သမ္မတဦးသိန်းစိန် ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာနိုင်ငံ သမ္မတ အနေဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန့်မှ...



Rio+3 သဘာဝ ၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို ထောက်ခံ ပြောကြားခဲ့ပြီး၊ ဆက်သွယ်ရေးနည်းပညာကြောင့် ကမ္ဘာကြီးကို ပိုသေးငယ်စေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒီအချိန်မှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်နေရတာကို ဂုဏ်ယူပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

(၆၇)ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ General Debate အစီအစဉ်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေသည်ကို UN Web TV မှ တိုက်ရိုက်ထုတ်လွှင့်နေစဉ်။ နိုင်ငံပိုင် မီဒီယာများမှလည်း ထုတ်လွှင့်လျက် ရှိနေပါသည်။

Thursday, 27 September 2012

 FromWarstoPeace ``စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့`` ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင် ရွက်နေပါကြောင်း သမ္မတ ဦးသိန်းစိန်က ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံက ယမကာ လုလင်များအတွက် ၀မ်းမြောက်စရာ

Thursday, September 27, 2012

မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြ ပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့ Mr JOgen B Rasmussen ဦးဆောင်တဲ့အဖွဲ့နဲ့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဘီယာစက်ရုံတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာထဲမှာတွေ့လိုက်ရတာပါ။

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်


စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ် (မဇ္စျိမ)

ုပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ် ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ကျောင်းသား ၄ ဦးကို ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ စတင် စစ်ဆေးနေပြီ

သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ကျောင်းသား ၄ ဦးကို ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ စတင် စစ်ဆေးနေပြီလို့ သိရပါတယ်။

အဆောင်နေ၍ အလုပ်လုပ်ကိုင်သူများပြားလာမှုကြောင့် မန္တလေးမြို့၌ အဆောင်များပိုမိုဖွင့်လှစ်

အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်း နှင့်အတူ အဆောင်တွင် နေထိုင်၍ အလုပ် လုပ်ကိုင်သူ များပြားလာမှုကြောင့် အဆောင် များ ပိုမို ဖွင့်လှစ်လာကြောင်း မန္တလေးမြိ့ရှိ အဆောင်ဖွင့်လှစ်သူ များက ပြောသည်။ 

စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရ ကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ ပြင်ဆင်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက် အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ
ပြင်ဆင်နေပြီလို့ ဂျပန်နိုင်ငံထုတ် Nikkei စီးပွားရေး သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

ဧရာဝတီမြစ်ရေ အချိန်အခါမဲ့ ပြန်လည်မြင့်တက်လာခြင်းကြောင့် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများ ရေ၀င်နစ်မြုပ်ကာ စိုက်ခင်းအချို့ပျက်စီးမှုဖြစ်ပေါ်

စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ဧရာဝတီမြစ်ရေ အချိန်အခါမဲ့ ပြန်လည်မြင့်တက် လာခြင်းေ ကြာင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းမှ မြစ်ရိုးတစ်လျှောက်ရှိ   ရေ၀ င်ရော  က်ေ လ့ရှိရာ ကျေးရွာများ၌ ရေ၀င်နစ်မြုပ်ကာ စိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးခြင်း၊ မြစ်ကမ်းေ ဘး  ၌ အခြေ ချလုပ်ကိုင်လေ့ရှိသော အုတ်ဖိုအုတ်စက်များ ပြောင်းရွေ့ ရပ်နားရခြင်း များ ဖြစ်ပေါ် ခဲ့ကြောင်း    သိရ သည်။

သမ္မတကြီး၏ ကုလ မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မည်

သမ္မတကြီး ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားမည့် မိန့်ခွန်းကို ယနေ့ညတွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ က သတင်းထုတ်ပြန်သည်။

သမ္မတကြီး၏ အမေရိကန်ခရီးစဉ်မှတ်တမ်းအချို့ ည၈ နာရီ သတင်းတွင်ထုတ်လွှင့်ပြသမည်ဟု သိရ


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်၊ သမ္မတဟောင်း ဘီလ် ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျားတို့နှင့် တွေ့ဆုံခဲ့မှုများကို ယနေ့ စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီ သတင်း၌ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်၏လူမှုကွန်ရက်စာမျက်မှာ တွင်ဖော်ပြထားချက်အရသိရသည်။

