Tuesday, 4 June 2013

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

Photo: 4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို 
Tuesday, June 4, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ဖြန့်ချိနိုင်ရန် Digicel က အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက် နိုင်ရန် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်း အထိ တိုးမြှင့် ဖြန့်ကြက် နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။ ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံ ပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်အတွက် တင်ဒါ နောက်ဆုံး အဆင့်ကို Digicel အပါအဝင် ကုမ္ပဏီ အဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်း အထန် ကြိုးစားလျက် ရှိသည်။ 

The Voice Weekly
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင်ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်

Photo: မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်
Tuesday, June 4, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အညီ တိုးပွားလာသော ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ် လာသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံ ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယခင်က မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အစိုးရပိုင် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့်  မူးယစ်ဆေးစွဲ ရောဂါကု ဆေးရုံကြီး များ၊ အခြားပုဂ္ဂလိက ဆေးရုံကြီးများ ဖြစ်သော မြတ်မွန် ဆေးရုံနှင့် အေး သုခ ဆေးရုံ များသာ ရှိပြီး ယခုကဲ့သို့ မလိဇွပ် ဆေးရုံကြီးပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် နယ်မြေခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်သည်။

ယင်း ဆေးရုံသစ်ကြီးတွင် မျက်စိ အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ အရေပြား အထူးကု၊ အရိုးအကြော အထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေး အထူးကုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်များဖြင့် ၂၄ နာရီပတ်လုံး ခေတ်မီ ရောဂါ စမ်းသပ် ရှာဖွေရေး စက်ကိရိယာများဖြင့် စစ်ဆေး ကုသ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တိုးပွားလာသော ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ်လာသဖြင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိ က ဆေးရုံ သစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

နိုင်/ကျဉ်း အကုန် လွှတ်မည်ဟု ဦးသိန်းစိန် ပြော

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး မကြာမီ ပြန်လည် လွတ်မြောက်လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ယနေ့ညနေ ရေဒီယိုမိန့်ခွန်းတွင် ပြော ကြားခဲ့သည်။

မလေးရှားတွင် မြန်မာတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရ

မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘာရု အမ်ပန်အရပ်၊ ကားရေဆေးလုပ်ငန်း စင်တာအနီးတွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသားတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရကြောင်း သိရသည်။

ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

 
ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။ 

ကချင်စစ်ပြေး ကိစ္စအား ဦးစားပေး အစီအစဉ် ဖြစ်သင့်ဟု UNFC ကဆို

Photo: ကချင်စစ်ပြေး ကိစ္စအား ဦးစားပေး အစီအစဉ် ဖြစ်သင့်ဟု UNFC ကဆို
Tuesday, June 4, 2013

ကချင် စစ်ပြေး ပြည်သူများ၏ အရေးသည် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပထမ ဦးစားပေး ဆောင်ရွက် သင့်သော ကိစ္စဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ အရေးပေါ် အစည်းအဝေးက အဆိုပြု ခဲ့သည်ဟုပြောခွင့်ရသူ ပဒို ဒေးဗစ်တာကပေါ်က ဆိုပါသည်။

“KIO နဲ့ အစိုးရကို ပြောချင်တာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာက ရေရှည်ဦးမယ်လေ။ ကချင်စစ်ပြေး ဒုက္ခသည်တွေ ကျတော့ သူတို့က ၂ နှစ်လောက် ဒုက္ခသည် စခန်းထဲမှာ ဆင်းဆင်း ရဲရဲနဲ့ကြပ်ကြပ် တည်းတည်း နေနေ ခဲ့ကြရတယ်။ အဲဒါကြောင့် ကျနော်တို့ UNFC အနေနဲ့ သူတို့ အရေးကိုဘဲ ဦးစားပေးချင်တယ်။” ဟု ဆိုပါသည်။

UNFC ၏ အရေးပေါ် အစည်းအဝေးကို အဖွဲ့ဝင်ပေါင်း (၂၀) ခန့် တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပ သွားခဲ့ပါသည်။ အစည်းအဝေးတွင် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မေလ ၂၉ ရက်နေ့ဆွေးနွေးပွဲကို ပြန်လည် သုံးသပ်ခဲ့ရာမှ ကချင် စစ်ပြေး ဒုက္ခသည်များ၏ အရေးကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု အဆိုပြု ရခြင်း ဖြစ်ကြောင်း ဒေဗစ်တာကပေါ်ကပြောသည်။

