Saturday, 15 October 2011

စပ်မိစပ်ရာ ဘာညာကွိက

   အောင်မြင်သော  ယောက်ျားတယောက်နောက်မှာ   ထက်မြတ်တဲ့   မိန်းမရှိတယ်တဲ့ ။ဒါငဘ
ပြောတာမဟုတ်ဘူးနော်။စာရေးဆရာတွေပြောတာ ။ထက်မြတ်တဲ့  မိန်းမတယောက်ဆိုရင်လည်း  ရိုးရိုး
သားသားနဲ့  မာနကို သိုဝှက်နိုင်မှ   မိန်းမကောင်းတဲ့  ။မြန်မာနိုင်ငံမှာ   ဒီလိုမိန်းကလေးမျိုးတွေ  ရှားပါးနေ
ပြီဆိုတာ  ကို   မနိုးနိုး(ခေါ်) မနွဲ့ နှင်းရည်  နဲ့  အင်တာဗျူးမှာ  ထင်ထင်ရှားရှားကို  တွေ့ နိုင်သဗျ။

               ဘယ်နဲ့ ဗျာ။ထောင်ကျတာကို  ဂုဏ်ယူပြနေတယ်  ဆိုတာကတော့   ငဘထင်တယ် စိတ်ရော
မှန်သေးရဲ့ လားပေါ့။ထောင်ကျတာကို  ဘိုးစင်ဘောင်ဆက်  လိုလို  ၊ဆွေစဉ်မျိုးဆက်လိုလို  ။၊ပြောလိုက်
သေးတယ်  ။ဘာတဲ့ ။ကိုယ်ဘာသာအတွက်တဲ့   မှတ်တောင်ထားရမဲ့ ကိန်းဆိုက်နေပြီ။ထောင်ကျတာကို
ဘာသာရေးနဲ့   လာနှောတာကတော့   အဖေနေမကောင်းတာနဲ့  ခြေညောင်းတာ  မဆိုင်ဘူးတော့ ထင်
တာပါပဲ။


              နိုင်ငံရေးဆိုတာ   ကိုယ်ပိုင်ခံစားချက်နဲ့ ယုံကြည်ချက်ရှိမှ  လို့  ကိုဇာဂနာက ပြောခဲ့ ပေမဲ့  ခု
မနိုးနိုးကတော့    ရှေ့ ကလုပ်မှာ ။ရှေ့ ကဦးဆောင်မဲ့ သူမရှိရင် နောက်လိုက်ဆိုတာ  မရှိနိုင်ဘူးဆိုတော့ 
နိုင်ငံရေးသမား  တွေ အချင်ချင်းတောင်  ကွဲပြားနေပုံထောက်ရင် တနိုင်ငံလုံးကို စည်းရုံးဖို့  ဆိုတာ  နည်း
နည်း  ပုံပြင်ဆန်သွားသလားလို့ ပါ။ပြီးရင်  ကိုဇာဂနာတို့ က  တပည့် သားချင်းတောင် လူသိရှင်ကြားအမွေ
တွေ ဖြတ်မယ် တကဲကဲ လုပ်နေတာကတော့   အင်း စကတည်းက ယဉ်တကိုးတော့  ဖြစ်နေပြန်ပါပြီ။

              ငဘထင်တာပေါ့လေ။သမ္မတဆိုတာ  သူ့ ရဲ့ သက်တမ်းအတွင်းမှာ  ဘာလုပ်ပါမယ်လို့ ကတိပေး
ပြီး   ပြည်သူဆန္ဒရယူပြီးကာမှ  ဖြစ်ခွင့် ရှိတာလို့ ပေါ့။အတိုက်အခံတွေ အားကျတဲ့  (ဒေါ်လာများများ
တောင်းလို့ ရတဲ့ )အမေရိကန်တောင်  မဲဆွယ်ပြီး ပြည်သူတွေကို ဘာလုပ်ပေးပါ့ မယ်လို့  ပြောဆိုရတာ
မလား။ခုတော့  မြန်မာနိုင်ငံမှာတော့  တခြားဆီဗျာ။အစိုးရ လား။အင်းလုပ်လေ။ကြိုက်တာလုပ်။ကန့် ကွက်
ပြီးသားပဲ။ဆည်ဆောက်မှာလား။ဟင်အင့်  ဒီဆည်ကြီးပေါက်သွားရင်  ဘယ်လိုလုပ်မလဲ။ကန့် ကွက်ပါတယ်
ဗျာလို့ ပြောကျတာကများသား။မီးမလာ ဘူးလေ ဒိုနိုင်ငံက။ဂုဏ်ယူသလိုလို ပြောနေကျ၊ဂျာနယ်တွေမှာ
ရေးနေကျလိုက်တာများ။မီးလာအောင် လုပ်ပေးတော့ လည်း ဟင့် အင် လက်မှတ်လေးတွေလိုက်စုလိုက်ဦး
မယ်ဖြစ်ပြန်ရော။ကျောက်ပန်းတောင်လို နေရာမျိုးမှာ ဆိုင်းပုဒ်ထောင်ပြီး  ကန့် ကွက်လေ။လေးဘက်ကုန်း
ပြီးမပြန်လာရရင် ငဘကိုကြိုက်သလောက်ပြော။

အစဉ်အလာ ကောင်းခဲ့ကြသော ဆွေမျိုးပေါက်ဖော်တွေ

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေကို နိုင်ငံတော် သမ္မတကြီးမက မိမိတို့ အစိုးရ လက်ထက် မြစ်ဆုံဆည် တည်ဆောက် တာကို ရပ်ဆိုင်းထားမယ်လို့ သဝဏ်လွှာ ပေးပို့ခဲ့ရာ မြန်မာနိုင်ငံရှိ ပြည်သူပြည်သား တစ်ရပ်လုံး မျှော်လင့်တောင့်တ နေမှုတွေကို နိုင်ငံတော်အကြီးအကဲမှ ဖြည့်ဆည်း ပေးလိုက်တာဖြစ်လို့ ဝမ်းသာကြ၊ ကျေနပ်ကြနဲ့ နိုင်ငံတော် သမ္မတကြီး ဦးစီး အစိုးရအဖွဲကိုလည်း ကျေးဇူးတင်ကြတယ်လို့ သတင်းတွေမှာ အားလုံး ကြားသိ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ မထင်မှတ်ထားတဲ့ သတင်းဖြစ် လို့လည်း အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေနဲ့ စာနယ်ဇင်း၊ စီးပွားရေး ဆိုင်ရာအဝန်းအဝိုင်း၊ အလွှာအသီးသီးရှိ ပြည်သူပြည်သားတစ်ရပ်လုံး၏ မြစ်ဆုံဆည် တည်ဆောက် ခြင်းရပ်ဆိုင်းမှုအပေါ် လှိုက်လှဲစွာကြိုဆိုတဲ့ ချီးကျူးထောပနာ ပေးမှုများ မီဒီယာပေါင်းစုံတွင် တွေ့နေ၊ မြင်နေ၊ ကြားနေ ရတာ ဖြစ်ပါတယ်။
ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်ရဲ့ သက်တမ်းက နုနယ်သေးသော်လည်း ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရပီပီ ပြည်သူလူထု အကျိုးကို ရှေ့တန်းတင် ကြိုးပမ်းဆောင်ရွက်နေမှု အရပ်ရပ်အနက် ကြီးကျယ်ထင်ရှားသော သာဓကတစ်ခုလို့ ကမ္မည်းတင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း မြစ်ဆုံဆည် တည်ဆောက် နေတာကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေမှာ မူလသဘောတူစာချုပ် ချုပ်ဆိုထားတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီနဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဆက်လက် ဆွေးနွေးရန် ကိစ္စဟာ မလွဲမသွေ ပေါ်ပေါက် ရလာပြီဖြစ်ပါတယ်။

