Thursday, 4 April 2013
"ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား"
ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုေ တွကို ရှောင်ကျဉ်ဖို့ လိုကြောင်း ပြောဆို လိုက်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာကစခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခု
လို ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာကစခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခု
လို ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။
မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား
မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော်တစ်ပါးအား မီးရှို့သေ ဆုံးစေမှုကို
ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့်
နယူးဝိန့်စိန်ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်း အတွင်း
တရားရုံးတွင်
စွဲချက်တင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊
တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက
Eleven Media Group သို့ ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား
မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း
တရားဝင်ခရီးလာရောက်ရန် အာဏာ ရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း
သိရသည်။
တရုတ်ကွန်မြူနစ် ပါတီမှ
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်း ကြားစာတွင်
ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါရက်စွဲသည် အတည်မဖြစ်သေးဟု သိ ရကြောင်း
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ် ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်း ကြားစာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါရက်စွဲသည် အတည်မဖြစ်သေးဟု သိ ရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ညစာစားပွဲ ကျင်းပမည်
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၊
နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ညစာစားပွဲတစ်ရပ် ကျင်းပရန်
စီစဉ်ထားကြောင်း ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး
စောလွင်က ဧပြီလ ၃ ရက်က Eleven Media Group သို့ ပြောသည်။
ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည်
ဧပြီလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြည်တွင်းမှာ မီးပေးနေတဲ့ ရတနာဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း လုပ်ငန်းခွင်အတွင်း
ပြုပြင်မွမ်းမံ မှုတွေလုပ်ဆောင်နေတဲ့အတွက် ရန်ကုန်မြို့မှာ
လျှပ်စစ်ဓာတ် အား ပေးတဲ့အချိန်တွေ ပိုပြီးတော့ လျော့နည်းပြီး
မီးပြတ်တောက် တာတွေရှိ လာမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့သတင်း ထုတ်ပြန်ခဲ့ ပါတယ်။