Tuesday, 9 July 2013
ကမ္ဘာ့အကောင်းဆုံး ဟိုတယ် (၁၀)ခု
ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ တိုးတက်များပြားလာပြီး ခရီးသွားလုပ် ငန်းအောင်မြင် ကောင်းမွန်လာသလို ကျွန်တော်တို့ နိုင်ငံကနေလည်း အခြားသော နိုင်ငံတွေကို သွားရောက် လည်ပတ်နေသူတွေရှိနိုင်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံးဟိုတယ်တွေကို ခရီး သွားတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်
ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။
ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်ကဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက် ၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်
အိန္ဒိယနိုင်ငံဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ
မဟာဗောဓိ စေ တီတော် တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့်
အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့်
မြန်မာနိုင်ငံသားဘုရားဖူးများ၏လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့်
ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ခရိုင် သာသနာရေး ဦးစီးမှူး ငြင်းဆို
အိမ်အကူအမျိုးသမီးကို
အဓမ္မမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ်
ရဲစခန်းတွင် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ခံရသူ ဟင်္သာတခရိုင်
သာသနာရေးဦးစီးဌာနမှူး ဦးသန်းထွန်းက အိမ်အကူကို အဓမ္မမှု
ကျူးလွန်ခဲ့ခြင်းမရှိဟု ရန်ကုန်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ခြောက်လအတွင်း ထိုင်းသို့ လူကုန်ကူးခံရသူ ၁၂၀ ကျော်ရှိပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်ကာ အမှုရင်ဆိုင် နေရသူများရှိ
မြ၀တီမြို့ ထိုင်းမြန်မာ နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် ဦးရေမှာ ယခုနှစ်
ခြောက်လအတွင်း ၁၂၀ ကျော်ရှိကြောင်း
သိရပြီး အချို့မှာ ဒုက္ခသည်
စခန်းများတွင် နေထိုင်ပြီး အမှုရင်ဆိုင် နေရမှုများရှိကြောင်း ပညာရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး
ဦးထူးချစ်က ပြောကြားသည်။
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ် ကတည်းက ရဲထံထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးအား ထပ်မံဖမ်းဆီး
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗုဒ္ဓဂယာနယ်မြေအတွင်း သက်ဆိုင်ရာ အာဏာပိုင်
အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ
ကြည့်ရှုစစ်ဆေးနေစဉ်။(ဓာတ်ပုံ-AFP)
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ
တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက

