Friday, 18 November 2011

NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ

သို့
NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ
သမိုင်းစဉ်လာတလျှောက် လေ့လာဆန်းစစ်လျှင် ရခိုင်တို့၏သမိုင်းမှတ်တမ်းများတွင် “ရိုဟင်ဂျာ” လူမျိုးဟူသော အသုံးအနှုံးဖြင့် မှတ်တမ်းတင်ခဲ့မှု စိုးစဉ်မျှမရှိခဲ့ပါ။ သူတို့၏မူရင်းဒေသဖြစ်သည့် ဘင်္ဂလား ဒေခ်ျ့နိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရပေ။ နောက်ထပ် အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရသည့်အပြင်။ မြန်မာနိုင်ငံသမိုင်းတွင်ရော ရိုဟင်ဂျာလူမျိုးဟူ၍ ရှိခဲ့ပါသလား။ D.G.E. HallA History of South-East Asia စာအုပ်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော ဝေါဟာရ အသုံးအနှုန်းကို တလုံးတပါဒမျှ မတွေ့ရှိရပေ။
ထို့အပြင် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် အင်္ဂလိပ်တို့၏ အလွန်တိကျသော ဂေဇက် မှတ်တမ်းများတွင် ယင်းအမည် ထည့်သွင်းမှတ်တမ်းတင်ထားခြင်း အလျဉ်းမရှိပါ။ ဗြိတိသျှဂေဇက်တီယာ Gazetteers မှတ်တမ်းများတွင် Arakanese Muslim ဟူ၍ မှတ်တမ်းတင် ပါရှိသူများသည် ကိုးကွယ်ယုံကြည်မှု မှလွဲ၍ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားတို့၌ ရခိုင်လူမျိုးနှင့် တူညီကြသည်။ ၄င်းတို့သည် ရခိုင်မင်းများ လက်ထက်ကပင် ဒေသတွင်းအပြန်အလှန် ဆက်ဆံရေးများကြောင့် ရခိုင်ဒေသသို့ ရောက်ရှိအခြေစိုက် နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် နေထိုင်မှုသက်တမ်း ကြာရှည်လာသည်နှင့်အမျှ ဘင်္ဂလီဘာသာစကား ပြောဆိုခြင်း အလျဉ်းမရှိသော ရခိုင်ဒေသတွင် ၄င်းတို့သည်လည်း ဘင်္ဂလီစဘာသာစကား လုံးဝမပြောတတ်ကြပေ။

Thursday, 17 November 2011

မြန်မာနှင့်အမေရိကန်အတွက်မဟာဗျူဟာရွေးချယ်မှု

ဇော်ဌေး
(နိုဝင်ဘာ ၁၆ ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ အင်မတန် ထူးခြားတဲ့ ဆောင်းပါး တစ်ပုဒ်ကို မမျှော်လင့်ဘဲ ဖတ်လိုက် ရပါတယ်။ ထူးခြားတယ် ဆိုတာက ဒီဆောင်းပါးကို ရေးတဲ့သူက သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဇော်ဌေးလို့ ဖော်ပြ ထားတာကြောင့်ပါ။ အရင်တုံးက တံခါးပိတ်၊ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နဲ့ နေခဲ့တဲ့ နအဖလို မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံတကာ မီဒီယာတွေနဲ့ အတော် ထိတွေ့ လာရာကနေ အခုလို ၀ါရှင်တန်ပို့စ်လို သတင်းစာမှာ ဆောင်းပါး ရေးတဲ့အထိ ဖြစ်လာလို့ ထူးခြားတယ်လို့ ပြောတာပါ။ ဒီထက် ထူးခြားတာက သမ္မတဟာ ပြုပြင် ပြောင်းလဲရေး တွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့နဲ့ တရုတ်နိုင်ငံကို ချိန်ခွင်လျှာ ထိန်းနိုင်ဖို့ အတွက် နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှု လိုတယ် ဆိုတာကို အတိအလင်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်တွေ အပေါ် ခုခံ တားဆီးမှုတွေ ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ညွှန်းဆိုနေတာ ဖြစ်နိုင်လို့ ထူးခြားတယ်လို့ ထပ်ပြောလိုပါတယ်။ ထူးခြားတဲ့ ဆောင်းပါးကို တတ်နိုင်သမျှ မူရင်းအတိုင်း ဖြစ်အောင် ဘာသာ ပြန်ပေးလိုက်ပါတယ်။ )
အခုအပတ် ဘာလီမှာ သမ္မတ အိုဘားမားဟာ အာဆီယံ အဖွဲ့ဝင် သူ့ရဲ့ လုပ်ဖော် ကိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ အစီအစဉ် အသစ်၊ လုပ်ငန်း အသစ်တွေ ချပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝါရှင်တန်က အာရှ-ပစိဖိတ် ဒေသဟာ ၂၁ ရာစုမှာ အရေးပါတယ် ဆိုတာ အသိအမှတ် ပြုထားပြီး ဒီဒေသမှာ အမေရိကန် ဆက်ပြီး ရှိနေဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာဘက်ကတော့ အစိုးရ အပြောင်းအလဲ မဖြစ်ပေမယ့် တော်လှန်ရေး အတော်များများနဲ့ ကြုံခဲ့ရတယ်။ ဘာလင်တံတိုင်း ပြိုလဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေလည်း ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို ကျင်းပ နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို အရှေ့ အလယ်ပိုင်းက အုံကြွမှုတွေနဲ့ နှိုင်းယှဉ် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံက အာရပ်ကမ္ဘာက အဖြစ်တွေကို ကျော်လွှား ခဲ့ပြီးပါပြီ။

Wednesday, 9 November 2011

ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ


ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။

ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။

Tuesday, 8 November 2011

တောကဂွက်ထော်က လွင်ငြိမ်းချမ်းကျော်ကို ပြန်ရှင်းပြတာ

ခေါင်းစဉ်ကတော အဆင်ပြေသလို တပ်လိုက်တာပါ.. တကယ်တော မေးလ်ထဲ ရောက်လာတဲ့ စာပါ... တစ်လုံးမှ မကျန်အောင် သေချာ ဖတ်ကြည့်ပြီးတောမှ ကျတော့ မိတ်ဆွေများလဲ ဖတ်ပြီး အားရကျေနပ်လိမ့်မယ်လို့ ထင်မြင်မိလို့ မိတ်သင်္ဂဟများအား မျှဝေလိုက်ပါတယ်...  အားပေးလိုက်ကြပါအုံ... 

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-

အခုလိုတင်ပြလာတာကိုကျေးဇူးတင်ပါတယ်။ အများဖတ်နိုင်အောင် ဗမာလိုပဲပြန်လိုက်ပါရစေ။ နားလည်နိုင်မှာပါ။
နောက် ပြန်လည်ဆွေးနွေးရင်း အများသိစေချင်၊ တင်ပြချင်တာလေးတွေရှိလို့ပါ။

ကိုလွင်ငြိမ်းချမ်းကျော် က ၂၀၀၃ မှာ ရန်ကုန် YUFL ကဘွဲ့ရတယ်။ ဦးက ၁၉၆၈ မှာ ၁၀ တန်းအောင်တယ်။ ၁၉၇၄ မှာ စက်မှုတက္ကသိုလ်က ဘွဲ့ရတာ ကြောင့် ရင်းနှီးတဲ့ သဘောနဲ့ တူမောင်လို့ပဲ ခေါ်လိုက်ပါရစေ။

တူမောင်လည်း Cedar Rapids, IA, Coe College က ၂၀၁၄ မှာ writing / economics နဲ့ ကျောင်းပြီးမယ်လို့ ဆိုထားတော့ စာရေးချင်သူ ၀ါသနာရှင်တဦးလို့ ယူဆနိုင်တာပေါ့။
စာရေးသူ အများစု ဟာ သူ့အတွေး၊ သူဦးဏှောက်ထဲပေါ်လာတာ ကို ချပြ ဆွေးနွေးကြတာပဲ။ စာဖတ်သူဆိုတာကလည်း လူအမျိုးမျိုး၊ capacity အဆင့်မတူတဲ့ လူအစားစား ဖတ်ကြပြီး မိမိ နားလည်သလို နားလည် လိုက်ကြတာပါပဲ။

