Wednesday, 20 November 2013

ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့

 Photo: ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့
--------------------
ရေးသားသူ- အိဖြူလွင်

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

“အုပ်ချုပ်ရေးပိုင်းက အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကို ပြောနေရုံနဲ့ မလုံလောက်ဘူးထင်ပါတယ်။ အကောင်းဆုံးဆိုတာက လုံလောက်အောင် ကောင်းဖို့လည်း လိုပါသေးတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများကို ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်   လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

ထို့အပြင် ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားစားပွဲဝိုင်း ဒုတိယတန်းတွင် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က နိုင်ငံတကာအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလိုခြင်းကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည်ဟု ဝေဖန်ယူဆကြသည်။

နိုဝင်ဘာလဆန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ရန် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းအပေါ် “ဒီလိုပြည်သူကို အသိမပေးဘဲ လုပ်တာကလည်း အာဏာရှင်စနစ်က အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ ပြောရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးထင်သာမြင်သာ ရှိစေချင်ပါတယ်။ နိုင်ငံတော်အစိုးရက ဘာတွေလုပ်ဖို့ရည်ရွယ်နေလဲ။ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲ။ လွှတ်တော်မှာ ရောက်နေတဲ့သူတွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးအားသာမှုရှိပါတယ်”ဟု ဥရောပသမဂ္ဂနှင့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်လုပ်ဆောင်မှုကို ပွင့်လင်းမြင်သာသည်ဟု ဆိုခဲ့သည်။

၎င်းနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသော သုံးနှစ်ပြည့်နေ့တွင်လည်း အဆိုပါသုံးနှစ်တာကာလအတွင်း လွှတ်တော်၏လုပ်ငန်းများကို ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီး အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပိုမိုဝေးကွာလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

“သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဝေဖန်တာတွေ၊ အပြစ်ဖို့တာတွေ များလာတာဟာ ဦးရွှေမန်းနှင့် ဒေါ်စု ပိုနီးစပ်ဖို့ တွန်းအားပေးတဲ့သဘောဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမရောက်ခင်က ပထမဆုံးဦးသိန်းစိန်နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက နားလည်မှုတွေရခဲ့တယ်ဆိုပေမယ့် ရင်းရင်းနှီးနှီးမရှိခဲ့ဘူး ပြောရမှာပေါ့။ လွှတ်တော်ထဲရောက်ပြီးတဲ့အခါကျတော့ ဦးရွှေမန်းနဲ့ပိုရင်းနှီးသွားပြီး ဦးသိန်းစိန်နဲ့ကဝေးသွားတယ်”ဟု သံလွင် Citizen Enpowerment Program မှ ဦးဇော်မင်းကျော်ကပြောသည်။

သို့သော် “ကြီးသုံးကြီးကတော့ နားလည်မှုတွေ အပေးအယူတွေနဲ့လုပ်သွားမှ ဒီမိုကရေစီလမ်းကြောင်းက ဖြောင့်ဖြူးနိုင်မယ်။ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးဇော်မင်းကျော်ကဆိုသည်။

ထို့အပြင် အဆိုပါပုဂ္ဂိုလ်အားလုံးသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသာဖြစ်ပြီး မည်သူကပိုပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်သည်ဆိုခြင်းကို ကြည့်ရမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“သမ္မတနဲ့ လွှတ်တော်နာယက အားပြိုင်တာ ဒါပြည်ခိုင်ဖြိုးပါတီတွင်းက အားပြိုင်မှုပဲ။ ဒီလိုအားပြိုင်မှုမျိုးက နိုင်ငံတကာမှာလည်းရှိတယ်။ ခေတ်အဆက်ဆက်လည်းရှိခဲ့တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသြဇာထူထောင်တာမျိုးဆိုရင်တော့ ဆန့်ကျင်ရမယ်”ဟု ဦးဂျင်မီက အားပြိုင်နေမှုများနှင့်ပတ်သက်၍ ဆက်လက်ပြောကြားသည်။

