Tuesday, 21 August 2012
မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်
မန္တလေး သြဂုတ်(၂၁)ရက်
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူ ခံသေတ္တာပုံးများအတွင်းမှအလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လ အကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
“အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှသူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။
၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြ သာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲ ၀န်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။
မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။
ref:7daynews
ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ
သြဂုတ်လ
၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ
ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း
TEMBIN(15W) ဖိလစ်ပိုင်အမည် IGME သည် အလွန်အားကောင်းသော အဆင့်-၎
တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး
ထိုင်ဝမ်ကျွန်းသို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။
.3.jpg)

