Monday, 12 September 2011

THE LADY ရဲ့  နောက်ဆက်တွဲ ဇာတ်၇ုပ်များ

ဒါလေးကတော့   ငဘတယောက်  ၇ုံးပိတ်၇က်ကလေးမှာ  တွေ့ ရှိလိုက်၇တဲ့   သတင်းထူးလေးတခုလေးပေါ့။
နိုင်ငံ၇ပ်ခြားက လူမျိုးတယောက်က   မြန်မာနိုင်ငံသား  တယောက်အပေါ်မှာ  နိုဘလ်ဆုလေး  တခုအ
ကြောင်းပြု  ပြီး   နာမည်ကြီးအောင်ဖန်တီး   ၊ပြည်သူတွေကို  သမိုင်းပြောင်းပြန်ဖြစ်အောင် အမှတ်မှားအောင်
လုပ်နေတာကိုတော့   ငဘမခံမ၇ပ်နိုင်ဖြစ်မိတယ်ဗျာ။

ဆိုပါစို့ ။ဇာတ်ကားတကားက  ပြည်သူတွေ၇ဲ့ ၇င်ထဲ မှာ ဟာသဖြစ်ဖြစ်၊၇သဖြစ်ဖြစ်၊တခုခုကို ပေးစွမ်းနိုင်
အောင် လုပ်ပြ၇တာပါ။ကြည့် ကြည့် ပါ  ။ငဘတို့  မှီသလောက်ဆို  ဝေလည်းမွေးကြွေလည်းမွေး   ဘယ်
လောက်  ကောင်းလိုက်တဲ့   ၇သပေါင်းမြောက်များစွာပေးစွမ်းနိုင်တဲ့  ဇာတ်ကားမျိုးတွေလဲ။ပြီးတော့  ဒီဘက်
ခတ်မှာ  သူ့ ကျွန်မခံပြီဇာတ်ကားမျိုး။ဇာတ်ကားကြည့် ၇င်းနဲ့ ကို  မျိုးချစ်စိတ်တွေ  ၊ဇာတိသွေးဇာတိမာန်တွေ
ထက်သန်နေအောင်  ပေးစွမ်းနိုင်တဲ့ ဇာတ်ကားမျိုးပါ။နောက် ဟောေ၇ှာ့ ဇာတ်ကားဆို၇င်လည်း  မိသားစု
လိုက်၇ုံးပိတ်၇က်မျိုးမှာ  စိတ်ဖိတ်စီးမှူ့ တွေကို ပျောက်အောင် ဟာသ၇သပေးစွမ်းနိုင်တဲ့  ဇာတ်ကားမျိုးတွေ
ဆိုတော့   ဒီဇာတ်ကားက  ဘာကို ဆိုလိုချင်တာလည်းဆိုတာကိုတော့   ငဘနားမလည်နိုင်ဘူးဗျာ။

အန်တီ မှားနေတာ ကြာပါပြီကော အန်တီရယ်

                           စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏
မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်မှ  ပြန်လည် ဖြေကြားခဲ့ရာ ၌ “အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” လို့ သူမ၏လူ(အတိုက်အခံ) များသို့ ရည်ရွယ်တဲ့အာမခံ စကားတစ်ခုကိုထည့်သွင်းဖြေကြားခဲ့ပါတယ်။

