Tuesday, 27 August 2013

ရန်ကုန်ဆရာဝန်များ အွန်လိုင်းကနေ သင်တန်းတက်

Photo: ရန်ကုန်ဆရာဝန်များ အွန်လိုင်းကနေ သင်တန်းတက်
Tuesday, August 27, 2013

မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာ သင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ခဲ့သည်ဟု ဒေါက်တာမြင့်ဦးက သင်တန်းဆင်းလက်မှတ် ပေးအပ်သည့်အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ MMA အသင်းတိုက်တွင် ပြောပြသည်။

“ကုသရေးက အဓိက ပါတယ်။ ပျောက်ကင်းတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့က ထိန်းတယ်၊ ကုတယ်၊ ပေါ်ပေါက်
လာတဲ့ ရောဂါတွေကို တားတယ်။ တီဘီ ပေါ်လာရင် ပျောက်ကင်းအောင် ကုတယ်။ ကိုယ်ခံအားကျဆင်းရင် ပြန်မြင့်အောင် လုပ်တယ်” ဟု
ဒေါက်တာမြင့်ဦးက ရှင်းပြသည်။

HIV/AIDS အဖြစ် အများဆုံးသောနိုင်ငံများတွင် ကုသမှုနှင့်ဆေးသုတေသန လုပ်ကိုင်နေသူ ပါမောက္ခများက ပို့ချခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြော
သည်။

MMA ၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင်လည်း အင်တာနက်အခြေပြု သင်တန်းနှင့်ပတ်သက်ပြီး ဒေါက်တာမြင့်ဦး၏ အသေးစိတ် ပြောဆိုချက်များကို အောက်ပါအတိုင်း တွေ့ရှိရသည်။

” ၀ါရှင်တန် တက္ကသိုလ် ရဲ့ campus စာသင်ခန်းထဲမှာ သင်ကြားနေတာကို ကျွန်တော်တို့ဆီကနေ webinar (အင်တာနက် စာသင်ခန်းမ) နဲ့ ချိတ်ဆက်ပြီး သင်ယူရပါတယ်။

သူတို့ဆီမှာ မနက် ၈နာရီက ကျွန်တော်တို့ ဆီမှာက ည ၁၀ နာရီခွဲ ဖြစ်နေတယ်။ ဒီတော့ သူတို့ဆီက စာသင်အပြီး ၀က်ဆိုက်ပေါ် လွင့်တင်ပေး လိုက်တာကို ကျွန်တော်တို့ဆီကနေ ဒေါင်းလုတ်ဆွဲပြီး ဗီစီဒီခုတ်ရတယ်။

နောက်နေ့ နေ့လည်ကျမှ ရန်ကုန်သင်တန်းသားတွေကို ဒီဗီဒီ တစ်ချပ်စီ ဖြန့်ဝေပေးပြီး ဆရာဝန်အသင်းတိုက်မှာ အွန်လိုင်းနဲ့ စာသင်ကြရတာပါ။ တစ်ရက်ကို ၁ နာရီကျော်ကြာတဲ့ လက်ချာ ၂ ခုစီ တက်ရတယ်။

မြန်မာနိုင်ငံမှာရှိနေ တဲ့  HIV သင်ကြားမှုကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာဖြစ်ပါတယ်။

ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board ပေါ်မှာ ဖြေကြားပေး
ပါတယ်။

Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့်ရရှိခဲ့
ပါတယ်။ တစ်ပတ်ကို ၁၂ နာရီကျော် ကြာအောင် လေ့လာသင်ယူချိန်ပေး
ခဲ့ရပြီး အပတ်စဉ် စာမေးပွဲလည်း ဖြေဆိုရပါတယ်။

ကိုယ်ပိုင် password နဲ့ တစ်ဦးချင်းစီဖြေဆိုရ တာဖြစ်ပြီး အောင်မှတ် ၈၀ ရာနှုန်းကျော်တဲ့သူတွေကို ၀ါရှင်တန် တက္ကသိုလ်က ပါမောက္ခ ၃ ဦး ကိုယ်တိုင် လက်မှတ်ရေး ထိုးထားတဲ့ အောင်လက်မှတ်တွေကို အမြန်ချောပို့
စနစ်နဲ့ ပို့ပေးလိုက်တာ ဖြစ်ပါတယ်”

ဧရာဝတီ
မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာသင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦး ကို သောကြာနေ့ က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်

Photo: နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်
Tuesday, August 27, 2013

ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။


အရင်ကတော့ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင် ဥပဒေမှာ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် တွေနဲ့ အတူ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ ဖြစ်ခြင်း” ဆိုတဲ့ စကားရပ်တိုင်းမှာ "နိုင်ငံသားဖြစ်ခြင်း" ဆိုတဲ့ စကားရပ် ကို အစား ထိုး ဖြည့်သွင်းထားတာကို ယနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ အများပြည်သူ
လေ့လာနိုင်ဖို့ ဥပဒေမူကြမ်း အဖြစ် ဖော်ပြထားပါတယ်။

ယခင် စစ်အစိုးရလက်ထက်က နိုင်ငံသားမဖြစ်ပဲ ဧည့်နိုင်ငံသားတွေ၊ ယာယီ
သက်သေခံခွင့် လက်မှတ်ကိုင်ထားသူတွေက နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရခဲ့ကြတာပါ။ အခုတော့ နိုင်ငံသား ဖြစ်သူမှသာ မြန်မာနိုင်ငံမှာ နိုင်ငံရေး
ပါတီအဖြစ် တည်ထောင်ခွင့် ရကြတော့မှာဖြစ်ပါတယ်။

ဧရာဝတီblog
ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။

ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ

Photo: ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ
Tuesday, August 27, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား
မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

“ ဒီနေ့ ၁၀ နာရီ ခွဲလောက်မှာ စရောက်တယ်၊ အခုတော့ (မွန်းတည့်)
နှစ်ခြင်း ခရစ်ယာန် ကျောင်းမှာ အဖွဲ့စုံတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်၊ ဝန်ကြီးချုပ်လည်း အစည်းအဝေး ထဲမှာ ရှိနေပါတယ်” ဟု ၄င်းမှ ပြောသည်။

မစ္စတာ နမ်ဘီးယားနှင့်အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးအုန်းမြင့်နှင့် မာရီယာ တို့လည်း လိုက်ပါ သွားကြကြောင်း သိရှိ ရသည်။

မွန်းတည့် ခန့်၌ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ နှစ်ချင်း ခရစ်ယာန်
ကျောင်း၌ ကချင်ပြည်နယ်၌ အခြေပြု လှုပ်ရှားနေတဲ့ လူမှု အဖွဲ့ အစည်း
များနှင့် ဘာသာရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ
ဆွေးနွေးလျက်ရှိသည်။

မစ္စတာ နမ်ဘီးယားမှ ၄င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ်သို့ သွားရောက်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ၄င်း အစီအစဉ် အတိအကျကို မိမိတို့ သိရှိ ရသေးခြင်း မရှိသေးဟု ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေး အရာရှိမှ ဆိုပါသည်။

ယခု အကြိမ် လာရောက်သည့် ဗီဂျေ နမ်ဘီးယား၏ မြန်မာ နိုင်ငံ ခရီးစဉ်
သည် လျို့ဝှက်စွာ လာရောက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
နေသည့်တိုင် မည်သည့် နေ့ရက်တွင် စတင် လာရောက် ခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေငြာ ခဲ့ခြင်း မရှိသလို သတင်းဌာန များအားလည်း အသိပေး ပြောကြားခြင်း မရှိ ခဲ့ပေ။

၎င်းမြန်မာ နိုင်ငံသို့ ရောက်ရှိ နေမှုအား ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ် ခဲ့သည့် ကျေးလက်
ဒေသ ဖွံ့ဖြိုးရေး ဆွေးနွေး ပွဲအား တက်ရောက်ခဲ့ရာတွင် သတင်းဌာန
များက ဖော်ပြ ရေးသားရာမှ၎င်း မြန်မာ နိုင်ငံသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း
သိရှိ ခဲ့ရသည်။

ထို့ပြင် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာ နိုင်ငံမှ ထွက်ခွာ သွားပြီး မရှေး မနှောင်း ရက်ပိုင်း၌ ရောက်ရှိ နေခြင်း ဖြစ်ကာ မစ္စတာ ကင်တားနား လာရောက်စဉ်၌ သွားရောက် လေ့လာခွင့် မရခဲ့သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အား သွားရောက်ရန် စီစဉ် နေမှု များအားလည်း အများမှ စိတ်ဝင် တစား စောင့်ကြည့် နေလျက် ရှိသည်။

ယခု ခရီးစဉ်သည် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ (၆) ကြိမ်မြောက်
မြန်မာ နိုင်ငံခရီးစဉ် ဖြစ်သည်။

Phophtaw News Association
ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား
မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

တရားမဝင် သယ်ဆောင်လာသော ကျွဲထီး၂၄ ကောင် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့်   ကျွဲထီး ၂၄ ကောင်ကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က  ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် ဆင်မသေ ကျေးရွာ အနီး၌ ယမန်နေ့ ညနေက ခရီးသည်တင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်
အစ္စရေး အစိုးရအဖွဲ့သည် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ ဒုတိယ ညွှန်ကြား ရေးမှူးဟောင်း တစ်ဦးဖြစ်သူYossi Cohen ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) ၏ ဥက္ကဋ္ဌ အဖြစ် သြဂုတ် ၂၆ ရက်က အတည်ပြု ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ် ကော်မရှင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ် ကော်မရှင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်
မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ထိပ်တန်း ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကာကွယ်ရေးအတွက် စစ်ဘက်၏တိုက်ခိုက်ရေး စွမ်းပကားများကို တိုးမြှင့်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ် ၂၆ ရက်တွင်  သတင်းထုတ်ပြန် ခဲ့သည်။

ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ ကျွန်းစု ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်

ဂျပန်မြေပြင် ကာကွယ်ရေး တပ်ဖွဲ့ ကျွန်းစု ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်
ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ (ကြည်းတပ်) သည် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့်  ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဂျပန် နိုင်ငံအလယ်ပိုင်း ရှီကူအိုကာ စီရင်စု၊ ဖူဂျီ တောင်ခြေရှိ Hizashi-Fuji လေ့ ကျင့်ရေး စခန်း တွင် သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား
ဆီးရီးယားနိုင်ငံကို တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ ပတ်ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထားပြီး ဖြစ်ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦး ဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက် လာသော ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရ မည် ဖြစ်ကြောင်း အာဆတ် ပြောကြား

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အာဆတ် ပြောကြား
အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယား နိုင်ငံအား ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ပါက ကျဆုံးခန်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် က တွေ့ ဆုံမေးမြန်း ခန်း တစ်ခုတွင် ပြောကြား လိုက်သည်။

