Saturday, 3 September 2011
Friday, 2 September 2011
ကျောက်၇ုပ်မဟုတ်ပါ
ပြီးခဲ့တဲ့ သောကြာနေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေးမှား ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုတွေကို အံ့အားသင့် ပါးစပ်ပိတ်သွားစေတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်ပအခြေစိုက် မီဒီယာအားလုံးနဲ့ အင်တာနက်ပေါ်က အတိုက်အခံအားလုံးတို့ ကျောက်ရုပ် ဆိုပြီး အမြဲပြောနေတဲ့ တပ်မတော်သားလွှတ်တော်အမတ်တွေက အပြိုင်အဆိုင် ဝင်ရောက်ဆွေးနွေးခဲ့ကြလို့ပါပဲ။ ဒီသတင်း ထွက်လာပြီးချိန်ကစပြီး တပ်မတော်သား လွှတ်တော်အမတ်တွေကို ကျောက်ရုပ် တွေပါလို့ ဘယ်သူကမှ မပြောရဲကြတော့ပါဘူး။ ဒီထက်ပိုပြီး အတိုက်အခံတွေနဲ့ မီဒီယာတွေကို တုန်လှုပ်သွားစေတာကတော့ အဲဒီ ကျောက်ရုပ်မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေ ဆွေးနွေးတဲ့အကြောင်းအရာက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အဆိုပဲဖြစ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုသူများကို ဆက်လက်ဖမ်းဆီးဖို့အတွက် လွှတ်တော်ထဲက တပ်မတော်သားတွေက ထောက်ခံကြလိမ့်မယ်လို့ အားလုံးက ယူဆထားကြပါတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသား များ လွတ် မြောက်ရေးနှင့် ပတ်သက်သည့် အဆို ကို လွှတ်တော်မှာ တင်သွင်းလျှင် တပ်မတော်သား လွှတ်တော်အမတ်များအနေနဲ့ ကန့်ကွက်ကြလိမ့်မယ်၊ ဒါမှမဟုတ် ကျောက်ရုပ်တွေလို မလှုပ်ပဲ ထိုင်နေကြလိမ့်မယ် လို့ပဲ ယူဆထားကြပေမယ့် တကယ်တမ်းကျတော့ တပ်မတော်သား လွှတ်တော်အမတ်များက ကျောက်ရုပ်မဟုတ်ကြောင်းနဲ့ လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်းကို သက်သေပြလိုက်ပါတယ်။
သူတို့အတွက် တိုးတက်မှုမရှိ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရ ပေါ်လာတဲ့ အထိကို ဝေဖန်သံ တွေက အဆက်မပြတ် ရှိနေခဲ့ပါတယ်။ အစိုးရ ဆိုတာလည်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ လွှတ်တော်မှာလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး ဆိုပြီးတော့ ဝေဖန် ပြောနေကြတာတွေကတော့ Non-Stop ပါပဲ။ အဲဒီလို ဝေဖန် ပြောဆိုတဲ့ အသံကိုကပဲ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ မဟုတ်လား။ ဝေဖန်ကြည့်ကြပါ၊ ခွဲခြမ်း စိတ်ဖြာကြည့်ကြပါ။ အလွှာစုံ၊ အဖွဲ့အစည်း အစုံနဲ့ တိုင်းရင်းသား ညီအစ်ကို ပေါင်းစုံက ဝေဖန်ပြောဆိုသံတွေဟာ အမိမြန်မာ နိုင်ငံတော်ကြီးကို တိုးတက်စေလိုတဲ့ သဘောနဲ့၊ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဝေဖန် နေကြတာပဲ မဟုတ်လား။
Thursday, 1 September 2011
ချစ်ကြည်စည်းလုံးသော ဒီမိုကေ၇စီနိုင်ငံတော်ဆီသို့
ယခုကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွှတ်တော်များနှင့်ဖွဲ့စည်းထားပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုး၇ကို ဖွဲ့စည်းပြီး ဒီမိုကေ၇စီ ဖော်ဆောင်ေ၇း လမ်းစဉ်များကို ဆောင်၇ွက်နေပြီ ဖြစ်ပါတယ်။ ထို့အတူ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ယခုတဖန် သြဂုတ် ၂၂ ရက်နေ့မှ စတင်ကျင်းပသော ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဆောင်၇ွက်နေပြီလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ၊ ထိုနေ့မှာပင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းသင့်သော
(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933) တို့ကိုတင်သွင်းအဆိုပြုခဲ့ပါတယ်။
Subscribe to:
Posts (Atom)