      ကျွန်တော့် အထင်ကတော့ အန်တီ မှားနေတာကြာပါပြီ။အန်တီပြောသလို တာဝန်ယူမယ် ဆိုရင်တောင် တာဝန်ယူသင့်တာကြာပါပြီ။ အန်တီ လုပ်ဆောင်ခဲ့သမျှ တွေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆို လျှင် အန်တီ
လုပ်ဆောင်ခဲ့ တာဟာ တိုင်းပြည်ကောင်းဖို့ အတွက် လား ? သို့မဟုတ် ပြည်သူလူထု ကြား စိတ်ဝမ်းကွဲ အောင် လုပ်ဆောင်နေသလား ဆိုတာ ပြန်လည် သုံးသပ်စေချင်ပါသည်။ အန်တီ့ ဘ၀ တလျှောက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သက်တမ်း မည်မျှ ရှိသနည်း ။ အမိ နိုင်ငံ ကောင်းကျိုး   မည်မျှ
လုပ်ဆောင်နိုင်ခဲ့ သနည်း စဉ်းစားစေချင်ပါသည် ။ အန်တီ ဟာ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး ဖခင်ကြီး ၏ သမီးတစ်ယောက် ဖြစ်သည် ဆိုသော အချက်ကြောင့်ပင် လူအများ ၏ ယုံကြည် ကိုးစားခြင်း
ကိုရရှိခဲ့တာပါ ။ အန်တီ့ ရဲ့ လုပ်ဆောင် ချက် ကတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် အနှုတ်ပြနေတာပါ ။ အန်တီသာအမှန်တကယ် တာဝန်ယူ ရဲတယ်ဆိုရင် မှန်ကန်တဲ့ လမ်းကိုရဲရဲဝံ့ဝံ့ လျောက်လှမ်း ပြီး လက်ရှိ အစိုးရသစ် နဲ့ လက်တွဲ ကာ တိုင်းပြည်ကောင်းကျိုး ကို ကြိုးစား
လုပ်ဆောင် ရမှာပါ ။ အန်တီ့ ဖခင်ကြီး ရဲ့ မျက်နှာကို အိုးမဲသုတ်နေတာတွေကို ရပ်တန်း ကရပ်ပြီး
သူလျောက်ခဲ့တဲ့ လမ်း ကိုပြန်လာပါတော့ လို့ တောင်းဆိုပါရစေ ။ အန်တီ့ ဖခင် ကြီးက အမိ နိုင်ငံ ထဲကနေ တိုင်းတပါးသားတွေကိုမောင်းထုတ် ခဲ့တာပါ ။လက်ရှိ အန်တီကတော့အဲ့လိုမဟုတ်ပဲ တိုင်းတပါးသားတွေ ကို
လက်ကမ်းခေါ်နေတာပါ ။ ပြန်စဉ်းစားကြည့် ပါအန်တီ ။ အန်တီ ဟာ မိမိ တို့ တိုင်းပြည် ကိုနှစ်ပေါင်း ရာချီ အောင်ကျွန်ပြု နှိပ်စက် ခဲ့တဲ့ အင်္ဂလန် နိုင်ငံသား တစ်ဦး ကိုလက်ထပ် ခဲ့တာ အပြစ် မတင်လိုပါဘူး ။
ဖူးစာပေါ့နော် ။ အဲ့လိုပဲ သူတစ်ပါး နိုင်ငံ မှာ ဆယ်စုနှစ် ပေါင်းများစွာ နေထိုင်ခဲ့တာကိုလဲ အပြစ်မပြောရက်ပါဘူး ။ အကြောင်းကြောင်းကြောင့်ပေါ့နော် ။ အန်တီ ဟာ ၁၄ နှစ်သမီး အရွယ် ကတည်း ကအမိ နိုင်ငံ မှ ထွက်သွားခဲ့သူပါ ။ ၁၄ နှစ် မတိုင်ခင်ကလဲ အမိ နိုင်ငံ အကျိုး မသယ်ပိုးခဲ့ နိုင်ပါဘူး ။ ကလေးမို့လို့ပေါ့နော် ။ အဲ့လိုနဲ့ အန်တီ ဟာ အင်္ဂလန် နိုင်ငံ သားတစ်ဦး နဲ့ အကြောင်းဆက်ပြီး အသက် ၄၃ နှစ်ထိတိုင် အမိနိုင်ငံကိုလှည့်မကြည့်ခဲ့ပါဘူး ။

Sunday, 11 September 2011

ဒေါ်လာစားတို့၏ လူမှုရေးရာ အရှုပ်အထွေးများ

နအိမ်ထောင်မှု ဖောက်ပြန်ခြင်း သည် လူကျင့်ဝတ်နယ်ပယ်တွင် အဆိုးရွားဆုံးသော ကျင့်ဝတ်ဖောက်ဖျက်မှု တစ်ခု ဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အတွက်လည်း ဒု သ န သော ဆိုသော ငရဲကို ကျခံ ဖို့ အကြောင်းဖန်လာသော လူကျင့်ဝတ် ချိုးဖောက်မှု တစ်ခုပင်ဖြစ်သည်။

ထိုကဲ့သို့ လူမှုရေးဖောက်ပြန်မှုများကို လူမှုနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကြားသိမြင်တွေ့ နေရသည်။ များမကြာသေးမီက အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော် လူသိများခဲ့သော တပ်ပြေးသမား ပညာရှင်ယောင်ယောင် အရက်သမားယောင်ယောင် ဖြစ်သည့် စိုင်းသိန်းဝင်းနှင့် RFA မှ သားညွန့်ဦး၏ ဇနီး အင်ကြင်းနိုင်တို့၏ အရှက်တကွဲ လူမှုရေးဖောက်ပြန်မှု သတင်းများ၊ ငယ်နိုင်နှင့် မိုးသွေးငယ်တို့၏ သတင်းများမှာ အတိုက်အခံ ဒီမိုလုပ်စားတို့ကြား အထူးပင် အရှက်ရစရာ ဖြစ်ခဲ့သည်။ လူသိရှင်ကြား သတင်းဆိုး မထွက်ခဲ့သော်လည်း အခြားလူမှုရေးဖောက်ပြန်မှုများမှာ အများအပြားပင်ရှိသေးသည်။ ထိုသို့လူမှုရေး ဖောက်ပြန်မှုများအပြင် အတိုက်အခံအချင်းချင်း ပစ္စည်းဥစ္စာပြိုင်ဆိုင်မှု၊ ဇနီးမယားများ ဘယ်လိုချောကြောင်း သူ့ယောက်ကျားက ဘယ်လိုငွေရှာကောင်းကြောင်း၊ သူ့မှာတော့ဘယ်လို လက်ဝတ်လက်စား တွေနဲ့ ချမ်းသာကြောင်း အချင်းချင်းကြား ပြိုင်ဆိုင်ပြောဆိုမှုများ ရှိကြသည်။ ရတာမလို လိုတာမရသော အတိုက်အခံ ဒေါ်လာစားတို့သည် ထိုကဲ့သို့ ကိုယ့်ရှိတာနှင့် မတင်းတိမ် သူ့မယား ကိုယ့်မယား ဖြစ်ချင် သူ့ပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင်သည့် အချင်းချင်းကြား သွားရည်ယို မျက်စောင်းထိုးမှု များ မှာလည်း ဒုနှင့်ဒေးနှင့်ပေါများလှသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အပုပ်ချစော်ကား ၍ အားမရ မိမိ၏ ကိုယ်ကျင့်တရား၊ စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ် များကို ပါ မိမိကိုယ်တိုင် စော်ကား ဖျက်ဆီး နေကြသည်။ ယိုသူမရှက် မြင်သူရှက် ဆိုသလို မိမိတို့လုပ်ရပ် အတွက် မိမိကိုယ်တိုင် မရှက်သော်ငြား မြင်ရသိနေရ သည့် လူတို့မှာ အရှက်ရဖွယ်ကောင်းသော လူ့ကျင့်ဝတ် ဖောက်ဖျက်မှုများအတွက် လုံးဝလက်မခံ နိုင်သည့် ကိစ္စပင်ဖြစ်သည်။

