်။ အင်ဂျင်နီယာလုပ်ငန်း အတွေ့အကြုံ ရှိပြီးထားသူများ သည်လည်း City & Guilds ဒီပလိုမာလက်မှတ်အား တက်ရောက် သင်ယူပါက လုပ်ငန်းခွင် အနာဂတ် ပိုမို ခိုင်မာမည်ဖြစ်သည်။ ပြည်ပတွင် ပညာ ဆက်လက် သင်ကြားလိုသူများသည် City & Guilds ဒီပလိုမာလက်မှတ် ရယူထားခြင်းဖြင့် ပြည်ပကျောင်းရှိ အင်ဂျင်နီယာ ဘာသာရပ်များအတွက် အခြေခံကောင်းများ ရှိခြင်း၊ ပြည်ပကျောင်း များ လျှောက်ထားရာတွင်လည်း ကင်းလွတ်ခွင့်များ (Exception) ရရှိခြင်း၊ သံရုံးသို့ Visa ၀င်ရောက်ရန် လွယ်ကူခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း သိရသည်။

အင်ဂျင်နီယာ ဘာသာရပ်များကို (၁၀)နှစ်ကျော် သင်ကြားမှု အတွေ့
အကြုံရှိသော BE, ME ဘွဲ့ရ ဆရာ၊ ဆရာမများနှင့် City & Guilds ဘာသာရပ်များကို ကိုယ်တိုင် ဖြေဆို အောင်မြင်ထားသော ဆရာ၊ ဆရာမများမှ ဦးစီး၍ စာတွေ့ လက်တွေ့ ပြည့်စုံစွာ သင်ကြားပေးသည်။ City & Guilds သင်ရိုးညွှန်းတမ်းအပြင် Golden Crown သင်တန်းကျောင်း
၏ လက်တွေ့ အင်ဂျင်နီယာသင်တန်း (၂)မျိုးကို သက်ဆိုင်ရာ Major ဘာသာရပ်များအလိုက် Practical ပစ္စည်း ပြည့်စုံစွာဖြင့် စာတွေ့ လက်တွေ့ သင်ကြားပေးပြီး သင်တန်းဆင်း အောင်လက်မှတ်ကိုလည်း ချီးမြှင့်ပေး
မည့်ဖြစ်သည်။

အင်ဂျင်နီယာ အခြေခံ မရှိသူများအတွက်လည်း Foundation Course ကို ထည့်သွင်း သင်ကြားပေးပြီး လက်တွေ့ ကျွမ်းကျင်မှု ရရှိစေရန် Tools and Instrumentsများ ပြည့်ပြည့်စုံစုံဖြင့် လေ့ကျင့် သင်ကြားပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။ တက်ရောက်နိုင်မည့် ဒီပလိုမာသင်တန်းများမှာ
-Applied Mechanical and Electrical Engineering Diploma,
-Applied Mechanical Engineering Diploma,
-Applied Electrical Engineering Diploma,
-Advanced Diploma in Electrical,
-Applied Electronic Engineering Diploma,
-Advanced Diploma in Electronic,
-Diploma in Construction (Civil),
-Advanced Technician Diploma in Construction (Civil),
-Diploma in Refrigeration & Air Conditioningဘာသာရပ်များ ဖြစ်သည်။

City & Guilds အဖွဲ့အစည်းနှင့် ဆက်သွယ်လိုပါက Golden Crown Engineering Training Centreနှင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။ Golden Crown သည် (UK)အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများ၊ အသက်မွေး ၀မ်းကျောင်း အတတ်ပညာ သင်တန်းများ၊ လက်တွေ့အသုံးချ ကွန်ပျူတာ သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများကို စာတွေ့ လက်တွေ့ တက်မြောက် သည်အထိ သင်ကြားပေးသည့် သင်တန်းကျောင်းတစ်ခု
 ဖြစ်သည်။ သင်တန်း ပြီးဆုံးပြီးလျှင် လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိရန်အတွက် Field Training ဆင်းနိုင်ရန် ကူညီပေးသည်ဟုလည်း သိရသည်။

စုံစမ်းလိုပါက Golden Crown Engineering Training Centre အမှတ် (၁၅၀)၊ ၃ လွှာ၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊ ကျောက်တံတား
 မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၃-၀၃၀၊ ၀၉-၅၀၅-၄၆၂၂ သို့ဆက်သွယ်နိုင်
မည်ဖြစ်ကြောင်း သိရပါသည်။

