Wednesday, 20 March 2013
မိတ္ထီလာမှ သတင်းများ
နောက်ဆုံးသတင်းများအရ မိတ္ထီလာမြို့  မှ အခြေအနေအရပ်ရပ်အား ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။
မိတ္ထီလာမြို့မှ နောက်ဆုံးရ သတင်းများ (၉ နာရီ ၁၅ မိနစ် )
ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် တော်ဝင်နန်း မင်္ဂလာခန်းမအနီးရှိ ဗလီပျက်စီး၊ ၈ နာရီ ၅၀ ခန့် တွင် အောင်ဇေယျ ရပ်ကွက်တွင် လူအများရုန့်ရင်းဆန်ခတ်ဖြစ် လက်ရှိအချိန်ထိ ... ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ဓါးဖြင့်ခုတ်ခံရ၊ ဦးဇင်း တစ်ပါး မီးလောင်ဒဏ်ရာဖြင့် မန္တလေး ဆေးရုံပို့ရန်ပြင်ဆင်နေ သည်ဟု သိရပါသည်။
မိတ္ထီလာ သတင်းများ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ
မြို့မဈေးကြီးတွင် ယနေ့ နေ့လယ်ပိုင်းက စတင်ဖြစ်ပွား ခဲ့သော ပဋိ ပက္ခကြောင့်
ယနေ့ ညနေ ၆နာရီမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး မိတ္ထီလာ ဆေးရုံသို့
ထိခိုက် ဒဏ် ရာရရှိသူများ ရောက်ရှိလာကြောင်း၊အတည်မပြုနိုင်သောသတင်းများအရဘုန်းတော်ကြီးတစ်ပါး ပျံ လွန်တော် မူကြောင်း၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်ကားများလည်း အသင့်ဖြန့်ကျက် ထားကြောင်း၊ ကု လားနှင့် မြန်မာများစုနေကြသောရပ်ကွက်များတွင် လုံခြုံရေးတိုးမြှင့်ထားကြောင့်သိရပြီးလက်ရှိ အခြေအနေ များကြောင့် မနက်ဖြန်တွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် စိတ်အနှောင့် အ ယှက်ဖြစ်နေကြကြောင်း သိရပါသည်။