Friday, 8 March 2013

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွား


(၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော်ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀)ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းအား မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။ ပြည် NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းသည် ခရိုင်ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး အဆို ပါ ရွေးချယ်ခံရခြင်းအပေါ် မကျေနပ်သဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့်လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ခံတစ်ဦးက CJMyanmar သို့ပြောသည်။ဆန္ဒပြသူများကဗီနိုင်း ပိုစတာများ ကိုင်ဆောင် ကာ လက်ကိုင်စပီကာဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင် ပြုလုပ်မည်


မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International
Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင်
ပြုလုပ်မည်

ဝါရှင်တန်၊ မတ် ၈ ။

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေး
အဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှ
ပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit of
Peace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ်
ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်
ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တော်၌ပြုလုပ်မည့် ယင်း ညစာစားပွဲသည် နိုင်ငံတကာ အစိုးရများ၊ သံတမန်ရေးရာနှင့်
ပြည်သူ့ရေးရာမူဝါဒ ကဏ္ဍများတွင် လူသန်းပေါင်းများစွာတို့ ဘဝပြောင်းလဲအောင်၊ ပဋိပက္ခကင်းမဲ့သည့် လောကတွင်
နေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့သော ခေါင်း
ဆောင်များကို အသိအမှတ်ပြု ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း အဖွဲ့ ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အဖွဲ့ ၏ နာယကဖြစ်သူ သောမတ်စ် အာရ် ပစ်ကာရင်းက
ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့ နှင့်ပတ်သတ်၍ “ကမ္ဘာ
ကြီးဟာ မှားယွင်းတဲ့ လမ်းကြောင်းဆီ ဦးတည်နေပုံရတဲ့
အချိန်မှာ မြန်မာနဲ့ ဘရာဇီး သမ္မတတွေကတော့ သူတို့ရဲ့
ပြည်သူတွေအတွက် ပိုကောင်းတဲ့လမ်းကြောင်း ဖေါ်ဆောင်
နိုင်တယ်ဆိုတဲ့ ဥပမာကောင်းတွေကို ပြသခဲ့ပါတယ်။နှစ်ပေါင်း
များစွာ ထီးကျန်ခဲ့ပြီးနောက် မြန်မာနဲ့ ဘရာဇီးကို ဒေသတွင်းနဲ့
နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ နိုင်ငံရဲ့ အခန်းကဏ္ဍ
မြင့်မားအောင်၊ ထူးခြားတဲ့ခြေလှမ်းတွေ ရရှိနိုင်အောင် ဒီသမ္မတ
နှစ်ဦးက ကူညီပေးခဲ့တဲ့ အတွက် ဆုနဲ့ ထိုက်တန်ပါတယ်”ဟု
ပြောဆိုထားသည်။

နှစ်စဉ်ပြုလုပ်သော ISG ၏ ညစာစားပွဲကို တက်ရောက်လိုသူ
များအနေဖြင့် လက်မှတ်များ ဝယ်ယူနိုင်ပြီး လက်မှတ်များတွင်
အဖွဲ့နာယက များနှင့် အတူထိုင်ရမည့် လူနှစ်ဆယ်စာစားပွဲတွင် ကြိုတင်လက်မှတ်တစ်စောင် (ဒေါ်လာ တစ်သိန်း) မှသည်
Diamond ၊ Gold ၊ Silver၊ Crystal အဆင့်လက်မှတ်များ
(ဒေါ်လာ ၇၅,၀၀၀ မှ ၁၅,၀၀၀ အထိ)နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း
အတွက် လက်မှတ်များ(ဒေါ်လာ ၅,၀၀၀ ၊ ၂,၅၀၀ ၊ ၁,၀၀၀)
အသီးသီး စီစဉ်ထားသည်ဟု သိရသည်။
Ref: ISG