တရုတ်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်

တရုတ်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ပထမဆုံးထုတ်လုပ်ထားသော ခေတ်မီတိုက်ခိုက်ရေး ရဟတ် ယာဉ် ဖြစ်သည့် WZ-10 မှ ဝေဟင်ပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာပစ်လွှတ် နိုင်ခဲ့ပြီး အနိမ့်

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် Yosemite အမျိုးသားပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့၏ ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးမှု များအား ခြိမ်းခြောက် လျက်ရှိကြောင်း အာဏာပိုင်များက သြဂုတ် ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော ဆီးရီးယား နိုင်ငံတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရန် အတွက် သွားရောက်ကြသော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းမှာ သြဂုတ် ၂၆ရက်တွင် အမည်မသိ သေနတ်သမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ ရကြောင်းနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကုလသမဂ္ဂ က ပြောကြားခဲ့သည်။

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း
မြန်မာနိုင်ငံတွင် ရော်ဘာထွက်ရှိမှုနှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက် ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

CDMA 800 MHz တန်ဖိုးနည်း ဖုန်းများတွင် ငွေကျပ် ငါးထောင် အထက် ငွေဖြည့် ကတ်များ ထုတ်လုပ်ခြင်း မပြုတော့ဟုဆို

တန်ဖိုးနည်း CDMA 800 MHz ဖုန်းများတွင် ငွေကျပ်ငါးထောင် အထက် တစ်သောင်းတန် ငွေဖြည့်ကတ် များကို ဝယ်ယူသုံးစွဲသူ နည်းပါး လာ သောကြောင့် ထုတ်လုပ်ခြင်း မပြုတော့ ကြောင်း ICT သတင်းတစ်ရပ် တွင် ဖော်ပြထားကြောင်း သိရသည်။

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်
ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများမှ တစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းကုန်သွယ်မှုများ ပြုလုပ်လျက်ရှိရာ ၄င်းတို့ကို  လာမည့် စက်တင်ဘာလမှ စတင်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဆိုင်ရာ စိတ်ဝင်စားသူများ အတွက် တတိယ အကြိမ်မြောက် Developer Conference ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCAP) မှ ကြီးမှူး၍ နည်းပညာကို စိတ်ဝင် စားကာ တက်ရောက်ကြ သူများအတွက် တတိယ အကြိမ်မြောက် Developer Conference ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်  ရန်ကုန်မြို့၌  ကျင်းပမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်လာစေရန်နှင့် လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်

မြန်မာ့စက်မှုလုပ်ငန်းများကို နိုင်ငံတကာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်နှစ်အတွင်း အောင်မြင်မှု ရအောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာကုမ္ပဏီများနှင့် JV စနစ်ဖြင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်

Photo: ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်
Tuesday, August 27, 2013

နိုင်ငံတ ကာရှိ မြန်မာသံရုံးများမှ ဗီဇာ ထုတ်ပေးရာမှ ကောက်ခံရရှိငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိနေကြောင်း သိရ သည်။
နိုင်ငံတကာရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၏ ဗီဇာ (Visa)ထုတ်ပေးခြင်းမှကောက်ခံ ရရှိငွေမှာ ၂၀၁၁ခုနှစ်ဧပြီမှ ၂၀၁၃ ခုနှစ်မတ်အထိ အမေရိကန်ဒေါ် လာ ၂၉၂၂၁၈၀၄ ဒေါ်လာရရှိ နေရာ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃၄၈၆၇၇၉ ဒေါ်လာအထိရရှိနေကြောင်း နိုင်ငံ ခြားရေး
ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးတင်ဦးလွင်ကပြောသည်။

ဩဂုတ် ၂၆ ရက်တွင်ကျင်းပ သည့် ပြည်သူ့လွှတ်တော် ၂၃ရက် မြောက်
အစည်းအဝေးတွင် ရေ ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းဦး ၏မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

ဦးဝင်းဦးက ''နိုင်ငံခြားက နေလာကြတဲ့ နိုင်ငံခြားသားတွေ နဲ့ တိုးရစ်တွေရဲ့ ဝင်တဲ့အပေါ်မှာ ကျွန်တော်တို့ကခန့်မှန်းပြီးတော့ တစ်နှစ်ကိုနိုင်ငံခြားဝင်ငွေ ဘယ် လောက်ရနိုင်လဲဆိုတာကို ခန့်မှန်း ကြည့်ပါတယ်။ နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ရသုံးဘတ်ဂျက်မှာကြည့် တဲ့အခါကျတော့ အဲဒီဝင်ငွေတွေ
ဖော်ပြထားတာ မတွေ့ရပါဘူး''ဟုလွှတ်တော်မှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ကြောင်း ပြောသည်။

နိုင်ငံခြားရေးဒုတိယဝန်ကြီး က ကောက်ခံရရှိသော နိုင်ငံခြား ငွေများအား သက်ဆိုင်ရာရုံးများ မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေ ဖြင့် လွှဲပြောင်းပေးပို့ပြီး ယင်းယူ ရိုငွေဖြင့်ညီမျှသည့် ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဆက်လက်၍
လွှဲပြောင်းပေးရကြောင်း၊ ကောက်ခံရရှိငွေအားလုံးအား သက်ဆိုင်ရာရုံး
များမှ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်သို့ ပုံမှန်လွှဲ ပြောင်းပေးပို့ပြီး ထိုသို့လက်ခံရရှိပါက ညီမျှသည့်ကျပ်ငွေဖြင့် ဝင် ငွေခွန်မှကောက်ခံရ
ရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာရင်းသို့လည်းကောင်း၊
ထောက်ခံ စာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေအတွက် နိုင်ငံခြားရေး
ဝန်ကြီး ဌာနငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး
ခြင်းနှင့် အသစ်ထုတ်ခြင်းမှ ကောက် ခံရရှိငွေအတွက် ပြည်ထဲရေးဝန် ကြီးဌာန ငွေစာရင်းသို့လည်း ကောင်းဆက်လက်လွှဲပြောင်းပေး သွားလျက်
ရှိကြောင်း ဖြေဆိုခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကူးသန်းသွား
လာရာတွင် သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်
ကိုင်ဆောင်သူများ အား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံနိုင်ငံများနှင့် သဘောတူလက်မှတ်ထိုးထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။

Yangon Media Group
နိုင်ငံတကာရှိ မြန်မာသံရုံးများမှ ဗီဇာထုတ်ပေးရာမှ ကောက်ခံရရှိငွေတစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိနေကြောင်း သိရ သည်။

မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ

Photo: မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ
Tuesday, August 27, 2013

အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် မိသားစုဝင် ၂၆၀ ကျော်ကို ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့ အာရဗီ အလယ်တန်း
ကျောင်းတွင် စောင့်ရှောက်ထားကြောင်း ထန်းကုန်းမြို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။

သြဂုတ်လ ၂၄ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရာ လူဦးရေ ၃၂၀ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပြီး ၂၆၀ ကျော်မှာ အဆိုပါ စာသင်ကျောင်းတွင် နေထိုင်နေ ရကြောင်း၊ ယခုအချိန်သည် ၎င်းတို့၏ အာရဗီ စာသင်ကျောင်း စတင် ဖွင့်လှစ်သည့် အချိန်ဖြစ်ကြောင်း ထန်းကုန်းမြို့ခံ တစ်ဦးဖြစ်သူ ကိုရန်နိုင်က ပြောကြားသည်။

“အခုလောလောဆယ်တော့ စာသင်ကျောင်း ပိတ်ထားရတာပေါ့။ ကျောင်း စဖွင့်ပြီး ဒုတိယနေ့မှာပဲ ပိတ်လိုက်ရတယ်။ မိသားစုတွေထဲမှာ ကလေးက တစ်ဝက်လောက်ပါတယ်။ သူတို့တွေအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ရောက်လာပြီး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွား တယ်။ တစ်ပတ်ကျော်ရင်တော့ ပြန်လည် ထူထောင်ရေးအတွက် စီစဉ်ပေးမယ်လို့ ပြောသွားတာပဲ” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ထန်းကုန်းနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများ တွင် အခြေအနေများ ငြိမ်သက်နေပြီး အကြမ်းဖက်မှု ကျူးလွန်သူ ၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူများတွင် ထန်းကုန်း မြို့ခံများ မပါရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“အသွားအလာတွေ ပုံမှန် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း အကုန် ပြန်ဖွင့်နေပါတယ်။ အားလုံး ငြိမ်ငြိမ်သက်သက်ပါပဲ”ဟု ထန်းကုန်း မြို့တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ယနေ့ ည ၇ နာရီ ဝန်းကျင်တွင် ပြောကြားသည်။

၂၀၀၃ ခုနှစ်ကလည်း ယင်းကျေးရွာမှ အစ္စလာမ် ဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်သည်ဟူသော ကောလာ ဟလများကြောင့် ယခုကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အဓမ္မပြုကျင့်သည်ဆိုသော လူငယ် ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ကြောင်း ကိုရန်နိုင်က ပြောကြားသည်။

ယခုလောလောဆယ်တွင် ထန်းကုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ဖြင့် ရွာဝင်ပေါက်များကို စောင့်ကြပ် လျက် ရှိကြောင်း၊ ယနေ့ နံနက် ၉ နာရီ ကလည်း ကျေးရွာရှိ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ တွေ့ဆုံကာ နှစ်ဦး နှစ်ဖက် ရန်ငြိုး မဖွဲ့ကြရန်အတွက် မြို့လယ် ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ် ဖျက်ဆီးခံရသည့် မိသားစုဝင်များ၏ အရေးကိစ္စနှင့် ပတ်သက်၍ ထန်းကုန်း ရဲစခန်းနှင့် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတို့ကို ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။

အောင်မျိုးထက်
The Voice Weekly
အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် မိသားစုဝင် ၂၆၀ ကျော်ကို ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့ အာရဗီ အလယ်တန်းကျောင်းတွင် စောင့်ရှောက်ထားကြောင်း ထန်းကုန်းမြို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင် ဆောက်မည်

Photo: ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင်
 ဆောက်မည်
Tuesday, August 27, 2013

တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။

ASEAN ၏ ရှေ့ဆောင် စီးပွားရေးလုပ်ငန်းပေါင်းစု ကော်ပိုရေးရှင်း SCG က မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် အကျိုး သက်ရောက်မှု နည်းပါးစေမည့် နည်းပညာသုံး ဘိလပ်မြေ စက်ရုံကို တည်ဆောက်သွား မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းမှ သြဂုတ်လ ၂၆ ရက်နေ့ တွင် ကြေညာသည်။