Myanmar ICT
City & Guilds အဖွဲ့အစည်းသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အခြေ စိုက်သည့် သီးခြားလွတ်လပ်သော ပညာရေးအဖွဲ့အစည်း ဖြစ်ပါသည်။ City & Guilds အဖွဲ့အစည်း တည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း (၁၃၀)ကျော် ရှိပြီဖြစ်သည်။ City & Guilds Instituteတွင် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သည့် ဒီပလိုမာလက်မှတ်များကို ၄င်းနိုင်ငံသို့ သွားရောက်သင်ယူရန်မလိုဘဲ မိမိနိုင်ငံအတွင်းမှာပင် ကုန်ကျစရိတ် သက်သာစွာဖြင့် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါ

ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ်

ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ် 


တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေးဦးအား ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြောနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့အပြင် အခြားနှစ်ဦး ကိုလည်း မြို့၏ လမ်းများအတွင်း ကမ္ဘာပျက်တော့မည်ဟု ဖော်ပြထားသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေစဉ် အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

အဆိုပါ ကောလာဟလ သတင်းများ ဖြန့်ဝေသူ လေးဦးအား ဒေသတွင်း အုပ်ချုပ်ရေးရုံးမှ ထောင်ဒဏ် ၁ဝ ရက် ချမှတ်ခဲ့ပြီး လူထုအား ကောလာဟလ သတင်းများ ဖြန့်ဝေမှုကို ထိရောက်စွာ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ရှေးခေတ် မာယာပြက္ခဒိန် တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက် တော့မည် ဟု အချို့က ယုံကြည်လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ခန့်မှန်းချက်ကို  မျက်မှောက်ခေတ် သိပ္ပံပညာရှင် များက ငြင်းဆိုထားသည်။
တရုတ်ရဲတပ်ဖွဲ့သည် ကမ္ဘာပျက်တော့မည်ဟု ကောလာဟလ သတင်း များ ဖြန့်ဝေခဲ့ကြ သူ လေးဦးအား ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ဒေသ တွင်း မီဒီယာများက ထုတ်ပြန် ခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်း မြို့၌ ဒီဇင်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ်ပြုမူ လုပ်ဆောင်နေတဲ့ အရေး ပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ်ဆိုတာကို လည်း တွေ့ရှိခဲ့ပါ တယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှားခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊

မင်ဒဲလား ဆေးရုံတက်ရောက်မှု ကိုးရက်မြောက်အထိရှိလာ


Photo: မင်ဒဲလား ဆေးရုံတက်ရောက်မှု ကိုးရက်မြောက်အထိရှိလာ  
Monday, 17 December 2012 

တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ်တစ်ခုဖြစ်သော သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ကျန်းမာရေး
ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သော်လည်း ဆေးရုံတက်ရောက်မှုသည် ဒီဇင်ဘာလ ၁၆ ရက်တွင် ကိုးရက်မြောက်အထိ ရောက်ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် မည်သည့်နေရာတွင် မင်ဒဲလားရောက်နေသည် ဆိုခြင်းကို လွဲမှားရှုပ်ထွေးစေသော အစီရင်ခံစာများ ထုတ်ပြန်နေမှုအတွက် South Africa National Editors' Forum က ဒီဇင်ဘာလ ၁၅ ရက်တွင် အစိုးရအပေါ် ဝေဖန်သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အသက် ၉၄ နှစ်ရှိ မင်ဒဲလားသည် မြို့တော်အနီး ပရက်တိုရီးယားရှိ ဆေးရုံတစ်ရုံတွင် ဒီဇင်ဘာလ ၈ ရက်၌ ဆေးစစ်မှုပြုလုပ်ရန်အတွက် တက်ရောက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မင်ဒဲလားသည် ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော အဆုတ်တွင်း ပိုးကူးစက်မှုမျိုး ပြန်လည်ဖြစ်ပွားနေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်း အစိုးရတာဝန်ရှိသူများကိုယ်တိုင် မင်ဒဲလား မည်သည့်နေရာတွင် ကုသမှု ခံယူနေသည်ဆိုခြင်းကို အတိအကျ သိရှိပုံမရကြောင်း ပေါ်လွင်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Nosiviwe Mapisa Nqakula က သူသည် မင်ဒဲလား တက်ရောက်နေသော 1 Military Hospital သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့ပြီးနောက် ဒေသခံသတင်းထောက်များက ယင်းဆေးရုံတွင် မင်ဒဲလား မရှိကြောင်း ဒီဇင်ဘာလ ၁၃ ရက်တွင် ဖော်ထုတ်ရေးသားခဲ့သည်။ ယင်းသတင်းများကို သမ္မတဂျက်ကော့ဇူးမား၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ မှတ်ချက်မပေးခဲ့ပေ။