ဇင်ယော်
http://www.facebook.com/ZinYawNews

ဝါရှင်တန်၊ မတ် ၈ ။

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေး အဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှ
ပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit of Peace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ် ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်
ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်
....................................................................
NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က The Messenger သို့ပြောသည်။

"ဖြစ်တဲ့ပြဿနာက ၉ လပိုင်းကတည်းက ဖြစ်နေတာ ဗဟိုရုံးချုပ်မှာလည်း လာပြီး အကြိမ်ကြိမ် ရှင်းပြ ဆွေးနွေးခဲ့ပြီးပြီ ဘယ်လိုမှ အဆင်မပြေဘူး အခု ညီလာခံကို တက်တဲ့ ကိုယ်စားလှတွေကိုလည်း ကန့်ကွက်ပါတယ် ဒီနေ့အစည်းအဝေးလုပ်ပြီး နှုတ်ထွက်ဖို့သဘောတူဆုံးဖြတ်ခဲ့တာပါ" ဟု ဦးစောဒယ်နီယ် ကပြောသည်။
 
NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က The Messenger သို့ပြောသည်။

မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင် ရောင်းကောင်းခဲ့

မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင်
ရောင်းကောင်းခဲ့
Friday, March 8, 2013

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင်
နိုင်ငံတကာကျောက်မျက်ရတနာပြပွဲ မတိုင်ခင် မကြာမီက
ပြုလုပ်ခဲ့သော မြန်မာ့ ရတနာ ပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်
ပုလဲများ မှာ ပြည်တွင်းတွင်ရောင်းချသည့်လေလံဈေးထက်
၃၀ ရာခိုင်နှုန်းခန့် ပိုရကာ ရောင်းကောင်းခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် GYSO Pearls and Jewellery
ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ချွိုင်ချီဝေက “ခင်ဗျားပြခန်းမှာ
ရွှေရောင် ပုလဲ တစ်လုံးမှ မတင်ဘူးဆိုရင်တော့ ဘယ်သူမှ လာရပ်ကြည့်ကြမှာမဟုတ်ပါဘူး ” ဟု ပြောကြားသည်။

၎င်း၏ အရောင်းပြခန်းသည် ပြပွဲတွင် တရုတ်ပြည်ပကြီးမှ
ရွှေရောင်ပုလဲများ လာရောက်ဝယ်ယူလိုသူများ၏ စိတ်ဝင်
တစားဖြင့် လာရောက် ကြည့်ရှုမှုများကို ကြုံတွေ့ ခဲ့ရသည်။

လေလံပြပွဲတွင် ခင်းကျင်းပြသခဲ့ပြီး “မြန်မာ့အာရုဏ်သစ်”
"New Dawn of Myanmar" ဟု အမည်ပေးထားသည့်
၁၉ မီလီမီတာ ပမာဏခန့် ပုလဲမှာ ကြမ်းခင်းဈေးဒေါ်လာ
၄၃၀၀ မှ စတင်ပြီး ဝယ်သူတစ်ဦးက အမည်မဖေါ်ပြသည့်
ဈေးတစ်ရပ်ဖြင့် ဝယ်ယူသွားခဲ့သည်။ ခန့်မှန်းမှုများအရမူ
ထိုပုလဲမှာ ဒေါ်လာ သုံးသောင်းမှ လေးသောင်းကြား ဈေးရ
သွားနိုင်ကြောင်း သတင်းက ဆိုထားသည်။

ဟောင်ကောင်တွင် ပြုလုပ်ခဲ့သော ယခုပြပွဲနှင့်ပတ်သတ်၍
ဆစ်ဒနီရှိ Macquarie Universityမှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူပညာရှင် ရှောင် တန်နယ်က ပြပွဲသည် အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း ဆိုသည်။