အတုအယောင် account များကို ရှင်းထုတ်သည့် ဆောင်ရွက်ချက်အဖြစ် Facebook က account ထောင်ပေါင်များစွာကို ဖျက်

အတုအယောင် account များကို ရှင်းထုတ်သည့် ဆောင်ရွက်ချက်အဖြစ် Facebook က account   ထောင်ပေါင်များစွာကို ဖျက်လိုက်ပြီ ဖြစ်သည်။

အင်တာနက် လွတ်လပ်ခွင့် မြန်မာ အဆင့်တက်လာဟု အစီရင်ခံစာဆို

အင်တာနက် အသုံးပြုမှု လွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည် ပိုမိုလွတ်လပ်လာသည့် အဆင့်နေရာသို့ ရောက်ရှိလာကြောင်း Freedom House အဖွဲ့၏ ၂၀၁၂ ခုနှစ်၊ အစီရင်ခံစာက ဆိုသည်။

  
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၂ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အပြောင်းအလဲများ ခွဲခြမ်း
စိတ်ဖြာမှုကို အခြေခံကာ သုတေသန ပညာရှင်များက ပေါင်းရုံးသုံးသပ် ထားသည့် အစီရင်ခံစာတွင် ဝဘ်ဆိုက် ဝင်ရောက်နိုင်မှု စမ်းသပ်မှုများနှင့် အင်တာဗျူးများ လည်း ပါဝင်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ Freedom on the Net 2012 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အင်တာနက်

Email က တစ်ဆင့် ဗေဒင်မေးမယ်

ဗေဒင် မေးရတာ ဝါသနာ ထက်သန်လေ့ ရှိကြတဲ့သူ အတော် များများ ပိုက်ဆံ အကုန်ခံရမှာ မပူပေမယ့် တွက်ရမယ့် အချိန် ကိုယ့်အလှည့် ရောက်မယ့် အချိန် ကို စောင့်ဆိုင်းရတာကို စိတ်ညစ် တတ်ကြပါတယ်။ အိုင်တီဖွံ့ဖြိုး တိုးတက် လာတဲ့ ခေတ်ကြီးထဲမှာ ဗေဒင် ဝါသနာရှင် များအတွက် အခု ပြောပြ ပေးချင် တာကတော့ Email ကနေ တစ်ဆင့် ဗေဒင် ဟောပေးတဲ့ ဆိုက်လေး အကြောင်းပါ။

သမ္မတသက်တမ်းပြည့်လျှင် ကျောင်းဆရာပြန်လုပ်မည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြား

သမ္မတသက်တမ်းပြည့်လျှင် ကျောင်းဆရာပြန်လုပ်မည်ဟု အမေရိကန်သမ္မတ အိုဘားမားက    ပြောကြား လိုက်သည်။

US Import Ban ဖယ်ရှားလိုက်လို့ ဘာတွေ အကျိုးဖြစ်ထွန်းမလဲ

လက်ရှိမြန်မာ့ပို့ကုန်တွေကို ဆန်းစစ်လေ့လာချက်အရ ဖိုင်နယ်ရှယ်တိုင်းမ်မှာ အောက်ပါအတိုင်း   တွေ့ရှိရကြောင်း ဖော်ပြထားတာ ရှိပါတယ်-

၁။ ပဲ - လက်ရှိ အိန္ဒိယဟာ မြန်မာ့ပဲဈေးကွက်ကို ရယူထားတာ ဖြစ်ပါတယ်။
၂။ ကျောက်မျက်၊ သစ် - တရုတ်နိုင်ငံက ရယူထားပါတယ်။
၃။ အထည်ချုပ်- ဂျပန်နိုင်ငံက အဓိက ရယူထားပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကို လုံးဝရပ်နား စေလိုကြောင်း ဒေသခံများပြောကြား



မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းလိုခြင်း မရှိကြောင်းနှင့် စီမံကိန်းကိုသာ လုံးဝရပ်နားစေရန် ဆန္ဒရှိကြောင်း ၀က်မှေးကျေးရွာသူ မသွဲသွဲ့ ၀င်းနှင့် ဒေသခံများက စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက္ကသိုလ် အမြင့်ဆုံးဖြစ်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ၀င်ခွင့် တန်းစီဇယားတွင် ရန်ကုန်နည်းပညာတက္ကသိုလ်က တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အမြင့်ဆုံး သတ်မှတ်ချက်ဖြင့် ထိပ်ဆုံးက ရပ်တည်နေကြောင်း သတင်းရရှိသည်။

အမေရိကန်မရိန်းတပ်ဖွဲ့၏ Osprey လေယာဉ်အား ဂျပန်စစ်ဘက်က စမ်းသပ်

ဂျပန်နိုင်ငံမှ စစ်ဘက် တာဝန်ရှိသူများသည် အမေရိကန် မရိန်းတပ်ဖွဲ့သုံး Osprey သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို စမ်းသပ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့က ပြုလုပ်သော အစမ်းပျံသန်းမှုတွင် Ospreyသည် ဂျပန် အနောက်တောင်ပိုင်း မြို့တစ်မြို့ဖြစ်သည့် အီဝါကူနီမှ အိုကီနာဝါသို့ ဦးတည်သွားရောက်ခဲ့သည်။ အိုကီနာဝါရှိ အမေရိကန် လေတပ်စခန်းတွင် 12 MV-22 အမျိုးအစား Osprayသည် ခေတ္တရပ်နားထားပြီး လုံခြုံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမွမ်းမံမှု များ ပြုလုပ်မည် ဖြစ်သည်။ ဂျပန်သည် အမေရိကန်ထံမှ Ospray လေယာဉ်များ ဝယ်ယူရန် သဘောတူညီထားရာ ယခုစစ်ဆေးပျံသန်းမှုကို ခရီးရှည် စမ်းသပ်ခြင်းလည်း ဖြစ်သည်။



နယူးယော့မြို့ကိုရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံတကာခေါင်းဆောင်တွေ လာရောက် တွေ့ဆုံ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွင် သြဇာတိက္ကမကြီးမားသည့် ဟင်နရီကစ်ဆင်းဂျားနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာလိုငွေ ကျပ် ၈၅ဘီလီယံကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယခုဘဏ္ဍာရေးနှစ်အတွင်း ဂုံးကျော်တတားနှစ်စင်းအပါအ၀င်တံတားလေး စင်းတည်ဆောက်နေခြင်းကြောင်း ဘဏ္ဍာရေးလိုငွေ ကျပ်ဘီလီယံ ၈၅.၆၇၇ရှိနေကြောင်း ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေကပြောကြားလိုက်သည်

လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်မည့် ရက် ကြေညာ


Thursday, September 27, 2012


မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ပြီး လွှတ်တော်အစည်းအဝေးတွေ ကို ပြန်လည် စတင်တော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဌတွေ ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က ထုတ်ပြန်ကြေညာထားပါတယ်။

တိုင်းရင်းသားပါတီအချို့ ထိုင်းနိုင်ငံ အုပ်ချုပ်ရေးစနစ်ကို လေ့လာနေ


27 September 2012



မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံများကို လေ့လာရန် ယခု စက်တင်ဘာလ ၁၆ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး လက်ရှိအချိန်တွင် ဘန်ကောက်မြို့တော်၌လေ့လာမှုများ ပြုလုပ်လျှက်ရှိသည်။

နိုင်ငံတော်သမ္မတကြီးနဲ့ ဟီလာရီကလင်တန်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှု ပြောကြားချက်များ


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ပြောကြားချက်များ
============================

နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါကြောင်း၊
အခုဆိုရင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးဟာ သံအမတ်ကြီးအဆင့် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊

စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတဲ့သတင်း ကြားသိရတဲ့အတွက် မြန်မာ နိုင်ငံပြည်သူတွေ အထူးပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါကြောင်း၊