လက်ရှိဘ၀အတွက်လည်း မကောင်း နောင်ဘ၀အတွက်ပါ အပယ်လားမည့် ထိုကိစ္စရပ်များကို လုပ်ဆောင်နေကြသည့် ဒေါ်လာစား အတိုက်အခံ များ အဖို့ မိမိတို့၏ အမှားများ ကိုသိ၍ ရပ်တန်းက ရပ်သင့်ပေသည်။ ထိုသို့ လူမှုရေးရာ အရှုပ်အထွေးများ ရှိမရှိ အတိုက်အခံတို့အကြား အချင်းချင်း သိပါလိမ့်မည်။ ထို့ကြောင့် တိုင်းရေးပြည်ရေး နိုင်ငံရေးကို ဘေးချိတ်၊ ထိုကိစ္စသည် လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေသော အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပါလိမ့်မည်။ အတိုက်အခံတို့ အတွက်ကား အထက်ပါကဲ့သို့ မိမိတို့ အသိုင်းအ၀ိုင်းအကြား အရှက်ရစရာ လူမှုရေး အရှုပ်အထွေးများကို ရှင်းလင်းအောင် ဖြေရှင်းကြပါဟု ရွှေမြန်မာမှ တိုက်တွန်း အကြံပြုချင်ပါသည်။


ရတာမလို လိုတာမရ သူတို့ဘဝ
http://goldenmyanmarnews.blogspot.com မှ ကူးယူဖော်ပြပါကြောင်း

Wednesday, 7 September 2011

မှတ်သားစရာမပါသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး



အခုအပတ် ပြည်တွင်းထုတ်ဂျာနယ်အချို့မှာ ဒေါ်အောင်ဆန်းစုကြည် ၏ကိုယ်တိုင်ရေး ဆောင်းပါးများ အပြင် အင်တာဗျုးများ လည်း ထုတ်ဝေခွင့်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

အခုလို ဖေါ်ပြခွင့်ပြုခြင်းကို ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားများကကြိုဆိုလိုက်ကြပြီး ဆက်လက်ဖေါ်ပြနိုင်ရေးအတွက် မျှော်လင့် တောင်းဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

ယခုလ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး နှစ်ပေါင်း ၂၀အတွင်း ဘယ်ဂျာနယ်မှာမှဖေါ်ပြနိုင်ခြင်းမရှိသေးတဲ့ အင်တာဗျုးတစ်ခုကို သူတို့ဂျာနယ်ကပထမဆုံး ဖေါ်ပြနိုင်ပြီဖြစ်ကြောင်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဂုဏ်ယူစွာ ဖေါ်ပြထား တာတွေ့ရပါတယ် ။ ဒါပေမယ့်လည်း အင်တာဗျူးကို ဖတ်ကြည့်ပြီးသူများကတော့ ဖြေကြားချက်တွေက နိုဘယ်စုရှင် တစ်ယောက်လို့တောင် မထင်ရပဲ.. အခြေခံပညာတန်းက ကျောင်းသားတစ်ယောက် ဖြေထားတဲ့ အဆင့်ပဲ ရှိတယ်လို့ ပြောကြပါတယ်။

ရောင်တော်ပြန် လွှတ်ကြသူများ


              ဒီကနေ့ သတင်းတပုဒ်ကိုဖတ်မိပါတယ် ။ထိုသတင်းကတော့ လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အစိုး၇ကဖမ်းဆီးပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေသည်ဟု ဒီမိုက၇က်တစ်မြန်မာ့အသံ (DVB) မှဖော်ပြထားခြင်းပဲဖြစ်ပါတယ်။(တကယ်တော့ ဖမ်းဆီးတာမဖြစ်နိုင်ပါ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း လောက်သာဖြစ်နိုင်ပါသည် ။) ထိုဦးစိန်ကျော်လှိုင်ဆိုသူသည် ၀ါ၇င့်စာနယ်စာရင်းသမားတဦး ဖြစ်ပြီး BBC သတင်းဌာနတွင် စီးပွားေ၇းဆိုင်ရာ သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး (RFA) သတင်းဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်ဟု သိ၇ှိ၇ပါတယ်။ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေပါတယ်လို့ သိရှိ၇ပါတယ်။ ကျွန်တော်အဓိကဆိုလိုချင်သည်မှာ ထိုအကြောင်းအရာကိုမဟုတ်ပါ။ထိုသတင်းနှင့်အတူ ထွက်ပေါ်လာသည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကိုပါ အစိုးရကဖမ်းဆီးထားပြီး ရန်ကုန် ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ ထွက်ပေါ်လာခြင်းပါဘဲ အစတုန်းကတော့ ဘယ်သူမှ ပဒိုမန်းငြိမ်းမောင် ဘယ်ပျောက်နေမှန်းမသိပါဘူး ။အခုမှ ဦးစိန်ကျော်လှိုင်ပဲ ခေါ်ယူစစ်ဆေးခံရသလို ကြားတော့မှ ပဒိုမန်းငြိမ်းမောင်ပါ ရေကြည်အိုင်မှာ စစ်ဆေးခံနေရတယ် ဖြစ်ပေါ်လာပါတော့တယ်ခင်ဗျာ။

Tuesday, 6 September 2011

ငြိမ်းချမ်းရေးတံခါးမှသည် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဆီသို့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ပြည်သူတို့၏ ဆန္ဒမှန်ဖြင့် ရွေးချယ်မှု နှင့်အတူ နိုင်ငံတော် တာဝန်ကို စတင် ထမ်းဆောင်ချိန် မှစ၍ နိုင်ငံတော်ကြီး ဘက်စုံ ကဏ္ဍစုံမှ တိုးတက် လာစေရေး အတွက် ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိသည်မှာ မည်သည့် အချိန်အခါက ပြောင်းလဲမှုများနှင့်မျှ မတူအောင်ပင်။ ထိုသို့ ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ပေးနေသည့် နည်းတူ တစ်ဘက်မှလည်း တိုင်းပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ခေါ်လျက်ရှိရာ စက်တင်ဘာလ (၁၈) ရက်နေ့ကပင် ကြေညာချက်အမှတ် (၁/၂၀၁၁) ထုတ်ပြန် ကြေညာ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်က ငြိမ်းချမ်းရေး တံခါးကို အစဉ်အမြဲ ဖွင့်လှစ်ကာ လက်ကမ်း ကြိုဆိုခဲ့သည်မှာ ယခုမှ မဟုတ် ယခင် နှစ်ပေါင်းများစွာ ကတည်းကပင် ဖြစ်သည်။