Friday, 14 October 2011

ကမ္ဘာကျော် မြန်မာ့လရွှင်တော် ဇာဂနာ အကြောင်းတစေ့ တစောင်း

ငဘ ပြောရင်နည်းနည်းလွန်  များလွန်မလားမသိဘူးနော်။မပြောလို့ ကလည်းမနေ နိုင်ဘူးဗျ။ဘရီးဘရား  ပြောတာကို လက်မခံနိုင်တာပါ။နည်းနည်း  လေးလုံးထွားနေသလားလို့ ။

(၁)။            ထောင်ကထွက်ရင် မပျော်ဘူးတဲ့ ။ရှေးလူကြီးတွေပြောတာ ဒါဆိုရင်စောက်ပေါစကားတွေဆိုတာ  ကိုဇာဂနာပြောမှ ကျနော်  တော်တော်လေး  အသိဥာဏ်   နည်းသေးတာပဲဆိုတာသိသွားပြီ။ရှေးလူကြီးတွေ  ပြောကျတယ်လေ။ထောင်ထွက်တာကလည်း  ပျော်စရာအကောင်းဆုံး  အချိန်ထဲကကာလတခုပါတဲ့။သွားပြီ။  ကိုဇာဂနာပြောမှ  ရှေးထုံးစကားက   ၂၁  ရာစုမှာ မြောင်းထဲေ၇ာက်သွားပြီ။


(၂)။                 ။ ဘုန်းကြီးဆွမ်းကပ်လို့  ဆိုတဲ့   စကားနောက်မှ  တကယ်ဆို ကိုဇာဂနာ  ခင်ဗျာကိုယ့်ကိုယ်ကို လိပ်ပြာလုံရဲ့ လားဆိုတာ ခင်ဗျာကိုယ်တိုင်ပဲသိမှာပါ  ။  ဆွမ်းကပ်တာမှန်ပေမဲ့   ခင်ဗျာဆွမ်းကပ်ခဲ့ တာက  မီးလောင်ဖို့  အောက်ဆီဂျင် ပေးနေတဲ့ အချိန်ဆိုတာကို  ခင်ဗျာပြောဖို့ မေ့ သွားသလားဆိုတာ ထောက်ပါရစေ။ ဆွမ်းလောင်လို့ ဖမ်းတာဆိုရင် မွတ်စလင်လုပ်မယ်လို့ ပြောခဲ့ တဲ့  ခင်ဗျားက ကျနော်  မိရိုးဖလာ   ဗုဒ္ဓဘာသာ  ဘာသာပါလို့ ပြောလိုက်တာနဲ့  အတူတူပဲမို့   ဘုရားကျောင်းကန်မှာများတွေ့ ခဲ့ ရင်  မြင်သူမရှက်ယိုသူရှက်ရမဲ့ အဖြစ်ဆိုတာ  ငဘဆိုတဲ့ ကျနော်  ရဲရဲ ပြောရဲတယ်။

(၃)။  ထောင်သားတွေအားလုံးကိုလွတ်ပေးစေချင်ရအောင် မြန်မာနိုင်ငံက တရားဥပဒေမဲ့ နိုင်ငံတခုမှ  မဟုတ်တာ။ ယုတ်စွအဆုံး တောင်သာကတွေ၊မြင်းခြံကတွေနဲ့   ပေါက်ဖော်တွေ  အားလုံးကို ညွန်းနေမဲ့  အစား  ခင်ဗျာပြောလိုက်တဲ့   အားလုံးကို လွတ်စေချင်တယ်ဆိုတဲ့ စကားကဘောင်ကျော်နေတယ်ဗျ  တနည်းအားဖြင့် ဆိုရင်  မြန်မာနိုင်ငံမှာ ထောင်ဆိုတာ  မလိုအပ်ဘူးလို့  ခင်ဗျား သွယ်ဝိုက်ပြောနေသလို ဖြစ်မနေဘူးလား။

တောင့်တခြင်းနှင့် ကြောင့်ကြခြင်း

စစ်အောင်
( (ကို) စစ်အောင်ရဲ့ FB မှာတင်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။ )
ငယ်ငယ်တုံး ဆရာ တစ်ယောက်က ရှင်းပြခဲ့ဖူး ပါတယ်။ မင်းတို့ လူငယ်တွေက တောင့်တကြတယ်။ ဘာလို့လည်း ဆိုတော့ မင်းတို့မှာ လိုချင်တာ၊ လုပ်ချင်တာတွေ၊ အိမ်မက်တွေ ရှိတယ်၊ အခု နေရထိုင်ရ လုပ်နေရတာ တွေကို အားမရဘူး၊ မကြိုက်ဘူး။ ဒီတော့ အပြောင်းအလဲကို တောင့်တတယ်။ အသစ်အဆန်းကို တောင့်တတယ် တဲ့။
ငါတို့ လူကြီးတွေ ကတော့ ကြောင့်ကြတယ်။ ဘာလို့လည်း ဆိုတော့ အတွေ့အကြုံ ကနေ ရထားတဲ့ သင်ခန်းစာ တွေကြောင့် အမှားတွေ၊ ပြဿနာ တွေကို ရှောင်ချင်တဲ့စိတ်က များနေလို့ ပဲတဲ့။ ဒါ့ကြောင့် အသစ်အဆန်း တစ်ခုခု လုပ်ရ တော့မယ် ဆိုရင် ဘာများ ဖြစ်မလဲဟဲ့ ဆိုပြီး အရင် တွေးတယ်တဲ့။
ဒီတော့ မိဘတွေ၊ ဆရာတွေက ကြောင့်ကြတယ်။ သားသမီးတွေ၊ တပည့်တွေက တောင့်တတယ်။ နှစ်ဘက်လုံး ကတော့ မှန်နေတာပဲ၊ ဒါပေမယ့် ကြောင့်ကြလွန်း ရင်လည်း ဘယ်လိုမှ ခရီးမပေါက် နိုင်တော့ဘူး၊ တောင့်တ လွန်းရင်လည်း မှားတတ်၊ လမ်းလွဲ တတ်တယ်။ ဒီနှစ်ခုကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်ရင် မိဘ၊ ဆရာနဲ့ သားသမီး၊ တပည့်ကြားမှာ ဆက်ဆံရေး ကောင်းမယ်၊ လူ့အဖွဲ့အစည်းလည်း တိုးတက်မယ်တဲ့။
ဆရာ ပြောခဲ့စကားဟာ အခု အခြေအနေ မှာလည်း မှန်နေတုန်း ပါပဲ။ ဖိနှိပ်မှုတွေ အောက်မှာ အကြာကြီး နေခဲ့ရတဲ့ ကျွန်တော်တို့ လွတ်လပ်မှု၊ ဒီမိုကရေစီ ကျင့်သုံး နိုင်မှုကို တောင့်တခဲ့ရတဲ့ ရက်တွေ ကြာခဲ့ပါပြီ။ ပေးဆပ်ခဲ့ရတာ တွေလည်း များလှပါပြီ။ အခု အစိုးရသစ် လက်ထက်မှာ နည်းနည်းလေး ပွင့်လင်းလာတော့ ဒါတွေ အားလုံးကို များများနဲ့ မြန်မြန်လေး ဖြစ်စေချင်တယ်။ ဒါဟာ သဘာဝကျတဲ့ ခံစားမှုပါပဲ။
တဖက်က သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ မှာလည်း လုပ်သာ လုပ်ပေးနေရတယ်၊ ကြောင့်ကြမှုတွေ ရှိမှာ အမှန်ပဲ။ အထူးသဖြင့် အတွင်းရန် တွေပေါ့။ အခု နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ ကိစ္စမျိုးမှာ အကုန် လွှတ်ပေးရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ဘာတွေ ကြောင့်ကြ စိုးရိမ် နေရသလဲ ဆိုတာတော့ သူတို့ပဲ သိနိုင်မှာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ဆရာ ပြောပြသလိုပဲ တောင့်တသူတွေ ဘက်ကလည်း ကြောင့်ကြမှုတွေကို နားလည်ပြီး စိုးရိမ်ဖို့ မလိုဘူး ဆိုတာက ပြနိုင်ရင်၊ ကြောင့်ကြသူတွေ ဘက်ကလည်း တောင့်တသူ တွေရဲ့ ခံစားချက်ကို နားလည်ပြီး လုပ်သင့်တာကို လုပ်ပေးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံး ပါပဲ။(http://padaukmyay.blogspot.com/2011/10/blog-post_14.html)မှကူးယူဖော်ပြပါသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် က ELEVEN MEDIA ၏ CEO ဒေါက်တာသန်းထွဋ်အောင်သို့ တန်ဘိုးကြီးကားတစ်စီး အားလဘ်အဖြစ်ပေးအပ်ခဲ့ကြောင်းသတင်းများဖြစ်ပေါ်နေ