အာဏာရှင်စနစ်သည် တစ်ယောက်တည်းတွင် အာဏာရှိနေခြင်းကြောင့် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေဖန်မှုများနှင့် သုံးစုကွဲနေသည့်စနစ်ကို ကျင့်သားရရန် ကြိုးစားဖို့လည်းလိုသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးရဲမြတ်သူကပြောသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားဟူ၍ ပြောကြားသကဲ့သို့ပင် အများနှင့်သွားမည်ဆိုပါက ညှိနှိုင်းရမည်သာဖြစ်သည်ဟု ဦးရဲမြတ်သူကဆိုသည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေကိုပြင်ဆင်ရန် အရေးကြီးနေသောအချိန်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တွင်းအင်အားစုများနှင့် ပို၍နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်သူအများစုက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ကို အခမ်းအနားအတော်များများတွင် အမြဲနီးနီးကပ်ကပ် အမြဲမြင်တွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဦးရွှေမန်းအနေနဲ့ သူသမ္မတဖြစ်ဖို့ ဒေါ်စုနဲ့ ဒီချုပ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်လို့ဆိုနိုင်တယ်။ မရှိမဖြစ်လို့ပြောရင်တောင် ရနိုင်မယ်ထင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ယူဆချက်ကို ပြောကြားသည်။

“လက်ရှိအချိန်က ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ကျပ်တည်းလာတဲ့အခြေအနေမှာ အတိုက်အခံနဲ့ အာဏာရပါတီ ကွဲပြားလာပြီ။ အရင်တုန်းကတော့ နိုင်ငံတည်ဆောက်တဲ့သဘော ထားခဲ့တာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အစိုးရအဖွဲ့တို့ကြား ကွဲလွဲမှုများကို ဧဒင်ဂရုကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

“NLD က အတိုက်အခံဆိုတော့ အစိုးရရဲ့လိုအပ်ချက်တွေကို ပြောရမှာပဲ။ အစိုးရကလည်း ဒါကိုဘယ်ကျေနပ်ပါ့မလဲ။ သူတို့ကို အကောင်းပြောတာမှ မဟုတ်တာ။ ဒီမှာ NLD ဘက်ကလည်း တကယ်လို့ ဦးသိန်းစိန်ကသာ ၀င်ပြိုင်မယ်ဆိုရင် NLD က ဘယ်သူနဲ့ဆက်ပြီးလက်တွဲရင် ဘယ်လမ်းကြောင်းက ပိုကောင်းမလဲဆိုတာကို ရွေးချယ်တတ်ဖို့လိုတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးသိန်းထွန်းကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရန်အတွက် သူရဦးရွှေမန်းနှင့် ဆက်ဆံရေးကောင်းမှ အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ တိုင်းပြည်၏နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေသူမှာလည်း သမ္မတသာဖြစ်သည့်အတွက် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၏ အားနည်းချက်ကို ဝေဖန်ထောက်ပြ၍ အားနည်းသည့်နေရာများတွင် အားပေးကူညီနိုင်ပါက ပို၍လက်တွေ့ကျစွာ ဖြေရှင်းနိုင်မည်ဟု ဦးဇော်မင်းကျော်ကလည်း ပြင်ပမှလေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်ခဲ့သည်။

“အစိုးရအဖွဲ့က ဘယ်အပိုင်းမှာ အကူအညီလိုအပ်နေလဲဆိုတာကို ဒေါ်စုက သူ့အရှိန်အ၀ါနဲ့ အကူအညီတွေတောင်းပြီး ဖြေရှင်းပေးနိုင်ရန် ပြည်သူတွေကြုံနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းတွေက သက်သာသွားနိုင်တယ်”ဟု ဦးဇော်မင်းကျော်က ဆက်လက်ပြောကြားသည်။

“အစိုးရနဲ့ လွှတ်တော်နှစ်ပိုင်းခွဲပြီး ဒေါ်စုနဲ့ထိတွေ့နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးကလူတွေက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲဆိုတာ မျက်ခြည်ပြတ်လို့မရဘူး။ ပါတီရဲ့မူနဲ့ လုပ်နေတာလည်း ဖြစ်နိုင်ခြေရှိတယ်”ဟု လွှတ်တော်နှင့်အစိုးရ အားပြိုင်နေသည်ဆိုသော်လည်း ပါတီတစ်ခုတည်းမှ ဖြစ်သည်ဆိုသောအချက်ကို ဒေါက်တာရန်မျိုးသိမ်းကထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာအပြည့်အ၀ရရန် လုံလောက်သော အာဏာရရေးမှာ NLD အဖွဲ့အစည်းတစ်ခုလုံး အင်အားပြည့်ဝရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ NLD သည် လူထုအားကောင်းသော်လည်း အဖွဲ့အစည်းအားကောင်းရန်မှာ လတ်တလော မရှိမဖြစ်လိုအပ်နေသည်ဟု ဦးရဲမြတ်သူကပြောသည်။