ဒေါ်လာထွက်သော နွားနှင့် နို့ညှစ်သူ ဒေါ်လာစားအတိုက်အခံများ

                    ပြည်ပရောက် အတိုက်အခံများ မှာ ကိုယ်တိုင်ကိုယ်ကျ blog ထောင်၍ ဒေါ်လာတောင်းသူ၊ အဖွဲ့အစည်းနှင့် စု၍ ဒေါ်လာတောင်းသူ စသည်ဖြင့် အမျိုးမျိုး ကွဲပြားခြားနားသည့် အဖွဲ့အစည်းပေါင်းစုံ၊ blog ပေါင်းစုံဖြင့် အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှ ကို ဘူး ခံငြင်းပြ၍ ပြည်ပမှထောက်ပံ့သော ဒေါ်လာများကို လက်ဝါးဖြန့်တောင်းယူနေသည်မှာ အချိန်အတော်ပင်ကြာခဲ့ပြီဖြစ်သည်။
                 ဟန်ဆောင် မျိုးချစ်ပြ၍ ပြည်ပနိုင်ငံတို့၏ အကြိုက် အစိုးရကို ဘာလုပ်လုပ်အတိုက်အခံလုပ်၊ အစိုးရမကောင်းသတင်းကို မဟုတ်မမှန် ၀ါဒဖြန့် အော်ဟစ်ကြေညာနေကြသော ထိုအတိုက်အခံတို့အပေါ် ထောက်ပံ့ ရသည့် ပြည်ပနိုင်ငံများမှာလည်း ရင်းနှီး ထားရသည့် အချိန်၊ ငွေကြေးများမှာ လည်း မနည်းမနှောမဟုတ်။ပြည်ပနိုင်ငံများမှာလည်း ထောင်မြင်၍ ရာစွန့်နေရသော်လည်း ကြာလာတော့ ထိုအတိုက်အခံတို့၏ ၀ါဒဖြန့်မှု မအောင်မြင်၊ မိမိတို့ဖြစ်စေချင်သော ကြိုးကိုင်၍ရသော အစိုးရတစ်ရပ်ကို မဖန်တီးနိုင်တော့မှန်း သိသောအခါ ထိုသို့ထောက်ပံ့နေရသည် ကို ငြိုငြင်လာကြသည်။ ထောင်မြင်လို့ ရာစွန့်ပေ မဲ့လည်း မိမိထင်သလိုမဟုတ်သော အခါ မိမိပိုက်ဆံအိတ်မှာ ပုံထဲမှနွားကဲ့ သို့ ပိန်ကပ်လာသည်။ မြန်မာပြည်အစိုးရ၏ စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေမှုကို ယုံကြည်အားပေးထောက်ခံ၍ မြန်မာပြည်နှင့် အကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်သော နိုင်ငံများမှာ သူတို့နိုင်ငံအတွက်လည်း အကျိုးရှိ မြန်မာပြည်အတွက်လည်း အကျိုးရှိသည်ကို တွေ့မြင်လာရသော ထိုအတိုက်အခံ ထောက်ပံ့ ပြည်ပနိုင်ငံများမှာ အရင်က သူတို့ကိုယ်တိုင် ချမှတ်ထားသော မြန်မာပြည် အပေါ် စီးပွားရေးပိတ်ဆို့မှု Sanction ကိုပဲ ရုတ်သိမ်းရကောင်းနိုးနိုး ဆက်ထားရကောင်းနိုးနိုး စဉ်းစားလာကြသည်။ တဖက်မှာလည်း မိမိတို့ထောက်ပံ့ မြှောက်ပင့်ပေးထားသော ဒေါ်လာစားတို့၏ လုပ်ဆောင်မှုက မိမိအိတ်သာ ပိန်သွားမည် တိုးတက်လာမည့် အရိပ်အယောင်မမြင်။ တဖက်မှာလည်း Sanction သာရုတ်သိမ်းပြီး အကျိုးတူစီးပွားရေး လုပ်မည်ဆိုပါက အခြားနိုင်ငံများကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိလာမည်မှာကလည်း မလွဲဧကန်ပင်။ ထိုလမ်းနှစ်လမ်း မည်သည့်လမ်းသို့လျှောက်လှမ်းမလည်း ဆိုတာကိုတော့ ထိုနိုင်ငံတို့၏ စိတ်ထဲတွင်ပင်ရှိပေလိမ့်မည်။ လောလောဆယ်တော့ မရ ရသလောက်ညှစ်မည်ဆိုသော အတိုက်အခံ ဒေါ်လာစားနို့ညှစ်သမားလက်ထဲတွင် မိမိမှာ နံပြားဖုတ်သမား နံပြားရိုက်သလို ပိန်ကပ်ပြားချပ်နေသည်။

Monday, 5 September 2011

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာကျင်းပမယ့် ပထမဦးဆုံး ဒီမိုကရေစီနေ့ အခမ်းအနား

                     ကျွန်တော်တို့ နိုင်ငံသည် ခေတ်မှီသော ဒီမိုကေ၇စီနိုင်ငံ အဖြစ်သို့ လျောက်လှမ်းနေပြီဖြစ်၇ာ ကမ္ဘာတ၀ှမ်း၇ှိ ဒီမိုကရေစီနိုင်ငံများတွင် ပြုလုပ်လေ့၇ှိသော  ဒီမိုကေ၇စီနေ့မှာလည်း မြန်မာနိုင်ငံအနေနဲ့ ပြုလုပ်သွားမယ်လို့ သိ၇ပါတယ်။ အခုလိုပြုလုပ်ခြင်းဟာ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်ပါတယ် ။ ထိုအခမ်းအနားကို အခုလ စက်တင်ဘာ ၁၅ ရက်နေ့မှာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ စတင်ကျင်းပမည် ဖြစ်ပါသည်။ ထိုအခမ်းအနားကို ပထမဦးဆုံးအကြိမ်အဖြစ် လွှတ်တော်တွင် ပြုလုပ်မှာ ဖြစ်ပြီး မီဒီယာ အများအပြားကိုလည်း ဖိတ်ထားတယ်လို့ သိ၇ှိ၇ပါတယ်။ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားများကို ကမ္ဘာပေါ်၇ှိ ဒီမိုကေ၇စီ ကျင့်သုံးသော နိုင်ငံများတွင် ၂၀၀၈ခုနှစ်မှစ၍ စတင်ကျင်းပခဲ့တာဖြစ်ပြီး အစိုးအဖွဲ့အချင်းချင်း၊ လွှတ်တော်အချင်းချင်း အနေဖြင့် ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာများ နှင့် ပတ်သက်သည်များကို အပြန်အလှန်ထုတ်ဖော် အသိပေးကြတယ်လို့ သိ၇ှိ၇ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်သူ.လွှတ်တော်

ပြည်သူ့ လွှတ်တော်ဥက္ကဌကြီးသူ၇ဦးရွှေမန်း
လွှတ်တော် အခမ်းအနားပြီးဆုံး၍ ပြန်လည်းထွက်ခွာလာကြသော လွှတ်တော်အမတ်များ

