မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဇန်န၀ါရီ၂၀၁၁ က မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက်၁၁၆ နှစ်ပြည့်ပြီးဖြစ်သည်။ တန်းနက်စ်ပြည်နယ်ဖွား မစ္စကူးပါးသည် ပထမ ကမ္ဘာစစ် ဖြစ်ပွားနေစဉ်အတွင်း ဆရာမအဖြစ် လုပ်ကိုင်ရန် ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာ ခဲ့သူဖြစ်သည်။
ဂင်းနစ်မှတ်တမ်းတင်သူများသည် ပြီးခဲ့သောမေလက သူမသည် မစ္စကူးပါးထက် အသက် ၄၈ ရက် ပိုကြီးသော ဘရာဇီးလူမျိုး မာရီယာ ဂိုးမက်စ် ဗလင်တင်ကိုလည်း တွေ့ရှိခဲ့သည်။
သို့သော် ယင်း မေလအတွင်းမှာပင် ဗလင်တင်က သေဆုံးသွားခဲ့သည်။ ဂင်းနစ်မှတ်တမ်းအရ မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး အသက်ရှင်နေထိုင်လျက်ရှိသူဖြစ်သည်ဟု သိရသည်။ မစ္စကူးပါး မတိုင်မီက အသက်အရှည်ဆုံး မှတ်တမ်းတင်သူများမှာ အမေရိကန်နိုင်ငံ အိုင်ဝိုဝါရှိ မန်ဖရက်ဒနီ ၁၁၁နှစ် နှင့် ပြင်သစ်နိုင်ငံရှိ ဂျင်းနီ ကောလ်မန့် ၁၂၂ နှစ်တို့ ဖြစ်ကြသည်။
Source: BBC
Planet Myanmar Network
No comments:
Post a Comment