Thursday, 29 November 2012

လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ

Photo: လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ
Thursday, 29 November 2012

၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံ
ဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အား အမည်မသိ   
လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့်ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင်သွားကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ 

ကိုထွန်းထွန်းနိုင်တွင် ဦးခေါင်း၌ ဒဏ်ရာ ၁ ချက်၊ ယာဘက်နဖူး
လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လက်မဝက်ခန့်ဖူးရောင်
ညိုမဲဒဏ်ရာ ၁ ချက် ရရှိထားပြီး မေးမြန်းခဲ့ရာ ၁၂၁၅ အချိန် ရုံးခန်းအတွင်း တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်(၂)စီးဖြင့် လူ ၄ ဦးရောက်ရှိ လာကြောင်း၊ ၂ ဦးမှာ နှာခေါင်းစည်းဖုန်းကာ အနက်စွပ်ထားကြောင်း၊ ၁ ဦးက ချုပ်ကိုင်ပြီး ဓါးဖြင့်ထောက်၍ ကျန် ၁ ဦးက ရေနွေးဓါတ်ဗူးဖြင့် ရိုက်ကာ ချုပ်ထားသူက တွန်းလှဲခဲ့၍ သတိမေ့သွားကြောင်း၊ သတိပြန်ရချိန်တွင် အိမ်ခန်းအတွင်းရှိ
ငွေကျပ် (၆၅ဝ)သိန်း ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သော ကြောင့် ဖားကန့်ရဲစခန်း (ပ) ၂ဝ၄/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force


၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံ
ဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အား
အမည်မသိ လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့်ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင်သွားကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

"အန္တရာယ်ရှိ အဆောက်အအုံထဲတွင် ရှစ်ထပ်တိုက်များ ပါဝင်လာ"


 Photo: "အန္တရာယ်ရှိ အဆောက်အအုံထဲတွင် ရှစ်ထပ်တိုက်များ ပါဝင်လာ"
Thursday, 29 November 2012

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသောတိုက်များထဲတွင် ရှစ်ထပ်တိုက်များပါဝင်လာသည့်အတွက် ပြန်လည်တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ် ခံရသော အဆောက်အအုံများမှာ ယခင်နှစ်ထပ်တိုက်များသာ အများ ဆုံးပါဝင်ပြီး ယခုလပိုင်း စစ်ဆေး တွေ့ရှိရသည့် အဆောက်အအုံများ တွင် ရှစ်ထပ်တိုက်များ ပါဝင်သည် ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံ (DB) အဖြစ် သတ်မှတ်ခံရသော အဆောက်အအုံမှာ အထပ်နိမ့်ဖြစ် ပါက အထပ်မြင့်ဆောက်လုပ်၍ အကျိုးအမြတ် ခွဲဝေယူမည့် ကန် ထရိုက်တာ ပေါ်ပေါက်နိုင်သော် လည်း နဂို အထပ်မြင့် အဆောက် အအုံဖြစ်နေလျှင် အကျိုးအမြတ် ခွဲဝေရရှိနိုင်ခြင်း မရှိ၍ ဆောက် လုပ်မည့် ကန်ထရိုက်မရှိသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင် သည် ဟု ၄င်းက ပြောသည်။

''အန္တရာယ်ရှိတယ်လို့ သတ် မှတ်ခံရတဲ့ အထပ်မြင့်တိုက်တွေ က တရားဝင် ကန်ထရိုက်နဲ့ ဆောက်ခဲ့တာမျိုးဆိုရင်တော့ ဌာန က ကန်ထရိုက် ကို ပြန်ခေါ်ပြီး တစ်ခုခု စေခိုင်းတာမျိုးတွေ လုပ် ပေးလို့ရတယ်။ တရားဝင် ကန် ထရိုက်မဟုတ်ရင်တော့ နေထိုင်သူ တွေပဲ စီစဉ်ဆောင်ရွက်ရမှာပါ'' ဟု ၄င်းက ပြောသည်။

