Friday, 6 July 2012

ကိုယ့်နိုင်ငံအကြောင်း ကောင်းကောင်းမသိသေးတဲ့ NLD နဲ့ အန်တီစု


          ဒီမိုကရေစီခေါင်းဆောင် အန်တီစုသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၊ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဆု၊ ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုတွေ လက်ခံရယူရန်နဲ့ အင်္ဂလန်နိုင်ငံမှာ ရှိသော မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့ ဥရောပတလွှား ၁၆ ရက်ကြာသွားရောက်ခဲ့ပြီး   ဇွန် ၃၀ ရက်နေ့မှာ      မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။   လေဆိပ်မှာလည်း အန်တီစုကို ထောက်ခံသူအချို့ရှိခဲ့သလို အန်တီစုကို  မကျေနပ်တဲ့  ပြည်သူအချို့ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။  
ဇူလိုင် ၃ ရက်နေ့မှာ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ အဲဒီဥရောပခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က သတိပေးထုတ်ပြန်ခဲ့သည့် “Burma”လို့ သုံးစွဲခဲ့တဲ့အကြောင်းရင်းကို ပထမဦးစွာ ရှင်းလင်းခဲ့ပါတယ်။  “Myanmar“ ကို “Burma” လို့ သုံးစွဲရခြင်းမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်္ဂလိပ်လို မရှိတဲ့အတွက် သုံးစွဲရတာဖြစ်ကြောင်း၊ နောက်ပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီအခွင့်အရေးအရ “Burma” ဟု လွတ်လပ်စွာ ပြောဆိုသုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ဟာ မြန်မာလိုရော၊အင်္ဂလိပ်လိုရော ရှိတယ်ဆိုတာ အန်တီစု နဲ့ NLD ဥပဒေပညာရှင် ဦးဥာဏ်ဝင်းတို့ တကယ်ပဲမသိတာလား။ ဒီစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးလုံးနဲ့ ကျေးလက်ဒေသက ကျေးရွာစာကြည့်တိုက် တွေမှာတောင် ရှာလို့ရနိုင်တာကိုအင်္ဂလိပ်လို မရှိဘူးလို့ ပြီးစလွယ်ပြောလိုက်တာ ကတော့ အန်တီစုတို့အနေနဲ့  စာမဖတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။  ဒီမိုကရေစီခေါင်းဆောင်လို့ဆိုတဲ့ အန်တီစုတစ်ယောက် အခြေခံဥပဒေ အားကာကွယ်စောင့်ရှောက်ပါမည်လို့ လွှတ်တော်မှာ ကျမ်းကျိမ်ခဲ့ပေမဲ့ အဲဒီစာအုပ်ကို   မြင်ရောမြင်ဘူးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။                 
ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် NLD နဲ့ အန်တီစုကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ ပြည်သူတွေ အတွက်ကတော့ တော်တော်လေး ရင်လေးစရာပါပဲ။ နောက်ထပ်ပြီး “Burma” ကို “Myanmar” လို့ ပြောင်းခဲ့တဲ့ အချိန်က ပြည်သူ့ဆန္ဒမပါတဲ့အတွက် “Myanmar” လို့ မခေါ်ဆိုနိုင်ကြောင်း ပြောဆိုခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံကို ကျွန်ပြုအုပ်ချုပ် ခဲ့တဲ့ အင်္ဂလိပ်တွေက Burma လို့အမည်ပေးခဲ့တာကရော ပြည်သူရဲ့ ဆန္ဒအရ ပေးခဲ့တာလားလို့ ပြန်မေးချင်ပါတယ်။ နောက်ပြီး “ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီ အခွင့်အရေးအရ” “Burma” လို့ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးစွဲနိုင်ကြောင်း လည်းပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုတာတွေက အန်တီစုအနေနဲ့ သူ့ဆွေမျိုးတွေဖြစ်တဲ့ အင်္ဂလိပ်ကိုလိုနီ တွေရဲ့အသုံးအနှုန်းနဲ့ ကိုလိုနီဘဝကို ပြန်လည်တမ်းတနေသလို ထင်မှတ်ရပါတယ်။ သူမ ပြောခဲ့သလိုပဲ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးနှုန်းခွင့်သာ ရှိမယ်ဆိုရင် သူမနာမည် ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ဘဲ “ကုလား မယားစုကြည်” လို့ ခေါ်တာကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ရမှာပေါ့။ ကိုယ့်တိုင်းရင်းသား ရခိုင်လူမျိုးဘက်က မရပ်တည်ဘဲ ဘင်္ဂါလီကုလားတွေဘက်က ရပ်တည် ခဲ့လို့  ရှစ်မိုင်လမ်းဆုံအနီးမှာ ရခိုင်လူမျိုး တစ်စုက “ကုလားမယား စုကြည်”လို့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြတာကို NLDပါတီဝင် လူတွေက ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်လို့ သိရပါတယ်။