အတိုက်အခံများဟာ သနားစ၇ာ ဖားသတ္တ၀ါလေးတွေ ပါ


               
              အတိုက်အခံမီဒီယာတွေ အားလုံး သူတို့ ပြောတဲ့သတင်းတွေအားလုံး မှန်လား မမှန်ဘူးလား ဆိုတာ သူတို့ရဲ့ သတင်းတွေကို အမြဲဖတ်နားထောင်နေ၇င်ကို သိသာပါတယ်... ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ လိုရာကိုရသလောက်ဆွဲပြီး ဖော်ပြတတ်တဲ့ အတိုက်အခံတွေပါ... သတင်းတစ်ခုရပြီဆိုတာနဲ့ အစိုး၇ကောင်းတာလုပ်လျှင် ဖုံးကွယ်လျစ်လျူရှု့ထားတတ်ကြပီး မကောင်းကြောင်းကိုပဲ အမြဲတစေေ၇းသားနေတတ်ကြတယ်... ထို့နောက်တစ်ချက်က ကျနော်တို့ ခုဘလော့ဆိုဒ်တွေမှာ အောက်မှာကွန်မင့်ကို ဖတ်သူတိုင်း ပေါက်ကွဲ ပြီးကြိုက်တာေ၇းသားခွင့်ပြုထားပါတယ် ဖျက်လည်းမဖျက်ဘူး ကောင်းတာေ၇းေ၇း မကောင်းတာေ၇းေ၇းပါ ကျနော် တင်ထားမှာပါပဲ အဆင့်အတန်း၇ိုသူလား အောက်တန်းကျသူလား ဆိုတာ သူေ၇းတဲ့စာကို ဖတ်ပြီးသိနိုင်ပါတယ်...လူဆိုတာ ကိုယ့်ကိုသူများ ဝေဖန်တာ မကြိုက်ကြပေမယ့် ဝေဖန်တော့ခံ၇မှာပဲ အဝေဖန်မခံချင်၇င် ကင်းအောင်နေပေါ့ ဝေဖန်နေတိုက်ခိုက်နေတဲ့ လူတွေကြားထဲမှာ နေ၇င် အဲဒီအလုပ်လုပ်နေ၇င် မိမိကိုယ်တိုင်က လည်း သူတပါးကိုဝေဖန် နေတယ်ဆို၇င်မိမိ ကိုလည်း သူတပါးက ဝေဖန်တာ ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံနိုင်၇မယ် ခု လည်း အစိုး၇ အတိုက်အခံ ဧရာဝတီ သတင်းဆိုဒ် သူတို့လုပ်တာ ဟုတ်လား၊မဟုတ်လား အ၇င်ဆုံးအောက်က ကွန်မင့်ပေးတာလေးတွေနဲ့ ကိုသိသာနေတယ်... အချင်းချင်း ကွန်မင့်ပေးတခြားသူက တစ်ချက်ချက် သူတို့မကောင်းတာလေးပါတဲ့ ကွန်မင့်ပေးလိုက်၇င် တင်မပေး၇ဲတော့ဘူး အဲလို တင်ပေးလိုက်၇င် သူတို့ မဟုတ်တာလုပ်မယ် လုပ်တာတွေကို သူတပါးတွေသိသွား၇င် သူတို့ ၇ဲ့ ဒေါ်လာတောင်းတဲ့ခွက်လေး ပျောက်သွားမယ်ဆိုတဲ့ ကြောက်စိတ်တွေ ကြောင့်ဖြစ်ပါလိမ့်မယ်...ဘယ်သူဖြစ်ဖြစ် လူမှန်လျင် ကိုယ်လုပ်တာကိုတော့ကိုယ်မှန်တယ် ထင်ကြတယ် ယုံကြည်ချက်၇ှိကြတယ် ကိုယ်မှန်တာကို ကိုယ်ထောက်ပြကြတယ် သို့ပေမယ့် ကိုယ်မဟုတ်တာလုပ်နေတာကို ကိုယ်ကိုယ်တိုင်လည်းသိတယ် မျက်စိစုံမှိတ်ြပီး မှားနေမှန်းသိလျက်နဲ့ တစ်ဝမ်းတစ်ခါး လှဖို့သူတို့ခွက်ပြည့်ဖို့အမှန်တ၇ားကို မျက်ကွယ်ပြုပြီးသူတို့ ခဗျာ ဝေဖန် နေကြ၇၇ှာတယ် တကယ်တော့လည်း အတော်လေးသနားဖို့ကောင်းပါတယ် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က ပြည်ပကမြန်မာတွေ အမိမြန်မာနိုင်ငံကို ပြန်လာချင်စိတ်ရှိလျင် ပြန်လာနိုင်ကြပါတယ် ပြစ်မှု့တစ်ခုခုကြောင့် ပြည်ပနိုင်ငံမှာနေကြရတယ်ဆို၇င်လည်း မြန်မာပြည်ပြန်လာလျင် သူတို့ကိုသဘေားထားကြီးစွာ စဉ်းစားပေးသွားမှာပါ ရိုးသားတဲ့ စိတ်စေတနာရှိသူတိုင်းဟာ ကိုယ့်နိုင်ငံကို ချစ်ကြပါတယ် လို့ ပြောကြားခဲ့ဖူးပါတယ် ဒါပေမယ့် အတိုက်အခံများမှာ ပြန်မလာ၇ဲကြပါဘူး အကြောင်းအမျိုးမျိုးပြကာ မကောင်းပဲဝေဖန်နေကြပါတယ်...ထိုအချက်ကိုကြည့်၇ုံနဲ့ အတိုက်အခံများ လုပ်နေကြတာ အမှန်လားအမှားလား သိနိုင်ပါတယ်... သူတို့၇ဲ့စိတ်ဓါတ်ဟာ မရိုးသားဘူးဆိုတာကို သူတို့လုပ်၇ပ်က ညွှန်ပြနေပါတယ် အတိုက်အခံသတင်း မီဒီယာတွေနဲ့ အတိုက်အခံအားလုံးဟာ နိုင်ငံတော်ကောင်းစားဖို့ထက် သူတို့ ကောင်းစာဖို့ ကိုဦးစားပေးကြတဲ့တစ်ကိုယ်ကောင်းသမားတွေပါ...သူတို့ တောင်းတဲ့ ခွက်လေးပြည့်ဖို့ အေ၇း အသံကုန်အော်...နေကြ၇တဲ့ သနားစ၇ာ ဖားသတ္တ၀ါလေးတွေ ပါ...
http://tabarwamyay.blogspot.com/ )မှကူးယူဖော်ပြပါသည်။