ကချင် စစ်ပြေးများနှင့် တခြား အကူအညီ လိုအပ်နေသော ပြည်သူများအတွက် အကူအညီပေးခွင့် ပြုရန် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း နှစ်ဖက်စလုံးကို တောင်းဆို ထားပါသည်။

နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းကလည်း "စစ်ပြေးပြည်သူ များအားတစ်လ အတွင်း နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်း” ဒုက္ခသည် စခန်းကို ရောက်ရှိစဉ် ဂတိပေးခဲ့ ပါသည်။

အလားတူ KIA ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း "စစ်ပြေး ဒုက္ခသည်များ၏ နေရပ်ပြန်နိုင်ရေး ကိစ္စကို လုံခြုံမှု ရှိသည့်နေရာမှ စတင်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း” ကချင်ပြည်နယ် ဝိုင်းမော်မြို့ပေါ်ရှိ စစ်ပြေး ပြည်သူများအား သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေး ပေါ်လစီ အဖြစ် မသုံးသင့်ကြောင်း၊ မြို့ပေါ်ရှိ ဒုက္ခသည်များသည် နယ်စပ်ရောက် ဒုက္ခသည်များထက် အခြေအနေ သာရုံရှိသည်ဟု ထင်ရသော်လည်း နှစ်ဖက် စလုံးမှ ထောက်ပံ့မှု လုံလောက်ခြင်း မရှိဘဲအိုးအိမ်မဲ့ ခဲ့ရသူများချည်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းကော်မီတီ များကလည်း ထောက်ပြကြပါသည်။

ဤသို့ကြောင့် UN အပါအ၀င် အခြားနိုင်ငံကြီးများ၏ အကူအညီဖြင့် အမြန်ပြန်လည် နေရာ ချထားရန် လိုအပ်ကြောင်း ဆိုပါသည်။ KIO သည် UNFC အဖွဲ့ဝင်ဖြစ်ပါသည်။ KIO နှင့် အစိုးရတို တွေ့ဆုံပြီးလျှင် UNFC နှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မူလက အစီအစဉ် ရှိပြီးသားဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် အစိုးရ ဆွေးနွေးပွဲ အတွက် လိုအပ်ချက်များ ပြင်ဆင်နိုင်ရန် အရေးပေါ် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသည် ကချင် ဒုက္ခသည် ရေးရာ အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ အစိုးရနှင့် တရားဝင် နိုင်ငံရေး ဆွေးနွေးသည့်အခါ ဆွေးနွေးရမည့် ဆွေးနွေးပွဲ မူဘောင် အတွက်လည်း ချမှတ်ခဲ့ကြပါသည်။

UNFC သည် ဇွန်လ အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်မူလက သတ်မှတ် ထားပြီးဖြစ်ပါသည်။ ၄င်းတို့သည် ပထမအဆင့် အဖြစ် ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေးဖြင့် အလျှင် စတင်မည်ဖြစ်သည်ဟု ဆိုပါသည်။ UNFC သည်အပစ်အခတ် ရပ်စဲရေး ထက်နိုင်ငံရေး ပြသနာကိုအလျှင် ဖြေရှင်း ချင်ကြပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးဖြင့် အချိန်ဆွဲ ထားလိုကြပါသည်။

ဤသို့ကြောင့် အစိုးရနှင့် အပစ်ရပ်စဲ ထားသည့် အဖွဲ့တိုင်းသည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ခုထဲဖြင့်သာ ရှေ့မတိုး သာဘဲ သောင်တင်နေကြပါသည်။ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး ရပြီးမှ တပြည်လုံး အပစ်ရပ်စဲရေးကို ကြေညာပေးမည်ဟု ဆိုပါသည်။

ရွှေဟင်္သာသတင်းဌာန

ကချင် စစ်ပြေး ပြည်သူများ၏ အရေးသည် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့ တွေ့ ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပထမ ဦးစားပေး ဆောင်ရွက် သင့်သော ကိစ္စဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ အရေးပေါ် အစည်းအဝေးက အဆိုပြု ခဲ့သည်ဟုပြောခွင့်ရသူ ပဒို ဒေးဗစ်တာကပေါ်က ဆိုပါသည်။

KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်း ၀င်ရောက်

Photo: KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်
Tuesday, June 4, 2013

KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်
နေစဉ်အတွင်း လမ်းများတွင်မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့်ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက
နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံး
ရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်
ခဲ့သော ကိုမြထွေးက ပြောပြခဲ့သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး
ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု
ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများ
အနေဖြင့် ကောင်းကျိုးများမရှိခဲ့ကြကြောင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်
သော ဒေသခံအားလုံး၏အကျိုးကို ဆောင်ရွက်စေလိုကြောင်း၊တပ်သားသစ်
စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင်
စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ
တို့အတွက် ဆွေးနွေးမှုမရှိသလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့ အတွင်းတွင် လူမျိုး ခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ် သည့် အခြားတိုင်ရင်းသား ဒေသခံလူမျိုးတပ်ဖွဲ့ဝင် များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News
KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်
Tuesday, June 4, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ (သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထားထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာတွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေးကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ELEVEN
အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့ သည် ဟု သတင်းရရှိသည်။

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

Photo: ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်
Tuesday, June 4, 2013

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိဘဲ ယာဉ်ဖြတ်သန်းစဉ် ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းသာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသဖြင့် လမ်းပိတ်ဆို့ခြင်းအား သက်ဆိုင်ရာမှ ပြန်လည်စဉ်းစား ပေးစေလိုကြောင်း၊ ထိုသို့ အဝေးပြေး လမ်းမကြီးအား နှစ်စဉ်ယာဉ်ဖြတ်သန်းခွင့် ပိတ်ဆို့ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများ၏ စားဝတ်နေရေးနှင့် ပညာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင်လည်း ဇွန် ၁ ရက်မှ စတင်ပြီး အိမ်မဲ-ကျောင်းကုန်း၊ အိမ်မဲ-ပန်းတနော် ကားလမ်းကို ခြောက်တန်အထက် ယာဉ်များ ဖြတ်သန်းခွင့် မပြုကြောင်း ကျောင်းကုန်းမြို့နယ် ဆောက်လုပ်ရေးမှ အကြောင်းကြားခဲ့သောကြောင့် အိမ်မဲမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာက ရန်ကုန်ကားဆိုရင် ကားကြီပဲရှိတာ။ အခု ၆ တန်အထက် မဖြတ်နဲ့ဆိုတော့ ကားမထွက်ရတော့ဘူးပေါ့၊ အရင်ကဆို ဒါးကလမ်းက သွားလို့ရတယ်။ အခုဒါးကလမ်းကလဲ ပိတ်ထားတော့ ကားမထွက်ရဘူးပေါ့၊ ကျောင်းကုန်းလမ်းက နှစ်တိုင်းမိုးတွင်းဆို ပိတ်တယ်။ လမ်းကျတော့ တစ်ခါမှမပြင်ဘူး။ ခရီးသည်တင်ယာဉ်တော့ ဖြတ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင်အိမ်မဲကနေ ဘယ်မှသွားလို့ ရမှာမဟုတ်ဘူး'' ရွှေပြည်သာ ခရီးသည်ပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးအောင်နိုင်သိန်းက ပြောကြားသည်။

''ဇွန်၁ရက်နေ့မှာ ကျောင်းကုန်း AE က အိမ်မဲ ကျောင်းကုန်းလမ်းကို ခြောက်တန်အထက် မသွားရဘူး ပြောပါတယ်။ ကျွန်တော်တို့က ငါးရက်ခန့် ဆိုင်းပေးပါ ပြောတာမရဘူး။ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံအကူအညီတောင်းလို့ မနက်ဖြန် ကားတွေ ပြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ ဒီနေ့ရောက်လာတဲ့ တောရွာက ခရီးသည်တွေကိုတော့ ကားလေးနှစ်စီးငှားပြီး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု အိမ်မဲမြို့နယ် မထသဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

ဟင်္သာတမြို့နယ် နင်းကြမ်းယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ သွားလာခွင့်မရဘဲ ပိတ်မိနေသည်ကို ဇွန် ၃ ရက်နံနက်က တွေ့ရစဉ်

ELEVEN
ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။

အလိုတူသော်လည်း အရွယ်မရောက်သူအား သားမယားအဖြစ်ပြုကျင့်၍ အရေးယူ

၂-၆-၂၀၁၃ ရက်နေ့ ၀၉း၀၀ အချိန် ဒဂုံ (တောင်) မြို့နယ်နေသူ ဦး-------- ၏ သမီးဖြစ်သူ မ ------- (၁၃) နှစ်သည် နေမကောင်း ဖြစ်နေ၍ အိမ်နီးနားချင်းများဖြင့် ဆေးခန်းသွားပြရာ သမီးဖြစ်သူတွင်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လစတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။