ထိုင်းဘတ် သန်း ၁၂,၄၀၀ ခန့် ရင်းနှီး မြှုပ်နှံသွားမည့် ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်မည် ဖြစ်ပြီး အဆိုပါ စက်ရုံအတွက် လိုအပ်သော စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးသော
 နောက်ဆုံးပေါ် သန့်ရှင်းသော နည်းပညာသုံး စက်ရုံအပြင် လုပ်ငန်းသုံး ဆိပ်ခံ တံတားများနှင့် ထပ်မံ၍ လုပ်ငန်း ချဲ့ထွင်ရန် လည်း အစီအစဉ် ရှိကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ရန်ကုန်ကို ရေလမ်းနဲ့ ပို့မယ်” ဟု SCG ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Kan Trakulhoon က ဆိုသည်။

ဘိလပ်မြေစက်ရုံ ပြည်တွင်းတွင် ဆောက်လုပ်၍ ထုတ်လုပ်ပါက ဘိလပ်မြေ ဈေးနှုန်းများ ထူးထူးခြားခြား အပြောင်းအလဲ ရှိနိုင်မည် မဟုတ်သော်လည်း ဈေးနှုန်း အတက်အကျ အပြောင်းအလဲများ တည်ငြိမ် သွားနိုင်ကြောင်း KIDO ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ခံ ဦးကိုလွင်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေ သုံးစွဲမှုသည် ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ပေါင်း ၄ သန်းခန့် ရှိခဲ့ပြီး လာမည့် ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း အထိ တိုးလာစေရန် မျှော်မှန်းထားကြောင်း Mr. Kan Trakulhoon က
 ပြောဆိုထားသည်။

The Voice Weekly
တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။

LOVE & RESPECT

Photo: ~LOVE & RESPECT~
Tuesday, August 27, 2013

"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့်
ရဲဘော်များထဲမှတစ်ယောက်မဟုတ်တစ်ယောက်ကို ခေါ်သွားတတ်၏။

ရဲဘော်လေးများမှာဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကိုခင်မင်
လေးစားကြသည်။ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင်ချက်ချင်း
ထလိုက်ကာ ဈေးမှအပြန်တွင်လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်
စွာ သယ်ပေးသည်။

တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင်အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင်
ထားသည့်ဗိုလ်ချုပ်အောင်ဆန်းနှင့်မျက်နှာချင်းဆိုင် တွေ့သည်။ဗိုလ်ချုပ်
အောင်ဆန်းက ဒေါ်ခင်ကြည့်နောက်မှ ဈေးခြင်းတောင်းဆွဲပြီးလိုက်လာ
သောရဲဘော်လေးကိုမြင်သည်နှင့်စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

"ဒါဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ 
ရဲဘော်၊ ငါတို့ အိမ်က အစေခံမဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့
 ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

(PHOTO:Myanmar Indepence Father General Aung San & His wife Daw Khin Kyi).
နှင်းဆီဖူးလေးများ-Love BUDS
"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက် မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။

သမီးဖြစ်သူကို အဆိုတော် မဖြစ်စေ ချင်သူ မေခလာ

Photo: သမီးဖြစ်သူကို အဆိုတော် မဖြစ်စေ ချင်သူ မေခလာ
Tuesday, August 27, 2013

ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာ ကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာ သာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင် ခဲ့ပြီး သမီးဖြစ် သူကို ဆုံးမသွန်သင်တဲ့ အခါ မှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ရှိတယ်လို့ ဆိုပါတယ်။ နှစ်ယောက် စလုံးက အနုပညာရှင်တွေဖြစ် ပေမယ့်လည်း သမီးဖြစ်သူကိုတော့ အနုပညာ နဲ့ပတ်သက်ပြီး အပျော်တမ်းပဲလုပ်စေချင်ပြီး ပရော်ဖက်ရှင်နယ်အထိတော့ မလုပ်စေချင်ကြောင်း မေခလာက ပွင့်လင်းစွာပြောလာပါတယ်။ ပွင့်လင်းစွာ ပြောလာမှုနဲ့အတူပဲ မိခင်တစ် ယောက် အနေနဲ့ သမီးကို ဘယ်လိုပဲ့ပြင်ဆုံးမ နေလဲ၊ သမီးဖြစ်သူကို အနုပညာရှင်ထက် ပညာတတ် တစ်ယောက်ဖြစ်စေချင်တဲ့ မိခင်တစ် ယောက်ရဲ့ စိတ် ခံစားချက်တွေကို မေးမြန်း ဖော်ပြ လိုက်ပါတယ်။

► သမီးဖြစ်သူကို ဘာသာရေးနဲ့ ဆုံးမပဲ့ပြင်

ကျွန်မရဲ့သမီးကို ဘာသာရေး နဲ့ ဆုံးမပဲ့ပြင်တယ်။ အစ်မကလည်း ငယ်ငယ်လေးကတည်းက ဘာသာ ရေးလုပ်တဲ့အတွက်ကြောင့်၊မြတ် စွာဘုရားရဲ့ တရားတော်ကို နား ထောင်တဲ့အတွက်ကြောင့် ဒါသည် မှန်ကန်တယ်၊ ဒါသည် မှားနေတယ်။ အလိုလို အကုသိုလ်တွေက နည်းသွား တယ်။ ဒါကြောင့်လည်း သမီး လေး ကို ဒီအရွယ်ကတည်းက ဘာသာ ရေးကို လုပ်ခိုင်းနေတယ်။ သူက လည်းလုပ်တယ်။လုပ်တယ် ဆိုပေမယ့် ကလေးဆို တော့လည်း အကြာကြီးတော့ မလုပ်ဘူးပေါ့။ အမေကျေနပ်အောင် ဘုရားခန်း ထဲဝင်ပြီး ဓမ္မ စကြာတွေရွတ်ပြတယ်။ ပရိတ်တွေရွတ်ပြတယ်။ ဒီလိုမျိုးနဲ့ပဲ ကျွန်မအနေနဲ့ သမီးလေးကို ဘာသာ ရေးနဲ့ထိတွေ့အောင် လုပ်တယ်။

► သမီးဖြစ်သူကို အနုပညာအလုပ် မလုပ်စေချင်

အဆိုကိုငယ်ငယ်လေးက တည်းက ရူးသွပ်တယ်။ သမီး က အသံ
လေးတော့ ကောင်းတယ်။ ဒါ ပေမဲ့ ကျွန်မအနေနဲ့သူ့ကိုအနုပညာနဲ့ ပတ်သက်ပြီး ဘာမှမလုပ် စေချင်ဘူး။ ရုပ်ရှင်လည်းမရိုက်စေချင်ဘူး။ သီချင်းလည်းမဆိုစေချင်ဘူး။ ဒါကြောင့်လည်း ဘယ် ပွဲမှမခေါ်ဘူး။ မခေါ်ရင်း၊ မခေါ်ရင်းနဲ့ သူလည်း ဘယ်ပွဲမှမလိုက်တော့ ဘူး။ ဘယ်ရှိုးမှ သူမကြည့်ဖူးဘူး။ဘာကြောင့် အနု ပညာအလုပ်မလုပ် စေချင်လဲဆိုရင် ကျွန်မလိုဖြစ် မှာကြောက်လို့ပါ။ ကိုယ်တွေကဒီအနုပညာအလုပ် လုပ်တဲ့အခါကျတော့မလုပ်လို့ လည်း မရတော့ဘူး။ လုံးဝစိတ်ပိုင်းဖြတ် လိုက်ပြီဆိုမှပဲ ထွက်လို့ရမယ့်သဘော ဖြစ်သွားပြီ။ဒီလုပ်ငန်းက သမ္မာ အာဇီဝလုပ်ငန်းဖြစ်တယ်။ ပျော်ရွှင် စေတယ်။ ကုသိုလ်ရတယ်။ စိတ်ချမ်း သာတယ်။ရတဲ့ ပိုက်ဆံက ဖြူစင်တယ်။ ပရိသတ်က ကိုယ့်ကို ချစ်လို့
ပေးတာ လေ။

သို့သော်လည်း ကျွန်မ ပြန်စဉ်းစားတဲ့အခါ ကျ တော့ဒီအလုပ်ရယ် လို့မှ မဟုတ်ပါဘူး။ အလုပ်တိုင်း ဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်မတို့အလုပ်ကပိုဆိုး တယ်။ကျွန်မတို့ အလုပ်က ခဏပဲ။ အတက်အကျ တအား မြန်တယ်။
အတက်အကျမြန်သလို စိတ်ဓာတ်အတက်အကျလည်း တအား မြန် တယ်။အခုတက်သွားတယ်။နောက်ပြန်ကျတယ်။ ပေါ်လိုက်၊ ပျောက်လိုက်။ ရေရှည်ရှိတဲ့သူတွေက အင်မတန်ရှားတယ်။ အဲဒီဒဏ်ကို ခံနိုင်မလား။
တက်ပြီးရင် ပြန်ကျမယ့်ဒဏ်ခံနိုင်မလား

ကျွန်မတို့အလုပ်က အနုပညာသာပြောတာ။ တကယ်တမ်းက အကြမ်း
ပညာပါ။ တစ်နေရာနဲ့တစ် နေရာသွားရတာ ကားတွေ၊ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့သွားရ တယ်။ အရင်ခေတ်ကဆို အစ်မတို့ နွား လှည်းနဲ့သွားရတယ်။ တကယ့်ကို ဆင်းဆင်းရဲရဲကို သွားခဲ့တယ်။ အခုလို အဲကွန်းဘတ်စ် တွေမရှိဘူး။ ဘဝကြမ်း၊အနစ်နာတွေခံခဲ့တဲ့ အတွက်ဖြစ်လာတဲ့အခက်အခဲ တွေကို ကျွန်မရင်ဆိုင်နိုင်တယ်။ တက်ပြီးရင်ကျမှာပဲ။ တက်တဲ့ဘဝကိုလည်း ရောက်ခဲ့ပြီးပြီ။ ပြန်ဆင်း တဲ့ဘဝကိုလည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားထားပြီးပြီ။ ဒါပေမဲ့ အခု ခေတ်ကလေးတွေက များသောအား ဖြင့် ဘယ်သူမှမလုပ်နိုင်ဘူး။ ဒီလိုပဲ ကိုယ့်သမီးလေးဒီလောကထဲဝင်လာ ပြီဆိုရင်တောင်အောင်မြင်
အောင် ကြိုးစားရတော့မယ်။ အောင်မြင် ပြီးရင် ပြန်မကျအောင် သူလုပ် ရမယ်။ တဖြည်းဖြည်းနဲ့ ကျ လာမှာပဲ။ နေရာပြန်ပေးရမှာပဲ။ အဲဒီဒဏ်ကို ခံနိုင်အောင်သူကြိုးစားရမယ်။ ကျွန်မတို့အနုပညာလောကကလူတွေက တအားမြှောက်စားတယ်။ မမြှောက် စားတော့ဘူးဟေ့ဆိုရင်လည်းကျ ပြီ။ဘယ်သူမှလှည့် မကြည့်တော့ ဘူး။အဲဒီဒဏ်ကိုသူခံနိုင်မလား။ ဒါကြောင့်လည်း ပညာတတ်၊ ပညာရှိတစ်ယောက်ပဲ ဖြစ်စေချင်တယ်။