အန္တရာယ်ရှိသည်ဟု သတ်မှတ် ခံရသော အဆောက်အအုံရှိ နေ ထိုင်သူများတွင် မြေရှင်ပါဝင်ပါက ထပ်မံ၍ အသစ်ဆောက်လုပ် လျှင် မြေရှင်အတွက် အကျိုးခံစားခွင့် ပေးရမည် မဟုတ်သော် လည်း နေထိုင်မှုတွင် မပါဝင်ပါက အသစ် ဆောက်လုပ်မှု၌
မြေရှင်အတွက် အကျိုးခံစားခွင့် ထပ်မံပေးရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် တစ်လလျှင် အဆောက်အအုံ ၄ လုံးမှ ၁ဝ လုံး ကြား အန္တရာယ်ရှိအဆောက်အအုံ အဖြစ် သတ်မှတ်ခံရပြီး ယင်း အဆောက်အအုံများမှာ ၁၉၉၂ ခု နှစ်နှင့် ရှေ့ပိုင်းနှစ်များမှ အဆောက် အအုံများ များစွာပါဝင်ကြောင်း အထက်ပါအရာရှိထံမှ သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံ အား နှစ်ကာလဖြင့် သတ်မှတ်ခြင်း မျိုးမဟုတ်ဘဲ ခံနိုင်ရည်ဖြင့်သာ သတ်မှတ်ခြင်းဖြစ်သည်။ငလျင်ပညာရှင် ဦးစိုးသူရထွန်း ကလည်း ၁၉၉ဝ မှ ၂ဝဝဝ ခုနှစ် ကြားရှိ အဆောက်အအုံ အများစု စုသည် ဈေးကွက်လိုအပ်ချက်အရ ဆောက်လုပ်ခဲ့ရာ စစ်ဆေးကြပ်မတ် မှု အားနည်းခဲ့၍ ငလျင်ဒဏ် ခံနိုင် ရည်အတွက် စိုးရိမ်ရသည်ဟု ပြောသည်။

အန္တရာယ်ရှိသည်ဟု ယူဆရ သောအဆောက်အအုံအား မြေရှင်၊ နေထိုင်သူ၊ အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် ရပ်ကွက်နေ ပြည်သူများက လာ ရောက်စစ်ဆေးပေးရန် ရန်ကုန် စည်ပင်သို့ အကြောင်းကြားပါက ဌာနမှ သွားရောက်စစ်ဆေး၍ (DB) အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ပေးကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

''ဌာနက DB သတ်မှတ်လိုက် တဲ့နေ့ကစပြီး နေထိုင်ရန် မသင့် တော့ပါဘူး။ အကယ်၍နေလို့ တစ်ခုခုဖြစ်ရင်တော့ နေထိုင်သူတွေ နဲ့ပဲသက်ဆိုင်ပါတယ်'' ဟု ရန်ကုန် စည်ပင်အရာရှိက ထပ်လောင်း ပြောသည်။

ဝေမာထွန်း
Popular Myanmar News Journal

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသောတိုက် များထဲတွင် ရှစ်ထပ်တိုက်များ ပါဝင် လာသည့်အ တွက် ပြန်လည် တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ် ခံရသော အဆောက်အအုံများမှာ ယခင်နှစ်ထပ်တိုက်များသာ အများ ဆုံးပါဝင်ပြီး ယခုလပိုင်း စစ်ဆေး တွေ့ရှိရသည့် အဆောက်အအုံများ တွင် ရှစ်ထပ်တိုက်များ ပါဝင်သည် ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
 

တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆရာတော်ဝီရသူမှ ဦးဆောင်ဆန္ဒဖော်ထုတ်မည် မဟုတ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tjURghfyj-E-dniGLkvhcvGvCwf0HrjvKxKa6Lskl_krta6X4_4-QNvYMjX1lFLVk6e5c-wWtTCEf2Ds0ghT2G4OBugD3zc_q1be8Xm-qGxI_WjhRhXuNuML0MG216mbvGXBIw0nu_12/s1600/Untitled.png
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆရာတော် ၀ီရသူမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်သွား မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။"ဦးဇင်းကို ဘယ်သူကမှ လာပြီးမလျှောက်သလို ၊ ဘယ်သူမှလဲ လာပြီးတိုင်ပင်မှု မပြုလုပ်ပါဘူး" ဟု ဆရာတော်ဝီရသူက မိန့်ကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်း လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖေါ်ပွဲကို မန္တလေးမြို့ တွင်လည်း ဆရာတော်ဝီရသူ