၎င်းက “အတိတ်တုန်းကတော့ ဒီလိုလေလံပွဲတွေဟာ လျှို့ ဝှက်ကျင်းပခဲ့ကြတာပါ။ မြန်မာပြည်အပြင်ဘက်မှာ အခုလို ကျင်းပခဲ့တာကတော့ အစိုးရဟာ နိုင်ငံတကာ လုပ်ထုံးလုပ်
နည်းတွေအရ ပိုလုပ် ဆောင်လာတဲ့သဘောပဲ ဖြစ်ပါတယ်”
ဟု မှတ်ချက်ပေးပြောကြားသည်။

ဟောင်ကောင်သည် ကျောက်မျက်ရတနာဝယ်ယူလိုသူများ
အတွက် လျင်မြန်စွာဖွံ့ ဖြိုးလာနေသော ဈေးကွက်တစ်ခုဖြစ်ပြီး၊ ယခုပြပွဲ ပြုလုပ် ရောင်းချခဲ့သော ပုလဲနှင့် အခြားကျောက် မျက်ရတနာများအတွက် အခွန်ကောက်ခံမှု မထားသော
နေရာတစ်ခုလည်း ဖြစ်သည်။

Ref: South China Morning Post
The Myanma Age
 
Friday, March 8, 2013

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင် နိုင်ငံတကာကျောက်မျက်ရတနာပြပွဲမတိုင်ခင်မကြာမီက ပြုလုပ် ခဲ့သော မြန် မာ့ရတနာပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်ပုလဲများမှာ ပြည်တွင်းတွင်ရောင်းချသည့်လေလံဈေးထက်၃၀ရာခိုင်နှုန်းခန့်ပိုရ ကာ ရောင်းေ ကာင်း ခဲ့ကြောင်း သိရသည်။

"ကမ္ဘာပေါ်မှာ မြန်မာဆိုတဲ့ ဂုဏ်သိက္ခာကို ပြန်လည် မွေးဖွားစေခဲ့သူ"


Skynet က လွင့်တဲ့ သမ္မတကြီးရဲ့ အိမ်ပြန် ခရီးစဉ် နှင့် လာရောက်ကြိုဆိုသူများ ထံမှ ရင်ဖွင့်သံများ... နှင့် သမ္မတကြီး အတွက် ဂုဏ်ပြု တေး... ♪♫ ထွန်းတောက်လာခဲ့ အနာဂတ်မျှော်လင့်ချက်တွေ တုနှိုင်းမဲ့ အလှတွေနဲ့ ♪♫ တို့တိုင်းပြည်ပို ပြောင်းလဲ စေခဲ့ ♪♫ အနာဂတ် ထာဝရ အလင်းရှင်... ရှိနေပါပြီ ♪♫ လေးစား ဂုဏ်ပြုလိုက်ပါပြီ.... ♪♫ အကောင်းဆုံး အကောင်းတို့ မြင်သည်... ♪♫ တိုင်းပြည် အကျိုးအတွက် ရည် ♪♫ ပြည်သူရင် ၀ယ်တသားတည်း ခွဲခြားမရပါ... အတည်... ♪♫ ဒီမိုကရေစီ ခေတ်ကို ထွန်းသစ်စေခဲ့သူ...♪♫ " အခက်အခဲနဲ့ အကျပ်အတည်းတွေ ကြားထဲမှာ ပြည်သူတွေ အတွက် အပြုံးမပျက်ကြိုးပမ်းနေတဲ့ သမ္မတကြီးရဲ့ နှလုံး ခုန်စက်လေး အမြဲတမ်း အားပြည့်နေပါစေ"

အီးယူ-မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်


အီးယူ-မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်
Friday, March 8, 2013

နိုင်ငံတော်သမ္မတကြီးရဲ့ ဥရောပ(၆)နိုင်ငံခရီးစဉ်ရဲ့ Outcome Result လို့ ဆိုနိုင်တဲ့ Joint Statement ဖြစ်တဲ့ အီးယူ-မြန်မာ အဓွန့်ရှည်ကြာမည့်
မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ဖြစ်ပါတယ်။