တခါတရံ ရေးတဲ့ သူရဲ့ ဦးတည်ချက်ကတမျိုး၊ စာဖတ်သူ အဓိပ္ပါယ် ကောက်လိုက်တမျိုးဖြစ်သွားတတ်တယ်။
Printer တွေကိုကြည့်ရင် basic color ၄မျိုးပဲရှိတယ်။ ဒီ ၄မျိုးကိုပဲ ပေါင်းစပ်ပြီး အရောင်မျိုးစုံ ဖေါ်ယူတာ မဟုတ်လား။
ဒီလိုပဲ အနောက်ကအနီ ဖြစ်နေရင် အနောက်ခံ အစီမ်းကို အပြာရောတာနဲ့ ဘယ်တူပါ့မလဲ။ ဆိုလိုတာက ရြှိပီးသား အနောက်ခံ အရောင်လို၊ Capacity အပြင် မိမိရဲ့ အခြေခံစိတ်ဓါတ်၊ စိတ်ခံအပ်ါလည်း မူတည်ပြန်တယ်။

တခါတရံလည်းမျက်မမြင် ပုဏ္ဏား (၆)ယောက် ဆင်ကြီးကိုစမ်းပြီး ကောက်ချက်ချကြ သလိုလည်းဖြစ်တတ်ပါသေးတယ်။ ပြောနေတာကို Full Context နဲ့ကြည်မှ မြင်နိုင်တာကို မိမိရဲ့ဓါတ်ခံ စိတ်အထင် နဲ့ အတင်း Tunnel vision မီးမောင်း ထိုးကြည့်ရင် အရိပ်ဖုံးသွားတတ်တာကြောင့် အမြင်လွဲသွားတတ်တာလည်းရှိတတ်ပါတယ်။

မဟာကရုဏာရှင်ကြီးများ အင်္ဂလန်သွား တောလား...

ကျုပ်တို့လူမျိုးများ မဟာကရုဏာရှင်တွေ တယ်ပေါပါ့... ကိုအောင်ဟိန်းတို့ ကိုမောင်ဟန်တို့တောင်မှ ထုတ်ဖော်ချီးကျူးနေတာ တွေ့တော့ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း ဂုဏ်ယူချင်စိတ်တွေ တစ်ဖွားဖွားပေါ်လာသပေါ့... ကိုအောင်ဟိန်းရေးတဲ့စာ ဖတ်ကြည့်တော့ အဲ့ဒိ ဘုရားအလောင်းများက မြန်မာပြည် ပြင်ပကနေပြီး ဘင်္ဂါလီ ရိုဟင်ဂျာများကို လူသားခြင်း စာနာထောက်ထားဖို့ မဟာကရုဏာတရားနဲ့ ကျွန်တော်တို့ကို အိမ်ပေါ်ကနေတောင် ဖယ်ခိုင်းနေသဗျ..... အင်းပေါ့ သူတို့က ဖယ်ပေးရတာမှ မဟုတ်တာ ဒေါ်စု စကောလားရှစ်နဲ့ Ph. D ရပြီး ဘင်္ဂါလီတွေပေါ် လူ့အခွင့်အရေး၊ လူသားခြင်း စာနာထောက်ထားဖို့အရေးလေး နည်းနည်းပါးပါး အော်လိုက်ရုံနဲ့ ဒေါ်လာတွေ အထွေးလိုက်ရတော့ သူတို့က အော်နိုင်ရှာသပေါ့...

ရခိုင်ပြည်နယ်က ရခိုင်အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်....

သူတို့လူသားခြင်း စာနာထောက်ထားတဲ့ လူတွေများ ဘင်္ဂါလီတွေအတွက်ပဲ တစ်သီးတစ်သန့်ဗျ... ကျန်တဲ့ မြန်မာနိုင်ငံက လူမျိုးများကိုတော့ သူရို့ လူသားခြင်း စာနာထောက်ထားမှုဟာ နည်းနည်းမျှ မရှိရှာဘူး... တစ်ခြားမကြည့်နဲ့ ရခိုင်ဆိုတာ မြန်မာပြည်မှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ကြီးဗျာ.... ဒေသခံ ရခိုင်တွေတောင် ဆင်းဆင်းရဲရဲနေနေရတဲ့ဟာကို ဘယ့်နဲ့ ရခိုင်လူမျိုးတွေ ကောင်းရာကောင်းကြောင်း အရင်လုပ်ဖို့တော့ မစဉ်းစားဘူး အိမ်ထဲ ကျူးကျော်ဝင်ရောက်နေပြီး သူခိုးက လူဟစ်လို့ သမိုင်းလိမ်တွေ စာရွက်စာတန်းအတုတွေနဲ့ ရခိုင်တွေ မရှိခင်ကတည်းက သူတို့ဟာ ရခိုင်ပြည်မှာ နေခဲ့ပါတယ်ဆိုပီး ကြွေးကျော်လာတဲ့ ဘင်္ဂါလီတွေကိုသာ နေရာ အတင်းအကြပ် ပေးခိုင်းနေတော့တာပဲ..... ဘယ့်နဲ့ သားရည်ပေါ်အိပ် သားရည်နားစားနေတဲ့ ဟာတွေကို စာနာ နားလည်ပေးလိုက်ပီး အိမ်ပေါ်ကနေ ဆင်းပေးခိုင်းနေတော့ အချိုးမျိုးတော့ ဘယ်သူမှ လက်မခံနိုင်ဘူးလေ....

Monday, 7 November 2011

NLDအနေနဲ့ အခုချိန်မှာမှတ်ပုံတင်ခြင်းကမှန်ကန်တယ်လို့ရွေးချယ်လျှင် အရင်တုန်းကမှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီမှပြောကြား


NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် မှပြောကြားလိုက်ပါတယ်။

NLD ဟာ အရင်ကတည်းက မှတ်ပုံတင်သင့်သော်လည်း မှတ်ပုံမတင်ခဲ့ကြောင်း၊ အနှစ် ၂၀ ကျော် ဒီမိုကရေစီလှုပ်ရှားမှုမှာ NLD အပါအဝင် တခြား ဒီမိုကရေစီ ပါတီအားလုံးရဲ့ အဖြစ်မရှိမှုကြောင့် ဘာမှ မယ်မယ်ရရဖြစ်မလာခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေကို အရှိအတိုင်း လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင် ဝင်ရောက်ခြင်းကသာလျှင် ဝေဒနာ အနည်းဆုံးနဲ့ ဒီမိုကရေစီကို သွားတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလမ်းကို မရွေးခဲ့တာကြောင့် မှားယွင်းခဲ့ကြောင်း၊ အခုချိန်မှာ အဲဒီအမှားကို ပြင်သင့်ပါကြောင်းအပြင် NLD အနေနဲ့ မှားယွင်းခဲ့ကြောင်းလည်း နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ပြည်ထောင်စုတစ်ခုလုံးကို ဝန်ခံပြီးမှ မှတ်ပုံတင်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