လင်းအက္ခရာ
Popular Journal
ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာသာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင်ခဲ့ပြီး သမီးဖြစ်သူကို ဆုံးမသွန်သင်တဲ့အခါမှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ ရှိတယ်လို့ ဆိုပါတယ်။

နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်

Photo: နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်
Tuesday, August 27, 2013

Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင်
 ရေးထိုးထားခဲ့သည်

သူမ၏ နောက်ကျောတွင် ရေးထိုးထားသော ဆေးမင်ကြောင်ကို အလွန်နှစ်
သက် သဘောကျကြောင်း ချယ်ရီကိုးလ်က ဝန်ခံ ပြောကြားလိုက်သည်။ Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင်
 ရေးထိုးထားခဲ့သည်။ 

အဆိုပါ ဆေးမင်ကြောင်ကို ကိုယ်တိုင် ရေးထိုးပေးခဲ့သည့် နစ်ကို ဟာတာ
ဒိုက ချယ်ရီ၏ ခန္ဓာကိုယ် အနောက်ပိုင်းတွင် ထည်ဝါနေသည့် အနုပညာ လက်ရာကို ဓာတ်ပုံရိုက်ကာ Instagramတွင် လွှင့်တင်ခဲ့သည်။ယင်းအတွက် 
ချယ်ရီ၏ ပရိသတ်များ တအံ့တဩ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် Popဂီတ ကြယ်ပွင့်ကိုယ်တိုင်က ဆေးမင်ကြောင် ကိစ္စအပေါ် မှတ်ချက်ပေးလာခြင်း
 ဖြစ်သည်။

ယင်းကိစ္စကို စိတ်ဝင်တစား မေးမြန်းသည့် ပရိသတ် တစ်ဦးကို ချယ်ရီက Twitterတွင် ပြန်ကြားခဲ့ရာ ကျွန်မ ဒီဆေးမင်ကြောင်ကို အပြီးသတ် ရေးထိုးဖို့ (၇)လ၊ (၈)လလောက် အချိန်ယူခဲ့ရတယ်။ တော်တော်ကြာတယ်လို့ ပြောရ
ပါမယ်။ လုံးဝ အချောသတ် ပြီးစီးသွားတာတော့ မကြာသေးခင် ကမှပါဟု ဝန်ခံခဲ့သည်။ 

သူမက ဆေးမင်ကြောင်ကို ရေးထိုးနေချိန်တွင် အချိန်အကြာဆုံး ထိုင်နိုင်
ခဲ့သည်မှာ (၇)နာရီ၊ (၈)နာရီမျှထိ ရှိကြောင်းလည်း ဆိုသည်။ သူမက ဒီဆေးမင်ကြောင်မှာ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်သတ်မှတ် ချက် တစ်ခုခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ အင်္ဂလိပ် နှင်းဆီတွေ ဆိုတာက ကျွန်မအကြိုက်ဆုံး ပန်းတွေလည်း ဖြစ်နေပြန်တယ်ဟု ပြောကြားခဲ့သည်။

ချယ်ရီသည် ယခင်က သူမ၏ ခန္ဓာကိုယ် ဘယ်ဘက်အောက်ပိုင်းတွင်
 ရေးထိုးထားသည့် ဆေးမင်ကြောင် တစ်ခုကို ပြသဖူးသည်။ ယခု
လက်ရာသစ်မှာမူ အဆိုပါ ဆေးမင်ကြောင် အဟောင်းကို ဆင့်ပွားချဲ့ထွင်
ထားခြင်းဟုလည်း သိရှိရသည်။

Planet Myanmar Network
Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပ သည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့
Tuesday, August 27, 2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အသစ် ရေးဆွဲနိုင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

အခြေခံ ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့အတွက် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲ
ကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

UNFC အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက စစ်မှန်တဲ့
 ပြည်ထောင်စုပုံစံမျိုး မဟုတ်တဲ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း အခက်အခဲတွေ ရှိတဲ့အတွက် ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ UNFC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ
အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

၂၀၀၈ဖွဲ့စည်းပုံက ဒီမိုကရေစီအခွင့်အရေးလည်း အပြည့်အ၀မရှိဘူး၊ စစ်မှန်တဲ့ ပြည်ထောင်စုပုံစံလည်း မဟုတ်ဘူး၊ အဲဒီတော့ ကျနော်တို့ရဲ့ နိုင်ငံအခြေအနေနဲ့ မကိုက်ညီဘူး၊ အားလုံးကလည်း ဆန့်ကျင်နေပါတယ်၊ အစိုးရက ခွင့်ပြုထားတဲ့မူအရ လွတ်တော်ထဲမှာ ပြင်ဖို့ဆိုတာကလည်း ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး၊ တဖက်ကလည်း ပြင်ဖို့လည်း လိုအပ်တဲ့အပေါ်မှာ ဖြစ်နိုင်တဲ့ နည်းအရကတော့ အသစ်တခု ရေးဆွဲတာ အကောင်းဆုံး ဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ၂၀၁၃ နှစ်မကုန်ခင်မှာ အပြီးရေးဆွဲဖို့ လုပ်ဆောင်သွားမယ်လို့ သိရပြီး UNFC နဲ့ UNA အဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပါဝင်တဲ့ မူကြမ်းရေးဆွဲတဲ့ ကော်မတီကနေ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲသွားမှာ ဖြစ်တယ်လို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

ကျနော်တို့ကတော့ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲမှာပါ၊ တဖက်က ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရှိဖို့နဲ့ တဖက်က စစ်မှန်တဲ့ ပြည်ထောင်စု
မူကို အခြေခံပြီးတော့ ရေးဆွဲမှာပါ၊ ဒါကကျနော်တို့ရဲ့ မူကြမ်းပါ၊ အစိုးရနဲ့ ကျနော်တို့နဲ့ဆွေးနွေးတဲ့ အခါကျရင်တော့ ကျနော်တို့ ကိုင်ဆောင်ဖို့ အခြေခံမူ တရပ်ဖြစ်တယ်။

UNFC အဖွဲ့ဝင်တွေရေးဆွဲမဲ့ အခြေခံဥပဒေအသစ် မူကြမ်းနဲ့ပတ်သက်ပြီး
 ပြည်သူလူထုတွေရဲ့ သဘောထားတွေ ကိုလည်း ရယူသွားမှာဖြစ်သလို မူကြမ်းရေးဆွဲပြီးရင်လည်း အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ UNFC အဖွဲ့ဝင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့တို့ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်းသိရပါတယ်။

ABC
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အသစ် ရေးဆွဲနိုင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်

Photo: အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်
Tuesday, August 27, 2013

အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန်အစိုးရက
 ကြေညာလိုက်ပါတယ်။

ကွာလာလမ်ပူမြို့မှာရှိတဲ့ မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနမှာ
 ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က အခုလို ကြေညာလိုက်တာပါ။ ပန်တဂွန် ဘတ်ဂျက်စာရင်းအရ ဒီအစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ သတ်မှတ်ထားပြီး၊ ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း ၅၀ ပိုများလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရအနေနဲ့ အာရှ-ပစိဖိတ်ဒေသကို ပိုပြီးတော့ အာရုံထားရေး မဟာဗျူဟာ ပြောင်းလဲလာခဲ့ပြီးတဲ့နောက် အခု ဆုံးဖြတ်ချက် ထွက်ပေါ်
လာခဲ့တာပါ။ အရှေ့တောင် အာရှဒေသရဲ့ ပိုပြီးတော့ ထင်ပေါ်လာမှုနဲ့ အရေးပါမှုတွေကို ထင်ဟပ်နိုင်စေဖို့၊ အာရှ-ပစိဖိတ်ဒေသနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည် ထိန်းညှိသွားနိုင်အောင် အမေရိကန်အစိုးရက နည်းလမ်း ရှာဖွေ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဟေဂယ်လ် က ပြောသွားပါတယ်။

ခုလို အမေရိကန်အစိုးရက ဒေသတွင်း စိတ်ဝင်စားမှုတွေ တိုးလာနေတဲ့
အပေါ်မှာ ဒါဟာ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ကန့်သတ်ဖို့ ကြိုးစားတာဖြစ်တယ် လို့ဆိုပြီး တရုတ်နိုင်ငံက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပိုင်နက်တချို့နဲ့ ပတ်သက်လို့ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံတွေ အတော်များများနဲ့
ဖြေရှင်းလို့ မရသေးတဲ့ ပဋိပက္ခတွေ ရှိနေတာ ဖြစ်ပါတယ်။

VOA
အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။

ဘာသာစကားနှစ်မျိုးပြောတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုဟု လီကွမ်းယူပြော

Photo: ဘာသာစကားနှစ်မျိုးပြောတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုဟု လီကွမ်းယူပြော
Tuesday, August 27, 2013

စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြား
 ပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

စင်ကာပူတွင် ငယ်ရွယ်စဉ်ကစပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူခြင်းမရှိပါက နိုင်ငံ၏ဘာသာ စကားနှစ်ခု ပူးတွဲသင်ကြားသည့်
စနစ်ကြောင့် အသက်အရွယ်ကြီးလာလျင် အခက်တွေ့လိမ့်မည်ဖြစ် ကြောင်း အင်္ဂလိပ်နှင့် မိခင်ဘာသာစကား တတ်မြောက်မှုကိုအားပေးသည့် မစ္စတာလီက ပြောသည်။

အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးတစ်ဦးအား ဘာသာ
စကားများစွာ သင်ကြားပေးနိုင် ပြီး ယင်းကဲ့သို့သင်ကြားပေးမှုကြောင့် ကလေးငယ်၏ သင်ယူမှုဖြစ်စဉ်တွင် ရှုပ်ထွေးမှုများရှိလာမည် မဟုတ်ကြောင်းကို အမေရိကန်စိတ်ပညာရှင်များက လေ့လာတွေ့ရှိ
ခဲ့သည်ဟု မစ္စတာလီကပြော သည်။ ငယ်ရွယ်စဉ်တွင် ဘာသာ
စကားများစွာဖြင့် ထိတွေ့ခဲ့သည့်အတွက်ကြောင့် ကလေးသည် ဘာသာစကားမျိုးစုံတို့၏ ကွဲပြားသောသဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ကို ခွဲခြားတတ်သည့် အကျင့်ရလာမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကြောင့် နေအိမ်တွင် အင်္ဂလိပ်လိုပြောကြားသည့် အင်္ဂလိပ်စာတတ်
မိဘများသည် ၎င်းတို့၏ ကလေးများအား တရုတ်ဘာသာစကားဖြင့် သင်ကြားသည့် မူကြိုကျောင်းတွင် ထားရှိသင့်ပြီးနေအိမ် တွင် တရုတ်ဘာသာစကားပြောသည့် မိဘများသည်လည်း ၎င်းတို့၏ ကလေးများအား အင်္ဂလိပ်ဘာ သာစကားဖြင့် သင်ကြားသည့် မူကြိုကျောင်းတွင် ထားရှိသင့်ကြောင်း မစ္စတာလီက အကြံပြုခဲ့သည်။

ထို့ပြင် ပညာရေးဆိုသည်မှာ ရမှတ်များ ရရှိခြင်းမဟုတ်ဘဲ လူတစ်ဦး၏ အရည်အသွေးကို မြှင့်တင်ပေး သည့် စနစ်တစ်ခုသာဖြစ်သင့်ကြောင်း မစ္စတာလီကပြောဆိုခဲ့သည်။ စင်ကာပူအစိုးရသည်လည်း နိုင်ငံ တွင်းရှိ မူကြိုကျောင်းပညာရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပြီဖြစ်
သည်။ လာမည့် ငါးနှစ်ကျော်တွင် မူကြိုကျောင်းပညာရေး တိုးတက်ကောင်း
မွန်စေရန် စင်ကာပူဒေါ်လာ ၃ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း စင်ကာပူ
အစိုးရက မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည်။

Source:AFP
The Massenger Journal
စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို

Photo: ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို
Tuesday, August 27, 2013

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး
 နှုန်းထားသို့ ရောက်ရှိနေသောကြောင့် အရောင်းအဝယ် ပုံမှန်အတိုင်း
သာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှု
များသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

ကွန်ဒိုနှင့် တိုက်ခန်းများ ဆောက်လုပ်ရန် မြေကွက်အကျယ်များ ဝယ်ယူရာ မြို့တွင်းမြို့နယ်များတွင် မြေကွက် ရှားပါးသောကြောင့် လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဝယ်ယူမှုများကြောင်း
 ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

“ကွန်ဒို၊ တိုက်ခန်း ဆောက်ဖို့ဆိုတော့ အနည်းဆုံးပေ ၆၀ ပတ်လည် အကျယ်ရှိတဲ့ မြေကွက်တွေ ဝယ်ကြတယ်။ မြေကွက်ရှိတဲ့ လှိုင်တို့၊ သင်္ဃန်းကျွန်းတို့မှာတော့ အရောင်းအဝယ် နည်းနည်း ကောင်းတယ်” ဟု ၎င်းကဆိုသည်။

လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် မြေဈေး ပုံမှန်အတိုင်းသာရှိပြီး တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲ ရှိကြောင်း ၎င်းကပြောဆိုသည်။

“အခွန်နှုန်းထားက မပြောင်းတော့ အမှန်တကယ် လုပ်ငန်းလုပ်မယ့်သူတွေ ဝယ်ကြတာ။ ဝယ်ရောင်းသမားတွေကလည်း မြို့သစ်တွေမှာပဲဝယ်တော့ ရန်ကုန်မြို့ရဲ့ အရောင်းအဝယ်က အေးတာ” ဟု အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသော်လည်း အရောင်းအဝယ် အေးလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်မည့်သူများက မြေကွက် ဝယ်ယူခြင်းနှင့် ရုံးခန်းနှင့်ဆိုင်ခန်း ဖွင့်မည့်သူများက တိုက်ခန်းငှားခြင်း အနည်းငယ်သာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး နှုန်းထားသို့ ရောက် ရှိနေသော   ကြောင့် အရောင်း အဝယ် ပုံမှန်အတိုင်းသာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှုများသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်

Photo: ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်
Tuesday, August 27, 2013

ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသားများ ကျောက်မျက်အတုများ
 ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း
အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

“အသင်းသားတွေ ပါမပါတော့ မသိဘူး။ အသင်းသားတွေထဲမှာလဲ ဒီလိုမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး။ ဒါက သတိပေး ပြောဆိုတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်အတု ရောနှောရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမည်ဟု ကနဦး စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကျော်ဌေးက ပြောဆိုသည်။

“စစ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ဆိုင်တွေအကုန်လုံးကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသင်းသားထဲက လုပ်တယ်ဆိုရင်တော့ အသင်းက ထုတ်မှာပါ။ ဒါကအသင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” ဟု ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြား
သည်။

အဆိုပါ ကျောက်မျက်ဈေးကွက်အတွင်း အတုများ ရောနှောရောင်းချမှု
သည် ကျောက်မျက်ဈေးကွက်အတွင်း ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ဦးကျော်ဌေးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ရောင်းချမှုများသည် ဆက်တိုက် မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်
တတ်သော အမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၉ ခုနှစ်
မှစ၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့် ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက် မျက်အတုများ ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေး မှူး ဦးကျော်ဌေးက ပြောကြားသည်။

အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့

Photo: အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့
Tuesday, August 27, 2013

ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ်ရကြောင်း မြန်မာရွေ့ပြောင်း
 ကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။ 

“ ကိုယ်ထူ ကိုယ်ထ ဆရာမတွေက ကျပ် (၃)သောင်း ဆိုရင် အစိုးရ ခန့် ဆရာမတွေက (၉)သောင်း တသိန်းနဲ့ ချပေးတယ်။ ပြီးတော့ အခုမှ လာသင်ပေးတယ်။ အရင်က လှည့်မကြည့်ဘူး။ တခါ သူတို့ ဆရာမတွေ အတွက် စားစရိတ်တွေ၊ လမ်းစရိတ်တွေကို ကျေးရွာကနေ ပေးရ သေး
တယ်။ ဆိုတော့ ရှိနေတဲ့ ကိုယ်ထူ ကိုယ်ထ စနစ်တွေကို လာဖျက်တဲ့ သဘောဘဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။  

ထို့အပြင် ကျောင်းချိန်တွင် သင်ကြားနေသော ကရင်စာကို ကျောင်းချိန်
 ပြင်ပပို့ခြင်း၊ သင်ရိုးညွှန်တမ်းကို ချက်ချင်း ပြောင်းခြင်းနှင့် ကိုယ်ထူကိုယ်ထ ဆရာမများကို ထုတ်ပယ် ခြင်းကြောင့် ကျေးရွာတွင် သွေးကွဲ စေခဲ့ ပါသည်။ အစိုးရသည် DKBA အုပ်ချုပ်မှု နယ်မြေတွင် ရှိသော စာသင် ကျောင်းပေါင်း (၃၂) ကျောင်း ရှိသည့် အထဲမှ (၁၀) ကျောင်းကိုသာ ၀န်ထမ်းများ အစားထိုး ခဲ့ခြင်းဖြစ်သည်။

အစိုးရ ပံ့ပိုး ပေးခဲ့သော ပညာ ၀န်ထမ်း များကို စုကလိ၊ အူကလိထ၊ ကနဲလေး၊ ကော်ချဲ၊ သနော်ထ၊ ၀မီးထ၊ တောင်နီ (လေဝေါ်) နှင့် ဆုံဆည်းမြိုင် ကျေးရွာများ ဖြစ်ပါသည်။

ဤသို့ကြောင့် ကျန်ရှိ နေသော ကျောင်းများမှ ကိုယ်ထူကိုယ်ထ ဆရာ၊ ဆရာမ များအား ထိန်းသိမ်းရ ခက်စေ ခဲ့ကြောင်း ဆိုပါသည်။ ဤသို့သော ပြသနာ များကြောင့် DKBA သည် KNU မှ ပညာရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် အစိုးရ၏ မြ၀တီ ခရိုင် ပညာရေးနှင့် ကျန်းမာရေး မှူးများ ပါဝင်သော အစည်းအဝေး တရပ်ကို ဆုံဆည်းမြိုင် ကျေးရွာတွင် ယနေ့ ကျင်းပခဲ့ပါ သည်။

ယင်းအစည်းအဝေးသို့ ကျေးရွာ လူထုများပါ အင်အား (၈၀) ခန့် တက်ရောက် ခဲ့ပါသည်။ ယင်းအစည်း အဝေးတွင် ပညာရေးနှင့် ပတ်သတ်ပြီး DKBA အပါအ၀င် ဒေသခံ ရပ်မိ ရပ်ဖ များနှင့် ဒေသခံ ဆရာ၊ ဆရာမ များက အောက်ပါ အတိုင်း တောင်းဆို ကြပါသည်။

- ငြိမ်းချမ်းရေး ကာလ ဖြစ်ခြင်းကြောင့် အခြေအနေ နှင့် အချိန်ခါအရ ပညာရေး လိုအပ်ချက် အပေါ် မူတည်ပြီး အစိုးရထံ တင်ပြ တောင်းဆို
သွားမည်။ အစိုးရဖက်မှလည်း ညှိနှိုင်း မှုဖြင့် အကောင် အထည်ဖေါ်
 ဆောင်ရွက်သွားရန်။

- နိုင်ငံတော် ပညာရေး ဌာနနှင့် ဆက်စပ်နိုင်ရန် ကျောင်းတိုင်းတွင် အစိုးရခန့် ဆရာမ ၀န်ထမ်း တစ်ဦးသာ လိုအပ်ပြီး ဒေသခံ ဆရာ၊ ဆရာမများနှင့် လက်တွဲ သွားရန် ဖြစ်သင့်သည်။  

- ကရင် ပညာရေး အဖွဲ့အစည်းရှိ ဒေသခံ ကျောင်း အသီးသီးမှ နှစ်ရှည်လများ သင်ကြားပေးလာခဲ့သည့် ဆရာ၊ ဆရာမ များအား ပညာရေးတန်းတူ အခွင့်အရေး တစ်ရပ် ရရှိ ရေးနှင့် ကရင်စာပေကို
 ကျောင်းချိန် အတွင်းတွင် သင်ကြားခွင့် ရှိသင့် ကြောင်း တောင်းဆို ကြပါသည်။  