Wednesday, 4 July 2012

ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်အယောင်ဆောင် KIA တပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ

          မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားရှစ်ခိုးကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ  KIA တပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသော ဒုက္ခသည် ယောင်ဆောင်နေသည့် လထော်ဘရန်ရှောင် ဆိုသူအား (၁၇ - ၆ - ၂၀၁၂) ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းကို မြစ်ကြီးနားရှိ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်နဲ့ သိက္ခာတော်ရ ခရစ်ယာန် ဆရာတချို့မှ ဦဆောင်ပြီး ၄င်းဖမ်းဆီးထားသူအား ချွင်းချက်မရှိ လွတ်ပေးရန် ဇူလိုင်လ (၆)ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အမှန်မှာ လထော်ဘရန်ရှောင်သည် KIA တပ်ဖွဲ့မှ ကိုယ်ပိုင်အမှတ် A- ၁၈၅၅၅ တပ်ကြပ်ကြီး အဆင့်ရှိသူဖြစ်ပြီး ၎င်း၏ KIA တပ်ဖွဲအတွင်းလုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့ ရာဇ၀တ်တရားသူကြီးထံ ၀န်ခံထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။ 

လထော်ဘရန်ရှောင် အနေဖြင့် တရားသူကြီးထံဖြောင့်ချက်ပေး ပြောဆိုသည်မှာ ၄င်းအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လခန့်က ဂရားယန်ရွာတွင် တောင်ယာလုပ်ကိုင်နေစဉ် KIA အဖွဲ့၏ လူသစ်စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန်တွင် စစ်သင်တန်း (၆)လခန့် တက်ခဲ့ရကြောင်း၊ သင်တန်းပြီသောအခါ ဒုတပ်ကြပ်အဆင့်ပေးပြီး ကိုယ်ပိုင်အမှတ်မှာ၊     A-၁၈၅၅၅ ဖြစ်ကြောင်း၊      ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ ယန်ကျင်းမြို့သို့ သွားရောက်ပြီး KIA တပ်ဖွဲ့အတွင်း အသုံးပြုရန်အတွက် AK-47 (၁၀) လက်၊ G-4 (၂၀)လက် ၊ M22 (၁၀)လက် ၊ M21 (၁၅) လက် ၊ စက်လက် (၂) လက် ၊ မိုင်းသေတ္တာ (၂)လုံး၊ ကျည်ဆံသေတ္တာ (၄)လုံး တို့ကို လားများနှင့် သယ်ဆောင်သည့် တာဝန်ကို ထမ်းဆောင်ရကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလခန့်တွင် လိုင်စင်စခန်းမှ အင်ဂွန်လစခန်းသို့ လူအင်အား (၂၀)ကို ဦးဆောင်ကာ သေနတ်ပေါင်းစုံ (၁၅)လက်နဲ့ မိုင်းသေတ္တာ (၁)လုံးတို့ကို ပို့ဆောင်ပေးရကြောင်း၊ ၄င်းနောက် အင်ဂွန်လစခန်းတွင် (၁)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊၂၀၀၉ ခုနှစ် (၁၁)လပိုင်းတွင် လိုင်စင်စခန်းသို့ ပြန်လည်ရောက်ရှိကာ မုန်ဆန်ယန်တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ရကြောင်း၊ သင်တန်း ဆင်းသောအခါ တပ်ကြပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် (၆)လပိုင်းတွင် အင်အား (၅၀)ဦးခန့်ဖြင့် ဗန်းမော်ဘက်သို့စစ်ကူသွားရာ လမ်းတွင်တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းအဖွဲ့မှ (၁၅)ယောက်သေဆုံးပြီး (၉)ဦး ဒဏ်ရာရသဖြင့် မုန်ဆန်ယန်သို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက် ပိုက်ဆာပါစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းစခန်းတွင် ဒုဗိုလ်နော်ရာနှင့် လူခြောက်ဦးမှ ဗမာတစ်ဦးအား ချုပ်နှောင်ကာ ဓားနှင့်ထိုးပြီး ညှင်းပန်းနှိပ်စက် ထားသည်ကို တွေ့ရှိရကြောင်း၊           ၄င်းမှာသွေးသံတရဲရဲနှင့် သေမလိုဖြစ်နေပြီး စကားမပြောနိုင်တော့ကြောင်း၊ ဗိုလ်နော်ရာက ၄င်းဗမာအား သတ်ခိုင်းရာ ဒုတ်ဖြင့် လည်ပင်းကို (၃)ချက်ရိုက်၍ သတ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် လိုင်စင်စခန်းသို့ထွက်ခွါခဲ့ကြောင်း၊ ၄င်းနောက် မိန်းမမီးဖွားရန် အကြောင်းပြပြီး လိုင်စင်စခန်းမှ ထွက်ခွာလာရာ (၂၈-၆-၂၀၁၁)ရက်နေ့တွင် မြစ်ကြီးနားရှိ အဒေါ်အိမ်တွင် (၁)လခန့်နေထိုင် ခဲ့ကြောင်း၊ ၄င်းမှတဆင့် ဂျန်မိုင်ကောင်ဒုက္ခသည် စခန်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်အတွင်းရှိ ဒုက္ခသည်စခန်းများကို တာဝန်ယူထားသော ခရစ်ယာန် သိက္ခာတော်ရ ဆရာအများစုမှာ ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်အမျာကို ကာကွယ် ပေးထားလျက်ရှိပြီး ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အယောင်ဆောင် KIA အများအပြားရှိ ကြောင်းသိရှိပါသည်။ ၎င်း KIA တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းတံတားများအား ဖောက်ခွဲခြင်း ပြည်သူလူထုအား တုန်လှုပ်ခြောက်ခြားအောင် ဆောင်ရွက်နေခြင်းတို့ကို ဆောင်ရွက်နေပါသည်။ ထို့ကြောင့် လာရောက်ခိုလှုံနေသော အမှန်တကယ် ဒုက္ခရောက်နေသည့် စစ်ဘေးဒုက္ခသည်များမှာ ပိုမိုစိတ်သောက ရောက်နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းအတွင်းမှ ကချင်ဒုက္ခသည်များ၏ သတင်းပေးမှုကြောင့် ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Sunday, 1 July 2012

