Tuesday, 3 September 2013
မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး
ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က သောက်စား မူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက်သဖြင့် သေဆုံးခဲ့ ကြောင်း ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှတ်တမ်း
များအရ သိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ရွာစဉ် ကျေးရွာနေ ဒေါ်စိန်မေသည် နေအိမ် ရှေ့မြေကွက်လပ်၌ သားငယ်ဖြစ်သူ ထွန်းဖြိုး (၂၆)နှစ်နှင့်အတူ ထမင်းစား နေစဉ် သားကြီးဖြစ်သူ ထွန်းစိုး (၃၀)နှစ်က သောက်စားမူးယစ်၍ ရောက်ရှိ လာပြီး ဆဲဆို ကာ မိခင်ဖြစ်သူ ဒေါ်စိန်မေ ကို လည်ပင်းညှစ်သဖြင့် သားငယ် ထွန်းဖြိုးက လှည်းပေါ်တွင် ချိတ်ထား သော ဓားဖြင့်ပစ်ပေါက်ရာ ထွန်းစိုး၏လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ခင်ဦးမြို့မ ရဲစခန်းက (ပ)အမှတ် ၃၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေး ယူ လျက် ရှိကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment