Friday, 2 March 2012

တောင်သူလယ်သမားနေ့ ဒို့မမေ့

မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ

ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို

ဂရန်မြေ (အပိုင်စာချုပ်မြေ)
အငှားစာချုပ်မြေ
ယာယီလုပ်ခွင့်ရမြေ
မြေနုကျွန်းမြေ
နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘ၀မှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘ၀မှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘ၀ကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘ၀ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ

တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘ၀မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပ

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်န၀ါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     ကိုးကား The Voice Weekly

လေးစားထိုက်သော ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်း

အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း ၁နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊
... ပြည်တွင်းငြိမ်းချမ်းရေး အစရှိသည့် ကိစ္စများကို အဓိကထား ပြောကြားသွားခဲ့ပြီး ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်နေဆဲ ကိစ္စများကို အကျဉ်းချုံးတင်ပြခဲ့ခြင်းဖြစ်သည်။                                   နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ကြိုစားလုပ်ဆောင်လျက်ရှိပြိး ထိုကဲ့သို့ အားလုံးပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၂၈၀၀၀ ကျော်ကို တစ်နှစ်တာအတွင်း လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်သမ္မက ပြောကြားပါသည်။
အားလုံးပါဝင်နိုင်ရေးမှာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြသည့် အချက်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများ ပါဝင်နိုင်ဖို့မှာလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်နိုင်ဖို့ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားနိုင်ဖို့ အရေးကြီးကြောင်း နိုင်ငံတော် သမ္မတက ပြောကြားပါသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်အနက် ဗမာဆိုသည်မှာလည်း လူမျိုးစုတစ်စုသာဖြစ်သည့်အတွက် အားလုံးသာတူရည်မျှရှိသင့်ကြောင်း၊ တန်းတူရည်တူဖြစ်အောင်နှင့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များ ပြည့်ဝစေရေးမှာ ကျွန်တော်တို့ အစိုးရအဖွဲ့၏ လိုလားချက်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားပါသည်။
တိုင်းရင်းသား ခေါင်ဆောင် တစ်ဦးပြောသည့် စကားကို ပြန်လည်မျှဝေလိုကြောင်း၊ တိုင်းရင်းသားလူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသားလူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ဆန္ဒပြည့်ဝရေးမှာ သမိုင်းပေးတာဝန်ပင် ဖြစ်ကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှလွဲ၍ ထိုးစစ်ရပ်ရန် ညွှန်ကြားထားခဲ့ကြောင်း၊ မိမိညွှန်ကြားခဲ့သည့်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများအတွက် မေးခွန်းဖြစ်နေကြောင်း၊ ယနေ့ဖြစ်ပျက်နေသော အဖြစ်အပျက်များကို တစ်ဦးနှင့်တစ်ဦး လက်ညိုးထိုးအပြစ်ပြောရန် မဖြစ်နိုင်ပဲ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဖို့ ခိုင်မာတဲ့ ကတိကဝတ်တွေ အပြန်အလှန်ထားရှိရန် လိုအပ်ကြောင်း၊ စစ်ဘေးဒဏ်ခံ တိုင်းရင်းသားများကို ပြည်တွင်းပြည်ပမှထောက်ပံ့ရန် မိမိတို့အနေဖြင့် လမ်းဖွင့်ပေးထားပါကြောင်း၊
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ အချက်၃ချက်ကို အဓိကထားကြောင်း၊ ပထမအချက်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်သည်။ ဒုတိယအချက်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်ကာ တတိယအဆင့်မှာမူ နိုင်ငံတော်အစိုးရ တိုင်းရင်းသားအားလုံးနှင့် နိုင်ငံရေးသမားများအစရှိသည့် political players အားလုံး လွှတ်တော်မှာ သဘောတူညီမှု ရယူပြီး လွှတ်တော်တွင်းမှာပင် ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်ထားကြောင်း၊ ထိုသို့ဖြစ်ပေါ်ရန်အတွက် ကြိုးပမ်းနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
လတ်တလော ပြည်သူများအကြားဖြစ်ပေါ်နေသည့် မိုဘိုင်းဖုန်းကိစ္စနှင့် ပါတ်သတ်၍မူ လောလောဆယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်နေပြီး ထိုလုပ်ငန်းများ ပြီးစီးသည်နှင့် ပြည်သူ့ဆန္ဒ သဘောထားများအတိုင်း ဖြစ်ပေါ်ရန် နည်းလမ်းတကျဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။
အစိုးရဝန်ထမ်းများ လစာတိုးမြင့်ရေးကိစ္စရပ်မှာမူ လတ်တလောအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်၊ အကြွေးအမြီ အနေအထားများကြောင့် အခြေအနေနှင့် အချိန်အခါအလိုက် တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း မိမိတို့အစိုးရ၏ မူလရည်မှန်းချက်မှာ ဝင်ငွေနည်းလူတန်းစားများနှင့် ဆင်းရဲသားလူတန်းစားများ၏ ဘဝတိုးမြင့်ပေးရေးအတွက် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့် မိမိတို့ကြောင့် အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်လာမည်ကို မလိုလားကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံ့လူဦးရေ၏ ၃.၃ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများဖြစ်ကြောင်း၊ ပြည်သူများဖြစ်သည့် ၉၆.၇% ကို ပြန်လည်ငဲ့ကွက်သင့်ကြောင်း၊ လတ်တလောလစာတိုးမည့်သတင်းကြောင့် အရပ်ရပ်တွင် ကုန်ဈေးနှုန်းများမြင့်တက်သွားကြောင်း၊ အစိုးရဝန်ထမ်းမဟုတ်သည့် ၅၈သန်းသော ပြည်သူများ ကိုယ်တိုင်ကိုယ်ကျခံစားနေရသည်ကို စာနာသင့်ကြောင်း၊ လစာ(သို့) ထောက်ပံ့ကြေးတိုးမြင့်သောကိစ္စများကို လက်ရှိအခြေအနေအရ ခြုံငုံသုံးသပ်ပြီး စဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်နှင့် လယ်သမားများ၊ အခြေခံလူတန်းစားများ ဝင်ငွေကို တိုးတက်မှုရှိအောင် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုကိစ္စရပ်မှာ ပါးစပ်က ပြော၍လွယ်သလောက် လက်တွေ့ဆောင်ရွက်ရန် ခက်ခဲနေသည့် အတွက် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ တစ်နှစ်ပြည့် မိန့်ခွန်း (အပြည့်အစုံ)

Monday, 27 February 2012

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                            Eeven Media Group

Sunday, 26 February 2012

ပြည်ပရောက်မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်တွင်းစကား (အမေး-အဖြေ)


 -ခင်ဗျားအနေနဲ့ အခုကြားဖြတ်ရွေးကောက် ပွဲမှာဘယ်သူ့ကိုနိုင်စေချင်လဲ?

တိုင်းပြည်၇ဲ့အနာဂါတ်အတွက် ဒေါ်စုကိုနိုင်စေချင်တယ်။
-အမေစုရဲ့နိုင်ငံရေး ဒသနတွေကို ယုံကြည်လို့လား?
သူ့မှာ ဒသနတွေ၇ှိလို့လား.
-အမေစုရဲ့ လုပ်ရည် ကိုင်ရည်ကိုကြိုက်လို့လား?
ဘာမှ မှ မလုပ်၇သေးတာကို.
-အမေစုက တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ၇ဲ့သမီးဖြစ်နေလို့လား?
အဖေက ဆ၇ာဝန်ဆိုတာနဲ့ သားကဆရာဝန်ဖြစ်မှာသေချာလို့လား.
-ဒါဆို အမေစု ၇ဲ့တိုင်းပြည်အပေါ်အနစ်နာခံပြီးလုပ်နေတဲ့ စိတ်ကိုကြိုက်လို့လား?
သူအာဏာရဖို့လုပ်နေတာမဟုတ်ဘူးလား.
-အမေစု အာဏာ ရရင် ဒါမှမဟုတ် လွတ်တော်ထဲရောက်ခဲ့ရင်အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်မယ်ဆိုတာကို ယုံကြည်လို့လား?
သူ့ရဲ့ ပါတီထဲမှာတောင် သဘောထားတွေဒီလောက်ကွဲနေတာကိုဗျာ.
-ဒါဆို ဘာလို့ အမေစုကိုနိုင်စေချင်တာလဲ?
အော် ဒါလား.. ကျွန်တော်ထင်တယ်ဗျာ.. သူ့ပါတီသာ.မနိုင်ရင် အခုကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲ က မမျှတဘူးလို့ နိုင်ငံတကာကိုပြောမှာသေချာတယ်.
အဲ့အခါကျ၇င် နိုင်ငံတကာက ကျွန်တော်တို့အပေါ် ကူညီတာတွေ.. ရပ်သွားမှာရယ်..
ဒီရွေးကောက်ပွဲမမျှတဘူးဆိုပီး.. စီးပွားရေးပိတ်ဆို့ထားတာတွေ ဆက်ထားမယ်ဆိုရင်
အခုသမ္မတကြီး ဦးသိန်းစိန် ကြိုးစားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးရင်ဘောင်တန်း
နိုင်အောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီး နှောင့်နှေးသွားမှာကြောက်လို့ပါ..
-အဲ့လိုဘာလို့ပြောနိုင်တာလဲ? ခင်ဗျားအထင်ကိုပြောနေတာလား?
ကျွန်တော်ထင်တာမဟုတ်ဘူးဗျ. ကျွန်တော်မြင်တာ.
ခင်ဗျားတို့လည်းကြားမှာပေါ့. မန္တလေးမှာ ဟောပြောမယ့်အစီအစဉ်ပျက်သွားတုန်းက
သူတို့ငှားတဲ့ ဗထူး အားကစားကွင်းမရတာကို တောင် ဦးဇော်ဇော်နဲ့ အစိုးရ ပေါင်းပြီး
သူတို့ကိုမငှားသလို မျိုးဖြစ်အောင်လုပ်သေးတာဘဲဗျာ.
-ဟုတ်ကဲ့ ခင်ဗျားအနေနဲ့ အမေစု ဟောပြောတဲ့မိန့်ခွန်းတွေအပေါ်ဘယ်လိုမြင်လဲခင်ဗျ?
ဟုတ်ကဲ့ အမှန်တိုင်းပြောမယ်နော်... ဟဲဟဲ... နားထောင်လို့တော့ကောင်းတယ်ဗျ..
ကျွန်တော်သိတာက ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတုန်းက သူ့အသက် ၂ နှစ်သမီး
ဘဲ၇ှိသေးတယ် လို့ထင်တယ်..ဒါပေမယ့် သူဟောပြောတဲ့အခါတွေမှာ
"ဖေဖေ ပြောသွားဖူးတယ်.. ဖေဖေပြောဖူးတယ်......ဖေဖေ၇ှိတုန်းက ..."
အဲ့ဒါတွေက ကျွန်တော်နားထောင်ဖူးတဲ့ ဟောပြောပွဲတိုင်းနီးပါးပါတယ်လို့ထင်တယ်...
ကျွန်တော်တို့လူငယ် စကားနဲ့ပြောရင်တော့ ဖေဖေ နဲ့လုပ်စားနေတယ်လို့တော့ထင်တယ်ဗျာ..
ဟဲဟဲ..
-ဒါဆိုခင်ဗျားက အမေစုကို အရည်ချင်းမရှိဘူးလို့ပြောချင်တာလား?
အရည်ချင်းရှိလို့ဘဲ .. တတိယကမ္ဘာစစ်မဖြစ်အောင် လုပ်ပေးခဲ့တဲ့ .. ကမ္ဘာက လွတ်လပ်ရေးဗိသုကာ
ကြီးလို့ပြောတဲ့ ကျွန်တော်တို့မြန်မာလူမျိုး ဦးသန့်တောင်မရခဲ့တဲ့.. ငြိမ်းချမ်းရေးနိုဘယ်လ် ဆုကို သူ ၇ထားတာမ ဟုတ်ဘူးလား..
ဟုတ်ကဲ့အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.
ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်..