ဦးဇော်ဇော်မှ ဒေါက်တာသန်းထွဋ်အောင်သို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော ကားနှင့် အမျိုးစားတူ ကားတစ်စီး၏ အတွင်းပိုင်းပုံ
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က Eleven Media Group ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင် ထံသို့ ပြည်ပပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဘိုးရှိ LEXUS အမျိုးအစား ကားတစ်စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိပါသည် ။
ဦးဇော်ဇော် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ လတ်တလောမအောင်မြင်မှုများနှင့် သူပိုင် စီးပွားရေးလုပ်ငန်းများ အကြောင်း မီဒီယာမှတစ်ဆင့် ပျံ့နှံ့ ဖေါ်ပြခြင်း မရှိစေရန် ရည်ရွယ်ပြီး ခုလို တန်ဘိုးကြီး လက်ဆောင်များကို ရည်ရွယ်ပေးတာဖြစ်ကြောင်းလဲ အဆိုပါသတင်းများအရ သိရှိရပါတယ် ။
" ခုတစ်လော သူတို့နှစ်ယောက် ညနေတိုင်းလိုလို ညစာအတူစားနေကြတာတွေ့ပါတယ် ၊ ကျွန်တော်တို့လဲ ဒီသတင်းကြားပါတယ် လူတစ်ယောက်ကနေ တစ်ခြားသူခင်မင်ရာ လူတစ်ယောက်ကို သူပေးချင်ရာပေးတာ ဘာမှပြောစရာမရှိပေမယ့် ပေးတဲ့သူကလဲ ရည်ရွယ်ချက်တစ်ခုခုနဲ့ပေးမယ် ၊ ယူတဲ့မီဒီယာသမားကလဲ ဒါယူမိတဲ့အတွက် ပေးတဲ့သူရဲ့ ရည်ရွယ်ချက်ကို တစ်ဖက်လှည့်နဲ့ အကောင်အထည်ဖေါ်နေမယ် ဆိုရင် တော့ ပြည်သူတွေအနေနဲ့ ဒီမီဒီယာကို ယုံကြည်ဘို့ ခက်လာပါ့မယ် ခုပဲကြည့်လေ ဆက်တိုက်ဆိုသလို အရှုံးနဲ့ရင်ဆိုင်နေရ တဲ့ မြန်မာ့ဘောလုံးအသင်းနဲ့ပတ်သက်ပြီး အစိုးရကိုတောင်ဝေဖန်ဘို့ဝန်မလေးတဲ့  Eleven ကဘာမှဝေဖန်တာတွေမရှိပါဘူး  " ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါသည် ။ 

" ဒီသတင်း ဟုတ်တယ်ဗျ တချို့ကလဲ သူ့ဖာသာသူပေးတာဘာဖြစ်လဲဆိုပြီးပြောကြတယ် ဒါဆိုရင် လဘ်စားတယ်ဆိုတာ ဘာလဲ ? ၊ အဂတိလိုက်စားတယ်ဆိုတာဘာလဲ ? ၊ ဆိုတာပြန်မေးရမလိုဖြစ်နေပြီ ဒါမျိုးယူတာမှတရားတယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ နဲ့စီးပွားရေးသမားတွေအကြားအပေးအယူ ရှိတယ်တို့ ဘာတို့ မီဒီယာတွေက ရေးမနေတော့နဲ့လေ... ဟုတ်တယ်မဟုတ်လား    " ပြည်တွင်း သတင်းအယ်ဒီတာတစ်ဦး၏ မှတ်ချက်စကားဖြစ်ပါသည် ။

မကြာမီ စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ နဲ့ ဦးနေအောင်တို့က မီဒီယာတစ်ခုထောင်လာဘို့ရှိသည့်အတွက် ဦးဇော်ဇော်အနေနဲ့လည်း ELEVEN MEDIA ကို သူ့လက်ကိုင်တုတ် မီဒီယာဖြစ်အောင် ကြိုးပမ်းမှုတစ်ရပ်ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အွန်လိုင်းစာမျက်နှာအဖြစ်တင်ထားတဲ့ Soccer Myanmar ဘောလုံးဂျာနယ် ထုတ်ဝေရေးမှာလည်း ဒေါက်တာသန်းထွဋ်အောင်က အစစ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည် ။(http://doctorsatephwar.blogspot.com/2011/10/eleven-media-ceo.html#more) မှကူးယူဖော်ပြသည်။

မီဒီယာနှင့် ဖင်ကိစ္စ

  တစ်ရံရောအခါက လျှင်သူစားစတမ်း ကတုံးပေါ်ထိပ်ကွက်သူများ နေထိုင်သမှုပြုရာ  မြန်မာဟူသော နိုင်ငံတော်ကြီးတစ်ခု ရှိလေ၏။
ထိုနိုင်ငံတွင် အော်ကြီးဟစ်ကျယ်လုပ်မှု၊ လက်သီးလက်မောင်းတန်းမှု၊ မယုံဘူး..မယုံဘူးဟု ကျယ်ကျယ်လောင်လောင်ပြောဆိုမှု၊ လမ်းမပေါ်တွင် မူးယစ်လမ်းလျှောက်မှုတို့ဖြင့် ထောင်သွင်းအကျဉ်းချခံထားရသူများရှိလေ၏။
အတင်းပလင်းအဖျင်းမျိုးစုံကို စပ်စုတတ်ပြီး ကြားလာသောအတင်းအဖျင်းများကို စာရွက်ပေါ်တွင် ပုံနှိပ်ဖြန့်ဝေလေ့ရှိကြသော အဆင်းဘီးတပ်သူ အတင်းထောက်များလည်း ရှိလေ၏။

တစ်နေ့သောအခါ ထိုနိုင်ငံတွင် ထိပ်ပြောင်၍ သမ္မတဖြစ်လာသော ဂီးဆောင်ဂျောင်း အူးတိန်းရှိန်ဆိုသူသည် မလိမ္မာသဖြင့် ဖမ်းဆီးအကျဉ်းချထားသော သကောင့်သားလေးများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လေသည်။
    အတင်းထောက်များသည် သူ့ထက်ငါ အတင်းဦးရစေရန်အလို့ငှာ ထောင်ရှေ့ဝသို့ သွားရောက်စုဝေးကြကုန်၏။ ထောင်ထဲမှ ခါးပိုက်နှိုက်ဆရာသခင်ကြီးများလည်း လွတ်မြောက်လာမည်ဖြစ်ရာ ချစ်လှစွာသော တပည့်ကျော်ခါးပိုက်နှိုက်ကလေးများကလည်း ဆရာသခင်များကို ပြုစုရန်အတွက် ထောင်ဝရှိ လူအုပ်ကြီးထဲဝင်ကာ လက်သွက်ခြေသွက် အစွမ်းပြ ရန်ပုံငွေစုဆောင်းကြလေကုန်၏။

    ထောင်တွင်းမှ မလိမ္မာအခါခါမိုက်သူများ ထွက်လာကြသောအခါ ပြင်ပရှိလူအုပ်ကြီးနှင့် ရောထွေးရစ်ပတ် ရှုပ်ယှက်ခတ်လေတော့ရာ .....