Saturday, 3 September 2011

ဟာဒယရွှင်ဆေး တိုက်ကျွေးလေသူများ...


                သြဂုတ်လ ၂၁ရက်နေ့က တနသာင်္၇ီတိုင်း၊ ပုလောမြို့နယ်က ကရင်ရွာသားနှစ်ဦးကို စစ်တပ်မှ ဖမ်းသွားပါတယ်လို့ ဒီမိုက၇က်တစ် မြန်မာ့အသံ DVB ကရေးသားထားတာကို ဖတ်မိပါတယ် ။ ပြောစရာလေး မြင်မိတော့လည်း မနေနိုင်မထိုင်နိုင် ၀င်ပြောမိချင်ပြန်ပါတယ် ။ ထိုသတင်းရဲ့ ထူးခြားချက်ကတော့ အဲ့ဒီရွာသားနှစ်ဦးက အသံဖမ်းစကားပြောစက်နဲ့ ဆော့ကစားနေခြင်းအတွက် ဖြစ်ပါတယ်လို့ ထိုသတင်းအရသိ ရပါတယ် ။ ဒါပေမယ့် ဦးနှောက်၇ှိတဲ့ သူတိုင်းတွေးကြည့်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ဆက်သွယ်ရေး အသံဖမ်းစက်နဲ့ ဆော့ကစားတယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်ပါဘဲ ဆက်သွယ်ေ၇းစက်ဆိုတာ ကစားစ၇ာပစ္စည်း သက်သက်မဟုတ်ပါ။ သာမာန်လူဆိုတာလည်း ဆက်သွယ်ေ၇းစက် လက်ဝယ်ထား၇ှိ၇န် မည်သည့်အကြောင်းမှမ၇ှိပါ။ စစ်ဘက်ဆိုင်၇ာတွင်လည်း ကိုင်ချင်တိုင်းကိုင်၇န် ခွင့်ပြုထားသည့် အရာတခုမဟုတ်ပါ ။ ထို့တော့ တွေးမိသည်က DVB ကပဲ စာဖတ်ပ၇ိတ်သတ်များ ပျင်းမည်ဆို၍ ဟာသတစ်ပုဒ် တင်ဆက်ပေးလေသလား။ ထိုအချင်းအ၇ာ အတွက်လည်း စစ်တပ်မှဆော့ကစားခြင်းလေပဲ ဟူ၍ယူဆကာ လူငယ်နှစ်ဦးအားသေနတ်ဖြင့် ကျီစယ်ပစ်ခတ်လိုက်သည့်အတွက် နတ်ပြည်သို့သက်သက်သာသာေ၇ာက်၇ှိသွားပါတော့တယ်။ DVBမှတာဝန်၇ှိသူများလည်း စာဖတ်ပ၇ိတ်သတ်များ အပျင်းပြေစေ၇န် ဟာဒယ၇ွှင်ဆေး တိုက်ကျွေးသည့်အတွက် အထူးပင်ကျေးဇူးတင်၇ှိမိပါတယ်။ နောင်အခါတွင်လည်း အခါအားလျော်စွာ ဟာဒယ၇ွှင်ဆေးများ တိုက်ကျွေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး မိပါတော့တယ် ခင်ဗျာ ။
သူတို့ပြောလေတဲ့ ဟာသ