Friday, 24 February 2012

မိုဘိုင်းလ်ဖုန်းပြဿနာ

ရွှေပြည်တံခွန်က စလိုက်တဲ့ ငါးထောင်တန် Sim Card ပြဿနာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရေးသား နေကြပါတယ်။ အဲဒီအထဲက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ထုတ် Mobile Guide ဂျာနယ်မှာ မိုဘိုင်းဖုန်း နည်းပညာ၊ ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်၊ England နိုင်ငံကနေ MBA (Telecom) ဘာသာရပ်ကို အထူးပြု သင်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဦးပြည်စိုးထွန်းနဲ့ အင်တာဗျူးက စီးပွားရေး ရှုထောင့်၊ နည်းပညာ ရှုထောင့် နှစ်ခုလုံးကနေ သုံးသပ်ထားပြီး ဖတ်ရသမျှထဲမှာ အကောင်းဆုံး ဖြစ်လို့ တင်ပေးလိုက်ပါတယ်။
တင်ဇာအောင် မေးမြန်းသည်။
အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ငါးထောင်တန်ဖုန်း ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ နေရာမှာ အစ်ကို့ရဲ့ အမြင်ကို သုံးသပ်ပေးပါဦး
နှစ်ဖက်စလုံးက ပြောနေတာတွေတော့  ရှိပါတယ်။ ဒီအခြေအနေကို ပြောရမယ် ဆိုရင်တော့ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ဖို့ လိုတယ်။ Improve ဖြစ်ဖို့က အဓိက ဖြစ်ဖို့ လိုတယ်။ ခြုံကြည့်တဲ့ အချိန်မှာလည်း Business Area ဖြစ်တဲ့ ရန်ကုန်လိုမျိုး၊ ဧရာဝတီလိုမျိုးကို ကွက်ြပီး ကြည့်လို့ မရဘူး။ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ရမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ရှိတဲ့ ချင်းတောင် လိုဟာမျိုး၊ ကချင်ပြည်နယ်လို နေရာမျိုးတွေကိုလည်း ကြည့်ရမယ်။ အဲဒီနေရာ မျိုးတွေမှာ Tele density မြင့်ဖို့ ဆိုတာလည်း အစိုးရမှာ တာဝန် ရှိတယ်။ ဒါတွေကို ချန်ထား ပြီးတော့ ရန်ကုန်လို နေရာမျိုးကိုပဲ develop ဖြစ်အောင် လုပ်မယ် ဆိုရင် အခုလို အချိန်မျိုးမှာ ပိုပြီးတောင် အပြောခံရနိုင်တယ်။ ဒီနေရာက develop ဖြစ်တယ်။ ဒီနေရာက မဖြစ်ဘူး ဆိုပြီး ပိုပြီးတောင် အပြောခံရဦးမယ်။ အစိုးရ အနေနဲ့ ဒါတွေကို Setup လုပ်ဖို့ ဆိုတာ နယ်စွန်နယ်ဖျားမှာလည်း setup လုပ်ဖို့ လိုတယ်။ အဲဒီလို လိုတဲ့နေရာမှာလည်း ဖုန်းတစ်လုံးနဲ့ တစ်လုံး ပြောဖို့ဆိုတာ Transmittion Link မရှိဘဲနဲ့ ပြောလို့မရဘူး။ Transmittion Link ရှိဖို့ဆိုတာက backbone တွေ ဘာတွေချဖို့ အများကြီး လိုအပ်တယ်။ အဲဒီ အပေါ် မှာလည်း Cost တွေ အကုန်လုံးက စီးပွားရေးအရ တွက်ချေ ကိုက်တာ မကိုက်တာက နောက်မှထား။ အရေးကြီးတာက Tele density အရ နယ်စွန် နယ်ဖျားတွေမှာ ရှိရမယ်။ ပြီးတော့လည်း improve ဖြစ်ဖို့ဆိုတာက ဒီ cost တွေကို ထည့်တွက် ထားဖို့ မေ့ထား ရမယ်။ နိုင်ငံတော် အနေနဲ့ဆိုရင် ဒါတွေ အရေး မကြီးသေးဘူး။ အဲဒီလိုမျိုး စဉ်းစားပြီးမှ လုပ်တဲ့ အတွက်ကြောင့်လည်း သူ့အနေနဲ့ အခုအချိန်မှာ Cost တွေ ဘာတွေ ကြီးတာ ဖြစ်နိုင်တယ်။

Thursday, 23 February 2012

သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်



တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့သွားရောက်မှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ သူရ ဦးရွှေမန်းဟာ မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်သလို တရုတ်နိုင်ငံဟာ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပေးခဲ့တဲ့အတွက် အခုလို သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"တရုတ် - မြန်မာ နှစ်နိုင်ငံဟာ အင်မတန်မှ ချစ်ခင် ရင်းနှီးတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဟောင်း မိတ်ဆွေစစ် နိုင်ငံ ဖြစ်ပါတယ်။ အရေးကြုံလာလို့ ရှိရင်လည်း မြန်မာ နိုင်ငံဖက်က မှန်မှန် ကန်ကန် ရပ်တည် ဆောင်ရွက်ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်။"

တရုတ်နိုင်ငံက လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် ဘယ်လို အခြေအနေ မျိုးတွေမှာ ရပ်တည်ပေးခဲ့တယ် ဆိုတာကိုတော့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ မကြာခင်ကပဲ မြန်မာလွှတ်တော်မှာ အသုံးပြုဖို့အတွက် ကွန်ပြူတာတွေကို လှုဒါန်း ခဲ့ပါတယ်။ အဲဒီမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကို လက်ခံတွေ့ဆုံပြီး တရုတ်နဲ့မြန်မာဟာ စစ်မှန်တဲ့ မိတ်ဆွေ နိုင်ငံတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစလို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာခဲ့ပါတယ်။

ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေးမှာ ထိခိုက်လေမလား တွက်ဆမှုတွေရှိလာခဲ့ပါတယ်။ အထူးသဖြင့်တော့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်းတလျောက် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စကို ယာယီ ရပ်ဆိုင်းထားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ အခုအစိုးရသစ် သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာနေတာပါ။

မြန်မာအာဏာပိုင်တွေဖက်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကြောင့် တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားကြပါတယ်။

လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်ကို မထွက်ခွာခင် အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ပြည်သူ့ဝန်ထမ်းလစာ တိုးပေးရေးကိစ္စကို အဆိုတင်သွင်း ထားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း မနေ့က ပြုလုပ်တဲ့ စည်းဝေးပွဲ အတွင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူး ဆိုရင် သူကိုယ်တိုင် အပါအ၀င် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
VOA

“နိုင်ငံတော် သမ္မတထံ တင်ပြသည့် စာများထဲမှ မှန်ကန်သော ကိစ္စများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ”့

နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့်စာ ၆၆ဝဝ မှ မှန်ကန်သော အမှုများမှ ဝန်ထမ်းများကိုထောင်ချ ထုတ်ပစ် သည် အထိ အရေးယူ ခဲ့ကြောင်း သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြောကြား လိုက်သည်။ ''တင်ပြစာပေါင်း ၆၆ဝဝ အနက်မှ စိစစ် ပြီး အမှုပေါင်း ၂၇၈ဝ ရှိပြီး ဆက်လက် စိစစ် ဆဲက ၁၉၅၁ စောင် ဖြစ်ပါတယ်။ အဆင့် မမီနဲ့ အကြိမ်ကြိမ် တိုင်ကြားမှုက ၁၉၂၉ စောင်ဖြစ်ပါတယ်။ အဆိုပါ အမှုများ ကို စိစစ်ရာ မှန်ကန်ကြောင်း တွေ့ရှိသူများကို ကျူးလွန်သော ပြစ်မှု အလိုက် ထောင်ချပစ်ခြင်း၊ ထုတ်ပစ်ခြင်း၊ အငြိမ်းစား ပေးခြင်း၊ အဆင့်လျှော့ချခြင်း၊ အဆင့် တိုးမြှင့် မှုရပ်ဆိုင်းခြင်း၊ နေရာပြောင်းရွှေ့ ခြင်း၊ မှတ်တမ်းဝင် သတိပေးခြင်းနဲ့ နှုတ်ဖြင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ပြီး အရေးယူ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်'' ဟု ဝန်ကြီးက ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) မှ ဦးစတီဗင် သာဘိတ်၏ ''ဝန်ထမ်း များအား လစာ တိုးပေးရန် အကြံပြုကြောင်းနှင့် ဌာနဆိုင်ရာတွင် တပ်မတော်မှပြောင်းရွှေ့ လာသူများအား ခန့်ထားသည့် ပေါ်လစီကို ပြန်လည် သုံးသပ်ရန် အစီအစဉ်ရှိ မရှိ'' ဟူသော မေးခွန်းကို ပြန်လည် ဖြေကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုများတွင် တရားရေး ကဏ္ဍ၌ တရားသူကြီးကို တိုင် ကြားမှု ၄၉ စောင်၊ တရားစီရင်မှု ကို တိုင်ကြားမှု ၈၆ စောင် ရှေ့နေကို တိုင်ကြားမှု ၃၉ စောင်၊ တရားမမှုတွင် အမွေမှု ၂၄ စောင်၊ မြေမှု ၃၆၆ စောင်၊ ရာဇဝတ်မှုတွင် အလွဲသုံးစားလုပ်မှု ၅၁ စောင်၊ လူသတ်မှု ၆ စောင်၊မုဒိမ်းမှု ၉ စောင်၊ အမျိုးသမီးမှု ၈ စောင်၊ ညှဉ်းပန်းနှိပ်စက်မှု ၂၉ စောင်၊လိမ်လည်မှု ၆၄ စောင်၊ လာဘ်ပေး လာဘ်ယူမှု ၄၁ စောင်၊ ဘာသာ ရေးဆိုင်ရာ ၂၉ စောင်၊ အရပ်သား အချင်းချင်း တိုင်ကြားမှု ၁၃၂၅ စောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားမှု ၂၁၄ စောင်၊ ရဲတပ်ဖွဲ့ ဆိုင်ရာ ၁၂၆ စောင်၊ဆရာဝန်အား တိုင်ကြားမှု ၁၂ စောင်၊ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်း တိုင်ကြားမှု၄၆ စောင်၊ စည်ပင် ဝန်ထမ်း ၇၂ စောင်၊ ပညာရေး ဝန်ထမ်း ၇၄ စောင်တို့အားစိစစ်ကာ အရေးယူ ခဲ့ကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။ ''တိုင်ကြား တင်ပြ ရာမှာ နစ်နာ သူကိုယ်တိုင်က အမည်၊ မှတ်ပုံ တင်အမှတ်၊ လက်မှတ် (သို့မဟုတ်) လက်ဗွေ၊ ဓာတ်ပုံ၊ လိပ်စာအပြည့် အစုံကို ခိုင်ခိုင်မာမာ အထောက်အထားနဲ့ တိုင်ကြား တင်ပြချက်ကိုသာ အရေးယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မမှန်မကန် တိုင်ကြားစာ ၁၂၆ စောင် လက်ခံ ရရှိခဲ့တဲ့အတွက် အဲဒီသူတွေကို မှတ်တမ်းတင်သတိ ပေးပြီး မနာလိုဝန်တိုမှု၊ လုပ်ကြံမှု၊ အသရေပျက်လိုမှုကြောင့် နောက် နောင်မှာ ထိရောက်စွာအရေးယူ သွားမှာဖြစ်ပါတယ်'' ဟု ဝန်ကြီး က ပြောသည်။ အဆိုပါ တင်ပြစာ (အမှု) များ သည် နိုင်ငံတော် သမ္မတ၏ တာဝန် ပေးချက်အရ သမ္မတရုံးဝန်ကြီးဌာန အနေဖြင့် ၅-၄-၂ဝ၁၁ မှ ၃၁-၁-၂ဝ၁၂ ရက်နေ့အထိ ကာလ အတွင်း တင်ပြလာခြင်းဖြစ်ကြောင်း၊ ယင်းအမှုများ အပါအဝင် ဆက် လက်ဆောင်ရွက် အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။
                                                                                                                     Popular Myanmar News Journal

"ရန်ကုန်ဆိပ်ကမ်းအား ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်တော့မည်"

ရန်ကုန် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ချိန်၃၅ဝဝဝအထိရှိသော ရေယာဉ်ကြီးများဝင်ထွက်သွားလာနိုင်ရန်နှင့် လက်ရှိဆိပ်ခံတံတားများအား အဆိုပါသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ပြုပြင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်ကပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသည်။

''အခု လောလောဆယ် ရန် ကုန်ဆိပ်ကမ်းကို ဝင်ထွက်နေတဲ့ တန်ချိန်တစ်သောင်းခွဲ ရေယာဉ်ေ တွ အစားတန်ချိန် သုံးသောင်းကနေ သုံးသောင်းခွဲအထိ ရှိတဲ့ ရေယာဉ် ကြီးတွေ ဝင်ထွက် လို့ရအောင် ရည်ရွယ်ထားပါတယ်။ အဲဒီလို ဝင်ထွက်လို့ရအောင်နဲ့ ရေလမ်း ကြောင်းမှာ လုံခြုံစိတ်ချရဖို့အတွက် အဲဒီယာဉ်တွေဆိုက်ကပ်နိုင်ဖို့ လက်ရှိဆိပ်ခံတံတားတွေကို ခံနိုင် ဝန်ကောင်းအောင် ပြုပြင်မွမ်းမံသွားဖို့ ရှိပါတယ်'' ဟု ဝန်ကြီးကရန်ကုန် တိုင်းဒေသကြီး၏ မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး ၏ ''ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည် ဖော်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကိုပြန်လည်သုံးသပ် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ''ဟူ သောမေးခွန်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးရေး Conceptual Plan ကို ၂ဝ၁ဝ ပြည့်နှစ်မှ စ၍ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး သီလဝါ အထူးစီး ပွားရေးဇုန်ဖွံ့ဖြိုးရေး စီမံကိန်းကို ယခု နှစ်မှစတင်ကာ အကောင်အထည် ဖော်ဆောင် ရွက်နေကြောင်း၊ ယင်း သို့ဆောင်ရွက်ရာတွင် အနာဂတ် ကာလ၌သီလဝါ အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်ဆိပ် ကမ်းများ၏ အလားအလာများကိုပါ ထည့်သွင်း စဉ်းစား၍(In Line) ဖြစ်ေ အာင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရ သည်။လက်ရှိအနေအ ထားတွင် သီလဝါဆိပ် ကမ်းအပါအဝင် ရန်ကုန်ဆိပ်ကမ်း၌ နိုင်ငံတကာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် International Wharf ၂၃ စင်းရှိ ကာ ကုန်သေတ္တာစခန်း သုံးခု ရှိပြီး နိုင်ငံတကာ ကုန်တင်ရေ ယာဉ်ကြီး များဝင်ရောက်မှုအနေဖြင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်တွင် ၁၁၇၁ စင်း ရှိရာမှ ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေး နှစ် တွင် ၁၇၇၅စင်းအထိ ၅၁ ရာခိုင်နှုန်း ဝင်ရောက်မှု တိုးတက် များပြားလာခဲ့ကြောင်း၊ ကုန်စည် ကိုင်တွယ်မှုအနေဖြင့်(ကုန်သေတ္တာ အပါအဝင်) ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာ ရေးနှစ်တွင် မက်ထရစ်တန် ၁ဝ ဒသမ ၇၇ သန်းမှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၁၇ သန်း (၆ဝ ရာခိုင်နှုန်းခန့်) တိုး တက်ကိုင်တွယ်ခဲ့ရပြီးBerth Occupancy Ratio သည်လည်း ၇ဝ ရာခိုင်နှုန်းသို့ရောက်ရှိနေ ပြီဖြစ် ကြောင်းဝန်ကြီး၏ အဆိုအရ သိရသည်။ထိုကဲ့သို့ ရေယာဉ်ကြီးများ နှင့် ကုန်စည်များ တိုးတက်လာပြီး တံတားများတွင် သင်္ဘောဆိုက်ကပ် မှု အခြေအနေ တိုးတက်လာေ သာ ကြောင့် ရန်ကုန်ဆိပ် ကမ်းအား တိုးချဲ့ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းရှင်းပြ သည်။ရန်ကုန် ဆိပ်ကမ်းသည် ပင် လယ်ဝမှ ၃၂ကီလိုမီတာ ခန့် ဝေး ကွာပြီးတစ်နိုင်ငံလုံး၏ ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုအားလုံး၏ ၈ဝ ရာခိုင်နှုန်းကျော်ကိုကိုင်တွယ် ဆောင်ရွက်နေရကြောင်း လက်ရှိ တွင်နိုင်ငံတကာရေယာဉ်(သင်္ဘော) ကြီးများသည်ရန်ကုန်မြစ်ဝရှိရေ အောက် သဲခုံနှစ်ခုဖြစ်သည့်အပြင် စည်းခုံနှင့်သန်လျက်စွန်း အနီးရှိအတွင်း စည်းခုံတို့ကိုရေပြည့် ချိန်တွင် ဖြတ် သန်းနေရပြီးမြစ်၏ ကွေ့ဝိုက်နေ သော အနေအထားကြောင့် အကြီး ဆုံးတန်ချိန် ၁၅ဝဝဝရှိသောရေယာဉ်ကြီးများသည်ရန်ကုန် ဆိပ်ကမ်းသို့ လည်းကောင်း၊ တန်ချိန် ၂ဝဝဝဝ ရှိ သောရေယာဉ်ကြီးများသည်သီလဝါဆိပ်ကမ်းသို့လည်းကောင်း၊ နေ့အချိန်တွင် ဖြတ်သန်းဝင်ထွက်နေရ ကြောင်းသိရသည်။
                                                                                                                                 Popular Myanmar News Journal