NLD ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ရွေးကောက်ပွဲ ကျင်းပစဉ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ NLD ထဲမှ လူငယ်အချို့ကတော့ NLD ကို စွန့်ခွာပြီး NDF ပါတီ ကို တည်ထောက်ကာ ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။
အဲဒီချိန်တုန်းကတော့ ပြည်တွင်း ပြည်ပ မှာရှိတဲ့ အတိုက်အခံ အင်အားစုများနဲ့ အတိုက်အခံ မီဒီယာတွေ အားလုံးက ရွေးကောက်ပွဲ မဝင်သင့်ကြောင်းနဲ့ ပါတီ မှတ်ပုံမတင်သင့်ကြောင်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပေမယ့် အခုချိန်ကျပြန်တော့လည်း ပါတီကို မှတ်ပုံတင်သင့်ကြောင်းတွေကို ပြန်လည်ဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အရင်တုန်းက NLD ကို စွန့်ခွာသွားသူတွေကိုလည်း ရှုံ့ချခဲ့ကြပြီး ၊ လွှတ်တော်ထဲရောက်မှ တိုက် မည်ဆိုသည့် စကားကို လှောင်ပြောင်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စွန့်ခွာသွားသူတွေအတိုင်း လိုက်လုပ်သင့်ကြောင်းနဲ့ လွှတ်တော်ထဲရောက်မှ တိုက်သင့်ကြောင်းတွေ ကို ရှေ့မျက်နှာနောက်ထားပြီး ပြန်လည် ဝေဖန်လာကြပြန်ပါတယ်။

NLD ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေးအတွက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်ခဲ့တာ တစ်နှစ် ပြည့်တဲ့အထိ ဘာမှ ရေရေရာရာ လုပ်ပြနိုင်သေးခြင်း မရှိသေးပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အရေးမပါတဲ့ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေဆိုပွဲ၊ ကဗျာပြိုင်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ ပန်းချီပြပွဲတွေနဲ့ ကန်တော့ပွဲတွေကိုတော့
NLD ပါတီ အတွင်းမှာလစဉ် ကျင်းပ လျှက်ရှိပါတယ်။

BBC တော်လှန်ရေး သို့မဟုတ် Exile များ၏ မျက်နှာဖုံးကွာကျခြင်း (ငမွဲများ အသဲနာခြင်း)

အခုဖြစ်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ လှုပ်ရှားမှုမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ပြောင်းလဲမှုတွေ တစ်ပုံတစ်ခေါင်းကြီးကို တွေ့လာရပါတယ်။ အတိုက်အခံဆိုတဲ့သူတွေ၊ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေ၊ မြန်မာပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်မယ်ဆိုတဲ့ သတင်းဌာနတွေ၊ ကမ္ဘာကျော်ပါတယ်ဆိုတဲ့ မီဒီယာကြီးရဲ့ တာဝန်မဲ့ မလေးမစားနိုင်မှုတွေ၊ သတင်းဌာနအခြင်းခြင်း ဖေးမမှုတွေကို အတိုင်းသားတွေ့ရမှာပါပဲ။ ပြဿနာအစကတော့ အားလုံးသိကြတဲ့အတိုင်း BBC ပဲဖြစ်ပါတယ်။ ရေးထားတဲ့ ခေါင်းစဉ်နဲ့မလိုက်ဖက်ပဲ ထည့်သွင်းထားတဲ့ မြေပုံက စ ပါတယ်။ အဲ့ဒိမှာ တစ်ချို့တွေက မေးလာကြတယ်၊ ဒီဆောင်းပါးက ရေးထားတာ ကြာလှပီ ဘာလို့ အခုမှ အရေးတယူလုပ်လဲလို့ မေးလာပါတယ်။

ဒီ ဆောင်းပါးကို ဘီဘီစီက Publish လုပ်တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်နဲ့ နီးကပ်နေဆဲ ကာလမှ ဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ အရေးတယူ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲ ပြီးသွားတော့လည်း ဒေါ်စု လွတ်ချိန်နဲ့ ကိုက်နေတဲ့အတွက် အရေးတယူ ဘယ်သူမှ မရှိခဲ့ပါဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ဦးနုတို့ ခောတ်ကတည်းက အခုလက်ရှိအချိန်အထိ အာဏာငန်းဖမ်းလာတဲ့ အမတ်တွေဟာ သူတို့အနိုင်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးမှန်းကို ချက်ကောင်း စောင့်နေတဲ့ ရိုဟင်ဂျာတွေဟာ တစ်စခန်းထလာပါတယ်။ ရှေးတုန်းကနဲ့ ပုံစံမတူတဲ့ သူတို့ထတဲ့ တစ်စခန်းကတော့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား ဖြစ်ပါတယ်ဆိုပြီး ပုံဖော်လာပါတယ်။ အဲ့ဒိလို ပုံဖော်ရန်လည်း ရည်ရွယ်ချက်ရှိရှိကို နှစ်နဲ့ချီပြီးသူတို့ဟာ ဖန်တီးခဲ့ကြပါတယ်။ မီဒီယာတော်တော်များများမှ ရိုဟင်ဂျာ ကိစ္စကို ပုံဖော်လာရာမှာ က ကြီးကို ယ ပက်လက်ဖြစ်အောင် တောက်လျှောက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီကိစ္စကို မကျေလည်နိုင်တဲ့ ပြည်သူပြည်သားတွေက ကန့်ကွက် ဆန္ဒပြလာတာပါ။

အဲ့ဒိလို ကန့်ကွက် ဆန္ဒပြလာတော့မှ အရင်တုန်းက ရခိုင်တိုင်းရင်းသားတွေ တောက်လျှောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေက အာရကန်ဆိုတဲ့ စာကို သူတို့ အပိုင်လိုလို ယူသုံးထားတာကို ကန့်ကွက်ခဲ့တာတွေ တဖြည်းဖြည်း ပြန်ပေါ်လာပါတယ်။ ရခိုင်လူမျိုးတွေ တောက်လျှောက် ဆန့်ကျင်ခဲ့တာတွေဟာ Media တွေရဲ့ တစ်ဖက်သပ်နှိမ်ထားခြင်းကြောင့် ဘယ်သူမှ မသိရှိခဲ့တာတွေ ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ အဲ့ဒိမှာ ညောင်မြစ်တူးတော့ ညောင်ဥပေါ်ဆိုသလိုတွေ တောက်လျှောက် ဖြစ်လာတော့တာပါပဲ။ DVB ငွေကြေး ကိစ္စဖြစ်ကတည်းက ကျွန်တော် သံသယရှိနေလို့ စောင့်ကြည့်နေတာမှာ မစ္စတာ ဟန်ညောင်ဝေ သမ္မတကြီးစကားကြောင့် မြန်မာပြည်ကို အလည်ပြန်လာမယ်ဆိုကတည်းက ဒီယုံမြင်လို့ ဒီခြုံထွင်တယ်ဆိုတာ နားလည်လိုက်တယ်။ အဲ့ဒိအတောအတွင်း သူတို့အခြင်းခြင်း ဝေဖန်ခဲ့တဲ့ စာတွေ မှတ်ချက်တွေထဲမှာ တစ်ခုကို ကျွန်တော် မှတ်မိလိုက်တာက ဟန်ညောင်ဝေလို လူမျိုး မြန်မာပြည်ကို ပြန်ချင်ရင် ကြိုက်တဲ့အချိန် ကြိုက်သလို ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲ့တော့ အော် သူတို့လည်း အရင် စစ်အစိုးရလို တရားဝင်ခရီး၊ တရားမ၀င်ခရီး ရှိတာပဲလို့ နားလည်လိုက်တယ်။
ဆက်ကာ ဆက်ကာနဲ့ပဲ ဟန်ညောင်ဝေ အာရပ်ကြီးတို့စီက ပိုက်ဆံညာယူတာတွေ၊ ဒီမိုအကွဲအပြဲဇာတ်လမ်းတွေ အွန်လိုင်းမှာ သင်းပျံ့မွှေးကြိုင်လာပါတယ်။ ဒီနေရာမှာ ကျွန်တော့ကို လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေကို ပြောချင်တာပါ။ ကျွန်တော် တောက်လျှောက်ဖတ်ဖြစ်ခဲ့တဲ့ အွန်လိုင်း Exile မီဒီယာတွေ တော်တော်များပါတယ်။ ဒါပေမဲ့ အဓိက ၀င်ဖတ်တာကတော့ Mizzima, Irrawaddy နဲ့ Irrawaddy Blog ပေါ်လာတော့ သူ့ဘလော့ပေါ့ဗျာ တောက်လျှောက် ဖတ်ဖြစ်တယ်။ ပြည်သူတွေကို လမ်းပေါ်ထွက်ဖို့ တိုက်တွန်းနေတဲ့၊ အမေရိကားကနေ အစိုးရကို လေ နဲ့တော်လှန်နေတဲ့ လူတစ်ယောက် ဘလော့လဲ တစ်ခါတစ်လေ အပျင်းပြေ ၀င်ဖတ်တယ်ဗျ။ ဒါပေမဲ့ ပင်တိုင်ကတော့ မဇ္ဇိမနဲ့ ဧရာဝတီပါပဲ။ အဲ့ဒိနှစ်ခုဟာ ကျွန်တော့အပေါ်မှာ တော်တော့်ကို လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီဗီဘီကိုတော့ ကိုနေဇော်နိုင်ရဲ့ တော်စမ်းပါ ၀န်ကြီးရာ နဲ့ခိုက်သွားခဲ့တာပါ။ ဒါကကျွန်တော့ အပေါ်လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေအကြောင်းပါ။