(၁) မြန်မာနိုင်ငံအားခေတ်မီသော ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေး အတွက် ဆောင်ရွက်ရန်။

(၂) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်။

(၃) မြန်မာနိုင်ငံသား အားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးမြှင့်တင်ရန်။

(၄) နိုင်ငံတကာ အသိုင်းအဝန်းတွင် တက်ကြွ၍ လေးစားဖွယ်ဖြစ်သော မြန်မာနိုင်ငံအဖြစ် ဖော်ဆောင်ရေးအတွက် လက်တွဲဆောင်ရွက် သွားရန်။

(၅) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အီးယူ-မြန်မာ ပူးပေါင်းဆောင်ရွက်သွားရန်။

(အဓိကအချက်ကတော့ GSP/EBA အောက်၌ သက်သာခွင့်‌များ ရရှိရေးအပါအ၀င် အီးယူ၏ဈေးကွက် အတွင်းသို့ အဟန့်အတားမရှိ အမြန်ဆုံးပြန်လည် ၀င်ရောက်နိုင်ရန်အတွက် အီးယူကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ နောက်တစ်ဆင့်‌ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန်အတွက် အီးယူနှင့် မြန်မာနှစ်ဘက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တစ်ရပ် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေကို လေ့လာဆောင်ရွက် သွားမည်ဖြစ်ပါသည် ဆိုတဲ့အချက် ဖြစ်ပါတယ်။)

(၆) ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် တည်ဆောက်ရန်။

( ‌နေပြည်တော် သဘောတူညီချက်၊ အစိုးရ၏ လုပ်ငန်းစီမံချက်များနှင့်‌ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အစိုးရ၏ ဆောင်ရွက်ချက်များနှင့်‌အညီ အီးယူသည် တစ်နိုင်ငံလုံးဖွံ့ဖြိုးမှု ဦးစားပေး အစီအစဉ် နှင့်‌ ပတ်သက်သည့့် အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ အနာဂါတ် ကာလ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိရန် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အီးယူမှ ကူညီသွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ )


(၇) ပညာရေးဆိုင်ရာအပြန်အလှန် ဖလှယ်ခြင်းများ၊ သတင်းဌာန အဆက်အသွယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ နှစ်ဖက်လူမှု အသိုက်အ၀န်းများ ပိုမိုနီးစပ်ရေးအတွက် ဆောင်ရွက်သွားရန်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/08/id-2825

Hmuu Zaw
 
 
 
နေပြည်တော် မတ် ၈
၂၀၁၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာဟာမင်ဗန်ရွန်ပိုင်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေးမန်နျုရယ် ဘာရိုဆိုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲများအတွက် အောက်ပါအတိုင်း အတူတစ်ကွ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည် -

၂၀၁၇ ခုနှစ်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံကိန်း အဆင့် ၁ အပြီးဆောက်လုပ် သွားရန် စီစဉ်လျက်ရှိ



 
 ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းမှာ စီမံကိန်း အဆင့် ၁ အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်/ထွက် သွားလာနိုင်ဖို့တည်ဆောက် သွားမှာ ဖြစ်ပြီး အဲ့ဒီ စီမံကိန်း အဆင့် ၁ ကို ၂၀၁၇ ခုနှစ်မှာ အပြီး ဆောက်လုပ် သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို လေဆိပ် ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းရှင်များ ကိုတော့ ၂၀၁၂ခုနှစ် ဇူလိုင်လ အတွင်းမှာ တင်ဒါခေါ်ယူခဲ့ပြီး အဖွဲ့ပေါင်း ၃၀ မှတင်ဒါများ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

မြန်မာတွင် နည်းပညာ ထရိန်နင်စင်တာများဖွင့်ရန် Cisco စီစဉ်




ကမ္ဘာပေါ်တွင်ဆက်သွယ်မှုအနည်းဆုံး နေရာတစ်ခုဖြစ်သောမြန်မာနိုင်ငံသို့ နိုင်ငံတကာနည်းပညာ ကုမ္ပဏီ များ စတင် ဝင်ရောက် လာပြီဖြစ်၍ Cisco System ကလည်း မြန်မာနိုင်ငံတွင် Network Training center နှစ်ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မတ် ၈ ရက်၊ ၂၀၁၃