နိုင်ငံရေးသမားများ၊ လေ့လာစောင့်ကြည့်သူဆိုသူများက မြန်မာ့နိုင်ငံရေးသည် ဟန်းနီးမွန်းကာလပြီးဆုံးသွားပြီး နွေဦးရာသီဟု ပြောဆိုနေကြစေကာမူ ကိုယ်ကျိုးမပါသော အားပြိုင်မှုများနှင့် ခန့်မှန်းရခက်သော အပြောင်းအလဲများနိုင်သော ၂၀၁၅ ရွေးကောက်ပွဲအကြို နေပြည်တော် နိုင်ငံရေးအခင်းအကျင်းက အများခန့်မှန်းသလို မှန်၊ မမှန် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေသည့်ကာလအတွင်း အရွေ့များနှင့် အခင်းအကျင်းသစ်များကိုလည်း တွေ့ရဦးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်း စားသင့်တဲ့အစားအစာများ



မနက်ပိုင်းမှာ ပြုလုပ်တဲ့ ကိုယ်ကာယအားကစားလေ့ကျင့်ခန်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းဓာတ်၊ အရည်ဓာတ်နဲ့  ကာဗွန်ဟိုက်ဒရိတ်တွေကို လျော့နည်းစေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာ အာဟာရတွေ လျော့နည်းဆုံးရှုံးလာပြီး လူကို တစ်နေလုံးပင်ပန်နွမ်းလျစေပါတယ်။

" ဆာဂျရီ အလှပြုပြင်နည်းနဲ့ သဘာဝလွန်အလှတရား ဆိုးကျိုးကောင်းကျိုးများ "

လူသားတို့ရဲ့ မျက်နှာပြင်ကို အစားထိုးခွဲစိတ်ကာ သဘာဝလွန် အလှတရားတစ်မျိုးဖြစ်ပေါ်စေတဲ့ ပလပ်စတစ်ဆာဂျရီအလှပြုပြင်နည်း တစ်မျိုးဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားမှာ လည်း ခေတ်စားနေပါတယ်။

စကော်ပီယံဂိုဏ်းနှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းဆိုလိုက်သည့် ဦးနေဝင်းမြေးများ

             
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက လွတ်မြောက်ခဲ့သူ ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်းတို့နှင့် ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့သူ ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်း
တစ်ချိန်က ဘုန်းမီးနေလတောက် ခဲ့သောရဲဘော်သုံးကျိပ်ဝင်၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ သားသမီးမြေးများ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ သည်။

သမ္မတ၏အမျိုးသမီးကိုယ်ရံတော်


ရေးသားသူ- အေးသူစံ

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတို တစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။

စစ်အာဏာရှင်ဟောင်းဟု မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဆိုး အကောင်း များစွာဖြင့် တစ်ခေတ်ဖြစ်ခဲ့သူ ဦးနေဝင်း ၄င်း၏ ဂုဏ်ပုဒ် အဆင့် အတန်းနှင့်ဆန့်ကျင်လျက် သူ၏ဈာပနအတွက် အလွန်ရိုးစင်းသို သိပ်စွာ ပြုလုပ်ရန် မှာတမ်းခြွေခဲ့



မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဆိုး အကောင်းများစွာဖြင့် တစ်ခေတ်ဖြစ်ခဲ့ ပြီး စစ်အာဏာရှင်ဟောင်းဟု အများစု က ဘွဲ့တပ်ခေါ်ဝေါ်ကြသော ဗိုလ်ချုပ် ကြီး(ဟောင်း) ဦးနေဝင်းအနေဖြင့် ၄င်း ၏ နောက်ဆုံးခရီးကို ရဲဘော် သုံးကျိပ်ဝင်၊ သမ္မတ ဟောင်းဟူသော ဂုဏ်ပုဒ်များနှင့် ဆန့်ကျင်စွာပင် အလွန်ရိုးစင်းသော ဈာပနအဖြစ် သိုသိပ် စွာပြုလုပ်ရန် သေ တမ်းစာ အမှာထားခဲ့သည့်အတိုင်း ဆောင် ရွက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ၄င်း၏မြေး တစ်ဦးဖြစ်သူ ကိုအေးနေဝင်းက ထုတ် ဖော်ပြောဆိုလိုက်သည်။

