ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ်
နိုင်ငံခြားသား များနှင့် ဈေး သည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို
ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ
အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။
“ငယ်ငယ်လေးကတည်းက ဒီနေရာတွေမှာ ဈေးရောင်းစား လာခဲ့တာ။ တခြားလည်း
ဘာမှ လုပ်မစား တတ်ဘူး။ ဒီလိုပဲ ဈေးရောင်းပြီး စားဝတ်နေရေးအတွက်
ဖြေရှင်းနေရတာ”ဟု ပုဂံမြို့ သစ် နေသူတစ်ဦး က ပြော သည်။ အခက်အခဲများနှင့်
ပတ်သက်ပြီး မြင်းကပါ ရွာသားတစ်ဦးကလည်း “ခရီးသွား ဧည့် သည်တွေ က ဘုရားပေါ်မှာ
အနားယူကြပြီဆို အကြာကြီး နေကြတာဗျ။ အဲဒီအချိန်တွေဆို သူတို့လိုအပ် တာလေးတွေ
သွားပြီး ရောင်းချ ကြတာ။ သူတို့လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း အဆင်ပြေ။
တချို့ နိုင်ငံခြားသား တွေဆို သူတို့ မေးတာ တွေကို တတ်သလောက် မှတ်သလောက်နဲ့
ပြန်ဖြေပေးရင် အရမ်း သဘောကျကြတာ၊ မုန့်ဖိုးပေးတော့ လည်း ယူလိုက်တာပဲ။
ရိုးရိုးသားသား ရတဲ့ ငွေပဲဟာ” ဟု ပြော သည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်
စာကြည့် တိုက်ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသဌာနခွဲ
တာဝန်ရှိသူ တစ်ဦး ဖြစ် သည့် ညွှန်ကြားရေး မှူး ဦးနိုင်ဝင်းထံ မေးမြန်းရာတွင်
ယင်းတို့ဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းရသည့်
ဌာနဖြစ်သည့် အားလျော်စွာ နှစ်ပေါင်း ထောင်ချီရှိပြီ ဖြစ် သည့်
ရှေးဟောင်း အမွေအနှစ် များထဲမှ တစ်ခုတစ်လေ ကိုမျှ ပျက်စီး
ပျောက်ဆုံးသွားမှာကို မလိုလားကြောင်း၊ တားမြစ် ပိတ်ပင် ထားရသည့်
စေတီပုထိုးများသည် ပုံ သဏ္ဍန်အားဖြင့် ကြည့်ပါက ခိုင်ခန့်မည်ဟု ထင်ရသော်လည်း
သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့်အတွက် နစ်နာ ဆုံးရှုံးမှုများ
ရှိနိုင်ကြောင်း၊ အထူးသဖြင့် နံရံဆေးရေး ပန်းချီများ ပျက်စီးသွားမည်ကို
အထူးဂရုပြု နေကြရ ကြောင်း၊ နိုင်ငံတော် အမွေအနှစ်များ ပျက်ဆီးဆုံးရှုံးရ မည့်
ဘေးမှကာကွယ်ရန် အတွက်သာ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း
ပြောသည်။
နှစ်ပေါင်း ထောင်နှင့်ချီပြီး ရှိနေပြီ ဖြစ်သည့် အဆိုပါ
စေတီပုထိုးများ အနက် ယခုအခါ တွင် ရွှေဆံေ တာ် စေတီ နှင့် ပြဿဒ် ကြီးမှလွဲ၍
တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ယခုနှစ်တွင်လည်း ထပ်မံ ပိတ်ထားရ
သည့် ဘုရားပုထိုးစေတီ စုစုပေါင်း ၃ဝ ကျော်ခန့် ရှိကြောင်း ညွှန်ကြားရေးမှူး
ဦးနိုင်ဝင်း ၏ ပြောပြချက်အရ သိရသည်။
ref:Myanmar Independent News journal
No comments:
Post a Comment