“အစိုးရ ဝန်ထမ်းများ လစာ သင့်တင့်သော အခြေအနေ တစ်ခုအထိ တိုးမြှင့် ပေးသင့်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့ ပြောကြား”

လာမည့် ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အစိုးရဝန်ထမ်းလစာများကို ရာခိုင်နှုန်းပြည့် မဟုတ်သော်လည်း သင့်တော်မည့် အခြေအနေ တစ်ခုသို့ ရောက်ရှိအောင် ဆောင်ရွက် ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့၏ ဖြေကြားချက်များအရသိရသည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တင်သွင်းခဲ့သော ဝန်ထမ်းများ၏ လစာနှုန်းထား တိုးပေးရေး အဆိုကို ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ပြန်လည် ဖြေကြားပြီးသည့်နောက်ပိုင်းတွင်ပေါ်ပြူလာ နယူးစ်က လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးခန့်အား မေးမြန်းခဲ့ရာ ၄င်းတို့က အထက်ပါအတိုင်းပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ ''ပြည်သူတွေ မျှော်လင့်ထား တဲ့အချိန် ဒီလို ပိတ်ပင် လိုက်တော့ အလုပ် ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာအခန်း ကဏ္ဍလေးတွေ ရှာဖွေ ဖော်ဆောင် နိုင်ဖို့လိုပါတယ်။ ရာနှုန်းပြည့်မဟုတ် တောင် စတိလေးတော့ လုပ်ပေး သင့်တယ်။ ဒီနှစ်အတွက် ၁ဝဝရာခိုင် နှုန်းမဟုတ်တောင် ၁ဝ ရာခိုင်နှုန်းတော့ ဖြည့်ဆည်း ပေးပို့ သင့်ပါတယ် ကျွန်တော်တို့လည်းထောက်ခံ ထားခဲ့တာပါ''ဟု
ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က ဆိုသည်။ အဆိုပါ ဝန်ထမ်းလစာများ တိုးပေး နိုင်ရန်အတွက် လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ စက်မှုလုပ်ငန်းများတွင် အကျိုးမဖြစ်ထွန်းသည့် လုပ်ငန်းများ၊ မအောင်မြင်နိုင်သည့် လုပ်ငန်းများကိုရပ်ဆိုင်း၍သော် လည်းကောင်း၊ လျှော့ချ၍သော် လည်းကောင်း တစ်နည်းနည်းဖြင့် အသုံးပြုရမည့် ဘတ်ဂျက်ကို ဝန် ထမ်းများ၏ လစာအတွင်းသို့ထည့်သွင်းပေးသင့်ကြောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။''အစိုးရ
ဝန်ထမ်းဟာလည်းအရေးပါတဲ့ ပြည်သူတွေပဲ။ ဖူလုံ အောင်လုပ်ပေးသင့်တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆိုကို ကျွန်တော် အပါအဝင် အားလုံးနီးပါး ထောက်ခံကြတယ်။ အောက်ခြေ ဝန်ထမ်းရဲ့ လိုငွေက ၁၉၅၉-၆ဝ ခုနှစ်နဲ့ တွက်ကြည့်ရင် နှစ်သိန်းဝန်း ကျင်တော့ ဖြစ်သင့်တယ်။ဝန်ထမ်းတွေ အဆင်ပြေဖို့ လိုတယ်။ မဖြစ်နိုင် တဲ့အဆုံး နည်းနည်းတော့ တိုးပေး သင့်ပါတယ်''ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရွှေမောင်ကဆိုသည်။ လက်ရှိ အခြေအနေတွင်
ဝန်ထမ်း လစာများသည် ယခင် ကာလ အတိုင်း ထားရှိသွားမည်ဆိုပါက ဝန်ထမ်း များအကြား အဂတိ လိုက် စားခြင်း၊ လာဘ်ပေး လာဘ်ယူခြင်း အစ ရှိသည့် ဆိုးကျိုးများ ထပ်မံကြုံ တွေ့လာဖွယ် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် များ၏ အဆိုအရ သိရသည်။
''ဝန်ထမ်း အခြေခံလစာနှင့် သူတို့ မိသားစုကို စားသောက် ကျွေးမွေး သွားရ မယ်ဆိုရင် လောက်မ လောက်ကို အများသူငါ သိနေတာ ပဲ။ မတိုးလို့ မလောက်ရင် ရသလို၊ ဖြစ်သလို ငွေကို ရှာလာကြမယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ပြေး မလွဲပါဘူး''ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ ၏ အမြင် ကိုပြောသည်။ယခုအခါ အဆိုပါ ဝန်ထမ်းလ စာများ၏ အခြေအနေသည် အမျိုး သားလွှတ်တော်၊ ပြည်သူ့ လွှတ် တော်နှစ်ရပ်စလုံး ပြင်ပတွင် ထပ်မံ ဖြစ်လာ နိုင်သည့် အခြေအနေကို ညှိနှိုင်း ဆွေးနွေး နေကြပြီး တိကျမည့် အဖြေ တစ်ခုကို စောင့်ဆိုင်း နေကြ ကြောင်း သိရသည်။ ''ရှဉ်လည်းလျှောက်သာ ပျား လည်းစွဲသာ ဖြစ်ဖို့တော့လိုပါတယ်။ သမ္မတကြီး ကိုယ်တိုင် ကလည်း ဝန်ထမ်း တွေရဲ့ လစာကို ညှိနှိုင်း လုပ်ဆောင်ပေး သွားဖို့ ပြောထားတာပဲ။ လုပ်ကို လုပ်ပေးရမှာပါ။ ဒါပေမဲ့ အချိန် ကန့်သတ်ချက် တစ်ခုတော့ ရှိဦးမှာပေါ့။ အခြေအနေက ပထမ ဆုံးတင်ပြ။ ပြီးမှညှိနှိုင်း။ ဒါပြီးမှ ဆုံးဖြတ်ချက် ချရမှာပါ။ ဆုံးဖြတ် ချက်ချဖို့တော့ လိုနေသေးတယ်''ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ကပြောကြားခဲ့သည်။ အဆိုပါ ဝန်ထမ်း လစာကိစ္စများ နှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ''နိုင်ငံတော်ရဲ့ အရ အသုံး ဘတ်ဂျက်ကို တိုင်းတာဖို့ လိုပါတယ်။ အသုံးငွေကို
ကြိုးစားပြီး ချွေတာ တဲ့အခါ၊ စိစစ်ပြီးသုံးတဲ့အခါ ဌာန တစ်ခုစီ အလိုက် သာမန်ငွေ ထွက်လာမှာပါ။ ရာခိုင်နှုန်းပြည့်လုပ် ပေးလို့မရရင်တောင် ၅ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းပေါ့။ တော်တော် တန်တန်လစာကို အသုံးပြုလို့ရပါ တယ်။ ဒီထက် လုပ်ပေးနိုင်ရင် ပို ကောင်းပါလိမ့်မယ်''ဟု ဆိုသည်။ လက်ရှိတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၏အဆိုကို ကန့်ကွက်သူ မရှိကြောင်း အမျိုးသား လွှတ်တော် နှင့် ပြည်သူ့လွှတ်တော်မှ ကိုယ်စား လှယ်ဦးရေ ၂ဝ ခန့်ကို မေးမြန်း ကြည့်ရာမှ သိရှိရခြင်းဖြစ်သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၏ ပြော ကြားချက်အရ ၁၉၅၉-၆ဝ ခုနှစ် စပါးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အနိမ့် ဆုံးမြို့ပြဝန်ထမ်းတစ်ဦး သို့မဟုတ် တပ်မတော်သားတစ်ဦး၏
လစာသည် ကျပ် ၈၂ဝဝဝ နှင့် အမြင့်ဆုံးဝန်ထမ်း တစ်ဦး၏လစာမှာ ကျပ် ၁၆ဝဝဝဝဝ အထိ တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း၊ သို့ပါ၍ လစာနှင့်စရိတ် စုစုပေါင်း ကျပ် ၃၃ဝ၉ ဒသမ ၂၈၆ ဘီလီယံ သုံးစွဲရမည်ဖြစ်ပြီး လက်ရှိပေးနေရ သောလစာနှင့် စရိတ်စုစုပေါင်း ကျပ် ၉၁၁ ဒသမ ၃၈၅ ဘီလီယံထက် ကျပ် ၂၃၉၇ ဒသမ ၉ဝ၁ ဘီလီယံ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း သိရ သည်။
''အငြိမ်းစားဝန်ထမ်းများရဲ့ ပင် စင်လစာကို ဝန်ထမ်းလစာ တိုး သလို လိုက်လျောညီထွေတိုးမြှင့် ရမှာဖြစ်တဲ့အတွက် ပင်စင်လစာ စုစုပေါင်း ကျပ် ၁၉၂၅ ဒသမ ၂၈၂ ဘီလီယံသုံးစွဲရမှာဖြစ်ပြီး လက်ရှိ ပင်စင်လစာ ကျပ် ၃၃၅ ဒသမ ၄၁၅ ဘီလီယံထက် ကျပ် ၁၅၈၉ ဒသမ ၈၆၇ ဘီလီယံပိုမိုကုန်ကျပါ မယ်''ဟု ပြည်ထောင်စု ဝန်ကြီးဦးလှထွန်းက လွှတ်တော်ကိုယ်စား လှယ်များအား ရှင်းလင်း ပြောကြား သွားခဲ့သည်။
ယခုအခါ ၂ဝ၁၂-၁၃ ဘဏ္ဍာ ရေးနှစ်အတွက် ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်း လိုငွေသည် ကျပ် ၂၅၁၇ ဒသမ ၈၈၈ ဘီလီယံ ဖြစ်နေသောကြောင့် ၁၉၅၉-၆ဝ ခုနှစ်၏ တန်ဖိုးအတိုင်းရရှိရန် လစာ တိုးမြှင့်လိုက်ပါက ဘတ်ဂျက်လိုငွေ မှာ ကျပ် ၆၆၁၂ ဒသမ ၇၂၈ ဘီလီယံ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ကြီးက ဝန်ထမ်းများ၏ လစာကို ၁ဝဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်း များဖြင့် တွက်ချက်ရှင်းလင်းသွားကြောင်း သိရသည်။
အနှစ်ချုပ် တွင် ဝန်ကြီးက နိုင်ငံ့ ဝန်ထမ်း များ၏ လစာလုပ်ခများ တိုး မြှင့် ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက် အောင်ဆောင်ရွက်ပြီး ၂ဝ၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ
သာ တိုးမြှင့်ရေးကို ဆောင်ရွက်သင့် ကြောင်းနှင့် ယခုလာမည့် ၂ဝ၁၂-၁၃ ဘဏ္ဍာရေး နှစ်တွင် ဝေးလံခေါင် သီသောဒေသများ၌ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းဦးရေ ၃၇၈၁၇ ဦးကိုသာ ငဲ့ညှာထောက် ထားသောအားဖြင့် ဒေသစရိတ်နှုန်း ထားများကို တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် သို့ တင်ပြသွားခဲ့သည်။
 