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇)ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီး ရဲတပ်ဖွဲ့ဝင် များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော (ပင်လုံမြို့နေ သူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ စိုင်းနန္တောစီးနင်းလာသော ဆိုင်ကယ် ၀ဲဘက်ဒူးကာအတွင်းတွင် ပလပ်စတစ်အိတ်အပြာရောင်ဖြင့် ထုတ်ထားသော WY စိတ်ကြွ ရူးသွပ်ဆေးပြာ(၂၀၀)ပြားပါ ၂ ထုပ်နှင့် (၈၀)ပြားပါ (၁)ထုပ် စုစုပေါင်း ဆေးပြား (၄၈၀)ပြား ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ စိုင်းနန္တော အား တောင်ကြီးမြို့အမှတ် (၂)ရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၃ မူး၊ စိတ်ဥပဒေပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

shannews
မတ် ၈ ရက်၊ ၂၀၁၃

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇) ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ




တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း



Android သမိုင်းကြောင်း

Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်းမသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင် အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေသော အကြောင်းရင်း ……

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေသော အကြောင်းရင်း ……

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။ ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း ။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း
ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။ ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း ။

၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း
ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ် ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်းဖြစ်လာခြင်း ။

၅။ တာရှည် မိန်းမကိုယ်နာခြင်း
တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။
မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။

myawady new

 
အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်း ဟာ အောက် ပါ အကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

ဝါရင်းဘတ်ဖတ်ရဲ့ အပြောင်မြောက်ဆုံး အကြံပေးချက်များ




ရှာဖွေတဲ့အခါ => ဝင်ငွေတစ်ခုထဲပေါ်မှာ ဘယ်တော့မှ မှီခိုမနေပါနဲ့... ဒုတိယအရင်းအမြစ်တစ်ခုကို ဖန်တီးဖို့ ရင်းနှီးမြှုပ်နှံပါ....

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို



Marissa Mayer လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး အသက် ၃၇ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအို အဖြစ် အခန့်အပ် ခံရပါတယ်။

ပိုမိုမြင့်တက်လာသည့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ တင်းမာမှုများ

 ပိုမိုမြင့်တက်လာသည့် ကိုရီးယားကျွန်းဆွယ်ပေါ်မှ တင်းမာမှုများ

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ရန် အမေရိကန် ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့ကသဘောတူညီမှု ရရှိခဲ့ပြီးနောက် ကိုရီး ယား ကျွန်း ဆွယ်ပေါ် မှ စစ်ပွဲကို အဆုံး သတ်စေခဲ့သည့် ၁၉၅၃ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ကို ပယ်ဖျက် မည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက် လာခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်ပေါ် တွင် တင်းမာမှုများ ပိုမို မြင့်တက်လာမည့် အလားအလာများကို တွေ့ရသည်။

ကုမ္ပဏီများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်တော့မည်

အွန်လိုင်းမှာ ကုမ္ပဏီမှတ်ပုံတင်ရန် အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနေသူ တဦး

March 8, 2013

ဧပြီ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို အွန်လိုင်း စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးသွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းနွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အတွက် ဥရောပကော်မရှင်မှ ယူရို သန်း၁၅ဝ ထောက်ပံ့ရန် ကတိကဝတ်ပြု

မြန်မာနိုင်ငံတွင် ၂ဝ၁၅အထွေထွေ ရွေးကာက်ပွဲ မတိုင်မှီ ဒီမိုကရစီ အရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ဥရောပကော်မရှင်မှ ယူရိုသန်း ၁၅ဝ ထောက်ပံ့ပေးမည်ဟု ကတိကဝတ် ပြုခဲ့ကြောင်း သိရသည်။

