Monday, 25 March 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ


Photo: မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)

အိုင်တီပညာရှင်များ ပါဝင်သောအထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင် ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို



လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို
Monday, March 25, 2013
 
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်
တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun) က လားရှိုးမြို့တွင်တွေ့ဆုံ
ဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန် လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ 
မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။


မဇ္ဈိမ ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ် တောင်း ဆိုကြောင်း Shan Herald Agency for News (SHAN) သတင်း တရပ်တွင်ဖေါ်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက် ဆိုက်ဘာ တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.ministryofinformaiton.gov.mm မှာ အွန်လိုင်း တိုက်ခိုက်မှုခံလိုက်ရသောကြောင့် ပြန်လည်ပြင်ဆင်နေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင်ရေးသားထားသည်။
 

"သမ္မတဦးသိန်းစိန် တရုတ်ပြည်အလည်အပတ်ခရီးသွားရောက်မည်"



တရုတ်သမ္မတသစ် ရှီကျင့်ပင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ သွားရောက်စဉ်အတွင်း ဧပြီ ၆ ရက်မှ ၈ ရက်နေ့အထိ ဟိုင်နန်တွင် ကျင်းပမည့် နှစ်လည်အာရှ ကွန်ဖရင့်ဘိုအားအို ဖိုရမ်သို့လည်း တက်ရောက်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)


၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်

၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို



ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန် ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ


ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ
Monday, March 25, 2013

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး
သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ
ကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်
တက္ကသိုလ် သုတေသီများကဆိုသည်။

Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်
တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြ
သည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါ
များအပါအဝင် ရောဂါ(၂ဝ)မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြု
လုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော်နိုင်
သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေ
ရန်ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်
ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်
များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး
(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

သီဟ
Health Updates Journal

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ ကို ကာကွယ် နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် သုတေ သီများ ကဆိုသည်။
Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြသည်။

“ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”



Photo: “ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21275 ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကိုသတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
အသက်(၁၉)နှစ်ရှိ သံသယတရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိလို၍ ယခုလိုလုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရမည်းသင်း မြို့နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများကြောင့် မီးလောင်မှု ဖြစ်ပွား



မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ မတ် ၂၃ ရက် ည ၈ နာရီခွဲ ခန့်က အင်အား ၁ဝဝ ဦး ခန့်မှ လူစုလူဝေးဖြင့် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ခုနစ်လုံး ပျက်စီး ခဲ့ပြီး ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၄၃ လုံး မီးလောင် ပျက်စီးခဲ့သည်။
အလားတူ ရမည်းသင်း မြို့နယ် ရွှေဒါးသာစည် ကျေး ရွာတွင် မတ် ၂၃ ရက် ည ၁၁ နာရီခွဲ ခန့်က အင်အား ၅ဝ ဦးခန့် လူစုလူဝေးဖြင့် အကြမ်း ဖက် မီးရှို့မှုကြောင့် အမဲခြောက် စက်ရုံတစ်ရုံ၊ ထမင်း စားဆောင် တစ်လုံးနှင့်

(အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee


Photo: (အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်)
ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee
Monday, March 25, 2013

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။

အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်
ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသား ထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူ
ကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ကော်ဖီဧ။် ဈေးနှုန်းမှာလည်း 
အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ
နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ 

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။........

မိုးသောက်ကြယ်

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသား များ သောက်ရန်တမျိုး နှင့် အမျိုးသမီးများအတွက် တမျိုး ထုတ်လုပ် ထားကြောင်းသိရသည် ။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်ပျော်ဝင် မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ်အချိန်အတွင်း ကာမစိတ်  ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေး သားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။

ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား



Photo: ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက
တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား
Monday, March 25, 2013

မကွေးတိုင်းဒေသကြီး၊တောင်  တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူကအမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။ 