ထိုအချိန်တွင် ပုရွက်ဆိတ်မည်းများသဖွယ် တိုးဝှေ့စုပြုံနေကြသောနေရာ၌ အတင်းထောက်တစ်ဦးဖြစ်သည့် ခင်ပပ၀တီလှိုင်သိန်းတစ်ယောက် တွန့်ခနဲ တွန့်ခနဲဖြစ်နေသည်ကို တွေ့ရလေသည်။
ကနဦးတွင်..... ခံစားရသော ဝေဒနာကို ခင်ပပ၀တီလှိုင်သိန်းခမျာ ကြိတ်မှိတ်ခံပါသော်လည်း မအောင့်နိုင်သည့်အဆုံး နောက်ဖက်သို့ ချာခနဲလှည့်ပြီး -

    ““ဘယ်ကောင်လဲ.. ဘယ်ကောင်လဲ.... ငါ့ဖင်ကိုနှိုက်တာ... ငါ့ဖင်ကို ပယ်ပယ်နယ်နယ် ဟော့သလို ဟော့သလို နောက်ကနေ နှိုက်နေတာ ဘယ်ကောင်လဲ”” - ဟူ၍ အော်ဟစ်လေတော့၏။

    အနီးအနားရှိ အတင်းထောက်လေးများလည်း အူလည်လည်ဖြင့် သူ့ကြည့်ကိုယ့်ကြည့်ဖြစ်ကုန်ကြလေသည်။ ပြီးသော် ကိုယ့်လက်ကိုယ် ပြန်ကြည့်ကြလေ၏။ ထို့နောက် လက်ဖျားလေးများကို နမ်းရှုပ်ကြည့်ကြလေ၏။
ပြီးသော် တညီတညာတည်း ခေါင်းခါပြကြလေကုန်၏။

ထို့ကြောင့် ခင်ပပ၀တီလှိုင်သိန်း ဒေါသထွက်လေသည်။ ဘယ်သူမှန်းလည်းမသိ၊ အကောင်အထည်မပေါ်သောကြောင့် ရှူးရှူးရှဲရှဲဖြင့် လှည့်ပြန်ခဲ့ရလေတော့သည်။

    အတင်းထောက်များက ခွေးနှစ်ကောင်ဖင်ပူးတာကိုတောင် အလွတ်ပေးသူများမဟုတ်တော့ ခင်ပပ၀တီလှိုင်သိန်း ထောင်ရှေ့မှာ ဖင်နှိုက်ခံရသည့်ကိစ္စက မပြီးပြတ်သွားခဲ့ပေ။
တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုးဖြင့် အင်တာနက်စာမျက်နှာများပေါ်သို့ပင် ရောက်ရှိသွားလေသည်။

 အတင်းထောက်လောကတွင်မူ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလေ၏။ အတင်းထောက်အသစ်မလေးများက ထောင်ရှေ့မှဖြစ်ရပ်ကို နားနှင့်ဆတ်ဆတ်ကြားရုံမျှဖြင့် တွန့်လိမ်ကုန်ကြလေသည်။

    အတင်းထောက်ယောက်ျားလေးများကလည်း ခင်ပပ၀တီလှိုင်သိန်းအမှုတွင် မည်သူမည်ဝါဖြစ်နိုင်မည်ဆိုသည်ကို စုံစမ်းကြလေသည်။
    လက်ရဲဇက်ရဲရှိသူများ၊ ရဲစခန်းထောက်ခံစာမရသူများစသဖြင့် ယခင်လက်စလက်နရှိဖူးသူများကို စောင့်ကြည့်ကြလေသည်။

Wednesday, 12 October 2011

သဘောာထားကြီးမားလေသူ

ယနေ့သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ သီတင်းဝါလကျွတ်လွတ်သော သီတင်းကျွတ်လပြည့်ဖြစ်တာနဲ့အညီ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လေး တရက်ဖြစ်ပေသည် ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးက သဘောထားကြီးမားစွာဖြင့် လပြည့်နေ့မတိုင်မီ အဖိတ်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာခဲ့ပြီဖြစ်ပါတယ် ။ထိုသို့ကြေငြာခဲ့၇ာတွင် အကျဉ်း​သား​ ၆၃၅၉ ဦး​ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ် ။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အသက်အရွယ်ကြီး​ရင့်သူ​တွေ၊​ ကျန်းမာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အဂါင်္ချို့တဲ့​သူ​တွေ အပါအ၀င် ထိုင်သင့်သော ပြစ်ဒဏ်ကျခံပြီးသူများ စည်း​ကမ်း​နဲ့​အညီ ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံးဝင်တယ်လို့ ​ကြေငြာချက်အရ သိ၇ှိရပါတယ် ။

ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ် ။ ပထမတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အစိုး၇တက်ပြီး မကြာမီ မေလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။နိုင်ငံတော် သမ္မတကြီး၏ စေတနာ ကိုလည်း လူအများတွေ့မြင်နိုင်ပြီ ဖြစ်ပါတယ် ။သမ္မတကြီးသည် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန်ကို စတင်ထမ်းဆောင်စဉ်အချိန်က လွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ မိမိတို့အစိုးရ အနေဖြင့် ကောင်းမွန်သော အစိုးရ ၊သန့်၇ှင်းသော အစိုးရအဖြစ် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သလိုပဲ တနေ့တခြား သူ၏စေတနာ၊ သူ၏သဘောထားများကို သူ၏လုပ်ရပ်များကို ကြည့်ခြင်းဖြင့် အများလက်ခံနိုင်လာပြီဖြစ်ပါသည်။ ထို့ကဲ့သို့ လုပ်ဆောင်နေသူကို ရှုံ့ချအပြစ်ပြောဆိုမှုများကို ပြောနေမည့်အစား သူ၏လုပ်ရပ်များကို အားပေးကာ လက်တွဲလုပ်ဆောင်ကြရင်ဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုး၇ှိမည် ဖြစ်ပါကြောင်း ယုံကြည်မိပါတော့တယ်ခင်ဗျာ ။

