လေယာဉ်အပိုင်းအစများဟု ယုံကြည်ရလောက်သည့် အရာဝတ္ထုများ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင် တွင် မျောပါနေသည်ကို တွေ့ရှိရသဖြင့် ပျောက်ဆုံးသွားသော မလေးလေယာဉ် MH 370 နှင့် ခရီးသည် များ၏ ကံကြမ္မာကိုသိရှိရန် မျှော်လင့်ချက်များ တိုးလာကြောင်း သြစတြးလျဝန်ကြီးချုပ်က ထုတ်ဖော်ပြော ကြားလိုက်သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Monday, 24 March 2014
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် အချိန်စောနေသေးသည်ဟု ဦးခွန်ထွန်းဦး ထောက်ပြပြောဆို
နိုင်ငံရေးအခြေအနေအရ လက်ရှိအချိန်တွင်မျိုးစောင့်ဥပဒေပြဋ္ဌာန်း ရန်အချိန်စောနေသေးကြောင်း ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်း ဦးက ထောက်ပြပြောကြားခဲ့သည်။
မိုးလေ၀သသတင်း
(၂၀၁၄ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ၊် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှ အပူချိန် တို့အောက်(၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ် ထိလျော့ နည်း ခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့် သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ သာယာဝတီမြို့နှင့် ဟင်္သာတမြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီ တို့ဖြစ်ကြပါသည်။ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ နေပြည်တော် (တပ်ကုန်း)တွင်(၀.၇၁)လက်မ၊ မော် လိုက်မြို့ တွင်(၀.၃၉)လက်မ၊ တမူးမြို့နှင့်ကန့်ဘလူမြို့တို့တွင် (၀.၁၅) လက်မ တို့ဖြစ်ကြပါသည်။
ဥက္ကလာပ စေတီတော်ပေါ်တွင် စိတ်ကြွဆေး ရောင်းချသည့် ပန်းထိမ်ဆရာကို ဖမ်းမိ
တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပ စေတီတော်တွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က စိတ်ကြွဆေးပြားများ ရောင်းချနေသော ပန်းထိမ်ဆရာ တစ်ဦးထံမှ တန်ဖိုးငွေကျပ် ၆၂ သိန်းခွဲခန့်ရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေသည့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ခါးပတ်ကြိုးများနှင့် ကုန်တင်သစ်သား အခင်းပြားတစ်ခု ရှာတွေ့
ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံး မလေး ရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင် ရာ၌ အသုံးပြုသော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုး များနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်

မြစ်ဆုံ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ရန်ကုန်ကနေ မြစ်ဆုံအထိ လမ်းလျှော က် တဲ့ ခရီးစဉ်ကို အင်အား(၁၀ဝ)နီးပါးနဲ့ နိုင်ငံရေး အကျဉ်သားဟောင်းများ အဖွဲ့ချုပ်က စတင် လိုက်ပါ တယ်။
ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါ နွားတစ်ကောင်မွေး
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ၊ ဝှေးတိုက်နယ် ၊ ဘန်းဂွေးကျေးရွာ ဦးဒွန်း၏ နွားခြံ တွင် နွားကောင်ရေ ၅၀ ခန့် ရှိရာ အသက် ၈ နှစ်အရွယ်ရှိ နွားမကြီး တစ်ကောင်မှ ဦးခေါင်းနှစ်လုံး ဘို့နှစ်ခု ပါသော နွားငယ် တစ်ကောင် ကို မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်က မွေးပြီး နွားမကြီး သေဆုံး သွားခဲ့သည် ဟု သိရသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟုမထည့်ရန် သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြ
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ပြန်လည် ကောက်ယူသည့် ၂၀၁၄
ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီ လူမျိုးများကို
ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မပြုရန်
ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် မတ်လ ၂၃ ရက်နေ့က ဆန္ဒပြ
တောင်းဆိုခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။
ယူကရိန်းစစ်တပ် အင်အားဖြည့်ရန် ဘဏ္ဍာငွေလိုအပ်
ကရိုင်းမီးယားဒေသက ယူကရိန်းစစ်စခန်းတွေကို ရုရှားတပ်တွေ တခုပြီးတခုသိမ်းနေတဲ့ အချိန်မှာ ယူကရိန်း စစ်တပ်ကို အင်အားဖြည့်ဖို့ ဘဏ္ဍာငွေ
လိုအပ်တယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောလိုက်ပါ တယ်။
ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့် ဒဏ်ရာရ
၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းအတိုင်း
အင်းစိန်ဘက် မှရွှေပြည်သာ ဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊
(၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်သည် စက်မှု(၇) လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက် ယာဉ်ကြော သို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။
ရန်ကုန်လေဆိပ်တွင် ၀ိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုပေးမည်