                                                                                                                                                            Popular Myanmar News Journal

 

Wednesday, 22 February 2012

တစ်လကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆို



ဓါတ်ပုံ(EMG)
ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား အနိမ့်ဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ကြောင်း၊ ထိုက်သင့်သော အခွန်နှုတ်ပယ်ပါက တစ်လရှစ်သောင်း၊ ကိုးသောင်းကျပ်ပေးသင့်ကြောင်း၊ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကထံ ဖေဖော်ဝါရီ လ ၂၁ရက်နေ့က ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ''မိမိအနေဖြင့် ၇-၂- ၂၀၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်နှင့် အဆိုပြုချက်များကို ကန့်ကွက်သူမရှိ အားလုံးထောက်ခံခဲ့ပါသည်။ သို့ရာတွင် ၁၆- ၂-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုဝန်ကြီးများမှ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြချက်များမှာ အကျဉ်းချုပ်အားဖြင့် ၀န်ထမ်းများအား လစာတိုးပေးလိုသော်လည်း လက်ရှိအခြေအနေအရ တိုးမြှင့်ပေးနိုင်ခြင်းမရှိဘဲ ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်သူများ၏ လစာငွေကိုတိုးမြှင့်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထိုသို့တင်ပြချက်များမှာ အုပ်ချုပ်ရေးအဖွဲ့က တင်ပြထားသော စီမံကိန်းများ၊ ပရောဂျက်များအတိုင်း ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုရေး၊ ဥပဒေပြုပေးနိုင်ရန်နှင့် ထိုဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု သဘောပါရှိပါသည်။
ထိုဥပဒေပြုရေးတာဝန်သည် ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်ဖြစ်ပြီး ပြဋ္ဌာန်းအတည်ပြုထားသော ဥပဒေများအတိုင်း သက်ဆိုင်သူများ၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ညီညွတ်စွာ လုပ်ဆောင် ခြင်း ရှိ မရှိကို ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်များက စောင့်ကြည့် လေ့လာသုံးသပ်ဆောင်ရွက်စေရန် ဖြစ်ပါသည်။ ထို့ကြောင့် တင်ပြလာသော စီမံကိန်းများ၊ ပရောဂျက်များကို စိတ်ကောင်းစေတနာဖြင့် ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုကြစေရန် ဥပဒေပြုအဖွဲ့အစည်းများက စောင့်ကြည့်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ လွှတ်တော်ကျင်းပနေသည့် ယနေ့ကာလတွင် ယင်းကိစ္စကို အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် အချိန်ပေးပြီး စေ့စေ့စပ်စပ် လေ့လာဆောင်ရွက်ရမည့်အချိန်လည်း ဖြစ်ပါသည်။ စိစစ်လေ့လာသုံးသပ်ချက်များအရ ပိုထွက်လာသောငွေများကို ပြည်သူ့ဝန်ထမ်းများအား  ၎င်းတို့ အခြေခံစားဝတ်နေရေးအတွက် လုပ်ခ၊ လစာများ သတ်မှတ်ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု အစိုးရအဖွဲ့က ခံယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယနေ့ နေပြည်တော်အတွင်းရှိ အလုပ်သမားများ၏ လုပ်ခများကို လေ့လာတင်ပြလိုပါသည်။ လုပ်ငန်းစတင်ဝင်ရောက်လုပ်ကိုင်သည့် အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၂၀၀၀ နှုန်း ဖြစ်ပြီး တစ်လကျပ်ခြောက်သောင်း၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၃၀၀၀၊ တစ်လ ကျပ် ၁၀၀၀၀၀၊ လုပ်သက်နှစ်နှစ် သုံးနှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၄၀၀၀၊ တစ်လကျပ် ၁၂၀၀၀၀၊ လုပ်သက်သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၅၀၀၀  တစ်လ ကျပ် ၁၅၀၀၀၀ ရရှိသည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ပါသည်။ အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း ၀န်းကျင်ရရှိသောသူအား ထိုက်သင့်သောအခွန်နှုတ်ပယ်ပါက တစ်လ ကျပ်ရှစ်သောင်း ကိုးသောင်း ပေးသင့်ပါသည်။ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ပါသည်။ ထိုသို့ လစာငွေအနိမ့်ဆုံးပေးရန်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ်ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်းစီမံကိန်းများအား FDI,BBB  သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်းများအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲလုပ်ဆောင်စေခြင်းများမှ ပေါ်ထွက်လာသောငွေများကို ၀န်ထမ်းလစာအဖြစ် ပြောင်းလဲပေးလျှင် ရာခိုင်နှုန်းတစ်ခုအထိ လာမည့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက်အစကတည်းက လ စာများတိုးမြှင့်နိုင်မည်ဟုတွေ့မြင် သိ ရှိထားပါသည်။ ၎င်းစီမံကိန်းလုပ် ငန်းများမှာ စက်မှုဖွံ့ဖြိုးရေးစီမံကိန်း နှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်း တို့ဖြစ်ပြီး ဆက်လက်စိစစ်ပါက ပေါ် ထွက်လာနိုင်သော အခြားစီမံကိန်း များလည်းရှိနိုင်ပါသည်။
ထို့ပြင် ၀င်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းတွင် အခွန်ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွန်ဥပဒေများနှင့် အခွန်ကောက်ခံမှုစနစ်များအား ကောင်းမွန်ရေး၊ အများပြည်သူများအား အခွန်ထမ်းဆောင်လိုစိတ်ရှိသော၊ ထမ်းဆောင်နိုင်သော ၀င်ငွေ၊ လုပ်ခ၊ လစာများကို သတ်မှတ်ပေးရေးနှင့် အခွန်ကောက်ခံမှုစနစ်ဥပဒေကို အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က တိုက်တွန်းသွားရန်လည်း မိမိကအဆိုပြုလိုပါသည်။ ပြည်သူများ၏ ဘဏ္ဍာငွေများကို ပြည်သူ့ကိုယ်စားလှယ်များက သေချာစွာစစ်ဆေးပြီး မသုံးသင့်သည်များ၊ မကုန်သင့်သည်များကို စနစ်တကျ ပြည်ထောင်စုလွှတ်တော်မှစိစစ်ဆောင် ရွက်ပေးပါက ၀န်ထမ်းများ၏လစာ နှင့်စရိတ်အားအတိုင်းအတာတစ်ခုအထိ အမှန်တကယ် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ၀န်ထမ်းကောင်းမှ အစိုးရကောင်းမှာဖြစ်သလို အစိုးရကောင်းမှ နိုင်ငံနှင့်ပြည်သူများအ ကျိုးခံစားခွင့်ရမည်ဖြစ်ပြီး ၀န်ထမ်းများကို နိုင်ငံတော်၏ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စေတနာထား အသိအမှတ်ပြုမှုကို လက်တွေ့ခံစားရရှိကာ စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်စွာဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် စွမ်းအင်များ တိုးမြှင့်ရရှိ လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကျင်းပနေသော ပြည်ထောင်စုလွှတ်တော်ကြီးက နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများအား စေတနာအမှန်ဖြင့် လေ့လာသုံးသပ်၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွား နိုင်ငံဂုဏ်၊ ပြည်ထောင်စုလွှတ်တော်၏ဂုဏ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်ကိုဖော်ဆောင်ပေးရန် လိုအပ်ကြောင်း သ၀ဏ်လွှာပေးပို့ပါသည်''ဟု ပြောကြားခဲ့သည်။    
                                                                                                                  Eleven Media Group

သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား



ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း
မြတ်ဇေ၊
ရန်ကုန်၊ ဇန်န၀ါရီ-၂၂
သတ်္တိမရှိခြင်သည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု  မိမိထင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံတွင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွေ့ဆုံပွဲတွင် ၄င်းကအထက်ပါအတိုင်းပြောကြား သွားခဲ့ခြင်းဖြစ်သည်။
    ““သတိ္တမရှိဘူးဆိုတာကို မှားရင်လဲမှာမယ်ပေါ့။ ပြောမယ်ဆိုရင်  တော့ သတိ္တမရှိတာဟာလဲ အဂတိ တရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ။ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကိုဒုက္ခ ရောက်မှာကြောက်တယ်ဆိုတာက လဲ ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ် ”” ဟု သူရဦးရွှေမန်းက ဆိုသည်။
    လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဂတိကိုဖြစ်စေသော အပြုအမှုများမဖြစ်စေရန်၊ အလားတူမိမိတို့က ဆောင်ရွက်ပေး လိုက်သောလူများကိုလည်း အဂတိကိုဖြစ်စေသော၊ အဂတိကို ရှေ့ရှုသောအဖြစ်မျိုးမဖြစ်စေရန် မိမိ အနေဖြင့်တိုက်တွန်းလိုကြောင်း၊ သူများကို တိုက်တွန်းသလို မိမိအနေ နဲ့ လဲလုပ်ရမည်သာဖြစ်ကြောင်း ၊ ထိုပြင် မိမိ၏ လူများကိုလဲ တိုက်တွန်းထားကြောင်းး ၊ သို့သော် ၄င်းတို့ကြောက်နေဆဲသာဖြစ် ကြောင်း၊ ခေတ်ပြောင်းစနစ်ပြောင်း လာပြီဖြစ်ကြောင်း၊ မိမိတို့သည် ပြည်သူများ၏ကိုယ်စားလှယ်များသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကပြောကြား သည်။
    ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းသည် အထက်ပါ အခမ်းအနားတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုသော စကားလုံးကိုဆယ်ကြိမ်ထက်မက ပြောကြားသွားခဲ့သည်။
    ““ကျွန်တော်က လွှတ်တော်ထဲမှာလဲ ရဲရဲဝံ့ဝံ့သတိ္တရှိရှိဆိုတဲ့ စကားလုံးကိုပြောခဲ့ပေးမယ့် သတင်းထဲမှာကျတော့ ရဲရဲဝံ့ဝံ့ဆိုတဲ့ စကားတော့ပါပြီးသတ်္တိဆိုတာမပါလာဘူး”” ဟု သူရဦးရွှေမန်း ကလွှတ်တော်အတွင်းဆွေးနွေးခဲ့ သောအချက်အလက်များနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
    ဆက်လက်ပြီး၎င်းက သတိ္တနှင့် ပတ်သက်သည့် အကြောင်း အရာများကိုပြောကြားရာတွင် သတိ္တမရှိပါကအကုန်ဆုံးရှုံးတတ်ကြောင်း၊သတိ္တသည် မိုက်မဲခြင်းနှင့် မယှဉ်နိုင်သောတာဝန် ကျေပွန်မှုပင်ဖြစ်ကြောင်း၊ လူအများသည် ကောင်းသည်ဟု ပြောခံရခြင်းထက် သတိ္တရှိသည်ဟု ပြောခံရခြင်းကို ပိုမိုနှစ်သက်သည်ကြ ကြောင်း စသဖြင့် သတိ္တရှိခြင်းနှင့် ပတ်သက်သည့် စကားပုံများကိုလဲ ပြောကြားသွားခဲ့သည်။
    အဆိုပါအခမ်းအနား တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အမှာစကားပြော ကြားသွားခဲ့သည့် အချိန်၌ သတိ္တနှင့် ပတ်သက်သည့် စကားများပြောကြား သွားခြင်းကြောင့် တက်ရောက်လာ သော စီးပွားရေးပညာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်းတို့တင်ပြလိုသည့်အကြောင်း အရာနှင့် ပတ်သက်ပြီးပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးသွားခဲ့ကြသည်။
    ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ၀န်ထမ်းများလစာထိုးရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင်တင်ပြဆွေးနွေးခဲ့ခြင်း များကိုထပ်မံရှင်းလင်းပြောကြား သွားခဲ့သည်။
  The Express Times
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း

                                                                                                                                             သစ်ထူးလွင်

လစာတိုးရန်ပြောသည့်ကိစ္စသည် ပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း သူရဦးရွှေမန်းပြောကြား

 
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းရခြင်းမှာ - နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ပြည်သူများထံမှ အခက်အခဲများကို ယခုကော်မ ရှင်မှတဆင့် ကူညီဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေနှင့် ဦးဋ္ဌေးမြင့် အပါအ၀င်အဖွဲ့ဝင် စုစုပေါင်း (၄၆)ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များအပါအ၀င် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဥာဏ်များပေးလိုပါက ယခုကော်မရှင်မှ တဆင့်လွှတ်တော်သို့ ဝေဖန်အကြံပြုနိုင်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ အဓိကအားဖြင့် ဆွေးနွေးရာတွင် ၀န်ထမ်းများ၏ လစာစရိတ်များတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေကြေး၏ဖောင်းပွမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများကို ဖော်ဆောင်ရာတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာဖြင့် ပကတိအရှိတရားအတိုင်း ပါဝင်ဆွေးနွေးနိုင်ပြီး အချိန်ကန့်သတ်ချက်ရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကော်မရှင်သို့ စာဖြင့်ဆွေးနွေးအကြံပြုနိုင်ကြောင်း ၊အပြုသဘောဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
လွှတ်တော်တွင် ၄င်းပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ သတင်းစာများတွင် ဖော်ပြရာ၌ ပြည့် ပြည့်စုံစုံမဟုတ်ဘဲ ဖြတ်တောက်ထားသည်ကို တွေ့ရပါကြောင်း၊ မိမိပြောကြားချက်များအား အပြည့်အစုံဖော်ပြပါက မိမိအားထိခိုက်နိုင်သည်ဟု ယူဆပြီး ဖြတ်တောက်ထားခြင်းမျိုးဆိုသည်လား မသိကြောင်း၊  ၀န်ထမ်းများ လစာတိုးရန်ပြောသည့် ကိစ္စတွင် မိမိအားအကောင်းဘက်မှ ပြောကြားသူများရှိသကဲ့သို့ ဝေဖန်သည့်ဘက်မှ ပြောကြားသူများလည်းရှိကြောင်း၊ ယခုအချိန်၌ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်၍ ဆွေးနွေးအကြံပေးရာတွင်လည်း ယခင်ကကဲ့သို့ အကြောက်တရားမရှိဘဲ သတ္တိရှိရှိ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ၀န်ထမ်းများ လစာတိုးသည့်ကိစ္စနှင့်ပတ် သက်၍လည်း မိမိအနေဖြင့် အလျော့ပေးသွားမည်မဟုတ်ပဲ ၀န်ထမ်းများ လစာတိုးမြှင့်ရရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစာတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ကိုလည်း ဖြေရှင်းရန် စဉ်းစားသွားရမည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ထမ်းများလစာတိုးရန်နှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး ပြောကြားခဲ့ခြင်းအပေါ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲဆွယ်စည်းရုံးခြင်း မျိုးလားဟု ပြည်သူများအကြား၌ ပြောကြားမှုအချို့ ရှိနေခြင်းအပေါ် ဥက္ကဋ္ဌကြီး၏ အမြင်အားသိရှိလိုပါကြောင်း သတင်းသမားတစ်ဦးကမေးမြန်းခဲ့ရာ ''၀န်ထမ်းတွေ လစာတိုးပေးဖို့ ပြောကြားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