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်

မြန်မာ့ ရဲတပ်ဖွဲ့ကို ခေတ်မီ ကိရိယာများ တပ်ဆင်ရန် စီစဉ်
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

“မှုခင်းတပ်ဖွဲ့သုံး ခရမ်းလွန်ရောင်ခြည်မီး၊ မှုခင်း သဲလွန်စရှာမီး၊ ဓာတုဗေဒသုံး အနီအောက် ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး True Scan လက်ပုံစံ အလိုအလျှောက်စစ်ဆေးစက်၊ Signal Jammer၊ လူဖြတ်စဉ် စစ်ဆေးစက်နှင့် X-Ray စက်များ တပ်ဆင်ပေးနိုင်ရန် ထည့်သွင်း တောင်းခံထားပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ပြည်ထောင်စု ဒု-ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ပြောဆိုသွားသည်။

ထို့အပြင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် X-Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင် သတ္တုစစ်ဆေးစက်၊ ဒစ်ဂျစ်တယ် မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေ သဲလွန်စ ရှာစက်၊ မိုက်ခရိုလင့် ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများလည်း ဝယ်ယူတပ်ဆင်ခဲ့သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် အာဆီယံနိုင်ငံများ ရဲတပ်ဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများ၊နိုင်ငံ
တကာရှိ အမျိုးသားဗဟိုအဖွဲ့နှင့် ပူးပေါင်းပြီး ဆေးဝါးတု ပူးပေါင်း တိုက်ဖျက်
နှိမ်နင်းရေး၊ မုန်တိုင်းစစ်ဆင်ရေးနှင့် ကျားမှုခင်းများတိုက်ဖျက်ရေး စသည့် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဒု-ဝန်ကြီးက ဆိုသည်။

သာကေတမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မောင်စိုး က မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များနည်းတူ အရည်အချင်းများ၊ အရည်
အသွေးများ၊ နည်းပညာများ ပြည့်ဝစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ခင်မျိုးသွယ်
မဇ္ဈိမ
 
 
Friday, March 8, 2013

မြန်မာနိုငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဆိုသည်။

ရန်ကုန်မှ နေပြည်တော် ပျံသန်းလာသော လေယာဉ်တစ်

နေပြည်တော်၊ မတ် ၈

ရန်ကုန်မှ နေပြည်တော်သို့ပျံသန်းလာသော FMI ချာတာ လေယာဉ်တစ်စီး သည်၊ ယနေ့နံနက် ၉ နာရီခန့် က နေပြည်တော်လေ ဆိပ် သို့ဆင်းသက်စဉ်ရှေ့ ဘီးအနည်းငယ်ချွတ်ယွင်းသွားကြောင်း သတင်းရရှိသည်။

အီရန် ကြည်းတပ်ဖွဲ့များ အနေဖြင့် လာမည့် ရက်များအတွင်း နိုင်ငံ၏ အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့၌ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်သွားရန် စီစဉ်



အီရန် ကြည်းတပ်ဖွဲ့များ အနေဖြင့် လာမည့် ရက်များအတွင်း နိုင်ငံ၏ အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့၌ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း ပြည် တွင်း မီဒီယာများမှ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါ သည်။

မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ


မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ


မြောက်ကိုရီးယား၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တတိယ အကြိမ် မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ် ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ ပါသည်။

မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ်ချက် မူကြမ်းအား ဖြန့်ဝေရန် အမေရိကန် နိုင်ငံက မျှော်လင့် ထားပါသည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ စလုံးက မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အပေါ် ပြစ်တင်ရှုတ်ချသည့် ကြေညာချက်အား အတည် ပြုခဲ့ပြီး အရေးယူမှုများ ပိုမိုပြု လုပ်ရန် ကတိပြုခဲ့ ကြပါသည်။ မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်အား မတ်လအတွင်း အတည် ပြုနိုင်မည်ဟု လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရုရှား သံအမတ်ကြီး ဗစ်တာ လီချာကင်က ပြောကြားခဲ့ ပါသည်။
မြ၀တီ