ဤတောင်းဆိုချက် များအား အထက်ကို တင်ပြပေးမည်ဟု မြ၀တီခရိုင် အစိုးရ ပညာရေးမှူး များက ပြန်လည် ဖြေကြား ခဲ့ပါသည်။ မြ၀တီခရိုင် ဆုံဆည်းမြိုင် ဒေသရှိ အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးရေးမှု အစီစဉ်သည် ဒေသခံများ နှင့်လက်တွဲ ဆောင်ရွက် ရမည့်အစား ဒေသခံ
များ၏ ကိုယ်ထူကိုယ်ထ စနစ်နှင့် ပူးပေါင်း ပါဝင်မှုကို ပျက်စီး စေခဲ့ကြောင်း DKBA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အစိုးရမှ ချပေးသော ဖွံ့ဖြိုးမှု အစီစဉ်ကို ပြန်လည် သုံးသပ်နိုင်ရန် ရည်ရွယ် တင်ပြခြင်း ဖြစ်ပြီး လောလော ဆယ်တွင် DKBA ထံ ရောက်ရှိ နေသည့် ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်းကိုလည်း တင်ပြ
 ဆွေးနွေးခဲ့ပါသည်။

Phophtaw News Association 
ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ် ရကြောင်း မြန်မာရွေ့ပြောင်းကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်

Photo: အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်
Tuesday, August 27, 2013

အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို  ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

“တစ်ကယ်တော့ အစိုးရ ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲ ရေးကိုကြေငြာ ပေးလိုက် ယုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ၊ ဒါပေမယ့် အရင် မလုပ်ပေး ဘဲနဲ့ တရားဝင် ထုတ်ပြန်ချက် မရှိဘဲဟိုဟာ လုပ်မယ် ဒီဟာလုပ် မယ် ပြောဆို နေတဲ့ အပေါ်မှာ ကျနော်တို့မှာ
 တွေးစရာ ဖြစ်လာ ရတယ်” ဟုဆိုပါသည်။

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို လာမည့် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ နိုင်ရန် ကြိုပမ်းလျက် ရှိကြောင်း ဦးအောင်မင်းက မီဒီယာ များအား ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်သည်။

ယင်းအောက်တိုဘာလ မတိုင်မီတွင် ဝန်ကြီး ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးရန် ရှိသည်ဟု ဦးအောင်မင်းက သြဂုတ် ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

KIO အဖွဲ့ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလကုန်၌ ဝန်ကြီး ဦးအောင်မင်း တို့နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် မေးမြန်း ခဲ့ပါသည်။ ဤမေးမြန်း ချက်အပေါ် ယနေ့အထိ ဦးအောင်မင်း အနေဖြင့် ပြန်လည် ဖြေကြား ပေးခဲ့ခြင်း မရှိကြောင်း ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

ဤအချိန်မှ စ၍ ယနေ့အထိ KIA အား အကြောင်း ပြန်ကြားခြင်း မရှိခဲ့သဖြင့် ဤကဲ့သို့ ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

KIO အဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့ တွေ့ဆုံ ပွဲမှရရှိ ထားသည့် နှစ်ဖက် သဘော တူညီချက် (၇) ချက် ထဲမှ မည်သည့် အချက်များ ဆွေးနွေး မည်ကို အစိုးရမှဆွေးနွေး လိုသည့် အချက် အပေါ် ၌ပင် KIO ဘက်က ပြင်ဆင်မှုများ ဆက်လုပ် သွားရန် ရှိသည်ဟု ဆိုသည်။

KIO နှင့် အစိုးရ အဖွဲ့ တို့၏ နှစ်ဖက် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် KIO Technical Team (၅) ဦး ကော်မတီက ညှိနှိုင်းရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရသည့် အဖွဲ့ ဖြစ်ကြောင်းလည်း ဆက်ပြောကြား သွားသည်။

ကချင် ပြည်နယ် မြစ်ကြီးနား မြို့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့ သည်မှာ တစ်လခန့် ကျော်လွန် သွားသည့် တိုင်အောင် အစိုးရနှင့် KIO Technical Team တို့က နှစ်ဖက် ပြန်လည် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိ သေးကြောင်း KIO Technical Team မှ ပြောခွင့်ရ ဆရာ ဒေါင်ခန့်က ပြောသည်။

KIO Technical Team ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က KIO ၏ ဗဟို ဦးဆောင် ကော်မတီ အဖွဲ့မှ အတည်ပြု ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့သည်။

KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။

KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်
 ဖြစ်ပွားခဲ့ကြသည်။

Phophtaw News Association
အစိုးရ၏ တစ်ပြည်လုံးအတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ထံ တရားဝင် အကြောင်းကြားမှုများမရှိကြောင်း KIO ၏ တွေ့ ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်

Photo: အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်
Tuesday, August 27, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြား အပစ်အခတ် ရပ်စဲရေး ရရှိ ထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

“ပဏာမ အပစ်အခတ် ရပ်စဲရေးကို လုပ်ထားပြီးတော့ စာရွက် ပေါ်မှာဘဲ ရှိသေးတယ်။အပစ် အခတ် ရပ်စဲရေး လောက်ဘဲ ပြောထားတယ်။ တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲပါ။ တကယ့် လက်တွေ့ ကျကျမှာ လုပ်ဆောင်ဖို့ အကောင်အထည် ဖော်ဖို့ အတော့်ကို အခက်အခဲ ဖြစ်နေ ပါတယ်” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင်က ယနေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ထိုအပစ် အခတ် ရပ်စဲရေး သဘော တူညီချက် များထဲမှ ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ရေးကိုသာ လွယ်ကူစွာ အကောင်အထည် ဖော်နိုင် ခဲ့ပါသည်။

အခြား ဒေသ ဖွံ့ဖြို့ရေး၊ တပ်နေရာ ချထားရေး၊ အခြေစိုက် နယ်မြေ သတ်မှတ်ရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စသည့် သဘော တူညီချက် များကိုမူ အများစု မဖော်ဆောင် နိုင်ပဲ ရှိနေကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

အဓိက နှစ်ဖက် တပ်များ ထိတွေ့ တိုက်ပွဲ ဖြစ်နေခြင်းနှင့် စပ်လျဉ်း၍ နှစ်ဖက် တပ်နေရာ ချထား ရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ရေး တို့မှာ အဓိက ကျသည့် အချက်များ ဖြစ်ပေသည်။

RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်မှ ပြီးခဲ့သည့် ဇွန်လဆန်းမှ စ၍ မိမိတို့ အောက်ခြေ တပ်များအား မြန်မာ့ တပ်မတော် အောက်ခြေ တပ်များနှင့် တိုက်ရိုက် ဆက်သွယ်ကာ ထိတွေ့ တိုက်ပွဲများကို လျော့ချ နိုင်ရေး ညွှန်ကြား ထားသော်လည်း တိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

“ဒီလ ၂၂ ရက်နေ့မှာ မိုင်းပန် မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျနော်တို့ ဘက်က ၃ ဦးကျတယ်။ ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်။ အစိုးရ ဘက်က ၁ ဦး ကျသွားတယ်။ ကျနော်တို့ ရှိတဲ့ တောကို သူတို့က စစ်ကြောင်းနဲ့ တိုးလာတော့ နှစ်ဖက် ရင်ဆိုင် မိပြီး တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ကြတယ်။ မိုင်ကိုင် အခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်။ လင်းခေး အခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

ထိုကိစ္စအား ပြီးခဲ့သည့် ဦးအောင်မင်းနှင့် တွေ့ဆုံ ခဲ့စဉ် ၌လည်း တင်ပြ ခဲ့ကာ ဦးအောင်မင်းမှ အောက်ခြေ စစ်တပ်များ လှုပ်လှုပ် ရှားရှား မလုပ်ကြ ရန်နှင့် နှစ်ဖက် ဒီပြသနာ များကို အထက် လူကြီး များမှ တဆင့် ထပ်မံ တွေ့ဆုံ သွားကြကာ ဖြေရှင်း သွားရန် ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး ဖြစ်လာရန်အား အစိုးရမှ ဖော်ဆောင် ပေးရန် တာဝန် ရှိသည်ဟု RCSS မှ သုံးသပ် ထားပါသည်။

သို့သော်လည်း သမ္မတ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ အစိုးရ တပ်မတော် စသည့် ကိုယ်စားလှယ်များ ရှေ့မှောက်၌ လက်မှတ် ရေးထိုး နိုင်မှသာ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်မည် ဟုလည်း ဆိုပါသည်။

ထိုတပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စအား အစိုးရ ကိုယ်စားလှယ် များနှင့် ဆွေးနွေး နိုင်ရန် အတွက် အစိုးရ ကိုယ်စားလှယ် များ၏ ဖိတ်ခေါ်ချက်ဖြင့် မိမိတို့ RCSS အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ နေခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။

RCSS/SSA အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအား ပြီးခဲ့သည့် သြဂုတ်လ (၁၂) ရက်နေ့၌ ရန်ကုန် မြို့၌ တွေ့ဆုံ ခဲ့ပြီး ဖြစ်သည်။

RCSS အဖွဲ့ အနေဖြင့် သြဂုတ်လ ကုန်သည်အထိ ရန်ကုန်၌ ရှိနေမည် ဖြစ်ကာ သြဂုတ်လ ၁၉ ရက်နေ့၌ ကရင်အမျိုးသား ပါတီ (KPP), ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) တို့အား ၄င်း၊ ၂၀ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်း အဖွဲ့အား ၄င်း၊ ၂၁ ရက်နေ့၌ ကရင်လူငယ် ကွန်ရက် အဖွဲ့အား ၄င်း တွေ့ဆုံ ခဲ့ပြီး ဖြစ်သည်။

ထပ်မံ ၍လည်း ၂၃ ရက်နေ့၌ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ အား၎င်း၊ ၂၄ ရက်နေ့၌ မြန်မာ့ ငြိမ်းချမ်ရေး စင်တာ၌ ကျင်းပသည့် Peace Forum ပွဲအား လည်းကောင်း၊ ၂၅ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်းမှ ပြုလုပ်သည့် Forum တစ်ခု အားလည်း တက်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

ထပ်မံ ၍လည်း လာမည့် သြဂုတ်လ (၃၁) ရက်နေ့တွင် ဒု-သမ္မတ စိုင်းမောက်ခမ်း နှင့်လည်း တွေ့ဆုံ သွားရန် ရှိကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပဏာမ အပစ် အခတ် ရပ်စဲရေးအား ပြည်နယ် အဆင့်နှင့် အများစု လက်မှတ် ရေးထိုး သဘောတူ ထားကြကာ နိုင်ငံရေးနှင့် ဆက်စပ်သည့် အခြား ပြသနာများကို ဖြေရှင်း နိုင်ရန် အတွက် ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုး ထားကြသည်။