Thursday, 3 November 2011

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ရိုဟင်ဂျာ မွတ်စလင် အကြမ်းဖက်သမားများ မွေးဖွားရာ / လေ့ကျင့်ရာ

ရိုဟင်ဂျာ အကြမ်းဖက် သောင်းကြမ်းသူများ အဆက်အသွယ်နဲ့ ကွန်ယက်များ
ရေးသားသူ ဘာတီးလစ်တာနာ (By Bertil Litner Sep 21 2002 at Asia Times)

အမေရိကန် ကေဘယ် တီဗီကွန်ယက်ဖြစ်တဲ့ CNN ၏ အာဖဂန်နစ္စတန်မှာ ဒီနှစ် သြဂုတ်လအတွင်းက ရရှိခဲ့တဲ့ al-Qaeda မှတ်တမ်းမှတ်ရာ ဗီဒီယိုခွေ 60 ထက်မနည်းတဲ့ အခွေတွေထဲမှာ တစ်ခုဟာ ဗားမား (မြန်မာ) ဟုဖော်ပြထားပြီး မွတ်စလင် မဟာမိတ်များအား ၎င်းနိုင်ငံအတွင်းမှာ သင်တန်းများ ပို့ချခဲ့တယ်လို့ ရေးထားပါတယ်။ အဆိုပါ အခွေများမှ ညွှန်းဆိုနေတာကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေခံတဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်မှု အဖွဲ့အစည်း (RSO) ဟာ ၎င်းတို့လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ခွင့်ရရန် တိုက်ပွဲဝင် တောင်းဆိုနေတယ် ဆိုတာကို ပြသနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အဆိုပါ တိပ်ခွေကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။



RSO နဲ့ အခြား ရိုဟင်ဂျာ အုပ်စုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် စခန်းမှ မရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုသာ ဖြတ်ကျော်နေရပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ စခန်းဟာ Ukhia မြို့အနီး၊ တောင်ဘဇာ (Cox’s Bazzar) ၏အရှေ့တောင်မှာ ရှိပြီးတော့ RSO’s တပ်သားအားလုံးဟာ မြန်မာပြည်က ရိုဟင်ဂျာများ မဟုတ်ကြပါဘူး။ မွတ်စလင်ဘာသာကို ကိုးကွယ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ တ၀ိုက်က ဘာသာစကားများနဲ့ တူညီတဲ့ ဘာသာစကားကို ပြောဆိုနေတဲ့ ရိုဟင်ဂျာလူမျိုးများဟာ ရန်ကုန်မှာရှိတဲ့ စစ်အစိုးရ၏ တိုးရင်းသားလူမျိုးများ မဟုတ်ကြပါဘူး။

ဖြေရှင်းကြပါစို့ကို ဖြေရှင်းရခြင်း

မနေ့က ကျွန်တော် ဖြေရှင်းကြပါစို့ကို ရေးလိုက်ပါတယ်။ ခါတော်မီလို့ ထင်ကြသလို ကိုယ်ဖြင့် ဘာမှမလုပ်နိုင်ဘဲ ကွန်ပြူတာရှေ့ထိုင်အော်တယ်လို့လည်း ပြောကြပါတယ်။ ဒါ့ကြောင့် ဒီစာကို ထပ်ရေးပါတယ်။

ရွာထိပ်က ငမူး မူးနေတုန်းက မရေးခဲ့တာဟာ ငမူး မူးတာ မဆန်းလို့ပါပဲ။ ရွာလည်က ငသူတော် ပုပ်မှ သိမှာစိုးလို့ ဆက်ရေးပါမယ်။ စေတနာမှန်မှန်နဲ့ ကိုယ်ကျိုးစွန့်ပြီး တကယ်ကြိုးပမ်းနေသူတွေကို မရည်ရွယ်ပါဘူး။ စိတ်ထားမမှန်ရင်တော့ ကျွန်တော့်စာက နာကျဉ်ထိခိုက်စေပါလိမ့်မယ်။ တမင်နာအောင်ရေးတယ်ပဲ ဆိုကြပါစို့။

ခုချိန်မှာ မြန်မာနိုင်ငံအတွက် ရောင်နီလေး သမ်းစပြုလာချိန်ပါပဲ။ အန်တီစုနဲ့ အစိုးရနဲ့ ပြေလည်သွားမယ်ဆိုရင် ဘယ်သူတွေ အကျိုးရှိမှာလဲ။ သေချာပေါက် အကျိုးဖြစ်ထွန်းလာမှာက ပြည်သူသန်း ၆၀ ပါပဲ။ ဒါဆို ဘယ်သူတွေ ထိခိုက်မှာလဲ။ ထစ်ခနဲရှိ စီစီစီစီ ထလုပ်တတ်တဲ့ လွတ်လပ်သော မီဒီယာသမားများ အကျိုးပျက်ကိန်းပါပဲ။ သူတို့အတွက် ဇာတ်လမ်းအသစ်ရှာရတော့မယ်။ တသက်လုံး ဆုပ်ကိုင်လာတဲ့ သဘောတရားတွေ ခွေးကျွေးပစ်ရတော့မယ်။ သူတို့ လူဘယ်လောက်များမှာပါလိမ့်။ လွန်ရော ကျွံရော ၆ သန်းပေါ့။ ၁၀ % ပဲဆိုကြပါစို့။ ဒီ ၁၀% နဲ့ ကျန် ၉၀ % ကို လဲပစ်မလားဆိုရင်တော့ ကျွန်တော်သာဆို မလဲပါဘူး။

ကျွန်တော်တို့ နိုင်ငံတိုးတက်သွားဖို့အတွက် ကိုယ့်ထမင်းအိုး ကိုယ်ပြန်ရိုက်ခွဲသင့်ရင် ရိုက်ခွဲရပါလိမ့်မယ် မီဒီယာချစ် ကိုကိုမမများ ခင်ဗျား။ တိုးတက်သွားတဲ့ အချိန်မှာ ကိုကိုမမများအတွက် ဒိထက်ပိုပြီး သိက္ခာရှိတဲ့ မီဒီယာတခုက စောင့်ကြိုနေပါလိမ့်မယ်။ ခုချိန်မှာ မီဒီယာသမားတွေရဲ့ လမ်းခွဲပဲဖြစ်ပါတယ်။ ကိုယ် ဘယ်ဘက်ရပ်မှာလဲဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင်ပဲ ဖြေရမှာပါ။