KIA ဘယ်မှာ ပုန်းမလဲ

လက်တွေ့စစ်မြေပြင်တွင် ရင်ဆိုင်တိုက်ပွဲများ ရှူံးဆုံးလျှက်ရှိသော ကေအိုင်အေ အနေဖြင့် ချူံခိုတိုက်ပွဲများ နှင့် မိုင်းစစ်ဆင်ရေး များ စတင်ပြုလုပ်နေသည်မှာ နိုင်ငံအ၀ှမ်း အသိပင်ဖြစ်ပါသည်။တဖန် မီဒီယာ ၀ါဒါဖြန့်ချီခြင်းအနေဖြင့် website များ blog များ သတင်းဌာနများ မှတဆင့် မဟုတ်တမ်းတရား လျှာအရိုးမရှိ လေလွှင့်နေခြင်းဖြင့် မျောက်သစ်ကိုင်းလွှတ် ဘဝ တဖြည်းဖြည်း ရောက်ရှိလာနေသည်။ ငြင်းဆိုလိုပါသလား။ဒီမှာကြည့်ပါ။အစိုးရစစ်တပ်အား ချူံခိုတိုက်ခိုက်ခြင်း မိုင်းဆွဲခြင်းများ ပြုလုပ်ပြီး အမှန်တကယ် ထိခိုက်ကျဆုံးသည်ထက် အဆပေါင်းများစွာ ကျဆုံးသည် ဒဏ်ရာရ သည်ဟု ကိန်းဂဏာန်းကြီးများ ပြ ပြီး အောင်မြင်မှုရရှိသည်ဟု ဝါဒဖြန့်ချီနေပါသည်။
ကေအိုင်အေတို့၏ အဆိုပါ မိုင်းဆွဲ ချူံခို ချောင်း ပစ်ပြေး မီဒီယာ ၀ါဒဖြန့်မှုတို့ကြောင့် အောင်မြင်မှုများ
ဆက်တိုက်ဆိုသလိုရရှိလာပါသည်။ကေအိုင်အေ တပ်မဟာ ၄ ဌာနချူပ် နှင့် ရင်း (၉) ဌာနချူပ်သည်လည်းတပ်မတော်၏အောင်လံစိုက်ထူခြင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပါသည်။ထို့အပြင် ကချင်ပြည်သူတို့၏ ကေအိုင်အေအား ဆန္ဒပြရှူတ်ချခြင်းကိုအောင်မြင်စွာ ရရှိလိုက်ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားနေသောစစ်ပွဲ များအား ဂရူတစိုက် အလေးထား(အထူးသဖြင့်
ပြည်သူများ ဒုက္ခမရောက်စေရန်)စီစဉ်ပြီးမှ တိုက်ပွဲဝင်ခဲ့ပါသည်။ကေအိုင်အေအနေဖြင့် ၄င်းတို့ ရွာသားအသွင်ဆောင်ကာ လှုပ်ရှားရမည်ဖြစ်သောကြောင့် အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ပါက ရွာသားများထိခိုက်မည်ဆိုသော အကြောင်းပြချက်ဖြင့် ဒုက္ခသည်စခန်းသို့အတင်းအကျပ်ပို့ဆောင်လျှက်ရှိသည်။ မြန်မာတပ်မတော် နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများတွင် အိမ်ပြန်ခွင့်ပျောက်ဆုံးနေတဲ့ ဒုက္ခသည်များ၏
အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးနေပါသည်။အိုးအိမ်ပစ်ခွာ ထွက်ပြေးသူများ၏ အနာဂတ်မှာလည်း မရေရာမသေချာသော အတွေးများနှင့် ပြည့်နှက်နေသည်။ယင်းဒုက္ခသည်များ၏ အခြေအနေကို ပိုင်နိုင်စွာဆုပ်ကိုင်ခဲံ့သော ကေအိုင်အေအနေဖြင့် လက်ရှိအစိုးရအား တန်ပြန်ရင်ဆိုင်နိုင်ခြင်းမရှိသောအခါ အဆိုပါ    ဒုက္ခသည်များအားဗန်းပြကာ “ မျောက်ပြဆန်တောင်း”သည့်ဘ၀ရောက်ရှိလာရုံတင်မက နိုင်ငံတကာဂရုဏာသက်မှု ရရှိရန်ကြိုးပမ်းနေလျှက်ရှိပါသည်။တပ်မတော်အား တပ်သားသစ်စုဆောင်းမှုများဖြင့် တဖက်တလမ်း အာကျယ် ပေးခဲံသော ကေအိုင်အေအနေဖြင့် ဒုက္ခသည်စခန်းများအား ၄င်းတို့အတွက် ရဲဘော်ထုတ်လုပ်ရေးအလုပ်ရုံသဖွယ်အသုံးချခဲံကြပြန်သေးသည်။
ငြင်းဆိုမှုရှိလျှင် ဒီနေရာ နဲ့ ဒီနေရာလေး ကိုသွားရောက်ကြည့်ပါ။ 

Tuesday, 11 October 2011

ဘိန်းရူဖို့ရယ် ဆပ်ကြေးတောင်းဖို့ရယ် အရက်သောက်ဖို့ရယ် ဒါပဲသိတဲ့ကောင်တွေ

ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၃  ရက်နေ့လောက်က အစိုးရစစ်တပ်က KIA တပ်မဟာ ၄ ရဲ့ ဌာနချုပ် လွယ်ကန်ကို အင်အားအများအပြားနဲ့ ၀င်ရောက်သိမ်းပိုက်ခဲ့လို့ တပ်မဟာ ၄ ဟာ လွယ်ကန်မှ ဆုတ်ခွာပေးခဲ့ရပါတယ်။ အစိုးရတပ်တွေဟာ လွယ်ကန်ကို သိမ်းပြီး KIA တပ်မဟာ ၄ ရဲ့နယ်မြေတစ်ခုလုံးကို ရှင်းလင်းခဲ့ချိန်မှာ တက္ကနိုင်းရွာက ဦးအားဝူး ရဲ့အိမ်မှာ တပ်မဟာ ၄ ဆုတ်ခွာတုန်းက တပ်မဟာ ၄ ကရင်း ၉ ရင်းမှုး ဗိုလ်မှုး လရိန် ၀ှက်ထားခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့  လက်နက်တွေကို တွေရှိ့သိမ်းဆည်း သွားတယ်လို့ မူဆယ်မှလာတဲ့ သတင်းများအရသိရပါတယ်။

တက္ကနိုင်းရွာမှ ဦးထိန်နန်ရဲ့ ပြောပြချက်အရကတော့အစိုးရတပ်က မနက်အစောကြီးရောက်လာကြပြီး
ဦးအာဘူး အိမ်မှာ WY စာတမ်းပါတဲ့ စိတ်ကြွဆေးပြား ခြောက်သိန်းခန့်၊ yatai တံဆိပ်ဆေးပြားထုတ်စက် ၂ လုံး၊ သေနတ် ၂ လက်၊ စိန်ပြောင်း ၁ လက်၊ကွန်ပျူတာ ၂ လုံး၊ KIA စစ်သားတပ်ဖွဲ့ဝင်များ၏ ရာဇ၀င်အထောက်အထားစာအုပ်တွေကို ရှာတွေ့သွားခဲ့ပြီး သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒီဗွီဘီလူငယ်အသံမှဘရဏီ ပြည့်တန်ဆာလုပ်ငန်းစိတ်ဝင်စား