ပြည်နယ် အဆင့် ပဏာမ အပစ် အခတ် ရပ်စဲရေးသာ ရရှိ သေးပြီး ပြည်ထောင်စု အဆင့်ဖြင့် လက်မှတ် မရေးထိုး နိုင်သည့် အဖွဲ့မှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP), ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA (PC), နာဂ အဖွဲ့ တို့သာ ကျန်ရှိ နေပါသည်။

Phophtaw News Association
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆွေးနွေးပွဲမှ အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက်မည်

နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဆွေးနွေးပွဲမှ ရရှိသည့် အရေးကြီးသော အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက် သွားမည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြ ခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို

Photo: မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြ ခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို
Tuesday, August 27, 2013

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။

အဆိုပါ မြစ်မခ မီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်ဟု သတင်းကို သြဂုတ် ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်းပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တစ်ဆင့် အကြမ်းဖက် သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်ရရှိခဲ့ပြီးနောက် အကြမ်းဖက် သမားဟု သံသယ ဖြစ်ဖွယ်ရှိသော လူသုံးဦးအား သြဂုတ် ၂၂ ရက်က မြိတ်ကျွန်းစုအနီး တံငါရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများမှ နိုင်ငံတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ စေလွှတ်ထားသည့် သတင်းများ ရရှိထားပြီး လုံခြုံရေး အထူးမြှင့်တင် ဆောင်ရွက်ထားချိန်တွင် အဆိုပါ အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် သုံးဦးအား ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ထို့ပြင် ''သုံးယောက် ဖမ်းမိထားတယ် လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ။ ကျွန်တော်တို့ တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေဆက်စပ်နေတော့ ကုန်းကြောင်းရော၊ ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထား တာ တွေ့ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်းရရချင်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို ချက်ချင်း သတင်းပို့ သင့်ပါတယ်'' ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

အဆိုပါ သုံးဦးအနက် နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်း ကျင် စွာ ပြောဆိုနိုင်သူများ ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ ဖော်ပြထားသည့် သတင်းတွင် သက်ဆိုင်ရာ သတင်းရင်းမြစ် လုံးဝမပါရှိဘဲ ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်ဟု သာ ရေးသားဖော်ပြ ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက် သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်း အမှားကြီး ဖြစ် ပါတယ်...

ထိုသို့ ဖော်ပြထားကြသော သတင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထား တာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်း အမှားကြီး ဖြစ် ပါတယ်'' ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဒီသတင်း ဖော်ပြ မှုက လုံးဝ မှားယွင်းပါတယ်။ ကောလာဟလ သတင်းပါပဲ။ အကြမ်းဖက် သမား သုံးယောက် မြိတ်မြို့ထဲကို ရောက်ရှိနေတယ် ဆိုတာလည်း မှန်ကန်မှု မရှိသေးဘူး။ ဒါပေမဲ့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းထဲမှာတော့ လုံခြုံရေးကို အရင်ကထက် ပိုမိုချထားပြီးတော့ ရဲလုပ်ငန်းတွေ ဆောင် ရွက်နေပါတယ်'' ဟု သြဂုတ် ၂၆ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းက ဘယ်ကလာတာလဲ မသိပါဘူး။ ဖမ်းမိပြီဆိုတာနဲ့ ကျွန်တော်တို့ သတင်း ထုတ်ပြန် ပေးပါ့မယ်။ မသေချာတာရှိရင် ကျွန်တော်တို့ကို အချိန် မရွေး မေးမြန်းနိုင်ပါတယ်'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြား သည်။

သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမား သုံးဦးမှာ ကော့သောင်း-ဘုတ်ပြင်း ဘက်မှ ရေလမ်းခရီးကို အသုံးပြုပြီး ၀င်ရောက် လာ နိုင်သည်ဆို သည့် သတင်းများကြောင့် မြိတ်မြို့နှင့် ပတ်ဝန်းကျင်ကျွန်း များ၊ ကျေးရွာများတွင် လူဝင်လူထွက် သေချာစွာ စစ်ဆေးခဲ့ပြီး ဧည့်သည် အ၀င် အထွက်များအတွက် ဧည့်စာရင်း စစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်ထဲမှာ လှေတစ်စင်းကို တခြားအမှုနဲ့ ဖမ်းတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ လူတွေရှိပါတယ်။ ဒီသတင်း က ဖောက်ခွဲရေးသမား သတင်းနဲ့ မဆိုင်ပါဘူး။ တခြားအမှုပါ။ ဖောက်ခွဲရေး သမားတွေ ကို မမိသေးပါဘူး'' ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြော ကြား သည်။

''ကျွန်တော်တို့ ကျွန်းစုမြို့နယ်အတွင်း မှာရှိတဲ့ ပါတီဝင်တွေကို ဆက် သွယ် မေးမြန်း ထားပြီးပါပြီ။ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာတွေကို လက်လှမ်းမီ သမျှ အကုန်မေးထား ပြီးပါပြီ။ ဒီသတင်း မှားနေပါတယ်။ ဒေသခံတွေတောင် ဘာမှမကြားရပါဘူး။ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်တင်ရီ လည်း ဒီသတင်းကို သေသေချာချာ စုံစမ်းခိုင်း ထားပါတယ်။ ဖောက်ခွဲရေး သမားတွေ မိတယ်ဆိုတာ မဟုတ်ပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။

မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက် ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင်သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်း နေကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ မြိတ်မြို့ နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်းများ ပြန် လည် ရောင်းချကြောင်း သိရသည်။

Eleven Media Group
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။

သံသယဖြင့် မှားယွင်းဖမ်းဆီး ခံရသူများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့် ရှိလာမည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်း

တရားရုံး အဆင့်ဆင့်မှ မှားယွင်းစွာ စီရင်ချက် ချမှတ်မှုကြောင့် နစ်နာ သည့် နိုင်ငံသားများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့်မှားယွင်း ဖမ်းဆီးချုပ်နှောင်ခံရသည့် နိုင်ငံသားများ အနေဖြင့် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းခွင့်ရှိလာမည့် ၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက် ထားမှု ဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြန်လည်ကြားနာ အကြံပြုပြင်ဆင်ချက် များအတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ၏ ပြန်လည်ကြားနာ အကြံပြု ပြင်ဆင်ချက်များ အတိုင်း သြဂုတ် ၂၆ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အသင်းအဖွဲ့များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်မည့် ဥပဒေ တစ်ခုသာဖြစ်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံ၏ အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်ရေး အဆင့်အတန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် အသင်းအဖွဲ့ များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်ရန် ကြိုးစားထားသော ဥပဒေတစ်ခုသာ ဖြစ်သောကြောင့် ဂရုတစိုက် ပြန်လည်သုံးသပ် ရေးဆွဲခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ် သင့် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။

မန္တလေးမြို့တွင် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ၂၅ ရက်၌ မီးပုံးပျံခရီးစဉ် စတင်မည်ဖြစ်ပြီး ပုဂံ၊ အင်းလေး၊ ပင်းတယ တို့တွင်လည်း ပျံသန်းရန်စီစဉ်

8.1.1
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ်အဖြစ် မီးပုံးပျံ ခရီးစဉ် ကို အောက်တိုဘာလ ကုန်ပိုင်းတွင် မီးပုံးပျံ ခြောက်လုံးဖြင့် စတင်ပျံသန်း စီးနင်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးထိမိုးမိဒေသရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ မိုင်းမြို့သို့ အပြီးပြောင်းရွှေ့ ခိုင်းမှုအပေါ် သတ္တုတွင်း ၀န်ကြီးဌာသို့ တိုင်ကြားမည်

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင်အတွင်းရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား သြဂုတ် ၁၀ ရက် နောက်ဆုံးထားကာ အပြီးပြောင်းရွှေ့ ခိုင်းထားမှုအပေါ် ရွှေလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာန သို့ စာပေးပို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

iPhone အသစ်ဘာတွေ ထူးခြားမလဲ

Photo: iPhone အသစ်ဘာတွေ ထူးခြားမလဲ
Tuesday, August 27, 2013

အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။

ဒါပေမဲ့ နီးစပ်ရာ ဖုန်း Developer အသိုင်းအ၀ိုင်းများ စကားအရ ပါရှိနိုင်တာလေးတွေကို Twitter ကနေ တဆင့် မျှဝေခဲ့တာကတော့..။

A7 Chip ကို အသုံးပြုထားတဲ့ အတွက် ယခင်အိုင်ဖုန်းတွေထက် အသုံးပြုရတာ ၃၁ရာခိုင်နှုန်း မြန်ဆန်ပါလိမ့်မယ်။ ဖုန်းရဲ့  Graphic ပိုင်းတွေ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်ဖို့  64-bit processor ကိုလည်း စမ်းသပ် အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ၂၀၁၄ မှာ ထွက်ရှိမဲ့ A8 Chip ကျမှ အသုံးပြုနိုင် ဖို့  ပိုများပါတယ်။

အကယ်လို့  ၃၁ရာခိုင်နှုန်း ပိုပြီးမြန်တယ် ဆိုရင်တော့ လက်ရှိ အသုံးပြုရတာ မြန်တယ်လို့  နာမည်ကြီးနေကြတဲ့ LG, Samsung နဲ့  HTC တို့ ကို သာလွန်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Apple ချစ်သူများကတော့ ဖုန်းရဲ့  ဘထ္ထရီအားကုန် မြန်တာကိုပဲ ပိုပြီး အလေးပေး ပြုပြင်စေချင်ကြတယ်လို့  သိရပါတယ်။
---
Ref:Tech News
Freddy ( MM Social Sky)
အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။

နှစ်(၄၀) ပြည့်ပြီဖြစ်သော မိုဘိုင်းဖုန်း

Photo: နှစ်(၄၀) ပြည့်ပြီဖြစ်သော မိုဘိုင်းဖုန်း
Tuesday, August 27, 2013

လွန်ခဲ့သော ၁၉၇၃ ခုနှစ်နယူးယောက်မြို့တွင် Martin Cooper
မှ ကမ္ဘာပထမဦးဆုံး သော မိုဘိုင်းဖုန်း ကိုအများပြည်သူ ရှေ့တွင် ထုတ်ဖော်ပြသခေါ်ဆိုခဲ့သည်။

အဆိုပါဖုန်းသည် ၂.၅ ပေါင်လေးကာ ၁၀လက်မ အရှည်ရှိပြီး (၂၀)
မိနစ်သာအသုံးပြုနိုင်သည်။

၁၉၈၂ ခုနှစ်တွင် FCC ( ပြည်ထောင်စု ဆက်သွယ်ရေး အဖွဲ့)မှ အများပြည်သူအတွက် မှန်ကန်ထိရောက်သော ကွန်ယက်တွင် စတင်အသုံးရန်ခွင့်ပြုချက်ပြုခဲ့ကြောင်းသိရသည်။

