Saturday, 20 October 2012

(၂၀.၁၀.၂၀၁၂) ညပိုင်း သတင်းများ

- KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ click
- တရုတ်ကုမ္ပဏီများ ဒေသခံများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းလာ
click
- ပါတီတခုရဲ့ ဥက္ကဌလုပ်ပြီး နိုင်ငံရေးကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား (အင်တာဗျူး)
click
- ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်
click
- ရွှေပြည်သာက အခမဲ့ဆေးခန်း (ရုပ်သံ)
click
- ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် - အမှတ် (၄၄၂)
click

အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ

အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ

by Lu Cifer on Saturday, October 20, 2012 at 9:32pm ·


ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီးတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ အာဆီယံနိုင်ငံတွေ အကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အာရှဒေသ ကုန်စည်ဆက်သွယ်တင်ပို့မှုမှာ မဟာဗျူဟာကျ တဲ့နေရာ ကို ရယူထားကြောင်း သမ္မတဦးသိန်းစိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တော်မှာ အောက် တိုဘာ (၁၀) ရက်နေ့က ပြောသွားပါတယ်။ လုပ်အားသုံး အခြေခံကုန်ထုတ်လုပ်ငန်းတွေ နဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးမှာ ရင်းနှီးမြှပ်နှံမှုတွေ အဓိက လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့ သမ္မတ ဦးသိန်းစိန် ကို လာရောက်တွေ့ဆုံ




ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်ရှိသမ္မတ ဧည့်ခမ်းမမှာ တွေ့ဆုံကြပါတယ်။ 

``ဖခင်ဖြစ်သူကလှူ၊ သမီးဖြစ်သူကပြန်တောင်း´´


မန္တလေးမြို့ (၈၆)လမ်း စေတနာလမ်းသွယ်ဟာ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ပိုင်းခြား
ထားတဲ့လမ်းကလေးပါ။ နှစ်စဉ်နှစ်တိုင်း ရွှေတချောင်းရေလျှံမှုကြောင့် လမ်းပျက်စီးမှုတွေကို ရပ်ကွက်ေ နပြည်သူများမှ ရဟန်းရှင်လူများ သွားလာရလွယ်ကူအောင် ပြုပြင်လာတာဟာ နှစ်စဉ်နှစ်တိုင်ပါဘဲ။

ပုသိမ် မှာလည်း NLD အဖွဲ့ဝင် ၅၀၀ ထွက်ပြန်ပြီ

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်ရန် ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ့ ညနေပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါ သည်။

ပုသိမ်ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများ ဒဏ်ငွေချမှတ်ခံရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကုန် ဈေးနှုန်း ကျဆင်းရေး ဆန္ဒဖော် ထုတ်ခဲ့ကြသူ (၁၄)ဦးကို ပုသိမ် မြို့နယ် တရားရုံးက ပုဒ်မ (၁၅၃) ရုန်းရင်းဆန်ခတ်မှုကျူးလွန်ရန် ကြံရွယ်မှုနဲ့ အောက်တိုဘာ ဒုတိယအပတ်တွင် ဒဏ်ငွေ ၁ထောင် သို့မဟုတ် ထောင်ဒဏ် ၁လကျ ခံဖို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေ အနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်းဦးခင်ညွန့်ပြောကြားခဲ့

 



သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန် ကပြည် ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခ  င်ညွန့် နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆုံမေးမြန်းစဉ် ပြောသည်။

"နိုင်ငံတော်သမ္မတအကြံပေးနှင့်ဒီမိုကရေစီ မိတ်ဆွေပါတီများစစ်မှန်သော ပြည်ထောင်စုစနစ် ဖက်ဒရယ်ကိစ္စဆွေးနွေး"



ဒီမိုကရေစီ မိတ်ဆွေ ပါတီများ နှင့် သမ္မတ အကြံပေး တို့ တွေ့ ဆုံရာတွင် စစ် မှန်သော ပြည်ထောင် စုစနစ် ဖက်ဒ ရယ် ကိစ္စ ကို အဓိကဆွေးနွေးခဲ့သည် ဟု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ ကပြောသည်။

ပန်းဝါအကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလားဒေရှ်သို့ မြန်မာပစ္စည်းအ၀င်နည်း

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်)ရာမူးမြို့တွင် အဆောက် အအုံများကိုမီးရှို့ဖျက်ဆီးမှုဖြစ်ပွား ပြီး သုံးပတ် အတွင်း မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး လည်း ကျဆင်းနေကြောင်းသိရ သည်။ အကြမ်းဖ က်မှု များဖြစ်ပွား ပြီးနောက် မြန်မာ့စက်လှေများ သည် ဘင်္ဂလားဒေ့ရှ်ဘက်မှထွက် ခွာသွားကြပြီး ယခုအခါ တွင် တက္က နာမြို့ရှိ နိုင်ငံကုန်သွယ်ရေး ဆိပ်ကမ်းတွင် နယ်စပ်ကုန်သွယ် ရေး (နစက)မှ စက်လှေ (၃)စီး သာကျန်ရှိကြောင်း ဆိပ်ကမ်းအ လုပ်သမားတစ်ဦးက ပြောသည်။