မြန်မာငွေဗိုလ်ချုပ်အောင်ဆန်းအစရှိသော အမျိုးသားခေါင်းဆောင်ကြီးများ၏ ကျက်သရေဖြင့် တည်စေလိုသလားပြည်သူ့စကား

မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများတွင် ရိုက်နှိပ်အသုံးပြုနေသော တိရစ္ဆာန်ပုံများနှင့် ပတ်သက်၍ ပြည်သူအများစု က ပြုပြင်ပြောင်းလဲ ရန်ဆန္ဒရှိနေကြ သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သမိုင်းအစဉ်အဆက်အရ မြန်မာ ကျပ်ငွေများတွင်  ဗိုလ်ချုပ်အောင်ဆန်းပုံအပါအဝင် ဆရာစံ ၊ သခင်ဖိုးလှကြီးစသော ထင်ရှားသည့် လွတ် လပ်ရေးခေါင်း ဆောင်များနှင့် အမျိုးသားရေးခေါင်းဆောင် များ၏ ရုပပုံများကို ဂုဏ်ပြုရိုက်နှိပ်ခဲ့ဖူးသည်။

အားကစားနဲ့အိုင်တီပစ္စည်းများ ထိုင်းက မြန်မာကို လှူဒါန်း

အရှေ့တောင်အာရှအားကစားပွဲ (ဆီးဂိမ်း) အတွက်  ဒေါ်လာ ၂ သန်းဘိုးရှိ အားကစားပစ္စည်းများ၊ နည်းပညာသုံး အိုင်တီပစ္စည်းများကို ထိုင်းနိုင်ငံက တနင်္လာနေ့မှာ ပေးအပ်ခဲ့ပါတယ်။

တနင်္လာနေ့နံနက်က မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားအနီးတွင် လွှဲပြောင်းပေးအပ်ခဲ့သည် (ဓာတ်ပုံများ - မန်းမျိုးမြင့်)

မြန်မာ့ဆေးဖက်ဝင် တရုတ်စံကား ပင်

မြန်မာ့ဆေးဖက်ဝင် တရုတ်စံကား ပင်
=====================

Item Name ------- Pagoda Tree ၊ WhiteYellow Plumeria (တရုတ်စံကား)
Category ---------- Raw Material
Botany Term ----- Plumeria acutifolia Poir
Species Family --- Apocynaceae

အလွန် အေးမြ သော တောင်ပေါ် ဒေသ မှ အပ မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား တွင် ပေါက် ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။

အပင်

အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ပေ ၂၀ ထိ မြင့်သည်။ အကိုင်း များတွင် နို့နှစ် ရောင် အစေး ထွက်သည့် အခေါက် ရှိသည်။အကိုင်း များ အောက် ခြေ မှ စ၍ ဖြာထွက်သည်။ အခေါက် မွဲပြာ ရောင် ရှိ၍ ချောမွတ် သော်လည်း အပွေး ရှိ၏ ။  


အရွက်

အရွက် များ အကိုင်း ထိပ် တွင် စု၍ ပတ်လည် ထွက် သည်။ အလျား ၁ ပေ ခန့် ထိရှည် သည်။ ရွက်ပြား ချောသည်။ ရွက်ရင်း သိမ်၍ ရွက်ထိပ် တွင် ချွန်သည်။ ရွက်နား ညီသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်း တိမ် သို့မဟုတ် အစင်းကြောင်း ပါသည်။

အပွင့်

အချင်း ၂ လက်မ ခန့် ရှိသည် ။ပွင့်ဖတ် ၅ ခု ပါရှိ သည်။ အနံ့ မွှေးကြိုင် သည် ။အလယ် တွင် အ၀ါနု ရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အမွေးနု ကလေးများ ရှိသည် ။ အပြင် ဘက်တွင် ပန်းရောင် သမ်းနေ တတ်သည်။ ကဆုန်လ၊ နယုန်လ များတွင် ပွင့်သည်။

အသီး

ဦးချို သဏ္ဍာန် ရှိသော အသီး တောင့် ဖြစ်သည်။ နှစ်ခုတွဲ သီးသည်။ အလျား ၈ လက်မ ခန့် ရှိသည်။ တွဲလောင်း ကျနေသော အညှာတွင် အတွဲ လိုက်သီး သည် ။ အစေ့ကို တွေ့ရ ခဲသည်။ ၀ါခေါင် ၊ တော်သလင်း တွင် သီးသည်။