၁၉၈၃ ခုနှစ်တွင် MTOROLA မှ DYNAC 8000X ကို ၃၉၉၅ ဒေါ်လာဖြင့်
စတင်ရောင်း ချခဲ့ (ယနေ့ပေါက်ဈေး မှာ ၈၀၀၀ဒေါ်လာခန့်ရှိမည် )သည်။ မိနစ် (၃၀ ) အသုံးပြုနိုင်ပြီး ၁၀နာရီ ကြာအောင် အားပြန်သွင်းရသည်။

ထိုအချိန်မှ စ၍ မိုဘိုင်းဖုန်းများသည် အဆင့်ဆင့်တိုးတက်လာကာ ယနေ့အချိန်တွင် အသုံးပြုမူများကို အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) လူ (၄) ဦးတွင် (၁)ဦးသည် မိနစ် (၃၀) အတွင်း မိမိ ဖုန်းကို အစဉ်စစ်ဆေးနေသည်။

(၂) စမတ်ဖုန်းပိုင်ရှင် လူ (၅)ဦးတွင် (၄)ဦးသည် (၁၅) မိနစ်အတွင်း မိမိဖုန်းကို အစဉ်စစ်ဆေးသည်။

(၃) ယနေ့မျက်မှောက် ခေတ်တွင် သာမန်ဖုန်းပြောဆိုမူ သည် (၁၆)% နှင့် E-mail ၊ ဆိုရှယ် ဆိုက်များနှင့် စာတိုပို့ရာတွင် သုံးပြုနူန်း (၈၄)% ရှိနေပြီဖြစ်သည်။

(၄)အမေရိကန်တွင် ၂၀၁၂ ခုနှစ်တွင် (၁၅၅.၁သန်း ၊ ၄၉.၄% ) ၊ ၂၀၁၃ ခုနှစ်တွင် (၁၈၁.၄သန်း ၊ ၅၇.၃%) အထိရှိနေပြီး လာမည့် ၂၀၁၇ ခုနှစ်တွင်
( ၂၂၂.၄သန်း ၊ ၆၇.၈%) သော မိုဘိုင်းဖုန်းအသုံးပြု သူများတိုးတက်
လာနိုင်ကြောင်း သိရသည်။

ref: mashable.com
ကချင်း ( MM Social Sky )
လွန်ခဲ့သော ၁၉၇၃ ခုနှစ်နယူးယောက်မြို့တွင် Martin Cooper မှ ကမ္ဘာပထမဦးဆုံး သော မိုဘိုင်းဖုန်း ကို အများပြည်သူ ရှေ့တွင် ထုတ်ဖော်ပြသခေါ်ဆိုခဲ့သည်။

ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်

Photo: ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်
Tuesday, August 27, 2013

အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြုတဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အမေရိကန်
ဗဟို ထောက်လှမ်းရေ အမှုထမ်းဟောင်း Edward Snowden
အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အမှုထမ်းဟောင်း Edward Snowden ကနေ ဖော်ထုတ်လိုက်တဲ့ လျို့ဝှက်ချက်တွေအရ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းမှုကို ကုလသမဂ္ဂ သိခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်
သွားမယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

နိုင်ငံတကာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကို ကာကွယ်ဖို့
နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြ
ခဲ့ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတိုင်း လိုက်နာမှု ပြုသင့်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂဌာနချုပ်ရုံးသာမက ဥရောပသမဂ္ဂ အီးယူရဲ့ ရုံးမှာပါ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတာကို စီအိုင်အေ အမှုထမ်းဟောင်း Edward Snowden က ဖော်ထုတ်
လိုက်ပြီးနောက် အမေရိကန်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

ABC
အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက် ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြု တဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်

Photo: မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်
Tuesday, August 27, 2013

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။

မန္တလေးမြို့တွင် စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများမှာ လူနေရပ်ကွက် များအတွင်း ထင်သာမြင်သာစွာဖြင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်နေခြင်းနှင့် မန္တလေး-မူဆယ်လမ်းပိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး မီးရထား လမ်းပိုင်းနှင့် ကလေး-တမူး လမ်းပိုင်းများမှ ၀င်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးများကို လစဉ်ကဲ့သို့ ဖမ်းဆီးရမိသော်လည်း ထိန်းချုပ်ရန ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

မန္တလေး-မူဆယ် လမ်းပိုင်းတွင် Mobile Team အဖွဲ့ဖြင့် တရုတ်နယ်စပ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် တရားမ၀င် ပစ္စည်းဝင်ရောက်မှုကို ဟန့်တားစစ်ဆေး နေသော်လည်း အဆိုပါ လမ်းကြောင်းတွင် ရှောင်ကွင်းလမ်းများစွာ ရှိနေသဖြင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ ထို့အတူ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ ရှိနေသဖြင့် Mobile Team အဖွဲ့များအား ဆိုင်ကယ် ကယ်ရီများကို ကြပ်မတ်ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''ဆိုင်ကယ် ကယ်ရီတွေကို သတိထားပြီး ကြပ်မတ်ပေးဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး သယ်တယ်။ ရှမ်းမြောက်မှာတုန်းက လက်နက် အစိတ်အပိုင်း သယ်တာရှိတယ်။ ဂိုဏ်းဆန်ဆန် ဖြစ်လာတာ တွေရှိတယ်''ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းသော Mobile Team အဖွဲ့လုပ်ငန်း တာဝန်လွှဲပြောင်းပွဲတွင် ပြောကြားသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မြင့်တက်လာမှု နောက်ကွယ်တွင် အစိုးရထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင်မှုရှိနေ၍ ဖြစ်သည်ဟု ပြောကြားထားသည်။

''သင်ပန်းကုန်းကွက်သစ် ညညအကွက်မှာဆိုရင် အထက်တန်းကျောင်းသား အရွယ်ကလေးတွေပါ မူးယစ်ဆေး သုံးစွဲမှုတွေ ရှိနေတာကို တွေ့ရတယ်။ ကျွန်တော်က ဒီရပ်ကွက်ထဲမှာနေပြီး မမြင်ချင်မှ အဆုံးပါ။ ရှစ်တန်းကိုးတန်း ကျောင်းသားအရွယ် တွေတောင်ပါပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ရောင်းတဲ့အိမ်မှာပဲ သုံးစေပြီး အပြင်ကို ပေးမထုတ်ပါဘူး။ ဒါ့ပြင် ရဲကို တိုင်ကြားတဲ့အခါ ရပ်ကွက်ထဲ လူစိမ်းရောက် လာပြီဆိုတာနဲ့ အားလုံးလက်စ ဖျောက်ပြီးသားပါ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် အဲဒီရပ်ကွက်မှာ မူးယစ်ဆေးဝါး ဖြတ်ပေးတဲ့ တရားမ၀င် ဆေးခန်းတောင် ရှိပါတယ်။ မူးယစ်ဆေးကတော့ ဈေးပေါတာရော မပေါတာရော အစားစားကို လက်ခံရောင်းချ ပေးနေတာဖြစ်ပြီး လမ်းတစ်လမ်းမှာဆိုရင် ရောင်းတဲ့အိမ် ငါးအိမ်ခြောက်အိမ် လောက်ရှိတယ်'' ဟု ညညရပ်ကွက်တွင် နေထိုင်သူ ဦးမင်းလွင်က ဆိုသည်။

ချမ်းအေးသာစံ မြို့နယ်မှ သင်ပန်းကုန်း ကွက်သစ်သို့ ပြောင်းရွှေ့လာသူ မိခင်တစ်ဦးကလည်း ''ဒီဘက်ကို ပြောင်းလာတာ ၆ လ မပြည့်သေးဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်ကွက်ထဲက မူလတန်း ကျောင်းသားအရွယ် ကလေးတွေကို သယ်ပို့ဖို့ မုန့်ဖိုးပေး ခိုင်းစေနေတာကို သိရတယ်။ ကလေးတွေကလည်း ဒါကိုအသားကျ နေပုံပါပဲ။ ကျွန်မတို့ စီးပွားရေး အခြေအနေအရ အိမ်ရောင်းပြီး ဒီဘက်ပြောင်းလာတာ နောက်ထပ် တခြားပြန်ပြောင်း ချင်ပါပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူရလို့ပါ''ဟု ပြောကြားသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ် ကမ်းနားလမ်းရှိ ကျွဲစွန်းရပ်(အရပ်အခေါ် ကန်ဘောင်) နှင့် သမန်းကုန်းမြို့ သစ်ရပ်တို့မှာ မူးယစ်ဆေးဝါး
 ရောင်းဝယ်မှုများနှင့် ပတ်သက်၍ နာမည်ကျော် လူသိများသည့် နေရာ
များဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် တစ်လကျော် အတွင်းက သိန်းပေါင်းများစွာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို အေးရိပ်ငြိမ်သုသာန် (ယခင်ကြာနီကန် သုသာန်)၌ လာရောက်စွန့်ပစ် ဖျက်ဆီးသည့် ဖြစ်စဉ်ရှိ
ခဲ့သည်။

''မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာ ရဲဝန်ထမ်းတွေပါ ပါဝင်ပတ်သက် နေတယ်ဆိုတာ သတင်းရလို့ မန္တလေးတက္ကသိုလ် ၀န်းကျင်မှာ လိုက်လံစုံစမ်းပြီးတော့ တစ်ခါ ဖမ်းဆီးရမိဖူးတယ်။ နောက်ပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မှုခင်းကျဆင်းရေး ဆိုပြီးစီမံချက်နဲ့ ဇွန်လကစတင် လှည့်ကင်း လှည့်လည် စစ်ဆေးခဲ့ပါတယ်။ စတင်စစ်ဆေး စဉ်ကတော့ တစ်နေ့ကို အမှုပေါင်း ၅၀ ကျော် လောက်မိတယ်။ အဲဒီနေရာတွေက မြစ်တစ်ဖက်ကမ်းနဲ့ ပျံကျတွေ၊ အခြေနေမဲ့ တွေများတဲ့အတွက် မူးယစ်ဆေးတင် မကဘဲ ခိုးဆိုးနှိုက် အပါအ၀င် ဒုစရိုက် အများစုရှိတဲ့ နေရာတွေကိုတော့ အချိန်ပေးပြီး ဆောင်ရွက်ရမှာပါ။ ချက်ချင်းကြီး ကင်းရှင်းသွားဖို့ မဖြစ်နိုင်ဘူး''ဟု အငြိမ်းစား ရဲမှူးတစ်ဦးက ပြောကြားသည်။

eleven media group
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံ များက သုံးသပ်ပြောကြားသည်။