ဂျပန်နိုင်ငံမှ စစ်ဘက် တာဝန်ရှိသူများသည်
အမေရိကန် မရိန်းတပ်ဖွဲ့သုံး Osprey သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို
စမ်းသပ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့က ပြုလုပ်သော
အစမ်းပျံသန်းမှုတွင် Ospreyသည် ဂျပန် အနောက်တောင်ပိုင်း
မြို့တစ်မြို့ဖြစ်သည့် အီဝါကူနီမှ အိုကီနာဝါသို့ ဦးတည်သွားရောက်ခဲ့သည်။
အိုကီနာဝါရှိ အမေရိကန် လေတပ်စခန်းတွင် 12 MV-22 အမျိုးအစား Osprayသည်
ခေတ္တရပ်နားထားပြီး လုံခြုံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ
စစ်ဆေးမွမ်းမံမှု များ ပြုလုပ်မည် ဖြစ်သည်။ ဂျပန်သည် အမေရိကန်ထံမှ Ospray
လေယာဉ်များ ဝယ်ယူရန် သဘောတူညီထားရာ ယခုစစ်ဆေးပျံသန်းမှုကို ခရီးရှည်
စမ်းသပ်ခြင်းလည်း ဖြစ်သည်။

ဂျပန် ကာကွယ်ရေးဝန်ကြီး ဌာနက အိုကီနာဝါမှ တာဝန်ရှိသူများအား လေယာဉ်သည်
သောကြာနေ့တွင် ဆင်းသက်လာမည်ဟု ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သည်။
အိုကီနာဝါတွင် အခြားသော Osprey လေယာဉ် များလည်း ရှိနေပြီး ဂျပန်စစ်ဘက်တွင်
တာဝန်ထမ်းဆောင်မှုကို အောက်တိုဘာလလယ်တွင် စတင်နိုင်ရန် မျှော်လင့်ထားသည်။
Ospreyများသည် ရဟတ်ယာဉ်နှင့် လေယာဉ်ပျံ မျိုးစပ်ထားသည့် ပျံသန်းရေး
ယန္တရားများ ဖြစ်ကြပြီး အင်ဂျင်အားကို ဦးတည်ရာ ရွှေ့ပြောင်းခြင်းဖြင့်
ရှေ့ဘက်သို့ တစ်ဟုန်ထိုး ပျံသန်းနိုင်သလို ရဟတ်ယာဉ်သဖွယ်
ဒေါင်လိုက်အတက်အဆင်းလည်း ပြုလုပ်နိုင်ကြောင်း သိရှိရသည်။
ref:planet
No comments:
Post a Comment