ဇင်ယော်
https://www.facebook.com/ZinYawNews

 
မြောက်ကိုရီးယား၏ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တတိယ အကြိမ် မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးရန် အရေးယူ ပိတ်ဆို့ရေး ဆုံးဖြတ် ချက် မူကြမ်းအား တရုတ်နှင့် အမေရိကန် နိုင်ငံတို့က သဘော တူညီ ခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ ပါသည်။

အချိန်အခါ မဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ်


 
 ရန်ကုန် မတ် ၇

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် တွံတေး မြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အချိန်အခါ မဟုတ် မိုးရွာ သွန်းမှု ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်



မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို တုန့်ပြန် တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန် အခုလို သတိပေး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

ပါတီ ညီလာခံက ပါတီပြိုကွဲရေးလမ်းစ လားဆိုသူတွေအပေါ် ဦးဝင်းတင်၏ အမြင်

 


“ကျနော့်သဘောကတော့ ဒီလို ပြင်းပြင်းထန်ထန်လုပ်တာက ပါတီကို ထိခိုက်နိုင်တယ်။ ညီညွတ်ရေး ဖြိုခွဲ တယ် ဆိုတာ အဲဒီသူတွေ ဖြိုခွဲတာထက် အခုလိုလုပ်ခြင်းအားဖြင့် ပါတီပြိုကွဲမှုကို အားပေးရာရောက်မှာ စိုး တယ်။ ပါတီဖြိုခွဲရေးအတွက် သူတို့ လုပ်ကိုင်တယ်ဆိုရင် အဲဒီလို လုပ်ကိုင်တဲ့သူကို ဒီလို အရေးယူခြင်းက ပြိုကွဲရေးအတွက် ဦးတည်မှုကို ပိုပြီးတော့ တွန်းပို့သလိုတောင်ဖြစ်နိုင်တယ်လို့ ကျနော်ယူဆတယ်။

ပွင့်လင်း မြင်သာလာသော မယ်ရွေးပွဲများ



သစ္စာနီ| March 7, 2013


မကြာခင် ရက်ပိုင်းက မယ်ရွေးပွဲတခု Miss International 2013 ကျင်းပခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က ကြီးမှူး ကျင်းပတာပါ။ ဒိုင်တွေက မင်းသား၊ ဒါရိုက်တာ၊ မော်ဒယ်၊ အယ်ဒီတာ ချုပ်၊ ဟိုတယ်လုပ်ငန်းရှင်အသင်း ငွေဆောင်ဇုန် ဥက္ကဋ္ဌ၊ မြန်မာဈေးကွက်ကော်မတီ ဥက္ကဋ္ဌ၊ ဒိုင်ချုပ် က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ တဲ့။ သူတို့က အကဲဖြတ်ရွေးချယ်တာတဲ့။ ဘာဆိုင်သလဲ။ ကျနော်လည်း မသိဘူးလေ။

အိုစမာဘင်လာဒင်ရဲ့ သမက်ကိုဖမ်းမိပြီ


 
 Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူ Sulaiman Abu Ghaithကို
ေ၈ျာ်ဒန်နိုင်ငံမှာဖမ်းဆီးရမိခဲ့ တယ်လို့  အမေရိကန်ပြည်ထဲရေးဌာနက ဒီကနေ့ အတညိပြုလိုက်ပါတယ်

ကုလလူ့အခွင့်အရေးကိုယ်စားလှယ်အစီရင်ခံစာ အစိုးရပယ်ချ

 Quintana

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖာက်မှုတွေဆက်ရှိ နေတယ်ဆိုတဲ့ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ လူ့ အ ခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အ ချက်တွေ ကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စား လှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။