ယမန်နေ့ အစောပိုင်းတွင် သတင်းမှားသတင်းလိမ်များသာအစဉ်တစိုက် ထုတ်လွှင့်တတ်သော ဧရာဝတီ ဒေါ်လာစားသတင်းဌာနမှ ပြည့်တန်ဆာလုပ်ငန်းတရားဝင်ခွင့်ပြုသင့်ပါသလားဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပြည့်တန်ဆာလုပ်ငန်းကို အတိုင်အခံဒေါ်လာစား နိုင်ငံခြားရောက်သူများမှ စိတ်ဝင်စားသူ များပြားကြောင်း သတင်းရရှိပါသည်။အပြည့်အစုံကိုဒီမှာဖတ်ပါ။
         ဤသတင်းကြားလျှင်ကြားချင်း ပြည်ပရောက် ဒီဗွီဘီကို အစဉ်တစိုက် အားပေးလာသော အာဝါဒါးများမှာ ဘရဏီကို ဆက်သွယ်နေကြကြောင်း အမည်မဖော်လိုသူ ပြည်ပရောက်တစ်ဦးမှ ပြောကြားခဲပါသည်။ဘရဏီ ဆိုသူအကြောင်းအတွင်းသိတစ်ဦးပြောပြချက်အရ ဘရဏီသည် မြန်မာနိုင်ငံတွင်ရှိစဉ်ကာလကတည်းက လိင်ဖျော်ဖျေရေးအလုပ်ကိုသာ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာသူဖြစ်ကြောင်း၊ထိုမှတစ်ဆင့် ရန်ကုန်တွင်အဖမ်းအဆီးကြမ်းလာသောကြောင့်လိင်မယ်များအတွက်ဥပဒေတိတိကျကျမရှိုခြင်းကြောင့် မြဝတီမဲဆောက်သို့ ရှောင်တိမ်းရောက်ရှိကာ ၂နှစ်ခန့်  ထိုလုပ်ငန်းကိုဆက်လုပ်ခဲ့ကြောင်း၎င်းနောက် ထိုင်းနိုင်ငံရှိ ၈၈ကျောင်းသားအမည်ခံ ကို(     )ဆိုသူက နော်ဝေနိုင်ငံသို့ အငှားလင်မယားအဖြစ်နှင့်ခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပါသည်။ယခုလက်ရှိနော်ဝေနိုင်ငံတွင် ဒီဗွီဘီဌာန၌ ၎င်းလုပ်ငန်းကိုဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သို့ ပေမဲ့ အတွင်းသိများအတွက်သာဖြစ်ကြောင်းကိုဒီဗွီဘီမှ ကို(     )က လိပ်ပတ်လည်အောင်ရှင်းပြပေးခဲ့ပါသည်။
ဖိုးကျော်

http://kyawthuaungpolitical.blogspot.com/2011/10/blog-post_10.html   မှကူးယူဖော်ပြပါသည်။

Sunday, 9 October 2011

လိမ်ညာမှုများဖြင့်ပြည့်နှက်နေသော သတင်းဌာန(သို့) ဧရာဝတီ

လွန်ခဲ့တဲ့ စက်တာဘာလ(၆) ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် သမ္မတဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ခွင့်ကြောင့် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံ နေရသည်ဟု ဧရာဝတီသတင်းဌာန က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
 ဖုံးကွယ်လို့မရသော ဧရာဝတီသတင်းဌာနရဲ့ လိမ်ညာမှုများ

သို့သော် ထို သတင်း မှားယွင်းကြောင်း ကို ကာယကံရှင် သတင်းထောက် ဦးစိန်ကျော်လှိုင်က မိမိသည်ဘာသာရေး ကိစ္စတစ်ခုကြောင့် ခရီးလွန်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ကိုလည်း မပြန်ကြောင်း၊ စစ်ကြောရေး မှ ဖမ်းဆီးစစ်ဆေးခြင်းခံရသည် မှာလည်း မဟုတ်ကြောင်း ၊ ဧရာဝတီ မှ သတင်းမှားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။  ထို့အပြင် ဧရာဝတီမှ ထုတ်ပြန်သောသတင်းသည်  လုံးဝ အခြေအမြစ် မရှိ ခိုင်လုံခြင်း မရှိကြောင်း၊ ထို့အတွက် ဧရာဝတီသတင်းဌာန မှ တာဝန်ယူသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ထိုကဲ့သို့ သတင်းမှားများဖြင့် ဖြူစင်သော မြန်မာပြည်သူလူထု အပေါ် မီဒီယာမှိုင်းဖြင့် လိမ်ညာခဲ့သည်မှာ ယခုမှမဟုတ် ကြာခဲ့ပြီဖြစ်သည်။ ယခင် တခါကလည်း နိုင်ငံကျော် အဆိုတော် မေဆွိသေဆုံးပြီဆိုပြီး မတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီသတင်းဌာန အင်္ဂလိပ် ပိုင်းအစီအစဉ်မှာ ကောလဟာလအဖြစ် မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးပါတယ်။ ဒီ့အတွက် မေဆွိကို ချစ်ခင်သော ပရိသတ်တွေအပြင် မိသားစုဝင်တွေပါ ၀မ်းနည်းကြေကွဲခဲ့ရပါသေးတယ်။ မေဆွိလည်း ဒီသတင်းမဟုတ်မမှန်ကြောင်း ချက်ချင်းဆိုသလို ဖေ့ဘုတ်မှာ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုသတင်းမျိုးတွေကို သေချာမှုရှိမရှိ စုံစမ်းစိစစ်ပြီးမှ အများပြည်သူကို ချပြ သင့်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကြောင့်  ဧရာဝတီသတင်းဌာနရဲ့ ပြည်သူတွေအပေါ် မဟုတ်မမှန် ၀ါဒဖြန့် သတင်းမှားတွေ ထုတ်လွှင့်နေမှု ဟာ ဖုံးကွယ်လို့မရပဲ အရှက်တကွဲ ပေါ်ပေါက်လာရပါတယ်။ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီညွှတ် သတင်းတစ်ခုကို မှန်ကန်မှုရှိမရှိ စိစစ်မှုမရှိဘဲ ထုတ်လွှင့်နေတဲ့ ဧရာဝတီရဲ့ သတင်းတွေကြောင့် ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံနဲ့လူမျိုးအရပါ ထိခိုက်နစ်နာမှုတွေဟာ မနည်းလှပါဘူး။ ဒီ့အတွက်ဧရာဝတီ သတင်းဌာန ကနေ ဘယ်လိုများတာဝန်ယူ ဖြေရှင်းခဲ့ပါသလဲ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဧရာဝတီသတင်းဌာန ဟာ ဂရုစိုက်ဖြေရှင်းနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘယ်သူသေသေငတေမာ ရင်ပြီးရော ဆိုသလို မိမိအတွက်သာ ကြည့်ပြီး အများအကျိုးကို ထည့်မတွက်တာကြောင့်ပါ။

မကြာခင် ကာလအတွင်း အကျဉ်းသားနစ်ထောင်ကျော်အား လွှတ်ပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းပြောကြား

ယနေ့ နိုင်ငံတော်အစိုးရသည်  သဘောထားပျော့ပြောင်းသော အစိုးရဖြစ်တာနှင့်အညီ ပြည်သူ့ဆန္ဒကို အလေးပေးဖော်ဆောင်လျက်ရှိပါတယ်။ မကြာသေးမီ ရက်ပိုင်းအတွင်းကပင် အများပြည်သူ၊ရဟန်း၇ှင်လူများ လက်မခံနိုင်သော ကန့်ကွက်လျက်ရှိသော မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းကို ပြည်ထောင်စုသမ္မတကြီးက လွှတ်တော်သို့ သ၀ဏ်လွှာပို့ကာ မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထို့အတူ (၇.၁၀.၂၀၁၁)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံမှ အစိုး၇အဖွဲ့ဝင် ၀န်ကြီး  အက်စ်ဘတ်အီဒဲ (Espen Barth Eide) နှင့်တွေ့ဆုံခဲ့ရာ မကြာခင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မိမိတို့ အစိုး၇အနေဖြင့် နိုင်ငံရေးအရ ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။

Tuesday, 27 September 2011

ယုံကြည်ပါသည် မြန်မာပြည်

မြန်မာနိုင်ငံသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ် ပေါ်ထွန်းရေးအတွက် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ၂၀၀၃ ခုနှစ်က ကြေညာ ခဲ့အပြီး အဆင့်အလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ပါတီစုံ ပါလီမန် ဒီမိုကရေစီ စနစ်အရ အစိုးရသစ် ကို ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ ပြည်သူတို့က ရွေးချယ် တင်မြှောက်ပေး ခဲ့သော အစိုးရ အနေဖြင့်လည်း ယခုအခါ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် အစည်းအဝေးများ ကျင်းပ ပြုလုပ်ကာ ပြည်သူတို့၏ လိုအပ်ချက်များနှင့် လိုလားချက်များကို လွှတ်တော်တွင်း ဆွေးနွေး နေကြပြီ ဖြစ်သကဲ့သို့ အကျဉ်း သားများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများကို တိုးမြှင့်ပေးခြင်းနှင့် အတိုးနှုန်း များ လျှော့ချပေးခြင်း အပါအ၀င် အပြုသဘော ဆောင်သော အပြောင်းအလဲအချို့နှင့် အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေးမှုများကို တွေ့ရှိနေရသည်မှာ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး၏ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေုပြီဟု ဆိုရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့

ဓါတ်ပုံ( 7 Day News ) 
 
ယနေ့ (စက်တင်ဘာ ၂၆) ရက်နေ့တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်လှုပ်ရှားမှု လေးနှစ်ပြည့်သည်ကို အကြောင်းပြုကာ ဆန္ဒပြပွဲများ ရန်ကုန်မြို့ အချို့နေရာများတွင် သီးခြားစီဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည် ။ 
 
သွေးထိုးလှုံဆော်မှုတွေ မပါဘူးတဲ့လား (ဓါတ်ပုံ 7 day news ) 
 
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် အင်အား ၅၀ ခန့်ဖြင့်၎င်း  န၀ဒေးရုပ်ရှင်ရုံအနီးတွင် အင်အား ၂၀၀ ခန့်ဖြင့်၎င်း  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပြိုင်နက်နီးပါးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လူစုခွဲရန် တားမြစ်ဆောင်ရွက်ခဲ့မှုများကြောင့် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ 
 
မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်
“'ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 11 Media Group ၏အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည် ။
 

အဆိုပါ လူထုဆန္ဒပြပွဲများကို ဦးဆောင်သူမှာ ဦးဝင်းချို နှင့် ဒေါ်နော်အုန်းလှတို့ ဖြစ်ကြောင်း လည်းသိရပါသည် ။ 
(http://doctorsatephwar.blogspot.com/)မှကူးယူဖော်ပြပါသည်။

စစ်တပ်က ဘုန်းကြီးသတ်တယ် ပြောသူများ ယုံနိုင်စရာ အထောက်အထား ပြကြပါ သံဃာပြဿနာ




ဘုန်းကြီးသတ်တဲ့ စစ်တပ်၊ သံဃာ သတ်တဲ့ စစ်တပ် ဆိုပြီး စွပ်စွဲလာခဲ့ကြတာ ၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဘယ်လိုသတ်တာလဲ? ဘယ်အထောက်အထားနဲ့ ပြောနိုင်တာလဲ မေးရင်တော့ ဘယ်သူမှ ခုထိ သေသေချာချာမပြောနိုင်ကြပြန်ပါဘူး။

တပ်မတော်သားဆိုတာ သာမန်လူ အများစုထက် ဘာသာရေးကို ပိုပြီး လေးစား အားကိုး ကြပါတယ်။ တပ်တိုင်းမှာ တပ်ဦးကျောင်း ဆိုပြီး ဘုန်းကြီးကျောင်းရှိသလို၊ အပတ်စဉ် တိုင်းလည်း ပရိတ်ရွတ်၊ ပဌာန်းရွတ် များ လုပ်လေ့ရှိပါတယ်။

တပ်ရှိတဲ့ မြို့တွေ မှာဆိုရင် တပ်ကပဲ ဦးစီးပြီး ကထိန်ပွဲ၊ ဝါဆိုသင်္ဃန်းကပ်ပွဲတွေကို အရင်ကတည်းက လုပ်ခဲ့သလို ခုထိလည်း လုပ်နေဆဲဖြစ်ပါတယ်။ တပ်မတော်သား အားလုံးရဲ့ ၉၉.၉၉ ရာခိုင်နှုံးဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါတယ်။ ရှေ့တမ်းရောက် တပ်မတော်သား တို့အတွက် တကယ်တမ်း သေရေး ရှင်ရေး ဆိုရင် ဘုရားမှ လွဲပြီး အားကိုးစရာမရှိပါဘူး။

၂၀၀၇ စက်တင်ဘာ တုန်းက ရန်ကုန်မှာ စကားဝဲနေတဲ့ တိုင်းရင်းသား ဘုန်းကြီးတွေနဲ့ ဝါ မရှိသေးတဲ့ ဘုန်းကြီး အချို့ရဲ့ ကမကထ ပြုမှုကြောင့် ဆူပူလှုပ်ရှားမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရားနဲ့ တဂိုဏ်းထည်း ထားခံရတဲ့ ဘုန်းကြီးများက မာတုကာမ ဓာတ်ပုံများကို ကိုင်ဆောင်ပြီး မြို့တွင်း လှည့်လည်ခဲ့ကြပါတယ်။

Wednesday, 21 September 2011

ရွှေနိုင်ငံသို့...

ရင်နာရပါတယ် ဆိုတာထက် ရင်နင့်ရပါတယ်ဆိုရင်ပို မှန်ပါလိမ့်မယ်။ မြင်နေရ ကြားနေရတာတွေက တခုမှစိတ်ချမ်း သာစရာမရှိဘူး။ မြန်မာပြည်က မိကောင်းဖခင်သားသမီးလေး တွေ မလေးရှားမှာ လာအလုပ်လုပ်ကြတော့ ပညာမတတ် မိုက်ရိုင်းတဲ့ တရုတ်၊ ကုလားတွေ လက်အောက်မှာ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွေးတာစား ဘဝနဲ့နေ့စဉ်ရုန်းကန် နေတာမြင်ကြား နေရတော့ ဘယ်မှာ စိတ်ချမ်းသာပါ့မလဲ။

မနှစ်က အသက် ၃၀ လောက် မြန်မာအမျိုးသမီးတ ယောက်ပြောတာကြားခဲ့ရတယ်။ ကျမက ကျောင်းဆရာမပါ။ မောင်နှမ ၅ ယောက်ရဲ့ စရိတ်ကို အမေမုဆိုးမနဲ့ ကျမရဲ့ လစာနဲ့ မလောက်ဘူး။ အပိုဝင်ငွေလေးရလိုရငြား သူများတွေ နိုင်ငံခြား သွားအလုပ်လုပ်တာ အဆင်ပြေတယ်လို့ ပြောသံ ကြားတော့ ရှိစုမဲ့စုလေးနဲ့ မလေးရှားမှာ စာပွဲထိုးလုပ်ဖို့ ပွဲစားနဲ့ လာခဲ့ရတယ်။ ဒီရောက်တော့ တရုတ် လင်မယားဖွင့်ထားတဲ့ ကော် ဖီဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။ အလုပ်ချိန်က ညနေ ၄ နာရီကမနက် လင်းအားကြီး တနာရီထိ လုပ်ရတယ်။

Thursday, 15 September 2011

အလုပ်ရုံ အစည်းအဝေးကိုတော့ ခဏနဲ့ ထ ပြန်ပြီး ဘောလုံးပွဲကိုတော့ အပြီးထိထိုင်ကြည့်သည့် ထူးဆန်းသော အင်တာနက်ပေါ်က လူထုခေါင်းဆောင်