မြေပုံ၊ မင်းပြားနှင့် ကျော်ဖြူမြို့တို့တွင် လူထုဆန္ဒဖော်ထုတ်



ယနေ့ အောက်တိုဘာလာ(၂၀)ရက်နေ့တွင် မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် OICအားကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

သစ်တောဌာ၏ ဥပဒေ ချိုးဖေါက်မူ ရခိုင် ပြည်နယ်ဝန်ကြီး မဖြေရှင်းနိုင်၍ နိုင်ငံတော် သမ္မတထိ တိုင်ကြား


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သစ်တော ဦးစီးဌာနမှ ဥပဒေကို လက်တလုံးခြား ချိုးေ ဖါက်ပြီး ဆောင် ရွက်နေမူများ အပေါ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်ကြားသော်လည်း ဖြေရှင်း မပေးနိုင် ၍ သစ် ဆိုင်ပိုင် ရှင် များက နိုင်ငံတော် သမ္မတထိ စာရေးတိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

မီဒီယာများနှင့်တွေ့ဆုံပွဲအတွက် myogyi.npe@gmail.com သို့ မေးခွန်းများကြိုပို့ထားရန်လို

အောက်တိုဘာ ၂၁ရက်နေ့ (မနက်ဖြန်) နေ့လယ်ပိုင်း တွင် ပြုလုပ် မည့် နိုင်ငံတော် သမ္မတကြီး နှင့် မီဒီယာ များ တွေ့ဆုံပွဲသို့ တက်ရောက် သတင်းရယူ မည့် သတင်း မီဒီယာ သမားများ အနေဖြင့် မေးခွန်းများ ကို myogyi.npe@gmail.com သို့ ကြိုတင် ပေးပို့ ပေးပါရန် ပြန်ကြားရေး ၀န်ကြီး ဌာနမှ အကြောင်းကြား ထားပါသည်။

လွိုင်လင်မြို့နယ်မှာ ဘိန်းခင်းတွေကို ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ရှင်းလင်း ဖျက်ဆီး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ နောင်တောင်းရွာအနီးမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို အောက်တိုဘာလ (၁၈) ရက် နေ့မှာ ဘိန်းခင်းဖျက်ဆီးရေး ပူးပေါင်းအဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှ ဟောင်ကောင် သို့ နဂါးစီးပြီး သွားနိုင်ပြီ



မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ ရန်ကုန်နဲ့ တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်း လိုင်းတွေလဲ တဖွဲဖွဲ တိုးချဲ့ပြေးဆွဲလာနေပါတယ်။

Miss Myanmar ဆု နှစ်ဆု ရ




Congratulation !!! Nang Khin Zay Yar
ကျနော်တို့မယ် ပရိသတ်ပေးတဲ့ဆုကို ရသွားပါပြီ။
ပရိသတ်ညီညွှတ်မှုနဲ့ အောင်လံထူခဲ့ပါပြီ။
Congratulation !!!

မြန်မာကို အမေရိကန် အခိုင်အမာ ထောက်ခံမည်

 

အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူ အညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ   ကလင်တန် က ပြောကြားလိုက်ပါတယ်။

“ Miss Myanmar မှ People Choice Award လက်ခံရရှိခြင်း ”

 
 နန်းခင်ဇေယျာ ဆီမှ စာဝင်လာတယ်လို့ Miss Myanmar Organizing အဖွဲ့ကပြောပါတယ် ။

“ i got the prize for people choice awards pls tell all the MYNAMAR people on face book ”

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

 

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ်အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ် လို့ နိုင်ငံတကာ အလှ မယ် (Miss International) ပြိုင်ပွဲဝင်သူတွေအ ကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက် က ပြောဆိုထားပါတယ်။

သတင်းစာများ အုပ်ချုပ်ရေး အဖွဲ့လာပြီ

 


သတင်းစာ အုပ်ချု့ပ်ရေး အဖွဲ့ ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေနေတဲ့ မြန်မာအလင်း၊ ကြေးမုံ၊ The New Light of Myanmar ဆိုတဲ့ သတင်းစာတွေကို အများပြည်သူ ၀န်ဆောင်မှုအတွက် လုပ်ငန်းဖော်
ဆော်နိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း လိုက်ပါတယ်။