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်


http://gdb.voanews.eu/BAE80DA2-0FF6-4B5B-96C1-E46481D11B6F_w640_r1_s.jpg

အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ ၀င်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQqby053NHMKbVtVgPqg6DdaqfNsTKt73hmxbdsIU45iNcjJPM-Ermwwg-lI_fM3CrVaqxaqHa05AOO2KasFICUlJpP-fC3pnp2ydTwsh4hSD-6wDaOdsuxtJyfQ1MHqVtgzrRP9PnJI/s200/00000000000000000000+copy.jpg
မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲေ ဆာင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။အမေရိကန် ကြက်သွန်နီ စာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။ သို့သော်ငြား တရုတ် ကွန်မြူနစ်ပါတီရဲ့ People’s Daily - ပြည်သူ့ နေ့စဉ်သတင်းစာ အင်တာနက်စာမျက်နှာမှာ  အဲဒါကို အတည်ယူပြီး သတင်းရေးထားပါ

ရခိုင်ပါတီဝင်တချို့ကို ရဲက ခေါ်ယူ ခြိမ်းခြောက်နေ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgPjyupGvJpwsjHECjbZOGw5I1pArsF_w9OYivCGaLe0pRPNgFAQwCJFAJxB-hmTA-8YaA_vlkDOcUDCARdaWWZDD7DtF6El-skyamhEIHAZOY7Qpnih467zfo0K5J3n9UP1QecZZ2Q4/s200/00000000000000000000+copy.jpg
ပါက်တောမြို့နယ်၊ ချင်းပြည်နယ်ထဲက ရခိုင်တိုင်းရင်း သားတွေ နေထိုင်တဲ့ ပလက်ဝ မြို့နယ်တို့မှာ ပါတီဝင် အဖြစ်လျှောက် ထား သူတွေကို အမည်နဲ့မှတ်ပုံတင်တွေ ကွဲလွဲနေတယ် ဆိုပြီးတော့ ပါတီဝင်တွေကို ခေါ်ယူ စစ်ဆေးတာ၊ ခြိမ်းခြောက်တာနေတယ်လို့ ALD ရဲ့ ပေါက်တော မြို့နယ် ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ


မဟာဗန္ဓုလ တံတားနေရာ တဝိုက်တွင် ယာဉ်မတော်တဆမှု အများဆုံးဟုဆို


http://burma.irrawaddy.org/wp-content/uploads/2012/11/DSC00035.jpg

ရန်ကုန်မြို့ ဒေါပုံမြို့နယ်တွင် ရှိသော မဟာဗန္ဓုလ တံတားတွင် ယာဉ်ကြံ့ခိုင်မှုမရှိဘဲ အရှိန်လွန်မောင်းနှင်ခြင်း များပြားနေ သောကြောင့် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားရာ နေရာတခု ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး၏

တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ်သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း

လက်ပံတောင်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲ ခံလိုက်ရပြီ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို ယနေ့ နံနက် ၃ နာရီ ၀န်းကျင်က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံးပြီး အစိုးရက အကြမ်းဖက် ဖြိုခွဲလိုက်ပြီဖြစ်ပါတယ်။ 


 ကြေးနီစီမံကိန်း ရပ်တန့်ရေး လက်ပံတောင် သပိတ်စခန်း တခု၏ ဖျက်ဆီးမခံရခင် မြင်ကွင်း၊ ဓာတ်ပုံ- OpenSociety Monywa
 
သပိတ်မှောက်နေကြတဲ့ ရဟန်းသံဃာတချို့ ထိခိုက် ဒါဏ်ရာ ရပြီး သပိတ်မှောက် ဒေသခံ ကျေးရွာသူ၊ ရွာသား တချို့လည်း ဒါဏ်ရာများ ရရှိသွားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ အချို့ရှိကြောင်း သိရ

http://sphotos-e.ak.fbcdn.net/hphotos-ak-snc7/574491_497875953586381_2022014019_n.jpg
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ သပိတ်စခန်းများအားနိုဝင် ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူ အချို့ရှိကြောင်း ကြေးနီ စီမံကိန်း ဧရိယာတွင် ရောက် ရှိနေသော Eleven Media Group မှ သတင်းထောက်၏