(၁၅.၃.၂၀၁၃)ရက် ည(၉)နာရီအချိန်က ခင်တဲကျေးရွာနေ
ဒေါ်—–(၃၅)နှစ်သည် နေအိမ်တွင် သမီး——(၂)နှစ် အား အိမ်အလယ်ခန်းခြင်ထောင်  အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်း ဖြစ်သူကို—— သမီးဖြစ်သူ မ——–(၁၂)နှစ်၊သား——-(၇) နှစ်၊ မောင်——–(၁၀)နှစ်တို့ သည် အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲ  လျက်တီဗွီကြည့်နေပြီး ထိုနေ့ည    (၉း၃၀)အချိန်ခန့်တွင် ဒေါ်—- သည် ကလေးနို့တိုက်ပြီး ခြင်ထောင် အပြင်ဘက်သို့ကြည့်စဉ် ခင်ပွန်းဖြစ်သူ ကို—–နှင့်သမီး ဖြစ်သူ——တို့အား စောင်ခြုံ လျက်တွေ့ရ၍ မသင်္ကာသဖြင့်     ခင်ပွန်းဖြစ်သူ ကို——-အား စောင်လှပ်ခိုင်းရာ ခင်ပွန်းဖြစ်သူ   သည် သမီး——-၏ မိန်းမကိုယ်  အင်္ဂါစပ်အားလက်နှင့်ကိုင်နေသည် ကို တွေ့ရပြီး သမီးဖြစ်သူ ၀တ်ထားသော ဘောင်းဘီအနီ ချွတ်ထားသည်ကိုတွေ့ရ၍သမီးဖြစ်သူ  အားမေးရာ ခင်ပွန်းဖြစ်သူမှ သမီး    မ——-ခြုံထားသော စောင်အတွင်းသို့ ၀င်လာပြီးဘောင်းဘီ အား ဆွဲချွတ်သဖြင့် ပေါင်အား ချိတ်လိမ် ထားရာ၊ဖခင်ဖြစ်သူမှ ဘောင်းဘီအား ခြေမနှင့်ညှပ်၍ ချွတ်သဖြင့် ကျွတ်သွားကြောင်း၊ သမီးဖြစ်သူမှ မိခင်ဖြစ်သူအားတိုင်မယ်ဟုပြောရာ တိုင်လျှင်ရိုက်မည်၊လင်မယားခြင်းကွဲမည်ဟုပြော ကြောင်းသမီးကပြော၍ သားအဖ အရင်းဖြစ်ပွားသည့် ကိစ္စဖြစ်နေသောကြောင့် မိခင်ဖြစ်သူ
ဒေါ်——မှ မွေးချင်းများအား သွား ရောက်တိုင်ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅)နာရီအချိန်   ခန့်ကျမှ တောင်တွင်းကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ်သူ ကို——အား     ဥပဒေနှင့်အညီအရေးယူပေးပါရန်      တရားလိုပြုလုပ် တိုင်တန်းခဲ့သည် ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍    ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူအား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၅၈/  ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒုရဲ အုပ်သန်းဇော်မှဆက်လက် စစ် ဆေးနေကြောင်း သိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်——-မှ  ၎င်း၏ခင်ပွန်းဖြစ်သူ ကို——နှင့်    ငယ်လင်ငယ်မယားဖြစ်ပြီး အိမ် ထောင်သက်(၁၄)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊၎င်းတွင် သား(၃)ဦး၊သမီး  (၂)ဦး၊ပေါင်းသားသမီး(၅)ဦးရှိ ကြောင်း၊ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းအပေါ်   လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ 
၎င်း၏သားသမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ 
မိခင်ဖြစ်သူမှ ရုန်းကန်၊ကျွေးမွေးစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူအားလည်းရွံရွာ ကြောက်ရွံ့နေသဖြင့် ယခုအမှု
စစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာတရားသူကြီးအား တင်ပြ
အကူအညီတောင်းခံ၍လင်မယားဖြစ် သူမှ တရားဝင် 
ကွာရှင်းပြတ်ဆဲမှုအား သက်ဆိုင်ရာတရားသူကြီး ထံတွင် တင်ပြအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း၊(၂၀.၃. ၂၀၁၃)ရက်တွင် ညီအစ်ကိုမောင် နှမများအိမ်၌ ရင်ဖွင့်ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်

မနေ့ ညက  ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလားသူ တွေ က ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့   ၀င်ရောက်နှောင့်ယှက်ခဲ့ တာလို့  FNG က သတင်း ရရှိ ပါတယ်။
အုတ်ဖိုဘက်က နေ၀င်လာညနေစောင်း လောက်ကတည်းက ကားတွေနဲ့ ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေဘဲ ထင်တာ ပေါ့။ အထဲကို မမြင်ရဘူး၊ မှန်တွေကာထားတယ်။ တစ်ယောက်တစ်လေ အပြင်ထွက်တာတွေ့ တယ်။မိုးချုပ် တော့ နောက်ကား နှစ်စီး လောက်ထပ် ရောက်လာတယ်။ အိုးသည်ကုန်းကို ညဘက်မှာ မီးရှို့ ဖို့ စတော့တာပဲ။ ရွာသားတွေက သတိရှိပြီး မောင်းထုတ် နိုင် လို့  တော်တော့တယ် ” ဟု အိုးသည်ကုန်းရွာသား တစ်ဦး က FNG ကို ပြောပါတယ်။ အုတ်ဖို့  မြို့  ဟာရန်ကုန် မြို့  နဲ့  အနီးဆုံး မြို့ တစ် မြို့  ဖြစ်ပါတယ်။

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ


မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ
Monday, March 25, 2013

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက
ပြောကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည် အများစုမှာ စားသောက်မှု အပိုင်းထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့ သူများ၏ ပြောကြားမှုအရ သိရှိရသည်။

သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်
ရောက်ရှိနေသည့် ဒေါ်ယဉ်ထွေးက “ဒီကယ်ဆယ်ရေးစခန်း အနေနဲ့ စားဖို့သောက်ဖို့ လိုအပ်မှုတွေ သိပ်မရှိဘူး။ ဒါပေမယ့် ကျောင်းမှာ လူအရမ်းများတဲ့အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေတယ်။
နောက်ထပ်ရောက်လာတဲ့ သူတွေကိုတော့ အပင်အောက်တွေလို
နေရာမျိုးတွေမှာ အဆင်ပြေသလိုပဲနေ ထိုင်နေရတယ်။ နေ့ခင်းဘက်တွေမှာ အရိပ်အာဝါသ မရှိသလို ညဘက်တွေမှာလည်း စိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း အများစုတွင် နေထိုင်မှုအတွက် အခက်အခဲများ ရှိနေသည့်အပြင် မိသားစု ကွဲကွာနေမှုများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က “ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာတဲ့အခါမှာ အများစုရဲ့ အဓိက
တောင်းဆိုတဲ့အချက်က သူတို့ရဲ့ ကွဲကွာနေကြတဲ့ မိသားစုကို
ပြန်လည်တွေ့ဆုံဖို့ ပြောလာကြတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၊ ခရိုင်အားကစားကွင်း အတွင်းတွင်
ရောက်ရှိနေသော ဒုက္ခသည်များကို အမိုးအကာအောက်သို့
ရောက်ရှိစေရန်အတွက် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့
ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင်ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော ကြားခဲ့သည်။

မိတ္ထီလာမြို့ အဓိကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူချ ၆ ချက်ချမှတ်


  မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။