ဒီကနေ့ ညနေ ရန်ကုန် သုဝဏ္ဏ ဘောလုံးကွင်းမှာ ကျင်းပတဲ့ ယူ ၁၉ ဘောလုံးပွဲကို အင်တာနက်ပေါ်က လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် အဖွားကြီးရဲ့ ပထမ ဆုံး မြန်မာနိုင်ငံမှာ ဘောလုံးပွဲ သွား ကြည့်ခြင်းဖြစ်ပါတယ်။ ဘောလုံးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ထက် အသက်ကြီးတဲ့ အမျိုးသမီး ပရိတ်သက် တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘောလုံးပွဲကို အစ မှ အဆုံးထိ စိတ်ဝင်စားစွာနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပါတယ်။

လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘောလုံးပွဲကိုသာ အစ မှ မဆုံး မကြီးမငယ် နဲ့ သွားရောက်ကြည့်ရှုခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ၊ မြန်မာ တမျိုးသားလုံး၊ မြန်မာ လူထုတစ်ရပ်လုံး ရဲ့ အမျိုးသား အကျိုးစီးပွားအရေးကို ရှေးရှုပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ပထမ ရက်မှ မတက်ခဲ့ပါဘူး။ ဒုတိယ ရက်မှာတော့ ပထမပိုင်း လောက်မှာ ခဏ ဝင်ထိုင်ပြီး ဆွေးနွေးပွဲ မပြီးခင်မှာပဲ သူနဲ့ မဆိုင်သလိုပဲ ထပြန်လာခဲ့ပါတယ်။


ဘောချစ်တဲ့ အန်တီစု မှ နိုင်ငံ့ စီးပွားရေး အကြောင်း ဆွေးနွေးတုန်းက ထပြန်ခဲ့ပေမယ့်
ဘော အကြောင်း ဆွေးနွေးချိန်မှာတော့ ထ မပြန်ပဲ အပြီးထိ စိတ်ဝင်စားစွာ နားထောင်နေစဉ်

Wednesday, 14 September 2011

လူ့အခွင့်အရေး ချိုးဖောက်မှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အရေးယူရန် ကူညီမည်


မကြာခင်က ဖွဲ့စည်း လိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ဖို့အကူအညီများ ပေးသွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ (၁၃)ရက်နေ့က ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr.Derek Mitchell တို့ တွေ့ဆုံပွဲမှ သိရပါတယ်။

အဆိုပါ လူ့အခွင့်အရေး ကော်မရှင်ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့မှ အမိန့်ကြော်ငြာ စာအမှတ် (၃၄/၂၀၁၁)နဲ့ စက်တင်ဘာလ (၅)ရက်နေ့က ကြေငြာ ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ်။ အခုလို ဖွဲ့စည်း ပေးလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်း လိုက်တာ ဖြစ်ပြီးအဆိုပါ လူ့အခွင့်အရေး ကော်မရှင်မှာ အငြိမ်းစားသံ အမတ်ကြီး ဦးဝင်းမြက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် သွားမှာဖြစ်ပြီး တိုင်းရင်းသား လူမျိုး ပေါင်းစုံနဲ့ ဘာသာစုံမှ စုစုပေါင်း အဖွဲ့ဝင်(၁၅)ဦး ပါဝင်တာ ဖြစ်ပါတယ်။

Tuesday, 13 September 2011

နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခု ရန်ကုန်တွင် ကျင်းပခဲ့

(၂၀၁၁)ခုနှစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ အကြောင်းတွေကို ဟောပြောဆွေးနွေးခဲ့တဲ့  နိင်ငံရေးဆိုင်ရာ ဟောပြောဆွေးနွေး ပွဲတစ်ခုကို စက်တင်ဘာလ (၁၀)ရက်နေ့က ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းရှိ Orchid Hotel မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါသည်။ အဲ့ဒီ ဟောပြောဆွေးနွေး ပွဲမှာတော့ (၂၀၁၁)ခုနှစ်အတွင်း ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး    အခြေအနေနဲ့ နိုင်ငံတကာ ဆက်ဆံမှုတွေ အကြောင်းကို စာရေးဆရာကြီး မောင်စူးစမ်းနဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ နိုင်ငံရေးအကြံပေး ပုဂ်္ဂိုလ်လည်းဖြစ်သလို နိုင်ငံတကာ သုတေသီ စာရေးဆရာကြီး ဦးကိုကိုလှိုင် တို့မှ ဟောပြောဆွေးနွေး ကြတာဖြစ်ပါသည်။

အဲ့ဒီ ဆွေးနွေးပွဲမှာတော့ (၂၀၁၁)ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေ အနေတွေဖြစ်တဲ့ နိုင်ငံရေးပါတီများ တရားဝင် ရပ်တည်ခွင့် ရှိလာခြင်း ၊ လွှတ်တော်များ ပေါ်ထွက်လာခြင်းနဲ့ ပြည်သူမှ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ထွက်လာခြင်းများ အကြောင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။ (၂၀၁၁)ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ ကုလသမဂ္ဂမှ တာဝန်ရှိသူများ အမေရိကန်နဲ့ အီးယူတို့မှ တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံ
မှုတွေဟာ နိုင်ငံရေးပြောင်းလဲမှု တွေဖြစ်သလို ယခင်က တိုးတိုးပြောတောင် နောက်လှည့် ကြည့်နေရတဲ့ စကားတွေဟာ လွှတ်တော်အတွင်းမှ တရားဝင် ပြောပိုင်ခွင့် ရရှိလာပြီ ဖြစ်တယ်လို့ သိရပါသည်။

ဒါ့အပြင် နိုင်ငံတော် အစိုးရမှလည်း ပြည်သူတွေ အကျိုးအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ အခွန်အခများ လျှော့ချပေးခြင်း စတဲ့အရာတွေကို ပြုလုပ်ပေးသလို အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးတံတားဖြစ်တဲ့ မီဒီယာ ကဏ္ဍကိုလည်း စတုတ္ထ မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းများ ပြုလုပ်မှုတွေဟာ (၂၀၁၁)ခုနှစ်အတွင်း နိုင်ငံရေး ပြောင်းလဲလာမှုတွေ ဖြစ်တယ်လို့ အဆိုပါ ဟောပြောပွဲမှ သိရပါသည်။

ဒါ့အပြင် အဲ့ဒီ ဆွေးနွေးပွဲကို တက်ရောက် လာတဲ့ ပရိသတ်တွေမှ မိမိသိလိုတဲ့ မေးခွန်းတွေကို ဟောပြော ဆွေးနွေးသူတွေကို မေးမြန်းနိုင်တဲ့ အစီစဉ်များလည်း ပါဝင်ပြီး တက်ရောက်လာတဲ့ ဆရာ ဦးခင်မောင်ညို ၊ ဆရာ ဦးတင်အောင်ရွှေ သုတေသီ အပါအ၀င် တက်ရောက် လာတဲ့ ပရိသတ်တွေမှလည်း မိမိသိလိုတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါသည်။   
(http://www.mrtv4.net.mm/)မှကူးယူဖော်ပြသည်။

မြစ်ဆုံစီမံကိန်း အပါအ၀င် လုပ်ဆောင်စရာရှိသည်များကို ယုံကြည်ချက်ဖြင့် လုပ်ဆောင်သွားပါစို့ 


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၀ရက်နေ့တွင် နေပြည်တော်ရှိ မီး၇ထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်သောမီဒီယာများနှင့်တွေ့ဆုံခြင်း အခမ်းအနားတွင် မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။                                                                                                                
ထိုသို့ပြောကြားခဲ့ရာတွင် “အခုရက်ပိုင်း တစ်လလောက်အတွင်းတွင် ဧ၇ာဝတီရောဂါကို အမှီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။  ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်" ဟုပြောကြားခဲ့တယ် လို့ သိရှိရပါတယ် ။