ဂျေဆင်မရက်ဇ်ပွဲ အခမဲ့လက်မှတ်များ ဒီဇင်ဘာ ၆ ရက်တွင် စတင်ထုတ်ယူနိုင်

     လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့အစည်း MTV EXIT ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုhttp://sphotos-c.ak.fbcdn.net/hphotos-ak-ash3/542814_497885040252139_440063314_n.jpg



တော် ဂျေဆင်မရက်ဇ်၏ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်များကို ဒီဇင်ဘာ ပထမပတ်အတွင်း 

Wednesday, 28 November 2012

ဒီမိုခေါင်းဆောင်တစ်ယောက်၏ ယိုသူမရှက် မြင်သူရှက် လုပ်ရပ်များ




မည်သူမျှခြောက်ပြစ်ကင်းသဲလဲစင်ဆိုတာမရှိသလို အမှားမကင်းကြတဲ့ လောကီသားတွေဆိုတာကို အများက လက်ခံကြပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတာဟာလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် လောကသုံးပါး စလုံးမှာ ကောင်းမွန်သော နမူနာစံပြဖြစ်သည့် လုပ်ဆောင်ချက်များရှိရန်အရေးကြီးလှပါတယ်။

ကျောက်မဲ ခိုမုန်း၌ အောင်တော်မူစေတီ တည်ထားကိုးကွယ်မည်


http://sphotos-a.ak.fbcdn.net/hphotos-ak-snc7/390260_497249493649027_2076711123_n.jpg

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ခိုမုန်းကျေးရွာ၌ လာမည့်ခုနှစ်တွင် ကျပ်သိန်းသုံးထောင်ကျော် အကုန်ခံ၍ လောက သရဖူအောင်တော်မူစေတီပုထိုး တည်ထားကိုးကွယ်ရန် အစီအစဉ်ရှိသည်ဟုပုထိုးတော်ကြီးဖြစ်မြောက်ရေး သံဃာနာယကများ ထံက သိရှိရသည်။ ကျောက်မဲမြို့တွင် အမြင့်ဆုံးသောစေတီ

Tuesday, 27 November 2012

ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ


 http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/59051_497239756983334_1912262560_n.jpg

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိမ်တိုက် များကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးချစ်ကျော် ကပြောသည်။ "ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ တိမ်တိုက်တွေ
http://sphotos-f.ak.fbcdn.net/hphotos-ak-ash4/215992_497205613653415_571560727_n.jpg
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွေ အရ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀၇၂၅.၀၆၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကုန်သွယ်မှုမှာ

ကာကွယ်ရေးတပ် ​အမှားတွေအတွက် ​ဝန်ကြီးတောင်းပန်


သြစတြေးလျနိုင်ငံရဲ့ ကာကွယ်ရေးတပ်အတွင်း အနိုင်ကျင့်မှုတွေရှိခဲ့တာကို အသိအမှတ်ပြုပြီး သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီး စတီဖန်စမစ်တ် (Stephen Smith) က အနိုင်ကျင့်ခံရတဲ့

အီဂျစ်သမ္မတ လုပ်ပိုင်ခွင့် အာဏာ ကန့်သတ်ဖို့ တရားရုံးချုပ် တိုက်တွန်းမည်

http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/67877_497159143658062_1039177378_n.jpg
အီဂျစ် သမ္မတ မိုဟာမက်မော်စီဟာ နိုင်ငံရဲ့ အမြင့်ဆုံးတရားရေးရာကောင်စီနဲ့ တွေ့ ဆုံဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သမ္မတဟာ သူ့ကိုယ်သူ လုပ်လုပ်ပိုင်ခွင့် အာဏာတွေ တိုးမြင့်ပေး အပ် ခဲ့ပြီးတဲ့နောက် တရားသူကြီးတွေက
http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/556916_497162440324399_730262865_n.jpg
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ နေပြည်တော်
မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့
၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင်

သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ

 
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့ အမေရိကန်