အသုံးဝင်ပုံ
 
အစေး ၊ အပွင့် ၊ အရွက်။

အာနိသင်

မြန်မာ ဆေးကျမ်း များ အလို အရ တရုတ် စံကား သည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏ ။ ဆီး ၊ ၀မ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ၀မ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။

 အစေးအသုံးပြုပုံ

၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ၀မ်းနုတ် ဆေး အဖြစ် သုံးသည်။
၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ၀မ်းဗိုက် ရောင် ရောဂါ ၊ ၀မ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏  

အပွင့် အရွက်အသုံးပြုပုံ

၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ
Item Name ------- Pagoda Tree ၊ WhiteYellow Plumeria (တရုတ်စံကား)
Category ---------- Raw Material
Botany Term ----- Plumeria acutifolia Poir
Species Family --- Apocynaceae

အလွန် အေးမြ သော တောင်ပေါ် ဒေသ မှ အပ မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား တွင် ပေါက် ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

 
တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။

လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို

                                    လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို

မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ် ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်

ဒီဇိုင်းဆန်းသစ်လွန်းသဖြင့် ဝေဖန်ချင်စရာ ဖြစ်သွားရသည့် ဘောလုံးကွင်း

                "ဒီဇိုင်းဆန်းသစ်လွန်းသဖြင့် ဝေဖန်ချင်စရာ ဖြစ်သွားရသည့် ကမ္ဘာ့ဖလား ဘောလုံးကွင်း"

ကာတာသည် (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် ရည်ရွယ်ဆောက်လုပ်မည့် အယ်လ်ဝက်ခ်ရား ကွင်းကြီး၏ ဒီဇိုင်းပုံစံကို စတင်၍ ထုတ်ဖော်ပြသခဲ့သည်။ ရာသီဥတု ပူပြင်းသော ဒေသတွင် တည်ရှိလာမည့် ယင်းအားကစားကွင်း၌ အပူချိန်နှင့် စိုထိုင်းဆတို့ကို ထိန်းညှိကြပ်မတ်ပေးမည့် ခေတ်မီ နည်းစနစ်များ ဖြည့်တင်းထားသည်။

PLANET ညနေခင်းသတင်းလွှာ PDF DOWNLOAD: www.planet.com.mm/evening

အပြည့်အစုံ ဖတ်ရှုရန် ==> http://www.planet.com.mm/news/read.cfm/id/22810

#Qatar, #stadium, #world #cup
#PlanetMyanmar
ကာတာသည် (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် ရည်ရွယ်ဆောက်လုပ်မည့် အယ်လ်ဝက်ခ်ရား ကွင်းကြီး၏ ဒီဇိုင်းပုံစံကို စတင်၍ ထုတ်ဖော်ပြသခဲ့ရာ အမျိုးသမီး တစ်ဦး၏ လိင်အင်္ဂါနှင့် တူညီနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့

မိုးထဲ ရေထဲ ချင်းမိုင် လွိုင်ကထုံပွဲ

နှစ်စဉ်နှစ်တိုင်း ကြက်ပျံ မကျ စည်းကားစွာ ကျင်းပလေ့ ရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ထိုင်းရိုးရာ ပွဲတော် တခုဖြစ်တဲ့ လွိုင်ကထုံ ခေါ် မီးမျှောပွဲဟာ ဒီနှစ် ၂၀၁၃ မှာတော့ မိုးသည်းထန် ရွာသွန်း လိုက်တာကြောင့် ပွဲပျက်သွားခဲ့ရပါတယ်။ 


 
ချင်းမိုင်မြို့သူ မြို့သားတွေ ၃ ရက်ကြာ ကျင်းပတဲ့ လွိုင်ကထုံ မီးမျှောပွဲမှာ မီးရှူးမီးပန်းတွေ ဗျောက်အိုးတွေ တဒိုင်းဒိုင်းဖောက်ပြီး နောက်ဆုံးနေ့မှာတော့ တမြို့လုံးက အလှပြယာဉ်တွေနဲ့ လှည့်လည်ပြသခဲ့ကြတာပါ။ 

မိုးစက်ဝိုင် နဲ့ ကထိန်အလှူ

တန်ဆောင်မုန်းလ အလှူဒါနပြုကြတဲ့ ကာလမှာ အလှမယ် မိုးစက်ဝိုင်လည်း အများတကာလိုပဲ ကုသိုလ်ကောင်းမှုပြုနေကြောင်း သူ့ဖေ့စ်ဘုတ်ထဲ တွေ့ရတဲ့ပုံများအရ သိရပါတယ်။