''ကျွန်တော် ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာဖေမြင့်ပါ ခင်ဗျာ့  ကျွန်တော်တို့နားထောင်နေရင်းနဲ့ ဥက္ကဋ္ဌကြီးပြောတဲ့အထဲမှာ ပါလာတဲ့ အချက်တစ်ခုကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဥက္ကဋ္ဌကြီးပြောသွားတဲ့မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ မီဒီယာတွေအားလုံးကနေပြီးတော့ ဖြတ်တောက်မှုရှိတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ အတွက်ဆိုရင် အင်မတန်မှ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ အဲဒီဖြတ်တောက်ခြင်းသည် ဥပဒေပြုမဏ္ဍိုင်က ပုဂ္ဂိုလ်တစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ပြန်ပြီးအပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းရဲ့ဘောင်ထဲမှာ ၀င်သလား မ၀င်ဘူးလားဆိုတာကို သိချင်ပါတယ်။ တဆက်တည်းမှာပဲ အဲသလို လွတ်လပ်စွာပြောဆိုခွင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ တဆက်တည်း ကျွန်တော်တို့လို စာနယ်ဇင်း သမားတွေရဲ့ လွတ်လပ်စွာရေးသားခွင့်တွေကို စိစစ်ဖြတ်တောက်တယ်ဆိုတာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်သူ့ရပိုင်ခွင့်တွေထဲက လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဟာကို ကန့်သတ်ရာရောက်ပါသလား။  တနည်းပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိသလား မရှိဘူးလား ဆိုတဲ့အချက်ကလေးကို ကျွန်တော်သိချင်ပါတယ်''ဟု ဦးဖေမြင့်၏ မေးမြန်းချက်အပေါ် ဥက္ကဋ္ဌ သူရဦးရွှေမန်းက '' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာအမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များကဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်ဆွေးနွေးတင်ပြခဲ့ပြီး မီဒီယာများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
                                                                                                                          Eleven Media Group

‎"ဆင်းရဲသားရပ်ကွက်များ၌ မီတာသုံးစွဲခထက် ထိန်းသိမ်းခများနေခြင်း ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်"

ဆင်းရဲသားရပ်ကွက်များ၌ မီတာသုံးစွဲခထက် မီတာထိန်းသိမ်းခ များပြားနေခြင်းကို ပြည် ထောင်စု အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ တွင်ကျင်းပခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှ...တ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်က ရန်ကုန်မြို့အတွင်း နေအိမ်သုံး လျှပ်စစ်ဓာတ်အားများ သုံးစွဲခ ကောက်ခံရာ၌ မီတာထိန်းသိမ်းခ လစဉ်ကျပ် ၁ဝဝဝ အပိုကောက်ခံ နေသည်ကို မည်ကဲ့သို့ ဆောင်ရွက်ပေးပါမည် နည်းဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်က ''ဆင်းရဲသားရပ်ကွက်တွေမှာ သုံးစွဲမှုသိပ်မရှိလို့ မီတာခက ၂ဝဝ လောက်ပဲကျတာ မျိုးတွေရှိပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းခက ၁ဝဝဝ ပေး နေရပါတယ်။ ဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့က သိပါသလား။ သိပါက မည်ကဲ့သို့ဖြေရှင်းပေး ပါမည်နည်း''ဟု မေးမြန်းခဲ့သည်။ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီးက မီတာထိန်းသိမ်းခ ကောက်ခံရခြင်းနှင့်ပတ်သက်၍ ''မီတာထိန်းသိမ်းခ ဆိုတာက သုံးစွဲသူတွေ ဘယ်အချိန်မှာသုံးသုံး သုံးလို့ရအောင် အချိန်အခါ မရွေး သုံး စွဲနိုင်ရေးအတွက် မီတာဓာတ်အား ထိန်းသိမ်းပေးထားမှုအပေါ် ကောက်ခံတဲ့ပုံသေ တန်ဖိုးပါ။ နိုင်ငံတကာမှာ လည်း ရှိပါတယ်။ ဒီပုံသေနှုန်း ကောက်ခံမှုကို တိုင်းဒေသကြီးအစိုး ရအဖွဲ့ကလည်း သိပါတယ်''ဟု လွှတ်တော် ကိုယ်စားလှယ်၏ အမေးကို ပြန်လည်ဖြေကြားသည်။ ပုံသေနှုန်းထားမှာ ပြည်ထောင်စု အစိုးရအဖွဲ့မှ တရားဝင်သတ်မှတ် ပေးထားခြင်းဖြစ်ပြီး ဆင်းရဲသား ရပ်ကွက်များ၌ မီတာသုံးစွဲခထက် ထိန်းသိမ်းခ များနေသည်ဆိုပါက လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးမည်ဟု လျှပ်စစ် ဝန်ကြီးက ဆက်လက်၍ပြောသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စတင်လျှောက်ထားရာ၌ သိန်း ဂဏန်းဝန်းကျင်အထိ ငွေကြေး ကုန်ကျရခြင်းမှာလည်း မီတာသတ်မှတ်ကြေး ခြောက်သောင်း၊ အာမခံကြေး လေးထောင်၊ ကြီးကြပ်ခ ငါးထောင်၊ မှတ်ပုံတင်ခတစ်ထောင်နှင့် မီတာပုံးခွန်ကြေး ၁၅၅ဝဝ ပေးသွင်းရခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက ထပ် လောင်းပြောသည်။
                                                                                                      Popular Myanmar News Journal

နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာမှ ဘောက်ချာဖြင့် မည်သူမဆို ကန်ဒေါ်လာတစ်သောင်း ကိုင်ဆောင်ခွင့်ရရှိပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား


”ကန်ဒေါ်လာ တစ်သောင်း ကလူတိုင်းကိုင်ဆောင်သုံးစွဲနိုင်တဲ့ ပုံစံရှိတယ်။ နိုင်ငံတကာမှာလည်း ဒီလို ဒေါ်လာတစ်သောင်းလောက် က အစစ်အဆေးအမေးအမြန်း မရှိ ဘဲ ကိုင်ဆောင်နိုင်တယ်ဆိုပြီးIMF က အကြံပြုထားလို့ ဗဟိုဘဏ်ကခွင့်ပြုလိုက်တာပါ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ငွေလဲကေ...ာင်တာများတွင် ယခင်အရောင်း များပြားခဲ့ရာမှ ယခု နောက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူ မျှတမှုရှိလာကြောင်း၊ ကန်ဒေါ်လာ အပြင် FEC များပါ အဝယ်လိုက် လာကြောင်း၊ ကောင်တာအနေဖြင့် နေ့စဉ် လာရောက်ရောင်းချသော ငွေ ကြေးများကိုဝယ်သူအား ပြန်လည် ရောင်းချပေးခြင်းဖြင့်အရောင်းအဝယ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။ ”ငွေက အဝယ်များလာတယ်။ နိုင်ငံခြားသွားတဲ့ အခါတရားဝင် ကိုင်ဆောင်သွားချင်တဲ့ သူတွေက လာဝယ်ကြတယ်၊FEC ကလည်း ကားတင်သွင်းတဲ့သူတွေအခွန်ဆောင် ဖို့အ ဝယ်များတယ်။ လာရောင်းတာ ရသမျှ အကုန်လာဝယ်တဲ့သူတွေကို ပြန်ရောင်းပေးပါတယ်။ ကောင်တာ မှာ သွားဝယ်လို့မရဘူးဆိုတာရောင်း စရာမရှိလို့ပါ”ဟု ၄င်းကြေ ပာသည်။ ကားတင်သွင်းသူများ ကညန တွင် အခွန်ပေးဆောင်ရာ၌FEC ဖြင့် ပေးချေရခြင်းကြောင့်FEC အဝယ်လိုက်လာခြင်းဖြစ်ပြီး၊ ကားတစ်စီး၏ ၃ဝ ရာခိုင်နှုန်းတန် ဖိုး ကFEC ဖြင့်ပေးချေရခြင်းကြောင့် ငွေလဲကောင်တာမှ ဝယ်ယူမှုဖြင့် မလောက်ငခြင်းကြောင့် ပြင်ပတရား မဝင်ငွေကြေးဈေးကွက်မှ ဝယ်ယူ ပေးချေမှုများ ပြုလုပ်နေ ရကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ကားတင်သွင်း သူများ အခွန်ပေးဆောင်ရန်လာရောက်ဝယ် ယူပါကလိုသေ လာက် ရောင်းချပေး နေကြောင်းပြောသည်။FEC အဝယ်လိုက်လာခြင်း ကြောင့်ပြင်ပငွေဈေးကွက်တွင်FEC တန်ဖိုးမှာ ကန်ဒေါ်လာ တန်ဖိုးထက် အနည်းငယ်မြင့် တက်နေပြီး ငွေလဲ ကောင်တာများတွင်မူ ဒေါ်လာနှင့် FEC ကိုတန်ဖိုးတူ ငွေကြေးဖြင့် သာ အရောင်းအဝယ်ပြုလုပ်ပေးနေ ကြောင်း ၄င်းထံမှ သိရသည်။
                                                                                                         Popular Myanmar News Journal