ဥရောပကပြန်လာတဲ့ ဒေါ်စုကြည်ကို ရခိုင်တိုင်းရင်းသားများနဲ့ လူထုကဆန္ဒပြ


        ဒေါ်အောင်ဆန်းစုကြည်၏ ၁၆ ရက်ကြာ ဥရောပခရီးစဉ်မှအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ TG 303 လေယာဉ်ဖြင့် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မီနစ်အချိန်တွင် ရောက်ရှိခဲ့ရာ NLD အဖွဲ့ဝင်များနှင့်  ထောက်ခံသူများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။ ထို့အပြင် ရခိုင်လူမျိုးများအပါအ၀င် ပြည်သူလူထု ၁၀၀ ကျော်ခန့်ကလည်း ဒေါ်အောင်ဆန်းစုကြည် စီးနင်းသည့် မော်တော်ယာဉ်ဖြတ်သန်းရာ လေဆိပ်လမ်းဆုံနှင့် (၈)မိုင်လမ်းဆုံအနီးတစ်ဝိုက်တို့တွင် ` ကုလားမယား စုကြည် အလိုမရှိ ´ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။    

 
ဆန္ဒပြသူတစ်ဦးမှ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိနိုင်ငံအတွင်း ရခိုင်လူမျိုးများ၏ပြဿနာများ ဖြစ်ပွားနေစဉ်အတွင်း ရခိုင်လူမျိုးများ ဘက်မှ မရပ်တည်ဘဲဘင်္ဂါလီမွတ်ဆလင်ကုလားများဘက်မှရပ်တည်ခဲ့ခြင်း၊ ပြည်ပတွင်ရှိနေစဉ် ပြည်ပရောက်ရခိုင်လူမျိုးများအား တွေ့ဆုံခဲ့ခြင်း မရှိပဲ ဘင်္ဂါလီ ကုလားခေါင်းဆောင်များနှင့်သာတွေ့ဆုံခဲ့ခြင်းနှင့် သူမကိုင်စွဲခဲ့သည့် စီးပွားရေးပိတ်ဆို့မှု မူဝါဒအတွက် မြန်မာနိုင်ငံသားများ ဒုက္ခရောက်နေခြင်း တို့ကို မကျေနပ်၍ ကုလားမယားစုကြည် အလိုမရှိဟူသော ဆိုင်းဘုတ် များကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် စီနင်းလာသော မော်တော်ယာဉ်သည် ဆန္ဒပြနေသော လူအုပ်အနီးသို့   ရောက်ရှိသည့်အခါမှာ   ဒေါ်အောင်ဆန်းစုကြည်၏ အနားတွင်လုံခြုံရေးအနေဖြင့် လိုက်ပါလာသောအဖွဲ့များက  ကားဘေးဘယ်ညာနေ၍ ကာကွယ်ထားခဲ့ပြီး၊ ပိုစတာများကိုကိုင်၍ ဆန္ဒပြနေသူများအား ထိုးကြိတ်ကာ ပိုစတာများကို လုယူသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးမှ ပြောကြားခဲ့ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအား NLD အဖွဲ့ဝင်များမှ ဥပဒေမဲ့ ထိုးကြိတ်ခဲ့သည့်အပေါ် အခြေအနေမှန်ကို အနားတွင် ကြည့်ရှု့နေသော ပြည်သူများမှ ကျေနပ်မှုမရှိကြောင်းလည်း ပြောဆိုခဲ့ပါသည်။