Friday, 2 September 2011

ကျောက်၇ုပ်မဟုတ်ပါ



                ပြီးခဲ့တဲ့ သောကြာနေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေးမှား ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုတွေကို အံ့အားသင့် ပါးစပ်ပိတ်သွားစေတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်ပအခြေစိုက် မီဒီယာအားလုံးနဲ့ အင်တာနက်ပေါ်က အတိုက်အခံအားလုံးတို့ ကျောက်ရုပ် ဆိုပြီး အမြဲပြောနေတဲ့ တပ်မတော်သားလွှတ်တော်အမတ်တွေက အပြိုင်အဆိုင် ဝင်ရောက်ဆွေးနွေးခဲ့ကြလို့ပါပဲ။ ဒီသတင်း ထွက်လာပြီးချိန်ကစပြီး တပ်မတော်သား လွှတ်တော်အမတ်တွေကို ကျောက်ရုပ် တွေပါလို့ ဘယ်သူကမှ မပြောရဲကြတော့ပါဘူး။ ဒီထက်ပိုပြီး အတိုက်အခံတွေနဲ့ မီဒီယာတွေကို တုန်လှုပ်သွားစေတာကတော့ အဲဒီ ကျောက်ရုပ်မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေ ဆွေးနွေးတဲ့အကြောင်းအရာက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အဆိုပဲဖြစ်နေပါတယ်။
             နိုင်ငံရေးအကျဉ်းသားဆိုသူများကို ဆက်လက်ဖမ်းဆီးဖို့အတွက် လွှတ်တော်ထဲက တပ်မတော်သားတွေက ထောက်ခံကြလိမ့်မယ်လို့ အားလုံးက ယူဆထားကြပါတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသား များ လွတ် မြောက်ရေးနှင့် ပတ်သက်သည့် အဆို ကို လွှတ်တော်မှာ တင်သွင်းလျှင် တပ်မတော်သား လွှတ်တော်အမတ်များအနေနဲ့ ကန့်ကွက်ကြလိမ့်မယ်၊ ဒါမှမဟုတ် ကျောက်ရုပ်တွေလို မလှုပ်ပဲ ထိုင်နေကြလိမ့်မယ် လို့ပဲ ယူဆထားကြပေမယ့် တကယ်တမ်းကျတော့ တပ်မတော်သား လွှတ်တော်အမတ်များက ကျောက်ရုပ်မဟုတ်ကြောင်းနဲ့ လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်းကို သက်သေပြလိုက်ပါတယ်။

သူတို့အတွက် တိုးတက်မှုမရှိ



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရ ပေါ်လာတဲ့ အထိကို ဝေဖန်သံ တွေက အဆက်မပြတ် ရှိနေခဲ့ပါတယ်။ အစိုးရ ဆိုတာလည်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ လွှတ်တော်မှာလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး ဆိုပြီးတော့ ဝေဖန် ပြောနေကြတာတွေကတော့ Non-Stop ပါပဲ။ အဲဒီလို ဝေဖန် ပြောဆိုတဲ့ အသံကိုကပဲ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ မဟုတ်လား။ ဝေဖန်ကြည့်ကြပါ၊ ခွဲခြမ်း စိတ်ဖြာကြည့်ကြပါ။ အလွှာစုံ၊ အဖွဲ့အစည်း အစုံနဲ့ တိုင်းရင်းသား ညီအစ်ကို ပေါင်းစုံက ဝေဖန်ပြောဆိုသံတွေဟာ အမိမြန်မာ နိုင်ငံတော်ကြီးကို တိုးတက်စေလိုတဲ့ သဘောနဲ့၊ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဝေဖန် နေကြတာပဲ မဟုတ်လား။

နိုင်ငံတော်ကြီးကောင်းစားဖို့ ဒီလိုကြိုးစားကြလေ၇ဲ့....

အတိုက်အခံများ၇ဲ့ ချမ်းသာအောင်လုပ်နည်းအကြံ(Ps. သူတို့ကဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားပဲပြောတတ်တာကို)
အတွေးအခေါ်ကြီးမားလေသူများ
ဒေါ်စုတောင်ကြည့်ပါလား နိုင်ငံတော်ကြီး တိုးတတ် အဆင့်မြင့်ဖို့ နိုင်ငံခြားသားကို ယူခဲ့တာလေ

Thursday, 1 September 2011

ချစ်ကြည်စည်းလုံးသော ဒီမိုကေ၇စီနိုင်ငံတော်ဆီသို့


       
       ယခုကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွှတ်တော်များနှင့်ဖွဲ့စည်းထားပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုး၇ကို ဖွဲ့စည်းပြီး ဒီမိုကေ၇စီ ဖော်ဆောင်ေ၇း လမ်းစဉ်များကို ဆောင်၇ွက်နေပြီ  ဖြစ်ပါတယ်။ ထို့အတူ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ယခုတဖန် သြဂုတ် ၂၂ ရက်နေ့မှ စတင်ကျင်းပသော ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဆောင်၇ွက်နေပြီလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ၊ ထိုနေ့မှာပင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းသင့်သော
(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933) တို့ကိုတင်သွင်းအဆိုပြုခဲ့ပါတယ်။