အီတလီမှချေးထားသော ကန်ဒေါ်လာ ၆သန်း ပြန်ဆပ်စရာမလိုတော့


           မြန်မာပေးရမည့် အကြွေး ကန်ဒေါ်လာ ၆သန်းကို အီတလီနိုင်ငံက လျှော်ပေးလိမ့်မည်ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
နိုင်ငံတော်သမ္မတက စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ၄င်းက ပြောသည်။
၎င်းက ”အီတလီက ၆ သန်းကို လျှော်ပေးမယ်လို့ သူကပြောတယ်။ ဒီ ၆ သန်းကို လျှော့လိုက်တာတော့ မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဘာသုံးမလဲ ဆိုတာတော့ ပြန်ပြောရတာပေါ့။ အခုက တံတားတစ်ခု ဆောက်တဲ့နေရာမှာ ပြန်သုံးမယ်လို့ ၊ဒါမျိုးပေါ့။ ၆ သန်းတော့ သူတို့ကို ပြန်ပေးစရာတော့ မလိုတော့ဘူး။ ပြည်သူ လူထုအတွက် အသုံးပြန်ပြုရတာပေါ့”ဟု ၄င်းက သမ္မတကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုကို ရှင်းပြသည်။
ပြည်ပနိုင်ငံများအပေါ် တင်ရှိနေသည့် နိုင်ငံခြားကြွေးမြီများနှင့် ပတ်သက်၍ မည်မျှလျှော့ပေးမည်နည်း ဆိုသောအချက် ကိုလည်း  ပေးဆပ်ရန် ကြွေးရှိနေသည့် နိုင်ငံ များနှင့် ညှိနှိုင်းနေသည်ဟု သမ္မတကြီးက ပြောကြောင်း ၄င်းက ထပ်လောင်းဆိုသည်။
”နိုင်ငံခြားကနေ ချေးယူထားတာ ၁၁ ဘီလီယံလောက် ရှိတယ်။ အားလုံး ပြန်ဆပ်ရင်တော့ မလွယ်ဘူး။ ဘယ်လောက် လျှော့ပေးမယ်ဆိုတာတော့ ညှိနှိုင်းနေတယ်။ ဂျပန် ကိုပေးဖို့ကပဲ ၆ ဘီလီယံလောက် ရှိနေတယ်။ ၃ ဘီလီယံကို မြို့ပြ ဖွံ့ဖြိုးရေးအနေနဲ့ ဒါလေးကို ညှိနှိုင်းနေတယ်လို့ သမ္မတကြီးက ပြောတယ်” ဟု ဒေါက်တာစိုးထွန်း က ပြောသည်။
အကယ်၍ ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းနေသည့်ကိစ္စသာ ရရှိမည်ဆိုပါက ချေးငွေသက်သာသွားမည် ဖြစ်သည့်အပြင် ၄င်းနိုင်ငံတို့မှ ချေးငွေများအား လုံးဝသုည လုပ်မည်တော့ မဟုတ်နိုင်ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ပ နိုင်ငံအသီးသီးမှ နိုင်ငံခြားငွေ ကန်ဒေါ် လာ ၁၁ဝ၁၃ ဒသမ ၂၉၈ သန်း ချေးယူထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
၎င်းနိုင်ငံခြားချေးငွေထဲ၌ ၁၉၈၈ မတိုင်ခင် ချေးယူငွေမှာ ငွေသန်း ပေါင်း ၈၄ဝဝ ကျော်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူငွေမှာ သန်းပေါင်း ၂၆ဝဝ ကျော်ရှိသည် ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။
                                                                                                                                   Popular Myanmar

Tuesday, 21 February 2012

မြန်မာနိုင်ငံရှိဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး ကီလိုယူနစ်ဖြင့် ပြောင်းသုံးရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ ဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး (ကီလိုယူနစ်- မက်ထရစ်ယူနစ်စနစ်) သို့ ပြောင်းလဲ သုံးစွဲနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြောင်းလဲမှုအတွက် ဝန်ဆောင်မှုများ၊ နည်းပညာများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ကုန်စည်ဒိုင်နှင့် လုပ်ငန်းရှင်များကို ပညာပေးဖြန့်ဝေရန် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်း (UMFCCI) မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းအနေနဲ့ ကီလိုဂရမ် အလေးတွေကို ဒီဇိုင်းရေးဆွဲမယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အလေးရဲ့ Weight ကိုဖော်ပြထားမယ်။ အလေးတွေ ထုတ်ဖို့ တင်ဒါခေါ်မယ်။ အလေးအတုတွေကို စစ်ဆေးအရေးယူဖို့နဲ့ စံချိန်မီတဲ့ အလေးတွေကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးသန်းဝင်းက ပြောသည်။ မက်ထရစ်ယူနစ်စနစ်ကို ပြောင်းလဲသုံးခြင်းအားဖြင့် အလေးချိန်မှန်ကန်ပြီး ကုန်သည်အကြီး၊ အလတ်၊ အငယ်တွေအားလုံး အခွင့်အရေးမျှတစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ “ ဒီစနစ်ကို ပြောင်းသုံးရင် ဈေးကွက်ထဲမှာ အလေးချိန်တွေ ပိုမှန်ကန်လာမယ်။ နောက်ပိုင်းမှာ မက်ထရစ်ယူနစ်က နိုင်ငံတကာ စံညွှန်းဖြစ်လို့ တွက်ချက်ပေးရတာ ပိုလွယ်ကူလာမယ်။ အချို့အခက်အခဲတွေက သုံးစွဲသူတွေက အလေ့အကျင့်မရှိသေးတော့ တစ်ပိဿာကို ဘယ်နှကီလိုဂရမ်ရှိမလဲ စတဲ့ Use to တွေ မဖြစ်တာတွေ ရှိနိုင်တယ်။ နောက်တစ်ခုက အလေးဟောင်းတွေကို ပြန်ပြောင်းဖို့ အလေးအသစ်တွေ ဝယ်ရမယ့်အတွက် ကုန်ကျစရိတ် ရှိလာမှာဖြစ်ပါတယ်” ဟု စံချိန်၊ စံညွှန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။ စနစ်သစ် သုံးစွဲလိုသူများအတွက် ပိဿာချိန်နှင့် ကီလိုဂရမ် မတ်ထရစ်ယူနစ်တို့ ကွာခြားချက် အညွှန်းများကို ရောင်းချမည့် ဈေးဆိုင်များတွင် ကပ်ထားပေးမည်ဖြစ်ပြီး အလေးပိဿာ အဟောင်းများကို ဝယ်ယူ၍ အသစ်ဖြင့် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
                                                                                                                                     ခေတ်လူငယ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာ၌ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                                                                                       ခေတ်လူငယ်

အခြေခံပညာဆရာများ၏ အရည်အသွေး ဗဟိုမှ ကြီးကြပ် အဆင့်မြှင့်ပေးမည်

ဗဟို၏ ကြီးကြပ်မှုဖြင့် အခြေခံပညာအဆင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို အဆင့်မြှင့် ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ”အခြေခံပညာ အဆင့်မြှင့် ဖို့ဆိုတာက ဆရာကောင်းမှရမယ်။ ဒီအတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်တယ်”ဟု ဒုတိယ ဝန်ကြီးဦးအေးကြူက ပြောသည်။ အခြေခံပညာ အဆင့်ရှိ ဆရာ၊ဆရာမများ၏ လက်ရှိ အခြေအနေအမှန်ကို သိရှိထားသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး လျင်မြန်စွာ အကောင်အထည် ဖော်ပေးသွား မည်ဟု ဒုတိယဝန်ကြီး က ဆက်လက်ပြောသည်။
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာမတစ်ဦးက ”ဆရာမတို့လည်း မြို့နယ်အစည်းအဝေးတွေ တက်တိုင်းမှာ လူကြီးတွေ က ရှေ့မှာ လုပ်ရမယ့် အနေအထားတွေကို ရှင်းပြပါတယ်။ ရှေ့ခရီးမှာ ဆရာ၊ဆရာမတွေ တော်တော်လေး ကြိုးစားသွား ရတော့မယ့် အနေအထားပဲ”ဟု ပြောသည်။ မြန်မာ့ပညာရေး မြင့်မားတိုးတက်ရေး တွင် အဓိက အရေးပါသည့် သင်ကြားရေးပိုင်းဆရာ၊ဆရာမများ၏ အရည်အသွေးမှာ လက်ရှိခေတ်ကာလနှင့် အံဝင်ခွင်ကျ မဖြစ်မှု များရှိနေသေးရာ၊ ယင်းကိစ္စအား အရေးထား ဆောင်ရွက်ပေးမည့် အပေါ် မြန်မာ့ပညာရေးစောင့်ကြည့် နေသူများက ကြိုဆိုလိုက်ကြသည်။ ဒုတိယဝန်ကြီးက ”ဆရာ၊ ဆရာမတွေရဲ့လက်ရှိအရည်အသွေးထက် ပိုမြှင့်ဖို့ ပြည်ပနဲ့လည်း ပူးပေါင်းသွားမှာပဲ။ ဟိုဘက်က လာပို့ချ၊ အဲဒီလို ကနဦး စီစဉ်ထားတယ်။ ပြည် တွင်းမှာလည်း လိုတဲ့သင်တန်းတွေကို ထပ်ပြီးပို့ချပေးမယ်။ ဒါက အရည်အသွေးပိုင်း၊ နောက်တစ်ခုက အဆင့်မြှင့်ပိုင်း၊ လုပ်ခလစာရရှိမှု နည်းပါးမှုကို တိုးမြှင့်ပေးသွားမယ့် အပိုင်း၊ ဒါလည်း အခု အဆင့်နှစ်ဆင့် ကျော်ဖြတ်ပြီးသွားပြီ၊ ဒီလိုဆိုတဲ့အတွက် စည်းကမ်းပိုင်းကို ဗဟိုကနေ ကြီးကြပ်ရတော့မှာပေါ့”ဟု ပြောသည်။                                                                                                                        
                                                                                             Popular Myanmar News Journal

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
                                                                                                                             The Voice Weekly

Sunday, 19 February 2012

အရှင်ဂမ္ဘီရအား အရေးယူတော့မည်

အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရ သည် ပြစ်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ သံဃာအဖွဲ့ အစည်းကိုပါ ထိပါးစော်ကားမှုများကျူးလွန်ခဲ့ ၊ ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေး အလို့ငှာဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ထုတ်အစိုးရပိုင် သတင်းစာများတွင်ဖော်ပြထားပါသည်။
Myanmar News Now
                                                                                                                                                 သစ်ထူးလွင်