မင်းဓမ္မပန်းကွင်းဆိုင်ခန်းများ မပြောင်းရွှေ့နိုင်ဟု ပိုင်ရှင်များဆို

 
မင်းဓမ္မပန်းကွင်းရှိ ဆိုင်ခန်းများအား သာကေတယမုံနာလမ်းသို့ ပြောင်းရွှေ့ ဖွင့်ရန် ဆိုင်ခန်းရှင်များ အား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှရွှေ့ပြောင်းရန် လက်မှတ်ထိုးခိုင်းရာ မည်သည့် ဆိုင်ခန်းပိုင် ရှင်များက လက်မှတ်ရေးထိုးခြင်း မရှိခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာသော အကူအညီဖြင့် ဒေါ်လာ ၂.၇၃ သန်းထပ်မံလှူဒါန်း

အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာေ သာအကူအညီဖြင့်ထပ်မံ၍အမေရိကန်ေ ဒ်ါလာ၂ဒသမ၇၃ သန်းထောက်ပံ့မည်ဖြစ်ေ  ကာင်း ကြေညာ လိုက်သည်။

အာရှနိုင်ငံများ ကာကွယ်ရေးအသုံးစရိတ် အပြိုင်အဆိုင်တိုးမြှင့်လာ၊ တရုတ်က ထိပ်ဆုံးတွင် ရှိနေ

အာရှ အဓိကအင်အားကြီးနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်များသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း နှစ်ဆအထိ မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ အသုံးစရိတ် တိုးမြှင့် သုံးစွဲမှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ တရုတ်နိုင်ငံနှင့် အခြား အင်အားကြီး အာရှနိုင်ငံ လေးနိုင်ငံတို့၏ ကာကွယ်ရေးအသုံးစရိတ်များသည် နှစ်ဆကျော် မြင့်တက်လာသည်ကို တွေ့ရကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာများ လေ့လာမှုဆိုင်ရာ စင်တာ (CSIS)မှ ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည်။ အာရှနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်သည် ယခုနှစ်ကုန်တွင် ဥရောပ ကို ကျော်လွန်သွားမည်ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြထားသည်။

နန်းခင်ဇေယျာကို ဝေဖန်နေသူများအတွက်....

 


ကျွန်တော်က ညီမလေးနန်းခင်ဇေယျာရဲ့ ပရိတ်သတ် တစ်ယောက်ပါ။။။ ဒီရက်ပိုင်းထဲ နန်းခင်ဇေယျာနဲ့ ပက်သက်တဲ့ ဝေဖန်စာတွေဖတ်ပြီးတိုင်း ကိုယ်တွေအားပေးနေတဲ့ ကလစ်ချက်တွေ နည်းသွားမှာစိုးလို့ ဘာမှပြန် မရေးမိဘူး.... နန်းခင်ဇေယျာပြိုင်ပွဲဝင်မှုကို အဆိုးဘက်ကနေ မြင်နေကြဆဲ ... ဝေဖန်နေကြဆဲ သူတွေကို တွေ့နေမြင်နေရတာ တော်တော်လေး စိတ်ပျက်မိပါတယ်.... တကယ်ဆို ကိုယ်တွေတစ်သက် မှာ ဒီလိုမြန်မာမလေးတစ်ယောက် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်တာမျိုး သိပ် ကိုတွေ့ရခဲခဲ့တာပါ.... ဒီလိုကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းပြင်းနဲ့ ဖိအားပေါင်းစုံကို ရင်ဆိုင်ပြီး ရေခြား ၊မြေခြား မှာ နိုင်ငံကိုကိုယ်စားပြုပြီး ပြိုင်ဖို့ဆိုတာ တော်ရုံယောင်္ကျားတွေအတွက်တောင် ခက်ခဲတဲ့ကိစ္စ တစ်ခု ပါ.... သူဘယ်လောက်တောင် အားငယ်ခဲ့မလဲ... သူ့မှာဘယ်လောက် ကြီးမားတဲ့ ဖိအားတွေ ရင်ဆိုင်ခဲ့ရ မလဲ ..... သူ့အခက်အခဲတွေ ဘယ်လောက်ထိ ရှိခဲ့မလဲ..... ဒါတွေကို ထည့်တွေးခဲ့မယ်ဆိုရင် နန်း ခင်ဇေယျာ မှာ ဘာအရည်အချင်းမှ မရှိပါဘူးဆိုတဲ့ စကားစုကို ပြောရဲတဲ့ပါးစပ်တွေ ပိတ်သွားမှာပါ... သူတို့ကိုယ်တိုင် လည်း ခုချိန်ထိ နိုင်ငံကို ဘယ်တုန်းကမှ ကိုယ်စားမပြုခဲ့ဖူးတာ သေချာပါတယ်....

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို

ကမ္ဘာလှည့် ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော ရွှေတိဂုံ စေတီတော် တွင် အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည်။

ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ်

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် စစ်အောင် ကျေးရွာ ၌ အောက်တိုဘာ လ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင် ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်း သည် ၄င်း ရည်းစားဖြစ်သူ ကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။