နိုင်ငံတကာ လေဆိပ်တွေနည်းတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အင်တာနက် သုံးနိုင်တဲ့ ကွန်ပျူတာတွေ တပ်ဆင်ပေးသွားမယ့်အပြင် အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် ၀ိုင်ဖိုင်လည်း လွှတ်ပေး ထားမယ်လို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ Red Link ကုမ္ပဏီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြော ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဧကပေါင်း ၂၆၀၀ စံပြကွက်ဖော်မည်
စပါးအထွက်နှုန်း မြင့်မားကာ လယ်ယာမြေ အကျိုးစီးပွား မြှင့်တင်ရေးအတွက်
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ တစ်မြို့နယ် ဧက
၁၀၀ နှုန်းဖြင့် ဧကပေါင်း ၂၆၀၀ ကို
စံပြကွက်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်မည် ဖြစ်ကြောင်း
ယင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။
ရခိုင်မှ သန်းခေါင်စာရင်းသပိတ်မှောက်မည့်အစီအစဉ်အတွက် စိတ်အေးအေးထားကြဖို့ ပြည်ထောင်စုဝန်ကြီးမှာကြား
ပြည်ထောင်စုအစိုးရက လူထုတောင်းဆိုထားသည့်အချက်ကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်းမရှိပါက ရခိုင်လူထု အနေဖြင့် သန်းခေါင်စားရင်အားသပိတ်မှောက်မ ည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေးကော်မတီ (စစ်တွေ)မှ သတင်းပြန်ကြားရေး တာဝန်ခံ တစ်ဦး ဖြစ် သည့် ဦးသန်းထွန်းကပြောသည်။
ပြည်သူ့ရင်ပြင်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး H & S Group က တာဝန်ယူ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တွင် မေလ ၆ ရက်နေ့၌ ကျင်းပ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြော ကြားသည်။
တောင်ကိုရီးယားတက္ကသိုလ်မှ ပရော်ဖက်ရှင်နယ် ဂိမ်မာများကို ကျောင်းသားအဖြစ် လက်ခံသွားမည်

တောင်ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင်ကျောင်းတစ်ကျောင်းအဖြစ် အသိအမှတ်ပြုခံရသည့် Chung-Ang University ၏ ပေါ်လစီ သစ်အရ လာမည့်နှစ်တွင် Sports Science ဌာနအတွက် အခြားအားကစားသမား များနှင့် နည်းတူ Pro Gamer များကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Sports Science ဌာနသည် အားကစားသမား များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည့် ဌနာတစ်ခုဖြစ်ပြီး Chung-Ang University တည်မြဲတိုးတက်ဖို့အတွက် နယ်ပယ်သစ်က ပရော်ဖက်ရှင် Player များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားတက္ကသိုလ်သို့ နိုင်ငံအသီးသီးမှ ဂိမ်မာများ လာရောက် တက်ရောက်နိုင်ရန် ကိုရီးယားဘာသာစကားကို လေ့လာထားဖို့ လိုအပ်ကြောင်း သိရသည်။
ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည်
မြန်မာနိုင်ငံတွင် ရထားလမ်းများ စောင့်ကြည့်စနစ်နှင့် ဆေးရုံများ၌
နောက်ဆုံးပေါ် ဆေးဝါးကိရိယာများ သုံးစွဲရေးအတွက် ဂျပန်နိုင်ငံမှ နောက်ထပ်
ဂျပန် ယန်းငွေ ရှစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၇၈ သန်း) ထောက်ပံ့ပေး
မည့်အစီအစဉ်ကို ဂျပန် အစိုးရက ယနေ့ ကြေညာမည်ဖြစ်သည်။
ဘင်္ဂါလီအမည်သာ တွင်စေရမည် တိုင်းရင်းသားများ စိတ်ချမ်းသာကြပါဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းပြောကြား
ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ရာတွင် ဘင်္ဂါလီလူမျိုး များအား
ဘင်္ဂါလီအမည်သာ တွင်စေရမည် ဖြစ်ပြီး တိုင်းရင်းသား ၁၃၅ မျိုးတွင် ထည့်
သွင်းမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက အာဆီယံလူငယ်များ
နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Samsung Galaxy S5 ကို ပြည်တွင်းတွင် ကြိုတင်စာရင်းပေး ဝယ်ယူနိုင်ပြီ
မကြာသေးမီကမှ ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Samsung ရဲ့ ပထမဆုံး ရေစိုခံစမတ်ဖုန်း Galaxy S5 ကို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် ကြိုတင်စာရင်းပေးထားသူများကို စတင်ရောင်းချပေးသွား မှာ ဖြစ်ပါ တယ်။ Pre Order များကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ဧပြီလ (၉) ရက်နေ့အထိ Samsung Brand Shop ဆိုင်များတွင် လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်ထက် ယာဉ်ထိန်းရဲအင်အား ပိုမိုအသုံးပြုမည်
မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို
ရှင်း လင်း နိုင်ရန် အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အားကို ယခင်နှစ်များနှင့်
မတူဘဲ အင်အားတိုးချဲ့ အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ် ထံမှ သိရသည်။
အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လျော်ကြေးမရဟုဆို
အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နေသည်မှာ ၂
နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်သော်လည်း ယင်းစီမံကိန်းများကြောင့်
ပျက်စီးသွားသည့် လယ်ယာမြေ များနှင့် ရော် ဘာခြံများအတွက် လျော်ကြေးများ
မရရှိသေးကြောင်း ကွမ်းလုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ
ဦးအယ်လ် တိန်းဘောင်က ပြောကြားသည်။
အိမ်ထောင်မပြုသောအမျိုးသမီးများ နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေပိုများ

အိမ်ထောင်ရှိ၊ မရှိဆိုသည့် အခြေအနေသည် နှလုံးရောဂါဖြင့် သေဆုံးသည့်အန္တရာယ်အပေါ် လွှမ်းမိုးနိုင် ဟန်ရှိသည်။ သို့သော်လည်း အိမ်ထောင်မပြုသည့် အ မျိုးသမီးများသည် အိမ်ထောင်ရှိသည့် အမျိုးသမီးများ ထက် နှလုံးရောဂါဖြင့် သေဆုံးရန် ပို၍ဖြစ်နိုင်ကြောင်း ယူကေရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသန အသစ်တစ်ခုက တွေ့ရှိခဲ့သည်။ အဆိုပါလေ့လာမှုအကြောင်း မကြာသေးမီက BMC Medicine ဂျာနယ် တွင် ဖော်ပြခဲ့သည်။
သမ္မတဦးသိန်းစိန် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်
ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် န၀မပုံမှန်အစည်းအဝေးနောက်ဆုံးနေ့ ဖြစ် သော မတ်လ၂၆ ရက် တွင် ကျင်းပမည့်အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြား မည်ဖြစ်ကြော င်း သတင်းရရှိသည်။
ပုဂံဒေသ ယဉ်ကျေးမှုဇုန် သုံးခုအတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မပြု

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ များစွာတည်ရှိနေသော ပုဂံဒေသရှိ ယဉ်ကျေးမှုဇုန်သုံးခုအတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဗဟန်းမြို့နယ်တွင် သြစတြေးလျနိုင်ငံသား၏ခရီးဆောင်အိတ် လုယက်ခံရ
၂၃.၃.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန် သြစတြေးလျနိုင်ငံသား Mr. Kaan Peker ၊၃၂ နှစ် သည် ၎င်းနိုင်ငံသား အမျိုးသမီးအဖော်တစ်ဦးနှင့် အတူ ရန်ကုန်လေဆိပ်မှချက်ထရီယမ်ဟိုတယ်သို့
အငှားယာဉ်ဖြင့်လာခဲ့ရာ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn
ရှေ့သို့အရောက်တွင် အငှားယာဉ်ပေါ်မှဆင်းပြီး ချက်ထရီယမ် ဟိုတယ်သို့သွားရန်အတွ က် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းဘက်ခြမ်းသို့ ကူးကာလမ်းလျောက်လာစဉ် ၎င်း၏ ၀ဲဘက်လက်တွင် ဆွဲထားသော အပြာရောင်ခရီးဆောင်အိတ်ကို ဆိုင်ကယ်စီးအမျိုးသား(၂)ဦးမှ လုယူမော င်းနှင် ထွက်ပြေးသွားခြင်း ခံခဲ့ရပါသည်။
ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ကို နေ့စဉ်မှီဝဲပါက ကျန်းမာသော ကလေး များ မွေးဖွားစေနိုင်

ကိုယ်ဝန် ဆောင်နေစဉ် ကာလအ တောအတွင်း သံဓာတ် ပါဝင်မှုကို နေ့စဉ်ဖြည့်တင်း ပေးခြင်းကြောင့် ပိုမိုထွားကျိုင်း၍ ကျန်းမာရေး ကောင်းမွန်သော ကလေးများကို မိခင်လောင်းများအနေ ဖြင့် မွေး ဖွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အသစ် တစ်ရပ်အရ သိရသည်။
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည် တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက် ရှိနေ

ပြည်တွင်းထုတ် အရက်များအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည် တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့် ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့်အထက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည် တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့် ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့်အထက်ရှိကြောင်း သိရသည်။