မင်ဒဲလား မည်သည့်နေရာတွင် ရောက်နေကြောင်းကို အစိုးရက အတိအကျ မထုတ်ပြန်သဖြင့် တောင်အာဖရိကရှိ ပြည်သူသန်း ၅၀ အကြား စိုးရိမ်မှု မြင့်တက်လာခဲ့ပြီး ကောလာဟလများ ပျံ့နှံ့ခဲ့သည်။

Ref:AP
Eleven Media Groupတောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ် တစ်ခုဖြစ်သော သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား သည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ထား ခဲ့သော် လည်းဆေးရုံတက်ရောက်မှုသည် ဒီဇင်ဘာလ ၁၆ ရက်တွင်

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား စထရိတ်စ် တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန်ထင်ရှား အာရှသားအဖြစ် ရွေးချယ် လိုက်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲ မှုများကို ရှေ့တန်းမှ ဦးဆောင်သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံ အများစု၏ ရှုမြင် သုံးသပ်မှု များကို အပြောင်း အလဲ ဖြစ်စေ ခဲ့သော ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ထိုပြောင်းလဲမှု များ၏ အကျိုးရလဒ် များသည် ကမ္ဘာ တစ်ဝန်းလုံးကို အံ့အားသင့် စေခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ရိုးသားမှု များကို ဒေါ်အောင်ဆန်း စုကြည်၏ အသိ အမှတ်ပြု ထောက်ခံမှု များကိုပင် ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် အမတ်အဖြစ် ဝင်ရောက် ရွေးချယ် ခံစေရန်၊ အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူ မှုများကို ဖယ်ရှား စေရန်နှင့် ကမ္ဘာ တစ်ဝန်းမှ ရင်းနှီး မြှုပ်နှံ သူများက မြန်မာ နိုင် ငံ ကို ပိုမို စိတ်ဝင်စား စေရန်လည်း စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စွမ်းဆောင်ချက် များသည် မြန်မာနိုင်ငံ အတွက် မဟာဗျူဟာ အခွင့်အလမ်း သစ်များကို ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှအတွက် သာမက ထို့ထက် ကျယ်ပြန့်သော အာရှတိုက် တစ်ဝန်းကို ကောင်းကျိုး သက်ရောက် စေနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ သဘာဝ သယံဇာတ ကြွယ်ဝ သော်လည်း စီးပွားရေးတွင် နောက်ကျ ခဲ့ရသော သန်းချီသည့် မြန်မာ လူထု ကို ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်စေမည့် အခွင့် အရေးကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ''ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ နိုင်ငံဟာ သတင်းတွေ ထဲမှာ ပြန်ပါ လာပါ တယ်။ ဒီတစ်ခါတော့ ကောင်းသတင်း တွေပေါ့။ သူ့ရဲ့ ရဲရင့် ပြတ်သားတဲ့ လုပ်ရပ်တွေက သူ့ရဲ့ ပြည်သူတွေကို တခြားအာရှ နိုင်ငံတွေနဲ့ တန်းတူ ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှုဆီ ချီတက် နိုင်စေမယ့် မျှော်လင့်ချက်ကို ပေးနိုင်ပါ လိမ့်မယ်''ဟု စထရိတ်စ် တိုင်းမ်စ် သတင်းစာ၏ စာတည်း တစ်ဦးဖြစ်သူ ဝါရင်း ဖာနန်ဒက်၏ ပြောစကား ကိုလည်း ကိုးကား ဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာ လတိုင်း ကြေညာ လေ့ရှိသည့် တစ်နှစ်တာ ထူးချွန်ထင်ရှား အာရှသား ဆုသည် မိမိ၏ နိုင်ငံ သို့မဟုတ် ပိုမို ကျယ်ပြန့်သော ဒေသမှ လူများ၏ ဘဝများ ပိုမို သာယာ လှပစေရန် စွမ်းဆောင် ပေးနိုင်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများကို ချီးမြှင့်မည့်ဆု ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။                                                  

(အမ်အန်အေ၊ စထရိတ်စ် တိုင်းမ်စ်)

http://www.myawady.net.mm/allnews/headline/item/1970-2012-12-17-08-16-22ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် အား စထရိတ်စ်တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသားအဖြစ် ရွေးချယ် လိုက်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲမှုများကို ရှေ့တန်းမှဦးဆောင် သူ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံအများစု၏ ရှုမြင်သုံးသပ်မှုများကို အပြောင်း အလဲ ဖြစ်စေခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း၊ ထိုပြောင်းလဲမှု များ၏ အကျိုးရလဒ်များသည် ကမ္ဘာတစ်ဝန်းလုံးကို အံ့အား သင့် စေ

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မားသဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မား သဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး သည်ဟု သိရသည်။ Panel မှာ LED နှင့် LCD TV များအတွက် အဓိက အစိတ် အပိုင်း ဖြစ်သည့် အပြင်ပျက်စီး၍ သွားရောက် ပြုပြင် ပါက အသစ်ဈေး နီးပါးခန့် ရှိသဖြင့် လဲလှယ်မှု မပြုတော့ ဘဲ အသစ် တစ်လုံးသာ ၀ယ်သူများ သည်ဟု LED နှင့်

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျွန်ကယ်ရီကို အမည်စာရင်းတင်သွင်းမည်”

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျွန်ကယ်ရီကို အမည်စာရင်းတင်သွင်းမည်”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန်နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် သက်တမ်းရှည် ဒီမိုကရက်တစ် အမတ်တစ်ဦးနှင့် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖူးသူ ဂျွန်ကယ်ရီကို ယခုလာမည့် သီတင်းပတ်အစောပိုင်းတွင် အမည်တင်သွင်း အဆိုပြုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် တာဝန်ရှိသူမျးက အတည်ပြုပြောကြားလိုက်သည်။

အသက် ၆၉ နှစ်အရွယ် ဂျွန်ကယ်ရီသည် လက်ရှိတွင် လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး နိုင်ငံခြားဆက်ဆံရေး အတွေ့အကြုံကြွယ်ဝသူဖြစ်သည်။ Planet Myanmar Networkအမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန်နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် သက်တမ်းရှည် ဒီမိုကရက်တစ် အမတ် တစ်ဦးနှင့် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖူးသူ ဂျွန်ကယ်ရီ ကို

LVWEI လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက်

LVWEI လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက်

http://www.myawady.com.mm/tech/globaltechnews/item/1930

လျှပ်စစ် ဆိုင်ကယ် အသုံးပြု လိုသူများ အတွက် ယိုးဒယား နိုင်ငံလုပ် Click ဆိုင်ကယ်နဲ့ ပုံစံတူတဲ့ LVWEI အမှတ် တံဆိပ် လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက် လာပါတယ်။ နှစ်ယောက်
တင်ဆောင်နိုင်ပြီး ဘက်ထရီခြောက်လုံးစနစ် (၇၂ ဗို့) ၁၂၀၀ ၀ပ်ပါဝင်တယ်လို့ သိရပါတယ်။ အားအပြည့် သွင်းထားရင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး ခရီးအကွာအဝေး 80Km အထိ မောင်းနှင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းကျပ် ခုနှစ်သိန်းကျော် ၀န်းကျင်နဲ့ တက်စိန်လျှပ်စစ်ဆိုင်ကယ်နှင့် စက်ဘီး အရောင်းပြခန်း (မန္တလေး)၊ ဖုန်း-၀၉-၄၇၁၁၁၆၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်း ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

Ref : Myanmarinternetjournal
လျှပ်စစ် ဆိုင်ကယ် အသုံးပြု လိုသူများ အတွက် ယိုးဒယား နိုင်ငံလုပ် Click ဆိုင်ကယ်နဲ့ ပုံစံတူတဲ့ LVWEI အမှတ်တံဆိပ် လျှပ်စစ် မော်တော် ဆိုင်ကယ်ဝင်ရောက်လာပါတယ်။ နှစ်ယောက် တင်ဆောင်နိုင်ပြီး ဘက်ထရီခြောက်လုံးစနစ် (၇၂ ဗို့) ၁၂၀၀ ၀ပ်ပါ ၀င်တယ်လို့ သိရ ပါတယ်။ အားအပြည့် သွင်းထားရင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်း နဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး ခရီးအကွာအဝေး 80Kmအထိ မောင်းနှင်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့်

မြန်မာနှင့် အိန္ဒိယ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ကုန်ပစ္စည်း စာရင်းသစ် များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း တိုးမြှင့်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။
ပျမ်းမျှအားဖြင့် တမူးနယ်စပ် မှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ ကွမ်းသီး၊ ချင်းပဲ (ပဲယင်း)၊ ရာသီသီးနှံ၊ ပန်းသီး၊
သရက်သီး၊ ကုလားပဲလုံးဝါ၊ မတ်ပဲ၊ ငရုတ်သီးခြောက်၊ နမ့်ဖာလုံ ကုန်စုံများကို တင်ပို့လျက် ရှိပြီး အိန္ဒိယ နိုင်ငံမှ ပရဆေး ကုန်ကြမ်း၊ ဆောင်းမေခါး၊ တောင်လုံးကျော်၊ ဇာတိဖိုလ်သီး၊ မင်သော်၊ ရှိန်းခို၊ ဟင်းရိုင်းဖြူ၊ ကတ္တရာ သင်္ချေ၊ အုန်းဆီ၊ စပျစ်သီးခြောက်၊ Bentnovate-N ယားနာ ပျောက်ဆေးနှင့် Transit