ဖြေရှင်းကြပါစို့

ဒါမျိုးတွေ ၀င်လည်း မပြောချင်ဘူး။ ၀င်လည်း မရေးချင်ပါဘူး။ သောက်ပျင်းကြီးသူပီပီ ကျွန်တော့်ဟာ ကျွန်တော် အေးအေးနေလို့ရရင် ပြီးတာပါပဲလို့ နေလာခဲ့တာလည်း ကြာပါပြီ။ ဘယ်လောက်ထိ နေလာခဲ့သလဲဆို ဧရာဝတီမြစ်ဆုံက ဆည်ကိစ္စဆိုရင် ကျွန်တော် လုံးဝ ၀င်မပါခဲ့ပါဘူး။ ဆည်ဆောက်တဲ့ ကိစ္စအပေါ် နည်းပညာပိုင်းအရ ကျွန်တော်နားမလည်တာကလည်း တပိုင်းဖြစ်သလို မြစ်ကြီးပျက်စီးလာတာကို ဘာမှ မတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတာလည်း ဖြစ်ပါတယ်။ သိသင့်သိထိုက်တာတွေကိုတော့ ကျွန်တော် လေ့လာဖြစ်ခဲ့ပါတယ်။ ကြိုက်တာတွေ မကြိုက်တာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ဖြစ်စေချင်ပါတယ်။

အခု ဘီဘီစီနဲ့ ရိုဟင်ဂျာကိစ္စကတော့ တော်တော်လေး သောက်မြင်ကတ်ဖို့ ကောင်းပါတယ်။ မျက်စေ့ စပါးမွှေးလည်း စူးပါတယ်။ ဘီဘီစီက စပြီး ကွိုင်ရှာတာဖြစ်ပေမယ့် တကယ့်တကယ် သောက်မြင်ကတ်ဖို့ ပိုကောင်းတာကတော့ အခြားအခြားသော မီဒီယာဆိုတဲ့ဟာများပဲ ဖြစ်ပါတယ်။ ဘီဘီစီထံကို တမိနစ်တယောက်နှုန်းလောက် ၀ိုင်းပြောနေကြတာကို ကျွန်တော်လို သတင်းဖတ်ဖို့ ပျင်းတဲ့ကောင်တောင် သိတဲ့အချိန်မှာ အပ်ကျတာကအစသိကြတဲ့ မီဒီယာတွေ ဘာဆိုဘာမှ မသိဘူးဆိုတာ နည်းနည်းတော့ ဗြောင်ကျလွန်းနေပါတယ်။ ဒိထက်ပိုဆိုးတာက အခြားအခြားသော ကိစ္စတွေမှာ အသားကုန် အသံကောင်းဟစ်ခဲ့ကြသူတွေ ဒီကိစ္စမှာ နှာစေးပြနေတာတော့ ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ မဆိုင်သလိုပဲ နေလိုက်ကြတော့မယ်လို့ သံဓိဌာန်ချထားပုံလည်း ပေါ်ပါတယ်။ နိုင်ငံကို ချစ်ပြ ပြည်သူကို ချစ်ပြခဲ့သူတွေ ဒီရိုဟင်ဂျာတွေကို ပို၍များ ချစ်ပြနေရော့သလားလို့လည်း တွေးမိပါတယ်။ သူတို့ ဘာတွေများ အလုပ်များနေခဲ့ပါလိမ့်။ ငါးမိနစ်လောက်လေး အချိန်ပေးလိုက်ရုံနဲ့ ဒီကိစ္စကို သိနိုင်မြင်နိုင်ကြပါတယ်။ ဒီငါးမိနစ်လောက်လေးတောင် သူတို့မှာ အချိန်မရှိတော့တာလား။

ကျွန်တော်က ဘာမှတော့ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ဘာလို့များ ၀ိုင်းပြီး မမြင်ကွယ်ရာပြုနေကြသလဲဆိုတာ သိချင်ရုံသက်သက်ပါပဲ။ မသိချင်ယောင်ဆောင်နေကြသူတွေ ဒီကိစ္စကို ဒီအတိုင်းလေး ဘယ်လို အပြီးခံမလဲဆိုတာလည်း စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ တသက်လုံး ကောင်းပြလာသူတွေ၊ ကောင်းချင်ယောင်ဆောင်လာသူတွေ ဒီအချက်တချက်မှာ ပဲကြီးလှော်ကြား ဆားမညပ်ချင်လို့ ခပ်ဝေးဝေးရှောင်နေကြတယ်ဆိုတာ သိသာပါတယ်။ ဒါဟာ မြန်မာနိုင်ငံကြီးကို တကယ်ချစ်နေတာလား။ ကိုယ့် ဂုဏ်သိက္ခာကို ကိုယ်ချစ်နေတာလား။ ကိုယ်ရထားတဲ့ နေရာတခုကို ချစ်နေတာလား။ ကိုယ့်နောက်ကွယ်မှာ ဆိတ်မဆိတ်နေဖို့ ဓားထောက်ခံထားရတာလား။ ဒီလိုလူတွေရဲ့ ခေါင်းဆောင်မှုနောက်မှာ ကျွန်တော်တို့ ဘယ်လိုတိုင်းပြည်မျိုးကို မြင်ချင်နေကြတာလဲ။ ဒီမိုကရေစီဆိုတာ မြင်ချင်ရာကို မြင်ပြီး မမြင်ချင်ရာကို မမြင်တဲ့ စနစ်ကြီးလားလို့လည်း တွေးမိပါတယ်။

ကျွန်တော့်ကို သဘောတူလို့ရပါတယ်။ မတူလည်းရပါတယ်။ ဆဲချင်လည်း ဆဲသွားပါ။ ချဲချင်လည်း ချဲသွားပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်နယ်တခုကို သတင်းတပုဒ်နဲ့ ခပ်လွယ်လွယ် သိမ်းယူခဲ့တယ်ဆိုတဲ့ သမိုင်းစာအုပ်ကို ကျွန်တော် မဖတ်ချင်ပါဘူး။ဒါ့ကြောင့်လည်း သောက်မြင်ကတ်ခံပြီး ဒီစာကို ရေးပါတယ်။ ဒီလူထုခေါင်းဆောင်တွေ လူထုကို စေတနာထားတဲ့လူတွေ တမင်တကာ တာဝန်မခံရဲတာမို့ မမြင်ချင်ယောင်ဆောင်နေတာ မဟုတ်ပါစေနဲ့လို့လည်း ဆန္ဒပြုလိုက်ပါတယ်။

အားလုံး စိတ်ရှည်ရှည်ထားပြီး ၀ိုင်းဖြေရှင်းရင် ဘယ်လိုကိစ္စမျိုးမဆို ပြေလည်သွားမှာပါ။ ဘီဘီစီအနေနဲ့လည်း စေတနာအမှားပဲဖြစ်ဖြစ် တမင်ရည်ရွယ်တဲ့ အမှားပဲဖြစ်ဖြစ် သတ္တိရှိရှိ ရင်ဆိုင်သင့်ပါတယ်။ ကျန်တဲ့ သတင်းဌာနတွေ အနေနဲ့ကလည်း ငါတို့ဘက် လှည့်လာမှာစိုးလို့ ငြိမ်နေတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ရှင်းတန်တာတော့ ၀ိုင်းရှင်းကြရမှာပါ။

ကျွန်တော်ကတော့ မှားသွားရင်လည်း တောင်းပန်ဖို့ ၀န်လေးနေမယ် မဟုတ်ပါဘူး။

ကိုဖြိုး

Monday, 31 October 2011

ဗိုလ်ချုပ်ရှိစဉ်ကတည်းက မြန်မာတွေအပေါ် သဘောထားမမှန်ခဲ့တဲ့ BBC.

{ဒီဆောင်းပါးဟာ ပြည်တွင်းဂျာနယ်တစ်ခုကို ပို့ဖို့ ရေးထားတာပါ။ အဲဒီမှာပါတာ စောင့်နေရရင် ကြာနေမှာမို့ Facebook ပေါ် ကနေဖြန့်ပါတယ်}
မကြာသေးခင်ကလေးကမှ BBC ရဲ့ ၀က်ဆိုဒ်စာမျက်နှာတစ်ခုပေါ်က သတင်းကြောင့် ကျွန်တော်အပါအ၀င်မြန်မာတွေ တော်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ ရိုဟင်ဂျာကိစ္စ ရိုဟင်ဂျာဘက်ပင်းပြီး ရေးလို့ပါ။ မသိသေးသူတွေကို ပြန်ဖောက်သည်ချရရင်တော့ မြန်မာပြည်လူမျိုးတွေအကြောင်း ပြတဲ့ မြေပုံမှာ ရခိုင်ဒေသက နေသူလူမျိုးတွေ နေရာမှာ ရိုဟင်ဂျာလို့ ဖော်ပြထားတဲ့ ကိစ္စပါ။ (ကိုးကား http://www.bbc.co.uk/news/world-asia-pacific-11595983)

ဘယ်နှယ့် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေမပါပဲ ကလေက၀ ရိုဟင်ဂျာတွေကို တင်လာတော့ အားလုံးဒေါသဖြစ်ကုန်ပါတယ်။ ဒါကိုသာ ငြိမ်ခံနေလိုက်ရင် ကျွန်တော်တို့အားလုံးသွားပြီပဲ။ ဒါပေမဲ့ မြန်မာ့သွေးက ဇာတိပြပါတယ်။ ကျွန်တော်တောင် Connection မကောင်းလို့ နောက်ကျမှ သိချိန်မှာ ကန့်ကွက်သူတွေက အပြင်းအထန်  ကန့်ကွက်ကြကုန်ပြီ။ ၀မ်းသာစရာက ကန့်ကွက်သူတွေထဲမှာ  ပြည်တွင်းပြည်ပ အားလုံးပါနေတာပါပဲ။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အားလုံး တစ်စိတ် တစ်သဘောတည်း
ရှိနေတာ ပြတာပဲလို့ ဂုဏ်ယူရပါတယ်။

Sunday, 30 October 2011

သောတရှင်နှင့် ပရိသတ်ကို ဂရုမစိုက်ပဲ လျစ်လျူရှုရင်တော့ သတင်းဌာနနဲ.သတင်းထောက်တွေကို ဆုံးမဖိုက လွယ်ပါသည်။

သောတရှင်တွေ ပရိသတ်အသံ Audience/Reader  ကို ဂရုမစိုက်ပဲ ထင်ရာဆိုင်းချင်တဲ့ သတင်းသမား အထူးသဖြင့် ပြည်ပ သတင်းဌာနတွေကို ဆုံးမနိုင်သည့် နည်းလမ်းတွေ အများအပြားရှိပါသည်။ အထူးသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးတဲ့ ပြည်ပ သတင်းဌာနတွေအနေဖြင့် နောက်ကနေ ငွေပေးပြီး အားပေးထောက်ခံနေသည့် အရှင်တွေ Master တွေ သိအောင် တရားဝင် စာရေးပြီး ဆုံးမလို.ရပါသည်။ အချက်အလက်တွေ မမှန်မကန်ရေးသားပြီး Factually wrong, Misleading and Misinformation တွေ ဖြန်.ချီရင် ဆုံးမရမည် ဖြစ်ပါသည်။

သတင်းအချက်အလက်တွေ မမှန်ဘူးဆိုရင် လွဲမှားစွာ ရေးသား ဖြန်ချီနေရင် သက်ဆိုင်ရာ သတင်းဌာနတွေကို တရားဝင် စာရေး ဖုန်းဆက်ပြီး ကန်.ကွက်နိုင်ပါသည်။ သောတရှင်တွေ ပရိသတ်တွေ၏ ရေးသားချက်တွေဟာ ထိရောက်ပါသည်။ ရေးသားတဲ့စာကိုလဲ သက်ဆိုင်ရာ သတင်းထောက် သို.မဟုတ် အစီအစဉ်မှူးကိုလဲ ကော်ပီ မိတ္တူပေးသင့်ပါသည်။ အဲဒီလို တရားဝင် ရေးသား တင်ပြချက်ကိုမှ လျစ်လျူရှုနေသေးရင် သက်ဆိုင်ရာ သတင်းဌာန၏ အကြီးအကဲတွေ ဖြစ်တဲ့ ဥက္ကဌတွေ ဘွတ်အဖွဲ.အ၀င် ဒါရိုက်တာတွေ အယ်ဒီတာချုပ်တွေ ကိုပါ အသိပေးပြီး ထောက်ပြနိုင်ပါသည်။

Saturday, 29 October 2011

အဖေ သို့ အဓိဌါန်ခြင်း

 ထကြည့်ပါအုံး အဖေ..
 အဖေ အသက်ပေးခဲ့ တဲ့
 ဒီနိုင်ငံမြေမှာ..ရိုဟင်ဂျာ ဆိုပြီး
 ဒီကုလားနာတွေ ကို
 သမိုင်းလိမ်ပေးနေကြလေရဲ့ ..

ပြောပြပေးပါအဖေ..
အဖေ့သွေး အဖေ့ချွေးနဲ့
လွတ်လပ်ရေး ယူပေးခဲ့တဲ့
ဒီ မြန်မာ့ မြေမှာ..
ဘယ်ကုလားနာမှ
တိုင်းရင်းသားမဟုတ်ခဲ့ဘူးဆိုတာ..။

ဒေါ်လာရရင် ပြီးရော..
ပြည်တွင်း ပြည်ပ အတိုက်အခံများက
ရိုဟင်ဂျာ ဆိုတာ မြန်မာပြည်ဖွါးပါ
လုပ်နေကြတယ်..

ကျူပ်စိတ်နာတယ် အဖေ..
မြန်မာ့ သမိုင်းမှာ..
ဘယ်အခါမှ ရိုဟင်ဂျာဆိုတာ မကြားဖူးခဲ့တာ..
ဒီခေတ် ဒီအခါမှာမှ  ..
ရိုဟင်ဂျာ ဆိုတာ မြန်မာနွယ်ဖွါး
အာရကန်  နယ်ဟာ သူတို့ နယ်
ကိုယ်ပိုင်နယ်တောင် သတ်မှတ်ပေးရမတဲ့...
မုတ်ဆိတ်ဖွါးနဲ့ ဒီကုလားတွေ
ကျုပ်တို့ အနွယ်ဖွါး တိုင်းရင်းသားလို့
ကျုပ်တို့ဘယ်တော့မှ လက်မခံဘူးအဖေ...

ကျုပ်  အဓိဌါန်တယ် အဖေ..
ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ 
မြန်မာလူမျိုး တိမ်မညှိုးဖို့ 
မျိုးဆက်သစ် လက်တွေ ခိုင်ခိုင်ဆက်လို့ 
အဖေ အသက်ပေးခဲ့တဲ့ ဒီမြေ
ကျုပ်တို့ အစဉ်အမြဲ ကာကွယ်နေမယ် အဖေ..။

                                                         မောင်စစ်
                                                (16:56:29.10.2011)
မူ၇င်းလင့် 

ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့

အခုတလော မြန်မာနိုင်ငံ အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်း ချမ်းသားခွင့် ပေးခဲ့ပြီး မကြာခင် အချိန် အတွင်း အင်တာနက် စာမျက်နှာများ၊ ဂျာနယ်များ၊ ပြည်ပက ရုပ်မြင်သံကြား ဌာနများ၊ ပြည်ပက အသံလွှင့်ဌာနများ စသည့် မီဒီယာ လောကတွင် လွတ်မြောက် လာသူများ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ပြောကြားချက်များ ပလူပျံနေ ပေသည်။
ထိုအထဲတွင် မြန်မာ့ အနုပညာ လောကမှ စွယ်စုံရ အနုပညာရှင်ကြီး (သူတို့ခေါ်ကြသလို) ကိုဇာဂနာ၏ သတင်းများမှာ များမြောင် လှပေရာ အချိန် ခဏတာ အတွင်း မြန်မာ့ နိုင်ငံရေး လောကနှင့် ကမ္ဘာ့ နိုင်ငံရေး လောကတွင် နိုင်ငံရေး လောက အတွင်းမှ တစ်ကယ့်ကို တိုင်းကျိုး၊ ပြည်ကျိုး အတွက် နိုင်ငံရေး လုပ်ဆောင် ပါသည်ဟု ဆိုနေသူ များထက် သာလွန်သော ဟီးရိုးကြီး တစ်ဦးပင် ဖြစ်နေမည် ထင်သည်။
အနုပညာ လောကမှ တစ်ဆင့် နိုင်ငံရေး လောကထဲသို့ ကူးပြောင်း ဝင်ရောက် လာခဲ့သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ စွယ်စုံ အနုပညာရှင်ကြီး ကိုဇာဂနာ၏ အသုံး အနှုန်းများမှာ ကြားရ မြင်ရ သူများ အဖို့ သွားရည် ကျစရာ ဖြစ်နေ ပြန်သည်။ သြော်.. မေ့လို့ သွားရည် ကျစရာ ဖြစ်ဆို အနုပညာ လောက အတွင်းတွင် ဇာတ်သဘင် လူရွှင်တော် ဆိုသူ သူများထဲမှ ကိုဇာဂနာကဲ့သို့ သူများမှာလည်း ပရိသတ် သဘောကျဖို့ အရေး သာမာန် ပျက်လုံး များထက် နိုင်ငံရေး ပျက်လုံးများ၊ ခါးအောက်ပိုင်းနှင့် သက်ဆိုင်သော ပျက်လုံးများ ကဲ့သို့ ကြည့်ရှု နားဆင် နေကြသော ပရိသတ်များ အတွက် အဓိပ္ပာယ် နှစ်ခွ ထွက်သော အတွေး အမြင် ပျက်လုံး များသာ ပြောဆို၍ ပရိသတ်၏ စိတ်ဝင်စားမှုအား ရယူ တတ်ကြသည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။
ကိုဇာဂနာက မိမိ၏ ရှေးကံကြောင့် ရရှိ လာသော တင်္ခဏုပ္ပတ္တိဉာဏ် အား “ထောင်တန်သည့် စကား ရယ်လျှင် ပေါ့သည် ဆိုသကဲ့သို့ အပြောင် အပြက် သဘောနှင့် ပျက်လုံး ထုတ်သည့် ဘက်တွင် အသုံးပြု နေသည်ကို တွေ့ရသည်။ ဤကမ္ဘာ လောက အတွင်းမှ ဖြစ်ပျက်မှု များအား ကြည့်မြင် နားထောင် သူချင်း သူသော်လည်း မိမိ၏ စိတ်သဋ္ဌာန် အရ ရှုထောင့် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ဖြင့် မြင်တွေ့ တတ်ကြ သည်ကိုလည်း တွေ့ရသည်။ သစ်တုံး ပေါ်တွင် ရေးထွင်း ထားသော“၃ ၁” ဟူသည့် အက္ခရာ နှစ်လုံးအား မိမိ၏ အမြင်ဖြင့် (မိမိ နေထိုင် ကျင်လည်ရာ ပတ်ဝန်းကျင် အမြင်ဖြင့်) အမျိုးမျိုး ပြောဆို ကြသော်လည်း နောက်ဆုံးတွင် သစ်ခုတ်သမား၏ “၃ ၁” ဟူသည် “သစ်တုံး”သာ ဖြစ်သည် ဆိုသော ပုံပြင်ကဲ့သို့ ပကတိ အရှိ တရားအား အကောင်း အမြင်ဖြင့် မရှုမြင်ပဲ မိမိ အထင်၊ မိမိ အမြင် ဖြင့်သာ ပျက်လုံး ထုတ်နေခြင်း အားလည်း တွေ့ရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။ နိုင်ငံရေး လုပ်ခြင်း ဆိုသည့် လေးနက်သည့် အသုံးအနှုံးအား လှောင်ပြောင် ရယ်သွမ်း သွေး၍ ဟာသ လုပ်ခြင်းဖြင့် ရောနှော ပစ်လိုက် ခြင်းမျိုး မဖြစ် စေချင်ပါ။
ကိုဇာဂနာ အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာပြီး မကြာမီ မှာပင် အပြောင် အပျက် ပြောဆို သွားသော ပျက်လုံး ကဲ့သို့ ပြန်လည် အသွင်ပြောင်း ပြောရလျှင်-
ကိုဇာဂနာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် လိုလားတယ် ဆိုရင် အပြောင် အပျက် သရော် စကား များဖြင့် ယခု ကဲ့သို့ လူစိတ်ဝင်စား စေမည့် ပျက်လုံးများ ထုတ်နေမည့် အစား “အပြောနှင့် မဟုတ် အလုပ်နှင့် သက်သေပြပါ” ဟု ဆိုချင်သည်။ ထိုသို့ မဟုတ်လျှင် ကိုဇာဂနာ၏ ယခု ပုံစံက “ဝါးခြမ်းအား မြင်နေ သော်လည်း အရင်က ဝါးလုံးကြီးပါ”ဟု ပြောဆိုနေ သကဲ့သို့ လည်ကောင်း၊ “စကားတတ် သည်နှင့် အကောင်း အဆိုး၊ အကြောင်း အကျိုး စဉ်းစား ဆင်ခြင်မှု မရှိပဲ တစာစာ ပြောနေသော ရွှေဂဲ ကြက်တူရွေး”ကဲ့သို့ လည်းကောင်း ဖြစ်နေပေ ဦးမည်။ ထို့ကြောင့် “ဝါသနာ အရင်းခံဖြင့် ဇာဂနာ ရယ်လို့ ဖြစ်လာ ပေမယ့် ဘာလချာ အပျင်းဉာဏ်နဲ့ နိုင်ငံရေး အပြောင် အပျက် ပြောနေမယ် ဆိုရင် ဘာဝနာ အားမထုတ် နိုင်ပဲ အပယ်ငရဲ အထိ ဟာသ ပြက်လုံးများ ထုတ်နေဦး မည်လား”ဟု မေးလိုက် ချင်သည်။ အာသွက်ခရာ 

အာဏာရှင် အနံ့အသက်တွေ ကင်းရှင်းဖို့

လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမဲ့ 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့် ရေးထိုက် တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်း သမား ဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေ ဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိမ်ချိန်မှာတောင် တိုင်းရေး ပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြ အိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စ မှန်သမျှ ကိုယ်တိုင် ဆုံးဖြတ် ရတာ ဖြစ်လေတော့ တာဝန် သိပ်ကြီးပြီး စိုးရိမ် ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲ ထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်း ထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေ တတ်တယ်၊ အဲဒီလိုမျိုးမှာ သတင်းစာတွေကို အားကိုး အားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
ထမင်းစား ရေသောက်သလို
သတင်းစာ ဆိုတာက လူ့လောက အတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ် မျှသမျှ ရေးသားဖော်ပြကြတာ ဖြစ် လေတော့ သာမန် အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိ သွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေး ပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစား ရေသောက်တဲ့ အလုပ်တွေ လုပ်သလို တာဝန်တစ်ရပ် အဖြစ် သဘောထားပြီး မဖြစ်မနေ ဖတ်ဖို့ လိုအပ်တယ်။ သတင်းစာ မဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင်ပီသဖို့အတွက် ခေါင်းဆောင်တွေ အပါအဝင် တိုင်းသူပြည်သား အားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ် ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်းအရာ အလိုက် ဆစ်ပိုင်းပြီး ခွဲခြားစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာ ဖတ်သူတိုင်းဟာ အားလပ် နေကြသူတွေ မဟုတ်ဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာ ပြတဲ့အတွက် အချိန်ကုန် သက်သာပြီး အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာ သမားတိုင်း ဒီကိစ္စကို အထူး အလေးထား လုပ်ဆောင် ကြရတယ်။

အချိန်မှီပါသေးတယ်...

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုကို သိမ်းသွင်းအုပ်ချုပ်တဲ့ အစိုးရပဲ ဖြစ်ဖြစ်၊ တည်ထောင်တဲ့အစိုးရပဲ ဖြစ်ဖြစ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံကြရပါတယ်။ မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ သိမှ သူတို့နဲ့ ညီမျှတဲ့ အလုပ်တွေကို အကောင်းမွန်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်မှာပါ။ ဥပမာ- သုံးယောက်ပဲ ရှိတဲ့ မိသားစုအတွက် တစ်ရက်စားဖို့ ၀က်သား ၁၀ ပိဿာ ၀ယ်လာရင် ပိုလျှံပြီး ပုပ်သိုးဆုံးရှုံးရမှာပါ။ Efficient မဖြစ်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်ကို အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေဟာ ထိထိရောက်ရောက် အုပ်ချုပ်သိမ်းပိုက်ထားနိုင်ဖို့အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူခဲ့ပါတယ်။


၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)



တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)


ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။


ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။

ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်


မီဒီယာ အခန်းကဏ္ဍကို တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မှတ်ယူကြပါတယ်။ မီဒီယာသမားတွေဟာ ဘက်လိုက်မှု အနည်းနဲ့အများ ရှိကြတယ်ဆိုတာကို လက်ခံတယ်။ ဥပမာ ပြောရရင် လက်ယာယိမ်းမီဒီယာဖြစ်တဲ့ Fox News နဲ့ လယ်ဝဲမီဒီယာ ဖြစ်တဲ့ MSNBCတို့ရဲ့ သတင်းတွေကို နားထောင်ရင် သတိနဲ့ ချင့်ချိန်နားထောင်ရတယ်။ နှစ်ဘက်စလုံးကို နားထောင်တာဟာ တစ်ဘက်တည်းကို နားထောင်တာထက် ပိုအကျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀မရှိတော့ နှစ်ဘက်အမြင်ကို သေသေချာချာ ကြားနိုင်ဖို့ ခဲယဉ်းပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပြည်ပအတိုက်အခံမီဒီယာတွေကို ပုံအောပြီး အားပေးကြပါတယ်။ ပြည်ပအတိုက်အခံတွေဟာ မြန်မာပြည်သူတွေ အများစုရဲ့ ပြတင်းပေါက်ကြီးလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းဌာနမှာ လုပ်နေတဲ့လူတွေဟာ အရမ်းတာဝန်ကြီးတယ်။ ဘက်လိုက်မှုမရှိတဲ့ သတင်းအမှန်တွေကို ဖော်ထုတ်ဖို့ တင်ပြဖို့ အရေးကြီးပါတယ်။ အဲဒီလိုပဲ တံခါးပိတ်ခံထားရတဲ့ မြန်မာပြည်အကြောင်းကို တင်ပြတဲ့ နိုင်ငံခြားသားတွေဟာလည်း ဂဃဏန လေ့လာဖို့၊ အချက်အလက်တွေ သေချာ စုဆောင်းဖို့၊ အထူးသတိပြု တင်ပြဖို့ လိုအပ်တယ်။


အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။

BBC မီဒီယာရဲ့  အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်ပါ။

ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်... ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်......
အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်....
Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်...
ဘီဘီစီလို သိက္ခာရှိ သတင်းဌာနအနေနဲ့ ဒီလို လွဲမှားနေတဲ့ သတင်းအချက်အလက်တွေကို စီစစ်မှုမရှိပဲ ထုတ်လွှင့်တဲ့အတွက် ဖြေရှင်းမှု တစ်ခုခု ထုတ်ပြန်သင့်ပါတယ်.....
ရခိုင်လူမျိုးတွေကိုလည်း စာနာသင့်ပါတယ်.... ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ကျူးလွန်နေတဲ့ လူမသိ သူမသိ ပြစ်မှုတွေကိုလည်း ဖော်ထုတ်စေချင်ပါတယ်....
ထောက်ပံ့ငွေရဖို့ မတရားနည်းလမ်းနဲ့ ပိုက်ဆံရဖို့အတွက် Monkey Business ပြလုပ်တဲ့ Anna Jone ကိုလည်း အပြင်းအထန် ရှုံချပါတယ်.....
ရခိုင်လူမျိုးများက ဗုဒ္စဘာသာဝင်တွေပါ။ မဟာမြတ်မုနိဘုရားကိုအဲ့ဒီကနေသယ်လာကတည်းရှင်းပါတယ်။ BBC မှာလုပ်ကိုင်သွားတဲ့ မြန်မာတွေထဲမှာလည်းရခိုင်လူမျိုးတွေပါပါတယ်။ ဒီလိုကိစ္စလေးက သေးသေးလေးဆိုတဲ့အကြောင်းချစ်ရာပေမဲ့ အခုအနေ အထားက ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနဲ့ ရခိုင်ပြည်နယ်ရဲ့ အနေအထားကို ချိုးနင်းလိုက်တဲ့ အပြုအမှုပါဘဲ။
ဒါကို BBC အနေနဲ့ ကျယ်ကျယ်ပြန့် ပြန့် မကြည့်ဘဲ ၊မတွက်ဘဲ သတင်း တစ်ခုအနေနဲ့ တင်ပြတဲ့ အနေအထားနဲ့ဆိုအုံး ကျွန်တော်တို့ 
ကန့် ကွက်ပါတယ်။
ကြီးမားသော ပြဿနာကို ထောင်ပေးသော၊ အက်ကြောင်းပေးသော အနေအထားကို လုပ်ဆောင်သည့် သတင်းဌာနအဖြစ်ကိုတော့ မလုပ်စေချင်ပါဘူး။
ဒီရိုဟင်ဂျာကိစ္စ ထိုင်းမှာပေါ်လာကတည်း ဒီလိုပြဿနာတွေတက်လာတော့ မယ်ဆိုတာကိုသိလို့ ဝိုင်းတားကြတဲ့သူတွေများပါတယ်။ ဒါကို အသီးသီးသော အဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းပြီးတော့ တံဆိပ်ကပ်ကြပါတယ်။

ရိုးသားမှုလုံးဝမရှိ အလိမ်အညာတွေ ပြည့်နေတဲ့ရိုဟင်ဂျာ လှုပ်ရှားမှု


ရိုဟင်ဂျာအား မြန်မာ တိုင်းရင်းသားပြုရေး လိမ်လည်မှုပြသနာမှာ လူအချို့ဟာ လူအခွင့်အရေးဆိုတာ တစ်ခုတည်းကို လက်ကိုင်ထားပြီး ရောယောင် ထောက်ခံမှု ပြုကြတာကို တွေ့မိလို့ ဒီစာကိုရေးမိခြင်း ဖြစ်ပါတယ်။ စာရေးသားရာမှာ လူမျိုး ဘာသာ ခွဲခြားရေး ရှူထောင့်ကနေ တင်ပြတာမဟုတ်ဘဲ လူ့အခွင့်အရေး ဆိုတာကိုလဲ လက်ခံပြီး အမျိုးသားရေး (မူလနိုင်ငံသားများရဲ့အကျိုးစီး
ပွား) ရှူထောင့်ကနေ ရပ်တည်ရေးသားပါတယ်။ ကျွန်တော်တို့ဟာ ရိုဟင်ဂျာရဲ့ လူသားအခွင့်အရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ သူတို့ကို မုန်းတီး နေကြတာလဲ မဟုတ်ဘူး။ သူတို့ကိုဖိနှိပ်ဖို့ လိုလား တောင်းဆိုနေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ သွေးချင်း ရခိုင်သားတွေ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ကြတဲ့ မြေမှာ ၎င်းတို့ဟာ အုံကျင်းလိုက် ကျူးကျော် နေထိုင် ကြတယ်။ ရိုးရိုးသားသား ပြောရရင် လူမျိုးစွဲမပါဘဲ အမျိုးသားရေး စိတ်ဓါတ်အရ ကျွန်တော်တို့ ဒါကို မကျေနပ်ကြဘူး၊